tgindex
Anyar Myay Media - အညာမြေ မီဒီယာ

Anyar Myay Media - အညာမြေ မီဒီယာ

Статистика

ဖေ့စ်ဘုတ်လင့် https://www.facebook.com/share/1HPj2fuxVw/ ချန်နယ်လင့် - https://t.me/AnyarMyayMedia ဂရုလင့် - https://t.me/GPDailyNews အက်ဒမင်သို့ သတင်းပေးလိုပါက @KoDawna

Последний пост
26 июл.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
22
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
2 445
−7 за 4 дн.
Сутки
−1
−0,04%
Неделя
 
Месяц
 
Просмотров на пост
904
22 постов
Вовлечённость
37,0%
к подписчикам
Постов в день
0,0
всего 22
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
672
1/48двое суток
770
1/72трое суток
830

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • စစ်ကိုင်းမြို့နယ် ဇုံ-၃ တိုက်နယ်အတွင်း အကျင့်ပျက်ခြစားမှုနှင့် ပြည်သူအပေါ် အနိုင်ကျင့်မှုများ ပြင်ဆင်ရန် လက်ကမ်းစာစောင်ဖြန့်ဝေပြီး ဆန္ဒထုတ်ဖော် AMM၊ ဇူလိုင် ၂၆၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ဇုံ-၃ တိုက်နယ်အတွင်း အကျင့်ပျက်ခြစားမှုနှင့် ပြည်သူအပေါ် အနိုင်ကျင့်မှုများ ပြင်ဆင်ရန် လက်ကမ်းစာစောင်ဖြန့်ဝေပြီး ဆန္ဒထုတ်ဖော်ခဲ့လို့ တော်လှန်ရေးလှု ပ်ရှားနေသူတစ်ဦးက Anyar Myay Media - အညာမြေ မီဒီယာ သတင်းဌာနသို့ ပြောပါတယ်။  စစ်ကိုင်းမြို့အနောက်ခြမ်း၊ ငါးထပ်ကြီးဘုရားအနောက်ဘက် ရေဝင်နယ် ဇုံ-၃ တိုက်နယ်အတွင်းရှိ ညောင်ကုန်းကျေးရွာနှင့် သလွန်ဖြူကျေးရွာတို့တွင် ဇူလိုင်လ ၂၃ ရက် နံနက် ၅ နာရီအချိန်ခန့်က လက်ကမ်းစာစောင်များ ဖြန့်ကြဲ၍ အသိပေးဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ လက်ကမ်းစာစောင်များတွင် စစ်ကိုင်းမြို့နယ် ဇုံ-၃ တိုက်နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ရဲဘော်များအနေဖြင့် ပြည်သူ့ထောက်ပံ့မှုဖြင့် ရရှိထားသည့် လက်နက်များကို ပြည်သူဆီသို့ ပြန်လည်ချိန်ရွယ်ခြင်း၊ အကျင့်ပျက်ခြစားခြင်း၊ ပြည်သူအပေါ် ခြိမ်းခြောက်ငွေတောင်းခံခြင်းများနှင့် နေရာလု ဗိုလ်လုနေမှုများကို ရပ်တန့်ရန် သတိပေးထားတာ ဖြစ်ပါတယ်။ ထို့အပြင် ပြည်သူကို အနိုင်ကျင့် အကျင့်ပျက်ခြစားနေသည့် အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူနိုင်မှု အားနည်းနေခြင်းအပေါ် စိတ်ပျက်မိကြောင်းနှင့် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံး စည်းလုံးညီညွတ်စွာ ဖြတ်သန်းကြရန် အကြံပြုတိုက်တွန်းထားတာလည်း ဖြစ်ပါတယ်။ အဆိုပါ လှုပ်ရှားမှုနှင့် ပတ်သက်၍ တော်လှန်ရေးလှုပ်ရှားသူ တစ်ဦးက — "အကျင့်ပျက်ခြစားနေတာတွေနဲ့ ပြည်သူကို အနိုင်ကျင့်နေတဲ့ အဖွဲ့အစည်းတွေကို သိစေချင်လို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ထိခိုက်စေလိုတဲ့ သဘောမပါဘဲ အပြုသဘောဆောင်တဲ့ အနေနဲ့ ကြဲခဲ့တာ ဖြစ်ပါတယ်။ ပွင့်လင်းစွာ ထုတ်ပြောဖို့ရာ ခက်ခဲတာကြောင့် ဒီလို နည်းလမ်းနဲ့ အပြုသဘောဆောင် အသိပေးလိုက်ရတာ ဖြစ်တယ်" လို့ Anyar Myay Media - အညာမြေ မီဒီယာသို့ ဆိုပါတယ်။ #AnyarMyayMedia_အညာမြေမီဒီယာ #စစ်ကိုင်းမြို့နယ်ဇုံ၃တိုက်နယ်အတွင်း  #အကျင့်ပျက်ခြစားမှုနှင့် #ပြည်သူအပေါ်အနိုင်ကျင့်မှုများပြင်ဆင်ရန်  #လက်ကမ်းစာစောင်ဖြန့်ဝေ #ဆန္ဒထုတ်ဖော်

  • 20 июл.1 01622

    без подписи

  • မတ္တရာအရှေ့ခြမ်းရှိ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သေနတ်ပစ်ခတ် စိန်ခေါ်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘန်ကာအတွင်း ဝင်ပုန်းနေ AMM၊ ဇူလိုင် ၂၀၊ ၂၀၂၆ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက် ကျောက်ဆည်လေးကျေးရွာတွင် အထိုင်ချထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့) က ကြာပင်ကျေးရွာနှင့် ကျောက်ဆည်လေးကျေးရွာကြားတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ် စိန်ခေါ်ခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်များအရ သိရပါတယ်။ ထိုသို့ ပစ်ခတ်စိန်ခေါ်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများမှာ လိုက်လံတိုက်ခိုက်ခြင်း မရှိဘဲ စခန်းအတွင်းရှိ ဘန်ကာများထဲသို့ ဝင်ရောက်ပုန်းအောင်းကာ စစ်ကူအင်အားများ တောင်းခံနေခဲ့ကြကြောင်း နီးစပ်သည့် ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရပါတယ်။ အဆိုပါ စိတ်ဓာတ်စစ်ဆင်ရေး ပစ်ခတ်မှုကို POL-UG၊ မတ္တရာမြို့ပြ (မုဆိုး) တပ်ဖွဲ့နှင့် MDY-B5 တပ်ဖွဲ့တို့မှ ရဲဘော်အချို့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၎င်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယနေ့အချိန်ထိ စစ်ကောင်စီတပ်သည် အဆိုပါ လမ်းကြောင်းတစ်လျှောက်ကို စစ်ဆေးရေးများ ဆက်တိုက် လုပ်ဆောင်လျက် ရှိပါတယ်။ ထို့အပြင် လက်နက်ငယ်သံ ကြားရသည့်ဘက်သို့ ဆိုင်ကယ်များ အတက်အဆင်းနှင့် အသွားအလာ မပြုလုပ်ရန်အတွက် လမ်းကြောင်းများ ပိတ်ဆို့ကာ ဘန်ကာများ ဆောက်လုပ်၍ စစ်ဆေးရေးများ တင်းကြပ်စွာ ပြုလုပ်လျက်ရှိတယ်လို့လည်း သိရပါတယ်။ #AnyarMyayMedia

  • без подписи

  • စစ်ကိုင်းမြို့တွင် စစ်ကောင်စီတပ်က ဒေသခံများကို ဆက်တိုက် ဖမ်းဆီးနေပြီး တရုတ်ကျားဖြန့်လုပ်ငန်းများထံ လူမှောင်ခိုကူး ရောင်းစားနေကြောင်း မြို့ခံများ ပြောဆို AMM၊ ဇူလိုင် ၂၀ရက်၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် အလုပ်သမားများကို အကြောင်းမဲ့ အတင်းအဓမ္မ ဆက်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေပြီး တရုတ်ကျားဖြန့် (အွန်လိုင်းငွေလိမ်) လုပ်ငန်းများထံ လူမှောင်ခိုကူး ရောင်းစားမှုများပါ ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရပါတယ်။ ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာ ကြေးချက်ရုံရှေ့ရှိ "ထက်ထက်" လက်ဖက်ရည်ဆိုင်အနီး၌ လခစားနှင့် နေ့စားအလုပ်လုပ်ကိုင်နေသည့် ဟိန္ဒူအမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ပခ) နှင့် ရဲတပ်ဖွဲ့ (ရခ) တို့က အတင်းအဓမ္မ ဖမ်းဆီးကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ရုံးသို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ပါတယ်။ "ဖမ်းခေါ်သွားတော့ မိသားစုတွေက လိုက်ရွေးသေးတယ်၊ ငွေဘယ်လောက်ပဲ တက်နိုင်တက်နိုင် ပြန်ရွေးလို့ မရဘူး" ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။ ထို့ပြင် လွန်ခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ရွှေမင်းဝံဘက်မှ လာသည့် အလုပ်သမား အမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများနှင့် ပျူစောထီးများက လိုက်ထွက်ကားရပ်ပြီး ကားပေါ်သို့ ဆွဲတင်ဖမ်းဆီးသွားခဲ့ကြောင်း သိရပါတယ်။ "ကားပေါ်မှာလည်း ဆွဲလာတဲ့လူတွေ အပြည့်ပါပဲ။ ပို့ကုန်တွေလိုပဲ ပို့သမျှ အကုန် ကုန်နေတာ။ လူတွေကို ပြန်ရောင်းစားနေကြတာ၊ မဆိုင်တာတွေ လျှောက်လုပ်နေကြတာ စိတ်လည်း မကောင်းဘူး။ ဒါကို တချို့က ပျော်နေကြတာ" ဟု မြို့ခံတစ်ဦးက ဝမ်းနည်းစွာ ပြောဆိုပါတယ်။ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် လဝက ဝန်ထမ်းအချို့ ပူးပေါင်း၍ ဖမ်းဆီးရမိသည့် ပြည်သူများကို တရုတ်ကျားဖြန့် လုပ်ငန်းများထံ လူမှောင်ခိုကူး ရောင်းစားနေခြင်း ဖြစ်ပါတယ်။ "တရုတ်ကျားဖြန့်အတွက်ပါ လုပ်ပေးနေရတာပါ။ ပြည်သူတွေ သတိထားကြပါ။ တရုတ်ဆီကို စစ်ကိုင်းမြို့က စစ်ကောင်စီတပ်နဲ့ ထွေအုပ်၊ ရဲ၊ လဝက တို့ကိုယ်တိုင် လူမှောင်ခို လုပ်ပေးနေတာပါ" ဟု မြို့ခံတစ်ဦးက ထပ်မံအတည်ပြု သတိပေးထားပါတယ်။ #AnyarMyayMedia

  • 15 июл.1 0272

    без подписи

  • 15 июл.1 0292

    без подписи

  • без подписи

  • 15 июл.1 02012

    без подписи

  • စစ်ကိုင်းတွင် လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က လဝကရုံးနှင့် စစ်ကောင်စီယာဉ်တန်းများကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အများအပြားထိခိုက်သေဆုံး AMM ဇူလိုင် ၁၅၊ ၂၀၂၆ စစ်ကိုင်းတွင် ပြည်သူလူထုအား နေ့စဉ်နှင့်အမျှ ဖိနှိပ်ဖမ်းဆီးသတ်ဖြတ်ရန် ကြိုးပမ်းနေသည့် စစ်ကောင်စီနှင့် ယင်း၏ဒေါက်တိုင်များကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဖြစ်သော လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က ဆက်တိုက်ဆိုသလို မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်၊၊ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း ဇွန်လ ၂၆ ရက်နေ့တွင်က စစ်ကောင်စီတပ်သားများကို ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်၊၊ ထိုနေ့နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မုံရွာနမခမှ စစ်ကိုင်းတပ်မ (၃၃) သို့ သွားရောက်သည့် စစ်ကောင်စီယာဉ်တန်းအား စစ်ကိုင်းမြို့၊ ကုန်းရွာကျေးရွာထိပ် ဆည်မြောင်းဘောင်အနီးတွင် လုံခြုံရေးယူပေးနေသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး မိုင်းထိမှန်ပြီး ၁၀ ပေခန့်အကွာအဝေးသို့ လွင့်စင်သွားကာ နောက်ထပ် ၁ ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားခဲ့ပါတယ်၊၊ ၎င်းနောက် အဆိုပါမိုင်းထိမှန်သွားသော စစ်ကောင်စီတပ်သား ၂ ဦးအား ကုန်းရွာကျေးရွာမှ ပြည်သူပိုင် Light Truck ကားတစ်စီးကို ဖမ်းဆီးကာ စစ်ကိုင်းမြို့တွင်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်၊၊ ၎င်းတို့ကို ခေါ်ဆောင်သွားသူများမှာ စစ်ကိုင်းမြို့နယ်အတွင်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဖိနှိပ်ခြိမ်းခြောက်ဖျက်ဆီးကာ ဆက်ကြေးကောက်ခံနေသည့် ပျူစောထီးခေါင်းဆောင် ဝေပုလ္လ၏ တပည့် ၂ ဦး ဖြစ်ကြောင်း သိရှိရပါတယ်၊၊ ထို့အပြင် ဇွန်လ ၁၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်တွင်လည်း စစ်ကိုင်းမြို့၊ တပ်မ (၃၃) မှ မုံရွာနမခသို့ သွားသော စစ်ကောင်စီယာဉ်တန်းအတွက် စစ်ကိုင်း ကံတလူတိုးဂိတ်နှင့် ကုန်းရွာကျေးရွာကြားရှိ မန်ကျည်းပင်ကွေ့အနီးတွင် ကင်းပုန်းဝပ်လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်သားများကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်၊၊ အဆိုပါကင်းပုန်းဝပ် စစ်ကောင်စီတပ်သားများကို လာရောက်ခေါ်ဆောင်သည့် အိမ်စီးကား ၂ စီးအား မိတ္တူမိုင်းများဖြင့် ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်၊၊ ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများကို လာရောက်ခေါ်ဆောင်သည့် အဖြူရောင်နှင့် အမည်းရောင် အိမ်စီးကား ၂ စီးလုံး မိုင်းထိမှန်ခဲ့ပြီး အမည်းရောင်ကားမှာ လုံးဝပျက်စီးသွားခဲ့ရပါတယ်၊၊ ထို့ပြင် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုများလည်း ရှိနိုင်ကြောင်း သိရပါတယ်၊၊ ၎င်းအပြင် စစ်ကောင်စီ၏ ရက် ၁၀၀ စီမံကိန်းအရ ပြည်သူလူထုအား မတရားဖမ်းဆီးရန်နှင့် အသက်မပြည့်သေးသည့် ပြည်သူများကို အသက်အရွယ်လိမ်လည်ကာ မှတ်ပုံတင်ပြုလုပ်ပေးပြီး စစ်မှုထမ်းခိုင်းရန် အဓိကဒေါက်တိုင်အဖြစ် ဆောင်ရွက်နေသော လူဝင်မှုကြီးကြပ်ရေးရုံး (လဝကရုံး) ကိုလည်း ပြင်းပြင်းထန်ထန် သတိပေးတိုက်ခိုက်ခဲ့ပါတယ်၊၊ ဇွန်လ ၅ ရက်နေ့တွင် စစ်ကောင်စီ၏ အဓိကယန္တရားလည်ပတ်ရာဖြစ်သော အဆိုပါ လဝကရုံးအား ပါဆယ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်၊၊ ယင်းမိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ လဝကရုံးဝန်ထမ်း အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်၊၊ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) အနေဖြင့် ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် မည်သည့်ဌာနဆိုင်ရာရုံးများကိုမဆို အချိန်နှင့်နေရာမရွေး လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများဘက်မှ အစဉ်အမြဲရပ်တည်ကာ မင်းအောင်လှိုင်နှင့် စစ်ကောင်စီတပ်သားများကို စဉ်ဆက်မပြတ် တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်၊၊ ဓာက်ပုံ - လင်းယုန်ညီနောင်ပြောက်ကျားတပ် ၂၃.၈.၂၀၂၅မှ အပုံ #AMM

  • без подписи

  • မတ္တရာအရှေ့ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ အစအနမရှာနိုင်ဘဲ ပျောက်ဆုံးနေမှုကြောင့် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် တိုးမြှင့်ချထား AMM၊ ဇူလိုင် ၁၄၊ ၂၀၂၆ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ် အုပ်စိုးထားသော ကျေးရွာများတွင် ယနေ့ (ဇူလိုင် ၁၄ ရက်) ၌ စစ်ကောင်စီတပ်သား အင်အား ၅၀ ထက်မနည်း ထပ်မံတိုးမြှင့်ချထားကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရပါတယ်။ ယခုကဲ့သို့ အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လပခ လက်အောက်ခံ လျှပ်စစ်အင်ဂျင်နီယာတပ်များနှင့် ပသစ (ပြည်သူ့စစ်) အဖွဲ့ဝင် အများအပြား ဖြစ်ပါတယ်။ အဆိုပါဒေသတွင် အင်အားမတိုးမြှင့်မီ ရက်ပိုင်းက မတ္တရာမြို့ပြပြောက်ကျားအဖွဲ့အချို့၏ သတင်းနှင့် သတိပေးချက်များကို Ground Press ကင်းထောက်မြေပြင်သတင်းမှတစ်ဆင့် လူထုထံ ထုတ်ပြန်အသိပေးခဲ့ပါတယ်။ ယင်းနောက်ပိုင်းတွင် မတ္တရာအရှေ့ခြမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ အစအနရှာမရဘဲ "ပြောက်ချင်းမလှ ပျောက်ဆုံး" သွားခဲ့တယ်လို့ မြေပြင်သတင်းများအရ သိရပါတယ်။ ၎င်းတို့တပ်ဖွဲ့ဝင်များ ပျောက်ဆုံးသွားမှုနှင့်ပတ်သက်၍ ကင်းလှည့်ခြင်း၊ စစ်ကြောင်းထိုးရှာဖွေခြင်းများကို အသည်းအသန် ပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာ သဲလွန်စ မတွေ့ရှိရသဖြင့် မတ္တရာမြို့နယ်အခြေစိုက် စစ်ကောင်စီအရာရှိများနှင့် တပ်ဖွဲ့ဝင်များအကြား စိုးရိမ်ပူပန်မှုများ အလွန်မြင့်တက်နေပါတယ်။ ထိုသို့ စိုးရိမ်ထိတ်လန့်မှုများ ရှိနေသည့်အတွက် စစ်ကောင်စီဘက်မှ မတ္တရာမြို့နယ်အရှေ့ခြမ်းသို့ အင်အားတိုးမြှင့်ခြင်းများကို တိတ်တဆိတ်ရော ပေါ်ပေါ်ထင်ထင်ပါ လုပ်ဆောင်ကာ နယ်မြေစိုးမိုးရေးအတွက် အတင်းအကျပ် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ #AnyarMyayMedia

  • без подписи

  • ဝါးချက်ရွာအုပ်ချုပ်ရေးမှူး ဦးစိုးလွင်၏ ကိုယ်ကျင့်တရားပျက်ပြားမှုများအပေါ် ရွာခံများ မကျေမနပ်ဖြစ်နေ AMM၊ ဇူလိုင် ၁၂ရက်၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးလွင်သည် စစ်ကောင်စီအာဏာပိုင်များကို ငွေကြေးအမြောက်အမြား ပေးကမ်းကာ ရာထူးတည်မြဲရေးအတွက် ကြိုးပမ်းနေသည့်အပြင်၊ ကျေးရွာပိုင်မြေများကိုပါ ကိုယ်ကျိုးရှာ အသုံးချနေသောကြောင့် ဒေသခံရွာသူရွာသားများအကြား မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။ ဦးစိုးလွင်သည် ယခင်စစ်အုပ်ချုပ်ရေးလက်ထက်ကတည်းက ခန့်အပ်ခြင်းခံရသူတစ်ဦး ဖြစ်ပြီး၊ ယခုတစ်ကြိမ်တွင်လည်း အုပ်ချုပ်ရေးမှူးရာထူး ပြန်လည်ရရှိရန် အထက်လူကြီးများကို ငွေပေးထားကြောင်း ၎င်း၏ဇနီးဖြစ်သူ ဒေါ်မြိုင် (ခ) ခင်မြိုင်ကိုယ်တိုင်က ရွာထဲတွင် ထုတ်ဖော်ပြောဆိုမှုများ ရှိနေပါတယ်။ ထို့ပြင် ဒေါ်မြိုင်သည် မကောင်းသော အတတ်ပညာများကို တတ်မြောက်ထားသည်ဟု သတင်းကြီးနေသဖြင့် ရွာသူရွာသားများသည် ကြောက်ရွံ့နေကြပြီး၊ ၎င်းတို့ဇနီးမောင်နှံ၏ လုပ်ရပ်များကို ထုတ်ဖော်ပြောဆိုရန် မဝံ့ရဲကြပါဘူး။ အဆိုပါ အုပ်ချုပ်ရေးမှူး ဦးစိုးလွင်သည် ရွာသို့လာရောက်လှူဒါန်းသည့် အသင်းအဖွဲ့များထံမှလည်း လှူဒါန်းသည့် ပစ္စည်းအမျိုးအစားအပေါ် မူတည်၍ ငွေကြေးများ ပြန်လည်တောင်းခံလေ့ ရှိပါတယ်။ ထို့ပြင် ကျေးရွာပိုင် "မိုးချောင်း" မြေနေရာများကိုပါ ကိုယ်ကျိုးအတွက် အသုံးချကာ စီးပွားရှာခဲ့သောကြောင့် ယခင်က ဆိုင်ကယ်သာစီးနိုင်ရာမှ ယခုအခါတွင် မော်တော်ကားပါ စီးနင်းနိုင်သည့်အထိ ချမ်းသာကြွယ်ဝလာခဲ့ခြင်း ဖြစ်ပါတယ်။ ၎င်းသည် ကိုယ်ကျင့်တရားပိုင်းတွင်လည်း ပျက်ပြားနေသူတစ်ဦး ဖြစ်ပြီး၊ အိမ်ထောင်ရှိလျက်နှင့် ကာမပိုင်လင်ယောက်ျားရှိပြီးသူ မစုလှိုင်ဆိုသူနှင့် ဖောက်ပြန်ခိုးယူ ပေါင်းသင်းနေပါတယ်။ ၎င်းတို့နှစ်ဦး အတူနေထိုင်ရန် စစ်ကိုင်းမြို့ပေါ်တွင်ပါ အိမ်ငှားရမ်းပေးထားပြီး၊ မယားငယ်ဖြစ်သူ မစုလှိုင်သည်လည်း ဘီယာသောက်စားမူးယစ်တတ်ကာ ငွေကြေးရရှိရန်အတွက် ဘာမဆိုလုပ်ဆောင်မည့်သူဖြစ်ကြောင်း ရွာခံများက ဆိုပါတယ်။ လက်ရှိတွင် မစုလှိုင်သည် အုပ်ချုပ်ရေးမှူး ဦးစိုးလွင် တက်ရောက်နေသည့် သင်တန်းများဆီသို့ပါ နေ့တိုင်း လိုက်ပါနေကြောင်း သိရပါတယ်။ ယခုအခါ အဆိုပါ ဖောက်ပြန်မှုနှင့် ပတ်သက်၍ မစုလှိုင်၏ တရားဝင်ခင်ပွန်းဖြစ်သူ ကိုဝင်းကျော်က တိုင်ကြားထားကြောင်း သိရပါတယ်။ ထိုသို့ တိုင်ကြားထားသည်ကို ယနေ့တွင် မစုလှိုင်က သိရှိသွားသဖြင့် မူးယစ်သောက်စားကာ ခင်ပွန်းဖြစ်သူ ကိုဝင်းကျော်အား ပြန်လည်ရန်ရှာ ပြောဆိုနေကြောင်း သိရပါတယ်။ လတ်တလောတွင် ဒေသခံများအနေဖြင့် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၏ မတရားမှုများကို စစ်ကောင်စီထံ သွားရောက်တိုင်ကြားလိုသော်လည်း၊ ဦးစိုးလွင်က ငွေကြေးပေး၍ အမှုဖျောက်နိုင်သဖြင့် တိုင်ကြားသော်လည်း ထူးခြားမှုရှိလာမည်မဟုတ်ဟု သုံးသပ်နေကြပါတယ်။ အကျင့်စာရိတ္တ ပျက်ပြားပြီး လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်နေသည့် ဦးစိုးလွင်သာ အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်ရှိနေပါက ရပ်ရွာအတွက် များစွာနစ်နာဆုံးရှုံးနိုင်ကြောင်း ကျေးရွာလူထုက စိုးရိမ်ပူပန်နေကြပါတယ်။ #AMM

  • 30 июн.1 26531

    без подписи

  • 30 июн.1 23671

    စစ်ကိုင်းတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများကြောင့် ရာထူးလုပွဲများနှင့် ခြိမ်းခြောက်မှုများဖြစ်ပွားပြီး၊ မင်းလမ်းအုပ်ကြီး သတိပေးစာရပြီးနောက် မြို့အဝင်အထွက် စစ်ဆေးရေး ပိုမိုတင်းကျပ်လာ AMM၊ ဇွန် ၃၀ရက်၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ဇွန်လ တတိယပတ်အတွင်း ပြုလုပ်ခဲ့သည့် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများ၌ အာဏာလု အငြင်းပွားမှုများနှင့် ခြိမ်းခြောက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသဖြင့် ဒေသခံပြည်သူများမှာ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က စစ်ကိုင်းမြို့၊ တကောင်းတိုက်နယ်အတွင်းရှိ တကောင်းရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲတစ်ရပ်ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါရွေးချယ်ပွဲသို့ တက်ရောက်ရန် ရပ်ကွက်အတွင်းရှိ ပြည်သူများကို တစ်အိမ်လျှင် တစ်ယောက် မဖြစ်မနေ မဲလာပေးရန် ဖိအားပေးစေခိုင်းခဲ့သဖြင့် ပြည်သူများမှာ မလွှဲမရှောင်သာ သွားရောက်ခဲ့ကြရခြင်း ဖြစ်ပါတယ်။ ၎င်းရွေးချယ်ပွဲတွင် လက်ရှိအုပ်ချုပ်ရေးမှူး ကိုမြင့်ဇော်နှင့် ၂၀၂၁ ခုနှစ်က CDM ပြုလုပ်ခဲ့ဖူးသည့် အုပ်ချုပ်ရေးမှူးဟောင်း ကိုဟန်ရှိန်တို့ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ကိုဟန်ရှိန်က မဲအနိုင်ရရှိသွားခဲ့ပါတယ်။ သို့သော် ရွေးချယ်ပွဲအပြီးတွင် ရာထူးလုပွဲအဖြစ် အပြန်အလှန် စွပ်စွဲပုတ်ခတ်မှုများနှင့် ရန်ပွဲများအထိပါ ဖြစ်ပွားခဲ့ပါတယ်။ မဲရှုံးသွားသည့် အုပ်ချုပ်ရေးမှူး မြင့်ဇော်၏သားဖြစ်သူမှာ လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းက "ငါ့အဖေ အုပ်ချုပ်ရေးမှူးမဖြစ်ရင် ရပ်ကွက်ထဲမှာ ပေါ်တာ (စစ်မှုထမ်းရန်) ဆွဲပစ်မယ်" ဟု ပြည်သူများကို ကြိမ်းဝါးခြိမ်းခြောက်ခဲ့ပါတယ်။ လက်ရှိတွင် မဲရှုံးသွားသည့် အုပ်ချုပ်ရေးမှူးဘက်မှ ပျူစောထီးအဖွဲ့ဝင်များနှင့် ၎င်းတို့၏ သူငယ်ချင်းများက မဲနိုင်သွားသူကို လုပ်ကြံသတ်ဖြတ်ရန် စီစဉ်နေသည့်အပြင် "ရပ်ကွက်ထဲက ပြည်သူအချို့ကို သတ်ဖြတ်ပြီး PDF အဖွဲ့က လုပ်ကြံသတ်ဖြတ်သွားခြင်းဖြစ်ကြောင်း" သတင်းအမှား ထုတ်လွှင့်ရန် စီစဉ်နေမှုများပါ ပေါက်ကြားလျက်ရှိနေပါတယ်။ ထို့ကြောင့် လက်ရှိ တကောင်းရပ်ကွက်၏ အခြေအနေနှင့်ပတ်သက်၍ မြို့ခံတစ်ဦးက အခုလို ပြောပြထားပါတယ်။ "ဘယ်သူက အုပ်ကြီးလဲကို မသိတာ၊ ရှုပ်နေတာပဲ။ သူများရပ်ကွက်တွေ ပန်းကုံးတွေနဲ့ အောင်ပွဲခံနေရတာ၊ တကောင်းရပ်က ရပ်ကွက်နေပြည်သူတွေကိုက ဘယ်သူအုပ်ကြီးမှန်း မသိကြသေးဘူး၊ ပြဿနာတွေ တက်နေလို့။" လို့ ပြောပြပါတယ်။ စစ်ကိုင်းမြို့ပေါ်တွင် လက်နက်ကိုင် ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့များကို မြေတောင်မြှောက်မွေးမြူပေးနေသည့် "ဝေပုလ္လ" နှင့် "ဂန္ဓာမာ" ဟူသော ဘုန်းကြီးဆရာတပည့်နှစ်ပါး ရှိနေပြီး၊ လက်ရှိတွင် ၎င်းတို့၏ တပည့်ရင်းများမှာ မြို့ပေါ်ရပ်ကွက်များ၌ အုပ်ချုပ်ရေးမှူးများအဖြစ် နေရာရလာကြတာ ဖြစ်ပါတယ်။ ဇွန်လ ၂၄ ရက်နေ့တွင် မင်းလမ်းရပ်ကွက်၏ အုပ်ချုပ်ရေးမှူးအဖြစ် ဝေပုလ္လ၏ တပည့်ဖြစ်သူ အောင်အောင်ဦး ဆိုသူက တာဝန်ယူခဲ့ပါတယ်။ ၎င်းဦးဆောင်သည့် စစ်ကောင်စီ ထွေအုပ်လက်အောက်ခံ မြို့မအဖွဲ့မှာ မြို့ပေါ်တွင် ဖမ်းဆီးရေး ကြမ်းတမ်းလွန်းသဖြင့် ဖမ်းဆီးခံရသူ ရာနှင့်ချီ၍ ရှိနေပြီဖြစ်ပါတယ်။ ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့ကလည်း ပန်းဘဲတန်းရပ်ကွက်တွင် ဝေပုလ္လ၏ လက်ထောက်တပည့်ရင်းဖြစ်သူ မြတ်ကျော်သူက အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပါတယ်။ မြတ်ကျော်သူဆိုသူမှာ ယခင်ငလျင်ဘေးအန္တရာယ် ကြုံတွေ့ရစဉ်ကပင် ပြည်သူများကို သေနတ်ပြကာ ခြိမ်းခြောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။ အခြားတစ်ဖက်တွင်လည်း စစ်ကိုင်းမြို့အခြေစိုက် Local PDF အဖွဲ့တစ်ခုက မင်းလမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်အောင်ဦးထံသို့ သတိပေးစာတစ်စောင် ပစ်သွားခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ သတိပေးစာ ပေးပို့ခံရမှုကြောင့် အုပ်ချုပ်ရေးမှူး အောင်အောင်ဦးကိုယ်တိုင် ဦးစီးကာ စစ်ကိုင်းမြို့အဝင်အထွက် လမ်းစုံလမ်းခွများတွင် ပြည်သူ့စစ်အဖွဲ့များကို အရေးပေါ်လုံခြုံရေးအဖြစ် နေရာအနှံ့ လိုက်လံချထားပြီး စစ်ဆေးမှုများကို ယခင်ကထက် ပိုမိုတင်းကျပ်စွာ လုပ်ဆောင်နေပါတယ်။ လက်ရှိတွင် စစ်ကောင်စီက ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးများနှင့် ဘုန်းကြီးတပည့်များကို အုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်ကာ ရပ်ကွက်အလိုက် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးနေခြင်းကြောင့် ဒေသခံပြည်သူများမှာ အသက်အန္တရာယ်နှင့် ပေါ်တာဆွဲခံရမည့် ဘေးရန်များကို နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်စွာ ဖြတ်သန်းနေကြရပါတယ်။ #Sagaing #SagaingNews #စစ်ကိုင်းမြို့ #အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ #AMM

  • 28 июн.1 0451

    без подписи

  • 28 июн.1 1181

    без подписи

  • без подписи