ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
Статистикаခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
- Последний пост
- 29 мар.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
The owner of this channel has been inactive for the last 11 months. If they remain inactive for the next 18 days, they may lose their account and admin rights in this channel. The contents of the channel will remain accessible for all users.
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ဇန်နဝါရီလ-၃၀/၂၀၂၃/တနင်္လာနေ့ ည-၈:၄၀နာရီ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း ဗျိုင်ကြိုင်းကျေးရွာသို့ ယနေ့နေ့လယ်ပိုင်းရောက်ရှိလာသော အင်အား100ခန့်ပါအကြမ်းဖက်စခ စစ်ကြောင်းဟာ ညနေပိုင်း3နာရီ ဝန်းကျင်မှ ယနေ့ညပိုင်းအထိ ပြည်သူပိုင်နေအိမ်များအား 🔥မီးတင်ရှို့နေကြောင်း သိရပါတယ် ခဗျာ။ -ယခုစစ်ကြောင်းသည် ဒီပဲယင်းမြို့နယ် ကျေးရွာများအား မီးပတ်ရှို့နေသော စစ်ကြောင်းဟု သိရပါတယ်။ -ဗျိုင်းကြိုင်ကျေးရွာသည် ပထမအကြိမ်-နေအိမ်13လုံး 🔥မီးရှို့ခံထားရသည်။ -ဗျိုင်းကြိုင်/ရုံးစု/ညောင်ပင်ကြီးစု/စသည့်အနီးဝန်းကျင်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ #ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
без подписи
без подписи
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီး နား လမ်းပိုင်း မြေနီသျှိုလမ်းဆုံ၊ကြို့ကန်၊ အရှေ့ဘက်ကျွန်းပင်ကန်၊လက်ပံကုန်း၊ခြေမြစ်ရင်း၊ရွာစဥ်ကျေးရွာ မှ ဒေသခံများဟာ ယမန်နေ့ ညပိုင်းကတည်းက ရွှေဘိုလေ့ကျင့်ရေး-၈မှ စခအင်အား၁၀၀ဝန်းကျင်ဟာ ကျေးရွာများ၏ ဘေးပတ်လည် ကင်းပုန်းတိုးလာသော ကြောင့် ယမန်နေ့ည၈နာရီကတည်းက ယနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရသေးကြောင်း သိရပါသည်။ အဆိုပါ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းပေါ်ရှိ ကင်းပုန်းစခများကြောင့် ဇန်နဝါရီ-၃/၄ရက်နေ့ တွေ့မှာ ရဲဘော်၃ဦး ကျဆုံးခဲ့ရပါတယ်။ ကျေးရွာများ အနီး ရမ်းသမ်းမဝင်ကြပါရန် နှင့်ရဲဘော်ပြည်သူများ အစစအရာရာ ပိုဂရုစိုက်ကြပါ ရန်။ ပုံ-ဇန်နဝါရီလ၆ရက်နေ့ ည၈နာရီဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသော ပြည်သူများ ဇန်နဝါရီလ-၇/၂၀၂၃/စနေ #ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြာရေး
စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် တွင် -ဇန်နဝါရီလ-၃ရက် နှင့် ဇန်နဝါရီလ-၄ရက် နေ့ ၂အတွင်း ရဲဘော် ၃ဦး ကျဆုံးခဲ့ -ယနေ့မဒေါင်းလှ ပျူများ ဆီဆုံလေး ရွာရှိ နေအိမ်၂လုံး မီးရှို့ဖျက်ဆီး (၁-)ခင်ဦးမြို့နယ် တွင် ၂ရက်အတွင်း ကာကွယ်ရေး ရဲဘော်၃ဦးကျဆုံး ခဲ့ရသည့် ဖြစ်စဥ် ============ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် တွင် ဇန်နဝါရီလ၄ရက်နေ့ မနက်ပိုင်း ရွှေဘို-မြစ်ကြီးနား လမ်းပိုင်း ကြို့ကန်ကျေးရွာအနီး ကင်းပုန်းဝပ်နေသော အကြမ်းဖက်စကစတပ်သားများ၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ခင်ဦးနယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်၂ဦး ကျဆုံးခဲ့ရပါသည်။ အလားတူ ဇန်နဝါရီလ၃ရက်နေ့တွင်လည်း ရွှေဘို-မြစ်ကြီးနား လမ်းပိုင်း ထနောင်းကိုင်းလေး လမ်းဆုံအနီး ကင်းပုန်းဝပ်နေသော အကြမ်းဖက်စကစတပ်သားများ၏ ချောင်းမြောင်း ပစ်ခတ်ခဲ့မှုကြောင့် ရဲဘော်၁ဦး ကျဆုံး၍ ၂ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ကျဆုံးသွားခဲ့သော ရဲဘော်၃ဦး🥀🥀🥀 အား နွေဦးတော်လှန်ရေး အာဇာနည်သူရဲကောင်းများအဖြစ် ဦးညွတ်အလေးပြု၍ ကောင်းရာသုဂတိလားပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ -အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ ခင်ဦးမြို့နယ်အတွင်းအကြမ်းဖက်စကစ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရဲဘော်ပြည်သူ၂၅၄ဦး တိတိ အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ပါသည်။ (၂) မဒေါင်းလှ ပျူများ ဆီဆုံလေးရွာရှိ ပြည်သူပိုင်နေအိမ်၂လုံး အား မီးရှို့ဖျက်ဆီး ခဲ့သည့်ဖြစ်စဥ် ======== ယနေ့ ဇန်နဝါရီလ ၅ရက် နံနက်ပိုင်း ၉နာရီ ဝန်းကျင်၌ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အကြမ်းဖက်စကစလက်အောက်ခံ မဒေါင်းလှမှ ပျူများသည် ဆီဆုံလေးကျေးရွာသို့ ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူတစ်ဦးအား ဖမ်းစီး၍ ထိုပြည်သူအိမ်နှင့် အခြားပြည်သူပိုင်နေအိမ် စုစုပေါင်း ၂အိမ် မီးရှို့သွားခဲ့ကြပါသည်။ -အာဏာသိမ်းပြီးချိန်မှစ၍ ခင်ဦးမြို့နယ်အတွင်း ကျေးရွာပေါင်း-၅၉ရွာမှ နေအိမ်ပေါင်း၂၅၀၀ကျော် အား အကြမ်းဖက်စကစမှ မီးရှို့ဖျက်ဆီးထားခဲ့ပြီး ဖြစ်ပါသည်။ ဇန်နဝါရီလ-၅/၂၀၂၃/ကြာသပတေး ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ခင်ဦးမြို့နယ် တွင် ၂ရက်အတွင်း ကာကွယ်ရေး ရဲဘော်၃ဦးကျဆုံး ============ ဇန်နဝါရီလ-၄/၂၀၂၃/ဗုဒ္ဓဟူးနေ့ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် တွင် ယနေ့ ဇန်နဝါရီလ၄ရက်နေ့ မနက်ပိုင်း ရွှေဘို-မြစ်ကြီးနား လမ်းပိုင်း ကြို့ကန်ကျေးရွာအနီး ကင်းပုန်းဝပ်နေသော အကြမ်းဖက်စကစတပ်သားများ၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ခင်ဦးနယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်၂ဦး ကျဆုံးခဲ့ရပါသည်။ အလားတူ ယမန်နေ့ ဇန်နဝါရီလ၂ရက်နေ့တွင်လည်း ရွှေဘို-မြစ်ကြီးနား လမ်းပိုင်း ထနောင်းကိုင်းလေး လမ်းဆုံအနီး ကင်းပုန်းဝပ်နေသော အကြမ်းဖက်စကစတပ်သားများ၏ ချောင်းမြောင်း ပစ်ခတ်ခဲ့မှုကြောင့် ရဲဘော်၁ဦး ကျဆုံး၍ ၂ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ကျဆုံးသွားခဲ့သော ရဲဘော်၃ဦး🥀🥀🥀 အား နွေဦးတော်လှန်ရေး အာဇာနည်သူရဲကောင်းများအဖြစ် ဦးညွတ်အလေးပြု၍ ကောင်းရာသုဂတိလားပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခဗျာ။ (ခင်ဦး မြို့နယ် သတင်းမှန် ပြန်ကြားရေးfb page 1ရက် ယာယီ ပိတ်သွားတာကြောင့် Telegram Channel မှ ပြည်သူလူထုအား အသိပေးအပ်ပါသည်။Join/Subscribe လေးတွေ လုပ်ပေးပါဦးဗျ။) #ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
без подписи
စစ်ကိုင်းတိုင်းထဲက ခင်ဦး ================== စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် တွင် အကြမ်းဖက်စကစမှ နိုဝင်ဘာ-၁၇မှ နိုဝင်ဘာ၂၈ရက်နေ့အထိ မြေပြင်စစ်ကြောင်း၃ကြောင်း အင်အား၃၀၀ကျော် နှင့် လေကြောင်းပစ်ခတ် အကြမ်းဖက်မှုများကြောင့် ကျေးရွာပေါင်း ၁၂ရွာ- ၁/ပေါင်းလဲကုန်း-၁၃၆အိမ် ၂/လက်ပံကြီးရွာ၇၃အိမ် ၃/မဒေါင်းကြီးရွာ၇၅အိမ် ၄/ရွှေကာရွာ-၇၀အိမ် ၅/နှဲတွင်းရွာ၁အိမ် ၆/ဆီဆုံလေး၄အိမ် ၇/စောကြီး၆၄အိမ် ၈/သနပ်စိန်၁၂၀၊အိမ် ၉/မုံလှရွာ-၁၁၀အိမ် ၁၀/မြစ်တော်ရွာ-၇၀အိမ် ၁၁/မြင်းဒေါင်းရွာ-၃၉အိမ် ၁၂/ဂွေကုန်း ရွာ-၁၅အိမ် နေအိမ်ပေါင်း( ၇၇၇)လုံး အထိ ပြာကျပျက်စီးခဲ့ရပါသည်။ ရဲဘော်၁၀ဦး ကျဆုံးခဲ့ရသလို ပြည်သူ၁၃ဦး ကိုလည်း စစ်ကြောင်းအတွင်း ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ ထိုအတွက်ကြောင့် အာဏာသိမ်းပြီး နောက်ပိုင်း အကြမ်းဖက်စကစမှ ကျေးရွာပေါင်း(၅၇)ရွာ မှနေအိမ်ပေါင်း (၂၆၃၃)အိမ် အထိမီးရှို့ဖျက်ဆီး ထားခဲ့ပြီ ဖြစ်ပါသည်။ ကျဆုံး ရဲဘော်ပြည်သူပေါင်း( ၂၄၁)ဦး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ထို့အပြင် မတရားဖမ်းဆီးထိမ်းသိမ်းခံရသော ရဲဘော်ပြည်သူပေါင်း (၁၅၀)ခန့် ရှိပြီ ဖြစ်ပါတယ်။ ယခုနိုဝင်ဘာလအတွင်း စစ်ကြောင်းထိုးမှုဟာ ခင်ဦးနယ်ဒေသတွင်းပြည်သူများ အတော်လေး ဒုက္ခရောက်ခဲ့ရပြီး မီးဘေးသင့် ၅၇ရွာအထိ ရှိလာတာကြောင့် သောင်းချီသော မီးဘေးသင့် ဒုက္ခသည်ဒေသခံများဟာ လက်ရှိဆောင်းရာသီမှာ အခက်အခဲများစွာ ရင်ဆိုင်နေရပါတယ်။ မှတ်ချက်။ ။ မီးရှို့ခံရသည့် အိမ်ခြေသည် မြေပြင်နှင့် အနည်းငယ် ကွာနိုင်ပါသည်။ နိုဝင်ဘာစစ်ကြောင်းအတွင်း ကျောက်တိုင်ရွာ၊ ကျီစုရွာ(ကန့်ဘလူနယ်)၊ လိပ်ရကုန်းရွာ(ရွှေဘိုနယ်) မီးရှို့ခံရမှုအား မြို့နယ်အတွင်း မဟုတ်သောကြောင့် မြို့နယ် အချက်အလက်များအဖြစ် ဖော်မပြထားခြင်း ဖြစ်ပါသည်။ (-စစ်ရှောင် မီးဘေးသင့်များအတွက် ကူညီလှူဒါန်းလိုပါက page messengerသို့ ဆက်သွယ်နိုင်ပါသည် ။) #ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ခင်ဦးမှာ အကြမ်းဖက်စကစထောင်ထားခဲ့သော မြေမြှုပ်နင်းမိုင်းများရှာဖွေတွေ့ရှိ ================ -ပြည်သူများ ပိုမိုသတိထားရန်လိုအပ် ခင်ဦး/နိုဝင်ဘာ-၃၀/၂၀၂၂ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အတွင်းသို့ နိုဝင်ဘာလ ၁၇မှ၂၇ထိ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုး ပစ်ခတ် သတ်ဖြတ် မီးရှို့မှုများပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ25/26/27 သုံးရက် တိတိ ရွှေဘို- ခင်ဦး- ရေဦးလမ်းတစ်လျောက်တွင် အင်အား ၁၆၀ခန့် သည် လမ်းကြောင်းတစ်လျောက် ရွာများအား ဝင်ရောက်စီးနင်းကာ အသင့်နေရာယူထားပြီး ကင်းဝပ်နေခဲ့ကြပါသည်။ ထိုစကစများသည် ၄င်းတို့ နေရာယူခဲ့သည့် လမ်းဘေးတစ်လျှောက် ကျေးရွာ အနီးနားများတွင် မြေမြုပ်မိုင်းများ ထောင်ထားသဖြင့် အနီးနား ဝန်းကျင်တွင် မိုင်းသုံးလုံးကွဲပြီး နွားနှစ်ကောင်နှင့် ကားတစ်စီး ထိခိုက်ပျက်စီး မှုများ ရှိခဲ့သဖြင့် ယမန်နေ့ နိုဝင်ဘာ-၂၉ရက်နေ့က ခင်ဦးမြို့နယ် ပကဖ တိုက်နယ် ၄နှင့်အတူမော်ကွန်းညီနောင် ၊နဂါးညီနောင်၊ ဒေါင်းရာဇာ စသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ အတူတကွ ပူးပေါင်းပြီး ပြည်သူများ ဘေးကင်းလုံခြုံစေရန် နယ်မြေရှင်းလင်းရေး မြေမြုပ်မိုင်း ရှာဖွေ ဖော်ထုတ်မှုများပြုလုပ်ခဲ့ရာ မိုင်း ၃ လုံး ဖော် ထုတ်ရှင်းလင်း နိုင်ခဲ့ပါသည်။ ထိုကဲ့သို့ ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့သော်လည်း ရွှေဘို -ခင်ဦး -ရေဦး ကား လမ်းဘေးတစ်လျှောက် နှင့် ပြည်သူအများနေထိုင်သည့် ကျေးရွာများအနီးတဝိုက်တွင် မြေ မြုပ်နင်းမိုင်းများ ရှိနိုင်ပါသေးသဖြင့် ရွှေဘို- ခင်ဦး -ရေဦး ကားလမ်းတစ်လျောက်နှင့် နီးစပ်သောရွာများ အားလုံး မြေမြုပ်မိုင်းအန္တရာယ် သတိထားသွားလာကြရန် မိဘပြည်သူများအား အသိပေးတိုက်တွန်းအပ်ပါသည်။ #ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
Channel photo updated