tgindex
🌈ရောင်နီဦး🌈

🌈ရောင်နီဦး🌈

Статистика

💫ရောင်နီလာသော နေသစ်များဆီသို့၊💫 သိရှိထားသော သတင်းများပေးပိူ့လိုပါက 📬 🌈 @Youngni1 🌈 📬

Последний пост
14 авг.
Последнее чтение
13 авг.
Постов за неделю
5
Всего постов
42
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
1 844
+3 за 4 дн.
Сутки
+4
+0,22%
Неделя
 
Месяц
 
Просмотров на пост
254
40 постов
Вовлечённость
13,8%
к подписчикам
Постов в день
0,7
всего 42
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
168
1/48двое суток
192
1/72трое суток
207

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • “ပင်မ သတင်းဌာနမှ ရွှေဘိုခရိုင်အတွင်းရှိ မိဘပြည်သူများသို့ 13.8.26 ယနေ့ ညနေပိုင်း 3:25PMအချိန်ထပ်မံ သတိပေးနှိုးဆော် ထုတ်လွှင့်ချက်” 13.8.2026နေ့ခင်းပိုင်းအချိန်က ကျွန်တော်တို့ ထုတ်လွှင့်ပြန်ကြားထားသော သဖန်းဆိပ်ဆည် ရေလွှတ်မှုပမာဏမှာ ကွဲလွဲမှုရှိနေပါသဖြင့် ပြန်လည်စိစစ်ပြီးမှ ထပ်မံထုတ်လွှင့်ပြန်ကြားပေးသွားမည် ဖြစ်ပါသည်။ ဆက်လက်၍ မိဘပြည်သူများအနေဖြင့်လည်း စိုးရိမ်စိတ် မရှိကြဖို့အတွက် ပင်မ မှအသိပေးအပ်ပါသည်။ မိဘပြည်သူများဘေးရန်ကင်းကြပါစေဗျာ။ ပင်မ သတင်းဌာန (ရွှေဘိုခရိုင်)

  • “ရွှေဘိုခရိုင်အတွင်း နေထိုင်ကြသော မိဘပြည်သူများခင်ဗျာ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ကြီး၏ ယခုလက်ရှိ ရေမှတ်သည် ၅၄၅.၆၉ ပေသို့ ရောက်ရှိနေပြီး ၁၃.၈.၂၀၂၆ (ယနေ့မနက်ပိုင်း) အချိန်တွင် ရေပိုလွှဲမှ ရေကုဗပေ ၆၇,၇၀၉ ကျူ့ဆက် လွှတ်ထားပါသည်။ ထိုသို့ လွှတ်ထားသော ရေများသည် ကာဘိုးဆည်အတွင်းသို့ ယနေ့ညပိုင်း (သို့မဟုတ်) မနက်ဖြန်နံနက်ပိုင်းတွင် ရောက်ရှိမည် ဖြစ်ပါသည်။ ကာဘိုးဆည်မှ ရေတံခါးများ အားလုံး ပွင့်နေသောကြောင့် အထက်မှ စုန်ဆင်းလာသော ရေများသည် အောက်ဘက်သို့ ဆက်လက်စီးဆင်းမည်ဖြစ်ရာ မူးမြစ်(နတ်မူးမြစ်)ကြောင်းအတွင်း ရေထပ်မံ တိုးလာမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မူးမြစ်(နတ်မူးမြစ်)ဘေးရှိ ကျေးရွာများတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် အချိန်မီ ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့နိုင်ရန်နှင့် သတိပြု ဂရုစိုက် နေထိုင်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။ ကျွန်ုပ်တို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပင်မသတင်းဌာနအနေဖြင့်လည်း ရေထုတ်လွှတ်မှု ပမာဏများကို အချိန်နှင့်တစ်ပြေးညီ ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။ မိဘပြည်သူများအနေဖြင့်လည်း ရေဘေးအန္တရာယ် အသိပေး ထုတ်ပြန်ချက်များကို အစဉ်မပြတ် နားစွင့်ပေးကြပါရန် ထပ်မံ အသိပေးအပ်ပါသည်။”

  • အိမ်ထောင်စုပေါင်း ငါးသောင်းကျော် ရေဘေးသင့်နေပြီး သေဆုံးသူ ၂၃ ဦး အထိ ရှိလာ 🛑Z Fighter Aug 12 🛑 စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ ၁၃ မြို့နယ်မှာ အိမ်ထောင်စု ၅ သောင်းကျော်နဲ့ လူဦးရေ ၂ သိန်းကျော်ရေဘေးကြုံတွေ့နေရပြီး သေဆုံးသူ ၂၃ ဦးအထိ ရှိလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနရဲ့ ဩဂုတ်၁၁ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၂၃ ဦးထဲမှာ ကျွန်းလှမြို့နယ် ၈ ဦး၊ ဒီပဲယင်းမြို့နယ် ၇ ဦး၊ ကောလင်းမြို့နယ် ၃ ဦး၊ တန့်ဆည်မြို့နယ် ၂ ဦးနဲ့ ရွှေဘို၊ ကန့်ဘလူ၊ ခင်ဦးမြို့နယ် ၁ ဦးစီ ပါဝင်ပြီး ကောလင်းမြို့နယ်မှာ ပျောက်ဆုံးနေသူ ၂ ဦး ရှိနေပါတယ်။မြို့နယ်အလိုက် ရေဘေးသင့်မှု အခြေအနေမှာ ကောလင်းမြို့နယ်က ၆၆,၉၈၉ ဦးနဲ့ ထိခိုက်မှု အများဆုံးဖြစ်ပြီး ခင်ဦးမှာ ၃၃,၉၄၀ ဦး၊ ဒီပဲယင်း ၂၅,၆၂၄ ဦး၊ ကန့်ဘလူ ၂၅,၆၁၈ ဦး၊ ရွှေဘို ၂၄,၁၉၂ ဦးနဲ့ ဝက်လက်မြို့နယ် ၂၂,၀၄၃ ဦးအထိ ရှိတဲ့အပြင် တန့်ဆည်၊ မြင်းမူ၊ အရာတော်၊ ရေဦး၊ စစ်ကိုင်းနဲ့ ဗန်းမောက်မြို့နယ်တို့မှာလည်း သောင်းနဲ့ချီတဲ့ ပြည်သူတွေ ရေဘေးဒဏ် ခံနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။[The Voice Of Spring][Z-F] #Adm_2 #TheVoiceOfSpring #z_fighter

  • ဒီပဲယင်းမြို့နယ် ပကဖ၊ တိုက်နယ်နဲ့ ရပ်ကျေးပကဖ တို့ပူးပေါင်းပြီး စက်ယန္တယားကြီးတွေနဲ့ ဆည်မြောင်းမူးဘောင်တွေကို မြေဖို့ပေး ဩဂုတ် ၉၊ ၂၀၂၆ စစ်ကိုင်းဒေသ၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုတွေကြောင့် ကျိုးခါနီးဖြစ်နေတဲ့ ဆည်မြောင်းမူးဘောင်တွေကို စက်ယန္တယားကြီးတွေနဲ့ မြေဖို့ပေးနေတယ်လို့ ပကဖအသံက ထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအရ ဒီပဲယင်းမြို့နယ် ပကဖ၊ တိုက်နယ်နဲ့ ရပ်ကျေး ပကဖ တို့ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ မိုးတွေ အဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် သဖန်းဆိပ်ဆည် ရေပိုလွှဲတွေကနေ ရေတွေလွှတ်ချခဲ့တာကြောင့် ဒီပဲယင်းမြို့နယ်ထဲက ဆည်မြောင်းမူးဘောင်ကျိုးပေါက်မှုမရှိအောင် ပကဖ အဖွဲ့တွေက ပြုပြင်ပေးနေတာလို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေရဲ့ လုပ်ငန်းတာဝန် (၄) ရပ်ထဲက တိုက်ခိုက်ရေးတာဝန်တွေအပြင် ပြည်သူလူထုကို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းနဲ့အညီ ပြည်သူလူထုကို ကူညီဆောင်ရွက်ပေးနေကြတာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ဆည်ရေတွေဖောက်ထုတ်တာကြောင့် ရေကြီးရေလျှံကာ စစ်ကိုင်းယူနစ်၊ မန္တလေးယူနစ်၊ မကွေးယူနစ်နဲ့ ဧရာဝတီတိုင်း မြို့နယ်ပေါင်း ၁၅ ခုမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နေပြီး လူဦးရေ ၄၁၄,၈၄၃ ဦးခန့် ရေဘေးသင့်နေတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၉ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းတွေအရ စစ်ကိုင်းယူနစ်မှာ အိမ်ထောင်စု ၅၁,၀၂၈ မှ လူဦးရေ ၂၂၃,၇၆၁ ဦး၊ မန္တလေးယူနစ်မှာ အိမ်ထောင်စု ၃၇,၅၀၀ မှ လူဦးရေ ၁၅၀,၃၀၀ ဦး၊ မကွေးယူနစ်မှာ အိမ်ထောင်စု ၁၅၂ စုမှ လူဦးရေ ၅၈၆ ဦး၊ ဧရာဝတီတိုင်းမှာ အိမ်ထောင်စု ၈,၀၀၅ မှ လူဦးရေ ၄၀,၁၉၆ ဦးခန့် ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း ၁၆ ဦး၊ ပျောက်ဆုံးသူ ၂ ဦး၊ ဒဏ်ရာရ ၆၁ ဦးရှိပြီး နေအိမ်တွေရေနစ်မြုပ်တာ၊ စိုက်ပျိုးမြေဧက ထောင်ပေါင်းများစွာ ရေလွှမ်းမိုးတာနဲ့ ချောင်းကူးတံတားတွေ ပျက်စီးတာတွေဖြစ်ပွါးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူလူထုကို အစီရင်ခံတင်ပြထားပါတယ်။ #SpringRevolution #PVTV #PVTVMyanmar #PVTVNews #PVTV Telegram Channel -https://t.me/pvtvmyanmar PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

  • "မအလက ဒုက္ခပေးတာတမျိုး၊ အခုသဘာဝဘေးကြောင့်ပြည်သူတွေဒုက္ခရောက်နေရပြန်ပြီ။ အထက်ကမိုးများတော့ အောက်ကဆည်တွေလည်း မထိန်းနိုင်ဘူး။ ဒီတော့ရေတွေဆက်တိုက်ဝင်နေတာလို့" ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မောင်းကိုပြောပါတယ်။ လက်ရှိအချိန်အထိလည်း အထက်ပါမြို့နယ်တွေမှာ မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်ပြီး ဆည်တွေအတွင်းကနေ ရေတွေဆက်တိုက်လျှော့ချနေရတာကြောင့် အရပ်သားတွေအချိန်မှီ တိမ်းရှောင်နိုင်အောင် ဒေသတော်လှန်ရေးအဖွဲ့ အသီးသီးကလည်း သတိပေးချက်တွေ ဆက်တိုက်ထုတ်ပြန်နေပါတယ်။ ပုံစာ - စစ်ကိုင်းတိုင်းအတွင်းရှိ ရေဘေးသင့်ကျေးရွာများနှင့်ပြည်သူများအားတွေ့ရစဥ် ဓာတ်ပုံ - Chan Myae Oo၊ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး၊ ရွှေဘို၊ ဝက်လက် ပကဖ

  • စစ်ကိုင်းတိုင်းရှိ စစ်ဘေးသင့်ရာ မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားများ စစ်ဘေးရော ရေဘေးပါကြုံတွေ့နေရ သြဂုတ် ၉၊ ၂၀၂၆ စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးသင့်ရာမြို့နယ် ၉ ခုထက်မနည်းမှာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတွေစစ်ဘေးရော ရေဘေးပါကြုံတွေ့နေရတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှ၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ဒီပဲယင်း၊ ရေဦးနဲ့ ကောလင်းစတဲ့ စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးသင့်ရာ မြို့နယ်တွေမှာ ၄ ရက်မြောက်နေ့အဖြစ် ရေကြီးရေလျှံမှုတွေဆက်လက်ဖြစ်ပွားနေပြီး ရေဘေးသင့်ဒေသခံတွေလည်း အကူအညီလိုအပ်နေကြောင်း တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၅ရက်နေ့ကစပြီး အထက်ပါမြို့နယ်တွေမှာ မိုးသည်းသည်းမည်းမည်းရွာသွန်းခဲ့မှုနဲ့အတူ အဲဒီမြို့နယ်တွေကို စီးဆင်းနေတဲ့ မူးမြစ်နဲ့ မြစ်လက်နက်တွေအပါအဝင် ဒေသစိုက်ပျိုးရေးအတွက် ဆောက်လုပ်ထားတဲ့ ဆည်နဲ့ တူးမြောင်းတွေထဲကိုပါ ရေတွေအလုံးအရင်းနဲ့ ဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။ ဒါကြောင့် ဆည်တွေထဲကနေ ရေတွေ ဖောက်ထုတ်ခဲ့ရသလို တူးမြောင်းနဲ့ မူးဘောင်တွေပါ အရှိန်မထိန်းပဲကျိုးပေါက်ကုန်တာကြောင့် မူးမြစ်ဘေးဝဲရာတစ်လျှောက်က ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက သူတို့ထိန်းချုပ်ထားတဲ့ ကျွန်းလှမြို့နယ်အတွင်းက သဖန်းဆိပ်ဆည်ကို ကြိုတင်အသိမပေးပဲ ရုတ်တရက် ရေတွေဖောက်ထုတ်ခဲ့တာကြောင့် မူးမြစ်ကမ်းဘေးကျေးရွာတွေဆီ ရေကြီးမှုအရှိန်ပိုမြင့်စေခဲ့တယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက ဆိုထားပါတယ်။ တဆက်တည်းမှာပဲ တန့်ဆည်မြို့နယ်အတွင်းက ဒေါင်ကြီးမူးဘောင်နဲ့ အက်တောမူးဘောင်တို့ ကျိုးပေါက်သွားတာကြောင့်လည်း ရေမြင့်တက်မှုပိုများခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၇ရက်နေ့ကလည်း ရေဦးမြို့နယ်အတွင်းက ရေဦးမြောင်းမတော် အထက် ပေ ၃၀၀အကွာက မူးတာဘောင် ကျိုးပေါက်ခဲ့ပါသေးတယ်။ "တန့်ဆည်ထဲက မူးဘောင်တွေကျိုးသွားတာ ပိုဆိုးသွားတယ်။ အခုကရေကျတယ်ဆိုပေမယ့် ကယ်ဆယ်ရေးတွေကဆက်လုပ်နေရဆဲပါ" လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မောင်းကိုပြောပါတယ်။ လက်ရှိမှာ ကန့်ဘလူ၊ ကျွန်းလှနဲ့တန့်ဆည်မြို့နယ်တွေထဲက ကျေးရွာပေါင်း ၆၀ ထက်မနည်းဟာ ရေဘေးသင့်နေပြီး ဆက်လက်ကြည့်စောင့်ကြည့်ရမယ့် ဆည်တွေရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။ ဒါ့အပြင် ရေဦးမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀ ကျော်မှာလည်း ရေကြီးရေလျှံမှုတွေဆိုးဆိုးရွားရွားဖြစ်ပေါ်နေပြီး လယ်ယာမြေတွေပျက်စီးတာ၊ မွေးမြူရေးတိရိစ္ဆာန်တွေသေဆုံးတာအပြင် လူနေအိမ်တွေပါ ပျက်စီးခဲ့ကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကပြောပါတယ်။ အလားတူ ရွှေဘိုနဲ့ဒီပဲယင်းမြို့နယ်အတွင်းက ကျေးရွာပေါင်း ၃၆ ရွာထက်မနည်းမှာလည်း ရေတွေဒလဟောဝင်ရောက်ပြီး ရေကြီးခဲ့တာကြောင့် ပကဖနဲ့တော်လှန်ရေးပူးပေါင်းအင်အားစုတွေက ရေနစ်မြုပ်ရာကျေးရွာတွေထဲ ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။ ဝက်လက်မြို့နယ်အတွင်းက မူးမြစ်အနောက်ဘက်ကမ်းကျေးရွာ ၁၅ ရွာဟာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး အရပ်သားတွေဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း မြို့နယ်ပကဖက ထုတ်ပြန်ထားပါတယ်။ ခင်ဦးမြို့နယ်မှာလည်း မိုးသည်းထန်နေဆဲဖြစ်သလို မြို့နယ်အနောက်ဘက်ခြမ်းက မူးတိမ်ချောင်းရေကျိုးကျမှုကြောင့် အရပ်သားလယ်ယာစိုက်ခင်းတွေ ရေဝင်ပျက်စီးခဲ့ရကြောင်းသိရပါတယ်။ ဒါ့အပြင် အဲဒီလို မိုးဆက်လက်ရွာသွန်းမှုတွေကြောင့်ပဲ မူးမြစ် နဲ့ DY-1 မူးဘောင် အတွင်းကကျေးရွာတွေမှာ ရေပြန်တက်လာနေကြောင်းနဲ့ စုစုပေါင်းကျေးရွာ ၁၉ ရွာဟာ ရေဘေးကြောင့်တိမ်းရှောင်နေရပြီး အခြေခံစားနပ်ရိက္ခါကစလို့ ကူညီထောက်ပံ့မူတွေလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်။ ကောလင်းမြို့နယ်မှာလည်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ မြို့နယ်အတွင်းက ကားလမ်းပိုင်းတွေနဲ့ တံတားတွေရေကျော်နစ်မြုပ်နေတာကြောင့် အရေးပေါ်ကိစ္စကလွဲလို့ခရီးမသွားကြဖို့နဲ့ ရေလမ်းခရီးသွားလာပါက မေးမြန်းစုံစမ်းပြီးမှသွားလာဖို့ကိုလည်း ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ရေကြီးမှုဖြစ်စဥ်တွေကြောင့် ကန့်ဘလူ၊ ဒီပဲယင်းနဲ့ ခင်ဦးမြို့နယ်တွေက ‌ဒေသခံ ၉ ဦးအထိ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ လက်ရှိရေကြီးမှုတွေဖြစ်ပေါ်နေရာ ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှ၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်နဲ့ ကောလင်းမြို့နယ်တွေဟာ စစ်ကိုင်းတိုင်းအတွင်း စစ်ရေးတင်းမာမှု အမြင့်ဆုံးမြို့နယ်တွေထဲပါဝင်ပါတယ်။ အဲဒီမြို့နယ်တွေထဲကကျေးရွာတွေကို အကြမ်းဖက် စစ်တပ်က မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်တာနဲ့ စစ်ကြောင်းထိုးတာတွေလုပ်ဆောင်တက်တာကြောင့်အများစုဟာစစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်ပြီး လက်ရှိမှာတော့ သဘာဝဘေးအန္တရယ်ကိုပါ ဆိုးဆိုးရွားရွားကြုံတွေ့နေကြရတာဖြစ်ပါတယ်။

  • 🔺ရွှေကူမြို့နယ်တွင် အကြမ်းဖက် စစ်ရှုံးတပ် စစ်ကြောင်းကို KIA၊ KPDF ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်🔺 ■ စစ်ကြောင်းတစ်ခုလုံး ပျက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ငဘတ်ကြီးစခန်းမှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်ရှုံးတပ် စစ်ကြောင်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ရှုံးကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံးပြီး စစ်ကြောင်းတစ်ကြောင်းလုံး ပျက်ကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုပါတယ်။ ဩဂုတ်လ ၈ ရက်နေ့က ရွှေကူမြို့နယ်၊ ငဘတ်ကြီးစခန်းမှ ထွက်ခွာလာသည့် စစ်ရှုံးကောင်စီတပ် စစ်ကြောင်းကို ဖြူရလမ်းခွဲအရောက်တွင် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တွေက ကြိုတင်စောင့်ဆိုင်းကာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ရှုံးကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားတာကြောင့် ၎င်းတို့ အသုံးပြုခဲ့သည့် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။ "မနေ့က စစ်ကြောင်းတစ်ကြောင်းလုံး ပျက်သွားတာ။ လက်နက်ခဲယမ်းတွေလည်း ရတယ်။ နောက်ထပ် စစ်ကြောင်းတွေ ထပ်တက်ဖို့ စီစဉ်နေလို့ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်" ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုပါတယ်။ အဆိုပါ တိုက်ခိုက်မှုဟာ ဩဂုတ်လ ၃ ရက်နေ့က မန္တလေး-ဗန်းမော် လမ်းမကြီးပေါ်၊ ရွှေကူမြို့နှင့် ငါးအိုးကျေးရွာကြားရှိ ရွှေဘုန်းမြင့်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ရှုံးကောင်စီ၏ ယာယီခြေကုတ်စခန်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ #4C_TruthNews

  • မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့သည့် ထိုင်းအမတ်ကို မြန်မာပြည်သူများ ကျေးဇူးတင်စကားဆို 7 Aug 2026 By MPA အတုအယောင်သမ္မတ မင်းအောင်လှိုင်ကို ထိုင်းလွှတ်တော်အတွင်း၌ လက်သီးလက်မောင်းတန်း၍ ပြင်းပြင်း ထန်ထန် ကန့်ကွက်ဆန္ဒပြခဲ့သည့် ထိုင်းပြည်သူ့ပါတီ (People's Party) မှ ဘန်ကောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒေါက်တာ အနုဆွန် သမ္မချိုင်းကို မြန်မာပြည်သူအပေါင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် လှိုက်လှိုက်လှဲလှဲ ဝင်ရောက်၍ ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုလျက် ရှိကြသည်။ အဆိုပါ ဖြစ်စဉ်မှာ ဩဂုတ်လ ၇ ရက်နေ့တွင် ထိုင်းလွှတ်တော်သို့ မင်းအောင်လှိုင် ရောက်ရှိလာစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုင်းသတင်းဌာန Khaosod ၏ ဖော်ပြချက်အရ ဒေါက်တာ အနုဆွန် သမ္မချိုင်းသည် လက်သီးလက်မောင်းတန်းကာ "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/11822/

  • ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် အမေရိကန်ပြည်ထောင်စု တိုက်တွန်း 🛑Z Fighter Aug 7 🛑 ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ နိုင်ငံရေးအကျဉ်း သားအားလုံးကို လွှတ်ပေးပြီး မြန်မာနိုင်ငံ၏ ပဋိပက္ခများကို အဆုံးသတ်နိုင်ရေးအတွက် သက်ဆိုင်ရာ အင်အားစုအားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ရန် အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်သည်။အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့မှုအပေါ် အမေရိကန်ပြည်ထောင်စုက ကြိုဆိုကြောင်း ယနေ့ ထုတ်ပြန်သည်။ နိုင်ငံတကာအသိုက်အဝန်းနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက ယင်းအမှုများကို နိုင်ငံ ရေးရည်ရွယ်ချက်ဖြင့် စွပ်စွဲထားခြင်းဖြစ်ကြောင်း ဝေဖန်ထားပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ဆက်တိုက် တောင်းဆိုလျက်ရှိသည်။ [Khit Thit Media][Z_F] https://telegra.ph/Z-Fighter-08-07-77 #Adm_2 #KTM #z_fighter

  • မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည်ဟု ပြောဆိုနေသော်လည်း ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ရက် ၁၀၀ ငြိမ်းချမ်းရေး အစီအစဉ် ကြေညာပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု ၇၆၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ၇ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်နေသဖြင့် ယင်းကဲ့သို့သော အခြေအနေအောက်တွင် စစ်မှန်သော ငြိမ်းချမ်းရေး မဖြစ်နိုင်ကြောင်း ဒေါက်တာ အနုဆွန် သမ်ချိုင်းက ဝေဖန်ပြောဆိုပါတယ်။ မြန်မာနိုင်ငံတွင် လူပေါင်း ၄ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ပြည်ပဒုက္ခသည် ၂ သန်းခန့် ရှိကာ လူပေါင်း ၁၃ သန်းနီးပါး အစားအစာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့် မြန်မာစစ်ကောင်စီ တစ်ဖွဲ့တည်းနှင့်သာ ဆက်သွယ်ခြင်းမဟုတ်ဘဲ အာဏာသိမ်းပြီးနောက် ဒီမိုကရေစီ အင်အားစုများ ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးနှင့် ထိတွေ့ဆက်ဆံပြီး ငြိမ်းချမ်းရေးအတွက် ကြားဝင်ညှိနှိုင်းပေးသင့်ကြောင်း သူက တိုက်တွန်းပြောဆိုပါတယ်။ သတင်းစာရှင်းလင်းပွဲအပြီးတွင် ဒေါက်တာ အနုဆွန် သမ်ချိုင်းက ထိုင်းအစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများကို လွှတ်တော်၌ မေးခွန်းထုတ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် လွှတ်တော်၏ သံတမန်ရေး အခန်းကဏ္ဍကို ဆက်လက် အသုံးချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ #4C_TruthNews

  • 🔺စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို ထိုင်းလွှတ်တော်တွင် ကော်ဇောနီခင်း ကြိုဆိုမှုကို လက်မခံနိုင်၍ ကြွေးကြော်အော်ဟစ်ခဲ့ပြီး မြန်မာပြည်သူများအတွက် လုပ်ဆောင်ခဲ့ဟု ထိုင်းလွှတ်တော်အမတ် ပြောဆို🔺 မြန်မာအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းလွှတ်တော်၌ ကော်ဇောနီခင်း ဂုဏ်ပြုကြိုဆိုခဲ့ခြင်းကို လက်မခံနိုင်သဖြင့် "For Peace, For Humanity" (ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်) ဟု ကြွေးကြော် အော်ဟစ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ပါတီ (People's Party) မှ ဘန်ကောက်မြို့ ကိုယ်စားပြု လွှတ်တော်အမတ် ဒေါက်တာ အနုဆွန် သမ်ချိုင်း (Anusorn Thamjai) က ဩဂုတ်လ ၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။ ဒေါက်တာ အနုဆွန် သမ်ချိုင်းက မင်းအောင်လှိုင် ထိုင်းလွှတ်တော်သို့ လာရောက်ချိန်တွင် ၎င်းအနေဖြင့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ကိုယ်တိုင်ပေးအပ်ရန် ကြိုးပမ်းခဲ့သော်လည်း လုံခြုံရေးတာဝန်ရှိသူများက ခွင့်မပြုခဲ့ကြောင်း၊ ယင်းကြောင့် ထိုင်းလွှတ်တော်၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူသားချင်းစာနာမှုဆိုင်ရာ ရပ်တည်ချက်ကို ထုတ်ဖော်ပြသရန် "For Peace, For Humanity" ဟု ကြွေးကြော်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်။ "ဒီမနက် ကျွန်တော်နဲ့ ကျွန်တော့်အဖွဲ့ လုပ်ခဲ့တာဟာ ထိုင်းနိုင်ငံ၊ ထိုင်းပြည်သူတွေ၊ မြန်မာပြည်သူတွေနဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ဒုက္ခရောက်နေသူတွေအတွက် ဖြစ်ပါတယ်။ ထိုင်းလွှတ်တော်ကိုယ်စားလည်း ရပ်တည်ချက်ကို ဖော်ပြခဲ့တာပါ။ အစိုးရ ဒါမှမဟုတ် လွှတ်တော်က စစ်ရာဇဝတ်မှု ကျူးလွန်သူ အာဏာရှင်တစ်ဦးကို ပြည်သူတွေရဲ့ လွှတ်တော်အဆောက်အအုံမှာ ကြိုဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ သဘောမတူဘူးဆိုတာ ပြသချင်တာပါ" ဟု ၎င်းက ပြောကြားပါတယ်။ မြန်မာစစ်ခေါင်းဆောင်မှာ သွေးစွန်းလက်များရှိနေသော အာဏာရှင်တစ်ဦးဖြစ်ပြီး ကော်ဇောနီခင်း၍ ဂုဏ်ပြုကြိုဆိုရန် မလိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုပါတယ်။ "ကျွန်တော်တို့က သွေးစွန်းလက်တွေနဲ့ အာဏာရှင်တစ်ယောက်ကို ကော်ဇောနီခင်း ကြိုဆိုနေတယ်။ လူသားချင်းစာနာတတ်တယ် ဆိုရင် ဒီလိုအခြေအနေကို လျစ်လျူရှုနေလို့ မရဘူး။ ထိုင်းနိုင်ငံဟာ ငြိမ်းချမ်းရေးဘက်မှာ ရပ်တည်တယ်၊ စစ်ပွဲကို လက်မခံဘူး၊ အကြမ်းဖက်မှု၊ အပြန်အလှန် သတ်ဖြတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ နယ်စပ်တစ်လျှောက် ဗုံးကြဲတိုက်ခိုက်မှုတွေကို လက်မခံဘူး ဆိုတာ ပြသရမှာ ဖြစ်တယ်" ဟု ၎င်းက ဆိုပါတယ်။ ဒေါက်တာ အနုဆွန် သမ်ချိုင်းက ထိုင်းအစိုးရ အိမ်တော်နှင့် ထိုင်းလွှတ်တော်တွင် မင်းအောင်လှိုင်ကို အခမ်းအနားဖြင့် ကြိုဆိုခဲ့ခြင်းဟာ ထိုင်းနိုင်ငံ၏ သံတမန်ရေး မဟာဗျူဟာအတွက် အနိမ့်ဆုံး အခြေအနေတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းက ပြစ်တင်ရှုတ်ချထားသော စစ်ခေါင်းဆောင်တစ်ဦးကို နိုင်ငံတော်အဆင့် ကြိုဆိုခြင်းဟာ ထိုင်းနိုင်ငံ၏ နိုင်ငံတကာပုံရိပ်ကို ထိခိုက်စေကြောင်းလည်း ဝေဖန်ပြောဆိုပါတယ်။ ၎င်းအနေဖြင့် မင်းအောင်လှိုင်ထံ ပေးအပ်ရန် ရည်ရွယ်ထားသည့် အိတ်ဖွင့်ပေးစာတွင် မြန်မာနိုင်ငံ၌ ပင်လုံစာချုပ် (Panglong Agreement) ၏ မူဝါဒများကို အခြေခံသည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်ကို ပြန်လည်ဖော်ဆောင်ရန်၊ ထိုင်းနိုင်ငံနှင့် ထိုင်းပြည်သူများအပေါ် သက်ရောက်နေသော နယ်စပ်ဖြတ်ကျော် ပြဿနာများကို အချိန်ကန့်သတ်ချက်ဖြင့် ဖြေရှင်းရန် တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သော အရပ်သား အစိုးရလက်ထက် ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ (Union Peace Conference) ၏ အခြေခံမူများကို ထောက်ခံကြောင်း၊ ယင်းညီလာခံဟာ ဗိုလ်ချုပ်အောင်ဆန်း၏ "ပင်လုံစိတ်ဓာတ်" ကို ပြန်လည်အသက်သွင်းကာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ရည်ရွယ်ခဲ့ကြောင်း သူက ပြောဆိုပါတယ်။ သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့သလို ငြိမ်းချမ်းရေး သဘောတူညီချက် ၇၁ ချက်ကိုလည်း ဖျက်သိမ်းခဲ့သဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုံးဝ ရပ်တန့်သွားခဲ့ပြီး မြန်မာနိုင်ငံဟာ ယနေ့အထိ ပိုမိုပြင်းထန်သော ပြည်တွင်းစစ်အတွင်း ပြန်လည်ကျရောက်နေကြောင်းလည်း ၎င်းက ထောက်ပြ ပြောဆိုပါတယ်။ ဒေါက်တာ အနုဆွန် သမ်ချိုင်းက မင်းအောင်လှိုင်အစိုးရ အနေဖြင့် မူးယစ်ဆေးဝါး၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးမှု၊ နယ်စပ်တစ်လျှောက် စစ်ပွဲများ၊ မြစ်ချောင်းများအတွင်း အဆိပ်သင့်ပစ္စည်းများ စွန့်ပစ်မှုနှင့် နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုများ အပါအဝင် ထိုင်းနိုင်ငံအပေါ် သက်ရောက်နေသော နယ်စပ်ဖြတ်ကျော် ပြဿနာများကို သတ်မှတ်အချိန်အတွင်း ဖြေရှင်းပေးရန်လည်း တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် မင်းအောင်လှိုင်အနေဖြင့် အာဆီယံ၏ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို လိုက်နာပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို အမှန်တကယ် ပြန်လည်ဖော်ဆောင်ပါက ယင်းဟာ မြန်မာနှင့် ထိုင်းပြည်သူများ နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက် ဖြစ်လာမယ်လို့ ဆိုပါတယ်။

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • ရွှေဘို ရေဦးမြို့ ရေမြုပ်နေ၊ သဖန်းဆိပ်ဆည် ရေထုတ်လို့ ရေဦးမြို့ အပါအဝင် မူးမြစ်ရိုးရှိ မြို့၊ရွာ ၁၀၀ ကျော် ရေမြုပ်၊ သုထက်၊ MN/MFP ၊ ဩဂုတ် - ၇ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ မြို့ပေါ်ရပ်ကွက်တွေပါမကျန် ရေမြုပ်နေပြီး ရေဦးတနယ်လုံး ရွာ ၅၀ ကျော် ရေမြုပ်ကာ ပြည်သူ သောင်းနဲ့ချီ ရေဘေးသင့်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်မှာ ရေတွေ စိုးရိမ်ရေမှတ်အနီးထိ ရောက်နေပြီမို့ မူးမြစ်ထဲ ထုတ်လွှတ်ရာက ခင်ဦးမြို့ အပါအဝင် မူးမြစ်ရိုး တလျှောက် မြို့နယ် ခြောက်မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာ ၁၀၀ ကျော် ဩဂုတ် ၆ရက်က စတင်ကာ ရေဘေးသင့်နေတာ ဖြစ်ပါတယ်။ ရေဦး မြို့ပေါ် ငါးရပ်ကွက်ရှိရာ မူးမြစ်ကမ်းအနီးရှိ ရွှေပြည်သာ၊ အောင်မင်္ဂလာ၊ ဗိုလ်အောင်ဇေယျ စတဲ့ မြို့အရှေ့ပိုင်း ရပ်ကွက်တွေ ဩဂုတ် ၆ရက် မနေ့ကတည်းက ရေမြုပ်နေပြီး မြစ်ရေ ဆက်တိုးလို့ ရေဦးမြို့ပေါ် ရေကြီး နစ်မြုပ်တာတွေ ပိုဆိုးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ရေဦးမှာ မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ကျေးရွာ ၅၀ ကျော် ရေမြုပ်ကာ ပြည်သူ ၁၀,၀၀၀ ကျော် ရေဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေအဖွဲ့ - ပကဖ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။ “လက်ရှိ ရေဦးမြို့နယ်ထဲ မှာ ရွာပေါင်း ၅၀ ကျော်မယ်၊ ရေဘေးတိမ်းရှောင်ရတာ။ လူဦးရေကတော့ တစ်သောင်းကျော် ရှိနိုင်တယ်” ရေဦးမြို့ရဲ့ အရှေ့ဘက် မူးမြစ်တဖက်ကမ်းရှိ ခင်ဦးမြို့နယ် အနောက်ခြမ်းမှာလည်း ကျေးရွာ ၁၀ ရွာကျော် ရေမြုပ်နေပြီး လူဦးရေ တစ်ထောင်ကျော် ရွှေ့ပြောင်းနေကြရတယ်လို့ ဆိုပါတယ်။ ခင်ဦးမြို့နယ် မူးမြစ်(နတ်မူး)အရှေ့ဘက်နဲ့ DY-1 တူးမြောင်းအတွင်းရှိ ကျေးရွာတွေ သြဂုတ် ၇ရက် ဒီမနက် ၁ နာရီဝန်းကျင်မှာ ရေဝင်လို့ ဘေးလွတ်ရာ ရှောင်တိမ်းကြရတာလို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ "သတင်းကတော့ အရင်ကြားရတာ ကိုယ့်ဒေသ အမြန်ရောက်လာမယ်လို့ မထင်ဘူး ည ၁၂လောက်က စဝင်တာ၊ ၁ နာရီဝန်းကျင် ရောက်တော့ အားလုံးကို ရှောင်ဖို့ စပြောရတော့တာပဲ" ခင်ဦးမြို့နယ်ထဲ လက်ရှိ ရေဝင်လို့ ရွှေ့ပြောင်းရတဲ့ ရွာတွေဟာ ဥယဥ်၊ ကျွန်းတောကြီး၊ ယာတော်၊ မကျီးအုပ်၊ သရက်ပင်စု၊ ကားဆိပ်၊ မြင်းဒေါင်း၊ အင်းပတ်၊ ရွာသစ်၊ မူးသာ၊ သက်ပေး၊ ဇီးတော၊ လက်ပံကွက်၊ တာတိုင် စတဲ့ ရွာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သဖန်းဆိပ်ဆည်က လွှတ်ထုတ်လိုက်တဲ့ ရေတွေဟာ မူးမြစ်သာမက ကန့်ဘလူနယ်ရှိ ကာဘိုးဆည်ထဲကိုလည်း စီးဝင်ပြီး ကာဘိုးဆည်မှာလည်း ရေမထိန်းနိုင်တော့လို့ ဩဂုတ် ၆ရက် မနေ့ကတည်းက ဆည်ကို ဖွင့်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မနေ့ညက ကာဘိုးဆည်ကနေ ရေတွေ ဖွင့်ချလိုက်တဲ့အတွက် ရေဦးတူးမြောင်းနဲ့ ရွှေဘိုတူးမြောင်းမှာ ရေတွေ တိုးနေတာပေါ့။ ရေက မနေ့ကထက် ဒီကနေ့မှာ ပိုပြီးတော့ တိုးလာတာ။ မူးမြစ်ထဲက ကျွန်းတွေမှာ နေတဲ့ အိမ်လေးတွေကတော့ အိမ်ခေါင်မိုးပဲ ကျန်တော့တယ်၊ အကုန်မြုပ်ကုန်ပြီ။ အခု မူးကျင်း ကျွန်းထဲမှာ နေတဲ့အိမ်တွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်။ လူဦးရေကတော့ ထောင်ဂဏန်းလောက် ရှိတာပေါ့။ မူးမြစ်ဘေးက သာဝတ္ထိ၊ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ ယာတော်၊ သရက်ပင်စု၊ ကားဆိပ် အဲဒီ မြစ်အနီးက ရွာတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်”လို့ ခင်ဦးနယ် အနောက်ခြမ်းမှာနေထိုင်သူ တစ်ဦးက MFP ကို ပြောပါတယ်။ ကာဘိုးဆည်အောက်ဘက် တန့်ဆည်မြို့နယ်ထဲရှိ အက်တော မူးဘောင်နဲ့ ဒေါင်ကြီးမူးဘောင်တွေ မနေ့ကတည်းက ကျိုပေါက်ကာ ရွာတွေ ရေမြုပ်နေသလို ကာဘိုးဆည်ရဲ့အောက်ဘက် ရေဦးမြောင်းမတော် (ဗိုလ်ရုံတူးမြောင်း) နံကာကြီး အထက် ပေ ၃၀၀ အကျယ် တာဘောင်ကျိုးပေါက်လို့ ရေဝင်ရောက်နိုင်တဲ့ ကျေးရွာတွေ သတိထားနေထိုင်ကြဖို့ ပြည်သူအချင်းချင်း အသိပေးထားပါတယ်။ လက်ရှိမှာ သဖန်းဆိပ်ဆည်ရေ လွှတ်ထုတ်တာကြောင့် မူးမြစ်ရိုးရှိ ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တွေ ရေကြီးနစ်မြုပ်မှု အဆိုးရွားဆုံး ကြုံနေရပြီး ခင်ဦး၊ ဒီပဲယင်းနဲ့ ရွှေဘို မြို့နယ်တွေလည်း ရေဘေး ကြုံနေရကာ မူးမြစ်ရိုးတလျှောက်ရှိ ရပ်ကွက်နဲ့ ကျေးရွာ ရာနဲ့ချီ ရေကြီး နစ်မြုပ်နေတာ ဖြစ်ပါတယ်။ မိုးစပါးနဲ့ သီးနှံစိုက်ခင်း အများအပြားလည်း ရေဝင်နစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးမှု များတယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေ အပါအဝင် အဲ့ဒီ ရေဘေးသင့် ခြောက်မြို့နယ်ရှိ ကျေးရွာ ၁၀၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေအတွက် စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သဖန်းဆိပ်ဆည်ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၅၄၅ ပေ ဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၇ရက်မှာ ဆည်ရေအမှတ် ၅၄၄ ဒသမ ၇ ပေအထိ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ ရေဦးမြို့ပေါ် ရေဝင်နစ်မြုပ်နေစဉ်/Photo – Wai Lin FB MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #ကာဘိုးဆည် #မူးမြစ်ရေကြီး #သဖန်းဆိပ်ဆည်

  • တန့်ဆည်ဘေးသင့်စာရင်း (7-9-2026) တန့်ဆည်အရှေ့ပိုင်း ၁။ ငတန်း ၂။ အက်တော ၃။ သဲကုန်း ၄။ ညံသာ ‌၅။ တုတ္တလုပ် ၆။ သောင်သုခ ၇။ ဗျက်ကြီး ၈။ တပ်သစ် တန့်ဆည်မြောက်ပိုင်း ‌၉။ ကမ်းဖြူ ၁၀။ ဝက်တိုး ၁၁။ သာပေါင်ကြီး တံတားပျက်စီးစာရင်း ၁။ ပေါင်က ဒေါင် တံတား မြောက်ခြမ်းမြောပါ ၂။ စည်တုံလုံးတံတား တိုင်များယိုင်နဲ့ အရေးပေါ် ရေ၊ ဆေးဝါး နှင့် အစားအစာများ လိုအပ်လျှက်ရှိ။ #TazeNews