Oway - အိုးဝေ
СтатистикаOway Magazine has played an indispensable role in the history of student movement and the national independence struggle. During the Spring Revolution, Oway is published fortnightly by ABFSU & UYSU.
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 14
- Всего постов
- 37
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 18
- 1/48двое суток
- 20
- 1/72трое суток
- 22
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ရေဘေး၊ ဖက်ဆစ်ဗုံးဒဏ်နဲ့ ဖြတ်လေးဖြတ်ကြားက အညာလူထု #abfsu #oway #floodinSagaing #helpwithfloodrelief #againstmilitartdictatorship #whatshappeninginmyanmar
без подписи
အိုးဝေစာစောင်ကို အင်တာဗျူးဖြေဆိုလို့ ဆိုကာ မိသားစုဝင် ၁ဦး ဖမ်းဆီးခံရ ဩဂုတ် ၁၂၊ အိုးဝေ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ရွာဘရွာမှာ ဇနီးဖြစ်သူက အိုးဝေစာစောင်ကို အင်တာဗျူးဖြေဆိုလို့ဆိုကာ အမျိုးသားဖြစ်သူ ဖမ်းဆီးခံခဲ့ရပါတယ်။ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ရိုးအထက် မြစ်အနောက်ဘက်ကမ်းဒေသမှာ ပသုံးလုံးတွေက စစ်ကော်မရှင်ကျောင်းတက်နေတဲ့ ကျောင်းသားတွေရဲ့ မိဘတွေအနေနဲ့ ဒဏ်ကြေးငွေတပ် ပြန်ခေါ်ခိုင်းတာနဲ့ ပတ်သတ်လို့ အိုးဝေစာစောင်က အင်ဗျူးခဲ့တာပါ။ အဆိုပါသတင်းကို အိုးဝေစာစောင်က ဇူလိုင်လ ၂၈ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဇူလိုင်လ ၃၁ရက်နေ့ နေ့လယ် ၁၁နာရီခွဲခန့်မှာ အင်တာဗျူးဖြေဆိုသူရဲ့ အမျိုးသားကို ပသုံးလုံးက နေအိမ်အထိ လာရောက် ဖမ်းဆီးခဲ့ပြီး မင်းကင်းမြို့နယ် ပကဖ အချုပ်ထောင်မှာ ဒီကနေ့အထိ ထိန်းသိမ်းထားတယ်လို့ ကနဦး သိရပါတယ်။ ဒါ့အပြင် အင်တာဗျူးဖြေဆိုသူ အမျိုးသမီးကို ရွာဘရွာအပါအဝင် ဘေးပတ်ဝန်းကျင် ကျေးရွာတွေမှာပါ အင်တာနက် ပေးမသုံးဖို့ ပသုံးလုံးက ပြောဆိုခဲ့ကြောင်း ဖြစ်စဉ်သိရှိသူတဦးက အိုးဝေကို ပြောပါတယ်။ လက်ရှိမှာ အင်တာဗျူးဖြေဆိုသူအမျိုးသမီးဟာ ကျေးရွာထဲမှာ မနေရဘဲ ဘေးလွတ်ရာမှာ ရှောင်တိမ်းနေထိုင်နေရတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဖမ်းခံရစဉ်နေ့မှာ အဆိုပါအမျိုးသားက ဖခင်ကို ဆေးကုသမှုခံယူရန် ပို့ဆောင်နေစဉ်ဖြစ်တာမို့ ဖမ်းခံလိုက်ရတဲ့အခါမှာ လိုက်မပို့နိုင်ခဲ့ပါဘူး။ နောက်ရက်တွေမှာတော့ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်လို့ NUG ပညာရေးဝန်ကြီး မဂျာထွယ်ပန်ကို အိုးဝေက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြစ်စဉ်ကို သိရှိရခြင်း မရှိသေးကြောင်း ပြန်လည်ဖြေဆိုခဲ့ပါတယ်။ #abfsu #oway #uysu
без подписи
ဒါပေမဲ့ သြဂုတ်လ ၁ ရက်နေ့ လှိုင်သာယာမြို့နယ်အတွင်းက အထည်ချုပ်စက်ရုံတခုမှာ အလုပ်သမားတွေကို ပုံမှန်အလုပ်အချိန်ထက် ကျော်လွန်ပြီး မနက်၄နာရီထိ အလုပ်ဆင်းခိုင်းခဲ့တာ ရှိပါတယ်။ ဒီအလုပ်သမားတွေက မနက်၈နာရီမှာ အလုပ်ပြန်ဝင်ရဦးမှာပါ။ အချိန်အားဖြင့် ၄နာရီသာ ခြားပြီး အလုပ်ပြန်ဝင်ရတဲ့အတွက် အလုပ်သမားတွေအနေနဲ့ အသွားအပြန်အတွက်နဲ့တင် ကြားမှာအချိန်ကုန်ပြီး အိပ်ချိန်ရယ်လို့တောင် မရှိတော့တဲ့ အခြေအနေမျိုးကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေက အလုပ်သမားထုကြားမှာ အကြီးအကျယ်ရိုက်ခတ်နေပါတယ်။ ဒါမျိုးက သာမန်လူတယောက်အနေနဲ့ တွေးကြည့်ရင်တောင် မဖြစ်သင့်တဲ့ကိစ္စပါ။ အကယ်၍ အလုပ်သမားဘက်က အချိန်ပိုမဆင်းနိုင်ဘူးလို့ ငြင်းဆိုလာရင်လည်း အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်အကျပ်ကိုင်ခံရတာတွေ ရှိနေပါတယ်။ ဒီလို ခြိမ်းခြောက်မှုတွေအပြင် အချိန်ပိုမဆင်းနိုင်တာကြောင့် ရက်မှန်ကြေးမပေးတာကလည်း ရှိပါသေးတယ်။ ရက်မှန်ကြေးဆိုတာက အလုပ်သမားတွေ ၁ လလုံး အလုပ်မပျက်မကွက်ဘဲ ဆင်းမှရတဲ့ အခကြေးငွေဖြစ်ပါတယ်။ တချို့အလုပ်သမားတွေဆိုရင် ဖျားနာနေတဲ့ကြားကပဲ ရက်မှန်ကြေးမရမှာကို စိုးရိမ်တာကြောင့် အတင်းအားခဲလာခဲ့ရတဲ့ ရက်တွေလည်း ရှိပါတယ်။ အလုပ်သမားတွေအနေနဲ့ ဖျားနာတဲ့ကြားက ရက်မှန်ကြေးရဖို့ မပျက်ကွက်ဘဲ အလုပ်ဆင်းနေပါလျက် အချိန်ပိုမဆင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရက်မှန်ကြေးဖြတ်တောက်ကာ အလုပ်သမားထုအ ပေါ် မတရားဖိနှိပ်နေပါတယ်။ အခုလို အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်းက မတရားဖိနှိပ်မှုတွေအပြင် မြင့်မားတဲ့ ကုန်စျေးနှုန်းဒဏ်ကိုလည်း ခံစားနေရချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံသားတွေအနေနဲ့ အလုပ်ပိုလုပ်သင့်တယ်လို့ ပြောဆိုခဲ့တာက အင်မတန် အော်ဂလီဆန်ဖွယ်ကောင်းတာပါပဲ။ ဒီလို အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကို အလုပ်သမားထုအနေနဲ့ အာဏာသိမ်းစစ်အုပ်စုလက်အောက်က အလုပ်သမားဝန်ကြီးဌာနတွေဆီ တိုင်ကြားပေမဲ့လည်း ကျူးလွန်သူတွေက ဆက်လုပ်နေဆဲပါပဲ။ ဒါတွေက အလုပ်သမားဥပဒေဆိုတာကို အလုပ်ရှင်အနေနဲ့ ဂရုမစိုက်ဘဲ လုပ်လို့ရနေတာကို ပြသနေတာပါ။ ဥပဒေဆိုတာက လုပ်ငန်းရှင်ကြီးတွေအတွက်ပဲလားလို့ မေးခွန်းထုတ်စရာ ရှိလာပါပြီ။ အကျဥ်းချုပ်ရရင် ဗမာပြည်အလုပ်သမားထုက အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးတန်ဖိုးကျဆင်းမှု၊ ကုန်စျေးနှုန်း အဆမတန်တိုးပွားမှုနဲ့ လုပ်ငန်းရှင်သူဌေးကြီးတွေရဲ့ မတရားဖိနှိပ်မှုတွေကြားက အသက်ရှင်သန်ရုံမျှ နေ့စားလခပမာဏနဲ့ ရုန်းကန်လျက်ရှိပါတယ်။ ဒီလိုအခြေအနေတွေ အကုန်လုံးကို ဖန်တီးနေတဲ့ အဓိက တရားခံကလည်း စစ်အာဏာရှင်စနစ်ပဲ ဖြစ်တယ်လို့ မှတ်ယူရမှာပါ။ ကျနော်တို့ တိုင်းပြည် စစ်အာဏာရှင်စနှစ်အောက်က လွတ်မြောက်မှပဲ အလုပ်သမားထုလည်း လွတ်လပ်တော့မှာ ဖြစ်ပါတယ်။ ◼️ သော်က
ငွေကြေးဖောင်းပွမှုကြားက ဗမာပြည်အလုပ်သမားထု ◼️ သော်က | ဆောင်းပါး | အိုးဝေ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗမာပြည်ရဲ့ ကျပ်ငွေတန်ဖိုးဟာ တဖြည်းဖြည်းကျဆင်းလာခဲ့တာ အခုဆို အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ငွေကြေးတန်ဖိုးအနှိမ့်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကိုတောင် ပိုင်ဆိုင်ခဲ့ပါပြီ။ ငွေကြေးတန်ဖိုးကျဆင်းလာတာနဲ့အမျှ အခြေခံလူသုံးကုန်ပစ္စည်းတွေရဲ့ စျေးနှုန်းကလည်း တရှိန်ထိုး တက်လာပါတယ်။ ဒါပေမဲ့ ဒီလို ငွေကြေးတန်ဖိုးကျဆင်းမှုရဲ့ အကျိုးဆက်က လူချမ်းသာအသိုင်းအဝိုင်းကိုတော့ အနည်းငယ်တောင် ထိခိုက်တာမရှိပါဘူး။ ငွေကြေးတန်ဖိုးကျဆင်းမှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားရတာကတော့ အခြေခံလူတန်စားတွေပဲ ဖြစ်ပါတယ်။ တနေ့လုပ်မှတနေ့စား လက်လုပ်လက်စား အခြေခံလူတန်းစားတွေအတွက် ကြက်ဥတလုံး ၆၀၀ ကျပ်၊ မားမားခေါက်ဆွဲခြောက်တထုပ် ၈၀၀ကျပ်၊ ဆန်တပြည် ၈၀၀၀ ကျပ်၊ ဆီတပိသာ ၁၂၀၀၀ ကျပ် ဆိုတာက သိပ်ကို များပြားတဲ့စျေးနှုန်းတွေ ပါ။ ဒီကုန်ပစ္စည်းတွေဆိုတာက သာမန်လူတယောက်အတွ က် အခြေခံလိုအပ်ချက်တွေသာ ဖြစ်ပါတယ်။ အကယ်၍ သားသမီးရှိတဲ့ မိသားစုတစုမှာဆိုရင် ကလေးရဲ့ ကျောင်းစရိတ်၊ ကျန်းမာရေးစရိတ် စသဖြင့် အသီးသီးကုန်ကျစရိတ်တွေ၊ မြင့်မားလှတဲ့ ကုန်စျေးနှုန်းတွေက အခြေခံမိသားစုတွေအပေါ်ပြင်းထန်စွာထိုးနက်လျက်ရှိပါတယ်။ အခုလို တဟုန်ထိုးတိုးတက်လာတဲ့ ကုန်စျေးနှုန်းတွေကြားမှာ ဗမာပြည် အခြေခံလူတန်းစားတွေရဲ့ တနေ့လုပ်အားခ ၇၈၀၀ ကျပ်ဆိုတာက သိပ်ကို စိတ်မကောင်းစရာ လုပ်အားခအခြေအနေပဲ ဖြစ်ပါတယ်။ ကုန်စျေးနှုန်းအဆမတန်တိုးပွားလာတာကြောင့် အလုပ်သမားထုအနေနဲ့ တရက်လုပ်အားခ (နေ့စားခ) တိုးတောင်းခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်ရှင်ဘက်က မတိုးပေးတာကြောင့် ဆန္ဒပြမှုတွေ၊ သပိတ်တွေ တခုပြီးတခု ပေါက်ကွဲထွက်လာခဲ့တာကို မြင်တွေ့ရပါတယ်။ ဒါတွေကလည်း အလုပ်သမားထုအနေနဲ့ အသက်ရှင်သန်းရေးအတွက်တောင် မလုံလောက်တဲ့ နေ့စားခနှုန်းထားနဲ့ ဆက်လက်လုပ်ကိုင်ဖို့ အဆင်မပြေတာကြောင့်ပဲ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၊စက်မှုဇုန် (၄) ဝတ်မစွတ်ဝန်ထောက်လမ်းမှာရှိတဲ့ Super Moon Garment Manufacturing Co.,Ltd အထည်ချုပ်စက်ရုံမှာ ဇူလိုင်လ ၈ ရက်နေ့က လုပ်ခလစာနှင့် ခွင့်ခံစားခွင့်တိုးမြင့်ပေးရေးနဲ့ ပက်သက်ပြီး အလုပ်သမား ၁၇၇ ဦးက တောင်းဆိုရှိခဲ့ကြပါတယ်။ အဆိုပါစက်ရုံက အလုပ်သမား ၂၀၀ ကျော်နဲ့ CMP (cutting၊ making၊ packing) စနစ်နဲ့ လုပ်ကိုင်နေပြီး အီတလီဘရန်းတွေအပြင် ဂျပန်နိုင်ငံရဲ့ ထင်ရှားတဲ့ SUIRAN Brand နဲ့ MAKKU Brand တို့ကို အဓိကထား ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ အလုပ်သမားတွေဘက်က တောင်းဆိုချက် ၉ ချက်ရှိခဲ့ပြီး အဓိကတောင်းဆိုချက်တွေကတော့ - မြင့်မားလာတဲ့ ကုန်စျေးနှုန်းတွေကို ကုစားဖို့ အခြေခံလစာနဲ့ ကျွမ်းကျင်ကြေးတွေ တိုးပေးရန်၊ ရက်မှန်ကြေးနဲ့ အချိန်ပိုနှုန်းထားတွေကို ခေတ်ကာလနဲ့အညီ မျှတစွာတိုးမြင့်ပေးရန်၊ အလုပ်သမားဥပဒေပါခွင့်ရက်တွေကို လွတ်လပ်စွာခံစားခွင့်ပေးရန်၊ ခွင့်ယူပါက မတရားဖြတ်တောက်ခြင်း မရှိစေရန်၊ လုပ်ငန်းခွင်အတွင်း လုပ်ငန်းခွင်စံချိန်အသစ်များ တင်းကျပ်လွန်းခြင်းကို လျော့ချရန်၊ လုပ်ပိုင်ခွင့် အလွန်အကျွံသုံးခြင်းနဲ့ အလုပ်ထုတ်ရန် ခြိမ်းခြောက်ခြင်းမပြုလုပ်ရန် စသည်တို့ကို အဓိကထားတောင်းဆိုခဲ့ကြပါတယ်။ အလုပ်သမားတွေအနေနဲ့ ယခင်ဒေးကြေး ၁၀၀၀၀ မှ ၁၃၀၀၀ ထိ တိုးမြင့်ပေးရန်၊ အချိန်ပိုကြေး ၂၅၀၀ သာ တိုးပေးဖို့ တောငိးဆိုခဲ့တဲ့အပေါ် အလုပ်ရှင်တွေဘက်က ဒေးကြေး ၁၁၀၀၀၊ အချိန်ပိုကြေး ၂၂၀၀ မျှသာတိုးပေးနိုင်သည်ဟု ညှိနှိုင်းခဲ့ပြီး ဒီပမာဏက အလုပ်သမားတွေ တောင်းဆိုတဲ့ပမာဏနဲ့ ကွာဟချက်ရှိနေတာကြောင့် အပြည့်အဝပြေလည်မှု မရခဲ့ပါဘူး။ ဒီအခြေအနေကိုကြည့်ခြင်းဖြင့် အလုပ်ရှင်တွေက လုပ်သားထုအပေါ် ဘယ်ပုံဘယ်နည်းနဲ့ ဂုတ်သွေးစုပ်ရမလဲဆိုတာကိုသာ ချောင်းနေတဲ့ တစ္ဆေတကောင်လို ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် အလုပ်ခွင်အတွင်းမှာ မတရားသဖြင့် စည်းကမ်းတွေထုတ်ပြီး အလုပ်သမားထုအပေါ်ဖိနှိပ်တာတွေလည်း ရှိပါသေးတယ်။ ဥပမာဆိုရရင် အတင်းအဓမ္မ အချိန်ပိုဆင်းခိုင်းတာမျိုးတွေပါပဲ။ အလုပ်သမားတယောက်ရဲ့ တနေ့အလုပ်ချိန်က ၈နာရီသာ ရှိပါတယ်။ အဲဒီ့ထက်ပိုတဲ့အချိန်တွေအတွက်ဆိုရင် အလုပ်ရှင်အနေနဲ့ အချိန်ပိုကြေးပေးရမှာပါ။ ဒါပေမဲ့ အလုပ်ချိန် ၈ နာရီကုန်ရင် ကျန်တဲ့အချိန်က အလုပ်သမားရဲ့ မိမိကိုယ်ပိုင်အချိန် ဖြစ်ပါတယ်။ အလုပ်လုပ်လိုခြင်း၊ မလုပ်လိုခြင်းကို အလုပ်ရှင်အနေနဲ့ ကန့်သတ်ခွင့် မရှိပါဘူး။ ဒါက အလုပ်သမားရဲ့ ဆုံးဖြတ်ပိုင်ခွင့်သာ ဖြစ်ပါတယ်။
без подписи
၈၈ အရေးတော်ပုံကို ခြုံငုံသုံးသပ်ချက် ⬛ ရဲဘော်ကြင်မောင် ဩဂုတ်၊ ၂၀၁၂ (၁) ၁၉၈၈ ခုနှစ်က စခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံကို ခြုံငုံသုံးသပ်လို့ ရပါပြီ။ ‘အပြောင်းအလဲ’တွေရဲ့ မြင်ကွင်းရှင်းသွားလို့ ဒီသုံးသပ်ချက်ကို ရေးပါတယ်။ ဗကပရဲ့ သုံးသပ်ချက်ပါ။ ဗကပ က ၁၉၉ဝ ကတည်းက နောက်ဆုံး ကတုတ်ထိ ဆုတ်ပြီးသားဖြစ်လို့ ‘အပြောင်းအလဲ’ လုပ်ရတဲ့အထဲ မပါပါဘူး။ ဘေးတိုက်မြင်ကွင်းကနေ သုံးသပ်တာပါ။ (၂) ၁၃ဝဝ ပြည့်အရေးတော်ပုံက စလိုက်တဲ့လှုပ်ရှားမှုကြီးဟာ ‘၉’ နှစ်နေတော့ ရည်မှန်းချက်ပန်းတိုင် အောင်မြင်တယ်။ ၁၃၅ဝ အရေးတော်ပုံကတော့ မကြာမီ ‘၂၅’ ပြည့်တော့မှာပါ။ အောင်မြင်မှုပန်းတိုင်သို့ မရောက်ပါ။ ဝဲလည်နေပါတယ်။ ဘာကြောင့်လဲ။ ဒါကိုပဲ အဓိကထား သုံးသပ်မှာပါ။ (၃) ပကတိဘာဝအကြောင်းမှာ နိုင်ငံတကာအခြေအနေ ပြောင်းလဲမှုဖြစ်တယ်။ မိမိတို့ ပြဋ္ဌာန်းတာပါ။ ၁၉၈၈ မှ ၂၀၀၈ အထိ နှစ် (၂ဝ) အခြေအနေက မိမိတို့ဘက်ကို အခွင့်သာစေပါတယ်။ တရုတ်ကလွဲရင် ကျန်အင်အားကြီးနိုင်ငံတွေရဲ့ ထောက်ခံမှု၊ ကူညီမှုကို ရပါတယ်။ နောက်ပိုင်းမှာတော့ အိန္ဒိယက ပေါ်လစီပြောင်းပါတယ်။ ၂၀၀၈ ကျတော့ အမေရိကန်၊ အင်္ဂလိပ်၊ ဂျပန်စတာတွေကပါ ပေါ်လစီပြောင်း ကုန်ပါတယ်။ မျက်မှောက်ဖြစ်နေတဲ့ မိမိတို့ပြည်တွင်းက အပြောင်းအလဲတွေဟာ အဲဒီနိုင်ငံတကာ အပြောင်းအလဲကြောင့် ဖြစ်တာပါ။ မိမိတို့ဟာ နိုင်ငံတကာ အပြောင်းအလဲနဲ့အညီ ထိန်းညှိရပါမယ်။ (၄) အတ္တဘာဝအပြောင်းအလဲကတော့ မိမိတို့နဲ့ပဲ ဆိုင်ပါတယ်။ မိမိတို့ ဘာလုပ်သလဲ၊ မိမိတို့ရဲ့ဆန္ဒက ဘာလဲ၊ လမ်းစဉ်ပေါ်လစီ ဘယ်လိုချမှတ်သလဲ စတာတွေမှာ အားသာချက်အားနည်းချက်ကို ရှာရပါမယ်။ ဗကပ ရှာလို့တွေ့တဲ့ အားနည်းချက်က ချုပ်ပြီးပြောရရင် အမျိုးသားညီညွတ်ရေး မတည်ဆောက်နိုင်တာပဲ။ ဒီလိုဖြစ်တာကလည်း ဘုံလုပ်ငန်းစဉ် မရှိလို့ပဲ။ (လွတ်လပ်ရေးတိုက်ပွဲကာလတုန်းက အမျိုးသား ညီညွတ်ရေးရှိတယ်။ ဘုံလုပ်ငန်းစဉ် ရှိတယ်။) အမျိုးသားညီညွတ်ရေးမရှိတော့ အခါအခွင့်ကောင်းတချို့ လက်လွှတ်ခဲ့ရတယ်။ (၁၉၈၈) မှာ တကြိမ်၊ (၁၉၉ဝ) မှာတကြိမ် လက်လွတ်ခဲ့တယ်။ နောက်တော့ အခါအခွင့်ကောင်း မပေါ်တော့ပါ။ စွန့်လွှတ်စွန့်စားမှုမှာ အခုစွန့်လွှတ်စွန့်စားရမှုက အများကြီး မြင့်ပါတယ်။ ကြာလည်း ကြာပါတယ်။ ဒါပေမဲ့ ရလဒ်ကောင်း မရဘူး။ ဘာကြောင့်လဲ။ မိမိတို့ မညီညွတ်ကြလို့ပါ။ တခုတည်းသော ဗဟိုမရှိလို့ပါ။ ဒီလိုဖြစ်ရတာမှာလည်း အကြောင်းရှိတယ်။ ဟိုတုန်းက အားလုံးက လုပ်ဖော်ကိုင်ဖက်ဟောင်းတွေချည်းပဲ။ သဘောထားကွဲလွဲရင်လည်း ကြိတ်ချေ လို့ရကြတယ်။ အခုတော့ သဘောထားကွဲလွဲရင် လူလည်း ကွဲတာပဲ။ စင်ပြိုင် လုပ်တာပဲ။ ကြာတော့ အဖွဲ့တွေ၊ အစုတွေ အများကြီးဖြစ်လာတယ်။ (၅) ခြုံငုံသုံးသပ်တာရဲ့ ရည်ရွယ်ချက်က – အခြေအနေသစ်မှာ မိမိတို့ ဘာလုပ်ကြမလဲဆိုတာကို ဆုံးဖြတ်ဖို့ပါ။ ဇာတ်ဝင်ခန်းတခန်း ပြီးသွားတာဟာ ပွဲတခုလုံးပြီးသွားတာ မဟုတ်ပါ။ ရှေ့မှာ ဗကပ က ‘ကြံဆချက်’များ တင်ပြသွားပါမယ်။ အရေးတော်ပုံ မအောင်မြင်မချင်း ဗကပကတော့ ကြံဆနေမှာပါ။ ⬛ ရဲဘော်ကြင်မောင် (ပြည်သူ့အာဏာ မှ ပြန်လည်ကူးယူဖော်ပြသည်။) { ၈၈၈၈ အရေးတော်ပုံကြီး ၃၈နှစ်ပြည့်အထိမ်းအမှတ်အတွက် ဆောင်းပါးဟောင်းများကို ပြန်လည်တင်ပြချက်ဖြစ်ပါတယ်။} #Oway #ABFSU #UYSU #8888Anniversary #ရှစ်လေးလုံးအရေးတော်ပုံ #ဗကပ #ရဲဘော်ကြင်မောင်
без подписи
၈၈၈၈ လူထုအရေးတော်ပုံကြီး ၃၈ နှစ်ပြည့်ပြီ _______________________________ ဗိုလ်နေဝင်း မဆလ စစ်အစိုးရရဲ့ အာဏာပုလ္လင်ကို ကိုင်လှုပ်ခါယမ်းပစ်ခဲ့တဲ့ ၈၈၈၈ လူထုအရေးတော်ပုံကြီးဟာ ဒီနေ့ဆိုရင် ၃၈ နှစ်ပြည့်ခဲ့ပါပြီ။ ၈၈၈၈ လူထုအရေးတော်ပုံကြီးဟာ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကို အင်နဲ့အားနဲ့ မြင်ခဲ့ရသလို ဗိုလ်နေဝင်း စစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုကိုလည်း မျက်ဝါးထင်ထင်မြင်ခဲ့ရတဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်ပါတယ်။ ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုက အစပြုပြီး ယနေ့ထိတိုင် စစ်အာဏာရှင်အဆက်ဆက်ကို ဆန့်ကျင်တော်လှန်လာခဲ့ကြတဲ့ ပြည်သူလူထုရဲ့ စုစည်းမှုအင်အားဟာ ဖိနှိပ်သူ လူတန်းစား အဆက်ဆက်ကို တုန်လှုပ်စေခဲ့ကြောင်း ၈၈၈၈ လို လူထုလှုပ်ရှားမှုတွေက သက်သေပြနေပါတယ်။ ဒီနေ့အထိလည်း ပြည်သူလူထုဟာ ဗိုလ်မင်းအောင်လှိုင် စစ်အစိုးရကို တခဲနက်ဆန့်ကျင်တော်လှန်နေကြဆဲပါ။ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ဆက်လက်ကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲကို ဆက်လက်ဆင်နွှဲနေကြဆဲပါ။ ဒီနေ့ တော်လှန်ရေးဟာ နှစ် ၇၀ ကျော် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သမိုင်းရဲ့ တိုက်ပွဲအရှိန်မြင့်နေတဲ့ကာလ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုလို တော်လှန်ရေး ဒီရေမြင့်ကာလမှာ စစ်အုပ်စု၊ စစ်အစိုးရနဲ့ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ စစ် ၃ စစ် ဖျက်သိမ်းရေးကို ဦးတည်ပြီး ၈၈၈၈ အရေးတော်ပုံရဲ့ မပြီးပြတ်သေးတဲ့ တိုက်ပွဲကို ဆက်လက် တိုက်ပွဲဝင်ကြဖို့ အိုးဝေမှ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ အိုးဝေအယ်ဒီတာအဖွဲ့ #Oway #ABFSU #UYSU #8888Anniversary #ရှစ်လေးလုံးအရေးတော်ပုံ
без подписи
без подписи