tgindex
ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF

ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF

Статистика

ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF ၏ ပြည်သူလူထုအတွက်ဆောင်ရွက်နေမှုများကို ပြည်သူလူထုထံသို့ တင်ပြသွားမှာဖြစ်ပါတယ်။

Последний пост
27 июл.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
21
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
549
−2 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
159
21 постов
Вовлечённость
29,0%
к подписчикам
Постов в день
0,0
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
102
1/48двое суток
116
1/72трое суток
126

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • တပ်ပေါင်းစုရေးဘယ်ဆီလဲ?

  • без подписи

  • без подписи

  • ကျေလည်ပြီးသား သဘောတူညီချက်တွေကနေတဆင့်ပဲ တပ်ပေါင်းစုရဲ့ လုပ်ငန်းစဉ်ဟာ ထွက်ပေါ်လာရမှာဖြစ်ပါတယ်။ တပ်ပေါင်းစုက ကိုင်စွဲမယ့် စံတန်ဖိုးတွေနဲ့ လုပ်ဟန်တွေကို လက်တွေ့အကောင်အထည်ဖော်မယ့် တပ်ပေါင်းစုအဖွဲ့ဝင်ရဲဘော် တယောက်ချင်းစီတိုင်းကို စည်းရုံးပို့ချသွားရမှာဖြစ်ပြီး တပ်ပေါင်းစုတစုံလုံးအနေနဲ့ ဒီသဘောတရားကို လက်တွေ့ကျင့်သုံး စေရမှာဖြစ်ပါတယ်။ သို့သော် ဒီလိုလက်တွေ့ကျင့်သုံးမှုဟာ တပ်ပေါင်းစုမှာ ပါဝင်တဲ့ အဖွဲ့အစည်း တွေအကြား ဘုံသဘောတူညီထားတဲ့ အတိုင်းအတာအထိသာ ကျင့်သုံးအကောင်အထည် ဖော်ရမှာဖြစ်ပြီး ဒီထက်ကျော်လွန်တဲ့ သို့မဟုတ် နိမ့်ကျတဲ့ လုပ်ဟန်မျိုးတွေ ကျင့်သုံးလာတာ၊ အကောင်အထည်ဖော်လာတာကို တပ်ပေါင်းစုအဖွဲ့ဝင်တိုင်းက အထူးရှောင်ကြဉ်ရပါမယ်။ ဒီလို အကောင်အထည်ဖော်ရင်းနဲ့ပဲ တပ်ပေါင်းစုက ယုံကြည်လက်ခံတဲ့ အုပ်ချုပ်ရေးစနစ်၊ စီးပွားရေး စနစ်၊ လူမှုရေးစနစ်တွေကို လက်တွေ့ကျင့်သုံးတဲ့ တပ်ပေါင်းစုအခြေခံဒေသ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ တပ်ပေါင်းစုအခြေခံဒေသဟာ တပ်ပေါင်းစုရဲ့ စစ်အင်အားနဲ့ တိုက်ယူထားတဲ့ ဒေသဖြစ်ရမှာဖြစ်ပြီး တပ်ပေါင်းစုရဲ့ အမြင်နဲ့ လုပ်ဟန်တွေကို လက်တွေ့အကောင်အထည်ဖော် ရမယ့်ဒေသဖြစ်လာပါမယ်။ တပ်ပေါင်းစုအခြေခံဒေသရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေး ကဏ္ဍတွေကို စီမံဖို့အတွက် တပ်ပေါင်းစုဝင်အဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေနဲ့ ဒေသခံလူထုက တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ ဒေသအာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းရ မှာဖြစ်ပါတယ်။ ဒီနည်းအားဖြင့် တပ်ပေါင်းစုအခြေခံဒေသဟာ ဒေသတွင်းမှာရှိတဲ့ အခြေခံလူထုကို နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ လွတ်မြောက်အောင် အာမခံပေးနိုင်တဲ့ ဒေသဖြစ်လာ ပါတယ်။ တပ်ပေါင်းစုရဲ့ ဘဏ္ဍာရေးလုပ်ငန်းကို စီမံခန့်ခွဲရာမှာလည်း တပ်ပေါင်းစုမှာပါဝင်တဲ့ အဖွဲ့ အစည်းတွေ အချိုးကျပါဝင်စေပြီး အခြေခံဒေသကရရှိလာတဲ့ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ် တွေကိုလည်း တပ်ပေါင်းစုအတွင်းက အဖွဲ့အစည်းတွေ အချိုးကျ ပြန်လည်ခွဲဝေသုံးစွဲရမှာဖြစ် ပါတယ်။ ဒီနည်းအားဖြင့် တပ်ပေါင်းစုဟာ ပိုမိုကျစ်လျစ် စနစ်ကျတဲ့ အခြေအနေကို ရောက်ရှိ လာမှာဖြစ်ပြီး အကျိုးစီးပွားကြောင့်ဖြစ်တဲ့ ပြဿနာအတော်များများကို ကျော်လွှားနိုင်မှာပဲ ဖြစ်ပါတယ်။ တပ်ပေါင်းစုအတွင်းမှာ သဘောတရားရေးနဲ့ပတ်သက်လို့ တင်သွင်းတာ၊ ဆွေးနွေးတာ၊ ပြင်ဆင်တာတွေဟာ ရေရှည်နဲ့ တစိုက်မတ်မတ် ဆောင်ရွက်သွားရမယ့် အလုပ်ဖြစ်ပြီး လက်တွေ့ လုပ်ငန်းစဥ်တွေနဲ့ ချိန်ထိုးတာ၊ ဝေဖန်ရေးပေးတာ၊ စည်းရုံးတာတွေကို မပျက်မကွက် ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ ဒီကတဆင့် တပ်ပေါင်းစုရဲ့ လုပ်ဟန်တွေဟာ တပ်ပေါင်းစုမှာပါဝင်တဲ့ အဖွဲ့အစည်းတွေအတွက် စံနမူနာယူစရာ လုပ်ဟန်တွေအဖြစ် ပေါ်လွင်လာမှာဖြစ်ပြီး တပ်ပေါင်းစုက တဆင့် မိခင်အဖွဲ့အစည်းတွေကိုပါ ‌လုပ်ဟန်ကောင်းတွေ ကူးစက်လာအောင် အဖွဲ့အစည်း အချင်းချင်း စည်းရုံးဝေဖန်ကြရမှာဖြစ်ပါတယ်။ ဒီလိုလိုက်နာကျင့်သုံးခြင်းအားဖြင့် ရေရှည်မှာ တပ်ပေါင်းစုဝင် အဖွဲ့အစည်းတွေဟာ လုပ်ဟန်အရသော်လည်းကောင်း၊ အတွေးအခေါ်အရသော် လည်းကောင်း တူညီလာကြမှာဖြစ်ပြီး တပ်ပေါင်းစုကတဆင့် ဒီလို အတွေးတူတဲ့ အဖွဲ့အစည်း အဝန်းအဝိုင်းကို ကျစ်လျစ်ခိုင်မာအောင် တည်ဆောက်သွားဖို့ ပြည်သူ့တော်လှန်ရေးတပ်ဦးက ရည်မှန်းပါတယ်။ -ရဲဘော်မိုးကောင်း -ပြည်သူ့တော်လှန်ရေးတပ်ဦး (ပြည်သူ့တော်လှန်ရေးတပ်ဦး မှ ထုတ်ဝေလျက်ရှိသည့် တပ်ဦးစာစဉ်အမှတ်(၉)တွင် ပါဝင်မည့် ဆောင်ပါးကဏ္ဍမှ ဆောင်းပါးတပုဒ်ဖြစ်ပါတယ်)

  • ငြင်းစရာမရှိတော့ပါဘူး။ ဒီလိုဆိုရင် အဖိနှိပ်ခံလူထုတွေကို လွတ်မြောက် စေမယ့် တကယ်အလုပ်ဖြစ်မယ့် တပ်ပေါင်းစုမျိုးကို ကျွန်တော်တို့ဘယ်ကစကြမလဲ စဉ်းစားရပါ တော့မယ်။ ကျွန်ုပ်တို့ ရည်ရွယ်သော တပ်ပေါင်းစု တပ်ပေါင်းစုလို့ ပြောကြမယ်ဆိုရင် အဖိနှိပ်ခံလူထုလွတ်မြောက်ရေးကို ဘုံလုပ်ငန်းစဉ်အဖြစ် ဦးတည်တဲ့ တပ်ပေါင်းစုမျိုးကို ပြည်သူ့တော်လှန်ရေးတပ်ဦးက ဆိုလိုပါတယ်။ ဒီကစကြမယ်ဆိုရင် ဗမာပြည်လူ့အဖွဲ့အစည်းဟာ လူတန်းစားအလွှာအသီးသီး ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းဖြစ်တယ် ဆိုတာကို ကနဦး ရှုမြင်နိုင်ဖို့လိုပါတယ်။ ဗမာပြည်လူ့အဖွဲ့အစည်းအတွင်းမှာ လူတန်းစားတွေ အသီးသီး ကွဲပြားနေကြပြီး စီးပွားရေးအရ အမြင့်ဆုံးမှာ နေရာယူထားတဲ့ လူတန်းစားက အခြား လူတန်းစားတွေကို ဖိနှိပ်နေတယ်ဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ရပါမယ်။ ဒီလိုဆိုရင် ကျွန်တော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ဖိနှိပ်တဲ့လူတန်းစားနဲ့ အဖိနှိပ်ခံရတဲ့ လူတန်းစားဆိုပြီး ကွဲပြားတည်ရှိနေတာ မြင်ရပါပြီ။ ကျွန်တော်တို့ တပ်ဦးရဲ့ ရည်ရွယ်ချက်က ဒီလို လူတန်းစားတခုက အခြားလူတန်းစားတွေကို ဖိနှိပ်နေတဲ့အခြေအနေ၊ ဒီအခြေအနေအပေါ်ကနေ လူတန်းစားတွေ ကွဲပြားတည်ရှိနေတဲ့ အခြေအနေကို အပြီးတိုင် ဖျက်သိမ်းဖို့ပါ။ ဒါကြောင့် ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာရည်မှန်းချက်ဟာ အဖိနှိပ်ခံလူတန်းစားများ လွတ်မြောက်ရေးဖြစ်လာပါတယ်။ ဒါဆို အဖိနှိပ်ခံနေရတဲ့ လူတန်းစားတွေက ဘယ်လူတန်းစားတွေဖြစ်မလဲ။ အရင်းရှင်စနစ်ရဲ့ လွှမ်းမိုး ခြယ်လှယ်မှုအရ ဗမာပြည်လူ့အဖွဲ့အစည်းမှာ လက်ဝေခံအရင်းရှင်၊ အမျိုးသားဓနရှင်၊ ဓနရှင် ပေါက်စနဲ့ အလုပ်သမား၊ လယ်သမားဆိုပြီး လူတန်းစားတွေ ကွဲပြားတည်ရှိနေပါတယ်။ ဒီလို ကွဲပြား နေတဲ့နေရာမှာလည်း အထက်မှာပြောခဲ့သလို ဗမာပြည် လူ့အဖွဲ့အစည်းရဲ့ ထိပ်ဆုံးအလွှာမှာရှိတဲ့ လက်ဝေခံအရင်းရှင် လူတန်းစားက အခြားလူတန်းစားတွေကို နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ဖိနှိပ်ခြယ်လှယ်ပြီး တည်ရှိနေကြတာဖြစ်ပါတယ်။ ဒီတော့ ဗမာပြည်လူ့အဖွဲ့အစည်းရဲ့ ထိပ်ဆုံးအလွှာမှာရှိနေတဲ့ လက်ဝေခံအရင်းရှင်လူတန်းစားမှာ ဘယ်သူတွေပါနေမလဲ။ လွတ်လပ် ရေးရပြီး အစောပိုင်းကာလတွေမှာ ဦးနုအစိုးရရဲ့ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပေမယ့် သက်တမ်းမရှည်ခဲ့တဲ့အတွက် လက်ဝေခံအရင်းရှင်လူတန်းစားကို ကြာကြာ ကိုယ်စားမပြုနိုင်ခဲ့ပါဘူး။ ၁၉၅၈ နဲ့ ၁၉၆၂ ခုနှစ်တွေမှာ ဗိုလ်နေဝင်းဦးဆောင်တဲ့ တပ်မတော်က နိုင်ငံတော်အာဏာကို ဦးနုအစိုးရထံကသိမ်းယူလိုက်တဲ့အချိန်ကစလို့ စစ်အုပ်စုဟာ ဗမာပြည် လက်ဝေခံအရင်းရှင်လူတန်းစားကို အစဉ်အဆက် ကိုယ်စားပြုလာပါတယ်။ ဒီလိုကိုယ်စားပြုရင်း နဲ့ပဲ စစ်အုပ်စုနဲ့ အပေါင်းအပါ ခရိုနီတွေဟာ ဗမာပြည်လူ့အဖွဲ့အစည်းရဲ့ အပေါ်ဆုံးအလွှာမှာ တစိုက်မတ်မတ်နေရာယူလာခဲ့ပြီး ၎င်းတို့ရရှိထားတဲ့ နိုင်ငံတော်အာဏာနဲ့ စီးပွားဥစ္စာတွေကိုကာ ကွယ်ဖို့ စစ်တပ်၊ရဲတပ်နဲ့ တရားရုံးတွေကို လက်ကိုင်တုတ်အဖြစ် အသုံးချပြီး အခြားလူတန်းစား တွေကို အစဉ်အဆက်ဖိနှိပ်လာပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာဆိုရင် စစ်အုပ်စုရဲ့ သဘောထားကို အထင်အရှား တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် အဖိနှိပ်ခံလူထုလွတ်မြောက်ရေးကို မဟာဗျူဟာရည်မှန်းချက်အနေနဲ့ထားမယ်ဆိုရင် စစ်အုပ်စုနဲ့ ၎င်းတို့တည်ဆောက်ထားတဲ့ယန္တရား (ဝါ) စစ်(၃)စစ်ကို အမြစ်ဖြတ်ချေမှုန်းရေးဟာ ပြည်သူ့တော်လှန်ရေးတပ်ဦးရဲ့ အဓိကလုပ်ငန်းစဉ် ဖြစ်လာ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရည်ရွယ်တဲ့ တပ်ပေါင်းစုဟာ အဖိနှိပ်ခံလူထုလွတ်မြောက် ရေးကိုဦးတည်တဲ့ တပ်ပေါင်းစုမျိုးဖြစ်လာပြီး ဘုံလုပ်ငန်းစဉ်အနေနဲ့တော့ စစ်(၃)စစ်ကို အမြစ်ပြတ် ချေမှုန်းရေးဖြစ်လာပါတယ်။ အထက်မှာပြောခဲ့သလို တပ်ပေါင်းစုမျိုးကို လက်တွေ့တည်ဆောက်ကြမယ်ဆိုရင် တပ်ပေါင်းစုအတွက် လိုအပ်တဲ့ သဘောတရားရေးရာအပိုင်း ပြင်ဆင်ရတာရယ်၊ သဘောတရား ရေးကလာတဲ့ လုပ်ငန်းစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်မယ့် တပ်ပေါင်းစုအခြေခံ ဒေသရယ်ရှိလာပါမယ်။ သဘောတရားရေးရာအပိုင်း ပြင်ဆင်တဲ့နေရာမှာ တပ်ပေါင်းစုကကိုင်တွယ် မယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ စံနှုန်းတွေအတွက် တပ်ပေါင်းစုအတွင်းပါဝင်မယ့် အဖွဲ့အစည်းတွေကြား ဘုံသဘောတူညီချက် ပေါ်ထွက်လာအောင် ဆွေးနွေးရမှာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးကြရမှာ ဘယ်အတွေးအခေါ်ကို အခြေခံတဲ့ စံတန်ဖိုးတွေ ဖြစ်မလဲဆိုတာက ပါဝင်မယ့် အဖွဲ့အစည်းအသီးသီးရဲ့ ရွေးချယ်ခွင့်ဖြစ်ပြီး တပ်ပေါင်းစုထဲမှာ ဒီစံတန်ဖိုးတွေကို ကျေလည်လက်ခံ လာအောင် စည်းရုံးဆွေးနွေးရမှာကတော့ တပ်ပေါင်းစုအလုပ်ဖြစ်ပါတယ်။ ဒီလို သဘောတရား ရေးရာအပိုင်းမှာ အဖွဲ့အစည်းအသီးသီးက မိမိတို့ယုံကြည်တဲ့ စံတန်ဖိုးတွေကို တင်သွင်းဆွေးနွေး ရင်းနဲ့ပဲ အဖွဲ့အစည်းအားလုံး ကျေလည်လက်ခံလာတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဘုံသဘောတူညီချက်တွေ ရရှိလာမှာပါ။ သို့သော် ဒီလိုသဘောတူညီမှုမျိုးကို အဖွဲ့အစည်းအများ စုက သာကျေလည်ပြီး မကျေလည်တဲ့ အဖွဲ့အစည်းတွေရှိခဲ့ရင် တဖက်က အပြန်အလှန် စည်းရုံးကြ ရမှာဖြစ်သလို စည်းရုံးလို့မရတော့တဲ့အဖွဲ့အစည်းတွေကိုလည်း ဆန္ဒအလျောက် တပ်ပေါင်းစုကနေ နှုတ်ထွက်ခွင့်ပေးရမှာဖြစ်ပါတယ်။ ဒီလို တပ်ပေါင်းစုမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ဆွေးနွေး ပြီးသား၊

  • ❝ တပ်ပေါင်းစုရေး ဘယ်ဆီလဲ ❞ ◾ဆောင်းပါးကဏ္ဍ ◾တပ်ဦးစာစဉ် အမှတ်(၉) တပ်ပေါင်းစုဆိုတဲ့ ဝေါဟာရကို လတ်တလောမှာ တွင်တွင်ကျယ်ကျယ် သုံးလာကြတာကို တွေ့ရပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကာလအတွင်းမှာ ပြန့်ကျဲနေတဲ့ တပ်တွေကို မစုစည်းဘဲ ရန်သူ စကမကို ‌အပြီးသတ် ဖြိုချနိုင်လိမ့်မှာမဟုတ်ဘူးဆိုတဲ့ လေးနှစ်တာ အတွေ့အကြုံတွေရဲ့ လမ်းညွှန်ချက်နဲ့အတူ နိုင်ငံရေးအရ တက်ကြွတဲ့ အဖွဲ့အစည်းအတော်များများ တပ်ပေါင်းစုတွေ ပေါ်ပေါက်ဖို့ ကြိုးစားလာကြတာကို မြင်ရပါတယ်။ သို့သော် ဒီတပ်ပေါင်းစုတွေက တကယ်ရော အလုပ်ဖြစ်မလားဆိုတာကို သုံးသပ်ရပါမယ်။ ဒီနေရာမှာ ပထမဆွေးနွေးရမယ့်အချက်က တော်လှန် ရေးအဖွဲ့အစည်းတွေအနေနဲ့ တပ်ပေါင်းစုဆိုတာကို ဘယ်လိုအဓိပ္ပါယ်မျိုးနဲ့ နားလည်ကြသလဲဆိုတာ ဖြစ်ပါလိမ့်မယ်။ တပ်ပေါင်းစုဆိုတာကို အသီးသီး အဓိပ္ပါယ်ဖွင့်ကြရာမှာ စစ်ရေးအင်အားတွေ စုပေါင်းထားတဲ့ စစ်ရေးမဟာမိတ် စုဖွဲ့မှုမျိုးဆိုတဲ့ နားလည်မှုမျိုးနဲ့ တည်ဆောက်ကြတာမျိုး တွေ့ရ သလို နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ယာယီညီညွတ်ရေးသဘောနဲ့ ခဏတာ ပေါင်းစည်းကြတာမျိုး စတဲ့ ပုံသဏ္ဍာန်အမျိုးမျိုးတွေ့ရပါတယ်။ ဒါဆို ကျွန်တော်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ပေါ်လွင် အောင် ဆောင်ရွက်သွားနိုင်မယ့် တပ်ပေါင်းစုမျိုးကို ဘယ်လို အကောင်အထည်ဖော်ကြမလဲ။ ပထမဆုံးအနေနဲ့ လေးနှစ်တာကာလအတွေ့အကြုံမှာ မိမိတို့ကိုယ်တိုင်ရော အခြားအဖွဲ့‌ အစည်းတွေနဲ့ ပူးပေါင်းပြီး အနှစ်သာရအားဖြင့် စစ်ရေးမဟာမိတ်စုဖွဲ့မှုပုံစံနဲ့ တပ်ပေါင်းစုမျိုးကို အကောင်အထည်ဖော်ခဲ့တာမျိုး ရှိပါတယ်။ သို့သော် ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်ခဲ့တဲ့ စစ်ရေးမဟာမိတ် စုဖွဲ့မှုမျိုးဟာ ရန်သူကို စစ်ရေးအရ တိုက်ထုတ်တဲ့နေရာမှာပဲ အကျိုးအမြတ် ရရှိခဲ့ပြီး နိုင်ငံရေးအရ အဖိနှိပ်ခံလူထုရဲ့ လွတ်မြောက်ရေးအခန်းကဏ္ဍမှာ မျှော်မှန်းထားသလောက် တိုးတက်မှုမရှိတာကို မြင်တွေ့ရပါတယ်။ စစ်ရေးအရသာပေါင်းစည်းထားတဲ့ တပ်ပေါင်းစုတွေရဲ့ လုပ်ငန်းစဉ် (ဝါ) ဘုံလုပ်ငန်းစဉ်တွေဟာ စစ်ရေးသက်သက် လုပ်ငန်းစဉ်တွေသာ ဖြစ်နေလေ့ ရှိပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စစ်ရေးအင်အား/တိုက်အားတွေကို အရေအတွက်အရ ပေါင်းစည်းကြတဲ့အခါ ရန်သူရဲ့ဘယ်စစ်ရေးပစ်မှတ်ကို တိုက်ခိုက်ချေမှုန်းမယ်ဆိုတာမျိုး၊ ဘယ်မြို့ /ဘယ်ရွာကို သိမ်းပိုက်မယ်ဆိုတာမျိုး စတဲ့ မိမိတို့ပေါင်းစည်းမှုရဲ့ စစ်ရေးအင်အားနဲ့ ကိုက်ညီတဲ့ ဘုံလုပ်ငန်းစဉ်တွေ ထွက်လာလေ့ရှိပါတယ်။ ဒီလိုပုံစံနဲ့ စစ်ရေးအရစုဖွဲ့မှုမျိုးမှာ စနစ်တကျ ပြင်ဆင် မှုရှိရင်ရှိသလို ရန်သူကို ချေမှုန်းနိုင်တဲ့ မြို့သိမ်း၊ ရွာသိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေမှာ အောင်မြင်မှု ရလေ့ရှိတာလည်း လက်တွေ့ပါပဲ။ လက်နက်ကိုင်တပ်ဖွဲ့တခုတည်းရဲ့ အင်အားနဲ့ မတိုက်ခိုက်နိုင်တဲ့ ပစ်မှတ်တွေကို အခြားတပ်ဖွဲ့တွေရဲ့အင်အားနဲ့ စနစ်တကျပူးပေါင်းပြီး တိုက်ခိုက်ချေမှုန်း လာနိုင်တယ်ဆိုတာ ပြင်ဆင်မှုအရ အဆင့်တခုအထိ တိုးတက်လာတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ သို့သော် ယခုလို စစ်ရေးသက်သက် တပ်ပေါင်းစုတွေဟာ ရန်သူစကမကို ချေမှုန်းနိုင်တဲ့အထိ အလုပ်ဖြစ်နိုင်မလားဆိုတာ စဉ်းစားရမယ့်အချက်ပါ။ ဒီနေရာမှာ ရန်သူကို ချေမှုန်းတယ်ဆိုတဲ့ အသုံးအနှုန်းဟာ ရန်သူရဲ့ စစ်အင်အားကို ပျက်စီးအောင် သုတ်သင်ရှင်းလင်းတယ်ဆိုတာမျိုး မရည်ရွယ်ဘဲ ရန်သူ့ရဲ့ အတွေးအခေါ်နဲ့ ရန်သူ့အတွေးအခေါ်ကလာတဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစနစ်တွေကိုပါ ဖျက်သိမ်းတယ်ဆိုတဲ့ အဓိပ္ပါယ်အားဖြင့်သာ နားလည်ရပါမယ်။ ရန်သူကို စစ်အင်အားအရသာ ချေမှုန်းနိုင်ပြီး အတွေးအခေါ်အရ မချေမှုန်းနိုင်တဲ့အခါမှာ စစ်အင်အားအရ အနိုင်ရပြီးတဲ့ အစုအဖွဲ့ဟာ ရန်သူ့အတွေးအခေါ်ကို ဆက်လက်လက်ခံကျင့်သုံးမိတာ၊ ရန်သူ့အတွေး အခေါ်ကလာတဲ့ အုပ်ချုပ်ရေး ယန္တရားတွေ၊ လူမှုရေး၊ စီးပွားရေး အဆောက်အအုံတွေနဲ့ အခြေခံ လူထုကို ဆက်လက်ဖိနှိပ်မိတာ မျိုးတွေ ကြုံတွေ့လာရတတ်ပါတယ်။ ဒီအခါမှာ ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ အစိုးအရအပြောင်းအလဲ တရပ်ထက်မပိုတဲ့ တဝက်တပျက်ရလဒ်မျိုးနဲ့သာ ကျေနပ်ရတဲ့ အနေအထားကို ရောက်ရှိသွားနိုင်ပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးတရပ်ကို ဆင်နွှဲတဲ့အခါမှာ ယခုလို တော်လှန်ရေးတရပ် အဖြစ် အဖိနှိပ်ခံလူထုကို အုံကြွစေခဲ့တဲ့ အုပ်စိုးသူလူတန်းစားရဲ့ ဖိနှိပ်ရေးယန္တရားတွေ၊ ဖောက်ပြန်တဲ့ အတွေးအခေါ်တွေနဲ့ ဒီအတွေးအခေါ်တွေကလာတဲ့ လူမှုရေးစနစ်တွေ စီးပွားရေးစနစ်တွေကို အပြီးတိုင်ဖျက်သိမ်းနိုင်ပါမှ အဖိနှိပ်ခံလူထုကြီးဟာ တကယ်လွတ်မြောက်မှုကို ခံစားရပါလိမ့်မယ်။ ဒါကြောင့် တော်လှန်ရေးကို အောင်ပွဲရသည်အထိ အဆုံးတိုင်ဆင်နွှဲသွားမယ့် အဖွဲ့အစည်းတွေ အနေနဲ့လည်း ဒီရည်မှန်းချက်တွေ အကောင်အထည်ဖော် ပေါက်မြောက်အောင် တစိုက်မတ်မတ် ဆောင်ရွက်သွားရုံကလွဲပြီး တခြားမရှိတော့ပါဘူး။ ဒီလို တော်လှန်ရေးအပေါ်၊ တိုက်ပွဲအပေါ် အတွေးအခေါ်အရ အနည်းငယ်ရှင်းလင်းလာပြီဆိုရင် ရန်သူ့အင်အားကို စစ်ရေးအရချေမှုန်း နိုင်ခြင်းဟာ တော်လှန်ရေးရဲ့အဆုံးသတ် မဟုတ်သေးဘူးဆိုတာကို သိလာမြင်လာကြပါမယ်။ ဒီလို သိလာတာနဲ့အတူ လက်နက်ကိုင်တော်လှန်ရေးအတွင်း စစ်ရေးသက်သက် စုဖွဲ့ကြတဲ့ တပ်ပေါင်းစုစုဖွဲ့မှုတွေဟာလည်း အဖိနှိပ်ခံလူထုလွတ်မြောက်ရေးကို ဆောင်ကြဉ်းနိုင်လိမ့်မှာမဟုတ်ဘူးဆိုတာက

  • တပ်ဦးခေါင်းဆောင်ပိုင်းရဲ့စီမံခန့်ခွဲမှုအလွဲမှားတွေကို စနစ်တကျ တင်ပြဆွေးနွေးတာဟာ အဲဒီခေါင်းဆောင်ပိုင်းကို စည်းရုံးတယ်လို့ သတ်မှတ်ရပါတယ်။ အဲဒီတာဝန်က တပ်ဦးရဲဘော်တိုင်းရဲ့ တာဝန်ပဲ။ ခေါင်းဆောင်ပိုင်းက စနစ်တကျဝေဖန်သုံးသပ် တင်ပြဆွေးနွေးတဲ့ စည်းရုံးရေးတာဝန်ကို ထမ်းဆောင်နိုင်ဖို့ဆိုရင် လေ့လာရေးဇောက်ချလုပ်ကြဖို့လိုပါတယ်။ တပ်ဦးဖွဲ့စည်းပုံ၊ နိုင်ငံရေးကြေညာစာတမ်း၊ နည်းဥပဒေ၊ ပေါ်လစီတွေကို တောက်လျောက်လေ့လာနေဖို့လိုပါတယ်။ အနည်းဆုံးတော့ တပ်ဦးစာစဥ်ကိုတော့  မလွတ်တမ်းဖတ်ရှုလေ့လာသင့်ပါတယ်။ ဒါမှာသာ စနစ်တကျ ဝေဖန်ရေးပေးပြီး တပ်ဦးအတွက်ခေါင်းဆောင်ကောင်းတွေပေါ်ပေါက်လာစေမှာပါ။ မဟုတ်ရင်တော့ ရဲဘော်တွေကို အသေးစိတ်ဂရုစိုက်မချဥ်းကပ်တဲ့ ခေါင်းဆောင်ပိုင်းရယ်၊ ခေါင်းဆောင်ပိုင်းကို စနစ်တကျ မဝေဖန်တတ်တဲ့ ရဲဘော်တွေများလာတာမျိုး ရှိနေပါတယ်။ ဒီအခါ ခေါင်းဆောင်ပိုင်းရဲ့ ထိန်းကျောင်းမှုကိုလည်း ရဲဘော်တွေက နားမလည်တော့သလို ရဲဘော်တွေရဲ့ အခြေအနေတွေ၊ အတွေးအခေါ်တွေကို ခေါင်းဆောင်ပိုင်းက မလေ့လာတော့ဘူး။ အရာအားလုံးက ပုဂ္ဂိုလ်ရေးအညှိုးတွေကြောင့် ပြောနေကြတာတို့၊ လက်စားချေနေတာတို့၊ စေတနာမရှိဘူးတို့၊ တည်ဆောက်ရေးဆန္ဒမရှိဘူးတို့ စသဖြင့် အပေါ်ယံအလွှာတွေကိုပဲ မြင်နေတတ်ကြတော့တယ်။ ဒီအခါ အဲဒီအပေါ်ယံအလွှာတွေကိုပဲ ရှင်းလိုက်ကြတော့ ပြဿနာဟာ အမြစ်စွဲပြီး အညွှန့်တက်လာတော့တာပါပဲ။ အဲဒီမှာ အခြေအနေကြီးဟာ ပေါက်ကွဲထွက်လာတော့တာပဲ။ ဒီအရာကို ငြှိမ်းသတ်နိုင်တာကတော့ တပ်စိတ်အစည်းဝေး၊ တပ်စုအစည်းဝေး၊ တပ်ခွဲအစည်းဝေး၊ ဌာနအစည်းဝေး၊ အလုပ်အဖွဲ့ အစည်းဝေး၊ ဗဟိုကော်မတီအစည်းအဝေး၊ ညီလာခံ စတဲ့ ဒီမိုကရေစီနည်းကျ ဆွေးနွေးဝေဖန်ကြရင် လမ်းစဥ်/လုပ်ဟန်ကို ပြုပြင်ရတာပါပဲ။ DC(ဒီမိုကရေးစီဗဟိုဦးစီးချုပ်ကိုင်မှုစနစ်)ဟာ ညီညွတ်ရေးတည်ဆောက်ဖို့နဲ့ ခိုင်မာဖို့အတွက် ပင်မ မဏ္ဍိုင်ကြီးဖြစ်တယ်။ ဒီတော့ ရဲဘော်တွေဟာ ပဋိပက္ခတွေရှိလာတိုင်း အပေါ်ယံသုံးသပ်တာမျိုး၊ စကားတွေမပြောချင်လို့ လျောချလိုက်တာမျိုး၊ အရွဲ့တိုက်လိုက်တာမျိုး၊ လျစ်လျူရှုလိုက်တာမျိုးတွေ မလုပ်ကြဘဲ စိတ်ရှည်ပြီး တိကျခိုင်မာတဲ့ ဆွေးနွေးချက်တွေကို ထုတ်နှုတ်တတ်ကြရမယ်။ ဒီလိုထုတ်နှုတ်တတ်ဖို့ လေ့လာရေးကိုဇောက်ချလုပ်ပြီး တပ်ဦးရဲ့ အတွင်း/အပြင် ပဋိပက္ခတွေကို မျက်ခြေမပြတ် ဆွေးနွေး သုံးသပ်နေကြရမှာပါပဲ။ အချုပ်အားဖြင့်တော့ ဒီဆောင်းပါးဟာ မပြည့်စုံသေးပါဘူး။ လမ်းစဥ်၊ လုပ်ငန်းစဥ်အမှန်တွေကို ဒုတိယအကြိမ်မြောက်ညီလာခံမှာ အားလုံးဆွေးနွေးကြပြီး ဆက်လက်ချီတက်ဖို့ သံပြိုင်ကြွေးကြော်ခဲ့တာပါပဲ။ ရဲဘော်တိုင်းစေ့ တက်ကြွနေကြတာပါပဲ။ ဒါပေမယ့် ကျနော်တို့ရဲ့ လုပ်ငန်းစဥ်တွေဟာ လိုအပ်သလောက် မပေါက်ရောက်ဘူးဖြစ်နေပြီး တပ်တွင်းမှာ ဒီမိုကရေစီဗဟိုဦးစီးစနစ်အရ တည်ငြိမ်တဲ့ လုပ်ငန်းယန္တရားဖြစ်မလာသေးပါဘူး။ ဒါကို ရဲဘော်တိုင်း ဆွေးနွေးသုံးသပ်အဖြေရှာပြီး မျက်ခြေမပျက်ကြဖို့နဲ့ ကိုယ်တွေးမိတာတွေကိုလည်း ထုတ်ဖော်ဆွေးနွေးကြဖို့လဲ နှိုးဆော်လိုက်ရပါတယ်။ -တပ်ဦးကို မျက်ခြေမပြတ်စေနဲ့ -လူထုကိုမျက်ခြေမပြတ်စေနဲ့ -ရန်သူကို မျက်ခြေမပြတ်စေနဲ့ -ရဲဘော်ညိမ်းမောင် -ဂျူလိုင် ၁၉ ၊ ၂၀၂၆ (ပြည်သူ့တော်လှန်ရေးတပ်ဦး မှ ထုတ်ဝေလျက်ရှိသည့် တပ်ဦးစာစဉ်အမှတ်(၉)တွင် ပါဝင်မည့် ဆောင်ပါးကဏ္ဍမှ ဆောင်းပါးတပုဒ်ဖြစ်ပါတယ်)

  • တကယ်တော့ "ပြဌာန်းချက်အတိုင်း လိုက်လုပ်တာဟာ အကောင်းဆုံးပဲ။ အဆိုးမရှိဘူး"လို့ တွေးနေမိပြီဆိုရင် ဒါဟာ ဗျူရိုကရက်အတွေးအခေါ်ပါပဲ။ ကျနော်တို့ဟာ မကောင်းတဲ့ လုပ်ဟန်တွေ၊ ဖောက်ပြန်တဲ့ အတွေးအခေါ်တွေကို ဇွတ်လိုက်လုပ်ခိုင်းတဲ့ စနစ်ကိုပဲ ဗျူရိုကရက်စနစ်ဆိုးလို့ မြင်တတ်ကြပါတယ်။ ဒါပေမယ့် ကောင်းတဲ့ လုပ်ဟန်တွေ၊ ကောင်းတဲ့အတွေးအခေါ်တွေကို နားလည် အောင် စိတ်ရှည်ရှည် ရှင်းမပြတာမျိုး၊ “ရဲဘော်တွေ လိုက်ပါဆောင်ရွက်လို့ အဆိုးမရှိပါဘူး”ဆိုတဲ့ အတွေးမျိုးနဲ့ ဇွတ်လိုက်လုပ်ခိုင်းတာကိုကျ ဗျူရိုကရက်လို့မမြင်ပါဘူး။ တကယ်တော့ ရဲဘော်တွေအနေနဲ့ သိရှိနားလည်မှု၊ ကျေလည်မှုမရှိဘဲ လိုက်နာတာ (ဒါမှမဟုတ်) ရှောင်ကြဥ်တဲ့ စနစ်ဟာ ဗျူရိုကရက်ပဲ။ မကောင်းတဲ့ လုပ်ဟန်ကို ဇွတ်လုပ်ခိုင်းရင် ဗျူရိုကရက်စနစ်၊ ကောင်းတဲ့လုပ်ဟန်ကို ဇွတ်လုပ်ခိုင်းရင်ကျ “ဗျူရိူကရက်အကောင်းစားဗားရှင်းလေး”လို့မြင်နေနိုင်ပါတယ်။ အဲဒီဗျူရိုကရက်အကောင်းစားဗားရှင်းကို လက်ရှိကာလ တပ်ဖွဲ့အတော်များများမှာရော ၊ နိုင်ငံရေးသမားတွေမှာပါ တွေ့ရတတ်တယ်။ စစ်အုပ်စုရဲ့ အမိန့်ပေးဝါဒကို အလွန်မုန်းတီးကြပြီး ကိုယ့်လက်အောက်နေတဲ့ ရဲဘော်တွေကိုကျ အမိန့်ပေးဝါဒသုံးတာတွေ့ရတယ်။ ဗျူရိုကရက်ဆန်တာကို မကြိုက်ပေမယ့် ကိုယ့်အောက်နေမယ့် ဗျူရိုကရက်ကိုတော့ အရမ်းကြိုက်တယ်ဆိုတာမျိုးပေါ့။ ကျနော်တို့ဟာ ဒီအတွေးခေါ်ကို ရိုက်ချိုးပစ်ရမယ်။ ဗျူရိုကရက်ဝါဒကို မိုးမြေအကုန်ဆန့်ကျင်သွားကြရမယ်။ ကျနော်တို့ဟာ ရဲဘော်တယောက်ချင်းစီရဲ့ လူတန်းစားလက္ခဏာ၊ ဖြတ်သန်းမှု၊ သူယုံကြည်နေတဲ့ တရားတွေကို အလုံးစုံသိရှိအောင် လေးလေးနက်နက် လေ့လာထားရမယ်။ ဒါမှ ရဲဘော်တွေနဲ့ တသားတည်းရှိတယ်လို့ခေါ်ဆိုတာပါ။ နေ့စဥ်လုပ်ငန်းတွေ တန်းတူလိုက်လုပ်နေတာဟာ ကိုယ့်တာဝန်ကို ထမ်းဆောင်ကြခြင်းမျှသာ ဖြစ်ပြီး တကယ်ရဲဘော်တွေနဲ့ တသားတည်းရှိနေတယ်ဆိုတာဟာ ရဲဘော်တယောက်ချင်းစီရဲ့ ဖြတ်သန်းမှုအခြေခံအတွေးအခေါ်၊ တုံ့ပြန်ပုံတွေကို သေချာ ခွဲခြမ်းစိတ်ဖြာနိုင်တာပါပဲ။ ဒီနေရာမှာ အတွေးချော်နိုင်တာမျိူး နှစ်ခုရှိပါတယ်။ ပထမတခုက “တယောက်ချင်းစီကို လိုက်ကြည့်ပြီး ဂရုစိုက်ဖို့ခက်မယ်”လို့ တွေးနိုင်ပါတယ်။ တကယ်တော့ စိတ်၊စု၊ခွဲ၊ဌာန၊အလုပ်အဖွဲ့ စသဖြင့် အားလုံးတာဝန်ခွဲဝေပေးပြီးသားပါ။ ကိုယ့်ယူနစ်အလိုက်ကိုယ် စည်းရုံးကြဖို့ပါပဲ။ နောက်တခုထပ်ပြောရရင် ကျနော်တို့က နိုင်ငံရေးကြေညာစာတမ်းအရ “ကေဒါအစုအဖွဲ့”တည်ဆောက်ရေးဖြစ်တဲ့အတွက် ဒီအလုပ်ကို မလုပ်လို့လည်း မရပါဘူး။ နောက်တချက်အမြင်လွဲနိုင်တာကတော့ “တယောက်ချင်းစီရဲ့ ဖြတ်သန်းမှုတွေကို လိုက်ကြည့်ပြီး တပ်ဦးစည်းကမ်းတွေကို ဖြေလျော့တာ၊ ပိုမိုတင်းကျပ်တာတွေ ခွဲခြားပြီးလုပ်ပေးရမှာလား” လို့ တွေးနိုင်ပါတယ်။ အဲဒီလိုမဟုတ်ပါဘူး။ တကယ်ကတော့ အဲဒီအတွေးနဲ့ ဆန့်ကျင်စွာပဲ တပ်ဦးရဲ့ လုပ်ဟန်တွေ၊ စည်းမျဥ်းတွေကို သံမဏိအနေနဲ့ ရပ်ခံထားပြီး အဲဒီ သံမဏိအတွေးအခေါ်တွေကို ရဲဘော်တယောက်ချင်းစီရဲ့ သိမြင်နားလည်မှုနဲ့ အမိအရချိတ်ဆက်နိုင်ဖို့ပါပဲ။ အဲ့ဒီလိုချိတ်ဆက်ရာကနေ သံမဏိလုပ်ဟန်တွေ ပေါ်ထွက်လာမှာပဲ ဖြစ်ပါတယ်။ ရဲဘော်တယောက်စီဟာ ပြဌာန်းချက်တွေကို သူ့ရဲ့ လူ့အဖွဲ့အစည်းဟောင်းက တရားတွေနဲ့ စိစစ်ယုံကြည်ကြတာပါ။ အဲဒီအခါ အဲဒီရဲဘော်ဟာ လူ့အဖွဲ့အစည်းဟောင်းထဲက ဘယ်တရားတွေ၊ ဘယ်အယူအဆတွေကို သယ်ဆောင်နေတာလဲ ဆိုတာကို ရှင်းလင်းအောင် ခွဲခြမ်းစိတ်ဖြာပေးပြီး အဲဒီတရားတွေဟာ မှားယွင်းနေကြောင်း လက်တွေ့ဖြစ်စဥ်တွေအရရော၊ သဘောတရားရေးရာအရရော စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြနိုင်ရမယ်။ ဒီပြဌာန်းချက်တွေဟာ တပ်ဦးရဲ့ ဆိုရှယ်ဒီမိုကရေစီ အဘိဓမ္မာတရားရဲ့ ဘယ်အစိတ်အပိုင်းကနေ ပေါ်ထွက်လာတာ ဖြစ်ကြောင်း သေချာလေးချိတ်ဆက်ပြောဆိုနိုင်ရမယ်။ ဒါမှသာ အထက်က ဆိုခဲ့တဲ့ သံမဏိလုပ်ဟန်တွေ ရရှိလာမှာ ဖြစ်တယ်။ ဘယ်သူဖျက်ဖျက် မပျက်တဲ့ သံမဏိရဲဘော်တွေ ရရှိလာကြမှာ ဖြစ်တယ်။ အဲဒီလို တယောက်ချင်းစီကို နားလည်ပြီး စည်းရုံးနိုင်တဲ့ရဲဘော်တွေဟာ ရှေ့တန်းရောက်လာမှာပဲ ဖြစ်တယ်။ သံမဏိလုပ်ဟန်ကို ကိုင်စွဲနိုင်ဖို့ဆိုတာ သံမဏိအတွေးအခေါ်ရရှိသွားလို့ ဖြစ်ပါတယ်။ ဒီလို ကျော်ဖြတ်ပြီးမှသာ အခြားသော ရဲဘော်တွေကိုလည်း အချိန်ပေးချင်စိတ်ရှိတာ၊ စိတ်ရှည်ရှည် ချဥ်းကပ်တာ စတာတွေနဲ့  လေးလေးနက်နက်စည်းရုံးနိုင်မှာ ဖြစ်ပါတယ်။ တဖန် အောက်အဆင့်အဖွဲ့အစည်းကနေ၊ အထက်အဆင့် အဖွဲ့အစည်းကို ပြန်လည် စည်းရုံးတဲ့အခါ “အရွဲ့တိုက်ဝါဒ”ရှိလာပါတယ်။ ရဲဘော်တချို့ဟာ ခေါင်းဆောင်ပိုင်းစီမံခန့်ခွဲမှုတွေကို နားမလည်တာ၊ လက်မခံတာတွေရှိတဲ့အခါ အရွဲ့တိုက်တတ်ကြပါတယ်။ စီမံမှု မှားယွင်းတဲ့အခါ ပြန်လည်ဆွေးနွေးတာမျိုး၊ DCအရ ကျေလည်အောင်ရှင်းလင်းတင်ပြတာမျိုး အားနည်းနေပါတယ်။ တချို့သော “ရဲဘော်တွေဟာ စကားကြီးစကားကျယ်တွေ မပြောတတ်လို့၊ နိုင်ငံရေးစကားလုံးတွေ မပြောတတ်လို့”ဆိုပြီး ပြောတတ်ကြပါတယ်။ တကယ်တော့ နိုင်ငံရေးစကားလုံးတွေဟာ ၊ လေ့လာရေးအတွေးအခေါ်တွေဟာ စကားကြီး၊စကားကျယ်မဟုတ်ဘဲ အခြေအနေကို အရှင်းလင်းဆုံးဖော်ပြနိုင်တဲ့အရာတွေပါပဲ။ ကျနော်တို့ တပ်ဦးကို ခိုင်မာအောင်တည်ဆောက်ဖို့ဆိုရင် ခိုင်မာတဲ့သုံးသပ်ချက်တွေ၊ ခိုင်မာတဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေ လိုအပ်ပါတယ်။ ဆိုလိုတာက

  • ❝  ဗျူရိုကရက်အကောင်းစားဗားရှင်းနဲ့ အရွဲ့တိုက်ဝါဒ ❞ ◾ဆောင်းပါးကဏ္ဍ ◾တပ်ဦးစာစဉ်-အမှတ်(၉) ကျနော်တို့တွေဟာ စစ်အင်အားရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို တဖြည်းဖြည်း မြင်လာနေကြပါတယ်။ တပ်ဦးကို အင်အားခိုင်မာတောင့်တင်းတဲ့ အဖွဲ့အစည်းဖြစ်လာအောင် လုပ်ကြဖို့ဆိုတာဟာ မူအရ ငြင်းစရာမရှိတဲ့ ကိစ္စရပ်မျိုးပါပဲ။ ဒါပေမယ့် အင်အားတောင့်တင်းတယ်ဆိုတာ ရုပ်ဝတ္တုသက်သက်ပဲလို့ မြင်ရင်တော့ လွဲပါပြီ။ နမူနာတွေ များလှပါပြီ။ ဗိုလ်နဂါးရဲ့ လက်နက် သုံးလေးရာရှိတဲ့ တပ်ကြီး ဘယ်ရောက်သွားလဲ။ ကျနော်တို့အားလုံးသိတဲ့ လက်နက်(၂၀၀) ကျော်နဲ့ ထီးဖြူဆောင်းနေခဲ့တဲ့ တပ်ရင်းကြီး ဘယ်ရောက်သွားလဲ။ လက်ငင်းအဖြေတွေက အမျိုးမျိုးရှိပါလိမ့်မယ်။ ဥပမာ - မိတ်ဖက်ပဋိပက္ခကို သေချာမရှင်းပဲ ရန်ဘက်ပဋိပက္ခ အသွင်ဆောင်ပြီး ပေါက်ကွဲသွားတာတို့၊ အမိန့်နာခံမှု အားနည်းတာတို့၊ ခေါင်းဆောင်ပိုင်း အရည်အချင်းမရှိတာတို့ စသဖြင့်ပေါ့။ တကယ့် အတွင်းပိုင်းအနှစ်သာရကတော့ အခြေအနေအရပ်ရပ်ကို စနစ်တကျ ခွဲ ခြမ်းစိတ်ဖြာပြီး မှန်မှန်ကန်ကန် မတုံ့ပြန်နိုင်လို့သာဖြစ်တယ်။ အဲလိုမတုံ့ပြန်နိုင်တဲ့အခါ ရုပ်ဝတ္တုအင်အားတောင့်တင်းမှုဆိုတာကြီးက ဘာမှ မလုပ်ပေးနိုင်တော့ပါဘူး။ ဒီတော့ တကယ်လိုအပ်တာဟာ အခြေအနေတွေကို မှန်မှန်ကန်ကန်တုံ့ပြန်နိုင်မယ့် ကေဒါရဲဘော်တွေပါပဲ။ ဒီလိုဆိုရင် တပ်ဦးဟာ မိမိရဲ့  လမ်းစဥ်၊ အတွေးအခေါ်၊ လုပ်ဟန်တွေကို သံမဏိလို ယုံကြည်လိုက်ပါဆောင်ရွက်တဲ့ ကေဒါရဲဘော်တွေရှိလာရေးကို ဆောင်ရွက်ရမှာပါ။ တပ်ဦးမှာ ဒုတိယအကြိမ်မြောက်ညီလာခံပြီးကတည်းက တပ်ဖွဲ့စည်းပုံအဆင့်ဆင့်၊ ဌာနအဆင့်ဆင့်၊ အလုပ်အဖွဲ့ အဆင့်ဆင့် စသဖြင့် ဖွဲ့စည်းထားပြီး တပ်ဦးရဲ့ လုပ်ဟန်၊ အတွေးခေါ်တွေကို အပြန်အလှန် စည်းရုံးနေကြရတာပါပဲ။ ဒါပေမယ့် အဲ့ဒီလို စည်းရုံးတဲ့နေရာမှာ လွဲချော်မှုတခု တွေ့မြင်ရပါတယ်။ အထက်က အောက်ကို စည်းရုံးတဲ့နေရာမှာ အမိန့်ပေးဝါဒဆန်နေပြီး အောက်က အထက်ကို ပြန်လည်စည်းရုံးတဲ့နေရာမှာတော့ လျော့ရဲရဲနိုင်နေတာ(အပျော်သဘောဝေဖန်တာ၊ ထေ့တာ၊ ရွဲ့တာ)ရှိနေတာပါ။ ဒီကိစ္စနှစ်ရပ်လုံးဟာ လုပ်ဟန်ခိုင်မာရေးအတွေးခေါ်ရဲ့  နောက်ကွယ်မှာ ငြင်ငြင်သာသာလေး ပေါက်ဖွားနေတဲ့ ဖောက်ပြန်ရေးအတွေးအခေါ်တွေ ဖြစ်ပါတယ်။ ဒါကို အကျယ်တဝင့် ဆွေးနွေးပါမယ်။ အထက်အဆင့်အဖွဲ့အစည်းဟာ ကိုယ့်အောက်အဆင့်အဖွဲ့အစည်းက ရဲဘော်တွေကို စည်းရုံးကြရပါတယ်။ အဲလိုစည်းရုံးတဲ့အခါမှာ တပ်ဦးရဲ့ လုပ်ဟန်တွေကို ပြဌာန်းစာအုပ်လို သတ်မှတ်ပြီး စည်းရုံးနေကြတာတွေ တွေ့ရပါတယ်။ “ဒါကိုမလုပ်ရဘူး၊ ဒါကို လုပ်ရမယ်၊ ဒါက ညီလာခံရဲ့ ပြဌာန်းချက်ပဲ။ လုပ်လိုက်လို့ ဆိုးကျိုးမရှိဘူး၊ ကောင်းကျိုးသာရှိတယ်။ လုပ်ကြဟေ့”ဆိုတာမျိုးတွေ တွေ့နေရပါတယ်။ ဆိုလိုတာက တပ်ဦးရဲ့ လုပ်ဟန်တွေကို “ပိဋကတ်ကျမ်းဂန်”သဘောထားပြီး အဖိတ်အစင်မရှိဘူး၊ ဒါ့ကြောင့် လိုက်သာလုပ်ဆို”တဲ့ အတွေးအခေါ်မျိူးဖြစ်ပါတယ်။ ဒါဟာ အထွေထွေ အုပ်ချုပ်ရေးဌာန လမ်းစဥ်ဖြစ်ပါတယ်။ တနည်းအားဖြင့် “လစ်ဘရယ်ရဲ့ တရားဥပဒေ စိုးမိုးရေးအမြင်  /လွှမ်းမိုးခံနေရတာပါ။ ဒီစည်းကမ်းတွေ၊ လုပ်ဟန်တွေကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် လိုက်နာရင် အဆင်ပြေပြီ၊ တပ်ဦးကြီးထွားခိုင်မာလာပြီလို့ မြင်နေတာပါ။ ဒါပေမယ့် သတိမထားမိကြတာကတော့ တပ်ဦးပဲ ဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းကြီးပဲ ဖြစ်ဖြစ် အားလုံးဟာ တန်းတူဖြတ်သန်းခဲ့ကြတာ၊ အတူတူဖြစ်ခဲ့ကြတာမဟုတ်ဘူး ဆိုတာပါပဲ။ ကျနော်တို့တပ်ဦးဟာ မြို့နေကျောင်းသားတွေ၊ ဓနရှင်ပေါက်စတွေ ၊ ဝန်ထမ်းလုပ်သားတွေ၊ ကျေးလက်လယ်သမားအနွယ်တွေနဲ့ စုဖွဲ့ထားရတာပါ။ ဒီလူတန်းစားအမျိုးမျိုးထဲမှာတောင် အလွှာအလိုက် အနုစိတ်ကွဲပြားပါသေးတယ်။ အဲဒီလို အမျိုးမျိုးသော ကွဲပြားမှုတွေရှိတဲ့ ရဲဘော်ထုကြီးကို ကြိတ်စက်တခုထဲ ထည့်ကြိတ်လိုက်လို့ ပုံစံတူ ကေဒါတွေ ထွက်လာမယ်လို့ ထင်နေတာမျိူးဟာ လူတန်းစားတည်ရှိမှု၊ လူတန်းစားဖြတ်သန်းမှုကို ဆန့်ကျင်တာပဲ ဖြစ်တယ်။ ဒီတော့ ဆက်ရင် ဖြတ်သန်းမှု ၊အတွေးအခေါ် မတူညီနိုင်ကြတဲ့ ရဲဘော်တွေအပေါ် “ပြဌာန်းချက် လိုက်နာရေး၊ အရေးယူရေးစနစ်လောက်နဲ့ ဘယ်လိုမှ စည်းရုံးနိုင်မှာ မဟုတ်ဘူး။ အဲ့ဒီအတိုင်းကိုင်တွယ်ကြည့်တဲ့အခါမှာလည်း ရဲဘော်တွေရဲ့ တုံ့ပြန်မှုတွေက မတူညီကြပါဘူး။  အဲဒီလို မတူညီတဲ့အခါမှာတော့ ဆက်လက်ကိုင်တွယ်ဖို့ ခက်ခဲသွားပါတော့တယ်။ ဥပမာအားဖြင့် လယ်သမားအနွယ်ရဲဘော်တွေကို လုံးပမ်းရတဲ့လုပ်ငန်းတွေမှာ လုပ်အားပြည့်ပြည့်ဝဝရပေမယ့် လေ့လာရေးလုပ်ငန်းတွေမှာကျ အခက်အခဲရှိပါတယ်။ သင်ယူမှုအလေ့အကျင့်အားနည်းတာမျိုးတွေ့ရတယ်။  လေ့လာရေးကို အားလပ်တိုင်းဇောက်ချလုပ်ရမယ်ဆိုတဲ့ မူကို အကောင်အထည်မဖော်နိုင်ပါဘူး။ အပြန်လှန်အားဖြင့် မြို့နေကျောင်းသားတွေ၊ ဓနရှင်ပေါက်စတွေဟာတော့ လေ့လာရေးပိုင်းမှာ တက်ကြွတာများကြပြီး ပင်ပန်းတဲ့ လုပ်ငန်းတွေမှာကျ အခက်အခဲ ရှိပါတယ်။ ဒီဥပမာတွေက ယေဘုယျဆန်ပေမယ့် နားလည်လို့ရမယ့် အဆင့်တော့ ရှိပါတယ်။ ဆိုတော့ လုပ်ဟန်ကောင်းတွေရအောင် လုပ်တဲ့ စည်းရုံးရေးဟာ မညီမညာနဲ့ တုံ့ပြန်မှုတွေက ပရမ်းပတာ ဖြစ်နေပါတယ်။ ဆိုလိုတာက ရဲဘော်တွေက နိုင်ငံရေးအရ တပြေးညီ စည်းရုံး၊ဆက်ဆံ တယ်ဆိုတာ ပြဌာန်းစာအုပ်အတိုင်း အတူတူစီမံခန့်ခွဲတာဆိုတာလောက်မဟုတ်ပါဘူး။ ဒါက မြင်သာတဲ့ အပေါ်ယံ ပိတ်စပါးလေးဖြစ်ပါတယ်။

  • без подписи

  • без подписи

  • без подписи

  • без подписи

  • ပြည်သူ့တော်လှန်ရေးတပ်ဦး ၏ ဖွဲ့စည်းတည်ထောင်ခြင်း(၅)နှစ်ပြည့်သို့ ‌မဟာမိတ် အဖွဲ့အစည်းများမှ ပေးပို့ခဲ့ကြသော သဝဏ်လွှာများ။ -ဗဟိုသတင်းနှင့်ပြန်ကြား‌ရေးဌာန -ပြည်သူ့တော်လှန်ရေးတပ်ဦး

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи