ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)
Статистика𝙉𝙤𝙣-𝙂𝙤𝙫𝙚𝙧𝙣𝙢𝙚𝙣𝙩𝙖𝙡 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣𝙨(𝙉𝙂𝙊) /𝐘𝐞 𝐔 ရေဦးမြို့နယ် အကြမ်းဖက်စစ်ကော်မရှင်ရဲ့ လက်ပါးစေ စစ်ခွေးလှုပ်ရှားမှုသတင်းများ နဲ့ မီးဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့မှုဆိုင်ရာ အကြောင်းအရာများကိုသာ တင်ပြပေးသည် ။
- Последний пост
- 8 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 24
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 197
- 1/48двое суток
- 225
- 1/72трое суток
- 243
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
без подписи
သဖန်းဆိပ်ဆည်နဲ့ကင်းတပ်ဆည်အောက်ပိုင်း ရေကြီးရေလျှံ ထပ်မံသတိပြုဖို့လို ဩဂုတ် ၈ ၊ ၂၀၂၆ ညနေ ၆း၀၀ ကန့်ဘလူအထက်ပိုင်းနဲ့နေရာအများစုမှာ ယနေ့မနက်ပိုင်းကစ မိုးပြန်ကောင်းနေပီး မိုးရေနဲ့အတူ အောက်ရေများစွာ တိုးလာလျက်ရှိပါတယ်။ သဖန်းဆိပ်ဆည်ထဲ စီးဝင်မယ့်…
သဖန်းဆိပ်ဆည်နဲ့ကင်းတပ်ဆည်အောက်ပိုင်း ရေကြီးရေလျှံ ထပ်မံသတိပြုဖို့လို ဩဂုတ် ၈ ၊ ၂၀၂၆ ညနေ ၆း၀၀ ကန့်ဘလူအထက်ပိုင်းနဲ့နေရာအများစုမှာ ယနေ့မနက်ပိုင်းကစ မိုးပြန်ကောင်းနေပီး မိုးရေနဲ့အတူ အောက်ရေများစွာ တိုးလာလျက်ရှိပါတယ်။ သဖန်းဆိပ်ဆည်ထဲ စီးဝင်မယ့် ဇော်ချောင်း၊ဒေါင်းမြူးချောင်း၊မူးမြစ်ရေ တိုးလာလျက်ရှိနေပီး အထက်ချောင်းငယ်တွေ ရေလျှံလာကာ ဆည်ရေဝင်ကြမ်းနေပါတယ်။ ကန့်ဘလူအနောက်ခြမ်း ကင်းတပ်ဆည်အောက်ဘက်က မူးမြစ်ကူးတံတား ၂ စင်း၊တူးမြောင်းကူးတံတား ၁ စင်းနဲ့နေအိမ်အချို့ ရေထဲမျောပါထားပီး တူးမြောင်းဘောင် တဆက်ကျိုးထားပေမယ့် ဒီညနေပိုင်းမှာ ရေအနည်းငယ်ပြန်တက်လာတယ်လို့ သတင်းရပါတယ်။ ကင်းတပ်ဆည်အောက်ဘက်က တန့်ဆည်နယ်ထဲမှာ ဒီမနက်ပိုင်း ရေအနည်းငယ်ကျသွားပေမယ့် ရွာဘင်းချောင်း၊ပေါင်ဂဒေါင်ချောင်း၊စည်တုံးလုံးချောင်းတွေ ရေများဆဲဖြစ်ပီး မူးမြစ်ကမ်းဘေးဝဲယာကျေးရွာတွေအနေနဲ့ အထက်ချောင်းရေနဲ့ဆည်ရေများ စီးလာနိုင်တာမို့ စိတ်မချရသေးပါ။ အရင်ရက်ပိုင်းတွေက ရေကြီးနစ်မြုပ်ထားတဲ့နေရာတွေ အထူးသတိပြုနေထိုင်သင့်ပါတယ်။ မူးမြစ်အောက်ပိုင်းမြို့နယ်တွေအနေနဲ့ ယနေ့တိုးလာတဲ့ရေအပြင် နောက်ထပ်ရေများ လိုက်လာနိုင်သဖြင့် ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းတွေဘက် ထပ်မံရွှေ့ပြောင်းနေထိုင်ကြပါခင်ဗျာ။ ဘေးကင်းကြပါစေ။ Photo – ဘာမထီ (8.8.2026 နေ့လည်ပိုင်း သဖန်းဆိပ်ဆည်အထက်က ကောလင်းနယ်ထဲ အောက်ရေများတိုးလာစဥ်) #InfinityGroup #သဖန်းဆိပ်ဆည် #မူးမြစ် #𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂) ➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်အနောက်ခြမ်းဇုံ✰အမေ့သား✰တော်လှန်သတင်းဌာန📡
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ရေဦးနယ်တွင် ရေဘေးကြောင့် ဒေသခံသောင်းချီ အရေးပေါ် ရွှေ့ပြောင်းနေရ၊ အရေးပေါ် အကူအညီများ လိုအပ်နေ ဩဂုတ် ၈၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းမှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီးနောက် မူးမြစ်အပါအဝင် မြစ်ချောင်းတွေ ရေလျှံတက်လာတာကြောင့် ပြည်သူသောင်းချီဟာ ရေဘေး အန္တရာယ်ကြုံနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့ကစလို့ ရေဦးမြို့နယ် မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းတို့က ကျေးရွာပေါင်း ၅၀ ထက်မနည်းမှာ ရေကြီးမှုကို ကြုံနေရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ဒီမနက်မှာ ရေဦးမြောင်းမတော် ရေ ၄ လက်မလောက် ပြန်လျော့သွားပေမယ့် မိုးထပ်ရွာနေတာကြောင့် ဆည်ရေကျော်မှာစိုးလို့ မူးဘောင်တလျှောက်လည်း သဲအိတ်တွေစီတင်ထားရတယ်” လို့ ရေဦးနယ်အနောက်ခြမ်းဇုံ သတင်းတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။ ဒါပေမဲ့ မိုးတွေ ဆက်တိုက် ထပ်မံရွာနေတာကြောင့် ရေဦးနဲ့ အနီးဝန်းကျင်ဖြစ်တဲ့ ဒီပဲယင်း၊ ကျွန်းလှ၊ ခင်ဦးနဲ့ ရွှေဘိုနယ်တို့မှာလည်း ရေပြန်မကျဘဲ တန့်နေတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရေဘေးကြုံနေရတဲ့ဒေသတွေမှာ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ “ဘေးလွတ်ရာရွေ့ပြောင်းနေထိုင်သူ သောင်းချီရှိနေပါတယ်။ မီးဘေးသင့်ခံထားရတဲ့ ကျေးရွာအများစုက အခုကျ ရေဘေးသင့်တာခံနေကြရတာပါ။ ဆေးဝါးကအစ စားရေးသောက်တာတွေ အကုန် အရေးပေါ်အကူညီလိုအပ်နေကြတယ်။ တခြားတိုင်းတွေမှာ အလုအယက် ဆယ်လီတွေရော သရုပ်ဆောင်တွေရော ကူညီကယ်ဆယ်ရေးလုပ်နေကြပေမယ့် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တော်တော်များများ ရေဘေးသင့်ဒုက္ခရောက်နေကြချိန် အဝေးကနေ ဘယ်လိုကူညီမှုမှမရကြပါဘူး” လို့ ကိုထူးခန့်ဇော်က အခြေအနေတွေကို ဆက်ရှင်းပြပါတယ်။
၂၄နာရီအတွင်း ရာနှုန်းပြည့် မိုးကြီးမည့်ဒေသများ အခုပိုစ့်တင်ချိန်မှ နောက်၂၄နာရီအတွင်း ရာနှုန်းပြည့် မိုးကြီးမယ့်ဒေသများကိုသာ ဒီပိုစ့်ထဲမှာ ရွေးထုတ်တင်ပြထားတာပါ။ ရာနှုန်းပြည့်မိုးကြီးမယ်ဆိုတာက သေချာပေါက် မိုးကြီးမယ်လို့ ပြောတာပါ။ ရာနှုန်းပြည့် မိုးရွာမယ့်ဒေသများနဲ့…
၂၄နာရီအတွင်း ရာနှုန်းပြည့် မိုးကြီးမည့်ဒေသများ အခုပိုစ့်တင်ချိန်မှ နောက်၂၄နာရီအတွင်း ရာနှုန်းပြည့် မိုးကြီးမယ့်ဒေသများကိုသာ ဒီပိုစ့်ထဲမှာ ရွေးထုတ်တင်ပြထားတာပါ။ ရာနှုန်းပြည့်မိုးကြီးမယ်ဆိုတာက သေချာပေါက် မိုးကြီးမယ်လို့ ပြောတာပါ။ ရာနှုန်းပြည့် မိုးရွာမယ့်ဒေသများနဲ့ ရာနှုန်းပြည့် မိုးကြီးမယ့်ဒေသများဆိုပြီး နှစ်ခုခွဲ တင်ပေးနေတာပါ။ ဒီစာရင်းထဲမှာ ရာနှုန်းပြည့် မိုးကြီးမယ့်ဒေသတွေပဲ ပါဝင်ပါတယ်။ ကချင်ပြည်နယ် ရာနှုန်းပြည့် မိုးကြီးမည့်ဒေသ မရှိပါ။ ကယားပြည်နယ် ဘောလခဲ၊ ဖားဆောင်း၊ ခဲဖြူ၊ မော်ချီး။ ကရင်ပြည်နယ် ကမမောင်း၊ ရှမ်းရွာသစ်၊ လှိုင်းဘွဲ့၊ ပိုင်ကျုံ၊ ဘားအံ၊ ကျုံဒိုး၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ။ ချင်းပြည်နယ် ရာနှုန်းပြည့် မိုးကြီးမည့်ဒေသ မရှိပါ။ မွန်ပြည်နယ် သိမ်ဇရပ်၊ ကျိုက်ထို၊ ကျိုက်ထီးရိုးတောင်၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ မော်လမြိုင်၊ ချောင်းဆုံ၊ ရေး၊ ခေါဇာ။ ရခိုင်ပြည်နယ် ဂွ။ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်း၊ မိုးမိတ်၊ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်၊ မိုင်းငေါ့၊ မိုင်းလုံ၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး။ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်း၊ မိုင်းယု၊ ကျိုင်းလတ်၊ တာလေ၊ တာချီလိတ်၊ မယ်ဆိုင်၊ မိုင်းဖြတ်။ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်အရှေ့ပိုင်းက ဒေသအချို့၊ မိုင်းရှူးခရိုင်အတွင်းက ဒေသအချို့။ စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်း၊ ဝန်သို၊ ပင်လည်ဘူး၊ ထီးချိုင့်။ စစ်ကိုင်းတိုင်းအောက်ပိုင်း ဝက်လက်၊ ရွှေဘို၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ။ မန္တလေးတိုင်း တကောင်း၊ သပိတ်ကျင်း၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူး။ မကွေးတိုင်း ရာနှုန်းပြည့် မိုးကြီးမည့်ဒေသ မရှိပါ။ နေပြည်တော် ရာနှုန်းပြည့် မိုးကြီးမည့်ဒေသ မရှိပါ။ ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူ၊ ကျောက်ကြီး၊ ပဲနွယ်ကုန်း၊ ကျောက်တံခါး၊ ပိန်းဇလုတ်၊ ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ဒိုက်ဉီး၊ မဒေါက်၊ ရွှေကျင်၊ ပျဉ်ပုံကြီး၊ ဘုရားကြီး၊ ဝေါ၊ ညောင်ခါးရှည်၊ ပဲခူး၊ သနပ်ပင်၊ ကဝ၊ ရွှေပေါက်ကံ၊ ဇောင်းတူ။ ပဲခူးတိုင်းအနောက်ပိုင်း သုံးဆယ်ဆည်။ ရန်ကုန်တိုင်း တဘူးလှ ရေလှောင်တမံ။ ဧရာဝတီတိုင်း အင်္ဂပူ၊ ဟင်္သတ။ တနင်္သာရီတိုင်း ကလိန်အောင်၊ ရေဖြူ၊ မေတ္တာ၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ပုလော၊ ပလောက်၊ ကျွန်းစု၊ မြိတ်။ ဒီစာရင်းထဲမှာ ယာယီမိုးကြီးတာမျိုး၊ ယာယီမိုးသည်းထန်တာမျိုး၊ နေရာကွက် မိုးကြီးတာမျိုး၊ နေရာကွက် မိုးသည်းထန်တာမျိုးတွေ မပါဝင်ပါဘူးဗျ။ ရာနှုန်းပြည့်မိုးကြီးမယ့်ဒေသတွေကိုသာ ရွေးချယ်ပေးပြပေးထားတာ ဖြစ်ပါတယ်ဗျ။ Issued Time: 8-08-2026/10:40AM Derived from: Multi-Model Consensus (ECMWF, GFS, ICON, UKMO, GEM, JMA, WRF, PPD) ဒေါက်တာ စိုင်းခွန်အာကာ #𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂) ➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်အနောက်ခြမ်းဇုံ✰အမေ့သား✰တော်လှန်သတင်းဌာန📡
သဖန်းဆိပ်ဆည်အောက်ပိုင်း ရေကြီးရေလျှံမှုနောက်ဆက်တွဲအခြေအနေ ဩဂုတ် ၈ ၊ ၂၀၂၆ မနက် ၉း၂၀ ကန့်ဘလူအထက်ပိုင်း မိုးလင်းနေပါတယ်။ချောင်းရေတော်တော်များများ လျော့ကာ သဖန်းဆိပ်ဆည်ထဲ ရေအဝင်နဲနဲလျော့သွားပါတယ်။ ကင်းတပ်ဆည်အောက်ဘက်က မူးမြစ်ရေ ရေများနေဆဲဖြစ်ပီး ကန့်ဘလူအနောက်ခြမ်း၊တန့်ဆည်အရှေ့ခြမ်း၊ရေဦးနယ်တွေဘက် ၁ ပေခန့် ရေပြန့်ကျသွားကာ အောက်ဘက်ပိုင်းကမြို့နယ်တွေဘက် ရေတိုးနေပါတယ်။ တန့်ဆည်အရှေ့ခြမ်းက ရေမြုပ်ဧရိယာတွေဘက် စားသောက်ရေးနဲ့ကယ်ဆယ်ရေးကိစ္စများအတွက် ကိုယ်ထူကိုယ်ထ လုပ်နေကြရဆဲဖြစ်ပီး အလှူရှင်များ၊ကူညီကယ်ဆယ်ရေးများ လိုအပ်လျက်ရှိပါတယ်။ တန့်ဆည်–ကျွန်းလှမြို့နယ်ချင်းဆက်လမ်းပိုင်း အရေးပေါ်ကိစ္စမရှိရင် ခရီးမသွားသင့်သေးပါ။ပေါင်ဂဒေါင်ချောင်း၊စည်းသာ ရွာဘင်းချောင်း ရေများနေဆဲပါ။ #InfinityGroup #သဖန်းဆိပ်ဆည် #မူးမြစ် #𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂) ➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်အနောက်ခြမ်းဇုံ✰အမေ့သား✰တော်လှန်သတင်းဌာန📡
သဖန်းဆိပ်ဆည်နဲ့ ကင်းတပ်ဆည်အောက်ပိုင်း ရေကြီးရေလျှံမှု နောက်ဆက်တွဲအခြေအနေ ဩဂုတ် ၇ ၊ ၂၀၂၆ ညနေ ၆း၅၀ လက်ရှိမူးဘောင်ကျိုးထားတဲ့နေရာများ ၁။ကန့်ဘလူနယ်ဘက် ကင်းတပ်–ရွှေဘိုကန်တော်မူးဘောင် သရက်ခေါင်းရွာအနီး မူးဘောင်ကျိုးပဲ့ထားပီး ကာဘိုးဆည်ဘက်စီးဝင်နေပါတယ်။…