tgindex
SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

Статистика

ဖက်ဒရယ် ဒီမိုကရက်တစ် စစ်ကိုင်းတိုင်း ၏ သတင်းများကို တင်ဆက်ပေးသွားမည့် ပြည်သူ့အသံ

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
16
Всего постов
35
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
6 653
−23 за 3 дн.
Сутки
−12
−0,18%
Неделя
 
Месяц
 
Просмотров на пост
364
35 постов
Вовлечённость
5,5%
к подписчикам
Постов в день
2,3
всего 35
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
322
1/48двое суток
369
1/72трое суток
397

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • Daily Highlight 4 Aug 14 (11:55 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ဂွမြို့နယ် ၂ကြိမ် (Source: AA) - စဉ့်ကူးနယ် ၄ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ဖောင်းပြင်နယ် ၃ကြိမ် - မြဝတီနယ် ၂ကြိမ် - မြဝတီနယ် ၂ကြိမ် (Source: နယ်မြေခံ) - မဘိမ်း/မိုးမိတ်နယ်အစပ် ၃ကြိမ် - တောင်သာနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ယင်းမာပင်နယ် ၂ကြိမ် (မှတ်ချက်။ စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်း။) - မြိုင်မြို့နယ် ၄ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - ရွှေကူနယ် ၃ကြိမ် - ကနီနယ် ၃ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - စလင်းနယ် ၁ကြိမ် - ကွတ်ခိုင်နယ် ၂ကြိမ် - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

  • Daily Highlight 3 Aug 14 (11:50 PM) 🔴 မြန်မာနိုင်ငံ နေရာအသီးသီးရှိ ရေဘေးအန္တရာယ်အကြောင်း သတင်းများ။ - သမိုင်းဝင် ပုဂံဒေသ အနီး၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ​မြစ်ခြေ-ကျွန်းချောင်းဒေသမှ ပြည်သူများမှာ နယ်မြေမတည်ငြိမ်မှုနှင့် စစ်ဘေးဒဏ်များကြောင့် ဧရာဝတီမြစ်အတွင်းရှိ ကျွန်းများပေါ်တွင် စစ်ရှောင် ခိုလှုံနေရသည်မှာ ၄ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအခါ ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက်လာသဖြင့် မြစ်အတွင်းရှိ ကျွန်းများပေါ်တွင် ခိုလှုံနေရသည့် အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၃,၀၀၀ ကျော်မှာ ရေဘေးဒုက္ခများပါ ထပ်မံ ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ကျွန်းချောင်းဒေသရှိ စစ်ဘေးရှောင် ပြည်သူများက ၎င်းတို့ ကြုံတွေ့နေရသော အခက်အခဲများကို ဝိုင်းဝန်းကူညီပေးကြရန် တောင်ဆိုထားကြောင်း သိရ။ - ဇူလိုင်လ ၃၁ ရက်နေ့ မနက်အစောပိုင်းက ငဝန်မြစ် ရေကာတာကျိုးပေါက်ပြီးနောက် ဩဂုတ်လ ၉ရက်နေ့က ရေအနည်းငယ် ကျဆင်းခဲ့သော်လည်း ဩဂုတ်လ ၁၁ ရက်နေ့မှစတင်၍ ရေ ပြန်လည်မြင့်တက်လာပြီး ရေဝင်မှုများ ပြန်လည်ဖြစ်ပေါ်နေကြောင်း၊ ရေဘေးအခြေအနေမှာလည်း ဆိုးရွာနေဆဲဖြစ်ကြောင်း၊ ဩဂုတ် ၄ ရက်မှ ၁၀ ရက်အထိ ငဝန်မြစ် တာကျိုးနေရာမှ ရေဝင်နှုန်းမှာ ဩဂုတ် ၄ နှင့် ၅ ရက်တွင် တစ်စက္ကန့်လျှင် ရေကုဗမီတာ ၄၀၀ ခန့်၊ ဩဂုတ် ၆ ရက်တွင် ၃၈၀ ကုဗမီတာ၊ ဩဂုတ် ၇ ရက်တွင် ၃၁၀ ကုဗမီတာ၊ ဩဂုတ် ၈ ရက်တွင် ၂၆၀ ကုဗမီတာ၊ ဩဂုတ် ၉ ရက်တွင် ၂၅၀ ကုဗမီတာနှင့် ဩဂုတ် ၁၀ ရက်တွင် ၂၇၀ ကုဗမီတာခန့် ရှိခဲ့ကြောင်း၊ ဩဂုတ်လ ၄ ရက်နေ့ ရေဝင်နှုန်းကို ၁၀၀ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ပါက ဩဂုတ် ၉ ရက်တွင် ရေဝင်နှုန်း ၃၇ ဒသမ ၅ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သော်လည်း နောက်ပိုင်းတွင် ငဝန်မြစ်ရေ ပြန်လည်မြင့်တက်လာပြီး ရေဖိအားမြင့်တက်လာခြင်းကြောင့် တာကျိုးနေရာမှ ရေဝင်အားလည်း ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း၊ စစ်တပ်က တာကျိုးနေရာကို ပိတ်ဆို့ပြုပြင်ရန် ကြိုးပမ်းနေပြီး ရေဝင်ပေါက်၏ အကျယ်အဝန်း ကျဉ်းလာသော်လည်း ငဝန်မြစ်ရေ ပြန်လည်မြင့်တက်လာခြင်းကြောင့် ရေဖိအားမြင့်တက်ကာ ရေစီးအရှိန်နှင့် ရေဝင်အား ပြန်လည်မြင့်တက်နိုင်သည့် အခြေအနေဖြစ်နေကြောင်း၊ ထို့ပြင် ယနေ့ မနက် ၆ နာရီခွဲအချိန် ငသိုင်းချောင်းစခန်း၏ ရေအမှတ်မှာ ၁,၁၃၁ စင်တီမီတာအထိ ရှိလာပြီး စိုးရိမ်ရေမှတ် ၁,၁၆၀ စင်တီမီတာအောက် ၂၉ စင်တီမီတာသာ ကျန်ရှိတော့ကြောင်း၊ လက်ရှိ စစ်တပ်၏ ငဝန်မြစ် တာပိတ်ဆို့လုပ်ငန်းတွင် Steel Sheet Pile စုစုပေါင်း ၂၈၀ တိုင်ခန့် လိုအပ်ပြီး ဩဂုတ် ၁၃ ရက်အထိ ၇၂ တိုင် ရိုက်သွင်းပြီးဖြစ်ကာ ၂၀၈ တိုင်ခန့် ကျန်ရှိနေကြောင်း၊ စစ်တပ်က ၁ ရက်လျင် Steel Sheet Pile ၁၀ တိုင်မှ ၁၂ တိုင်ခန့် ရိုက်သွင်းနိုင်သည့်နှုန်းအရ ကျိုးပျက်နေသော ငဝန်မြစ် ရေကာတာကို အပြည့်အဝပိတ်နိုင်ရန် နောက်ထပ် ၁၇ ရက်မှ ၂၁ ရက်ခန့် ကြာမြင့်နိုင်ပြီး လုပ်ငန်းခွင်အခြေအနေအရ ၅ ရက်ခန့် အတိုးအလျော့ ရှိနိုင်ကြောင်း၊ တာကျိုးနေရာကို ပိတ်ဆို့ခြင်းများ လုပ်ဆောင်နေသည့်ကြားမှ ငဝန်မြစ်ရေ ပြန်လည်မြင့်တက်လာခြင်းနှင့် တာကျိုးနေရာမှ ရေဝင်အား တစ်စက္ကန့်လျှင် ၄၈၀ ကုဗမီတာခန့်အထိ ပြန်လည်မြင့်တက်နေခြင်းတို့ကြောင့် လက်ရှိ ရေဘေးအခြေအနေမှာ ဆက်လက်စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း၊ လက်ရှိအချိန်အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၂၁ ရွာ၊ ဟင်္သာတမြို့နယ်အတွင်း ကျေးရွာ ၃၇ ရွာ၊ ရေကြည်မြို့ပေါ် ရပ်ကွက် ၄ ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၂၇ ရွာ၊ ငသိုင်းချောင်းမြို့ပေါ် ရပ်ကွက် ၂ ခု၊ ကျုံပျော်မြို့ပေါ် ရပ်ကွက် ၂ ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၉ ရွာတို့အပါအဝင် စုစုပေါင်း မြို့ပေါ်ရပ်ကွက် ၁၃ ခုနှင့် ကျေးရွာ ၁၉၄ ရွာတွင် ရေကြီးမှုများ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ ငဝန်မြစ် တာကျိုးမှုကို ပြုပြင်ပိတ်ဆို့နေသော်လည်း ငဝန်မြစ်ရေ ပြန်တက်လာခြင်း၊ တာကျိုးနေရာမှ ရေဝင်အား ပြန်လည်မြင့်တက်လာခြင်းနှင့် မြေနိမ့်ဒေသများနှင့် ကျေးရွာများသို့ ရေများ စုဝေးဝင်ရောက်နေပြီးသားဖြစ်ခြင်းတို့ကြောင့် ရေကြည်–ကျုံပျော်–ငသိုင်းချောင်းဘက်ရှိ မြေနိမ့်ဒေသများ၊ ချောင်းဆုံများ၊ ရေကျော်နေရာများနှင့် ရေစီးကြောင်းများကို ဆက်လက်အထူးစောင့်ကြည့်ရန် လိုအပ်နေကြောင်း သိရ။ - မြန်မာနိုင်ငံတွင် ပဋိပက္ခများ၊ နေရပ်စွန့်ခွာရမှုများ၊ စီးပွားရေးကျပ်တည်းမှု၊ စားနပ်ရိက္ခာဈေး နှုန်းမြင့်တက်မှုများနှင့် ထပ်ခါတလဲလဲဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များကြောင့် လူဦးရေ ၁၂ ဒသမ ၄ သန်းခန့်မှာ ဆာလောင်မွတ်သိပ်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ မုတ်သုံရာသီအတွင်း ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပွားလာခြင်းကြောင့် စားနပ်ရိက္ခာပြတ် လပ်မှုနှင့် လူသားချင်းစာနာမှုအကျပ်အတည်း ပိုမိုဆိုးရွားလာနိုင်သည့်အတွက် ရေဘေး အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme) မှ ထုတ်ပြန်အသိပေး၊ WFP ၏ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို လေးမျက်နှာမြို့နယ်တွင် စတင်ခဲ့ပြီး ဇူလိုင်လ ၃၀ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကာတာကျိုးပေါက်ပြီး ရပ်ကွက်နှင့် ကျေးရွာများအတွင်း ရေဝင်ရောက်ခဲ့သည့် ဒေသခံများထံ အာဟာရပြည့် အသင့်စားအစားအစာများဖြစ်သည့် High Energy Biscuits များ ဖြန့်ဝေပေးနေကြောင်း၊ လေးမျက်နှာမြို့နယ်တွင် ပြုလုပ်ခဲ့သည့် အလျင်အမြန်ဆန်းစစ်လေ့လာမှုများအရ ရပ် ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာ ၉၈ ရွာမှ လူဦးရေ ၃၂,၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း၊ ထို့ပြင် WFP က ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ပြည်သူများကို ကူညီပေးနေသည့် ဒေသခံမိတ်ဖက်အဖွဲ့များထံ အာဟာရပြည့်အစားအစာ မက်ထရစ်တန်ချိန် ၂၀ ပေးပို့ထားပြီး ယင်းပမာဏသည် လူဦးရေ ၁၀,၀၀၀ ခန့်အတွက် လုံလောက်ကြောင်း၊ လက်ရှိတွင် အဆိုပါအစားအစာများကို ရေဘေးသင့်ပြည်သူများထံ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရ၊ WFP ၏ အဆိုအရ ယခုနှစ် ရေကြီးရေလျှံမှုများသည် ပဋိပက္ခနှင့် စီးပွားရေးအကျပ်အတည်းများကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေရသည့် ပြည်သူများအပေါ် ထပ်မံဖိအားဖြစ်စေခဲ့ပြီး နေအိမ်များ ရေမြုပ်ခြင်း၊ သီးနှံများပျက်စီးခြင်း၊ သောက်သုံးရေများ ညစ်ညမ်းခြင်းနှင့် ဈေးဆိုင်များ ပုံမှန်လည်ပတ်နိုင်မှုမရှိခြင်းတို့ ဖြစ်ပေါ်နေကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးရေလျှံမှု၏ အကျိုးသက်ရောက်မှုအပြည့်အစုံကို WFP နှင့် သက်ဆိုင်ရာအဖွဲ့များက ဆက်လက်စာရင်းကောက်ယူ အကဲဖြတ်နေဆဲဖြစ်ပြီး ရရှိလာသည့်အချက်အလက်များ၊ သွားလာခွင့်အခြေအနေများနှင့် ရရှိနိုင်သည့် ရန်ပုံငွေအပေါ်မူတည်၍ အကူအညီအလိုအပ်ဆုံးဒေသများတွင် စားနပ်ရိက္ခာထောက်ပံ့မှုများ တိုးချဲ့သွားရန် ပြင်ဆင်ထားကြောင်း WFP ၏ အစီရင်ခံစာတွင် ဖော်ပြထား၊ အလားတူ ဥရောပသမဂ္ဂ EU ၏ ဥရောပ အရပ်ဘက်ကာကွယ်ရေးနှင့် လူသားချင်းစာနာမှုအကူအညီဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ရုံး (ECHO) က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ယူရို ၁၀.၅ သန်း ထပ်မံပေးအပ်ကြောင်း၊ ယခုထပ်မံပေးအပ်သည့် ရန်ပုံငွေကြောင့် ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် EU ၏ လူသားချင်းစာနာမှုအကူအညီ စုစုပေါင်းပမာဏသည် ယူရို ၄၉.၁ သန်းအထိ ရှိလာကြောင်း၊ EU ၏ ရန်ပုံငွေဖြင့် ပဋိပက္ခ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားနေရသူများအတွက် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာ၊ အကာအကွယ်ပေးရေး၊ ယာယီနေအိမ်များ၊ သောက်သုံးရေနှင့် သန့်ရှင်းရေးဆိုင်ရာ ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ မကြာသေးမီက နိုင်ငံတစ်ဝန်းရှိ နေရာအချို့တွင် ဖြစ်ပွားခဲ့သည့် ရုတ်တရက်ရေကြီးမှုများကြောင့် ထိခိုက်သူများကိုလည်း အကူအညီပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ ပဋိပက္ခသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းများထဲမှ တစ်ခုဖြစ်လာပြီး မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကြောင့် ထိခိုက်သေဆုံးမှုများလည်း အဓိကပြဿနာတစ်ရပ် ဖြစ်နေကြောင်း EU ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထား၊ EU ၏ အကျပ်အတည်းစီမံခန့်ခွဲမှုဆိုင်ရာ ကော်မရှင်နာ Hadja Lahbib က မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကျပ်အတည်းသည် လွန်ခဲ့သည့် ၅ နှစ်အတွင်း အလွန်အမင်းကြီးမားလာပြီး ယခင်က လူဦးရေ ၁ သန်းခန့်သာ အကူအညီလိုအပ်ခဲ့ရာမှ လက်ရှိတွင် လူဦးရေ ၁၆.၂ သန်းအထိ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေပြီး ကမ္ဘာ့အကြီးမားဆုံး အရေးပေါ်အခြေအနေများထဲမှ တစ်ခုဖြစ်လာကြောင်း၊ လက်ရှိတွင် အရပ်သားများသည် နေ့စဉ်အသက်အန္တရာယ်ကို စိုးရိမ်နေရပြီး စီးပွားရေးကျဆင်းမှု၊ ကျန်းမာရေးစနစ် ပျက်စီးမှုနှင့် ပြင်းထန်သည့် စားနပ်ရိက္ခာအကျပ်အတည်းများကြောင့် ပြည်သူများ၏ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းမှာ အလွန်အမင်း ထိခိုက်နေကြောင်း၊ အခြားအလှူရှင်များက လူသားချင်းစာနာမှုအကူအညီများ လျှော့ချလာနေသည့်အချိန်တွင် EU အနေဖြင့် အကူအညီလိုအပ်နေသူများထံသို့ အခြေခံ လူသားချင်းစာနာမှုမူများနှင့်အညီ အကူအညီများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရ၊ လက်ရှိဖြစ်ပေါ်နေသည့် စားနပ်ရိက္ခာအကျပ်အတည်း ပိုမိုဆိုးရွားမလာစေရန် ရေဘေးသင့်မိသားစုများထံ အကူအညီများ အချိန်မီရောက်ရှိရေး၊ လူသားချင်းစာနာမှုအဖွဲ့များအနေဖြင့် အဟန့်အတားမရှိ သွားရောက်ကူညီနိုင်ရေးနှင့် အရေးပေါ်ရန်ပုံငွေများ ရရှိရေးတို့မှာ အရေးကြီးနေကြောင်းကိုလည်း WFP က သတိပေးထားကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

  • Daily Highlight 2 Aug 14 (11:50 PM) - ရခိုင်-ဧရာဝတီ အစပ်နေရာများတွင် တိုက်ပွဲများ ယခုရက်များအတွင်း ဆက်လက်ပြင်းထန်လာနေကြောင်း၊ ဩဂုတ်လ ၁၂ ရက်နေ့က ရေကြည်နယ်ရှိ ပွိုင့် ၁၀၁ စခန်းကုန်းအနီးဝန်းကျင်နှင့် သာပေါင်းနယ်၊ သာပေါင်းကလေးရွာအနီးဝန်းကျင်တို့မှ အာရက္ခတပ်တော် AA ၏ စစ်ကြောင်းများရှိရာနေရာများကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာကြောင်း၊ ထိုနေ့တစ်ရက်တည်းတွင် နေရာ ၅ နေရာတွင် တိုက်ပွဲများ တစ်နေ့လုံးနီးပါး ဖြစ်ပွားခဲ့ကြောင်း၊ ဩဂုတ်လ ၁၂ ရက်နေ့ မနက် ၇ နာရီမှ ၁၀ နာရီခန့်အချိန်အထိ သာပေါင်းကလေးရွာအနီးတွင် ၃နာရီအကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ကူ အများအပြားသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်လာခဲ့ကြောင်း၊ AA က စစ်တပ်၏ ထိုးစစ်ကို ကောင်းမွန်စွာ ခုခံနိုင်ခဲ့ပြီး တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ခွေးများ ထိခိုက်ကျဆုံးမှုများစွာဖြင့် တပ်လန်ကာ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အဆိုပါတိုက်ပွဲမှ စစ်ခွေးအလောင်းအချို့နှင့် လက်နက် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ အလားတူ ရေကြည်နယ် ပွိုင့် ၁၀၁ စခန်းကုန်းအနီးတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ကူ အများအပြားသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်လာခဲ့ကြောင်း၊ AA က စစ်တပ်၏ ထိုးစစ်ကို ကောင်းမွန်စွာ ခုခံနိုင်ခဲ့ရာ စစ်ခွေးအလောင်းအချို့နှင့် လက်နက် ခဲယမ်းအချို့ကို ထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် AA ၏ သတင်းနှင့်ပြန်ကြားရေးမှ သတင်းထုတ်ပြန်ထားကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက စဉ့်ကူးနယ် ထုံးကြီးရွာတွင် တပ်စွဲထားသော စစ်ခွေးများက ဆင်သေရွာကို ဒရုန်းဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်၊ အသက် ၆၀ အရွယ် အမျိုးသမီး ၁ဦး သေဆုံး၊ စဉ့်ကူးနယ် အနောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က ဩဂုတ်လ ၁၂၊ ၁၃၊ ၁၄ သုံးရက်ဆက်တိုက် ဒရုန်းများဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ယမန်နေ့ နေ့လယ်ပိုင်းကလည်း မတ္တရာနယ် အနောက်တောင်ခြမ်း သဖန်းဒေါင့်ရွာမှ စစ်ခွေးများက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့ရာ စစ်ကိုင်းနယ်မြောက်ခြမ်း တောင်းရင်းတောင်ရွာ၏ အရှေ့ဘက်တွင် လက်နက်ကြီးကျည် ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၈၄ နှစ်အရွယ် အဘိုးအို ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၆ ရက်နေ့ ညပိုင်းက KNU ဖာပွန်ခရိုင်၊ ဒွဲလိုးမြို့နယ်၊ ထီးသဘလူးထကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က Y 12 လေယာဉ်၊ ဂျက်ဖိုက်တာများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အသက် ၃၇ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၆ နှစ်အရွယ် ပထမတန်းကျောင်းသား ကလေးငယ် ၁ ဦးတို့ သေဆုံး၊ နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အခြား နေအိမ် ၁၄ လုံးနှင့် စာသင်ကျောင်း အဆောက်အအုံ ၁ လုံးတို့လည်း ဗုံးစများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရ။ - ယနေ့ မနက်ပိုင်းမှစတင်ပြီး ကလေးနယ်တောင်ပိုင်း၊ စည်သာရွာတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်က ချောင်းခွရွာဘက်သို့ ဒရုန်းများဖြင့် အကြိမ်ကြိမ် ဗုံးသီးချတိုက်ခိုက်နေ၊ ချောင်းခွရွာမှ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၎င်း၏ အမျိုးသားဖြစ်သူလည်း ဒဏ်ရာအပြင်းအထန် ရရှိ၊ ထို့ပြင် စစ်တပ်နှင့် တော်လှန်ရေးတပ်များလည်း စစ်ရေးတင်းမာနေပြီး စစ်တပ်က ဒရုန်းဖြင့် ဆက်တိုက်ဗုံးကျဲကာ မြေပြင်မှလည်း စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း သိရ။ - ဩဂုတ်လ ၁၂ ရက်နေ့၊ ညပိုင်းက ကန့်ဘလူနယ်၊ ဇီးကုန်းတိုက်နယ်၊ ဇီးကုန်းမြို့အနီးကို စစ်တပ်က အသေခံဒရုန်းဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ လူသူထိခိုက်မှု တစုံတရာမရှိခဲ့ကြောင်း သိရ။ - ယမန်နေ့ ညပိုင်းက ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် ၁ ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်းပေါ်ရှိ အရပ်သားများနေထိုင်ရာနေရာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အသက် ၇ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် နေအိမ်တစ်အိမ်တည်းမှ ပြည်သူ ၈ ဦး အစုလိုက်အပြုံလိုက် သေဆုံး၊ ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇ လုံးနှင့် သုံးဘီးဆိုင်ကယ် ၁ စီးလည်း ထိခိုက်ပျက်စီးသွားကြောင်း၊ ထို့ပြင် ယမန်နေ့ ညပိုင်းကပင် ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကိုလည်း စစ်တပ်က လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွင် လူသူထိခိုက်မှုနှင့် ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရ။ - ယမန်နေ့က ရွှေဘိုအကျဉ်းထောင်တွင် လုံလောက်သော ဆေးဝါးကုသမှု မရသဖြင့် အသက် ၈၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ ၁ ဦး ကွယ်လွန်သွားကြောင်း၊ အဆိုပါ နိုင်ငံရေးအကျဉ်းသူမှာ ၂၀၂၃ ခုနှစ်တွင် ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသူဖြစ်ပြီး ဖမ်းဆီးခြင်းမခံရမီကတည်းက ဗိုက်အောင့်သည့် ဝေဒနာ ခံစားနေခဲ့ရသူဖြစ်ကြောင်း၊ ဖမ်းဆီးခံရပြီးနောက် ထောင်အတွင်းတွင် ဆေးဝါးကုသခွင့်ရရှိရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရကြောင်း၊ ရောဂါအခြေအနေ လွန်စွာဆိုးရွားလာပြီး မသေဆုံးမီ ၃ လခန့်အလိုမှသာ ပြင်ပဆေးရုံ၌ ဆေးကုသခွင့် ရရှိခဲ့သော်လည်း အချိန်မီ ဆေးဝါးကုသခွင့် မရရှိခဲ့သည့်အတွက် ရောဂါကျွမ်းလွန်ကာ ယမန်နေ့က ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

  • Daily Highlight 1 Aug 14 (11:50 PM) - ဩဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့က မိုးမိတ်နယ်အတွင်းရှိ ညောင်နီရွာ၊ ၄ မိုင်ရွာနှင့် ၇ မိုင်ရွာတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ဒုဗိုလ်မှူးကြီး ၁ ကောင် အပါအဝင် စစ်ခွေး ၆ ကောင် သေဆုံး၊ ၄ ကောင်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော် မတီကို ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)တို့မှ စစ်ရေးခေါင်းဆောင်များဖြင့် ဦးဆောင်ဖွဲ့စည်းထားပြီး စစ်ရေးဖော်ဆောင်ရာမှုများတွင် SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူး ပေါင်းပြီး စစ်ရေးဖော်ဆောင်ရန်ရှိကြောင်း SCEF တာဝန်ရှိသူ ဆလိုင်းထက်နီ ပြော၊ SCEF ၏ မဟာဗျူဟာနှင့် မူဝါဒရေးရာဦး ဆောင်အဖွဲ့ ခေါင်းဆောင်များနှင့် စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီခေါင်းဆောင်များ သြဂုတ်လ ၇ ရက်နေ့က ပူးတွဲအစည်းအဝေးပြုလုပ်ပြီး စစ်မဟာ ဗျူဟာ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော် မတီတွင် ပူးတွဲ ဥက္ကဋ္ဌ ၂ဦး၊ အတွင်းရေးမှူး ၁ဦး နှင့် တွဲဖက်အတွင်းရေးမှူး ၂ဦးတို့ ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြောင်း ဩဂုတ်လ ၈ရက်နေ့က သတင်းထုတ်ပြန်ခဲ့ရာ ပူးတွဲဥက္ကဌ ၂ဦးအဖြစ် KNU နှင့် KIO တို့မှ ထိပ်သီးခေါင်းဆောင်များက တာဝန်ယူထားကြောင်း၊ အတွင်းရေးမှူးနေရာကိုမူ အမျိုးသားညီညွတ်ရေးအစိုးရမှ တာဝန်ရှိသူတစ်ဦးကို ခန့်အပ်ထားကြောင်း၊ ထို့ပြင် ထိုနေ့ကအစည်းအဝေးတွင် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာမြောက် ပန်းတိုင်များကို ပေါင်းစပ်ညှိနှိုင်းပြီး ထိရောက်စွာ အကောင်အထည်ဖော်ရန်လည်း သဘောတူညီမှု ရရှိခဲ့သည်ဟု SCEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရ။ - ညောင်ဦးမြို့နယ်မှ နာမည်ဆိုးဖြင့် ကျော်ကြားနေသော ပျူခွေးခေါင်းဆောင် နောင်နောင်နှင့် နောက်လိုက် ၂ ဦးတို့ကို ယခုနှစ် မေလ ၁၀ ရက်နေ့ မနက်ပိုင်းက မြစ်ခြေမြို့တွင် ပစ်ခတ်ရှင်းလင်းဖမ်းဆီးခဲ့ကြောင်း၊ မြစ်ခြေမြို့ကို စစ်ကြောင်း၀င်ရောက်မှူနှင့် နယ်မြေစစ်ရေးတင်းမာမှုများကြောင့် ယခုအချိန်တွင်မှ ထုတ်ဖော်အသိပေးခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးအဖွဲ့များက ပျူခွေးခေါင်းဆောင် နောင်​နောင်ကို ဆက်သွယ်ပြီး အလင်းဝင်လိုသဖြင့် လာရောက်ခေါ်ဆောင်ရန် ဖြားယောင်းပြီး နောင်နောင်နှင့်အဖွဲ့က ဧရာဝတီမြစ်ကို ဖြတ်ကူးကာ မြစ်ခြေဘက်ကမ်းအနီးအရောက်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် ပျူခွေးခေါင်းဆောင် နောင်နောင် သေဆုံးပြီး ၎င်း၏ နောက်လိုက် ၂ကောင်ကို သေနတ် ၂လက်နှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့ပြင် မေလ ၃၁ ရက်နေ့က မြစ်ခြေမြို့ပေါ်တွင် စစ်ကြောင်းထိုး လူသတ်၊ နေအိမ်မီးရှို့ဖျက်ဆီးနေသော ဗိုလ်မှူး ညဏ်လင်းဦးဆောင်သည့် စစ်ခွေးစစ်ကြောင်းမှာ ပခုက္ကူ တပ်မ ၁၀၁ဘက်သို့ ပြန်လည်ဆုတ်ခွာချိန်တွင် တော်လှန်ရေးအဖွဲ့များ ထောင်ထားသော မိုင်းနင်းမိပြီး ဗိုလ်မှူးဉာဏ်လင်း အပါအ၀င် ၂ ကောင် သေဆုံးခဲ့သေးကြောင်း သိရ။ - ဩဂုတ်လ ၁၀ရက်နေ့ ညနေပိုင်းက ကျောက်ကြီးနယ် ဘုရားကြီးရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ကလေးငယ် ၄ဦးအပါအဝင် ၈ ဦး ဒဏ်ရာရ၊ နေအိမ် ၃လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၁၁ ရက်နေ့က စလင်း-စေတုတ္တရာလမ်းဘေးရှိ လယ်ယာများအတွင်း လူငယ်များ လယ်ယာလုပ်ငန်း လုပ်ကိုင်နေစဉ် စစ်တပ်က ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီး၊ လူငယ်များက ထွက်ပြေးကြရာ စစ်ခွေးများက သေနတ်ဖြင့် လိုက်လံပစ်ခတ်၊ စစ်ခွေးများ၏ အဆင်အခြင်မဲ့ ပစ်ခတ်မှုကြောင့် ဂွင့်ကျင်းရွာမှ အသက် ၂၃ နှစ်အရွယ် လူငယ် ၁ဦး ကျည်ထိမှန်သေဆုံး၊ ၎င်း၏ ရုပ်အလောင်းကို စစ်ခွေးများက သိမ်းယူသွားခဲ့ပြီး မိသားစုထံမှ ငွေကျပ် ၁၀ သိန်း တောင်းယူပြီးကာမှ ရုပ်အလောင်းကို ပြန်ပေးခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၉ ရက်နေ့ ညနေပိုင်းက ဘားအံမြို့ အမှတ် ၉ ရပ်ကွက်၊ ကားဝင်းကြီးလမ်းတွင် နေထိုင်သည့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို BGF တံဆိပ် တပ်ဆင်ထားသော လက်နက်ကိုင်အဖွဲ့တစ်ခုက ခိုးရာပါ ဆိုင်ကယ် ဝယ်ယူလက်ခံမှုနှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် ထိုနေ့ ညပိုင်းတွင် အဆိုပါအဖွဲ့က အမျိုးသမီး၏ ဖုန်းမှတစ်ဆင့် မိသားစုထံသို့ ဆက်သွယ်ပြီး ငွေကျပ် သိန်း ၃၀၀ ပေးရန် တောင်းဆိုခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ဘားအံမြို့မှ စစ်တပ်အပါအဝင် ပူးပေါင်းအဖွဲ့များက နောင်ဘိုကြီးရွာသို့ သွားရောက်စစ်ဆေးခဲ့ရာမှ  ဖမ်းဆီးခံထားရသော အမျိုးသမီးမှာ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် စစ်တပ်၏ ရတခ တိုင်းမှူးနှင့် ဒုတိုင်းမှူးတို့က ဘားအံမြို့အတွင်းသို့ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ လက်နက်ကိုင်ဆောင်ခြင်း၊ ယူနီဖောင်းဝတ်ဆင်၍ ဝင်ရောက်ခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရ။ - မြိုင်မြို့နယ်အတွင်း ရက်ပေါင်း ၅၀ ကြာ လှည့်လည်စစ်ကြောင်းထိုးနေသော စစ်တပ်စစ်ကြောင်းက ယမန်နေ့ မနက်ပိုင်းကလည်း ယာကြီးပြင်ရွာကို ၄ ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီး၊ အညာမြေတပ်ပေါင်းစု အဖွဲ့၏ မြေပြင်ကောက်ယူရရှိထားသော စာရင်းများအရ အဆိုပါ စစ်ခွေးစစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် စုစုပေါင်း ၃၃၂ လုံး မီးလောင်ပျက်စီးခဲ့ရပြီး ပြည်သူ ၂၉ ဦးကိုလည်း စစ်ခွေးများက သတ်ဖြတ်သွားကြောင်း၊ ထို ၂၉ ဦးမှာ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူများ မပါဝင်ကြောင်း၊ လက်ရှိတွင် အဆိုပါ စစ်ကြောင်းမှာ ယာကြီးပြင်၊ တောင်စုံနှင့် မှန်ရင်း စသည့်ကျေးရွာများတွင် တပ်စွဲလှုပ်ရှားနေပြီး အနီးဝန်းကျင်ရှိ ကျေးရွာ ၂၀ ခန့်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေကြရကြောင်း သိရ။ - ဩဂုတ်လ ၁၂ ရက်နေ့ မနက်အစောပိုင်းက ရွှေကူနယ် တော်လှန်ရွာရှိ ဝံသရာမ တော်လှန်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ သံဃာတော်များနှင့် လူသူထိခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်းဆောင်များ ထိခိုက်ပျက်စီးသွားကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

  • Daily Highlight 4 Aug 13 (11:30 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ကျောက်ထုနယ် ၃ကြိမ် - သပိတ်ကျင်းနယ် ၂ကြိမ် - စဉ့်ကူးနယ် ၃ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ဆောမြို့နယ် ၃ကြိမ် - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

  • Daily Highlight 2 Aug 13 (11:30 PM) - ယမန်နေ့ နေ့လယ်ပိုင်းက သရက်-မင်းတုန်းလမ်းပိုင်းကို နယ်မြေရှင်းလင်းရန် မင်းတုန်းမြို့မှ ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းကို သရက်နယ်၊ ပုဇဉ်းဒါးရွာအနီးတွင် တော်လှန်ရေးအဖွဲ့များက စောင့်ကြိုပြီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၊ စစ်ခွေး ၉ ကောင် သေဆုံးပြီး ကျန်စစ်ခွေးများမှာ အနီးရှိ ကျေးရွာများအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားကြကြောင်း သိရ။ - ဇူလိုင်လ နောက်ဆုံးပတ်မှစတင်ပြီး ရွှေလီမြစ်ရေ မြင့်တက်မှုကြောင့် ရေလွှမ်းမိုးမှုများ ကြုံတွေ့နေရသော မဘိမ်းမြို့ကို စစ်တပ်က လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၄ ဦး သေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရ၊ ဆေးရုံအဆောက်အအုံနှင့် နေအိမ် ၂၀ ကျော် ပျက်စီး၊ ဇူလိုင် ၂၈ ရက်နေ့က မဘိမ်းမြို့၊ ရပ်ကွက် ၂ နှင့် ရပ်ကွက် ၃ တို့ကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ အရပ်သား ၃ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီး၊ ဇူလိုင် ၃၀ ရက်နေ့က ဘဟဲရွာနှင့် ရပ်ကွက် ၃ တို့ကို လေကြောင်းမှ ထပ်မံဗုံးကြဲခဲ့သဖြင့် အရပ်သား ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၅ လုံးခန့် ပျက်စီး၊ ဩဂုတ်လ ၃ ရက်နေ့ ညပိုင်းက ရပ်ကွက် ၂ ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီး နေအိမ် ၃ လုံး ပျက်စီး၊လ ဩဂုတ် ၆ ရက်နေ့ ညပိုင်းကလည်း ရပ်ကွက် ၃ ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းက မြိုင်မြို့နယ် ဆူးဝင်းရွာအနီးကို စစ်တပ်က ဂျိုင်ရိုကော်ပတာများဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၃၉ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံး၊ အမျိုးသား ၃ ဦး ဒဏ်ရာရ၊ ဩဂုတ် ၉ ရက်နေ့ကလည်း ယာကြီးပြင်ရွာနှင့် မှန်ရင်းရွာတို့အနီးကို စစ်တပ်က လေကြောင်းမှ အကြိမ်ပေါင်းများစွာအကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ယမန်နေ့ ညနေပိုင်းကလည်း မှန်ရင်းရွာနှင့် ယာကြီးပြင်ရွာတို့မှ ထွက်လာသည့် စစ်တပ်ရှေ့ပြေးစစ်ကြောင်းများ တောင်စုံရွာသို့ ရောက်ရှိလာချိန်တွင် တောင်စုံရွာနှင့် အနီးတဝိုက်ကို Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသော ခင်ဦးနယ်အတွင်းရှိ ကွမ်းတိုင်းရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိသော်လည်း အိမ်မွေးနွား ၁ ကောင် ထိခိုက်ခဲ့ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

  • Daily Highlight 1 Aug 13 (11:30 PM) - အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူငယ်များမှာ ယနေ့အတွက် တော်လှန်ရေးအင်အားစုများအ​ဖြစ်သာမက မနက်ဖြန်၏ နိုင်ငံတည်ဆောက်သူများနှင့် ခေါင်းဆောင်များဖြစ်ကြသည်ဟု ခိုင်မာစွာယုံကြည်ကြောင်း၊ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အောင်မြင်စွာ တည်ဆောက်နိုင်ရေးသည် မျိုးဆက်သစ်လူငယ်များ၏ ဦးဆောင်မှု၊ အသိပညာ၊ အရည်အချင်း၊ တာဝန်ယူမှုနှင့် စည်းလုံးညီညွတ်မှုတို့အပေါ် များစွာ မူတည်လျက်ရှိကြောင်း၊ ထို့ကြောင့် လူငယ်များ၏ နိုင်ငံရေးဦးဆောင်မှုမြင့်မားရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူငယ်များအချင်းချင်း အပြန်အလှန် တွေ့ဆုံဆွေးနွေးနိုင်မည့် “လူငယ်ဖက်ဒရယ်စကားဝိုင်း“ အပါအဝင် လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်များကို ဆက်လက် အကောင်အထည်ဖော်လျက်ရှိပြီး နွေဦးတော်လှန်ရေးကြောင့် ထိခိုက်ခံစားခဲ့ရသော လူငယ်များ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်း များကိုလည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်တို့၏အသံသည် အနာဂတ်၏ အသံသာမက မြန်မာနိုင်ငံသစ်ကို ပုံဖော်တည်ဆောက်မည့် အသံလည်း ဖြစ်ကြောင်း၊ ယနေ့ လူငယ်များ၏ သတ္တိ၊ အသိပညာ၊ စည်းလုံးညီညွတ်မှုနှင့် ဦးဆောင်မှုတို့သည် မနက်ဖြန်ပေါ်ထွန်းလာမည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ ခိုင်မာသော အခြေခံအုတ်မြစ်ကြီးဖြစ်လာမည်ကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အခိုင်အမာ ယုံကြည်လက်ခံထားကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေးနှင့် သမိုင်းကြောင်းတလျှောက်တွင် လူငယ်များ၏ အခန်းကဏ္ဍမှာ အစဉ်အမြဲ ကြီးမားခဲ့ကြောင်း၊ ယနေ့ခေတ် လူငယ်များသည် လူ့အဖွဲ့အစည်း၏ အနာဂတ် မျှော်လင့်ချက်၊ နိုင်ငံတော်၏ ခွန်အားနှင့် အနာဂတ်၏ ခေါင်းဆောင်များ ဟူသော သမားရိုးကျ အယူအဆသက်သက်မှ ခွဲထွက်၍ အနာဂတ်ကို စောင့်မျှော်နေသူများ မဟုတ်တော့ဘဲ လက်ရှိပစ္စုပ္ပန်ကို ကိုယ်တိုင်ကိုယ်ကျ ပုံဖော်ဖန်တီး တည်ဆောက်နေကြသူများဖြစ်သည်ကို မြန်မာ့နွေဦးတော်လှန်ရေးက သက်သေပြလျက်ရှိ ကြောင်း၊ ယနေ့ ဆင်နွှဲလျက်ရှိသော ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများ ထွန်းကားရေးအတွက် မိမိတို့၏ အသက်၊ သွေး၊ ချွေး၊ ခွန်အားနှင့် ဉာဏ်ပညာတို့ကို စတေး၍ ကျရာကဏ္ဍမှ စွမ်းစွမ်းတမံ ပါဝင်နေကြသော လူငယ်များသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် အရေးပါဆုံးသော အဓိကမောင်းနှင်အားများပင် ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူငယ်များ၏ အိပ်မက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးကို ဦးတည်ကြိုးပမ်းလျက်ရှိရာတွင် လူငယ်များ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်နှင့် စွမ်းဆောင်ရည်များကို အလေးထား မြှင့်တင်ပေးရန်မှာ အဓိကကျ သည်ဟု ခိုင်မာစွာခံယူထားကြောင်း၊ ထို့ကြောင့် တော်လှန်ရေးကာလအတွင်းနှင့် တော်လှန်ရေး အလွန်ကာလများတွင် လူငယ်များ၏ ဘဝများ အဘက်ဘက်မှ နာလန်ထူလာစေရန်နှင့် စွမ်းဆောင်ရည်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “လူငယ်ပြန်လည်ထူထောင်ရေးမူဝါဒ” ကို စနစ်တကျ ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိကြောင်း စသဖြင့် ယမန်နေ့က ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ပေးပို့ သော သဝဏ်လွှာတွင် NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့၏ အသီသီးစီပေးပို့သော သဝဏ်လွှာများတွင် ဖော်ပြထား။ - ဩဂုတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှစတင်ပြီး မိုးမိတ်နယ်၊ ညောင်နီရွာရှိ ရွှေမြင်တင်ဘုရားတောင်ကုန်းအနီးတွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား၊ တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ပစ်ကူပေးခဲ့ကြောင်း၊ စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ညောင်နီရွာ ဘုန်းကြီးကျောင်းမှ သံဃာ ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရ။ - ဩဂုတ်လ ၉ ရက်နေ့က ပုလောနယ်အတွင်း ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို KNDO အပါအဝင် တော်လှန်ရေးအဖွဲ့များက ခုခံတိုက်ခိုက်၊ တိုက်ပွဲအတွင်း KNU တပ်မဟာ ၄၊ KNDO တပ်ရင်း ၇၊ တပ်ခွဲ ၂ မှ ရဲဘော် ၁ဦး ကျဆုံးခဲ့ရကြောင်း၊ လက်ရှိအချိန်ထိ စစ်တပ်က ပုလောနယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေသဖြင့် စစ်ရေးတင်မာမှုများ ရှိနေဆဲဖြစ်ကြောင်း သိရ။ - ယမန်နေ့ ညပိုင်းက ဂွမြို့နယ် ကိုင်းခုံရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိသော်လည်း နေအိမ် ၇ လုံး ထိခိုက်ပျက်စီး၊ ဩဂုတ်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းကလည်း သံတွဲနယ်၊ ကျောက်ကြီးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွင်လည်း ထပ်တိုးသေဆုံးဒဏ်ရာရမှုများရှိပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦး၊ ဒဏ်ရာရသူ ၁၈ ဦးအထိ ရှိလာ၊ ထို့ပြင် ယမန်နေ့ ညပိုင်းကလည်း ပလက်ဝနယ်၊ ဆမီးမြို့ကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ဆမီးမြို့ ရပ်ကွက် ၂ အတွင်း ကျရောက်ပေါက်ကွဲပြီး ၁၆ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံး၊ ၁၀ နှစ်ကျော်အရွယ် ကလေးငယ်များအပါအဝင် ပြည်သူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းက လွိုင်ကော်မြို့ အရှေ့ဘက်ရှိ စစ်ရှောင်စခန်းကို စစ်တပ်က အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ စစ်ရှောင်အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ဦး၊ စုစုပေါင်း ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ဦး ဒဏ်ရာရ၊ ဩဂုတ်လ ၈ ရက်နေ့ကလည်း ဒီမောဆိုနယ်အနောက်ခြမ်းကို စစ်တပ်က လေကြောင်း​မှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသား ၁ ဦး သေဆုံး၊ ထို့ပြင် ဩဂုတ်လ ၄ ရက်နေ့ ညပိုင်းကလည်း ဖရူဆိုနယ် ဒေါကူလယ်ရွာကို စစ်တပ်က ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ၆ လအရွယ် ကလေးငယ်အပါအ၀င် စစ်ရှောင်မိသားစု ၅ ဦး သေဆုံးခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် အမျိုးသားကို အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွား၊ ထို့နောက် ထိုနေ့ ညပိုင်းတွင် ပြန်ပေးဆွဲသူများက ၎င်း၏မိသားစုထံ ဆက်သွယ်ပြီး ပြန်ပေးငွေ သိန်း ၄,၅၀၀ နှင့် ရွှေ ၆၀ ကျပ်သား ပေးရမည်ဟု တောင်းခဲ့ကြောင်း၊ ဩဂုတ်လ ၇ ရက်နေ့တွင် ပြန်ပေးတရားခံများကို ဖမ်းဆီးနိုင်ခဲ့ရာ တရားခံ ၉ ဦးအနက် ၂ ဦးမှာ နယ်မြေခံရဲခွေးများဖြစ်ကြောင်း၊ ၎င်းတို့ကို စုံခုံဖွဲ့ပြီး ရဲစည်းကမ်း၊ ရဲတရားရုံးတွင် အရေးယူမည်ဖြစ်ပြီး အရပ်ဘက်တရားရုံးတွင်လည်း ထပ်မံအရေးယူသွားမည်ဖြစ်ကြောင်း သိရ။ - ​ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းက ရွှေဘိုနယ် ကော့ရွာမှ အုပ်ကြီး ကြည်ဝင်းဆိုသူကို သားမက်ဖြစ်သူက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား၊ ဇွန်လအတွင်းက ကျောက်မြောင်းမှ ရွှေဘိုဘက်သို့ ချီတက်လာသော စစ်တပ်စစ်ကြောင်းကို ကြည်ဝင်းက ကော့ရွာစာသင်ကျောင်းအတွင်း ကြိုဆိုဧည့်ခံနေချိန်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ကြည်ဝင်း၏ သမီးဖြစ်သူ သေဆုံးခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကြည်ဝင်နှင့် သားမက်ဖြစ်သူတို့ အကြီးအကျယ် စကားများခဲ့ကြပြီးနောက် ယခုကဲ့သို့ ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ ကြည်ဝင်းမှာ အာဏာသိမ်းကာလတလျောက်လုံး စစ်တပ်ဘက်မှရပ်တည်ကာ လက်နက်ကိုင်ဆောင်ပြီး ပျူခွေးခေါင်းဆောင်အဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရ။ - ၂၀၂၄ ခုနှစ် အထက်လွှတ်တော် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲမသမာမှုများ ရှိသည်ဆိုသော စုံစမ်းစစ်ဆေးမှု၊ ဒေသန္တရအုပ်ချုပ်ရေးဝန်ထမ်း ခန့်အပ်ရေးစာမေးပွဲ အရှုပ်တော်ပုံ၊ TH-AI Passport စီမံကိန်းနှင့် ဘတ် ၄၀၀ ဘီလီယံ အရေးပေါ်ချေးငွေ အသုံးပြုမှု စသည့်ကိစ္စများနှင့် စပ်လျဉ်းပြီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင် ဖိတ်ကြားကြိုဆိုခဲ့သော ထိုင်းဝန်ကြီးချုပ် အနုတင်ကို အတိုက်အခံများက လွှတ်တော်အတွင်း အယုံအကြည်မရှိအဆို တင်သွင်းရန် စီစဉ်နေ၊ အနုတင်က အဆိုပါကိစ္စအပေါ် သက်တောင့်သက်သာပုံစံ တုံ့ပြန်နေသော်လည်း ငွေကြေးအရှုပ်တော်ပုံ၊ လာဘ်ပေးလာဘ်ယူကိစ္စများ ပါဝင်နေပြီး ထိုင်းအစိုးရအပေါ် နိုင်ငံရေးဖိအားများ မြင့်တက်လာနေကြောင်း သိရ။ (မအလ ဂြိုဟ်မွှေသွားပြန်ပြီ 😂) - မြန်မာစစ်တပ်က အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ ဥပဒေနှင့်မညီဘဲ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပုံစံတစ်ရပ်ဖြင့် ကျူးလွန်နေကြောင်း၊ ဇန်နဝါရီလတွင် ကျင်းပပြီးစီးခဲ့သော အတုအယောင် ရွေးကောက်ပွဲမတိုင်မီကာလအတွင်း အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားရာဇဝတ်မှုများကို မြန်မာစစ်တပ်က တိုးမြှင့်ကျူးလွန်လာခဲ့ပြီး ထိုသို့တိုက်ခိုက်မှုများမှာ ယနေ့အချိန်အထိ လျော့နည်းသွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်အကြား ကာလအပိုင်းအခြားမှ ဖြစ်စဉ်များကို တင်ပြထားသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား - IIMM ၏ အစီရင်ခံစာတွင် စစ်တပ်၏ ပိုမိုများပြားလာသော လေကြောင်းတိုက်ခိုက်မှုများ၊ ရွေးကောက်ပွဲကိုနှောင့်ယှက်ခြင်းမှ အကာအကွယ်ပေးရေးဥပဒေ ဟုဆိုကာ လူမှုကွန်ယက်တွင် မှတ်ချက်ရေးရုံမျှဖြင့် မတရားဖမ်းဆီးပြီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်းကဲ့သို့ ဥပဒေမဲ့ အနိုင်ကျင့်ဖမ်းဆီးမှုများကို သက်သေအထောက်အထားများနှင့်တကွ ဖော်ပြထားပြီး အခြား လက်နက်ကိုင်အဖွဲ့များက ကျူးလွန်ခဲ့သည်ဆိုသော အကြမ်းဖက်မှုဖြစ်စဉ်အချို့ကိုလည်း ဖော်ပြထားကြောင်း သိရ။ - ဩဂုတ်လ ၁၁ ရက်နေ့က စလင်းနယ် အမှူးရွာ၊ ကျပင်းရွာနှင့် ကံတော်ရွာတို့ကို စစ်တပ်က ဂျက်ဖိုက်တာ ၄စီးဖြင့် လေကြောင်းမှ အကြိမ်ပေါင်းများစွာ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၅ ဦးထက်မနည်း ဒဏ်ရာရပြီး နေအိမ်များလည်း ထိခိုက်ပျက်စီး၊ ဩဂုတ်လ ၁၀ ရက်နေ့ကလည်း စလင်းနယ် တောင်ဘိုရွာနှင့် ဇီးဖြူပင်ရွာတို့ကို စစ်တပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ တောင်ဘိုရွာမှ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရ၊ နေအိမ် ၃ လုံး ပျက်စီးပြီး အိမ်မွေးနွား ၂ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

  • 12 авг.4365из Thadinsubue

    Daily Highlight 1 Aug 12 (11:55 PM)        ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ဝက်လက်နယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - မဘိမ်း/ရွှေကူနယ်အစပ် ၂ကြိမ် - ငဖဲနယ် ၁ကြိမ် - မြဝတီနယ် ၄ကြိမ် - မိုးမိတ်နယ် ၃ကြိမ် - မုံရွာနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ကန်ပက်လက်နယ် ၁ကြိမ် - ဗန်းမော်နယ် ၁ကြိမ် - ရွှေကူနယ် ၂ကြိမ် - မြိုင်မြို့နယ် ၁ကြိမ် - စဉ့်ကူးနယ် ၄ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ဆောမြို့နယ် ၁ကြိမ် - ဂွမြို့နယ် ၁ကြိမ် - ကန့်ဘလူနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ပလက်ဝနယ် ၂ကြိမ် - ဖာပွန်နယ် ၁ကြိမ် - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

  • 12 авг.3802из Thadinsubue

    Daily Highlight 1 Aug 11 (11:00 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ပလက်ဝနယ် ၁ကြိမ် - ငဖဲနယ် ၁ကြိမ် - ဖာပွန်နယ် ၂ကြိမ် - တမူးနယ် ၄ကြိမ် - စလင်းနယ် ၄ကြိမ် - ဖောင်းပြင်နယ် ၁ကြိမ် - ခင်ဦးနယ် ၁ကြိမ် - မိုးမိတ်နယ် ၂ကြိမ် - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

  • без подписи

  • без подписи

  • без подписи

  • ဒီပဲယင်းတွင် ရေကြီးမှုကြောင့် ကျိုးတော့မည့် ဆည် မြောင်းမူးဘောင်များကို ပကဖ အဖွဲ့များက စက် ယန္တရားဖြင့် မြေဖို့ပြုပြင် ဧရာဝတီတိုင်းမ် သြဂုတ် ၁၀ ရက် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ကျိုးခါနီးဖြစ်နေသည့် ဆည် မြောင်းမူးဘောင်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ တိုက်နယ်နှင့် ရပ်ကျေး ပကဖတို့ ပူးပေါင်း၍ စက်ယန္တရားကြီးများဖြင့် မြေဖို့ပြုပြင်ပေးလျက် ရှိသည်။ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများတွင် မိုးသည်း ထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့သဖြင့် သဖန်းဆိပ်ဆည် ရေပိုလွှဲများမှ ရေလွှတ်ချခဲ့ရမှုကြောင့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းမူးဘောင်များ ကျိုး ပေါက်မှု မရှိစေရန် ပကဖ အဖွဲ့များက အရေးပေါ် ဝင်ရောက်ပြုပြင်ပေးနေခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဆောင်ရွက်ချက်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ တာဝန် လေး ရပ်အနက် တိုက်ခိုက်ရေးတာဝန်များအပြင် ပြည်သူလူထုအား ဝန်ဆောင်မှုပေးသည့် လုပ်ငန်းစဉ်များနှင့်အညီ ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်ဆိပ်ဆည်ရေလွှတ်ချလို့ မြင်းမူမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့က ကျေးရွာပေါင်း ၁၄ ရွာက ရေဘေးသင့် နေကြောင်း မြင်းမူမြို့နယ် ပကဖ ထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ် ၃ ရက်နေ့မှစ၍ ကန့်ဘလူမြို့နယ် အထက်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့ရာ မတ်လအတွင်းက စစ်ကြောင်းထိုး သိမ်းပိုက်ထားသည့် သဖန်းဆိပ်ဆည်၌ တပ်စွဲထားသော စစ်တပ်က ဩဂုတ်လ ၆ ရက်နေ့တွင် ရေထိန်းတံခါးနှင့် ရေပိုလွှဲမှ ရေများကို ရုတ်တရက် လွှတ်ချခဲ့ခြင်း ဖြစ်သည်။ #Ayeyarwaddy_Times SSNTIMES

  • 10 авг.47021из Thadinsubue

    Daily Highlight 3 Aug 10 (11:30 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ရွှေကူနယ် ၁ကြိမ် - ဝက်လက်နယ် ၃ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ကသာနယ် ၃ကြိမ် - စလင်းနယ် ၁ကြိမ် - ဆိပ်ဖြူနယ် ၃ကြိမ် - သံတွဲနယ် ၃ကြိမ် - မြိုင်မြို့နယ် ၁ကြိမ် - မြဝတီနယ် ၁ကြိမ် - ကျောက်ထုနယ် ၂ကြိမ် - ဖောင်းပြင်နယ် ၃ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - ကျောက်ကြီးနယ် ၁ကြိမ် - ငဖဲနယ် ၁ကြိမ် - ချောင်းဦးနယ် ၄ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - နွားထိုးကြီးနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ဖာပွန်နယ် ၂ကြိမ် - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

  • 10 авг.348из Thadinsubue

    Daily Highlight 2 Aug 10 (11:00 PM) 🔴 မြန်မာနိုင်ငံ နေရာအသီးသီးရှိ ရေဘေးအန္တရာယ်အကြောင်း သတင်းများ။ - စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ အရာတော်၊ ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ မြင်းမူနှင့် ဒီပဲယင်းမြို့နယ်များတွင် မကြာသေးမီက ရေကြီးရေလျှံမှုများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စိုက်ပျိုးမြေအမြောက်အများ ရေနစ်မြုပ်ခဲ့ကာ ကျေးရွာများစွာမှ ပြည်သူများ အရေးပေါ်ထောက်ပံ့ကူညီမှုများ လိုအပ်နေကြောင်း၊ အဆိုပါ ရေဘေးအရေးပေါ်အခြေအနေအပါအဝင် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း ဖြစ်ပေါ်နေသည့် ဘေးအန္တရာယ်များကို ထိရောက်စွာ တုံ့ပြန်နိုင်ရေး၊ လိုအပ်ချက်အပေါ် အခြေခံ၍ အကူအညီများကို မျှတစွာဖြန့်ဝေနိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့် ဒေသခံလူမှုကူညီရေး၊ ကျန်းမာရေး၊ ပညာရေး၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေးတို့အတွက် ဩဂုတ် ၈ ရက်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ အစည်းအဝေးအပြီးတွင် NUG ၏ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ၏ လူသားချင်းစာနာကူညီရေး၊ ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee-JERC) ကို စတင်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြောင်း၊ JERC အနေဖြင့် မြို့နယ်အဆင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးနှင့် ၎င်းတို့၏ လုပ်ငန်းများကို ပြည်ထောင်စုနှင့် ဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးဌာနများက ပေါင်းစပ်ညှိနှိုင်း ကြီးကြပ်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မြို့နယ်အဆင့် လုပ်ငန်းအဖွဲ့များထံမှ ရရှိလာသည့် Rapid Assessment စာရင်းများကို စုစည်းပြီး ထိခိုက်ဆုံးရှုံးမှုနှင့် လိုအပ်ချက်များအပေါ် အခြေခံကာ ဦးစားပေးအဆင့်များ ခွဲခြားသတ်မှတ်၍ လိုအပ်သည့် မူဝါဒဆိုင်ရာ လမ်းညွှန်ချက်များ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရ။ - ခင်ဦးမြို့နယ်တွင် ဩဂုတ်လ ၇ ရက်နေ့ မနက်အစောပိုင်းမှစတင်၍ မူးမြစ်ရေ စတင်ဝင်ရောက်ခဲ့ပြီး အချို့ကျေးရွာများတွင် ရေပြန်ကျသွားသော်လည်း ယနေ့ နေ့လယ်ပိုင်းအထိ ကျွန်းတောကြီး၊ ယာတော်၊ ကားဆိပ်၊ ရွာသစ်၊ အင်းပတ်၊ မူးသာ၊ ဇီးတော၊ လက်ပံကွက်၊ သက်ပေးနှင့် တာတိုင် စသည့်ကျေးရွာများတွင် ရေမကျသေးဘဲ နေအိမ်များသို့ ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးကြောင်း၊ မူးမြစ်ကမ်းဘေးနှင့် နီးကပ်သည့် ရွာများ၊ မြေနိမ့်ပိုင်းရွာများတွင် ရေဝင်ရောက်မှု မလျော့သေးကြောင်း၊ ခင်ဦးနယ်အတွင်း ပြည်သူ ၁ဦး ရေစီးနှင့်မျောပါပြီး သေဆုံးခဲ့ကြောင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ရုံးသာ၊ သပြေသာ၊ ဝဲကြီး၊ ကုန်းကြီး၊ ချောင်းပေါက်၊ နများ၊ မူးရိုးကုန်း၊ ပေါက်ရင်း၊ လက်ဆည်၊ မစိုးရိမ်၊ ကြူတော၊ မူးသစ်၊ လက်လှုပ် (တ)၊ အုဌ်ဆည်၊ မူးကမ်းဆူးတပ်၊ လက်လှုပ် (မ)၊ မြကန်သာ၊ ဆင်ကျွန်၊ သစ်ဆိမ့်၊ ချောင်းမီးတိုနှင့် ကျွဲတိုးခြုံ စသည့် ကျေးရွာ စုစုပေါင်း ၂၁ ရွာမှ အိမ်ထောင်စု ၅,၀၆၄ စု၊ လူဦးရေ ၂၅,၆၂၄ ဦး (ကျား ၁၁,၃၀၁ ဦး၊ မ ၁၄,၃၂၃ ဦး) ရေဘေးဒဏ် ခံစားနေရကြောင်း၊ ရေဘေးကြောင့် ချောင်းရိုးရွာတွင် ၆ ဦးနှင့် ကြူတောရွာတွင် ၁ ဦး၊ စုစုပေါင်း အမျိုးသမီး ၇ ဦးလည်း ရေနစ်သေဆုံးခဲ့ကြောင်း၊ ဆည်မြောင်းနှင့် မူးဘောင်များ ကျိုးပေါက်မှုမရှိစေရန်အတွက် ဒီပဲယင်းမြို့နယ် ပကဖ၊ တိုက်နယ်နှင့် ရပ်ကျေး ပကဖ အဖွဲ့များ ပူးပေါင်း၍ စက်ယန္တရားကြီးများဖြင့် မြေဖို့ပြုပြင်ပေးလျက် ရှိကြောင်း၊ ရွှေဘိုမြို့နယ်တွင်လည်း ကြောင်ရှာတော၊ ရေကြည်ဝ၊ ထူးကြီး၊ တည်ပင်၊ သန်းတော၊ သံပုရာခြံ၊ မအူပင်၊ ရုံးတော၊ ညောင်ကိုင်း၊ ညောင်ပင်လှ၊ သောင်ထွဋ်ကိုင်း၊ ကူတိုးဆိပ်၊ ရေတော်မူ၊ ဝန်းစည်၊ သပွတ္တော၊ မင်းပေးနှင့် တညင်းကုန်း စသည့် ကျေးရွာ ၁၇ ရွာမှ အိမ်ထောင်စု ၄,၇၇၈ စု၊ လူဦးရေ ၁၉,၅၉၃ ဦး ရေဘေးသင့်နေပြီး စိုက်ပျိုးမြေများ၊ စက်ပစ္စည်းများနှင့် ကျွဲ၊ နွား စသည့် မွေးမြူရေးသတ္တဝါများ ဆုံးရှုံးခဲ့ကာ အရေးပေါ် အကူအညီများစွာ လိုအပ်လျက်ရှိကြောင်း၊ ရေဦးမြို့နယ်တွင်လည်း ဩဂုတ်လ ၆ ရက်နေ့မှစတင်၍ ကျေးရွာပေါင်း ၄၀ ထက်မနည်း ရေဝင်နစ်မြုပ်နေပြီး ရေနစ်သေဆုံးသူ အမျိုးသား ၁ ဦး ရှိကြောင်း၊ လက်ရှိတွင် အဆိုပါဒေသများသည် စစ်ဘေးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အိမ်ခြေနှင့် အခြေခံအဆောက်အအုံများ ဆုံးရှုံးထားရသည့်အပြင် ယခုအခါ ရေဘေးဒဏ်ပါ ထပ်မံကြုံတွေ့နေရသဖြင့် အရေးပေါ်ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးအကူအညီများ အရေးပေါ်လိုအပ်လျက်ရှိပြီး လှူဒါန်းသူ အလွန်နည်းပါးနေကြောင်း သိရ။ - ဩဂုတ်လ ၇ ရက်နေ့မှစတင်ပြီး ဝက်လက်နယ်အနောက်ခြမ်း မူးမြစ်ကမ်းဘေးရှိ ကျေးရွာများအတွင်းသို့ ရေများစတင်ဝင်ရောက်လျက်ရှိပြီး စွယ်ကွေ့၊ မူးကြိုး ၊ ဥယျာဉ်သာ ၊ တည်တော ၊ သမရိုး ၊ ကိုင်း ၊ နဘဲလှ ၊ ရွှေအိုးရ ၊ မင်းကန် ၊ သရက်ချို ၊ ကျောက်ကုံး ၊ ဥယျာဉ်သာ (မ) ၊ မြင်းသီ ၊ ကျောက်တိုင် နှင့် မူးကမ်းလေးရွာတို့မှ ပြည်သူများ ရေဘေးကြုံတွေ့နေရကြောင်း၊ အဆိုပါကျေးရွာပြည်သူများအတွက် အရေးပေါ် အကူအညီများစွာ လိုအပ်လျက်ရှိကြောင်း၊ ထိုသို့ ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် အကြမ်းဖက်စစ်တပ်က ဝက်လက််နယ် ရေလယ်ဘုရားအနီးကို ယနေ့ နေ့လယ်ပိုင်းတွင် အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ လူသူထိခိုက်မှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရ။ - ယမန်နေ့ မနက်ပိုင်းမှစတင်ကာ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့အနီးတွင် ဒုဌဝတီမြစ်ရေ မြင့်တက်လာပြီး မြစ်ငယ်မြို့နှင့် အနီးဝန်းကျင်ကျေးရွာများတွင် ရေ စတင်ဝင်ရောက်လာနေကြောင်း၊ မြစ်ငယ်မြို့နှင့် အနီးဝန်းကျင်ရှိ ဥယျာဉ်တော်ရွာ၊ လိပ်ဆံခွန်ရွာ၊ ညောင်ပင်ရွာ နှင့် ညောင်ပင်ဆောက်ရွာတို့တွင် ရေဝင်နေကြောင်း၊ မန္တလေးမြို့တွင်လည်း ‌‌ဧရာဝတီမြစ်ရေ တက်ဆဲဖြစ်ပြီး မြစ်ရေအမှတ် ၁၁၉၆ကို ရောက်နေကာ မန္တလေးမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၂၆၀ဖြစ်ကြောင်း၊ သို့ဖြစ်၍ မန္တလေးမြို့တွင်လည်း စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် ၁၂ စင်တီမီတာသာ လိုတော့ကြောင်း သိရ။ - ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ္မတူ၊ နမ့်ခမ်းနှင့် မိုင်းလုံနယ်တို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ပြည်သူများ၏ စိုက်ပျိုးသီးနှံများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ နမ္မတူနယ်တွင် ပြည်သူပိုင် လယ်ယာနှင့် ပြောင်းဖူးခင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး နမ္မတူနှင့် မိုင်းဘော်ကို ဆက်သွယ်ထားသည့် နမ့်ရီးတံတားလည်း ရေနစ်မြှုပ်သွားခဲ့ကြောင်း၊ နမ္မတူ-မန်တုံလမ်းနှင့် မန်တုံ-မိုးမိတ်လမ်းတို့လည်း ပျက်စီးသွား​ကြောင်း၊ နမ့်ခမ်းနယ်တွင်လည်း ရွှေလီမြစ်ရေ မြင့်တက်မှုကြောင့် ဖရဲခင်း ကြံခင်းများအပါအဝင် စိုက်ပျိုးမြေအများအပြား ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် နမ္မတူမြို့မှ မန်တုံမြို့သို့ လျှပ်စစ်ဓာတ်အား ပို့ဆောင်ပေးသော ၃၃ ကေဗီ ဓာတ်တိုင်တစ်တိုင် မိုးကြီးရေလျှံကာ ချောင်းရေတိုက်စားသဖြင့် လဲကျပျက်စီးသွားခဲ့ကြောင်း၊ သြဂုတ်လ ၅ရက်နေ့ ညနေပိုင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန်တုံနယ်၊ နမ့်ခုံကျေးရွာကို လျှပ်စစ်ဖြန့်ဖြူးပေး‌နေသည် ဓာတ်တိုင်များပေါ်သို့ သစ်ပင်များ လဲကျခဲ့သေးကြောင်း သိရ။ - စစ်ကိုင်းယူနစ်အတွင်း ရေကြီးရေလျှံမှုများ ဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိရာ ဩဂုတ်လ ၉ ရက်နေ့အထိ စာရင်းများအရ အိမ်ထောင်စုပေါင်း ၅၁,၀၂၈ စု၊ လူဦးရေ ၂၂၃,၇၆၁ ဦးခန့် ရေဘေးဒဏ် ကြုံတွေ့နေရကြောင်း၊ ရေကြီးမှုကြောင့် ဒေသတွင်း နေအိမ်များ နစ်မြုပ်ခြင်း၊ စိုက်ပျိုးမြေဧက ထောင်ပေါင်းများစွာ ရေလွှမ်းမိုးခံရခြင်းနှင့် ချောင်းကူးတံတားများ ပျက်စီးခြင်းစသည့် သီးနှံနှင့် အခြေခံအဆောက်အအုံ ဆုံးရှုံးမှုများလည်း ပြင်းထန်စွာ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ရေဘေးသင့်နေသော ကျေးရွာ ၉ ရွာအတွက် လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့က အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရန် ကနဦး ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ အပါအဝင် စားနပ်ရိက္ခာနှင့် အမိုးအကာများကို သွားရောက်ပေးအပ်ခဲ့ကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများက ရေဘေးသင့် စစ်ဘေးရှောင် ပြည်သူများအတွက် ယာယီနေရာချထားပေးခြင်းနှင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်ပေးနေသော်လည်း အရေးပေါ် ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများစွာ ဆက်လက်လိုအပ်နေသဖြင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြရန် မေတ္တာရပ်ခံကြောင်း NUG အစိုးရက ယနေ့ထုတ်ပြန်လိုက်သည်ဟု သိရ။ #Thadinsubue Crd to original uploader with respect

  • 10 авг.4111из Thadinsubue

    Daily Highlight 1 Aug 10 (11:00 PM) - ယနေ့ နေ့လယ်ပိုင်းက သံတွဲနယ်၊ ကျောက်ကြီးရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ကျောက်ကြီးရွာ ဓမ္မရောင်ခြည်ဘုန်းကြီးကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁၀ ဦး အထက် အစုလိုက်အပြုံလိုက် ထပ်မံသေဆုံး၊ ၈ ဦး ဒဏ်ရာရ၊ ထို့ပြင် ပြည်သူ ၂ ဦးလည်း ပျောက်ဆုံးနေကြောင်း၊ နေအိမ် အလုံး ၂၀ ကျော်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း အာရက္ခတပ်တော် AA က ကနဦးသတင်း ထုတ်ပြန်ထားကြောင်း သိရ။ - ဩဂုတ်လ ၈ ရက်နေ့ မနက်အစောပိုင်းက ထိုင်းနိုင်ငံ၊ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲထော့စစ်ဆေးရေးဂိတ်တွင် ဒရုန်းနှင့် ဆက်စပ်ပစ္စည်း ၂၄ မျိုး သိမ်းဆည်းရရှိခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့က အဆိုပါပစ္စည်းများကို သိမ်းဆည်းကာ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် မဲထော့ရဲစခန်း စုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းပေးအပ်ထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားကြောင်း သိရ။ - ယမန်နေ့က ဖားကန့်နယ်၊ နောင်းမီရွာကို စစ်တပ်လက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်ခွေးများ ရောက်ရှိလာပြီး အမျိုးသား ၄ဦးကို နေအိမ်များအတွင်း အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးပြီး ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း၊ အဆိုပါဖြစ်စဉ်မတိုင်မီ ဩဂုတ်လ ၈ ရက်နေ့ ညနေပိုင်းက တနိုင်းနယ်၊ ရှဒူးဇွပ်ရွာတွင် ဖွင့်လှစ်ထားသည့် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့၏ စစ်သင်တန်းဆင်းပွဲကို KIA အဖွဲ့က ဒရုန်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သူ့ပြည်ခွေး ၅ ကောင် သေဆုံးပြီး ၁၀ ကောင်ထက်မနည်း ဒဏ်ရာများရရှိခဲ့ကြောင်း သိရ။ - ပြည်သူ့အာဏာ ပြန်လည်ရရှိရေးနှင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ပြည်သူများထံသို့ အာဏာပြန်လည်ရောက်ရှိရေးနှင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ ရရှိနိုင်ရန်အတွက် နိုင်ငံအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများအားလုံး တန်းတူညီမျှသော ရည်မှန်းချက်များကို ဆုပ်ကိုင်ထားရန် လိုအပ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံကြီးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ခံအားပေးမှုများ ရရှိရန်လိုအပ်သကဲ့သို့ လက်ရှိတော်လှန်ရေးလုပ်ငန်းစဉ်များကိုလည်း အဆင့်ဆင့်တိုးမြှင့်ကာ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုရည်မှန်းချက်များအတွက် ကာလရှည် လက်နက်ကိုင်တော်လှန်ရေး ဆောင်ရွက်နေသည့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့များသာမက NUG ၊ CRPH တို့နှင့်ပါ ပူးပေါင်းပြီး နိုင်ငံတကာနိုင်ငံရေးစင်မြင့်တွင် တရားဝင်ရပ်တည်နိုင်ရေးအတွက် စီမံကိန်းများချမှတ်ပြီး ပူးပေါင်းဆောင်ရွက်နေကြောင်း၊ တစ်ဖက်တွင်လည်း မြန်မာအကြမ်းဖက်စစ်တပ် အနေဖြင့် နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရန် ဆုံးဖြတ်သင့်ကြောင်း၊ မိမိတို့၏ လုပ်ဆောင်ချက်များမှာ မှန်ကန်သည်ဟု ယူဆနေသော်လည်း ပြည်သူအများစုက လက်မခံပါက ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ရန်လိုအပ်သည်များကို အချိန်မနှောင်းမီ ပြင်ဆင်ရန် တိုက်တွန်းကြောင်း၊ ထို့ပြင် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် ပြည်သူများကို ဒိုင်းကာအဖြစ် အသုံးပြုခြင်းများကို ရှောင်ရှားရန်၊ လူတိုင်း၏ အသက်ကို တန်ဖိုးထားရန်နှင့် စစ်ပွဲများဆင်နွှဲရာတွင် လိုက်နာရမည့် နိုင်ငံတကာစစ်ပွဲဆိုင်ရာ ဥပဒေများကို တိကျစွာ လိုက်နာရန် စကစ ကို သတိပေးလိုကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့တွင် ကျရောက်သည့် ၅၁ နှစ်မြောက် ကချင်အာဇာနည်နေ့အထိမ်း အမှတ်အဖြစ် ပေးပို့သောသဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၅ရက်နေ့မှ ဩဂုတ်လ ၉ရက်မနက်ပိုင်းအထိ သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ခွေးများ ထိခိုက်သေဆုံးမှု များပြား၊ အဆိုပါရက်များအတွင်း စစ်တပ်က သာပေါင်းကလေးရွာနှင့် အနီးတဝိုက်ကို လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရ။ - ဇူလိုင်လ နောက်ဆုံးအပတ်က အင်းတော်မြို့နှင့် ကသာမြို့အကြားရှိ စစ်ရေးအရ အရေးပါသော ပင်းမလွတ်လမ်းခွစခန်းကို KIA ဦးဆောင်သော ပူးပေါင်းတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်၊ စစ်ခွေး ၃၀ ကျော် ထိခိုက်သေဆုံးမှုရှိပြီး လက်နက်မျိုးစုံ ၅၀ ခန့်နှင့် ခဲယမ်းဗုံးသီး အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရ။ - ယနေ့ နေ့လယ်ပိုင်းက ချောင်းဦးနယ် မင်းခေါင်ရွာကို စစ်တပ်က ဂျိုင်ရိုကော်ပတာများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့​ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက စစ်တပ်နယ်မြေ နေပြည်တော် တပ်ကုန်းနယ်အတွင်း စစ်ကြောင်း ၂ကြောင်းခွဲကာ ဝင်ရောက်လာသော စစ်ခွေးများကို တော်လှန်ရေးအဖွဲ့များက ချောင်းဆုံရွာနှင့် ကန်နှစ်ဆင့်ရွာကြားတွင် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်၊ စစ်ခွေး ၆ ကောင် သေဆုံးပြီး ၈ ကောင်ထက်မနည်း ဒဏ်ရာရ၊ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ခွေးများက မောင်းခွက်ရွာမှ ပြည်သူပိုင် နွားလှည်းများကို သိမ်းယူပြီး ပြည်သူအချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ခွေးသေခွေးနာများကို ကောက်ယူပြီး အမြန်လမ်းဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက သရက်နယ်၊ ရေမျက်ရဲစခန်းမှ သရက်-မင်းတုန်းလမ်းပိုင်းပေါ်သို့ လမ်းသွားလမ်းလာများထံမှ ငွေကြေးတောင်းရမ်းစားသောက်ရန် ထွက်ခွာလာသော စစ်ခွေး ရဲခွေး ပျူခွေး သူတောင်းစားများကို တော်လှန်ရေးအဖွဲ့များက ရေမျက်ရွာအနီးတွင် အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုဘက်မှ ၃ ကောင်သေဆုံးပြီး ကျန် စစ်ခွေး ရဲခွေးများမှာ ထွက်ပြေးသွားကြကြောင်း၊ တိုက်ပွဲအတွင်းမှ သေနတ် ၁လက်နှင့် ကျည်အနည်းငယ် သိမ်းဆည်းရရှိခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၆ ရက်နေ့နှင့် ၉ ရက်နေ့တို့က KNU ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်းတွင် ခလရ-၆၀၊ ခမရ ၅၉၆ တို့မှ တပ်သား ၄ဦး KNU အဖွဲ့ထံ အလင်းဝင်လာ၊  တစ်ဦးမှာ သေနတ် ၁လက်၊ ခဲယမ်းဗုံးသီးများ ယူဆောင်အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

  • 9 авг.4991из Thadinsubue

    Daily Highlight 3 Aug 9 (10:50 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - တောင်သာနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - မြိုင်မြို့နယ် ၃ကြိမ် - မြဝတီနယ် ၁ကြိမ် - ထီးလင်း/ကျောက်ထုနယ်အစပ် ၃ကြိမ် - ဆောမြို့နယ် ၂ကြိမ် - ကျောက်ထုနယ် ၂ကြိမ် - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

  • 9 авг.430из Thadinsubue

    Daily Highlight 2 Aug 9 (10:40 PM) 🔴 မြန်မာနိုင်ငံ နေရာအသီးသီးရှိ ရေဘေးအန္တရာယ်အကြောင်း သတင်းများ။ - ယမန်နေ့ ညပိုင်းမှစ၍ ခင်ဦးနယ်အတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းခဲ့သဖြင့် မြို့နယ်အနောက်ခြမ်းရှိ မူးတိမ်ချောင်း ရေကျိုးကျကာ စိုက်ပျိုးဧရိယာများ ရေဖုံးလွှမ်းမှုများ ဖြစ်ပွား၊ ယမန်နေ့ နေ့လယ်ပိုင်းက မူးမြစ်နှင့် DY-1 မူးဘောင်အတွင်းရှိ ရေဘေးသင့်ကျေးရွာများတွင် ရေ ၂ လက်မခန့် ပြန်ကျသွားခဲ့သော်လည်း မိုး ဆက်လက်ရွာသွန်းနေမှုကြောင့် ရေမျက်နှာပြင် ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း၊ သတင်းရရှိချိန်တွင် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာ ၁၉ ရွာ ရေဝင်ရောက်လျက်ရှိပြီး ဒေသခံ ထောင်ပေါင်းများစွာမှာ ရေလွတ်ရာသို့ ပြောင်းရွှေ့နေကြရပြီး အစားအစာနှင့် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေ၊ ထို့ပြင် ရွှေဘိုမြို့နယ် အနောက်ခြမ်း မူးမြစ်ကမ်းအနီးရှိ ကျေးရွာ ၁၇ ရွာတွင်လည်း မူးမြစ်ရေလျှံမှုကြောင့် ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ၎င်းရွာများအနက် ၁၁ ရွာမှာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေကြောင်း၊ အလားတူ ဝက်လက်မြို့နယ် အနောက်ခြမ်း မူးမြစ်အနီးရှိ ကျေးရွာ ၁၇ ရွာတွင်လည်း ရေလွှမ်းမိုးမှုများ စတင်ဖြစ်ပေါ်နေပြီး အချို့ကျေးရွာများမှာ ဆိုးဆိုးရွားရွား ထိခိုက်ခံစားနေရကြောင်း၊ ရေဝင်ရောက်မှုမှာလည်း ဆက်လက်မြင့်တက်နေပြီး ရေဘေးအတွင်း ပိတ်မိနေသော ပြည်သူများကို ဒေသခံ တော်လှန်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေရကြောင်း သိရ၊ ထပ်မံရရှိသော သတင်းများအရ ခင်ဦးမြို့နယ်တွင် ရေဝင်ရောက်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ကျေးရွာ ၁၉ ရွာမှ ပြည်သူ ၃သောင်းနီးပါး ရေဘေးအန္တရာယ် ကြုံတွေ့နေကြရကြောင်း၊ ရေဘေးသင့်ကျေးရွာများအနက် ကျွန်းတောကြီးရွာတွင် အမျိုးသမီး ၁ ဦး ရေနစ်သေဆုံးခဲ့ကြောင်း၊ အလားတူ ဒီပဲယင်းမြို့နယ်အတွင်းရှိ မူးမြစ်ကမ်းအနီး ကျေးရွာများတွင်လည်း မူးမြစ်ရေ မြင့်တက်လာမှုကြောင့် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေပြီး အိမ်ထောင်စု ၂,၀၀၀ ကျော်မှ ပြည်သူ ၁ သောင်းကျော်ခန့် ရေဘေးအန္တရယ် ကြုံတွေ့နေကြရကြောင်း၊ လက်ရှိ စစ်ကိုင်းတိုင်းအတွင်းရှိ ရေဘေးသင့်ဒေသအားလုံးနီးပါးမှာ တော်လှန်ရေးအဖွဲ့များ၏ စိုးမိုးနယ်မြေများဖြစ်ပြီး စစ်ကောင်စီ၏ ကယ်ဆယ်ရေးလုပ်ငန်းများ လုံးဝရောက်ရှိလာခြင်း မရှိသည့်အပြင် စစ်ခွေးများက ရေဘေးသင့်နေသော ခင်ဦးနယ်ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရ။ - မိုးကုတ်မြို့တွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေသဖြင့် မိုးကုတ်မြို့အနောက်ပိုင်း ကျောက်ပြဿာဒ်ရွာ စာသင်ကျောင်းအနီးတွင် တောင်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ပြီး လမ်းမြေသားကျွံကျကာ နေအိမ်အနည်းငယ် ထိခိုက်ပျက်စီး၊ မိုးကုတ်-ကျောက်ပြဿာဒ်ရွာ လမ်းတလျှောက်တွင်လည်း လမ်းသားများ ပျက်စီးလျက်ရှိပြီး ဆက်လက်မိုးရွာနေပါက လမ်းအခြေအနေမှာ ပိုမိုဆိုးရွားလာဖွယ်ရှိသဖြင့် လမ်းအသုံးပြုသူများအနေ​ဖြင့် သတိပြုသွားလာကြရန် နှိုးဆော်ထားကြောင်း သိရ။ - မဘိမ်းမြို့တွင် ရွှေလီမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့တွင်းနေရာအများအပြား ရေနစ်မြုပ်နေပြီး ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ဒုက္ခရောက်နေကြချိန်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၊ ဩဂုတ်လ ၆ ရက် နေ့မှစတင်ပြီး ယမန်နေ့ကအထိ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဩဂုတ်လ ၆ ရက်နေ့ ညပိုင်း တိုက်ခိုက်မှုတွင် မဘိမ်းမြို့နယ်ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံများ ပျက်စီးသွားကြောင်း သိရ။ - မိုးဇလ၏ ယနေ့ တိုင်းထွာချက်များအရ မြစ်ငယ်၊ မင်းကင်း၊ မုံရွာ၊ ဘားအံနှင့် မဒေါက်မြို့များတွင် မြစ်ရေများ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ရှိနေ၊ ဒုဋ္ဌဝတီမြစ်ရေမှာ မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ် ၈၇၀ စင်တီမီတာဖြစ်ပြီး ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ၉၆၂ စင်တီမီတာအထိ ရောက်ရှိနေကာ နောက် ၁ ရက်အတွင်း ၁ ပေခန့် ဆက်လက်မြင့်တက်နိုင်ကြောင်း၊ ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် စိုးရိမ်ရေမှတ် ၁,၃၅၀ စင်တီမီတာဖြစ်ပြီး လက်ရှိတွင် ၁,၃၅၇ စင်တီမီတာအထိ ရောက်ရှိနေကာ နောက် ၁ ရက်အတွင်း ၂ လက်မခန့် ဆက်လက်မြင့်တက်နိုင်ကြောင်း၊ မုံရွာမြို့တွင်လည်း ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ် ၁,၀၀၀ စင်တီမီတာထက်ကျော်လွန်ကာ ၁,၀၂၀ စင်တီမီတာအထိ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက်နိုင်ကြောင်း၊ အလားတူ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာဖြစ်ပြီး လက်ရှိတွင် ၇၈၆ စင်တီမီတာအထိ ရောက်ရှိနေကာ နောက် ၁ ရက်အတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက်နိုင်ကြောင်း၊ အလားတူ စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို့တွင် စိုးရိမ်ရေမှတ် ၁,၀၇၀ စင်တီမီတာဖြစ်ပြီး လက်ရှိတွင် ၁,၀၈၇ စင်တီမီတာအထိ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၄ လက်မခန့် ပြန်လည်ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်ရေသည်လည်း ဆက်လက်မြင့်တက်နေပြီး နောက် ၁ ရက်အတွင်း မြင်းခြံ၊ ပခုက္ကူနှင့် ညောင်ဦးမြို့များတွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိခြင်း သို့မဟုတ် ကျော်လွန်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း၊ သိုဖြစ်သောကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် မြစ်ရေမြင့်တက်မှုအခြေအနေကို အထူးသတိပြုကြရန်နှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်လာပါက ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် သတိပေးနှိုးဆော်ထားကြောင်း သိရ။ - ရေဦးမြို့နယ်အတွင်းသို့ ဩဂုတ်လ ၆ ရက်နေ့မှစ၍ ရေများ စတင်ဝင်ရောက်ခဲ့ပြီး ရွာပေါင်း ၄၀ ကျော် ရေဘေးအန္တရာယ် ရင်ဆိုင်နေရကာ မြို့ပေါ် ရပ်ကွက် အများစုတွင်လည်း ရေဝင်နစ်မြုပ်နေကြောင်း၊ ဩဂုတ်လ ၇ ရက်နေ့က ရေဦးနယ်၊ အင်းပုထိုးရွာသစ်ကျေးရွာမှ အသက် ၇၀ ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦး တောထဲရှိ လယ်ကွက်သို့ သွားရောက်ကြည့်ရှုစဉ် ရေနစ်သေဆုံးခဲ့ကြောင်း၊ ယမန်နေ့ မနက်ပိုင်းက ရေအနည်းငယ်ကျသွားခဲ့သော်လည်း ညပိုင်းတွင် မိုးထပ်မံရွာသွန်းခဲ့မှုကြောင့် ကျေးရွာအများစုတွင် ရေများ ပြန်လည်မြင့်တက်လာကြောင်း၊ ယနေ့အထိလည်း ရေဦး၊ ဒီပဲယင်း၊ ကျွန်းလှ၊ ခင်ဦးနှင့် ရွှေဘိုမြို့နယ်တို့တွင် မိုးဆက်လက် ရွာသွန်းနေဆဲဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ ရေဘေးသင့်ဒေသများအတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

  • 9 авг.3761из Thadinsubue

    Daily Highlight 1 Aug 9 (10:40 PM) - ယမန်နေ့က ရွှေကူနယ်၊ ငဘတ်ကြီးစခန်းမှ ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းအဖွဲ့များက ဖြူရလမ်းခွဲနေရာတွင် ကြား​ဖြတ်တိုက်ခိုက်၊ စစ်ခွေးများ ထိခိုက်သေဆုံးမှုများပြားပြီး စစ်ကြောင်းပျက်ကာ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေး၊ တိုက်ပွဲအတွင်းမှ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ၊ အဆိုပါစစ်ကြောင်းမှာ ဩဂုတ်လ ၃ ရက်နေ့က မန္တလေး-ဗန်းမော်လမ်း၊ ရွှေကူမြို့နှင့် ငါးအိုးရွာအကြားရှိ ရွှေဘုန်းမြင့်ရွာမှ စစ်တပ်၏ ယာယီခြေကုတ်စခန်းကို KIA ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် ထိုစခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရ။ - အကြမ်းဖက်စစ်ကောင်စီက မော်လမြိုင်လေဆိပ်ကို နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းသစ်အဖြစ် ပြောင်းရွှေ့တည်ဆောက်ရန်နှင့် လေယာဉ်ပြေးလမ်းအသစ်ဖောက်လုပ်ရန်ဟုဆိုကာ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅ ခုမှ မြေဧက ၃,၂၈၅.၃၁ ဧကကို သိမ်းယူမည်ဖြစ်ကြောင်း စစ်တပ်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၊ မုဒုံမြို့နယ်အတွင်းရှိ တော်ကူးကျေးရွာအုပ်စုမှ ၇.၇၇ ဧက (ဦးပိုင် ၅ ခု)၊ ကျိုက်ရွဲကျေးရွာအုပ်စုမှ ၁၆.၄၈ ဧက (ဦးပိုင် ၈ ခု)၊ ညောင်ကုန်းကျေးရွာအုပ်စုမှ ၁၅.၉၉ ဧက (ဦးပိုင် ၁၀ ခု)၊ ဘဲရမ်းကျေးရွာအုပ်စုမှ ၀.၂၉ ဧက (ဦးပိုင် ၂ ခု) နှင့် ဝက်တဲကျေးရွာအုပ်စုမှ ၃,၂၄၄.၇၈ ဧက (ဦးပိုင် ၄၆၆ ခု) တို့ကို သိမ်းယူမည်ဖြစ်ကြောင်း၊ လက်ရှိ မော်လမြိုင်လေဆိပ်မှာ မြို့၊ တက္ကသိုလ်တို့နှင့် နီးကပ်စွာတည်ရှိနေသဖြင့် လေယာဉ်ကွင်းတိုးချဲ့ရန် လက်ခံသည်ဟုဆိုကာ မုဒုံမြို့နယ်အတွင်း အသစ်ပြောင်းရွှေ့တည်ဆောက်ရန် မင်းအောင်လှိုင်က ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရ။ - ယမန်နေ့ မနက်ပိုင်းက ရေဖြူနယ်၊ ကျွဲတလင်းရွာမှ ရာဖူးရွာဘက်သို့ ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်၊ စစ်ခွေး ၂ ကောင် သေဆုံးပြီး ၃ ကောင်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ၂၀၂၅ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က မုံရွာနယ်၊ ကျောက္ကာရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး သမိုင်းဝင် ကျောက္ကာ ရွှေဂူနီဘုရားဝင်းအတွင်း တပ်စွဲနေထိုင်ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း၊ ယခုအခါ စစ်တပ် တပ်စွဲထားသော ကျောက္ကာ ရွှေဂူနီဘုရားတည်ရှိရာ ကျောက္ကာတောင်ရွာ၊ ကျောက္ကာမြောက်ရွာနှင့် အနီးဝန်းကျင်တို့ကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားပြီး တိုက်မိုင်း၊ နင်းမိုင်းများနှင့် မိုင်းကွင်းများ ဖော်ဆောင်ပြင်ဆင်ထားကြောင်း၊ ထို့ကြောင့် ထနောင်းဝင်း-ကျောက္ကာ-ရေနံကုန်း လမ်းပိုင်းကို အကန့်အသတ်မရှိ ပိတ်ထားပြီး ပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးမပြုကြရန်နှင့် တားမြစ်ချက်ကို မလိုက်နာဘဲ အန္တရာယ် တစုံတရာဖြစ်ပွားပါက တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးဦးဆောင်အဖွဲ့က အသိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရ။ - စစ်တွေမြို့အနီးဝန်းကျင်ရှိ ရွှေမင်းဂံရေတပ်၊ ဒကစ စစ်တွေ အပါအဝင် တပ်ရင်း၊ တပ်စခန်းများကို အာရက္ခတပ်တော် AA ၏ ထိုးစစ်ဆင်နေပြီး စစ်တပ်က စစ်တွေမြို့ အရှေ့မြောက်ဘက်နှင့် မြောက်ဘက်ရှိ ဆတ်ရိုးကျတံတားသစ်၊ ဆတ်ရိုးကျ(ကယ်ဆယ်ရေး)တံတားနှင့် အနီးဝန်းကျင် ဆတ်ရိုးကျရပ်ကွက်ရှိ နေအိမ်များ၊ စစ်တွေမြို့ ကမ်းခြေအနီးရှိ နေအိမ်များတွင် နေရာယူကာ စစ်စခန်းအသွင် ကာကင်များ ဆောက်လုပ်နေကြောင်း၊ ဆတ်ရိုးကျ (ကယ်ဆယ်ရေး)ရပ်ကွက်အပြင် စစ်တွေမြို့ထဲရှိ မင်းဘာကြီးလမ်း၊ မေယုလမ်းတို့မှ အိမ်ရှင်မရှိတော့သော နေအိမ်ကြီးများ၊ စစ်တွေကမ်းခြေဟိုတယ် အနီးတဝိုက်ရှိနေအိမ်နှင့် လမ်းများတွင်လည်း နေရာယူ စခန်းချနေကြကြောင်း၊ ထို့ပြင် စစ်တပ်က မြို့တွင်းရှိ လူနေအိမ်အချို့ကို ဖြိုဖျက်ပြီး ဘန်ကာဆောက်စခန်းချနေသည့်အပြင် ညဘက်များတွင်လည်း တညလုံးနီးပါး စစ်ကားများဖြင့် ကင်းလှည့်ခြင်းများ လုပ်ဆောင်နေကြောင်း၊ ထိုသို့ ခံစစ်ပြင်ဆင်နေသော်လည်း AA က စစ်တွေမြို့ကို ဆက်လက်ထိုးစစ်ဆင်နေပြီး ကျားမသောက်တပ်ရင်းအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ စစ်ခွေးများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရ။ - ဆော-လောင်းရှည်လမ်းပိုင်း တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အလင်းဝင်လာသူနှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ ၂၁ ကောင် ရှိကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားပြီး အဆိုပါ သိမ်းဆည်းရရှိမှုများနှင့် ဖမ်းဆီးရမိမှုဖြစ်စဉ်များမှာ PDF စစ်ရုံးချုပ်မှ သတင်းထုတ်ပြန်ပြီးနောက်ပိုင်းတွင် ထပ်မံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ။ - အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တော်လှန်ရေးအင်အားစုများ စိုးမိုးထားသော မကွေး၊ စစ်ကိုင်း၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် ရခိုင်ဒေသများသို့ စက်သုံးဆီများ မရောက်ရှိစေရေးနှင့် ဆီသယ်ယာဉ်များ သွားလာသည့်လမ်းကြောင်းများကို စောင့်ကြည့်နိုင်ရေးအတွက်ဟုဆိုကာ တစ်နိုင်ငံလုံးရှိ ဆီသယ်ယာဉ်အစီးရေ ၆,၄၀၀ ကျော်ကို GPS စနစ် မဖြစ်မနေ တပ်ဆင်ခိုင်းနေ၊ သို့ရာတွင် ဆီသယ်ယာဉ်ပိုင်ရှင်များအနေဖြင့် သတ်မှတ်ထားသည့် GPS ကုမ္ပဏီများထံမှ စနစ်များကို မဖြစ်မနေ ဝယ်ယူတပ်ဆင်ရခြင်းဖြစ်ပြီး ထိုသို့ GPS စနစ်တပ်ဆင်ခြင်းနှင့်အတူ ဆီသယ်ယာဉ်များ၏ လမ်းကြောင်းများကို စောင့်ကြည့်စစ်ဆေးနိုင်ရန် Software များကို နည်းပညာကုမ္ပဏီများထံမှ ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူနေကြောင်း၊ အဆိုပါ ကုန်ကျစရိတ်များကို စက်သုံးဆီလုပ်ငန်ရှင်းများက စိုက်ထုတ်သုံးစွဲနေရကြောင်း၊ ထိုသို့ ငွေကြေးထောက်ပံ့ပေးနေသည့် စက်သုံးဆီလုပ်ငန်းရှင်များနှင့် ဆီဆိုင်များကို စကစ က မျက်နှာသာပေးကာ ဆီခွဲတမ်းများ ပိုမိုတိုးမြှင့်ချထားပေးခြင်းများလည်း ရှိနေကြောင်း၊ အဆိုပါ အပိုဆောင်းကုန်ကျစရိတ်များကို ကာမိစေရန် ဆီဆိုင်များက ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ အရည်အသွေးနိမ့်ဆီများဖြင့် ရောနှောရောင်းချခြင်းများလည်း ရှိနေကြောင်း သိရ။ - ယမန်နေ့က ရေးမြို့နယ်မြောက်ပိုင်းရှိ အောင်သပြေရွာဟောင်းဘက်ကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွား၊ စစ်ခွေးများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို ဆက်လက်စုံစမ်းနေကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၂ဦး လက်နက်ကြီးထိမှန်ပြီး ကျဆုံးခဲ့ရကြောင်း သိရ။ - ယနေ့ မနက်အစောပိုင်းက မြိုင်မြို့နယ်အနောက်ပိုင်း ယာကြီးပြင်ရွာအနီးကို စစ်တပ်က Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ထို့ပြင် ယနေ့မနက်ပိုင်းတွင်ပင် မှန်ရင်းရွာနှင့် အနီးတဝိုက်ကို ဂျက်ဖိုက်တာများ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ထပ်မံလေကြောင်းတိုက်ခိုက်၊ ယမန်နေ့ နေ့လယ်ကလည်း ဆူးဝင်းရွာအနီးကို ဂျိုင်ရိုကော်ပတာများဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ညနေပိုင်းတွင်လည်း ဘောင့်ဘင်ရွာအနီးကို လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ မြေပြင်တွင်လည်း ယာကြီးပြင်ရွာမှ စစ်ခွေးများက ယနေ့ မနက်ပိုင်းတွင် မှန်ရင်းရွာဘက်သို့ စစ်ကြောင်း ၁ ကြောင်း ခွဲထွက်ရောက်ရှိလာခဲ့ပြီး ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း၊  ယာကြီးပြင်ရွာတွင်လည်း စစ်ခွေးများ ဆက်လက်ရှိနေသေးကြောင်း သိရ။ - ယမန်နေ့ ညပိုင်းက အမ်းမြို့နယ်၊ တလိုင်းတောင်ရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ကားဝပ်ရှော့တစ်ခုနှင့် အနီးတဝိုက်တွင် ကျရောက်ပေါက်ကွဲပြီး သက်ကြီးပိုင်း အမျိုးသမီး ၁ဦး၊ ဝပ်ရှော့အလုပ်သမား ၁ ဦးတို့ သေဆုံး၊ ကလေးငယ်အပါအဝင် ၃ ဦး ဒဏ်ရာရ၊ ဝပ်ရှော့ပိုင်ရှင်၏ နေအိမ်၊ ကားဝပ်ရှော့အလုပ်ရုံနှင့် ကား ၅စီးတို့ ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

  • без подписи