အ.ထ.က(၂၆) ချမ်းမြသာစည်မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ)
Статистикаအ.ထ.က(၂၆) ချမ်းမြသာစည်မြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)၏ တရားဝင်ပြန်ကြားရေးချန်နယ်ဖြစ်ပါသည်။
- Последний пост
- 28 июн.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
Minority Of Revolution Essence - MORE MyaYar Knowledge Tree New Myanmar Foundation New Ramonya Federated Force - NRFF Progressive Labor Community Politics For Women Myanmar Revolutionary Education Phaungbyin Shwe Pyi Thar Strike Committee Sitt Nyein Pann Foundation Sister2Sister -S2S Spring Revolution Myanmar Muslim Community_SRMMC Support Group for Democracy in Myanmar (the Netherlands) Synergy Social Harmony Organization Volunteers in Myanmar Women Lead Resource Center Yangon Deaf Group Youth Empowerment 33 Society ကျောင်းသားအင်အားစုများကွန်ယက် - NSF ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် - SF/SAF ကျောင်းသားတော်လှန်ရေးတပ်တော် - SRF ကြားကာလအခြေခံပညာကျောင်းသားသမဂ္ဂများကိုယ်စားပြုကောင်စီ ဂန့်ဂေါဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ - GGWDO စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - GSC ဆိုရှယ်ဒီမိုကရက်တစ်ပါတီ - SDP တာမွေမြို့နယ်သပိတ်ကော်မတီ တိုးတက်သောမွတ်စ်လင်မ်လူငယ်အစည်းအရုံး - PMYA တောင်သူ့လွတ်မြောက်ရေးအင်အားစု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ - ဒတကသ ဒို့မြေကွန်ရက် - LIOH ဒို့မြေပြည်သူ့အကျိုးပြုအဖွဲ့ (တွံတေး) နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက် - SRIN နွေဦးတော်လှန်ရေး မြန်မာမွတ်စ်လင်မ်ကွန်ရက် - SRMMN နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ - FPPS ပဲခူးအရှေ့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ - FPPN-EB ပွင့်ဖြူလယ်ယာမြေကွန်ရက် ပွင့်ဖြူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ - PDO ပြည်သူ့လွတ်လပ်ရေးအဖွဲ့ - PIO ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/တပ်တော် - PDO/PDA ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ABFSU ဗမာနိုင်ငံလုံးဆိုင်ရာလယ်သမားသမဂ္ဂများအဖွဲ့ချုပ် - ABFFU ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - ABFTU ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ - ABWU မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ - မကတကသ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် - SYCB မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - FGWM မြန်မာမွတ်စလင် အစည်းအရုံး - BMA မြန်မာမွတ်စ်လင်မ်တော်လှန်ရေးအင်အားစု - MMRF မင်္ဂလာတောင်ညွန့်မြို့နယ်လုံးဆိုင်ရာအထွေထွေသပိတ်ကော်မတီ - MGTNGSC မျိုးဆက်-Generations မင်းလှတောင်သူများအစုအဖွဲ့ မင်းဘူးတောင်သူများအစုအဖွဲ့ ယိမ်းနွဲ့ပါး - Yain Nweh Par (Rainbow Win The Storm - RIS) ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး - AASYC ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS လူ့ဘောင်သစ်လူငယ် - YNS လီဆူလူငယ်အစည်းအရုံး - LYC လူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု - GSCN လွတ်လပ်သောလူငယ်များအစည်းအရုံး သာကေတမြို့နယ်လူငယ်သပိတ်ကော်မတီ သမိုင်းသယ်ဆောင်သူများ သံလွင် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးကွန်ရက် - TEDN အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး - အကလ အညာတောအိမ် ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများပြည်နယ်ကောင်စီ - IDNSC ဧရာဝတီမြစ်အနောက်ဖက်ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၊မကွေးတိုင်း - AWDO ဧရာဝတီမြစ်အနောက်ဖက်ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၊ငဖဲ - AWDO ၁၉၇၄/၇၅/၇၆နိုင်ငံရေးအင်အားစု (အဝေးရောက်) အမည်မဖော် - ၁ ဖွဲ့ #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
“ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့” ပူးတွဲနှိုးဆော်ချက်နှင့် ဖိတ်ခေါ်လွှာ ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဂျွန်လ (၂၈ ) ရက် လေးစားချစ်ခင်ရပါသော တော်လှန်ရေးရဲဘော်များ၊ နိုင်ငံရေးအင်အားစုများနှင့် မိဘပြည်သူတစ်ရပ်လုံးသို့ ယနေ့ မိမိတို့ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးကြီးသည် စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ပြီး ပြည်သူလူထုတစ်ရပ်လုံး ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် သမိုင်းဝင်အခွင့်အလမ်းကြီး ဖြစ်သည်။ တော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ မိမိတို့အချင်းချင်းကြားတွင် သဘောထားကွဲလွဲမှုများနှင့် ပွတ်တိုက်မှုအချို့ ရှိလာသည်မှာ ဓမ္မတာဖြစ်သော်လည်း၊ ထိုပြဿနာများအား လက်နက်အားကိုးဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာကြခြင်းသည် မိမိတို့အားလုံး၏ တော်လှန်ရေးအဟုန်ကို တန့်သွားစေနိုင်ပြီး ဘုံရန်သူ စစ်အုပ်စုကိုသာ အသက်ဆက်သွင်းရာ ရောက်ရှိသွားနိုင်ပါသည်။ တော်လှန်ရေးအဖွဲ့အစည်းများ အကြား နိုင်ငံရေးအရ တန်းတူဆက်ဆံမှုများ၊ အပြန်အလှန်လေးစား အသိအမှတ်ပြုမှုများကိုလည်း တော်လှန်ရေးကာလအတွင်းတွင်ပင် မဖြစ်မနေ လုပ်ဆောင်ရမည်ဟု ယုံကြည်ပါသည်။ သမိုင်းသင်ခန်းစာများအရ တော်လှန်ရေးအင်အားစုများ ညီညွတ်လျှင် အောင်ပွဲရပြီး၊ မိမိတို့အချင်းချင်း ညီညွတ်မှုပြိုကွဲပါက အောင်ပွဲနှင့် ဝေးကွာရတတ်ပါသည်။ ထို့ကြောင့် ယခုအချိန်သည် မိမိတို့ အားလုံး "ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေး နှင့် ညီညွှတ်ရေးဆီသို့" ဟူသော လှုပ်ရှားမှုကို မဖြစ်မနေ စတင်ရန် အရေးအကြီးဆုံး အချိန်အခါသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ မိမိတို့ အောက်ပါအဖွဲ့အစည်းများသည် ဤလှုပ်ရှားမှု၏ အခြေခံမူများကို အပြည့်အဝ ထောက်ခံ သဘောတူညီကြပြီး၊ မိမိတို့အချင်းချင်းကြား ကြုံတွေ့ရမည့် မကျေလည်မှုများကိုလည်း လက်နက်၊ အင်အားဖြင့် မဖြေရှင်းဘဲ "ညီညွတ်ရေးကို အခြေခံသည့် နိုင်ငံရေးအရ တန်းတူရည်တူ ညှိနှိုင်း ဆွေးနွေးခြင်း" နည်းလမ်းဖြင့်သာ စံနမူနာပြ ဖြေရှင်းသွားရမည်ဟု ယုံကြည်ပါသည်။ "ညီညွတ်ရေးဟာ အစွမ်းထက်ဆုံးလက်နက်" ဖြစ်သည်နှင့်အညီ ဤကမ်ပိန်းတွင် အပေါင်း လက္ခဏာ ဆောင်စွာဖြင့် အတူတကွ ပူးပေါင်းပါဝင်ပေးကြပါရန် အောက်ပါအတိုင်း လှိုက်လှိုက်လှဲလှဲ နှိုးဆော် ဖိတ်ခေါ်အပ်ပါသည် - (၁) တော်လှန်ရေးနှင့် နိုင်ငံရေး အင်အားစုများ အနေဖြင့် အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုများကို ဝိုင်းဝန်း တားဆီးကြရန်၊ ကျူးလွန်ချိုးဖောက်မှုများကို တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ကြရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနိူင်းမှုများကို အင်တိုက်အားတိုက် ဝန်းရံပေးကြရန်။ (၂) အတတ်ပညာရှင်၊ အသိပညာရှင်များနှင့် အနုပညာရှင်များအနေဖြင့် - မိမိတို့ တတ်ကျွမ်းသော ကဏ္ဍအသီးသီးမှတစ်ဆင့် ဦးတည်ချက်မပျောက်ရေး အသိပညာပေးမှုများနှင့် လှုံ့ဆော်မှုများကို လူမှုကွန်ရက်နှင့် မြေပြင်တွင် ကူညီလုပ်ဆောင်ပေးကြရန်။ (၃) မိဘပြည်သူတစ်ရပ်လုံးအနေဖြင့် - ကမ်ပိန်း၏ ကြွေးကြော်သံများ၊ ပိုစတာများနှင့် ဆောင်းပါးများကို အွန်လိုင်း/မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးခြင်းဖြင့် "ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေး နှင့် ညီညွှတ်ရေးဆီသို့" လှုပ်ရှားမှုကို လူထုဖိအားတစ်ရပ်အဖြစ် ဝိုင်းဝန်းပါဝင်ပေးကြရန်။ ဤလှုပ်ရှားမှုသည် မည်သူကိုမျှ အပြစ်တင်ရန် မဟုတ်ဘဲ၊ မိမိတို့အားလုံး စည်းလုံးညီညွတ်စွာဖြင့် ပန်းတိုင်သို့ အတူတကွ လျှောက်လှမ်းနိုင်ရန် ဖြစ်ပါသည်။ တော်လှန်ရေးရဲဘော်များ၊ မိဘပြည်သူများ အနေဖြင့် မိမိတို့ တတ်နိုင်သည့် ကဏ္ဍ၊ လွတ်လပ်သည့် ပုံစံများဖြင့် ဤကမ်ပိန်းတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာဖြင့် ဆော်ဩဖိတ်ခေါ်အပ်ပါသည်။ “စစ်အုပ်စုသာ ပြည်သူ့ရန်သူ … ဘုံရန်သူကို ဦးတည်တိုက်ကြ” “ဘုံရန်သူကို ထိုးနှက် ၊ ရဲဘော်ချင်း ပေါင်းစပ်၊ တော်လှန်ရေးပန်းတိုင်ဆီ အတူတူချီတက်" “ညီညွတ်ရေးဟာ … အစွမ်းထက်ဆုံးလက်နက်” အထက်ပါ ပူးတွဲနှိုးဆော်ချက်နှင့် ဖိတ်ခေါ်လွှာကို မိမိတို့ အဖွဲ့အစည်းများမှ သဘောတူ ထောက်ခံပါသည်။ All Kachin Students’ Federation - AKSF ASR-ASSOCIATION of SPRING RAINBOW All Burma Ulmas Union - ABUU Arakan League for Democracy - ALD Arakan Youth Peace Network Arakan CSO Network All Arakan Youth Organizations Network - AAYON Ayeyawaddy Youth Network - AYN Bago Unit Federated Force - BUFF Beyond Ah Nah Blood Money Campaign Burma Canadian Network CRPH Funding Ireland CRPH and NUG Supporters Ireland Defend Myanmar Democracy Defection & Defiance Network (D&D Network) Hlaing Democratic Network - Yangon India for Myanmar Kyauktada Strike Committee - KSC Liberal Students Youth Association - LSYA Magway Region Human Rights Network Myanmar Student Christian Movement - Magway Mandalay Regional Youth Association - MRYA
без подписи
без подписи
без подписи
ပူးတွဲထုတ်ပြန်ချက်တွင်ပါဝင်သည့် အဖွဲ့အစည်းများ - ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ် ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) Yangon Revolution Force (YRF) မင်္ဂလာတောင်ညွန့်မြို့နယ်လုံးဆိုင်ရာအထွေထွေသပိတ်ကော်မတီ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း တာမွေမြို့နယ်သပိတ်ကော််မတီ ကြည်မြင်တိုင်မြို့နယ်လူငယ်များသပိတ်ကော်မတီ သာကေတမြို့နယ်သပိတ်ကော်မတီ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ လှိုင်ဒီမိုကရက်တစ်ကွန်ရက် ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး - အကလ ကျောင်းသားအင်အားစုများကွန်ရက် လူ့ဘောင်သစ်လူငယ် မျိုးဆက်သစ်လူငယ်များအင်အားစု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ စီဒီအမ်ပညာရေးဝန်ထမ်းများသမဂ္ဂ လီဆူလူငယ်ကွန်ဂရက် တိုးတက်သော မွတ်စ်လင်မ် လူငယ်များအစည်းအရုံး မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု ဆန်မာတေးအိုရ်ဗမာပြည်ကျောင်းသားများအစည်းအရုံး #MilitaryCoupInMyanmar #Againstmilitaryjunta #besya #WhatsHappeningInMyanmar
စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် တော်လှန်ရေးအင်အားစုရဲဘော်များနှင့် လူမျိုးပေါင်းစုံပြည်သူလူထုအပေါင်းတို့…. ယနေ့ဆိုလျှင် မင်းအောင်လှိုင် စစ်အုပ်စုမှ ပြည်သူလူထု၏ အချုပ်အခြာအာဏာအား အတင်းအဓမ္မ သိမ်းပိုက်ခဲ့သည်မှာ (၅) နှစ်ပင်ပြည့်ခဲ့ပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍လည်း ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်စနစ်အား တခဲနက် အုံကြွဆန့်ကျင်ခဲ့ကြသည်မှာ လက်နက်ကိုင် တော်လှန်ရေး အသွင်ထိပါ ကူးပြောင်း တိုက်ပွဲဝင်လာနိုင်သည်အထိ တော်လှန်ရေးရဲ့ အရှိန်အဟုန်မှာ မီးဟုန်းဟုန်းတောက်ခဲ့ပါပြီ။ တဖက်မှာလည်း စစ်အုပ်စုက လူထုတော်လှန်ရေးကြီးအား ရက်ရက် စက်စက် ဖြိုခွင်းချေမှုန်းခဲ့သလို နည်းလမ်းပေါင်းစုံဖြင့် အရပ်သား ပြည်သူများအား ပစ်မှတ်ထား၍ နေ့စဉ်ရက်ဆက် တိုက်ခိုက်လျက် ရှိပါသည်။ သို့ရာတွင် လူထု၏ ဒေါသမီးတောက်ကိုသာ ကြုံတွေ့နေရသည့် စစ်အုပ်စုသည် နိုင်ငံရေး ထွက်ပေါက်ရရန် အတုအယောင် ရွေးကောက်ပွဲတရပ်အား ကျင်းပ၍ လူထုနှင့် ပြည်တွင်းပြည်ပ အင်အားစုများအား မျက်လှည့်ပြ လှည့်စားရန် ကြံရွယ်နေပါသည်။ ထိုရွေးကောက်ပွဲမှာလည်း လူထုထောက်ခံမှု၊ စိတ်ဝင်စားမှုအား တစိုးတစိမျှ မရခဲ့ဘဲ စစ်အုပ်စု အလိုကျ ချယ်လှယ်ထားမှန်း လယ်ပြင်မှာ ဆင်သွားသကဲ့သို့ အတိုင်းသား မြင်နေရပါသည်။ စစ်အုပ်စု အလိုကျရွေးကောက်ပွဲမှာ ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း ပြည်သူလူထုအား ဆက်လက်လှည့်ဖျား၍ တော်လှန်ရေး အရှိန်အဟုန် ယုတ်လျော့စေရန် စစ်အုပ်စုက ဆက်လက် အားထုတ်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပ တော်လှန်ရေး အင်အားစုများနှင့် ပြည်သူလူထုကြီးအနေဖြင့် စစ်အုပ်စု၏ မည်သည့် အရိုးအရင်း လွတ်လပ်ခွင့်၊ ရွှေရည်စိမ်အပြောင်းအလဲကိုမျှ လက်မခံဘဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံး သည်အထိ တိုက်ပွဲဝင်သွားရန် ကျွန်ပ်တို့ တော်လှန်ရေးအင်အားစုများမှ တိုက်တွန်းလိုပါသည်။ အစိုးရနေရာများ၊ အုပ်ချုပ်သူနေရာများတွင် မည်မျှပြောင်းလဲမှုများ ဖြစ်သွားစေကာမူ စစ်အာဏာရှင် စနစ် တည်ရှိနေသမျှကာလပတ်လုံး ကျွန်ုပ်တို့အနေနှင့် ဤစနစ်၏ ဆိုးမွေများကို အနုနည်း၊ အကြမ်းနည်းမျိုးစုံဖြင့် ခံစားနေရဦးမည်ဖြစ်ကြောင်းကို နေဝင်းစစ်အုပ်စု၊ သန်းရွှေစစ်အုပ်စု၊ သိန်းစိန်စစ်အုပ်စု စသည့် စစ်အုပ်စု၏ ထပ်တလဲလဲ အပြောင်းအလဲများက သမိုင်းသက်သေ ထူခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီ ယန္တယား ဆိုသည့် စစ်သုံးစစ်နှင့် အခိုင်အမာတည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပြုတ်ကျသွား သည်အထိ အဆုံးသတ်တိုက်ပွဲဝင်သွားမှသာ ဤစနစ်၏ ဖိနှိပ်မှုသံသရာက လွတ်မြောက်နိုင်မည် ဖြစ်သည်။ ထိုသို့ တိုက်ပွဲဝင်ရာတွင်လည်း ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများသည် ပြည်သူလူထုကို မျက်နှာ မမူနိုင်၊ အဖွဲ့အစည်းချင်းချင်းကြား မိတ်ဖက်ပဋိပက္ခများအား ဘေးမချိတ်နိုင်ပါက နွားကွဲရင် ကျားဆွဲ သကဲ့သို့ ဝါးအစည်းပြေတော့မည့် အန္တရာယ်ကို စိုးရိမ်နေရမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး ဘုံရည်မှန်းချက်ပေါ် အခြေခံသည့် စုစည်းညီညွတ်သော ခိုင်မာတဲ့တပ်ပေါင်းစုတရပ်ပေါ်ထွက်လာအောင် ဆောင်ရွက်ရန် အလျင်အမြန် လိုအပ်နေပြီဖြစ်သည်။ သမိုင်းကို လှန်လှောကြည့်မည်ဆိုလျှင်လည်း နယ်ချဲ့ဆန့်ကျင်ရေးကာလတွင် အင်အားစုအသီးသီးမှ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး - ဖဆပလ တပ်ပေါင်းစုကြီး အဖြစ် စုစည်းခဲ့ကြပြီး ဗမာပြည်သူလူထုအပေါ် ဗိုလ်ကျစိုးမိုးနေသည့် ဖက်ဆစ် ဂျပန်တို့အား တိုက်ထုတ်နိုင်ခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးတွင်လည်း တောင်တန်းမြေပြန့် တော်လှန်ရေး အင်အားစု အသီးသီး ပေါင်းစည်း၍ စစ်ကောင်စီတပ်များအား ချေမှုန်းနိုင်ခဲ့သည်မှာ တော်လှန်ရေးအတွက် အရှိန်အဟုန်ကို မြှင့်တင် ပေးခဲ့သော ခြေလှမ်းများပင်ဖြစ်သည်။ ထို့ကြောင့် စစ်အုပ်စု၏ ဖိနှိပ်မှုများနှင့် အတုအယောင်ခြေလှမ်းသစ်များကို အန်တုတိုက်ထုတ်နိုင်ရန် ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများအနေဖြင့် ပြည့်ဝသော စည်းရုံးရေးလုပ်ဟန်၊ ညီညွတ်ရေးရှေးရှု သော သဘောထားအမြင်များဖြင့် ခိုင်မာသော မဟာမိတ်များ စုစည်းတည်ဆောက်ခြင်းမှတဆင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဘုံရည်မှန်းချက်အပေါ် အခြေခံသည့် အင်အားစုပေါင်းစုံ ပါဝင် သည့် တပ်ပေါင်းစုကြီးတရပ် မဖြစ်မနေတည်ဆောက်ကြရမည်ဖြစ်သည်။ ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျရောက်သည့် စစ်အာဏာသိမ်း (၅)နှစ်ပြည့်မှစ၍ ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုအသီးသီးအနေဖြင့် စစ်သုံးစစ်အမြစ်ဖြတ်ရေး ဘုံရည်မှန်းချက်ပေါ် ရပ်ခံကာ အင်အားစုအားလုံးစုပေါင်းတည်ဆောက်ထားသည့် ကျယ်ပြန့်သော တပ်ပေါင်းစုကြီးတရပ် မဖြစ်မနေ ထွက်ပေါ်လာနိုင်ရန် ကြိုးပမ်းရင်း လူထုကိုမျက်နှာမူလျက် တော်လှန်ရေး၏ အရှိန်အဟုန် အား မြှင့်တင်သယ်ဆောင်ကြပါစို့လို့ ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများမှ တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ “တပ်ပေါင်းစု၍ အတူရပ် စစ်သုံးစစ်ကို အမြစ်ဖြတ်”
без подписи
ကျွန်မတို့ အ.ထ.က(၂၆)ချမ်းမြသာစည်မြို့နယ် အခြေခံပညာကျောင်းလူငယ်များအစည်းအရုံး(အကလ)ရဲ့ "ကျွန်တော်တို့ညွှန်းချင်သောစာအုပ်များ" အစီအစဉ်မှာ ဇန်နဝါရီလအတွက် နောက်ဆုံးစာညွှန်းကို ဆရာသစ္စာနီရဲ့ ရသစာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့ "အခြားသောအရာများနှင့်လူ" ဆိုတဲ့ စာအုပ်လေးကို ရွေးချယ်ထားပါတယ်။ ---------- ဆရာသစ္စာနီဟာ မြန်မာစာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာတစ်ဦး ဖြစ်ပါတယ်။ ဝတ္ထုတွေ ဆောင်းပါးတွေ အက်ဆေးတွေ အပြင် ကဗျာတွေလည်း ရေးသားပါတယ်။ ထူးခြားချက်ကတော့ ဆရာဟာ မော်ဒန်ကဗျာလှုပ်ရှားမှု ဦးဆောင်သူတွေထဲက တစ်ယောက်ဆိုလည်း မမှားပါဘူး။ ဆရာ့ကို စာရေးဆရာအဖြစ် လူသိများပေမယ့် ဆရာက ပန်းချီဆရာတစ်ဦးလည်းဖြစ်ပါသေးတယ်။ ဆရာသစ္စာနီရဲ့ "အခြားသောအရာများနှင့်လူ" ဆိုတဲ့ ဝတ္ထုတိုစာအုပ်လေးကို ကျနော်ဖတ်မိခဲ့ပါတယ်။ မော်ဒန်ဝတ္ထုတိုတွေဖြစ်နေတဲ့ အတွက် ကျနော်ဖတ်ဖူးနေကျ ဝတ္ထုတိုတွေနဲ့တော့ မတူကွဲပြားနေတာတော့ အမှန်ပါပဲ။ ကျနော့်အတွက် အနည်းငယ် အထူးအဆန်းလည်းဖြစ်နေပါတယ်။ ဆရာ့မော်ဒန်ကဗျာတွေလိုပဲ မော်ဒန်ဝတ္ထုတိုတွေဟာလည်း ကျနော့်နှလုံးကို ဆွဲသိမ်းကျုံးနိုင်ပါတယ်။ "အခြားသောအရာများနှင့်လူ" မှာ နေ့စဉ်ယှဉ်တွဲနေထိုင်နေတဲ့အရာတွေနဲ့ ကျနော်တို့နဲ့ကြားက သတိမမူမိတဲ့ ဆက်သွယ်မှုတွေကို ဒဿနဆန်ဆန် ဆရာက တွေးခေါ်ရေးသားထားနိုင်တယ်လို့တော့ ကျနော်အတိုချုပ်သုံးသပ်ချင်ပါတယ်။ ဥပမာ "အိမ်နဲ့လူ" ဆိုတဲ့ ဝတ္ထုတိုလေးကတဆင့် လူတွေနဲ့အိမ် ရဲ့ကြားက သတိမမူမိတဲ့ လေးနက်တဲ့ဆက်သွယ်မှုလေးတစ်ခုကို ကျနော်တို့ တန်ဖိုးထားမြင်နိုင်ပါတယ်။ အိမ်ဆိုတာ ဘယ်လိုအဓိပ္ပာယ်မျိုးပါလဲ။ အဆောက်အအုံတစ်ခုထက်ပိုတဲ့ ချစ်ခြင်းမေတ္တာတွေ ထုနဲ့ထည်နဲ့ တည်ရှိရာ နွေးထွေးမှုအသိုက်အမြုံဆိုတာကို မသိမသာလှစ်ဟပြပါတယ်။ ကျနော် သဘောကျနှစ်ခြိုက်ဆုံး လက်ရွေးစင် နှစ်ပုဒ်ရှိပါတယ်။ "စာအုပ်နဲ့လူ" နဲ့ "တိမ်နဲ့လူ" ပါ။ "စာအုပ်နဲ့လူ" မှာ အဓိကဇာတ်ကောင်က ဦးဘအိုဆိုတဲ့ စာမတတ်ပေမတတ်အဖိုးကြီးပါ။ တက္ကသိုလ်တစ်ခုက အငြိမ်းစားပါမောက္ခတစ်ယောက်ရဲ့ တပည့်အဖြစ်နေထိုင်ခဲ့ရတဲ့ ဦးဘအိုဟာ သူ့ဆရာဆုံးပါးသွားချိန်မှာ သူ့အသက်မွေးမှုကို ကိုယ်တိုင်ထိန်းကျောင်းခဲ့ရပါတယ်။ သူ့ဆရာချန်ထားရစ်ခဲ့တဲ့ စာကောင်းပေကောင်းအမွေတွေကို အဟောင်းတန်းမှာ တန်ဖိုးမသိစွာ ရောင်းချလေ့ရှိပါတယ်။ စာအုပ်ဆိုင်တွေပတ်ဝန်းကျင်မှာ သူ့ကိုအငြိမ်းစားဆရာကြီးလေလားလို့ အထင်မှတ်မှားနေကြပေမယ့် တကယ်မှာတော့ စာမတတ်ပေမတတ်တစ်ယောက်သာဖြစ်နေပါတယ်။ ဒီဝတ္ထုတိုလေးဟာ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့အရာဖြစ်ပါစေ တန်ဖိုးမသိသူလက်ထဲမှာတော့ စက္ကူစုတ်သာသာပဲဆိုတဲ့ လောကသဘာဝ ဘဝနိယာမကို သတိမူစေမိပါတယ်။ နောက်တစ်ပုဒ်ကတော့ "တိမ်နဲ့လူ" ပါ။ "ငေးငိုင်နေသော သူ့ကို နှုတ်ဆက်၍ မိုးကျော်ထွက်သွားသောအခါ သူ့ခေါင်းထဲကို အတွေးတစ်ခုဝင်ရောက်လာသည်။ မိုးကျော်တို့အရပ်တွင် တောင်တို့သည်ပင်မြင့်လွန်းနေသလား။ တိမ်တို့သည်ပင် နိမ့်လွန်းနေသလား။" (တိမ်နှင့်လူ မှ) တိမ်နှင့်လူမှာ ဘဝရည်မှန်းချက်ကြီးမားပေမယ့် ကံမဖေးမလို့ မျှော်လင့်ချက်နဲ့ လွဲချော်ခဲ့ရတဲ့ လူတစ်ယောက်အကြောင်း ရင်နင့်စွာ ဖတ်ရှုရပါတယ်။ အဓိက ဇာတ်ကောင်ရဲ့ သူငယ်ချင်း မိုးကျော်ဆိုသူကတော့ အသိုင်းအဝိုင်းနောက်ခံကြောင့် ကြိုးစားအားထုတ်မှုမရှိပါဘဲနဲ့တောင် သာယာသောဘဝကိုအလွယ်တကူရနိုင်တယ်။ နုံချာညံ့ပြီး မြေကြီးနှင့်တူတဲ့ အရပ်က အိပ်မက်တွေနဲ့လူငယ်တစ်ယောက်ကတော့ ကြိုးစားတာတောင် အိပ်မက်ပန်းတွေ မပွင့်လန်းနိုင်ပါလားဆိုတာ နာနာကျင်ကျင် စုတ်သပ်မိစေပါတယ်။ ကျနော်တို့ဟာ မွေးဖွားကြီးပြင်းလာမဲ့နေရာပတ်ဝန်းကျင်အသိုင်းအဝန်းဆိုတာကို ရွေးချယ်ခွင့်ရှိကြတာမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်အသိုက်အဝန်းတွေဟာ ကျနော်တို့ ဘယ်လိုလူဖြစ်လာမလဲဆိုတာကို ဝိုင်းဝန်းပုံသွင်းပေးနိုင်တဲ့ ပန်းပုဆရာတွေဆိုလည်း မှားမယ်မထင်ပါဘူး။ အသိုင်းအဝိုင်းနောက်ခံတွေ မတူကြတဲ့အခါ နိမ့်ကျသူတို့အရပ်မှာတော့ အိပ်မက်တိမ်တွေဟာ စိတ်ကူးယဉ်စရာ အမြင့်တစ်နေရာပါပဲလေဆိုတဲ့ ရင်နာစရာ လောကနိယာမတစ်ခုကို "တိမ်နှင့်လူ" မှာ ကျနော်မြင်ရပါတယ်။ ဒီဝတ္ထုတိုလေးဟာ ကျနော့်ရင်ကို အကိုင်လှုပ်နိုင်ဆုံးပါပဲ။ အဆုံးသတ်ပြောရရင်တော့ "အခြားသောအရာများနှင့်လူ" ဟာ ဖတ်ကြည့်သင့်တဲ့ ဝတ္ထုတိုစာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ ဒဿနပေါင်းများစွာဟာ အခြားသောအရာတွေကနေတစ်ဆင့် သင့်နှလုံးသားရော ဦးနှောက်ရောကို တစ်ချက်ချက်အလုပ်ပေး အတွေးဝေစေနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ပါပဲ။ နေ့စဉ်ဘဝမှာ ကျနော်တို့ သတိမမူမိတဲ့ ဒဿနတွေဟာ ဘယ်လောက်တောင်များပြားလဲဆိုတာ ဒီစာအုပ်က အတွေးစတစ်ခုကို သေသေချာချာဖော်ထုတ်ပေးနိုင်ပါလိမ့်မယ်။ ရှိုင်း မှတ်ချက်။ ။ မူရင်းပုံပိုင်ရှင်အား Credit ပေးပါသည်။ #ကျွန်တော်တို့ညွှန်းချင်သောစာအုပ်များ #အ.ထ.က(၂၆)ချမ်းမြသာစည်မြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)
без подписи
လူငယ်လေးတစ်ယောက်ရဲ့ ဦးခေါင်းထဲမှာ ပြောင်းပြန်စီးဆင်းတဲ့ မြစ်တစ်စင်းရှိတယ် (Miroslav Holub) ဆရာမဂျူးရဲ့ ငါးရာနှစ်ဆယ့်ရှစ် မေတ္တာအကြောင်းကို ရေးသားထားတဲ့စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်က နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာခဲ့ပေမယ့် ဟောင်းမသွားဘဲ သစ်လွင်နေဆဲ ဖြစ်ပါတယ်။ ယနေ့အချိန်ထိ လူငယ်တွေရဲ့ ဦးခေါင်းတွေထဲမှာလည်း ပြောင်းပြန်စီးဆင်းနေတဲ့ မြစ်တွေရှိဆဲပါပဲ။ ဆယ်ကျော်သက်အရွယ်လူငယ်ညီအစ်ကိုနှစ်ဦးကြားက သံယောဇဉ်တွေ၊ မိဘနဲ့သားသမီးကြားက မျိုးဆက်ကွာဟမှုတွေ၊ လူကြီးမိဘတွေရဲ့ သားသမီးတွေအပေါ် ကောင်းစေချင်တဲ့ဆန္ဒနဲ့ ပျိုးထောင်မှုတွေကြားမှာ လူငယ်တွေရဲ့ဖောက်ထွက်လိုမှုတွေနဲ့ အဲဒီပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြလဲဆိုတာတွေကို ဆရာမဂျူးက ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီစာအုပ်ကိုသာ ရောင်စုံပန်းချီကားတစ်ချပ်နဲ့တင်စားမယ်ဆိုရင် ငါးရာနှစ်ဆယ့်ရှစ် မေတ္တာရောင်စုံတွေကြားမှာ ထောင့်ငါးရာအချစ်အစက်အပြောက်လေးတွေရောယှက်နေတဲ့ ပြောင်မြောက်တဲ့ ပန်းချီလက်ရာကောင်းတစ်ခုလို့ ဆိုချင်ပါတယ်။ ဒါ့အပြင် လူငယ်တွေသိသင့်တဲ့ Sex Education ကိုလည်း မီးမောင်းထိုးပြထားပါသေးတယ်။ ဆရာမဂျူးရဲ့ ပြောင်မြောက်လှတဲ့အရေးအသားပေါင်းများစွာထဲကမှ ကျွန်မကိုအတွေးနယ်ချဲ့သွားစေမိတဲ့ အပိုင်းလေးကို ကောက်နုတ်တင်ပြချင်ပါတယ်။ သိဒ္ဓိ - "မင်းအိမ်မှာမရှိတုန်း ငါ့ကို ပုစွန်တွေချည်းကျွေးနေတာ၊ ပုစွန်က အကောင်အကြီးမဟုတ်ဘူးနော်၊ သေးသေးလေးတွေ၊ အခု ငါမရှိတဲ့အခါကြ ဟင်းကောင်းတွေချက်တယ်၊ မေမေက မင်းအပေါ်မျက်နှာလိုက်တယ်နော်" ဒီပါသဘောကျစွာရယ်၏။ "အဲဒါမျက်နှာလိုက်တာ မဟုတ်ဘူး ကိုကိုရ၊ ငါက မေမေ.. သားကို ချိုချဉ်ကြော်လုပ်ပေးစမ်းပါ၊ တုံမ်ယမ်ဟင်းချိုလဲ မသောက်ရတာကြာပြီ မေမေလို့ ပြောလို့ချက်ကျွေးတာပါ၊ မင်းအဲဒီလိုပူဆာဖူးလို့လား" သူခေါင်းရမ်းလိုက်သည်။ "အေး အဲဒါဆို ခံပေါ့ကွာ၊ အခွင့်အရေးဆိုတာမျိုးက အလကားမရဘူး ကိုကို၊ တောင်းယူမှ ရတာကွ" လျှပ်တစ်ပြက် ဖတ်ကြည့်ရင်သာမန်ပါပဲ၊ ဒါပေမယ့် ဒီထက်ပိုပြီး နက်နက်နဲနဲတွေးကြည့်မယ်ဆိုရင် ကျွန်မတို့တွေ လူ့အခွင့်အရေးအတွက်၊ လွတ်လပ်မှုအတွက်၊ ရပိုင်ခွင့်တွေအတွက် campaign တွေလုပ်၊ ဆန္ဒထုတ်ဖော်တောင်းဆိုလေ့ရှိကြသလိုပါပဲ၊ မိသားစုအတွင်းမှာပါ တချို့အရာတွေကို တောင်းယူတတ်ဖို့လိုတယ်လို့ ကျွန်မ မြင်ပါတယ်။ မတောင်းဘဲနဲ့ ရတာမျိုးကို လိုချင်ကြတာတော့ လူ့သဘာ၀ပါပဲ။ ဒါပေမယ့် ကျွန်မတို့မိဘတွေမှာလည်း စား၀တ်နေရေးပြဿနာတွေ၊ စိတ်ညစ်စရာအခက်အခဲတွေ ရှိမှာပါပဲ။ ဒါတွေကြောင့် မမြင်နိုင်တာ၊ မေ့နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒီအခါ သားသမီးတွေက တောင်းယူတတ်ဖို့ လိုပါတယ်။ ဒီနေရာမှာ အချိန်ကိုက်ဖို့ (timing) ကလည်း အရေးကြီးပြန်ပါတယ်။ ကျွန်မကိုယ်တိုင်လည်းကြုံဖူးတာမို့ အခြေအနေအချိန်အခါမကြည့်ဘဲ တောင်းရင်တော့ စိတ်ဆင်းရဲစရာ ပဋိပက္ခနဲ့ပဲ အဆုံးသတ်မှာ အသေအချာပါပဲ။ အလားတူပါပဲ ချစ်သူရည်းစားလက်တွဲဖော်တွေအကြား စသဖြင့် ဆက်ဆံရေးတော်တော်များများမှာလည်း အခွင့်အရေးတွေကိုပြောပြမယ်၊ မေ့နေတာလေးတွေရှိရင်သတိပေးမယ်၊ ဒါမျိုးလေးတွေလုပ်ယူရင်း အပြန်အလှန်နားလည်မှုယူသင့်ပါတယ်။ အနှစ်ချုပ်ဆိုရရင် ဆရာမဂျူးရဲ့"လရဲ့အောက်ဘက်မိုင်အဝေးမှာ" ဆိုတဲ့ ဒီစာအုပ်လေးက လူငယ်တွေသာမက၊ လူငယ်တွေကို ပျိုးထောင်ပေးနေတဲ့ လူကြီးမိဘတွေပါ ဖတ်သင့်တဲ့ ရှားပါး၀တ္တုတစ်ပုဒ်ဖြစ်လို့ ဖတ်ရှုကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။ ဝေသုန်နွေဦး #ကျွန်တော်တို့ညွှန်းချင်သောစာအုပ်များ #အ.ထ.က(၂၆)ချမ်းမြသာစည်မြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)
без подписи
နှစ်သစ်မှာ လူငယ်တို့ပျော်ရွှင်ဖို့ မင်္ဂလာရှိသောနှစ်သစ်ပါခင်ဗျာ။ ၂၀၂၅ဟာ ဒုက္ခများစွာနဲ့ပြီးဆုံးသွားပါပြီ။ မြန်မာနိုင်ငံရဲ့အခြေအနေအရပ်ရပ်ဟာ နှစ်သစ်မှာသာပြီးတော့ ဆိုးမဲ့ပုံပါပဲ။ နှစ်သစ်ပေမဲ့ ဒုက္ခဟောင်းကလည်း မပြတ်သေးပါ။ လူငယ်တို့အဖို့ တော်လှန်ရေး၊ပညာရေး၊ စားဝတ်နေရေးရုန်းကန်ရတာတွေက ပိုမွန်းကျပ်စရာကောင်းလာပါတယ်။ ဒါပေမဲ့ ဒီလိုဒုက္ခတွေကြားထဲကမှ နှစ်သစ်အတွက် မျှော်လင့်ချက်အသစ်နဲ့ အားမာန်အသစ်သွင်းရင်းကြိုးစားနေကြတာကို မြင်ရတာလည်း ဝမ်းသာစရာပါပဲ။ "ကျွန်နော်တို့ညွှန်းချင်သောစာအုပ်များ" စာညွှန်းအစီအစဉ်ရဲ့ ပထမဦးဆုံးစာအုပ်အဖြစ် ဒေါက်တာဖြိုးသီဟရဲ့ ပျော်ရွှင်ပါစေ စာအုပ်ကိုရွေးချယ်ထားပါတယ်။ အားမာန်သစ်အတွက်၊ ပျော်ရွှင်ဖို့အတွက် ကြိုးစားကြရာမှာ ဒေါက်တာဖြိုးသီဟရဲ့ "ပျော်ရွှင်ပါစေ" စာအုပ်ကလူငယ်တို့အဖို့ တစ်စုံတစ်ရာအထောက်အကူဖြစ်ပါလိမ့်မယ်။ လူငယ်နှင့်တက်ကျမ်း ပျော်ရွှင်ပါစေ စာအုပ်ကလွယ်လွယ်ပြောရရင် တက်ကျမ်းတစ်အုပ်ပါပဲ။ ကျန်းမာရေး၊ လူမှုဆက်ဆံရေးနဲ့ ပညာရေးကိစ္စတွေမှာ အဆင်ပြေဖို့နဲ့ ဘဝမှာပျော်ရွှင်နိုင်စေဖို့ ထားရမဲ့ အမူအကျင့်နဲ့ အတွေးအကြံတွေကို မျှဝေထားပါတယ်။ တက်ကျမ်းတွေဖတ်ရုံနဲ့အောင်မြင်လာမှာ မဟုတ်ဘူးဆိုတာမှန်ပါတယ်။ တက်ကျမ်းထဲကနည်းလမ်းတွေကလည်း အကုန်လုံးအလုပ်ဖြစ်တာတွေ မဟုတ်ပါဘူး။ ဒါ့အပြင်တက်ကျမ်းအများစုဟာ လက်တွေ့မကျတဲ့ လေတစ်လုံးမိုးတစ်လုံးနဲ့ ပြည့်နှက်နေကြတာပါ။ ဒါကြောင့်တက်ကျမ်းတွေဟာ အသုံးမဝင်တဲ့စာပေလို့ အချို့ကပြောကြပါတယ်။ တကယ်တော့ အရည်အသွေးရှိတဲ့တက်ကျမ်းတွေဟာ ဘဝကိုစတင်ရုန်းကန်ကြမဲ့ ကျနော်တို့လိုလူငယ်တွေအဖို့ ဖတ်သင့်တဲ့စာပေကောင်းတွေပါပဲ။ တက်ကျမ်းကောင်းတစ်အုပ်ဟာ အောင်မြင်ဖို့နည်းလမ်းတွေရေး၊ စိတ်ဓာတ်တက်ကြွလာအောင်ရေးနဲ့ ပြီးတာမဟုတ်ပါဘူး။ တက်ကျမ်းကောင်းတွေဟာ သဘောထားတွေမှန်ကန်ဖို့၊ လူတွေအပေါ် သင့်တင့်စွာစိတ်ထားတတ်ဖို့ လမ်းညွှန်ကြပါတယ်။ လမ်းမှားရောက်မသွားဖို့ အသိပေးထိန်းကျောင်းတတ်ပါတယ်။ ခေတ်ရေစီးကြောင်းမှာ ကြီးစိုးနေတဲ့၊ မှန်ကန်တယ်လို့ ထင်မှတ်နေတဲ့ အတွေးအခေါ်ဆိုး၊အကျင့်ဆိုးတွေကို ဖော်ထုတ်တတ်ပါတယ်။အကျင့်ကောင်း၊ အတွေးအခေါ်ကောင်းကို ပြသပါတယ်။ ပိုက်ဆံစုရင် ချမ်းသာမယ်ဆိုတဲ့ စကားမျိုးတွေနဲ့ ပြည့်နေတာမဟုတ်ပါ။ လူငယ်တွေကို ပိုက်ဆံရဲ့တန်ဖိုးအမှန်ကိုသိတတ်အောင်၊ ပိုက်ဆံနည်းတူအရေးကြီးတာတွေကို နားလည်တတ်အောင်၊ ရေရှည်မှာဘဝအတွက် ရင်းနှီးမြှုပ်နှံတတ်အောင်လည်း သင်ပြကြပါတယ်။ ဒေါက်တာဖြိုးသီဟရဲ့ ပျော်ရွှင်ပါစေကလည်း အဲ့သည်လို တက်ကျမ်းကောင်းတစ်အုပ် ဖြစ်ပါတယ်။ See more
ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက်၊ ခရစ်နှစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ အထိမ်းအမှတ်နေ့ဖြစ်သည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါသည်။မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ တိုင်းတစ်ပါးနယ်ချဲ့တို့လက်အောက်တွင် နေခဲ့ရပြီး၊ ထိုအခြေအနေမှ လွတ်မြောက်ရန်အတွက် မြန်မာတစ်မျိုးသားလုံးသည် အသက်သွေးချွေးများဖြင့် တော်လှန်ခဲ့ကြသဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ပါသည်။ သို့သော် ယနေ့အချိန်အထိ ကျွန်ုပ်တို့နိုင်ငံသည် အမှန်တကယ် လွတ်လပ်မှုကို မရရှိသေးပေ။ တိုင်းတစ်ပါးနယ်ချဲ့တို့၏ ကျွန်ဘဝမှ လွတ်မြောက်ခဲ့သော်လည်း အာဏာရှင်အဆက်ဆက်၏ လက်အောက်တွင် ပြည်သူလူထုသည် ဖိနှိပ်ချုပ်ချယ်ခံနေရဆဲဖြစ်ပါသည်။ ထို့ကြောင့် လွတ်လပ်ရေးနှင့် လူ့အခွင့်အရေးများကို ခေတ်အဆက်ဆက် ပြန်လည်ကာကွယ်တိုက်ပွဲဝင်ရင်း သူရဲကောင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါသည်။ ယခုအခါ စစ်အာဏာရှင်များသည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရယူရန် ကြိုးပမ်းနေကြပြီး၊ ဒီမိုကရေစီအရသာ အနည်းငယ်သာ မြည်းစမ်းခွင့်ရခဲ့သော ကာလအတွင်း ဖွံ့ဖြိုးခဲ့သည့် အရာများလည်း ပျက်စီးဆုတ်ယုတ်လာခဲ့ပါသည်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် အနုပညာဘက်ပေါင်းစုံတွင် နိုင်ငံတော်သည် ခေတ်နောက်ပြန်ဆွဲနေပြီး ချွတ်ခြုံကျလျက်ရှိပေသည်။ ဤအခြေအနေများကို ပြောင်းလဲနိုင်ရန်အတွက် စစ်အာဏာရှင်စနစ်ကျဆုံးရေးသည် မဖြစ်မနေ လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ တော်လှန်ရေးသည် တာတိုမဟုတ်ဘဲ တာဝေးပြိုင်ပွဲဖြစ်လာနေသော်လည်း အားမလျော့ဘဲ ဆက်လက်တွန်းလှန်ကာ လွတ်လပ်၍ ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာသည်အထိ အတူတူ တိုက်ပွဲဝင်ကြပါစို့။ #လွတ်လပ်ရေးနေ့ #အ.ထ.က(၂၆) ချမ်းမြသာစည်မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ)
без подписи
"ကျွန်တော်တို့ညွှန်းချင်သောစာအုပ်များ" အ.ထ.က (၁) ဒိုက်ဦးမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ) အဖြစ် စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်းတွင် အခြေစိုက်ကျောင်းပြောင်းလဲခဲ့သော ကျွန်ုပ်တို့ အ.ထ.က (၂၆) ချမ်းမြသာစည်မြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ) သည် ယခုအခါဖွဲ့စည်းခြင်းသုံးနှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်ပါသည်။ သုံးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် "ကျွန်တော်တို့ ညွှန်းချင်သော စာအုပ်များ" ဟု အမည်ရသည့်ပရိုဂရမ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုပရိုဂရမ်တွင် အ.ထ.က(၂၆)ချမ်းမြသာစည်မြို့နယ်(အကလ)ရဲဘော်များ ဖတ်ရှုခဲ့သည့် စာအုပ်များအနက်မှ ဘဝအသိရသပေးနိုင်သော၊ နိုင်ငံရေးအသိရသပေးနိုင်သောစာအုပ်များနှင့် “အစားကောင်းစားရရင် ချစ်သူကို သတိရတတ်တယ်” ဆိုသကဲ့သို့ ကိုယ်တိုင်ဖတ်ပြီးနောက် အခြားသော စာပေချစ်သူ ကျောင်းသားလူငယ်များကိုပါ ဖတ်ရှုစေချင်သည့် စေတနာဖြစ်ပေါ်စေသော စာအုပ်ကောင်းများကို အတွေးအမြင်များနှင့်အတူ စာညွှန်းအဖြစ် မျှဝေသွားမည်ဖြစ်ပါသည်။ ယခုအချိန်သည် နိုင်ငံ့အနာဂတ်အတွက် အရေးကြီးဆုံးအချိန်ကာလတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့အားလုံးတွင်လည်း တစ်နေ့လျှင် ၂၄ နာရီသာ တူညီစွာရှိပြီး အချိန်ကို စုဆောင်းခြင်း သို့မဟုတ် ချေးငှားသုံးစွဲခြင်း မပြုနိုင်ပါ။ ထို့ကြောင့် အစားထိုးမရနိုင်သော လူငယ်ဘဝ၏ အဖိုးတန်အချိန်နှင့် နိုင်ငံ၏အရေးကြီးဆုံးအချိန်ကို အရေးကြီးဆုံးအလုပ်များနှင့် အကောင်းဆုံးစာအုပ်များအတွက် အသုံးချရန် လိုအပ်လာပါသည်။ မိမိတို့၏နိုင်ငံသစ်ကို တည်ဆောက်ရာတွင်၊ မိမိတို့ဘဝသစ်ကို ပုံဖော်ရာတွင် စာဖတ်ခြင်းသည် အလွန်အရေးကြီးပါသည်။ စာဖတ်ခြင်းတွင်လည်း စာအုပ်ရွေးချယ်မှုမှာ အလွန်အရေးကြီးသဖြင့် ဤအစီအစဉ်ကို စာအုပ်ကောင်းများရွေးချယ်ရာတွင် အထောက်အကူဖြစ်စေရန်၊ ကျောင်းသားလူငယ်များ၏ စာဖတ်နှုန်းမြှင့်တင်ရန်၊ လူငယ်များအကြား အတွေးအမြင်ဖလှယ်နိုင်ရန်နှင့် ဖတ်ရှုထားသည့် စာအုပ်များကို ပိုမိုနက်ရှိုင်းစွာ သုံးသပ်စဉ်းစားနိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ဤစာညွှန်းအစီအစဉ်ကို လစဉ် ဆယ်ဂဏန်းရက်များဖြစ်သည့် ၁၀ရက်၊ ၂၀ရက် နှင့် ၃၀ ရက်နေ့များတွင် သုတရသအမျိုးအစားအလိုက်အလှည့်ကျဖြင့် ဆယ်ရက်တစ်ကြိမ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ #ကျွန်တော်တို့ညွှန်းချင်သောစာအုပ်များ #အ.ထ.က(၂၆)ချမ်းမြသာစည်မြို့နယ်(အကလ)