tgindex
Mogok Federal Students' Union - ABFSU

Mogok Federal Students' Union - ABFSU

Статистика

မိုးကုတ်ဖက်ဒရယ် ကျောင်းသားများသမဂ္ဂ၏ တရားဝင် တယ်လီဂရမ် ချန်နယ် ဖြစ်သည်။ Channel link- https://t.me/mfsu_abfsu ဆက်သွယ်ရန်- @mgfsu_abfsu

Последний пост
19 июл.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
21
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
14 авг.
Подписчики
345
−1 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
228
21 постов
Вовлечённость
66,1%
к подписчикам
Постов в день
0,0
всего 21
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
176
1/48двое суток
201
1/72трое суток
217

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ယနေ့ကျရောက်‌သော (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန်ရင်းကျဆုံးသွားသော အာဇာနည်သူရဲ‌ကောင်းများအား ကျွန်ုပ်တို့ မိုးကုတ်ဖက်ဒရယ်ကျောင်းသားများသမဂ္ဂမှ လေးစားစွာ ဦးညွှတ်ဂါရဝပြုအပ်ပါသည်။ #MGFSU_ABFSU

  • 7 июл.28651из Network4ofStudentForces

    Internalစကားဝိုင်းဖြစ်သည့်အတွက် တက်ရောက်လိုသော ကျောင်းသားရဲဘော်များအနေဖြင့် @nsf1111 သို့ဆက်သွယ်ပေးပါရန်မေတ္တာရပ်ခံပါသည်။

  • 7 июл.25221из Network4ofStudentForces

    без подписи

  • 7 июл.23361из Network4ofStudentForces

    без подписи

  • 7 июл.18831из Network4ofStudentForces

    “အုတ်မှုန့်များကြားမှ သမိုင်း – ၇ ဂျူလိုင်ကို ပြန်လည်ရှုမြင်သုံးသပ်ခြင်း” သမိုင်းသည် တခါတရံ အောင်နိုင်သူတို့ ရေးသားထားသော မှတ်တမ်းဖြစ်သလို၊ တခါတရံ အသံမထွက်နိုင်တော့သူတို့၏ တိတ်ဆိတ်မှုလည်း ဖြစ်သည်။ အချို့နေ့စွဲများသည် ပြက္ခဒိန်ပေါ်က ဂဏန်းများသာ ဖြစ်သော်လည်း၊ အချို့နေ့စွဲများမှာ မျိုးဆက်တစ်ဆက်၏ မှတ်ဉာဏ်ထဲတွင် အချိန်ကာလကို ကျော်လွန်၍ အသက်ရှင်နေကြသည်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်သည် ထိုသို့သော နေ့တစ်နေ့ ဖြစ်သည်။ လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တစ်ခုကျော်အကြာ ဗမာပြည်သည် မျှော်လင့်ချက်နှင့် မတည်ငြိမ်မှုတို့ကို တစ်ပြိုင်တည်း သယ်ဆောင်နေခဲ့သည်။ ပြည်တွင်းစစ်၊ စီးပွားရေးအခက်အခဲနှင့် နိုင်ငံရေးပဋိပက္ခများကြားတွင် နိုင်ငံ၏ အနာဂတ်ကို မည်သို့ပုံဖော်မည်ဆိုသည့် မေးခွန်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ မေးခွန်း ဖြစ်လာခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် ဗိုလ်နေဝင်း၏ ဒုတိယအကြိမ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ထိုမေးခွန်းသည် ပို၍ ပြင်းထန်လာသည်။ တက္ကသိုလ်၏ စာသင်ခန်းများသည် ပညာသင်ကြားရုံသက်သက်သာ မဟုတ်တော့ဘဲ အတွေးအခေါ်များ၊ မျှော်လင့်ချက်များနှင့် အငြင်းပွားမှုများ ဆုံတွေ့ရာ နေရာဖြစ်လာခဲ့သည်။ ဇူလိုင်လ ၇ ရက်နေ့ နေ့လည်တနာရီတွင် သမဂ္ဂအစည်းအဝေးခန်းတွင် ကျောင်းသားထု အစည်းအဝေးကျင်းပပြီး ကိုဗဆွေလေးကဥက္ကဌအဖြစ်တာဝန်ယူသည်။ ထိုအစည်းအဝေးမှကျောင်းသားများကိုနည်းအမျိုးမျိုးဖြင့်ဖိနှိပ်ချုပ်ချယ်သည့် စည်းကမ်းအမျိုးမျိုးကို ကန့်ကွက်ကြောင်း တခဲနက်ဆုံးဖြတ်ခဲ့ကြပြီး သမဂ္ဂရှေ့မှစတင်၍ ကျောင်းဝင်းအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြပြီး ငြိမ်းချမ်းစွာပင်လူစုခွဲခဲ့သည်။ ထို့နောက် နေ့လည်၂နာရီခန့်တွင် ရဲကားနှစ်စီးကျောင်းဝင်းတွင်းရောက်လာပြီး ဥက္ကဌကိုဗဆွေလေး အပါအဝင်တခြားသမဂ္ဂခေါင်းဆောင်များကို အဓမ္မဖမ်းဆီးခဲ့သောကြောင့် ကျောင်းသားများနှင့်အခြေအတင်စဖြစ်ကြသည်။နေ့လည် ၄နာရီခန့်တွင်ကား ဗိုလ်‌‌ေနဝင်း၏ကိုယ်ရံတော် အထူးတပ်ဖွဲ့ဖြစ်သည့် တပ်ရင်း (၄)ရောက်ရှိလာသည်။ကျောင်းသားများကလဲ တက္ကသိုလ်မြက်ခင်းပေါ်တွင် ဝိုင်းဖွဲ့ စကားပြောသူကပြော၊လှဲသူကလှဲ၊ထိုင်သူကထိုင်နေကြချိန်တွင် စစ်သားများသည် စစ်မြေပြင်မှရန်သူများကိုချေမှုန်းသည့်ပမာ မောင်းပြန်ရိုင်ဖယ်များဖြင့် မန္တလေးဆောင်၊ရာမညဆောင်နှင့် အဓိပတိလမ်းမတလျှောက်ရှိ ကျောင်းသားအုပ်ကြီးထဲသို့ တရစပ် ပစ်ခတ်ကြလေသည်။ပစ်ခတ်မည်ဟုမထင်ထားသောကြောင့် ကျောင်းသားတော်တော်များများမှာ အံဩမှင်သက်လျက် နေရာမှာပင်အသက်ပျောက်ခဲ့ရလေသည်။ အချို့ကလည်း နီးစပ်ရာအဆောင်များပေါ်တက်ပြေးကြရာတွင် စစ်သားများက ဒူးထောက်၍ မလွတ်တမ်းပစ်ခတ်သောကြောင့် မန္တလေးဆောင်လှေကားရင်းတွင် အလောင်းချင်းထပ်ခဲ့ရပေသည်။ထိုညတွင်ပင် သမဂ္ဂအဆောက်အဦးတခုလုံးကိုလဲ အသင့်တပ်ဆင်ထားသော ဒိုင်းနမိုက်များဖြင့်ဖောက်ခွဲခဲ့ကြလေသည်။မြောင်းမြမှကျောင်းသား ကိုကျော်ဝင်းမှ ၎င်း၏ခန္တာကိုယ်မှသွေးဖြင့် မန္တလေးဆောင် နံရံတွင်”၇-၇-၆၂ မမေ့ကြနဲ့”ဟုရေးသွားခဲ့ကြောင်း သိရသည်။ ၁၉၆၃ ဇူလိုင်လကျောင်းများပြန်အဖွင့်တွင် သမဂ္ဂအဆောက်အဦးနေရာ၌ ယာယီတဲဆောက်၍ ၇-၇-၆၂တွင် ကျဆုံးခဲ့သော ကျောင်းသားရာကျော်ကို ရည်စူးကာ “ရာကျော်ကျောက်တိုင်”ကိုတည်ဆောက်ခဲ့လေသည်။ ထို”ရာကျော်ကျောက်တိုင်”ဖွင့်ပွဲတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှ “ဒီသမဂ္ဂအဆောက်အအုံကြီးကိုသာ ဖြိုလို့ရချင်ရမယ်၊အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှဖြိုလို့ မရပါဘူး”ဟု မိန့်ကြားခဲ့သည်။သို့သော် မကြာမီ ပြည်တွင်းအရေးအခင်းများကြောင့်ကျောင်းများပြန်ပိတ်သောအခါ ရာကျော်ကျောက်တိုင် နှင့်အတူ သမဂ္ဂယာယီတဲ အဆောက်အဦးလဲ ထပ်မံဖျက်ဆီးခံခဲ့ရလေသည်။ ပညာသင်ကြားလျက်ရှိနေသော ကျွန်ုပ်တို့ မိဘပြည်သူများ၏ ရင်သွေးများ၊စာအုပ်နှင့်ဘောပင်မှလွဲ၍ လက်ထဲတွင်ဘာမှမရှိသော ကျောင်းသားကျောင်းသူများအပေါ်တွင် ဤမျှလောက်ရက်စက်ခဲ့သော စစ်အုပ်စု၏ ယုတ်မာမှုများကို မျိုးဆက်အဆက်ဆက် ကျွန်ုပ်တို့မှာ မေ့နေလို့နဲနဲမှမရပေ။အနီးခေတ် ဗမာပြည်သမိုင်းတလျှောက်တွင်လဲ စစ်အုပ်စုသည် ထိုသို့ရက်စက်မှုများကို အကြိမ်ကြိမ်ကျူးလွန်ခဲ့ပါသည်။ထိုသို့ ရက်စက်ယုတ်မာမှု၊မတရားအနိုင်ကျင့်ဖိနှိပ်ခံရမှုများကို ကျွန်ုပ်တို့မျိုးဆက်တွေသာအသားကျသွားမည်ဆိုလျှင် ထိုကံကြမ္မာဆိုးကြီးများကို ကျွန်ုပ်တို့ပါမက ကျွန်ုပ်တို့၏မျိုးဆက်များကပါ ခံစားနေရဦးမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ထို့ကြောင့် ကျွန်ုပ်တို့သည် ၇ဂျူလိုင်ကို သတိရအောက်မေ့နာကျဉ်းရင်း ကျွန်ုပ်တို့ပြည်သူလူထုကြီးတရပ်လုံး ဖိနှိပ်ချုပ်ချယ်အုပ်ချုပ်မှုများအောက်မှ ရုန်းထွက်နိုင်ကာ ကတုတ်ကျင်းများအလွန်မှ အားလုံးလွတ်မြောက်ရာလမ်းဆီသို့ရောက်သည်အထိ အတူတကွဆက်လက်တိုက်ပွဲဝင်သွားကြရမည်ဖြစ်ပါသည်။ #NSF

  • без подписи

  • 30 июн.28081из Network4ofStudentForces

    ထပ်တိုးစရင်း

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • 30 июн.2654из Network4ofStudentForces

    "ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေး နှင့် ညီညွှတ်ရေးဆီသို့" _ “စစ်အုပ်စုသာ ပြည်သူ့ရန်သူ.... ဘုံရန်သူကို ဦးတည်တိုက်ကြ” “ဘုံရန်သူကို ထိုးနှက် ၊ ရဲဘော်ချင်း ပေါင်းစပ်၊ တော်လှန်ရေးပန်းတိုင်ဆီ အတူတူချီတက်" “ညီညွတ်ရေးဟာ....အစွမ်းထက်ဆုံးလက်နက် " #NSF

  • без подписи

  • без подписи

  • без подписи

  • 30 июн.165из Network4ofStudentForces

    без подписи

  • 30 июн.121из Network4ofStudentForces

    Minority Of Revolution Essence - MORE MyaYar Knowledge Tree New Myanmar Foundation New Ramonya Federated Force - NRFF Progressive Labor Community Politics For Women Myanmar Revolutionary Education Phaungbyin Shwe Pyi Thar Strike Committee Sitt Nyein Pann Foundation Sister2Sister -S2S Spring Revolution Myanmar Muslim Community_SRMMC Support Group for Democracy in Myanmar (the Netherlands) Synergy Social Harmony Organization Volunteers in Myanmar Women Lead Resource Center Yangon Deaf Group Youth Empowerment 33 Society ကျောင်းသားအင်အားစုများကွန်ယက် - NSF ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် - SF/SAF ကျောင်းသားတော်လှန်ရေးတပ်တော် - SRF ကြားကာလအခြေခံပညာကျောင်းသားသမဂ္ဂများကိုယ်စားပြုကော်မတီ ဂန့်ဂေါဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ - GGWDO စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - GSC ဆိုရှယ်ဒီမိုကရက်တစ်ပါတီ - SDP တာမွေမြို့နယ်သပိတ်ကော်မတီ တိုးတက်သောမွတ်စ်လင်မ်လူငယ်အစည်းအရုံး - PMYA တောင်သူ့လွတ်မြောက်ရေးအင်အားစု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ - ဒတကသ ဒို့မြေကွန်ရက် - LIOH ဒို့မြေပြည်သူ့အကျိုးပြုအဖွဲ့ (တွံတေး) နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက် - SRIN နွေဦးတော်လှန်ရေး မြန်မာမွတ်စ်လင်မ်ကွန်ရက် - SRMMN နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ - FPPS ပဲခူးအရှေ့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ - FPPN-EB ပွင့်ဖြူလယ်ယာမြေကွန်ရက် ပွင့်ဖြူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ - PDO ပြည်သူ့လွတ်လပ်ရေးအဖွဲ့ - PIO ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/တပ်တော် - PDO/PDA ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ABFSU ဗမာနိုင်ငံလုံးဆိုင်ရာလယ်သမားသမဂ္ဂများအဖွဲ့ချုပ် - ABFFU ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - ABFTU ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ - ABWU မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ - မကတကသ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် - SYCB မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - FGWM မြန်မာမွတ်စလင် အစည်းအရုံး - BMA မြန်မာမွတ်စ်လင်မ်တော်လှန်ရေးအင်အားစု - MMRF မင်္ဂလာတောင်ညွန့်မြို့နယ်လုံးဆိုင်ရာအထွေထွေသပိတ်ကော်မတီ - MGTNGSC မျိုးဆက်-Generations မင်းလှတောင်သူများအစုအဖွဲ့ မင်းဘူးတောင်သူများအစုအဖွဲ့ ယိမ်းနွဲ့ပါး - Yain Nweh Par (Rainbow Win The Storm - RIS) ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး - AASYC ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS လူ့ဘောင်သစ်လူငယ် - YNS လီဆူလူငယ်အစည်းအရုံး - LYC လူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု - GSCN လွတ်လပ်သောလူငယ်များအစည်းအရုံး သာကေတမြို့နယ်လူငယ်သပိတ်ကော်မတီ သမိုင်းသယ်ဆောင်သူများ သံလွင် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးကွန်ရက် - TEDN အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး - အကလ အညာတောအိမ် ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများပြည်နယ်ကောင်စီ  - IDNSC ဧရာဝတီမြစ်အနောက်ဖက်ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၊မကွေးတိုင်း - AWDO ဧရာဝတီမြစ်အနောက်ဖက်ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၊ငဖဲ  - AWDO ၁၉၇၄/၇၅/၇၆နိုင်ငံရေးအင်အားစု (အဝေးရောက်) အမည်မဖော် - ၁ ဖွဲ့ #NSF

  • 30 июн.127из Network4ofStudentForces

    “ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့” ပူးတွဲနှိုးဆော်ချက်နှင့် ဖိတ်ခေါ်လွှာ ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဂျွန်လ (၂၈ ) ရက် လေးစားချစ်ခင်ရပါသော တော်လှန်ရေးရဲဘော်များ၊ နိုင်ငံရေးအင်အားစုများနှင့် မိဘပြည်သူတစ်ရပ်လုံးသို့ ယနေ့ မိမိတို့ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးကြီးသည် စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ပြီး ပြည်သူလူထုတစ်ရပ်လုံး ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် သမိုင်းဝင်အခွင့်အလမ်းကြီး ဖြစ်သည်။ တော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ မိမိတို့အချင်းချင်းကြားတွင် သဘောထားကွဲလွဲမှုများနှင့် ပွတ်တိုက်မှုအချို့ ရှိလာသည်မှာ ဓမ္မတာဖြစ်သော်လည်း၊ ထိုပြဿနာများအား လက်နက်အားကိုးဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာကြခြင်းသည် မိမိတို့အားလုံး၏ တော်လှန်ရေးအဟုန်ကို တန့်သွားစေနိုင်ပြီး ဘုံရန်သူ စစ်အုပ်စုကိုသာ အသက်ဆက်သွင်းရာ ရောက်ရှိသွားနိုင်ပါသည်။ တော်လှန်ရေးအဖွဲ့အစည်းများ အကြား နိုင်ငံရေးအရ တန်းတူဆက်ဆံမှုများ၊ အပြန်အလှန်လေးစား အသိအမှတ်ပြုမှုများကိုလည်း တော်လှန်ရေးကာလအတွင်းတွင်ပင် မဖြစ်မနေ လုပ်ဆောင်ရမည်ဟု ယုံကြည်ပါသည်။ သမိုင်းသင်ခန်းစာများအရ တော်လှန်ရေးအင်အားစုများ ညီညွတ်လျှင် အောင်ပွဲရပြီး၊ မိမိတို့အချင်းချင်း ညီညွတ်မှုပြိုကွဲပါက အောင်ပွဲနှင့် ဝေးကွာရတတ်ပါသည်။ ထို့ကြောင့် ယခုအချိန်သည် မိမိတို့ အားလုံး "ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေး နှင့် ညီညွှတ်ရေးဆီသို့" ဟူသော လှုပ်ရှားမှုကို မဖြစ်မနေ စတင်ရန် အရေးအကြီးဆုံး အချိန်အခါသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ မိမိတို့ အောက်ပါအဖွဲ့အစည်းများသည် ဤလှုပ်ရှားမှု၏ အခြေခံမူများကို အပြည့်အဝ ထောက်ခံ သဘောတူညီကြပြီး၊ မိမိတို့အချင်းချင်းကြား ကြုံတွေ့ရမည့် မကျေလည်မှုများကိုလည်း လက်နက်၊ အင်အားဖြင့် မဖြေရှင်းဘဲ "ညီညွတ်ရေးကို အခြေခံသည့် နိုင်ငံရေးအရ တန်းတူရည်တူ ညှိနှိုင်း ဆွေးနွေးခြင်း" နည်းလမ်းဖြင့်သာ စံနမူနာပြ ဖြေရှင်းသွားရမည်ဟု ယုံကြည်ပါသည်။ "ညီညွတ်ရေးဟာ အစွမ်းထက်ဆုံးလက်နက်" ဖြစ်သည်နှင့်အညီ ဤကမ်ပိန်းတွင် အပေါင်း လက္ခဏာ ဆောင်စွာဖြင့် အတူတကွ ပူးပေါင်းပါဝင်ပေးကြပါရန် အောက်ပါအတိုင်း လှိုက်လှိုက်လှဲလှဲ နှိုးဆော် ဖိတ်ခေါ်အပ်ပါသည် - (၁) တော်လှန်ရေးနှင့် နိုင်ငံရေး အင်အားစုများ အနေဖြင့် အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုများကို ဝိုင်းဝန်း တားဆီးကြရန်၊ ကျူးလွန်ချိုးဖောက်မှုများကို တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ကြရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနိူင်းမှုများကို အင်တိုက်အားတိုက် ဝန်းရံပေးကြရန်။ (၂) အတတ်ပညာရှင်၊ အသိပညာရှင်များနှင့် အနုပညာရှင်များအနေဖြင့် - မိမိတို့ တတ်ကျွမ်းသော ကဏ္ဍအသီးသီးမှတစ်ဆင့် ဦးတည်ချက်မပျောက်ရေး အသိပညာပေးမှုများနှင့် လှုံ့ဆော်မှုများကို လူမှုကွန်ရက်နှင့် မြေပြင်တွင် ကူညီလုပ်ဆောင်ပေးကြရန်။ (၃) မိဘပြည်သူတစ်ရပ်လုံးအနေဖြင့် - ကမ်ပိန်း၏ ကြွေးကြော်သံများ၊ ပိုစတာများနှင့် ဆောင်းပါးများကို အွန်လိုင်း/မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးခြင်းဖြင့် "ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေး နှင့် ညီညွှတ်ရေးဆီသို့" လှုပ်ရှားမှုကို လူထုဖိအားတစ်ရပ်အဖြစ် ဝိုင်းဝန်းပါဝင်ပေးကြရန်။ ဤလှုပ်ရှားမှုသည် မည်သူကိုမျှ အပြစ်တင်ရန် မဟုတ်ဘဲ၊ မိမိတို့အားလုံး စည်းလုံးညီညွတ်စွာဖြင့် ပန်းတိုင်သို့ အတူတကွ လျှောက်လှမ်းနိုင်ရန် ဖြစ်ပါသည်။ တော်လှန်ရေးရဲဘော်များ၊ မိဘပြည်သူများ အနေဖြင့် မိမိတို့ တတ်နိုင်သည့် ကဏ္ဍ၊ လွတ်လပ်သည့် ပုံစံများဖြင့် ဤကမ်ပိန်းတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာဖြင့် ဆော်ဩဖိတ်ခေါ်အပ်ပါသည်။ “စစ်အုပ်စုသာ ပြည်သူ့ရန်သူ … ဘုံရန်သူကို ဦးတည်တိုက်ကြ” “ဘုံရန်သူကို ထိုးနှက် ၊ ရဲဘော်ချင်း ပေါင်းစပ်၊ တော်လှန်ရေးပန်းတိုင်ဆီ အတူတူချီတက်" “ညီညွတ်ရေးဟာ … အစွမ်းထက်ဆုံးလက်နက်” အထက်ပါ ပူးတွဲနှိုးဆော်ချက်နှင့် ဖိတ်ခေါ်လွှာကို မိမိတို့ အဖွဲ့အစည်းများမှ သဘောတူ ထောက်ခံပါသည်။ All Kachin Students’ Federation - AKSF ASR-ASSOCIATION of SPRING RAINBOW All Burma Ulmas Union - ABUU Arakan League for Democracy - ALD Arakan Youth Peace Network Arakan CSO Network All Arakan Youth Organizations Network - AAYON Ayeyawaddy Youth Network - AYN Bago Unit Federated Force - BUFF Beyond Ah Nah Blood Money Campaign Burma Canadian Network CRPH Funding Ireland CRPH and NUG Supporters Ireland Defend Myanmar Democracy Defection & Defiance Network (D&D Network) Hlaing Democratic Network - Yangon India for Myanmar Kyauktada Strike Committee - KSC Liberal Students Youth Association - LSYA Magway Region Human Rights Network Myanmar Student Christian Movement - Magway Mandalay Regional Youth Association - MRYA

  • ဗကသများအဖွဲ့ချုပ် နှစ် ၉၀ ပြည့် အထိမ်းအမှတ်အဖြစ် မျိုးဆက်ဟောင်းရဲဘော် ကိုမျိုးထက်လှသော်၏ အမှတ်တရစကားပြောကြားချက် ___ မေလ ၈ ရက်နေ့မှာ ဗကသများအဖွဲ့ချုပ်ဟာ နှစ် ၉၀ တင်းတင်း ပြည့်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ် ၉၀ ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်ရဲ့ မျိုးဆက်ဟောင်းရဲဘော်တွေ၊ မဟာမိတ်အင်အားစုတွေရဲ့ အမှတ်တရစကားတွေကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ နောက်ရက်တွေမှာလည်း အခြားသောရဲဘော်တွေရဲ့ အမှတ်တရစကားတွေကို တင်ဆက်ပေးသွားဦးမှာ ဖြစ်ပါတယ်။ #ABFSU #abfsu90thanniversary