- Последний пост
- 9 июн.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
တိုက်တွန်းနှိုးဆော်ခြင်း ချောင်းဦးနယ် အနောက်မြောက်ခြမ်းတွင် ကင်းထောက် Drone ဝဲထားပြီး ၎င်း drone ဝဲခဲ့သော နေရာများတွင် လေကြောင်းတိုက်ခိုက်မှု့ လုပ်နိုင်ခြေရှိပါသည်။ သို့ဖြစ်ပါ၍ ဒေသခံပြည်သူများ အထူး ဂရုစိုက်ကြရန် အသိပေးအပ်ပါသည်။ ထို့အပြင် ဗုံးခိုကျင်းများ စနစ်တကျတူးခြင်း ၊ ရှိပြီးဖြစ်သော ဗုံးခိုကျင်းများအား လုံခြုံမှု့ စစ်ဆေးခြင်းများ ကြိုတင် ပြုလုပ်ကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
သတိပေးချက်ထုတ်ပြန်ခြင်း စစ်ရေး အခြေအနေအရ ချောင်းဦး-အမြင့်လမ်း ၊ ချောင်းဦး-ပခုက္ကူလမ်း ၊ ချောင်းဦး-မယ်သဲကြိုးလမ်း၊ ခင်မွန် -ကျီကုန်းလမ်း၊ ချောင်းဦး-နွယ်ခွေလမ်း ၊ နတ်ရေကန် -ဘလွေလမ်း တို့အား လုံးဝ အသုံးမပြုကြရန် အသိပေးအပ်ပါသည်။
အသိပေးချက်ထုတ်ပြန်ခြင်း စစ်ရေးအခြေအနေအရ ဆင်မြေ-ကျောက်ဆစ်ကန်လမ်းအား လုံးဝ အသုံးမပြုကြရန် အသိပေးအပ်ပါသည်။
သတိပေးချက်ထုတ်ပြန်ခြင်း စစ်ရေးအခြေအနေအရ ခင်မွန်-ကျီကုန်းလမ်း ၊ ချောင်းဦး-မယ်သဲကြိုးလမ်း တို့အား ည ၇ နာရီနှင့် မနက် ၇ နာရီ ကြား အသုံးမပြုရန်နှင့် ချောင်းဦး-ပခုက္ကူလမ်းမကြီးအား ၂၄နာရီလုံး လုံးဝ အသုံးမပြုကြရန် အသိပေးအပ်ပါသည်။
без подписи
အသိပေးချက်ထုတ်ပြန်ခြင်း ၂၀၂၆ မေလ ၃၁နေ့မှစ၍ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးနေပါ၍ စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေပါသည်။ သို့ဖြစ်ပါ၍ ပြည်သူအချင်းချင်း ဝိုင်းဝန်းကူညီပေးကြပါရန် အသိပေးအပ်ပါသည်။
без подписи
အသိပေးချက်ထုတ်ပြန်ခြင်း လတ်တလောကာလတွင် မသမာသူများက မိဘပြည်သူများ၏ မှတ်ပုံတင် နှင့် Face ID များကို အသုံးပြု၍ ငွေကျပ် ၅သောင်းဖြင့် မက်လုံးပေးကာ kpay အကောင့်ဖွင့်သည့် ဖြစ်စဉ်များ ဖြစ်ပွားနေပါသည်။ မိဘပြည်သူများ၏ အရေးကြီး ကိုယ်ရေးအချက်အလက်များ ဝယ်ယူ အသုံးပြု၍ kpay အကောင့် ပြုလုပ်ခြင်းသည် မူမမှန်သောလုပ်ရပ်ဖြစ်ကာ ငွေကြေးလိမ်လည်ခြင်း ၊ တရားမဝင် လောင်းကစားအလုပ်များပြုလုပ်ခြင်းနှင့် တရားမဝင်ငွေကြေး လွှဲပြောင်းခြင်းများ ပြုလုပ်ရန်အတွက်ရည်ရွယ်ခြင်းသာ ဖြစ်နိုင်ပါသည်။ မိမိ မှတ်ပုံတင် ၊ ဓါတ်ပုံံ နှင့် Face ID တို့အသုံးပြုကာ ပြုလုပ်ထားသော kpay အကောင့်ဖြင့် ငွေကြေးလိမ်လည်မှု့ နှင့် ရာဇဝတ် မှု့များပြုလုပ်လျှင် ဥပဒေ သဘောအရ မှတ်ပုံတင် ပိုင်ရှင်ကိုသာ စစ်ဆေး အရေးယူ ခံရနိုင်ပါသည်။ သို့ဖြစ်ပါ၍ မိမိတို့၏ အရေးကြီးကိုယ်ရေးအချက်အလက်များကို သူတပါးထံ မရောင်းချကြရန်နှင့် ထိုကိစ္စများ တွေ့ရှိပါက ဒေသခံ အဖွဲ့အစည်းများထံ အချိန်မီ သတင်းပို့ကြရန် အသိပေးအပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ ချောင်းဦး၊ မေ ၅ ၂၀၂၆ ခုနှစ် မေလ (၅) ရက်နေ့တွင် ကျရောက်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၅)နှစ်ပြည့် အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ချောင်းဦးမြို့နယ် ၏ စခန်းတနေရာတွင် ပြုလုပ်ကျင်းပခဲ့သည်။ အခမ်းအနားကို ပြည်သူ့ကာကွယ်ရေး တပ်မတော်အလံလွှင့်ထူခြင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံကို အလေးပြုခြင်း ၊ ခေတ်အဆက်ဆက် ဖယ်ဒရယ်ဒီမိုကရေစီ အရေးတော်ပုံအတွင်း ကျဆုံးခဲ့ရသော ရဲဘော်များအား အလေးပြုခြင်း ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ ကတိသစ္စာပြု သစ္စာရေသောက်ခြင်းများဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ #သတင်းမှန်ပြန်ကြားရေး #ချောင်းဦးပကဖ #ပြည်သူ့ကာကွယ်ရေးတပ်မတော်
без подписи
без подписи
без подписи
без подписи
без подписи
ချောင်းဦးမြို့ပေါ် ရှိ စစ်ခွေးဂိတ်များသည် ခရီးသွားကားများပေါ်မှ လူငယ်အမျိုးသားများကို အဓမ္မပေါ်တာဆွဲခြင်း ခပ်စိပ်စိပ်ပြုလုပ်နေပါ၍ သတိထားဆင်ခြင်နိုင်ရန် အသိပေးအပ်ပါသည်။
Channel photo updated
Channel photo removed
Channel name was changed to «ပကဖ - ချောင်းဦးမြို့နယ် - NUG»
အသိပေးကြေငြာခြင်း ချောင်းဦးမြို့ရပ်လှေရပ် အမြင့်လမ်းခွဲနှင့် တမာတန်းရပ်တို့တွင် ခွေးများခြေရှုပ်နေပြီး စစ်ကြောင်းထိုးနိုင်ခြေရှိပါသည်။ ထို့ကြောင့် ချောင်းဦး မယ်သည်းကြိုးလမ်းအား ယာယီပိတ်ထားကြောင်းနှင့် အန္တရာယ်များပါသဖြင့် လုံးဝ အသုံးမပြုကြရန် အသိပေးတားမြစ်ပါသည်။
အကြမ်းဖက်စစ်တပ်က ကျီကုန်းအရှေ့ရွာနှင့် အနောက်ရွာကိုဝင်ရောက် လူTတ် ၊ ပြည်သူပိုင်ပစ္စည်းများ စိတ်ကြိုက်ယူပြီး မီးရှို့ မကျေနပ်နိုင်သေးပဲ ရွာထဲပြန်ဝင်လာမယ့်ပြည်သူကို ဒုက္ခပေးပို့ ရက်စက်ယုတ်မာစွာ နင်းမိုင်းများထောင်ထားခဲ့ပါတယ် မိုင်းများ ယနေ့အချိန်ထိ ရှင်းလင်းနေရဆဲဖြစ်ပြီး ပြည်သူနှင့် ရဟန်းတပါးကို မီးရှို့ ထားသော အကြွင်းအကျန်များလည်းတွေ့ရှိ