MDY Revolution
Статистикаမင်္ဂလာပါ။ ကျွန်တော်တို့ MDY Revolution မှကြိုဆိုပါတယ်ဗျ။ မန္တလေးမြို့ပေါ် စကစလှုပ်ရှားမှု သတင်းများနှင့်အတူ အခြားထူးခြားသတင်းများကို ကျွန်တော်တို့ထံယုံကြည်စွာနဲ့ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျာ❤️
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 46
- Всего постов
- 61
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 12 авг.
- 1/24сутки в ленте
- 1 368
- 1/48двое суток
- 1 676
- 1/72трое суток
- 1 807
Медиана по постам, которые мы застали свежими и померили через сутки.
Посты
ကံကြမ္မာကို မျက်လှည့်ပြသလို ပြောင်းလဲချင်နေပြီလား? 🎩✨ အဲ့ဒီအတွက် ကံကောင်းခြင်းတွေ လိုအပ်နေတယ်ဆိုရင်တော့ နွေဦးထီက သင့်ဘက်မှာ အသင့်ရှိနေပါပြီ။ 🍀 ငွေ 2️⃣0️⃣0️⃣0️⃣ ကျပ် နဲ့ မမျှော်လင့်ထားတဲ့ အိပ်မက်တခုကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးက သင့်ရှေ့မှာ ရောက်နေပြီနော်။ 💫 ဒီတခါတော့ ကံကိုပဲ စောင့်မနေဘဲ ကိုယ့်ကံကို ကိုယ်တိုင် မျက်လှည့်ပြလိုက်ပါ။ 🎩🍀 😚 MDY Revolution မှာ နွေဦးထီ၊ Super 4 ကံစမ်းရင်း မြေပြင်တပ်ရင်းတပ်ဖွဲ့များကို ထောက်ပံ့လိုက်ပါ ..... ✊ #NwayOoHti #WeDreamBold #NOHGiftCard #MDYRevo
😚 MDY Revolution 😚 ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု 😹 အကောင့်များဖြစ်သော @A01RedMR @A02FWhiteMR @A03YELLOWMR @A04OrangeMR @A06BlackMR တို့နှင့် 😄 Telegram bot 😄 ဖြစ်သော @MDYRevolution_bot တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည် MDY Revolution Admin Team
Daily Highlight 4 Aug 14 (11:55 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ဂွမြို့နယ် ၂ကြိမ် (Source: AA) - စဉ့်ကူးနယ် ၄ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ဖောင်းပြင်နယ် ၃ကြိမ် - မြဝတီနယ် ၂ကြိမ် - မြဝတီနယ် ၂ကြိမ် (Source: နယ်မြေခံ) - မဘိမ်း/မိုးမိတ်နယ်အစပ် ၃ကြိမ် - တောင်သာနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ယင်းမာပင်နယ် ၂ကြိမ် (မှတ်ချက်။ စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်း။) - မြိုင်မြို့နယ် ၄ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - ရွှေကူနယ် ၃ကြိမ် - ကနီနယ် ၃ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - စလင်းနယ် ၁ကြိမ် - ကွတ်ခိုင်နယ် ၂ကြိမ် - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect
Daily Highlight 3 Aug 14 (11:50 PM) 🔴 မြန်မာနိုင်ငံ နေရာအသီးသီးရှိ ရေဘေးအန္တရာယ်အကြောင်း သတင်းများ။ - သမိုင်းဝင် ပုဂံဒေသ အနီး၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ မြစ်ခြေ-ကျွန်းချောင်းဒေသမှ ပြည်သူများမှာ နယ်မြေမတည်ငြိမ်မှုနှင့် စစ်ဘေးဒဏ်များကြောင့် ဧရာဝတီမြစ်အတွင်းရှိ ကျွန်းများပေါ်တွင် စစ်ရှောင် ခိုလှုံနေရသည်မှာ ၄ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအခါ ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက်လာသဖြင့် မြစ်အတွင်းရှိ ကျွန်းများပေါ်တွင် ခိုလှုံနေရသည့် အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၃,၀၀၀ ကျော်မှာ ရေဘေးဒုက္ခများပါ ထပ်မံ ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ကျွန်းချောင်းဒေသရှိ စစ်ဘေးရှောင် ပြည်သူများက ၎င်းတို့ ကြုံတွေ့နေရသော အခက်အခဲများကို ဝိုင်းဝန်းကူညီပေးကြရန် တောင်ဆိုထားကြောင်း သိရ။ - ဇူလိုင်လ ၃၁ ရက်နေ့ မနက်အစောပိုင်းက ငဝန်မြစ် ရေကာတာကျိုးပေါက်ပြီးနောက် ဩဂုတ်လ ၉ရက်နေ့က ရေအနည်းငယ် ကျဆင်းခဲ့သော်လည်း ဩဂုတ်လ ၁၁ ရက်နေ့မှစတင်၍ ရေ ပြန်လည်မြင့်တက်လာပြီး ရေဝင်မှုများ ပြန်လည်ဖြစ်ပေါ်နေကြောင်း၊ ရေဘေးအခြေအနေမှာလည်း ဆိုးရွာနေဆဲဖြစ်ကြောင်း၊ ဩဂုတ် ၄ ရက်မှ ၁၀ ရက်အထိ ငဝန်မြစ် တာကျိုးနေရာမှ ရေဝင်နှုန်းမှာ ဩဂုတ် ၄ နှင့် ၅ ရက်တွင် တစ်စက္ကန့်လျှင် ရေကုဗမီတာ ၄၀၀ ခန့်၊ ဩဂုတ် ၆ ရက်တွင် ၃၈၀ ကုဗမီတာ၊ ဩဂုတ် ၇ ရက်တွင် ၃၁၀ ကုဗမီတာ၊ ဩဂုတ် ၈ ရက်တွင် ၂၆၀ ကုဗမီတာ၊ ဩဂုတ် ၉ ရက်တွင် ၂၅၀ ကုဗမီတာနှင့် ဩဂုတ် ၁၀ ရက်တွင် ၂၇၀ ကုဗမီတာခန့် ရှိခဲ့ကြောင်း၊ ဩဂုတ်လ ၄ ရက်နေ့ ရေဝင်နှုန်းကို ၁၀၀ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ပါက ဩဂုတ် ၉ ရက်တွင် ရေဝင်နှုန်း ၃၇ ဒသမ ၅ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သော်လည်း နောက်ပိုင်းတွင် ငဝန်မြစ်ရေ ပြန်လည်မြင့်တက်လာပြီး ရေဖိအားမြင့်တက်လာခြင်းကြောင့် တာကျိုးနေရာမှ ရေဝင်အားလည်း ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း၊ စစ်တပ်က တာကျိုးနေရာကို ပိတ်ဆို့ပြုပြင်ရန် ကြိုးပမ်းနေပြီး ရေဝင်ပေါက်၏ အကျယ်အဝန်း ကျဉ်းလာသော်လည်း ငဝန်မြစ်ရေ ပြန်လည်မြင့်တက်လာခြင်းကြောင့် ရေဖိအားမြင့်တက်ကာ ရေစီးအရှိန်နှင့် ရေဝင်အား ပြန်လည်မြင့်တက်နိုင်သည့် အခြေအနေဖြစ်နေကြောင်း၊ ထို့ပြင် ယနေ့ မနက် ၆ နာရီခွဲအချိန် ငသိုင်းချောင်းစခန်း၏ ရေအမှတ်မှာ ၁,၁၃၁ စင်တီမီတာအထိ ရှိလာပြီး စိုးရိမ်ရေမှတ် ၁,၁၆၀ စင်တီမီတာအောက် ၂၉ စင်တီမီတာသာ ကျန်ရှိတော့ကြောင်း၊ လက်ရှိ စစ်တပ်၏ ငဝန်မြစ် တာပိတ်ဆို့လုပ်ငန်းတွင် Steel Sheet Pile စုစုပေါင်း ၂၈၀ တိုင်ခန့် လိုအပ်ပြီး ဩဂုတ် ၁၃ ရက်အထိ ၇၂ တိုင် ရိုက်သွင်းပြီးဖြစ်ကာ ၂၀၈ တိုင်ခန့် ကျန်ရှိနေကြောင်း၊ စစ်တပ်က ၁ ရက်လျင် Steel Sheet Pile ၁၀ တိုင်မှ ၁၂ တိုင်ခန့် ရိုက်သွင်းနိုင်သည့်နှုန်းအရ ကျိုးပျက်နေသော ငဝန်မြစ် ရေကာတာကို အပြည့်အဝပိတ်နိုင်ရန် နောက်ထပ် ၁၇ ရက်မှ ၂၁ ရက်ခန့် ကြာမြင့်နိုင်ပြီး လုပ်ငန်းခွင်အခြေအနေအရ ၅ ရက်ခန့် အတိုးအလျော့ ရှိနိုင်ကြောင်း၊ တာကျိုးနေရာကို ပိတ်ဆို့ခြင်းများ လုပ်ဆောင်နေသည့်ကြားမှ ငဝန်မြစ်ရေ ပြန်လည်မြင့်တက်လာခြင်းနှင့် တာကျိုးနေရာမှ ရေဝင်အား တစ်စက္ကန့်လျှင် ၄၈၀ ကုဗမီတာခန့်အထိ ပြန်လည်မြင့်တက်နေခြင်းတို့ကြောင့် လက်ရှိ ရေဘေးအခြေအနေမှာ ဆက်လက်စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း၊ လက်ရှိအချိန်အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၂၁ ရွာ၊ ဟင်္သာတမြို့နယ်အတွင်း ကျေးရွာ ၃၇ ရွာ၊ ရေကြည်မြို့ပေါ် ရပ်ကွက် ၄ ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၂၇ ရွာ၊ ငသိုင်းချောင်းမြို့ပေါ် ရပ်ကွက် ၂ ခု၊ ကျုံပျော်မြို့ပေါ် ရပ်ကွက် ၂ ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၉ ရွာတို့အပါအဝင် စုစုပေါင်း မြို့ပေါ်ရပ်ကွက် ၁၃ ခုနှင့် ကျေးရွာ ၁၉၄ ရွာတွင် ရေကြီးမှုများ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ ငဝန်မြစ် တာကျိုးမှုကို ပြုပြင်ပိတ်ဆို့နေသော်လည်း ငဝန်မြစ်ရေ ပြန်တက်လာခြင်း၊ တာကျိုးနေရာမှ ရေဝင်အား ပြန်လည်မြင့်တက်လာခြင်းနှင့် မြေနိမ့်ဒေသများနှင့် ကျေးရွာများသို့ ရေများ စုဝေးဝင်ရောက်နေပြီးသားဖြစ်ခြင်းတို့ကြောင့် ရေကြည်–ကျုံပျော်–ငသိုင်းချောင်းဘက်ရှိ မြေနိမ့်ဒေသများ၊ ချောင်းဆုံများ၊ ရေကျော်နေရာများနှင့် ရေစီးကြောင်းများကို ဆက်လက်အထူးစောင့်ကြည့်ရန် လိုအပ်နေကြောင်း သိရ။ - မြန်မာနိုင်ငံတွင် ပဋိပက္ခများ၊ နေရပ်စွန့်ခွာရမှုများ၊ စီးပွားရေးကျပ်တည်းမှု၊ စားနပ်ရိက္ခာဈေး နှုန်းမြင့်တက်မှုများနှင့် ထပ်ခါတလဲလဲဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များကြောင့် လူဦးရေ ၁၂ ဒသမ ၄ သန်းခန့်မှာ ဆာလောင်မွတ်သိပ်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ မုတ်သုံရာသီအတွင်း ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပွားလာခြင်းကြောင့် စားနပ်ရိက္ခာပြတ် လပ်မှုနှင့် လူသားချင်းစာနာမှုအကျပ်အတည်း ပိုမိုဆိုးရွားလာနိုင်သည့်အတွက် ရေဘေး အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme) မှ ထုတ်ပြန်အသိပေး၊ WFP ၏ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို လေးမျက်နှာမြို့နယ်တွင် စတင်ခဲ့ပြီး ဇူလိုင်လ ၃၀ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကာတာကျိုးပေါက်ပြီး ရပ်ကွက်နှင့် ကျေးရွာများအတွင်း ရေဝင်ရောက်ခဲ့သည့် ဒေသခံများထံ အာဟာရပြည့် အသင့်စားအစားအစာများဖြစ်သည့် High Energy Biscuits များ ဖြန့်ဝေပေးနေကြောင်း၊ လေးမျက်နှာမြို့နယ်တွင် ပြုလုပ်ခဲ့သည့် အလျင်အမြန်ဆန်းစစ်လေ့လာမှုများအရ ရပ် ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာ ၉၈ ရွာမှ လူဦးရေ ၃၂,၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း၊ ထို့ပြင် WFP က ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ပြည်သူများကို ကူညီပေးနေသည့် ဒေသခံမိတ်ဖက်အဖွဲ့များထံ အာဟာရပြည့်အစားအစာ မက်ထရစ်တန်ချိန် ၂၀ ပေးပို့ထားပြီး ယင်းပမာဏသည် လူဦးရေ ၁၀,၀၀၀ ခန့်အတွက် လုံလောက်ကြောင်း၊ လက်ရှိတွင် အဆိုပါအစားအစာများကို ရေဘေးသင့်ပြည်သူများထံ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရ၊ WFP ၏ အဆိုအရ ယခုနှစ် ရေကြီးရေလျှံမှုများသည် ပဋိပက္ခနှင့် စီးပွားရေးအကျပ်အတည်းများကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေရသည့် ပြည်သူများအပေါ် ထပ်မံဖိအားဖြစ်စေခဲ့ပြီး နေအိမ်များ ရေမြုပ်ခြင်း၊ သီးနှံများပျက်စီးခြင်း၊ သောက်သုံးရေများ ညစ်ညမ်းခြင်းနှင့် ဈေးဆိုင်များ ပုံမှန်လည်ပတ်နိုင်မှုမရှိခြင်းတို့ ဖြစ်ပေါ်နေကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးရေလျှံမှု၏ အကျိုးသက်ရောက်မှုအပြည့်အစုံကို WFP နှင့် သက်ဆိုင်ရာအဖွဲ့များက ဆက်လက်စာရင်းကောက်ယူ အကဲဖြတ်နေဆဲဖြစ်ပြီး ရရှိလာသည့်အချက်အလက်များ၊ သွားလာခွင့်အခြေအနေများနှင့် ရရှိနိုင်သည့် ရန်ပုံငွေအပေါ်မူတည်၍ အကူအညီအလိုအပ်ဆုံးဒေသများတွင် စားနပ်ရိက္ခာထောက်ပံ့မှုများ တိုးချဲ့သွားရန် ပြင်ဆင်ထားကြောင်း WFP ၏ အစီရင်ခံစာတွင် ဖော်ပြထား၊ အလားတူ ဥရောပသမဂ္ဂ EU ၏ ဥရောပ အရပ်ဘက်ကာကွယ်ရေးနှင့် လူသားချင်းစာနာမှုအကူအညီဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ရုံး (ECHO) က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ယူရို ၁၀.၅ သန်း ထပ်မံပေးအပ်ကြောင်း၊ ယခုထပ်မံပေးအပ်သည့် ရန်ပုံငွေကြောင့် ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် EU ၏ လူသားချင်းစာနာမှုအကူအညီ စုစုပေါင်းပမာဏသည် ယူရို ၄၉.၁ သန်းအထိ ရှိလာကြောင်း၊ EU ၏ ရန်ပုံငွေဖြင့် ပဋိပက္ခ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားနေရသူများအတွက် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာ၊ အကာအကွယ်ပေးရေး၊ ယာယီနေအိမ်များ၊ သောက်သုံးရေနှင့် သန့်ရှင်းရေးဆိုင်ရာ ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ မကြာသေးမီက နိုင်ငံတစ်ဝန်းရှိ နေရာအချို့တွင် ဖြစ်ပွားခဲ့သည့် ရုတ်တရက်ရေကြီးမှုများကြောင့် ထိခိုက်သူများကိုလည်း အကူအညီပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ ပဋိပက္ခသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းများထဲမှ တစ်ခုဖြစ်လာပြီး မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကြောင့် ထိခိုက်သေဆုံးမှုများလည်း အဓိကပြဿနာတစ်ရပ် ဖြစ်နေကြောင်း EU ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထား၊ EU ၏ အကျပ်အတည်းစီမံခန့်ခွဲမှုဆိုင်ရာ ကော်မရှင်နာ Hadja Lahbib က မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကျပ်အတည်းသည် လွန်ခဲ့သည့် ၅ နှစ်အတွင်း အလွန်အမင်းကြီးမားလာပြီး ယခင်က လူဦးရေ ၁ သန်းခန့်သာ အကူအညီလိုအပ်ခဲ့ရာမှ လက်ရှိတွင် လူဦးရေ ၁၆.၂ သန်းအထိ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေပြီး ကမ္ဘာ့အကြီးမားဆုံး အရေးပေါ်အခြေအနေများထဲမှ တစ်ခုဖြစ်လာကြောင်း၊ လက်ရှိတွင် အရပ်သားများသည် နေ့စဉ်အသက်အန္တရာယ်ကို စိုးရိမ်နေရပြီး စီးပွားရေးကျဆင်းမှု၊ ကျန်းမာရေးစနစ် ပျက်စီးမှုနှင့် ပြင်းထန်သည့် စားနပ်ရိက္ခာအကျပ်အတည်းများကြောင့် ပြည်သူများ၏ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းမှာ အလွန်အမင်း ထိခိုက်နေကြောင်း၊ အခြားအလှူရှင်များက လူသားချင်းစာနာမှုအကူအညီများ လျှော့ချလာနေသည့်အချိန်တွင် EU အနေဖြင့် အကူအညီလိုအပ်နေသူများထံသို့ အခြေခံ လူသားချင်းစာနာမှုမူများနှင့်အညီ အကူအညီများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရ၊ လက်ရှိဖြစ်ပေါ်နေသည့် စားနပ်ရိက္ခာအကျပ်အတည်း ပိုမိုဆိုးရွားမလာစေရန် ရေဘေးသင့်မိသားစုများထံ အကူအညီများ အချိန်မီရောက်ရှိရေး၊ လူသားချင်းစာနာမှုအဖွဲ့များအနေဖြင့် အဟန့်အတားမရှိ သွားရောက်ကူညီနိုင်ရေးနှင့် အရေးပေါ်ရန်ပုံငွေများ ရရှိရေးတို့မှာ အရေးကြီးနေကြောင်းကိုလည်း WFP က သတိပေးထားကြောင်း သိရ။ #Thadinsubue Crd to original uploader with respect
Daily Highlight 2 Aug 14 (11:50 PM) - ရခိုင်-ဧရာဝတီ အစပ်နေရာများတွင် တိုက်ပွဲများ ယခုရက်များအတွင်း ဆက်လက်ပြင်းထန်လာနေကြောင်း၊ ဩဂုတ်လ ၁၂ ရက်နေ့က ရေကြည်နယ်ရှိ ပွိုင့် ၁၀၁ စခန်းကုန်းအနီးဝန်းကျင်နှင့် သာပေါင်းနယ်၊ သာပေါင်းကလေးရွာအနီးဝန်းကျင်တို့မှ အာရက္ခတပ်တော် AA ၏ စစ်ကြောင်းများရှိရာနေရာများကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာကြောင်း၊ ထိုနေ့တစ်ရက်တည်းတွင် နေရာ ၅ နေရာတွင် တိုက်ပွဲများ တစ်နေ့လုံးနီးပါး ဖြစ်ပွားခဲ့ကြောင်း၊ ဩဂုတ်လ ၁၂ ရက်နေ့ မနက် ၇ နာရီမှ ၁၀ နာရီခန့်အချိန်အထိ သာပေါင်းကလေးရွာအနီးတွင် ၃နာရီအကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ကူ အများအပြားသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်လာခဲ့ကြောင်း၊ AA က စစ်တပ်၏ ထိုးစစ်ကို ကောင်းမွန်စွာ ခုခံနိုင်ခဲ့ပြီး တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ခွေးများ ထိခိုက်ကျဆုံးမှုများစွာဖြင့် တပ်လန်ကာ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အဆိုပါတိုက်ပွဲမှ စစ်ခွေးအလောင်းအချို့နှင့် လက်နက် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ အလားတူ ရေကြည်နယ် ပွိုင့် ၁၀၁ စခန်းကုန်းအနီးတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ကူ အများအပြားသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်လာခဲ့ကြောင်း၊ AA က စစ်တပ်၏ ထိုးစစ်ကို ကောင်းမွန်စွာ ခုခံနိုင်ခဲ့ရာ စစ်ခွေးအလောင်းအချို့နှင့် လက်နက် ခဲယမ်းအချို့ကို ထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် AA ၏ သတင်းနှင့်ပြန်ကြားရေးမှ သတင်းထုတ်ပြန်ထားကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက စဉ့်ကူးနယ် ထုံးကြီးရွာတွင် တပ်စွဲထားသော စစ်ခွေးများက ဆင်သေရွာကို ဒရုန်းဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်၊ အသက် ၆၀ အရွယ် အမျိုးသမီး ၁ဦး သေဆုံး၊ စဉ့်ကူးနယ် အနောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က ဩဂုတ်လ ၁၂၊ ၁၃၊ ၁၄ သုံးရက်ဆက်တိုက် ဒရုန်းများဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ယမန်နေ့ နေ့လယ်ပိုင်းကလည်း မတ္တရာနယ် အနောက်တောင်ခြမ်း သဖန်းဒေါင့်ရွာမှ စစ်ခွေးများက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့ရာ စစ်ကိုင်းနယ်မြောက်ခြမ်း တောင်းရင်းတောင်ရွာ၏ အရှေ့ဘက်တွင် လက်နက်ကြီးကျည် ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၈၄ နှစ်အရွယ် အဘိုးအို ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၆ ရက်နေ့ ညပိုင်းက KNU ဖာပွန်ခရိုင်၊ ဒွဲလိုးမြို့နယ်၊ ထီးသဘလူးထကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က Y 12 လေယာဉ်၊ ဂျက်ဖိုက်တာများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အသက် ၃၇ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၆ နှစ်အရွယ် ပထမတန်းကျောင်းသား ကလေးငယ် ၁ ဦးတို့ သေဆုံး၊ နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အခြား နေအိမ် ၁၄ လုံးနှင့် စာသင်ကျောင်း အဆောက်အအုံ ၁ လုံးတို့လည်း ဗုံးစများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရ။ - ယနေ့ မနက်ပိုင်းမှစတင်ပြီး ကလေးနယ်တောင်ပိုင်း၊ စည်သာရွာတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်က ချောင်းခွရွာဘက်သို့ ဒရုန်းများဖြင့် အကြိမ်ကြိမ် ဗုံးသီးချတိုက်ခိုက်နေ၊ ချောင်းခွရွာမှ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၎င်း၏ အမျိုးသားဖြစ်သူလည်း ဒဏ်ရာအပြင်းအထန် ရရှိ၊ ထို့ပြင် စစ်တပ်နှင့် တော်လှန်ရေးတပ်များလည်း စစ်ရေးတင်းမာနေပြီး စစ်တပ်က ဒရုန်းဖြင့် ဆက်တိုက်ဗုံးကျဲကာ မြေပြင်မှလည်း စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း သိရ။ - ဩဂုတ်လ ၁၂ ရက်နေ့၊ ညပိုင်းက ကန့်ဘလူနယ်၊ ဇီးကုန်းတိုက်နယ်၊ ဇီးကုန်းမြို့အနီးကို စစ်တပ်က အသေခံဒရုန်းဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ လူသူထိခိုက်မှု တစုံတရာမရှိခဲ့ကြောင်း သိရ။ - ယမန်နေ့ ညပိုင်းက ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် ၁ ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်းပေါ်ရှိ အရပ်သားများနေထိုင်ရာနေရာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အသက် ၇ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် နေအိမ်တစ်အိမ်တည်းမှ ပြည်သူ ၈ ဦး အစုလိုက်အပြုံလိုက် သေဆုံး၊ ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇ လုံးနှင့် သုံးဘီးဆိုင်ကယ် ၁ စီးလည်း ထိခိုက်ပျက်စီးသွားကြောင်း၊ ထို့ပြင် ယမန်နေ့ ညပိုင်းကပင် ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကိုလည်း စစ်တပ်က လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွင် လူသူထိခိုက်မှုနှင့် ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရ။ - ယမန်နေ့က ရွှေဘိုအကျဉ်းထောင်တွင် လုံလောက်သော ဆေးဝါးကုသမှု မရသဖြင့် အသက် ၈၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ ၁ ဦး ကွယ်လွန်သွားကြောင်း၊ အဆိုပါ နိုင်ငံရေးအကျဉ်းသူမှာ ၂၀၂၃ ခုနှစ်တွင် ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသူဖြစ်ပြီး ဖမ်းဆီးခြင်းမခံရမီကတည်းက ဗိုက်အောင့်သည့် ဝေဒနာ ခံစားနေခဲ့ရသူဖြစ်ကြောင်း၊ ဖမ်းဆီးခံရပြီးနောက် ထောင်အတွင်းတွင် ဆေးဝါးကုသခွင့်ရရှိရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရကြောင်း၊ ရောဂါအခြေအနေ လွန်စွာဆိုးရွားလာပြီး မသေဆုံးမီ ၃ လခန့်အလိုမှသာ ပြင်ပဆေးရုံ၌ ဆေးကုသခွင့် ရရှိခဲ့သော်လည်း အချိန်မီ ဆေးဝါးကုသခွင့် မရရှိခဲ့သည့်အတွက် ရောဂါကျွမ်းလွန်ကာ ယမန်နေ့က ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect
Daily Highlight 1 Aug 14 (11:50 PM) - ဩဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့က မိုးမိတ်နယ်အတွင်းရှိ ညောင်နီရွာ၊ ၄ မိုင်ရွာနှင့် ၇ မိုင်ရွာတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ဒုဗိုလ်မှူးကြီး ၁ ကောင် အပါအဝင် စစ်ခွေး ၆ ကောင် သေဆုံး၊ ၄ ကောင်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော် မတီကို ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)တို့မှ စစ်ရေးခေါင်းဆောင်များဖြင့် ဦးဆောင်ဖွဲ့စည်းထားပြီး စစ်ရေးဖော်ဆောင်ရာမှုများတွင် SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူး ပေါင်းပြီး စစ်ရေးဖော်ဆောင်ရန်ရှိကြောင်း SCEF တာဝန်ရှိသူ ဆလိုင်းထက်နီ ပြော၊ SCEF ၏ မဟာဗျူဟာနှင့် မူဝါဒရေးရာဦး ဆောင်အဖွဲ့ ခေါင်းဆောင်များနှင့် စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီခေါင်းဆောင်များ သြဂုတ်လ ၇ ရက်နေ့က ပူးတွဲအစည်းအဝေးပြုလုပ်ပြီး စစ်မဟာ ဗျူဟာ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော် မတီတွင် ပူးတွဲ ဥက္ကဋ္ဌ ၂ဦး၊ အတွင်းရေးမှူး ၁ဦး နှင့် တွဲဖက်အတွင်းရေးမှူး ၂ဦးတို့ ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြောင်း ဩဂုတ်လ ၈ရက်နေ့က သတင်းထုတ်ပြန်ခဲ့ရာ ပူးတွဲဥက္ကဌ ၂ဦးအဖြစ် KNU နှင့် KIO တို့မှ ထိပ်သီးခေါင်းဆောင်များက တာဝန်ယူထားကြောင်း၊ အတွင်းရေးမှူးနေရာကိုမူ အမျိုးသားညီညွတ်ရေးအစိုးရမှ တာဝန်ရှိသူတစ်ဦးကို ခန့်အပ်ထားကြောင်း၊ ထို့ပြင် ထိုနေ့ကအစည်းအဝေးတွင် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာမြောက် ပန်းတိုင်များကို ပေါင်းစပ်ညှိနှိုင်းပြီး ထိရောက်စွာ အကောင်အထည်ဖော်ရန်လည်း သဘောတူညီမှု ရရှိခဲ့သည်ဟု SCEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရ။ - ညောင်ဦးမြို့နယ်မှ နာမည်ဆိုးဖြင့် ကျော်ကြားနေသော ပျူခွေးခေါင်းဆောင် နောင်နောင်နှင့် နောက်လိုက် ၂ ဦးတို့ကို ယခုနှစ် မေလ ၁၀ ရက်နေ့ မနက်ပိုင်းက မြစ်ခြေမြို့တွင် ပစ်ခတ်ရှင်းလင်းဖမ်းဆီးခဲ့ကြောင်း၊ မြစ်ခြေမြို့ကို စစ်ကြောင်း၀င်ရောက်မှူနှင့် နယ်မြေစစ်ရေးတင်းမာမှုများကြောင့် ယခုအချိန်တွင်မှ ထုတ်ဖော်အသိပေးခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးအဖွဲ့များက ပျူခွေးခေါင်းဆောင် နောင်နောင်ကို ဆက်သွယ်ပြီး အလင်းဝင်လိုသဖြင့် လာရောက်ခေါ်ဆောင်ရန် ဖြားယောင်းပြီး နောင်နောင်နှင့်အဖွဲ့က ဧရာဝတီမြစ်ကို ဖြတ်ကူးကာ မြစ်ခြေဘက်ကမ်းအနီးအရောက်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် ပျူခွေးခေါင်းဆောင် နောင်နောင် သေဆုံးပြီး ၎င်း၏ နောက်လိုက် ၂ကောင်ကို သေနတ် ၂လက်နှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့ပြင် မေလ ၃၁ ရက်နေ့က မြစ်ခြေမြို့ပေါ်တွင် စစ်ကြောင်းထိုး လူသတ်၊ နေအိမ်မီးရှို့ဖျက်ဆီးနေသော ဗိုလ်မှူး ညဏ်လင်းဦးဆောင်သည့် စစ်ခွေးစစ်ကြောင်းမှာ ပခုက္ကူ တပ်မ ၁၀၁ဘက်သို့ ပြန်လည်ဆုတ်ခွာချိန်တွင် တော်လှန်ရေးအဖွဲ့များ ထောင်ထားသော မိုင်းနင်းမိပြီး ဗိုလ်မှူးဉာဏ်လင်း အပါအ၀င် ၂ ကောင် သေဆုံးခဲ့သေးကြောင်း သိရ။ - ဩဂုတ်လ ၁၀ရက်နေ့ ညနေပိုင်းက ကျောက်ကြီးနယ် ဘုရားကြီးရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ကလေးငယ် ၄ဦးအပါအဝင် ၈ ဦး ဒဏ်ရာရ၊ နေအိမ် ၃လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၁၁ ရက်နေ့က စလင်း-စေတုတ္တရာလမ်းဘေးရှိ လယ်ယာများအတွင်း လူငယ်များ လယ်ယာလုပ်ငန်း လုပ်ကိုင်နေစဉ် စစ်တပ်က ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီး၊ လူငယ်များက ထွက်ပြေးကြရာ စစ်ခွေးများက သေနတ်ဖြင့် လိုက်လံပစ်ခတ်၊ စစ်ခွေးများ၏ အဆင်အခြင်မဲ့ ပစ်ခတ်မှုကြောင့် ဂွင့်ကျင်းရွာမှ အသက် ၂၃ နှစ်အရွယ် လူငယ် ၁ဦး ကျည်ထိမှန်သေဆုံး၊ ၎င်း၏ ရုပ်အလောင်းကို စစ်ခွေးများက သိမ်းယူသွားခဲ့ပြီး မိသားစုထံမှ ငွေကျပ် ၁၀ သိန်း တောင်းယူပြီးကာမှ ရုပ်အလောင်းကို ပြန်ပေးခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၉ ရက်နေ့ ညနေပိုင်းက ဘားအံမြို့ အမှတ် ၉ ရပ်ကွက်၊ ကားဝင်းကြီးလမ်းတွင် နေထိုင်သည့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို BGF တံဆိပ် တပ်ဆင်ထားသော လက်နက်ကိုင်အဖွဲ့တစ်ခုက ခိုးရာပါ ဆိုင်ကယ် ဝယ်ယူလက်ခံမှုနှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် ထိုနေ့ ညပိုင်းတွင် အဆိုပါအဖွဲ့က အမျိုးသမီး၏ ဖုန်းမှတစ်ဆင့် မိသားစုထံသို့ ဆက်သွယ်ပြီး ငွေကျပ် သိန်း ၃၀၀ ပေးရန် တောင်းဆိုခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ဘားအံမြို့မှ စစ်တပ်အပါအဝင် ပူးပေါင်းအဖွဲ့များက နောင်ဘိုကြီးရွာသို့ သွားရောက်စစ်ဆေးခဲ့ရာမှ ဖမ်းဆီးခံထားရသော အမျိုးသမီးမှာ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် စစ်တပ်၏ ရတခ တိုင်းမှူးနှင့် ဒုတိုင်းမှူးတို့က ဘားအံမြို့အတွင်းသို့ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ လက်နက်ကိုင်ဆောင်ခြင်း၊ ယူနီဖောင်းဝတ်ဆင်၍ ဝင်ရောက်ခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရ။ - မြိုင်မြို့နယ်အတွင်း ရက်ပေါင်း ၅၀ ကြာ လှည့်လည်စစ်ကြောင်းထိုးနေသော စစ်တပ်စစ်ကြောင်းက ယမန်နေ့ မနက်ပိုင်းကလည်း ယာကြီးပြင်ရွာကို ၄ ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီး၊ အညာမြေတပ်ပေါင်းစု အဖွဲ့၏ မြေပြင်ကောက်ယူရရှိထားသော စာရင်းများအရ အဆိုပါ စစ်ခွေးစစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် စုစုပေါင်း ၃၃၂ လုံး မီးလောင်ပျက်စီးခဲ့ရပြီး ပြည်သူ ၂၉ ဦးကိုလည်း စစ်ခွေးများက သတ်ဖြတ်သွားကြောင်း၊ ထို ၂၉ ဦးမှာ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူများ မပါဝင်ကြောင်း၊ လက်ရှိတွင် အဆိုပါ စစ်ကြောင်းမှာ ယာကြီးပြင်၊ တောင်စုံနှင့် မှန်ရင်း စသည့်ကျေးရွာများတွင် တပ်စွဲလှုပ်ရှားနေပြီး အနီးဝန်းကျင်ရှိ ကျေးရွာ ၂၀ ခန့်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေကြရကြောင်း သိရ။ - ဩဂုတ်လ ၁၂ ရက်နေ့ မနက်အစောပိုင်းက ရွှေကူနယ် တော်လှန်ရွာရှိ ဝံသရာမ တော်လှန်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ သံဃာတော်များနှင့် လူသူထိခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်းဆောင်များ ထိခိုက်ပျက်စီးသွားကြောင်း သိရ။ #Thadinsubue Crd to original uploader with respect
နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုနဲ့ တွေ့ဆုံခွင့်ပေးခြင်းဟာ လွတ်မြောက်မှု မဟုတ်..... လူထုခေါင်းဆောင်သည် စစ်အုပ်စု၏ နိုင်ငံရေးအရ အသုံးချခံမဟုတ်ပါ။ လူထုခေါင်းဆောင်ကို မိသားစုနှင့် တွေ့ခွင့်ပေးပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အပြစ်မဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးပါ။ တစုံတရာ ထူးခြားမှုမရှိသေးသရွေ့ ဒီ Post ကို ညစဉ် ဆက်လက်တင်နေမှာဖြစ်ပါတယ်.. "Seeing Is Believing" #Proofoflife #FreeAungSanSuuKyi #FreePoliticalPrisoners MDY Revolution Aug 14, Friday
မန္တလေးမြို့ 🚨🚨 ‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ Aug 14 နေ့လယ်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။ -1:00PM ၃၈လမ်း၊ ၇၈× ၇၉× ၈၀ကြား ဖမ်းနေ -1:40PM ပြင်ဦးလွင်လမ်း၊ အုန်းချောရွာအဝင် တံတားထိပ် ဖမ်းနေဆဲ -2:20PM ၃၅လမ်း ၆၆× ၆၇× ၆၈ကြား ဖမ်းနေ -2:45PM ၇၈(ရန်မန်း)လမ်း BOC ဆီဆိုင်အနီး ဖမ်းနေ -3:00PM လမ်း၈၀၊ ၂၂× ၂၃ကြား ဖမ်းနေ ၂၂လမ်း၊ ၈၀× ၈၁ကြား ဖမ်းနေ -3:45PM တောင်သမာန် လမ်း ရွှေလင်းပင် ဘုရားရှေ့ ပသစ ခ. ရခ. စခ အင်အားများ ဖမ်းနေ -4:10PM ၂၂× ၈၆လမ်း ဖမ်းနေ Source -MR Informer #MDYRevo https://t.me/MDYRevolution1 📮သတင်းပေးပို့ရန် @MDYRevolution_bot
မန္တလေးမြို့ 🚨🚨 ‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် အဓမ္မစစ်မှုထမ်းစေခြင်းနှင့် ငွေညစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့်မြေပြင်သတင်းChannelများကိုကြိုတင်ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ Aug 14 နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။ -9:30AM ၆၃လမ်း ၂၈× ၂၉ကြား ဖမ်းနေ -9:30AM ၆၈လမ်း ၄၁ မှ ၁၀၁(သိပ္ပံ)လမ်းကြား ဖမ်းနေ -9:30AM ၇၈လမ်း မင်းသားကြီးဟိုတယ်ရှေ့ ဖမ်းနေ -9:50AM ၃၆လမ်း ၇၈× ၇၉ကြား ဖမ်းနေ -9:50AM ၁၀၂(အေ) ၆၈× ၆၉ကြား ဖမ်းနေ -11:30AM ၈၁လမ်း၊ ၁၂× ၁၃ကြား ဖမ်းနေ -11:50AM ပြင်ဦးလွင်လမ်း၊ အုန်းချောရွာအဝင် တံတားထိပ် ဖမ်းနေ -12:00PM ၇၈(ရန်မန်း)လမ်း၊ ၁၃၄× ၁၃၅× ၁၃၆ကြား ဖမ်းနေ Source -MR Informer #MDYRevo https://t.me/MDYRevolution1 📮သတင်းပေးပို့ရန် @MDYRevolution_bot
✊ တော်လှန်ရေးမှာ “ငါတို့က ဘာပိုလုပ်နေတယ်” ဆိုတာထက် အရေးကြီးဆုံးက အောင်ပွဲမရောက်မချင်း ဆက်လျှောက်နေဖို့ ပါပဲ။ ❤️🔥 တယောက်က ရှေ့တန်းမှာ၊ တယောက်က နောက်တန်းမှာ၊ တယောက်က တတ်နိုင်တဲ့နေရာကနေ တထောင့်တနေရာက ပါဝင်နေကြတယ်။ လမ်းတွေ မတူနိုင်ပေမယ့် ရည်မှန်းချက်ကတော့ တခုတည်းပါ။ ဆယ်မွန်ငါးတွေဟာ အိမ်ပြန်ရာလမ်းကို ရောက်ဖို့ ရေစီးကြောင်းတွေ၊ အတားအဆီးတွေကို ကျော်ဖြတ်ပြီး မရပ်မနား ရုန်းကန်ကြသလို ငါတို့လည်း အခက်အခဲတွေကြားကနေ မယိမ်းမယိုင် ဆက်လျှောက်ကြရမယ်။ ဒီအချိန်ဟာ ငါတို့ဘဝမှာ အခက်ခဲဆုံးအချိန် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ နောက်ပြန်လှည့်ကြည့်ပြီး “အဲ့ဒီအခက်ခဲဆုံးအချိန်ကိုတောင် ငါတို့ တောင့်ခံပြီး ဖြတ်ကျော်နိုင်ခဲ့တယ်” ဆိုတာ သိလာကြမှာပါ။ 💪✊❤️🔥 ဒါကြောင့် မိမိနိုင်ရာ ရပ်ဝန်းတွေဆီကနေ အားသွန်ခွန်စိုက်ဆက်လျှောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ရဲရင့် • ရင်ဆိုင် • ရုန်းထွက် • ရှေ့ဆက် 🚩 https://www.facebook.com/share/p/1HmXouv4ex/ 😚 MDY Revolution မှာ နွေဦးထီ၊ Super 4 ကံစမ်းရင်း မြေပြင်တပ်ရင်းတပ်ဖွဲ့များကို ထောက်ပံ့လိုက်ပါ ..... ✊ #NwayOoHti #WeDreamBold #NOHGiftCard #MDYRevo
😚 MDY Revolution 😚 ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု 😹 အကောင့်များဖြစ်သော @A01RedMR @A02FWhiteMR @A03YELLOWMR @A04OrangeMR @A06BlackMR တို့နှင့် 😄 Telegram bot 😄 ဖြစ်သော @MDYRevolution_bot တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည် MDY Revolution Admin Team
Daily Highlight 4 Aug 13 (11:30 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ကျောက်ထုနယ် ၃ကြိမ် - သပိတ်ကျင်းနယ် ၂ကြိမ် - စဉ့်ကူးနယ် ၃ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ဆောမြို့နယ် ၃ကြိမ် - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect
မြို့နယ် ၁၄ ခုရှိ အိမ်ထောင်စု ၅၁,၈၅၉ စုမှ လူဦးရေ ၂၂၇,၄၉၁ ဦး ရေဘေးသင့်နေကြောင်း၊ မန္တလေးယူနစ်တွင် မြို့နယ် ၃ ခုရှိ အိမ်ထောင်စု ၄၄,၆၃၃ စုမှ လူဦးရေ ၁၈၄,၁၁၈ ဦး၊ မကွေးယူနစ်တွင် မြို့နယ် ၁ ခုရှိ အိမ်ထောင်စု ၂၁၅ စုမှ လူဦးရေ ၈၅၈ ဦးနှင့် ဧရာဝတီတိုင်းတွင် မြို့နယ် ၃ ခုရှိ အိမ်ထောင်စု ၉,၅၇၄ စုမှ လူဦးရေ ၄၀,၁၉၆ ဦး ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း၊ လက်ရှိတွင် စစ်ကိုင်းယူနစ်အတွင်းရှိ မြောင်နှင့် မင်းကင်းမြို့နယ်များ၊ မန္တလေးယူနစ်အတွင်းရှိ မြင်းခြံနှင့် ညောင်ဦးမြို့နယ်များ၊ ပဲခူးတိုင်းအတွင်းရှိ တောင်ငူမြို့နယ်နှင့် မကွေးယူနစ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေး မြို့နယ်များသို့ ရေဝင်ရောက်မှုအခြေအနေများကို စောင့်ကြည့်ပြီး လိုအပ်သည့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အညာဒေသတွင်လည်း ရေဘေးကြောင့် စစ်ဘေးရှောင်စခန်းများ ရေမြုပ်ခြင်း၊ စစ်ဘေးရှောင်တဲများ ရေထဲမျောပါခြင်း၊ ကျေးရွာချင်းဆက် လမ်းတံတားများ ပျက်စီးခြင်းနှင့် စိုက်ပျိုးမြေဧက ထောင်ပေါင်းများစွာ ရေဝင်ပျက်စီးခြင်းများ ဖြစ်ပေါ်နေကြောင်း၊ ရေဘေးအခြေအနေကို တုံ့ပြန်ရာတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်း၊ လျှပ်စစ်မီး မရရှိခြင်းကြောင့် သတင်းအချက်အလက် စီးဆင်းမှုနှောင့်နှေးခြင်း၊ လူမှုကူညီရေးအဖွဲ့အစည်းများ လက်လှမ်းမမီခြင်းနှင့် ငွေကြေးလွှဲပြောင်းပေးပို့မှုများ ခက်ခဲခြင်းတို့ကို အဓိကအခက်အခဲများအဖြစ် ကြုံတွေ့နေရကြောင်း၊ ထို့ပြင် စစ်တပ်က အလွန်ယုတ်မာကောက်ကျစ်စွာဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသဖြင့် သဘာဝဘေးအတွင်း အသက်အန္တရာယ်နှင့် လုံခြုံရေးအခြေအနေများကိုပါ ခြိမ်းခြောက်ခံနေရကြောင်း၊ တချိန်တည်းတွင်ပင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ အလွန်အားကောင်းသော မိုးတိမ်တောင်များ ဖြစ်ပေါ်နေပြီး ကပ္ပလီပင်လယ်၊ ရခိုင်ကမ်းရိုးတန်း၊ မုတ္တမကွေ့နှင့် တနင်္သာရီကမ်းရိုးတန်းတလျှောက်တို့တွင် မိုးကြိုးမုန်တိုင်းဆဲလ်များ ပါဝင်သည့် မိုးတိမ်တောင်များ ဖြစ်ပေါ်နေကြောင်း၊ လာမည့် ၃ ရက်အတွင်း ချင်းတောင်တန်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်းကြောင့် စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ မြစ်ချောင်းများတွင် ရေကြီးရေလျှံမှုများ၊ လျှပ်တစ်ပြက်ရေကြီးမှုများနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ ကရင်ပြည်နယ်ရှိ သံလွင်မြစ်ဝအနီး၊ ရခိုင်ပြည်နယ်ရှိ ကုလားတန်နှင့် လေးမြို့မြစ်များ၊ ပဲခူးတိုင်းရှိ စစ်တောင်းမြစ်တို့တွင် မြစ်ရေများ သိသိသာသာ မြင့်တက်နေသည့်အတွက် ရေဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရ။ #Thadinsubue Crd to original uploader with respect
Daily Highlight 3 Aug 13 (11:30 PM) 🔴 မြန်မာနိုင်ငံ နေရာအသီးသီးရှိ ရေဘေးအန္တရာယ်အကြောင်း သတင်းများ။ - စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့များ စိုးမိုးထားပြီး ရေဘေးသင့်နေသော ဒေသများသို့ ကယ်ဆယ်ရေးလုပ်ဆောင်ရန် သွားရောက်မည့် ပရဟိတအဖွဲ့များကို စစ်ကိုင်းတံတားရှိ စစ်ဆေးရေးဂိတ်တွင် စစ်တပ်က တားဆီးထားပြီး ဖြတ်သန်းခွင့်မပေးကြောင်း၊ ရေဘေးကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆားနှင့် ဆေးဝါးများ၊ အဝတ်အထည်များ၊ အမျိုးသမီးသုံး လစဉ်သုံးပစ္စည်းများကို သယ်ယူရန် ကြိုးပမ်းမှုများကိုလည်း စစ်တပ်က တားဆီးပြီး ပစ္စည်းများကို စစ်ကိုင်းတံတားဂိတ်တွင်ပင် သိမ်းယူနေကြောင်း၊ စစ်ကိုင်းတိုင်းတွင် သဖန်းဆိပ်ဆည် ကြံ့ခိုင်ရေးအတွက် ရေများ လွှတ်ထုတ်လိုက်ခြင်းကြောင့် မူးမြစ်အတွင်း ရေအရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး စစ်ကိုင်းတိုင်းအတွင်းရှိ ဝက်လက်၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘိုနှင့် ရေဦးမြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ဝက်လက်မြို့နယ်အနောက်ခြမ်း မူးမြစ်ကမ်းဘေးရှိ စွယ်ကွေ့၊ မူးကြိုး၊ ဥယျာဉ်သာ၊ တည်တော၊ သမရိုး၊ ကိုင်း၊ နဘဲလှ၊ ရွှေအိုးရ၊ မင်းကန်၊ သရက်ချို၊ ကျောက်ကုံး၊ ဥယျာဉ်သာ (မ)၊ မြင်းသီ၊ ကျောက်တိုင်၊ မူးကမ်းလေးအပါအဝင် ကျေးရွာ ၂၀ ခန့် ရေဘေးသင့်ခဲ့ကြောင်း၊ ဒီပဲယင်းမြို့နယ်တွင်လည်း ရုံးသာ၊ သပြေသာ၊ ဝဲကြီး၊ ကုန်းကြီး၊ ချောင်းပေါက်၊ နများ၊ မူးရိုးကုန်း၊ ပေါက်ရင်း၊ လက်ဆည်၊ မစိုးရိမ်၊ ကြူတော၊ မူးသစ်၊ လက်လှုပ် (တ)၊ အုဌ်ဆည်၊ မူးကမ်းဆူးတပ်၊ လက်လှုပ် (မ)၊ မြကန်သာ၊ ဆင်ကျွန်၊ သစ်ဆိမ့်၊ ချောင်းမီးတိုနှင့် ကျွဲတိုးခြုံ စသည့် ကျေးရွာ ၂၁ ရွာမှ လူဦးရေ စုစုပေါင်း ၂၅,၆၂၄ ဦး ရေဘေးဒုက္ခ ကြုံတွေ့နေရကြောင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ကြောင်ရှာတော၊ ရေကြည်ဝ၊ ထူးကြီး၊ တည်ပင်၊ သန်းတော၊ သံပုရာခြံ၊ မအူပင်၊ ရုံးတော၊ ညောင်ကိုင်း၊ ညောင်ပင်လှ၊ သောင်ထွဠ်ကိုင်း၊ ကူတိုးဆိပ်၊ ရေတော်မူ၊ ဝန်းစည်၊ သပွတ္တော၊ မင်းပေးနှင့် တညင်းကုန်း စသည့် ကျေးရွာ ၁၇ ရွာတွင် လူဦးရေ ၁၉,၅၉၃ ဦး ရေဘေးသင့်လျက်ရှိကြောင်း၊ ခင်ဦးမြို့နယ်တွင် ဩဂုတ်လ ၇ ရက် နံနက်ပိုင်းမှစတင်၍ ရေဝင်ရောက်ခဲ့ပြီး ကျွန်းတောကြီး၊ ယာတော်၊ ကားဆိပ်၊ ရွာသစ်၊ အင်းပတ်၊ မူးသာ၊ ဇီးတော၊ လက်ပံကွက်၊ သက်ပေး၊ တာတိုင် စသည့် ကျေးရွာများအပါအဝင် ကျေးရွာ ၁၉ ရွာနီးပါး ရွာလုံးကျွတ် ရေဝင်ရောက်ခဲ့ကြောင်း၊ ရေဦးမြို့နယ်တွင်လည်း ဩဂုတ်လ ၆ ရက်မှစတင်၍ ရေဦးမြို့ပေါ်ရှိ ရပ်ကွက်အများစုအပါအဝင် မြောက်ဘက်၊ အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၄၀ ထက်မနည်း ရေဝင်နစ်မြုပ်နေကြောင်း၊ အဆိုပါဒေသများမှာ စစ်ဘေးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အခြေခံအဆောက်အအုံများနှင့် နေအိမ်များ ဆုံးရှုံးထားရပြီး ယခုအခါ ရေဘေးအန္တရာယ်ကိုပါ ထပ်မံရင်ဆိုင်နေရသဖြင့် အဝတ်အထည်၊ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ် ကူညီထောက်ပံ့ပေးရန် လူမှုကူညီရေးအဖွဲ့များနှင့် စေတနာရှင်များထံ အကူအညီတောင်းခံနေကြကြောင်း သိရ။ - ငါန်းဇွန်မြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ယာယီနေထိုင်နေကြရသော စစ်ရှောင်ပြည်သူများမှာ ဧရာဝတီမြစ်ရေတက်လာသဖြင့် ထပ်မံ ရွှေ့ပြောင်းနေထိုင်နေကြရ၊ ဩဂုတ်လ ၅ ရက်နေ့မှ စတင်ကာ မြစ်ရေမြင့်တက်လာခြင်းဖြစ်ပြီး စစ်ရှောင်တဲ အလုံး ၃၀ ခန့် ရေထဲ မျောပါသွားကြောင်း၊ စစ်ရှောင်ပြည်သူ ၉၀၀ ခန့် ရေလွတ်ရာနေရာသို့ ထပ်မံပြောင်းရွှေ့ နေထိုင်နေရပြီး စားသောက်နေထိုင်ရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် နေ့စဥ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် ဆည်များမှ ရေဖောက်ချမှုများကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် ဧရာဝတီတိုင်းတို့မှ မြို့နယ်ပေါင်း ၁၇ ခုမှာ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး လူဦးရေ ၄၄၁,၇၈၈ ဦးခန့် ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း NUG အစိုးရမှ ထုတ်ပြန်ထား၊ သြဂုတ် ၁၀ရက်နေ့အထိ ရရှိထားသော သတင်းများအရ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် ရေပြန်ကျသွားပြီဖြစ်ပြီး ကလေးမြို့နယ်နှင့် မြောင်မြို့နယ်တို့ရှိ ကျေးရွာအချို့တွင် ရေဝင်ရောက်နေကြောင်း၊ မန္တလေးတိုင်း၊ ညောင်ဦးမြို့ရှိ ရပ်ကွက်အချို့တွင်လည်း ရေဝင်ရောက်နေပြီး ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ် ရွှေ့ပြောင်းခြင်း၊ ယာယီနေရာချထားခြင်းများ လိုအပ်နေကြောင်း၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင်လည်း ယနေ့မှစတင်ပြီး လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ကာ ထိုင်းနိုင်ငံဘက်မှ မုတ်သုံအားမြှောင်တန်းမှာလည်း မြန်မာနိုင်ငံဘက်သို့ ရွေ့လျားမည်ဖြစ်သဖြင့် အနောက်တောင်မုတ်သုံလေမှာ အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ကြောင်း၊ သံလွင်မြစ်၊ ဧရာဝတီမြစ်နှင့် ၎င်းတို့၏ မြစ်လက်တက်များတွင် မြစ်ရေ ဆက်တိုးနေပြီး မိုးသည်းထန်စွာ ထပ်မံရွာသွန်းပါက ရေ ထပ်မံတိုးလာနိုင်သဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိသော မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းဒေသများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်၊ ရေလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်း နေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရ။ - သြဂုတ်လ ၁၁ ရက်နေ့ မနက်ပိုင်းက စဉ့်ကိုင်နယ် မြောက်ကိုင်းရွာမှ ရေဘေးတိမ်းရှောင်ရန် ထွက်ခွာလာသော စက်လှေ ၁စီး သံလမ်းအနီးတွင် တိမ်းမှောက်သွားပြီး စက်လှေပေါ်မှ အမျိုးသမီး ၁ ဦး ရေနစ်သေဆုံး၊ အခြားအမျိုးသမီး ၁ ဦးကိုလည်း ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း၊ အဆိုပါ စက်လှေပေါ်တွင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး၊ ကလေးငယ် ၁ ဦး၊ စုစုပေါင်း ၆ ဦး လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် စဉ့်ကိုင်နယ်အတွင်း မိုးသည်ထန်စ္စာရွာသွန်းပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာသဖြင့် ဧည့်ပြ၊ တံတားဦးလေး၊ ကျွန်းဦး၊ စိတ္တရ၊ မြောက်ကိုင်း၊ ဆယ့်နှစ်ကိုင်း၊ သာယာကျွန်း စသည့်ကျေးရွာများ အပါအဝင် ကျေးရွာအများအပြား ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရ။ - ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသော ခင်ဦးမြို့နယ်တွင် ကျေးရွာပေါင်း ၂၂ ရွာမှ ရေဝင်စိုက်ပျိုးဧကပျက်စီးမှု ၁ ရွာလျင် အနည်းဆုံး ဧက ၄၀၊ စုစုပေါင်း ဧက ၈၀၀ ကျော် ပျက်စီးနိုင်ကြောင်း၊ မြေပြင်တွင် အမှန်တကယ်ပျက်စီးဆုံးရှုံးမှု ယခုစာရင်းထက်ပိုများနိုင်ကြောင်း၊ ခင်ဦးမြို့နယ်တွင် ရေဘေးသင့်ပြည်သူ ၃၃,၉၄၀ ဦး ရှိပြီး စစ်ကိုင်းတိုင်းတွင် ဒုတိယအများဆုံးဖြစ်ကြောင်း၊ ပြည်သူ ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရပြီး အိမ်မွေးတိရစ္ဆာန်မျိုးစုံ ရာချီသေဆုံးခဲ့ကြောင်း၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ခင်ဦးနယ် အနောက်ခြမ်းရှိ ရေဝင်ဒေသများတွင် ရေပြန်ကျနေပြီဖြစ်သော်လည်း စားသောက်နေထိုင်ရေး အခက်အခဲများ ရင်ဆိုင်နေကြရကြောင်း၊ ရွှေဘိုခရိုင်အတွင်း အခြား ရေကြီးဒေသများ၏ ပျက်စီး စိုက်ပျိုးမြေအရေအတွက်ကို ဆက်လက်စာရင်းကောက်ယူနေဆဲဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းတွင် ရေဘေးကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦးပျောက်ဆုံးနေကြောင်း NUG က ဩဂုတ်လ ၁၁ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားပြီး ကျွန်းလှမြို့နယ်မှ ၈ ဦး၊ ဒီပဲယင်းမြို့နယ်မှ ၇ ဦး၊ ကောလင်းမြို့နယ်မှ ၃ ဦး၊ တန့်ဆည်မြို့နယ်မှ ၂ ဦး၊ ရွှေဘိုမြို့နယ်မှ ၁ ဦး၊ ကန့်ဘလူမြို့နယ်မှ ၁ ဦးနှင့် ခင်ဦးမြို့နယ်မှ ၁ ဦးတို့ သေဆုံးခဲ့ပြီး ကောလင်းမြို့နယ်တွင် ၂ ဦး ပျောက်ဆုံးနေကြောင်း၊ ထို့ပြင် ဒေသခံအဖွဲ့အစည်းများက တန့်ဆည်မြို့နယ်တွင် အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း၊ ကောလင်းမြို့နယ်တွင်လည်း CDM ကျောင်းဆရာ ၁ ဦးအပါအဝင် သေဆုံးသူ ၆ ဦးရှိပြီး ပျောက်ဆုံးနေသူ ၂ ဦးရှိကြောင်း ထုတ်ပြန်ထားသဖြင့် သေဆုံးသူအရေအတွက် ပိုမိုများပြားလာဖွယ်ရှိကြောင်း သိရ။ - ဩဂုတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသော ခင်ဦးနယ်အတွင်းရှိ ကွမ်းတိုင်းရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိသော်လည်း အိမ်မွေးနွား ၁ ကောင် ထိခိုက်ခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၅ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မူးမြစ်ရေကြီးမှုတို့ကြောင့် ရွှေဘိုမြို့နယ်အတွင်းရှိ ကြောင်ရှာတော၊ ရေကြည်ဝ၊ ထူးကြီး၊ တည်ပင်၊ သန်းတော၊ သံပုရာခြံ၊ မအူပင်၊ ရုံးတော၊ ညောင်ကိုင်း၊ ညောင်ပင်လှ၊ သောင်ထွဠ်ကိုင်း၊ ကူတိုးဆိပ်၊ ရေတော်မူ၊ ဝန်းစည်၊ သပွတ္တော၊ မင်းပေးနှင့် တညင်းကုန်း စသည့် ကျေးရွာ ၁၇ ရွာမှ လူဦးရေ စုစုပေါင်း ၁၉,၅၉၃ ဦး ရေဘေးအန္တရာယ် ကြုံတွေ့နေရကြောင်း၊ အဆိုပါကျေးရွာအများစုမှာ တော်လှန်ရေးတပ်များ စိုးမိုးထားရာဒေသများဖြစ်ပြီး စစ်တပ်က အဆိုပါကျေးရွာများကို စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် သောက်သုံးရေများ သယ်ယူလှူဒါန်းခွင့်ကို ပိတ်ပင်ထားကြောင်း၊ ပျူရွာအချို့ကို Y-12 လေယာဉ်ဖြင့် ရိက္ခာထုတ်များ ပစ်ချပေးခဲ့ကြောင်း၊ ထို့ပြင် ရွှေဘိုမြို့မှ ခရိုင်ရဲမင်းကြီးဆိုသူက ရေဘေးသွားရောက်ကူညီသူများကို နေအိမ် ချိတ်ပိတ်သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရ။ - ဩဂုတ်လ ၁၀ ရက်နေ့မှစ၍ ငါန်းဇွန်နယ် အနောက်ခြမ်းတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာသဖြင့် ကျေးရွာ ၂၈ ရွာမှ ပြည်သူ ၃၀,၀၀၀ ကျော် ရေဘေးသင့်နေကြောင်း၊ ရေတက်မြန်လွန်းသဖြင့် ဒေသခံများမှာ ကြိုတင်ပြင်ဆင်ချိန် မရခဲ့ဘဲ ပိတ်မိနေသူများနှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူများပြားနေကြောင်း၊ လက်ရှိတွင် အဆိုပါ ရေဘေးသင့် ပြည်သူများအတွက် သောက်သုံးရေသန့်၊ အသင့်စား အစားအစာများ၊ ဆန်၊ ဆီ၊ ခြောက်သွေ့သော စားသောက်ကုန်များနှင့် အခြေခံ ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိပြီး ကူညီလှူဒါန်းပေးကြပါရန် ဒေသခံများနှင့် ကူညီရေးအဖွဲ့များက မေတ္တာရပ်ခံထားကြောင်း သိရ။ - မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆည်ရေများ ဖောက်ထုတ်ခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး စစ်ကိုင်းယူနစ်၊ မန္တလေးယူနစ်၊ မကွေးယူနစ်နှင့် ဧရာဝတီတိုင်းတို့ရှိ မြို့နယ် ၂၁ ခုတွင် ရေဘေးအခြေအနေများ ဖြစ်ပေါ်နေကာ သေဆုံးသူ ၂၅ ဦး၊ ပျောက်ဆုံးသူ ၈ ဦးနှင့် လူဦးရေ စုစုပေါင်း ၄၅၂,၆၆၃ ဦးခန့် ရေဘေးကြောင့် ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း၊ အဆိုပါဒေသများအနက် စစ်ကိုင်းယူနစ်သည် ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု အဆိုးရွားဆုံးခံနေရသည့် ဒေသဖြစ်ပြီး ဩဂုတ်လ ၁၂ ရက်နေ့အထိ စာရင်းများအရ
Daily Highlight 2 Aug 13 (11:30 PM) - ယမန်နေ့ နေ့လယ်ပိုင်းက သရက်-မင်းတုန်းလမ်းပိုင်းကို နယ်မြေရှင်းလင်းရန် မင်းတုန်းမြို့မှ ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းကို သရက်နယ်၊ ပုဇဉ်းဒါးရွာအနီးတွင် တော်လှန်ရေးအဖွဲ့များက စောင့်ကြိုပြီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၊ စစ်ခွေး ၉ ကောင် သေဆုံးပြီး ကျန်စစ်ခွေးများမှာ အနီးရှိ ကျေးရွာများအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားကြကြောင်း သိရ။ - ဇူလိုင်လ နောက်ဆုံးပတ်မှစတင်ပြီး ရွှေလီမြစ်ရေ မြင့်တက်မှုကြောင့် ရေလွှမ်းမိုးမှုများ ကြုံတွေ့နေရသော မဘိမ်းမြို့ကို စစ်တပ်က လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၄ ဦး သေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရ၊ ဆေးရုံအဆောက်အအုံနှင့် နေအိမ် ၂၀ ကျော် ပျက်စီး၊ ဇူလိုင် ၂၈ ရက်နေ့က မဘိမ်းမြို့၊ ရပ်ကွက် ၂ နှင့် ရပ်ကွက် ၃ တို့ကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ အရပ်သား ၃ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီး၊ ဇူလိုင် ၃၀ ရက်နေ့က ဘဟဲရွာနှင့် ရပ်ကွက် ၃ တို့ကို လေကြောင်းမှ ထပ်မံဗုံးကြဲခဲ့သဖြင့် အရပ်သား ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၅ လုံးခန့် ပျက်စီး၊ ဩဂုတ်လ ၃ ရက်နေ့ ညပိုင်းက ရပ်ကွက် ၂ ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီး နေအိမ် ၃ လုံး ပျက်စီး၊လ ဩဂုတ် ၆ ရက်နေ့ ညပိုင်းကလည်း ရပ်ကွက် ၃ ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းက မြိုင်မြို့နယ် ဆူးဝင်းရွာအနီးကို စစ်တပ်က ဂျိုင်ရိုကော်ပတာများဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၃၉ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံး၊ အမျိုးသား ၃ ဦး ဒဏ်ရာရ၊ ဩဂုတ် ၉ ရက်နေ့ကလည်း ယာကြီးပြင်ရွာနှင့် မှန်ရင်းရွာတို့အနီးကို စစ်တပ်က လေကြောင်းမှ အကြိမ်ပေါင်းများစွာအကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ယမန်နေ့ ညနေပိုင်းကလည်း မှန်ရင်းရွာနှင့် ယာကြီးပြင်ရွာတို့မှ ထွက်လာသည့် စစ်တပ်ရှေ့ပြေးစစ်ကြောင်းများ တောင်စုံရွာသို့ ရောက်ရှိလာချိန်တွင် တောင်စုံရွာနှင့် အနီးတဝိုက်ကို Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသော ခင်ဦးနယ်အတွင်းရှိ ကွမ်းတိုင်းရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိသော်လည်း အိမ်မွေးနွား ၁ ကောင် ထိခိုက်ခဲ့ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect
Daily Highlight 1 Aug 13 (11:30 PM) - အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူငယ်များမှာ ယနေ့အတွက် တော်လှန်ရေးအင်အားစုများအဖြစ်သာမက မနက်ဖြန်၏ နိုင်ငံတည်ဆောက်သူများနှင့် ခေါင်းဆောင်များဖြစ်ကြသည်ဟု ခိုင်မာစွာယုံကြည်ကြောင်း၊ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အောင်မြင်စွာ တည်ဆောက်နိုင်ရေးသည် မျိုးဆက်သစ်လူငယ်များ၏ ဦးဆောင်မှု၊ အသိပညာ၊ အရည်အချင်း၊ တာဝန်ယူမှုနှင့် စည်းလုံးညီညွတ်မှုတို့အပေါ် များစွာ မူတည်လျက်ရှိကြောင်း၊ ထို့ကြောင့် လူငယ်များ၏ နိုင်ငံရေးဦးဆောင်မှုမြင့်မားရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူငယ်များအချင်းချင်း အပြန်အလှန် တွေ့ဆုံဆွေးနွေးနိုင်မည့် “လူငယ်ဖက်ဒရယ်စကားဝိုင်း“ အပါအဝင် လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်များကို ဆက်လက် အကောင်အထည်ဖော်လျက်ရှိပြီး နွေဦးတော်လှန်ရေးကြောင့် ထိခိုက်ခံစားခဲ့ရသော လူငယ်များ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်း များကိုလည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်တို့၏အသံသည် အနာဂတ်၏ အသံသာမက မြန်မာနိုင်ငံသစ်ကို ပုံဖော်တည်ဆောက်မည့် အသံလည်း ဖြစ်ကြောင်း၊ ယနေ့ လူငယ်များ၏ သတ္တိ၊ အသိပညာ၊ စည်းလုံးညီညွတ်မှုနှင့် ဦးဆောင်မှုတို့သည် မနက်ဖြန်ပေါ်ထွန်းလာမည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ ခိုင်မာသော အခြေခံအုတ်မြစ်ကြီးဖြစ်လာမည်ကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အခိုင်အမာ ယုံကြည်လက်ခံထားကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေးနှင့် သမိုင်းကြောင်းတလျှောက်တွင် လူငယ်များ၏ အခန်းကဏ္ဍမှာ အစဉ်အမြဲ ကြီးမားခဲ့ကြောင်း၊ ယနေ့ခေတ် လူငယ်များသည် လူ့အဖွဲ့အစည်း၏ အနာဂတ် မျှော်လင့်ချက်၊ နိုင်ငံတော်၏ ခွန်အားနှင့် အနာဂတ်၏ ခေါင်းဆောင်များ ဟူသော သမားရိုးကျ အယူအဆသက်သက်မှ ခွဲထွက်၍ အနာဂတ်ကို စောင့်မျှော်နေသူများ မဟုတ်တော့ဘဲ လက်ရှိပစ္စုပ္ပန်ကို ကိုယ်တိုင်ကိုယ်ကျ ပုံဖော်ဖန်တီး တည်ဆောက်နေကြသူများဖြစ်သည်ကို မြန်မာ့နွေဦးတော်လှန်ရေးက သက်သေပြလျက်ရှိ ကြောင်း၊ ယနေ့ ဆင်နွှဲလျက်ရှိသော ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများ ထွန်းကားရေးအတွက် မိမိတို့၏ အသက်၊ သွေး၊ ချွေး၊ ခွန်အားနှင့် ဉာဏ်ပညာတို့ကို စတေး၍ ကျရာကဏ္ဍမှ စွမ်းစွမ်းတမံ ပါဝင်နေကြသော လူငယ်များသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် အရေးပါဆုံးသော အဓိကမောင်းနှင်အားများပင် ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူငယ်များ၏ အိပ်မက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးကို ဦးတည်ကြိုးပမ်းလျက်ရှိရာတွင် လူငယ်များ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်နှင့် စွမ်းဆောင်ရည်များကို အလေးထား မြှင့်တင်ပေးရန်မှာ အဓိကကျ သည်ဟု ခိုင်မာစွာခံယူထားကြောင်း၊ ထို့ကြောင့် တော်လှန်ရေးကာလအတွင်းနှင့် တော်လှန်ရေး အလွန်ကာလများတွင် လူငယ်များ၏ ဘဝများ အဘက်ဘက်မှ နာလန်ထူလာစေရန်နှင့် စွမ်းဆောင်ရည်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “လူငယ်ပြန်လည်ထူထောင်ရေးမူဝါဒ” ကို စနစ်တကျ ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိကြောင်း စသဖြင့် ယမန်နေ့က ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ပေးပို့ သော သဝဏ်လွှာတွင် NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့၏ အသီသီးစီပေးပို့သော သဝဏ်လွှာများတွင် ဖော်ပြထား။ - ဩဂုတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှစတင်ပြီး မိုးမိတ်နယ်၊ ညောင်နီရွာရှိ ရွှေမြင်တင်ဘုရားတောင်ကုန်းအနီးတွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား၊ တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ပစ်ကူပေးခဲ့ကြောင်း၊ စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ညောင်နီရွာ ဘုန်းကြီးကျောင်းမှ သံဃာ ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရ။ - ဩဂုတ်လ ၉ ရက်နေ့က ပုလောနယ်အတွင်း ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို KNDO အပါအဝင် တော်လှန်ရေးအဖွဲ့များက ခုခံတိုက်ခိုက်၊ တိုက်ပွဲအတွင်း KNU တပ်မဟာ ၄၊ KNDO တပ်ရင်း ၇၊ တပ်ခွဲ ၂ မှ ရဲဘော် ၁ဦး ကျဆုံးခဲ့ရကြောင်း၊ လက်ရှိအချိန်ထိ စစ်တပ်က ပုလောနယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေသဖြင့် စစ်ရေးတင်မာမှုများ ရှိနေဆဲဖြစ်ကြောင်း သိရ။ - ယမန်နေ့ ညပိုင်းက ဂွမြို့နယ် ကိုင်းခုံရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိသော်လည်း နေအိမ် ၇ လုံး ထိခိုက်ပျက်စီး၊ ဩဂုတ်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းကလည်း သံတွဲနယ်၊ ကျောက်ကြီးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွင်လည်း ထပ်တိုးသေဆုံးဒဏ်ရာရမှုများရှိပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦး၊ ဒဏ်ရာရသူ ၁၈ ဦးအထိ ရှိလာ၊ ထို့ပြင် ယမန်နေ့ ညပိုင်းကလည်း ပလက်ဝနယ်၊ ဆမီးမြို့ကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ဆမီးမြို့ ရပ်ကွက် ၂ အတွင်း ကျရောက်ပေါက်ကွဲပြီး ၁၆ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံး၊ ၁၀ နှစ်ကျော်အရွယ် ကလေးငယ်များအပါအဝင် ပြည်သူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းက လွိုင်ကော်မြို့ အရှေ့ဘက်ရှိ စစ်ရှောင်စခန်းကို စစ်တပ်က အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ စစ်ရှောင်အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ဦး၊ စုစုပေါင်း ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ဦး ဒဏ်ရာရ၊ ဩဂုတ်လ ၈ ရက်နေ့ကလည်း ဒီမောဆိုနယ်အနောက်ခြမ်းကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသား ၁ ဦး သေဆုံး၊ ထို့ပြင် ဩဂုတ်လ ၄ ရက်နေ့ ညပိုင်းကလည်း ဖရူဆိုနယ် ဒေါကူလယ်ရွာကို စစ်တပ်က ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ၆ လအရွယ် ကလေးငယ်အပါအ၀င် စစ်ရှောင်မိသားစု ၅ ဦး သေဆုံးခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် အမျိုးသားကို အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွား၊ ထို့နောက် ထိုနေ့ ညပိုင်းတွင် ပြန်ပေးဆွဲသူများက ၎င်း၏မိသားစုထံ ဆက်သွယ်ပြီး ပြန်ပေးငွေ သိန်း ၄,၅၀၀ နှင့် ရွှေ ၆၀ ကျပ်သား ပေးရမည်ဟု တောင်းခဲ့ကြောင်း၊ ဩဂုတ်လ ၇ ရက်နေ့တွင် ပြန်ပေးတရားခံများကို ဖမ်းဆီးနိုင်ခဲ့ရာ တရားခံ ၉ ဦးအနက် ၂ ဦးမှာ နယ်မြေခံရဲခွေးများဖြစ်ကြောင်း၊ ၎င်းတို့ကို စုံခုံဖွဲ့ပြီး ရဲစည်းကမ်း၊ ရဲတရားရုံးတွင် အရေးယူမည်ဖြစ်ပြီး အရပ်ဘက်တရားရုံးတွင်လည်း ထပ်မံအရေးယူသွားမည်ဖြစ်ကြောင်း သိရ။ - ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းက ရွှေဘိုနယ် ကော့ရွာမှ အုပ်ကြီး ကြည်ဝင်းဆိုသူကို သားမက်ဖြစ်သူက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား၊ ဇွန်လအတွင်းက ကျောက်မြောင်းမှ ရွှေဘိုဘက်သို့ ချီတက်လာသော စစ်တပ်စစ်ကြောင်းကို ကြည်ဝင်းက ကော့ရွာစာသင်ကျောင်းအတွင်း ကြိုဆိုဧည့်ခံနေချိန်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ကြည်ဝင်း၏ သမီးဖြစ်သူ သေဆုံးခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကြည်ဝင်နှင့် သားမက်ဖြစ်သူတို့ အကြီးအကျယ် စကားများခဲ့ကြပြီးနောက် ယခုကဲ့သို့ ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ ကြည်ဝင်းမှာ အာဏာသိမ်းကာလတလျောက်လုံး စစ်တပ်ဘက်မှရပ်တည်ကာ လက်နက်ကိုင်ဆောင်ပြီး ပျူခွေးခေါင်းဆောင်အဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရ။ - ၂၀၂၄ ခုနှစ် အထက်လွှတ်တော် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲမသမာမှုများ ရှိသည်ဆိုသော စုံစမ်းစစ်ဆေးမှု၊ ဒေသန္တရအုပ်ချုပ်ရေးဝန်ထမ်း ခန့်အပ်ရေးစာမေးပွဲ အရှုပ်တော်ပုံ၊ TH-AI Passport စီမံကိန်းနှင့် ဘတ် ၄၀၀ ဘီလီယံ အရေးပေါ်ချေးငွေ အသုံးပြုမှု စသည့်ကိစ္စများနှင့် စပ်လျဉ်းပြီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင် ဖိတ်ကြားကြိုဆိုခဲ့သော ထိုင်းဝန်ကြီးချုပ် အနုတင်ကို အတိုက်အခံများက လွှတ်တော်အတွင်း အယုံအကြည်မရှိအဆို တင်သွင်းရန် စီစဉ်နေ၊ အနုတင်က အဆိုပါကိစ္စအပေါ် သက်တောင့်သက်သာပုံစံ တုံ့ပြန်နေသော်လည်း ငွေကြေးအရှုပ်တော်ပုံ၊ လာဘ်ပေးလာဘ်ယူကိစ္စများ ပါဝင်နေပြီး ထိုင်းအစိုးရအပေါ် နိုင်ငံရေးဖိအားများ မြင့်တက်လာနေကြောင်း သိရ။ (မအလ ဂြိုဟ်မွှေသွားပြန်ပြီ 😂) - မြန်မာစစ်တပ်က အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ ဥပဒေနှင့်မညီဘဲ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပုံစံတစ်ရပ်ဖြင့် ကျူးလွန်နေကြောင်း၊ ဇန်နဝါရီလတွင် ကျင်းပပြီးစီးခဲ့သော အတုအယောင် ရွေးကောက်ပွဲမတိုင်မီကာလအတွင်း အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားရာဇဝတ်မှုများကို မြန်မာစစ်တပ်က တိုးမြှင့်ကျူးလွန်လာခဲ့ပြီး ထိုသို့တိုက်ခိုက်မှုများမှာ ယနေ့အချိန်အထိ လျော့နည်းသွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်အကြား ကာလအပိုင်းအခြားမှ ဖြစ်စဉ်များကို တင်ပြထားသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား - IIMM ၏ အစီရင်ခံစာတွင် စစ်တပ်၏ ပိုမိုများပြားလာသော လေကြောင်းတိုက်ခိုက်မှုများ၊ ရွေးကောက်ပွဲကိုနှောင့်ယှက်ခြင်းမှ အကာအကွယ်ပေးရေးဥပဒေ ဟုဆိုကာ လူမှုကွန်ယက်တွင် မှတ်ချက်ရေးရုံမျှဖြင့် မတရားဖမ်းဆီးပြီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်းကဲ့သို့ ဥပဒေမဲ့ အနိုင်ကျင့်ဖမ်းဆီးမှုများကို သက်သေအထောက်အထားများနှင့်တကွ ဖော်ပြထားပြီး အခြား လက်နက်ကိုင်အဖွဲ့များက ကျူးလွန်ခဲ့သည်ဆိုသော အကြမ်းဖက်မှုဖြစ်စဉ်အချို့ကိုလည်း ဖော်ပြထားကြောင်း သိရ။ - ဩဂုတ်လ ၁၁ ရက်နေ့က စလင်းနယ် အမှူးရွာ၊ ကျပင်းရွာနှင့် ကံတော်ရွာတို့ကို စစ်တပ်က ဂျက်ဖိုက်တာ ၄စီးဖြင့် လေကြောင်းမှ အကြိမ်ပေါင်းများစွာ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၅ ဦးထက်မနည်း ဒဏ်ရာရပြီး နေအိမ်များလည်း ထိခိုက်ပျက်စီး၊ ဩဂုတ်လ ၁၀ ရက်နေ့ကလည်း စလင်းနယ် တောင်ဘိုရွာနှင့် ဇီးဖြူပင်ရွာတို့ကို စစ်တပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ တောင်ဘိုရွာမှ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရ၊ နေအိမ် ၃ လုံး ပျက်စီးပြီး အိမ်မွေးနွား ၂ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect
နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုနဲ့ တွေ့ဆုံခွင့်ပေးခြင်းဟာ လွတ်မြောက်မှု မဟုတ်..... လူထုခေါင်းဆောင်သည် စစ်အုပ်စု၏ နိုင်ငံရေးအရ အသုံးချခံမဟုတ်ပါ။ လူထုခေါင်းဆောင်ကို မိသားစုနှင့် တွေ့ခွင့်ပေးပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အပြစ်မဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးပါ။ တစုံတရာ ထူးခြားမှုမရှိသေးသရွေ့ ဒီ Post ကို ညစဉ် ဆက်လက်တင်နေမှာဖြစ်ပါတယ်.. "Seeing Is Believing" #Proofoflife #FreeAungSanSuuKyi #FreePoliticalPrisoners MDY Revolution Aug 13, Thursday