ပကဖ အသံ
Статистика- Последний пост
- 16 янв. 2025 г.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
မွန်-ကရင် ရှိ စစ်စခန်း (၂) ခု ကို ပကဖ နဲ့ KNLA ပူးပေါင်းတိုက်ခိုက် ……………………. မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေအတွင်းက အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်စခန်း ၂ ခုကို ဇန်နဝါရီလ ၁၁ ရက်နေ့မှာ မွန်ပြည်နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့နဲ့ KNLA တပ်ရင်း (၁၆) တို့ ပူးပေါင်းပြီး (၁၂၀) မမ ဒရုန်း ဗုံးသီးတွေနဲ့ ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၀၅:၀၀ နာရီ ခန့်မှာ မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ် အတွင်းမှာရှိတဲ့ ချောင်းနှစ်ခွ စစ်ကောင်စီတပ်စခန်း၊ နံနက် ၀၈:၄၀ နာရီခန့်မှာတော့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းမှာရှိတဲ့ ဇီးဖြူကုန်း စစ်ကောင်စီတပ်စခန်းတွေကို (၁၂၀) မမ ဒရုန်းဗုံးသီးတွေ နဲ့ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပကဖ တိုက်ခိုက်ရေးအဖွဲ့တွေ နဲ့ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံတပ်တွေ ပူးပေါင်းပြီး အကြမ်းဖက် စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်နေတာတွေ့ရှိရပါတယ်။ ပုံ - မွန်ပြည်နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ Facebook Link - https://www.facebook.com/profile.php?id=61556759138761&mibextid=sCpJLy
без подписи
без подписи
без подписи
без подписи
ဒီပဲယင်းမြို့၊ လွတ်မြောက်တနေရာတွင် စုံညီပွဲနဲ့ ပညာရည်ချွန်ဆုပေးပွဲကျင်းပ —-------------------- စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ဒီပဲယင်းမြို့နယ်၊လွတ်မြောက်တစ်နေရာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နဲ့ ပညာရည်ချွန်ဆုပေးပွဲကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒီဆုပေးပွဲမှာ ၊ရွှေဘိုခရိုင် ပကဖ ထုတ်လုပ်ရေးတာဝန်ခံ နဲ့ ဒီပဲယင်းမြို့နယ် ပကဖ တိုက်နယ်(၂) က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ Facebook Link - https://www.facebook.com/profile.php?id=61556759138761&mibextid=sCpJLy
ပုသိမ်-မုံရွာကားလမ်းအပိုင်း ယာဥ်သွားယာဥ်လာများအား ရှောင်တခင်စစ်ဆေး —--------------- အထက်မင်းလှမြို့နယ် ပုသိမ်-မုံရွာကားလမ်းတွင် ယာဥ်သွားယာဥ်လာများကို စစ်ဆေးခြင်းနဲ့ လမ်းပိုင်းလုံခြုံရေးလုပ်ငန်းတွေကို ဇန်နဝါရီလ ၁၂ရက်နေ့က လုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ လမ်းပိုင်းစစ်ဆေးစဉ်အတွင်းမှာလဲ ခရီးသွားမိဘပြည်သူတွေဟာ ပကဖတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးနဲ့ စစ်ဆေးရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့တာအတွက် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်းကိုလဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မဟာဗျူဟာလမ်းမကြီးတွေဖြစ်ကြတဲ့ မန္တလေး-ရွှေဘို-မြစ်ကြီးနားကားလမ်း/ ရထားလမ်း၊ မန္တလေး-မတ္တရာ-သပိတ်ကျင်း-ဗန်းမော်လမ်း၊ မန္တလေး-လားရှိုး-မူဆယ်လမ်း၊ ပုသိမ်-မုံရွာလမ်း၊ ရန်ကုန်-မော်လမြိုင်-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ်-ကော့သောင်းလမ်း၊ ပဲခူး-သထုံ-ဘားအံ-မြဝတီလမ်း၊ မုံရွာ-ကလေး-တမူးလမ်း၊ မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပြည်-ပန်းတောင်း-တောင်ကုတ်လမ်းတွေရဲ့ အဓိက နေရာအစိတ်အပိုင်းတွေကို စိုးမိုးထိန်းချုပ်ထားနိုင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၄ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာရဲ့ ဖော်ပြချက်အတိုင်းပဲ လမ်းမကြီးတွေမှာ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှု ဖြစ်ပေါ်တိုးတက်နေမှုတွေကို မိဘပြည်သူတွေပါ မျက်မြင် တွေ့နေကြရတာဖြစ်ပါတယ်။ Facebook Link - https://www.facebook.com/profile.php?id=61556759138761&mibextid=sCpJLy
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ကောလင်းခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့ ပုံရိပ်များ..... ဓာတ်ပုံတွေကို ကောလင်းခရိုင် ပကဖ Page မှ ပြန်လည်ကူးယူဖော်ပြအပ်ပါတယ်။ Facebook Link - https://www.facebook.com/profile.php?id=61556759138761&mibextid=sCpJLy
без подписи