ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး
Статистика- Последний пост
- 13 янв. 2025 г.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ဇန်နဝါရီလ ၊ ၁၃.၁.၂၀၂၅(၁၆:၃၀)PM စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် < မိဘပြည်သူများအား သတိပေးနှိုးဆော်ခြင်း > ရွှေဘိုမြို့ ခလရ(၄၂)တပ်တွင်းမှ လက်နက်ကြီး (၂)ချက် အနောက်တောင်ဘက်သို့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေကြောင်း သိရှိရပါတယ်ခမျ။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ကြဖို့ သတိပေးအပ်ပါတယ်ဗျ။ မိဘပြည်သူများဘေးအန္တရယ်အပေါင်းမှ ကင်းဝေးကြပါစေ🙏🙏 https://t.me/SBONew #ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဇန်နဝါရီလ ၊ ၁၃.၁.၂၀၂၅(၁၆:၀၀)PM စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် < မိဘပြည်သူများ ဂရုစိုက်သွားလာနိုင်ရန် > ရွှေဘိုမြို့ ၊ ရန်ကြီးအောင်ပန်းခြံအနီးတွင် စကစနှင့်ပျူများ ရောက်ရှိနေပြီး လာသမျှ ဆိုင်ကယ် နဲ့ ကားများအား တားဆီစစ်ဆေး သိမ်းဆည်းနေကြောင်း သိရပါတယ်ခင်ဗျ။မိဘပြည်သူများ ဘေးအန္တရယ်ကင်းရှင်းကြပါစေ။ https://t.me/SBONew #ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဇန်နဝါရီလ ၊ ၃.၁.၂၀၂၅(၁၁:၁၅)AM စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် < မိဘပြည်သူများ ဂရုစိုက်သွားလာနိုင်ရန် > ရွှေဘိုမြို့ ၊ ရွှေဘို-ရေဦးလမ်းထွက်တစ်နေရာတွင် စကစနှင့်ပျူများ ရောက်ရှိနေပြီး လာသမျှ ဆိုင်ကယ် နဲ့ ကားများအား တားဆီစစ်ဆေး သိမ်းဆည်းနေကြောင်း သိရပါတယ်ခင်ဗျ။ မိဘပြည်သူများ ဘေးအန္တရယ်ကင်းရှင်းကြပါစေ။ https://t.me/SBONew #ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဇန်နဝါရီလ ၊ ၂.၁.၂၀၂၅ (၁၀:၃၀)AM စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့ ရွှေဘိုမြို့ ပန်းခြံအနီးတွင် စကစများရောက်ရှိနေပြီး ဖမ်းစီး စစ်ဆေးမှုများပြုလုပ်နေကြောင်း တာဝန်သိပြည်သူတဦးမှ သတင်းပေးပို့ထားပါတယ်ခဗျ။ မိဘပြည်သူများဘေးအန္တရယ်ကင်းရှင်းကြပါစေ။ https://t.me/SBONew #ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဒီဇင်ဘာလ ၊ ၃၀.၁၂.၂၀၂၄ (၀၉:၅၀)AM စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရွှေဘိုမြို့ အနောက်ထွက်ရှိ မင်းကုန်းရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာ ပြည်သူများ ၊ ကားများကို တားဆီးစစ်ဆေးခြင်း ၊ ငွေတောင်းခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။ အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ပြည်သူများကို ခြိမ်းခြောက်ခြင်း ၊ ငွေတောင်းခြင်း ၊ သယ်ဆောင်လာသည့် ပစ္စည်းများ တောင်းခြင်း ၊ ဆဲဆိုအကြမ်းဖက်ခြင်းများလည်း ပြုလုပ်လေ့ရှိပါသည်။ မိဘပြည်သူများ သတိနှင့်သွားလာနိုင်ကြပါရန်။ https://t.me/SBONew #ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဒီဇင်ဘာလ ၊ ၂၉.၁၂.၂၀၂၄ (၁၁:၅၀)AM စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ ရွှေဘိုမြို့ ဟုတ်စိန်ကွေ့အနီးတွင် စခ/ရခ/ပခများမှ လာသမျှ ဆိုင်ကယ်အား တားဆီစစ်ဆေးနေကြောင်း သိရပါတယ်ခင်ဗျ။ မိဘပြည်သူများ သတိနှင့်သွားလာနိုင်ကြပါရန်။ https://t.me/SBONew #ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဒီဇင်ဘာလ ၊ ၂၆.၁၂.၂၀၂၄ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့ ချစ်ခင်လေးစားရပါသော မိဘပြည်သူများသို့ သတိပေးထုတ်ပြန်ချက်။ ရွှေဘို-ခင်ဦးလမ်း မဟာနန္ဒာကန်တော်(OMC)မူးဘောင် အသုံးပြုသွားလာရာတွင် နံနက် (၆:၃၀)နာရီ မှ ညနေ(၅:၃၀) နာရီ အတွင်းသာ သွားလာကြပါရန်နှင့် အိမ်စီးကား ၊ လူမှုကူညီရေးကား ဘုန်းကြီးကားပါမကျန် မှန်ချမောင်းနှင်ပေးကြပါရန် ကုန်တင်ကားများ မိုးကာဖွင့်မောင်းခြင်း ၊ SKATကားများ Dampလှန်ပြီးမောင်းနှင်ပေးကြပါရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည်။ သတ်မှတ်တားမြစ်ထားသောအချိန်အတွင်းကျန်းမာရေး အရေးပေါ်အခြေအနေသွားလာလိုပါက နီးစပ် တော်လှန်ရေးတပ်ဖွဲ့များသို့ တိကျစွာ သတင်းပေးပို့သွားလာနိုင်ပါသည်။ အကယ်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ သတင်းပေးပို့ခြင်းမရှိပဲ မိမိတို့သဘောဆန္ဒအလျှောက် လမ်းအသုံးပြုသွားလာ၍ တစုံတရာ ဖြစ်ပေါ်လာပါက ဖြတ်သန်းသွားလာသူ၏ တာဝန်သာဖြစ်ပါသည်။ မိဘပြည်သူများအနေဖြင့် ထုတ်ပြန်ချက်ကို လိုက်နာခြင်းအားဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ https://t.me/SBONew #ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဒီဇင်ဘာလ ၊ ၁၉.၁၂.၂၀၂၄ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့ 🛑သတိပေး နှိုးဆော်ခြင်း🛑 ယခုတပတ်အတွင်း ရွှေဘိုမြို့ပေါ်က လူငယ် (၁၈)ဦးအထိ စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ (၁၅)ရက် နေ့ မှ ဒီဇင်ဘာ (၁၉)ရက်နေ့ အထိ ရွှေဘိုမြို့ပေါ်တွင် လူငယ် များကို စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ရွှေဘိုမြို့ပေါ်ရပ်ကွက် တော်တော်များများတွင် အကြမ်းဖက် စကစ များ မှ အခြေခံလူတန်းစားလူငယ်များ ပန်းရံ၊လက်သမားအလုပ်လုပ်သောလူငယ်များ နှင့် မြို့ပေါ်နေထိုင်ခွင့်ပုံစံ အိမ်ထောင်စုဇယားမရှိသော စစ်ဘေးရှောင်မိသားစုဝင်များမှ လူငယ်များကို အဓိကထားပေါ်တာဆွဲ၍ ရွှေဘို မြို့ စခတ(၈) သို့ ပို့ဆောင်ပြီး စစ်သင်တန်း ပေးကာ တပ်သားသစ်စုဆောင်းနေကြောင်း ဖမ်းစီးခံရသော လူငယ်ဦးရေ မှာ (၁၈)ဦး ခန့်ရှိပြီး အရင်ကလိုပိုက်ဆံဖြင့် ပြန်ရွေးလို့လဲမရကြောင်းလဲ သိရပါတယ်။ ရွှေဘိုမြို့ပေါ်က ပေါ်တာဆွဲဖမ်းဆီးသွား သောလူငယ်များ ကို ယခုအချိန်အထိ ပြန်လွှတ်ပေးတာမျိုး မရှိသလို ဆက်သွယ်လို့လည်း မရရှိကြောင်း သိရပါတယ် ။ လူအင်အား လျော့နည်းလာသော စကစ မှ မြို့ပေါ်များတွင် အကြမ်းဖက် ဥပဒေမဲ့စွာ လူငယ်များကို ဖမ်းစီး ထိမ်းသိမ်း ပြီး စစ်သင်တန်း ပေးကာ လိုအပ် နေသော စစ်မျက်နှာပြင်များသို့ ပို့ဆောင်နေကြောင်း သိရှိရသည်။ မိဘပြည်သူ ညီအကိုမောင်နှမများ ဘေးအန္တရယ်အပေါင်းမှကင်းဝေးကြပါစေ။ https://t.me/SBONew #ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဒီဇင်ဘာလ ၊ ၁၆.၁၂.၂၀၂၄ (၁၁:၃၀)PM စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ ရွှေဘို-ညောင်ပင်သာ-ရေဦးလမ်းထွက်တစ်နေရာတွင် စခ/ရခ/ပခများမှ လာသမျှ ဆိုင်ကယ်အား တားဆီစစ်ဆေးနေကြောင်း သိရပါတယ်ခင်ဗျ။ မိဘပြည်သူများ သတိနှင့်သွားလာနိုင်ကြပါရန်။ https://t.me/SBONew #ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဒီဇင်ဘာလ ၊ ၀၉.၁၂.၂၀၂၄ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ မိဘပြည်သူများခင်ဗျာ ရွှေဘိုမြို့စောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားနှင့်ရဲများမှ ယနေ့နေ့လည်ပိုင်း(၁၃:၃၀)ခန့်အချိန်ခန့်က ရွှေဘိုမြို့ပေါ်တစ်နေရာတွင် လမ်းသွားလမ်းလာပြည်သူများအား မတရားသဖြင့် ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းများပြုလုပ်နေပါသောကြောင့် မိဘပြည်သူများအနေဖြင့် ဂရုစိုက်သွားလာနိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်ခမျ။ မိဘပြည်သူများအန္တရာယ်ကင်းဘေးရှင်းကြပါစေ။ https://t.me/SBONew #ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဒီဇင်ဘာလ ၊ ၀၉.၁၂.၂၀၂၄ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့ 🛑စစ်ကောင်စီ အကြမ်းဖက်၊ယုတ်မာမှုသတင်း🛑 ရွှေဘိုမြို့နယ်၊ သပြေသာရွာအား ရွှေဘိုမြို့တွင်းမှထွက်လာသော အကြမ်းဖက် လူသတ် မီးရှို့ ဓားပြတိုက် ပြန်ပေးဆွဲနေသော စစ်ကောင်စီတပ်သားများနှင့် ပန်းရံရွာပျူစောထီးများ ၊ ခွန်တောင်းကြီးရွာပျူစောထီးများ ၊ ဇီးကုန်းလေးရွာပျူစောထီးများပူးပေါင်း၍ ယနေ့ နေ့လည်ပိုင်း(၁၀:၀၀)နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တတိယအကြိမ် ပြည်သူပိုင်နေအိမ်များကို အငြိုးတကြီးဖြင့် မတရားဝင်ရောက်မွှေနှောက် မီးရှို့ဖျက်စီးနေပြီး ၊ ဝက်ခုံတစ်ခုကိုလဲ မီးရှို့ဖျက်စီးသွားကြောင်းသိရပါတယ်ခမျ။ သပြေသာရွာရှိ ပြည်သူပိုင်ပစွည်းများအား အကြမ်းဖက်၍ခိုးယူသယ်ဆောင်နေကာ ယနေ့ညပိုင်းအချိန်တွင်လဲ ဥသျှစ်ကန်ရွာဟောင်းမှ ပြည်သူပိုင်အိမ်များကိုမီးထပ်မံရှို့ပြီး ကား(၂)စီးဖြင့် ရွှေဘိုမြို့အတွင်းသို့ပြန်လည်ဝင်ရောက်သွားကြောင်းသိရပါတယ်ခမျ။ ( မီးရှို့ မီးတင်ခံရသော နေအိမ်အရေအတွက် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ) အကြမ်းဖက်စစ်ကြောင်းနှင့်အနီးဆုံးရှိကျေးရွာများမှ မိဘပြည်သူများ စစ်ရေးသတိအထူးသတိထားကြပါရန် အသိပေးတင်ပြအပ်ပါသည်ခင်ဗျာ။ မိဘပြည်သူများ ဘေးအန္တရယ်ကင်းရှင်းကြပါစေ။ https://t.me/SBONew #ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဒီဇင်ဘာလ ၊ ၀၉.၁၂.၂၀၂၄ (၁၁:၃၀)AM စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့ 🛑 မိဘပြည်သူများအား သတိပေးနှိုးဆော်ခြင်း🛑 ရွှေဘိုမြို့ပေါ်ရှိ လမ်းမတော် ၊ လမ်းလေးခွတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်ရဲများက အင်အားအတော်အများဖြင့် လမ်းသွားလမ်းလာ ပြည်သူများအား အကြမ်းဖက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း တာဝန်သိပြည်သူတစ်ဦးမှသတင်းပေးပို့ထားပါတယ်ခမျ။ မိဘပြည်သူများသတိနှင့်သွားလာနိုင်ကြပါရန် အသိပေးအပ်ပါသည်။ မိဘပြည်သူများဘေးအန္တရယ်အပေါင်းမှကင်းဝေးကြပါစေ။ https://t.me/SBONew ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဒီဇင်ဘာလ ၊ ၀၈.၁၂.၂၀၂၄ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့ 🛑စစ်ကောင်စီ အကြမ်းဖက်၊ယုတ်မာမှုသတင်း🛑 ရွှေဘိုမြို့နယ်၊ သပြေသာရွာအား ရွှေဘိုမြို့တွင်းမှထွက်လာသော စစ်ကောင်စီတပ်သားများနှင့် ပန်းရံရွာပျူစောထီးများ ၊ ခွန်တောင်းကြီးရွာပျူစောထီးများ ၊ ဇီးကုန်းလေးရွာပျူစောထီးများပူးပေါင်း၍ ယနေ့ညနေပိုင်း(၁၇:၀၀)နာရီအချိန်ခန့်တွင်တစ်ကြိမ် ၊ ( ၁၉:၂၅)ခန့်တွင်တစ်ကြိမ် စုစုပေါင်း (၂)ကြိမ်တိတိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်စီးနေပြီး ၊ ပြည်သူပိုင်ပစွည်းများအား အကြမ်းဖက်၍ခိုးယူသယ်ဆောင်နေကာ ယနေ့ညပိုင်းအချိန်တွင် သပြေသာရွာထဲ၌ ညအိပ်တပ်စွဲထားပါသဖြင့် အကြမ်းဖက်စစ်ကြောင်းနှင့်အနီးဆုံးရှိကျေးရွာများမှ မိဘပြည်သူများ စစ်ရေးသတိအထူးသတိထားကြပါရန် အသိပေးတင်ပြအပ်ပါသည်ခင်ဗျာ။ သပြေသာရွာ ပြည်သူပိုင်နေအိမ် မည်မျှ မီးလောင်ကျွမ်းပျက်စီးသည်ကို မသိရသေးပေ။ မိဘပြည်သူများ ဘေးအန္တရယ်ကင်းရှင်းကြပါစေ။ https://t.me/SBONew #ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဒီဇင်ဘာလ ၊ ၀၈.၁၂.၂၀၂၄ (၀၉:၅၀)AM စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့ ယနေ့နံနက်ပိုင်းတွင် ရွှေဘိုမြို့ ခလရ(၄၂)မှ ရွှေဘိုမြို့အနောက်ဘက်သို့လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရပါတယ်ခမျ။ ပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ကြဖို့ သတိပေးအပ်ပါတယ်ဗျ။ https://t.me/SBONew #ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဒီဇင်ဘာလ ၊ ၀၈.၁၂.၂၀၂၄ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့ 🛑စစ်ကောင်စီ အကြမ်းဖက်မှုသတင်း🛑 (၀၆.၁၂.၂၀၂၄)ရွှေဘိုမြို့ပေါ်ရပ်ကွက်များတွင် စကစ လက်အောက်ခံ စစ်ခွေးရဲ ခွေးများနှင် EPCဝန်ထမ်းများက မီတာခ ပေးဆောင်ထားခြင်းမရှိလျှင် မီတာဘောက် တေကို အတင်အားဓမ္မ ဖြုတ်ပြီးယူဆောင်သွားကြတယ်လို့ သိရပါတယ် တရက်ကို တလမ်းခြင်း လာရောက်စစ်ဆေးပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ အကြမ်းဖက်စကစ လက်အောက်ခံ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ရဲများနဲ့ စကစ လက်အောက်ခံ EPC (non-cdm)ဝန်ထမ်း ဘောမ များက ခြိမ်းခြောက်အသံလွှင့် နေကြကြောင်းလဲ သိရပါတယ်။ (၀၇.၁၂.၂၀၂၄) ရွှေဘိုမြို့ပေါ်တွင် စကစများမှ Droneများလွှတ်တင်ပြီး စမ်းသပ်မောင်းနှင်နေကြောင်းသိရပါသည်။ ယနေ့ညနေပိုင်းအချိန်တွင် ရွှေဘိုမြို့ ခလရ(၄၂)ခွေးခြံမှ ရွှေဘိုမြို့အနောက်ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ ရွှေဘို-ရေဦးလမ်းထွက် ဘုရားကိုးဆူနှင့်ကျွန်းတောအနီးကျရောက် ပေါက်ကွဲကြောင်းသိရပါတယ်ခမျ။ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလည်းရှိသောကြောင့် မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ကြဖို့ သတိပေးအပ်ပါတယ်ဗျ။ https://t.me/SBONew #ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဒီဇင်ဘာလ ၊ ၀၈.၁၂.၂၀၂၄ (၀၉:၀၀)AM မိဘပြည်သူများအား အသိပေးခြင်း ရွှေဘို - မန္တလေးလမ်းတွင် စစ်ကောင်စီတပ်သားများသည် ရိက္ခာ ပို့ခြင်း ၊ လူပို့ခြင်း ၊ စသဖြင့် ကားကြီးကားငယ် များဖြင့် သွားလာလှုပ်ရှားလျက်ရှိကြောင်းသိရပါသည်။ စစ်ကောင်စီအဖွဲ့သည် အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ပြည်သူအယောင်ဆောင် သွားလာမှု ပြုလုပ်လာရာ သာမာန်အိမ်စီးကား၊ လူမှုကူညီရေး လူနာတင်ကား၊ ဘုန်းကြီးကားများ အသုံးပြုသွားလာမှုရှိနေသောကြောင့် မည်သည့်ကားမဆို မှန်ချမောင်းနှင်ခြင်းဖြင့် ပူးပေါင်းပါဝင်ကြစေလိုပါတယ်ခမျ။ ၎င်းတို့ထောက်ပို့ကားများကို အရပ်သားကုန်တင်ကားများနှင့်အသုံးပြုလာကြပြီး ကုန်တင်ကားများအနေဖြင့် မလိုအပ်ပဲမိုးကာအုပ်ခြင်းမပြုရ၊ မိမိတင်ဆောင်လာသည့် ကုန် မြင်သာစေရန် မိုးကာလှပ်ပြီးမှသာ မောင်နှင်ကြရန် သတိပေးအပ်ပါသည်။ မိဘပြည်သူများ စစ်ကောင်စီရန်မှကင်းဝေးကြပါစေ။ https://t.me/SBONew #ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဒီဇင်ဘာလ ၊ ၀၆.၁၂.၂၀၂၄ (၁၂:၁၀)PM စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ ရွှေဘိုမြို့တွင်း လမ်းမတော်တစ်နေရာတွင် စခ/ရခ/ပခများမှ လမ်းသွားလမ်းလာပြည်သူများအား တားဆီစစ်ဆေးနေကြောင်း သိရပါတယ်ခင်ဗျ။ မိဘပြည်သူများ သတိနှင့်သွားလာနိုင်ကြပါရန်။ https://t.me/SBONew #ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဒီဇင်ဘာလ ၊ ၀၃.၁၂.၂၀၂၄ (၁၀:၁၅)PM စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ ရွှေဘို-ညောင်ပင်သာ-ရေဦးလမ်းထွက်တစ်နေရာတွင် စခ/ရခ/ပခများမှ လာသမျှ ဆိုင်ကယ် နဲ့ ကားများအား တားဆီစစ်ဆေးနေကြောင်း သိရပါတယ်ခင်ဗျ။ မိဘပြည်သူများ သတိနှင့်သွားလာနိုင်ကြပါရန်။ https://t.me/SBONew #ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
ဒီဇင်ဘာလ ၊ ၀၁.၁၂.၂၀၂၄ (၁၂:၀၀)PM စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ ရွှေဘို-ညောင်ပင်သာ-ရေဦးလမ်းထွက်တစ်နေရာတွင် စခအိမ်စီးကား(၃)စီးဖြင့် လာသမျှ ဆိုင်ကယ် နဲ့ ကားများအား တားဆီစစ်ဆေးနေကြောင်း သိရပါတယ်ခင်ဗျ။ မိဘပြည်သူများ သတိနှင့်သွားလာနိုင်ကြပါရန်။ https://t.me/SBONew #ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
နိုဝင်ဘာလ ၊ ၂၉.၁၁.၂၀၂၄ (၁၃:၀၀)PM စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့ နိုင်ငံရေး ၊ စစ်ရေးမှာ အဖက်ဖက်တွင်ကျရှုံးနေသော စစ်တပ်က ရွှေဘိုမြို့အနောက်ခြမ်းရှိ ညောင်ကိုင်းပျူရွာကို mi-35 ဖြင့် လက်နက်ခဲယမ်းနှင့်ရိက္ခာထုပ်များချပေး။ ယနေ့ နိုဝင်ဘာလ (၂၉)ရက်နေ့ (၁၃:၀၀)နာရီအချိန်ခန့်တွင် မုံရွာလေဆိပ်မှတက်လာသော mi-35 ရဟတ်ယာဉ်ဖြင့် ရွှေဘိုမြို့နယ် အနောက်ခြမ်း ညောင်ကိုင်းရွာအနီးသို့ စစ်လက်နှက်ပစ္စည်းနှင့်ရိက္ခာထုပ်များချပေးခဲ့တယ်လို့ သိရပါတယ်။ စစ်ရေးနှင့်နိုင်ငံရေး အဖက်ဖက်မှာ အရေးနိမ့်လာသော စစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်းရှိနေရာအတော်များများတွင် လေကြောင်းမှသာ တိုက်ခိုက်မှုများ ပြုလုပ်လာကာ ပြည်သူပိုင် နေအိမ်များရှိသည့် ကျေးရွာများအတွင်းသို့လဲ ရည်ရွယ်ချက်ရှိရှိဗုံးကြဲတိုက်ခိုက်လာနေပြီဖြစ်သောကြောင့် မဝေးဝောာ့တဲ့ ပန်းတိုင်အတွက် ယခုချိန်ထက်ပိုမိုစည်းလုံးညီညွတ်ကြပါစို့လို့ တိုက်တွန်းနိုးဆော်လိုက်ရပါတယ်ခင်ဗျာ။ မိဘပြည်သူများ ဘေးအန္တရယ်အပေါင်းမှကင်းဝေးကြပါစေ။ ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး https://t.me/SBONew