tgindex
ထိုးမုန့်

ထိုးမုန့်

Статистика

Surveillance & Supply သတင်းပေးပို့ရန် - @HtoeMote_AdminTeam_bot

Последний пост
27 янв.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
28
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
938
−1 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
1 045
26 постов
Вовлечённость
111,4%
к подписчикам
Постов в день
0,0
всего 28
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ထိုးမုန့် pinned «Bad news. Due to alleged view manipulation, restrictions were imposed on the channel, and the Telegram administration has warned that the channel may be deleted. The decision has been made to recreate the channel, and to avoid similar mistakes in the future…»

  • 27 янв.1 5862

    Bad news. Due to alleged view manipulation, restrictions were imposed on the channel, and the Telegram administration has warned that the channel may be deleted. The decision has been made to recreate the channel, and to avoid similar mistakes in the future, the invitation link will now be issued through the bot; the old channel will no longer be updated. Sorry for the inconvenience.

  • 10 янв.1 90110

    📌မန္တလေး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် မနက်ဖြန် တနင်္ဂနွေနေ့၌ စစ်အုပ်စု၏ အယောင်ပြ ရွေးကောက်ပွဲကျင်းပရန်ဟု ဆိုကာ ရပ်ကွက်ဓမ္မာရုံများအား မဲရုံများအဖြစ် သတ်မှတ်ထားသည်။ ထို့အပြင် အဆိုပါမဲရုံရှေ့ ရပ်ကွက်လမ်းများကို ၎င်းတို့ လုံခြုံရေးအတွက်ဟုဆိုကာ ပိတ်ထားရုံသာမက အဓိကလမ်းမကြီးများကိုပါ ပိတ်ထားသဖြင့် ပြည်သူများ ရှောင်ကွင်းကာ သွားလာနေကြရသည်ဟု သိရှိရသည်။ စစ်အုပ်စုသည် ငြိမ်းချမ်းစွာ ရွေးကောက်ပွဲ ကျင်းပသည်ဟု သတင်းလွှင့်ထားသော်လည်း ၎င်းတို့နယ်မြေစိုးမိုးထားသည့် မန္တလေးမြို့ပေါ် မဲရုံများ၌ပင် ပျူခွေး၊ရဲခွေးများသည် တရက်တာ လုံခြုံရေးယူရသော မဲရုံအနီးတွင် သဲအိတ်ဘန်ကာများ ဆောက်လုပ်နေကြသည်ဟု သိရှိရပါသည်။ 😁😁 ၁၀၊ ဇန်နဝါရီ၊ ၂၀၂၆ #HtoeMont.SS

  • 2 янв.1 3626из earorg

    📌EAR, Org. — Breaking News : Airstrike Date: Jan 02, 2026 ယနေ့ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၀၂)ရက်နေ့ ညနေ (၄)နာရီ (၄၂)မိနစ် ဝန်းကျင်ခန့် က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ စာသင်ကျောင်းအနီးတဝိုက်အား အကြမ်းဖက်စကမမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အထိခိုက်များကြောင်း သတင်းရရှိ။ #ASupdate #2026Jan02 #StopAirstrikes #NotATarget #EARorg #EARinfo #SCIN #SagaingRegion #Monywa

  • 28 дек.1 216131из nomoredictatorship

    စကမ၏ မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အား ၁၀၇မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခြင်း #nomoredictatorshippeopledefencenmd #107mm

  • 21 дек.1 469113

    📌မန္တလေး မန္တလေးမြို့တွင် စစ်ကောင်စီ လက်ပါးစေ ရဲခွေးများသည် လမ်းဆုံလမ်းခွများတွင် ရွေ့လျားစနစ်ဖြင့် ပြည်သူများကို စစ်ဆေးနေပြီး "ရွေးကောက်ပွဲလုပ်မည့်ရက် သိလား" ၊ "မဲစာရင်း ကြည့်သလား"ဟု မေးကာ မဖြေနိုင်လျှင် ပါးရိုက် ထိုးကြိတ်နေသည်ဟု သိရှိရပါသည်။ထို့အပြင် ပြည်သူများ၏ ဖုန်းများကိုလည်း စစ်ဆေးကာ Facebook ၊Tiktokစသည်တို့တွင် နိုင်ငံရေးပိုစ့်များတွင် ၎င်း‌တို့ကိုယ်တိုင် likeပေးခြင်း၊အသဲပေးခြင်းများ ပြုလုပ်ပြီးနောက် လူငယ်များအား အကြမ်းဖက်အားပေးသည်ဟု စွပ်စွဲကာ ၅သိန်းမှ သိန်း၂၀အထိ ငွေညှစ်လေ့ရှိကြောင်းသိရသည်။ လွတ်လပ်သောဒီမိုကရေစီ ရွေးကောက်ပွဲဟု အာဏာသိမ်းစစ်တပ်မှ ကြွေးကြော်နေသော်လည်း လက်ပါးစေရဲခွေး၊စစ်ခွေးများသည် နေရာအနှံ့ ပါးရိုက်ထိုးကြိတ်နှိပ်စက်နေပြီး အာဏာရှင်ကရေစီဟု ‌ကြွေးကြော်နေကြသည်ဟု သိရသည်။ ၂၁ ဒီဇင်ဘာ၊၂၀၂၅ #HtoeMont.SS

  • 15 дек.9234из bplaburma

    "နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု" ဖွဲ့စည်းကြောင်းကြေညာခြင်း ရက်စွဲ။ ။၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၅ ရက်

  • 15 дек.7714из earorg

    EAR ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် ထုတ်ပြန်ချက် December 15, 2025 #dec15 #EARinfo #EARorg #EARstatement #EARanni

  • 9 дек.1 12215

    "မစခင်က နိုင်နှင့်တဲ့ပွဲ" ပြည်သူကို ရန်သူလို သဘောထားနေတဲ့ အောက်တန်းစား ခွေးမိစ္ဆာတွေကို နားရွက်တံတွေးဆွတ်သွားပြီး ထိုးမုန့်မြေမှာ စိန်ခေါ်ခဲ့တဲ့ပွဲ၊ လူ့အောက်တန်းစားတွေ စုနေတဲ့အဖွဲ့အစည်းမျိုးစုံကို မြို့အနှံ့ ပြာယာခတ်သွားစေတဲ့အထိ အောင်မြင်ခဲ့တဲ့ ပွဲ။ ပြည်သူ အသံတိတ်မှာကို လက်နက်ကိုင်ခွေးမိစ္ဆာတွေက ကြောက်နေရသတဲ့လား ။ #Silent_Strike #HtoeMont.SS

  • 📌မန္တလေး မန္တလေး မြို့တွင် ဆိုင်ကယ်စီးလျှင်ဦးထုပ် မဆောင်းသူများအား ရခ၊စခ နဲ့ ပျူများမှ ကင်းပတ်ရင်း ‌ေတွ့လျှင် ဖမ်းဆီး ငွေညစ်ကြောင်း သိရ။ ငွေညစ်သည့်အခါတွင် မပေးနိုင်လျှင် အတင်းအဓ္ဓမ စစ်မှုထမ်း ထဲထည့်ကြောင်း သတင်းရရှိ။ ၈ ဒီဇင်ဘာ၊၂၀၂၅ #HtoeMont.SS

  • 📌မန္တလေး မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် စစ်ရှောင်ပြည်သူ များပြားလာသည့်အတွက် ၇ ရက်နေ့မှစပြီး အလှည့်ကျစနစ်ဖြင့် ရပ်ကွက်တိုင်းကို ဧည့်စာရင်းစစ်မည်ဟု သိရပါသည်။ ၈ ဒီဇင်ဘာ၊၂၀၂၅ #HtoeMont.SS

  • 📌မန္တလေး မန္တလေးမြို့၊ မြောက်ပြင် ဟုခေါ်ဆိုကြသည့် အောင်မြေသာစံမြို့နယ်ရှိ စခ လက်ပါးစေ ရပ်ကွက်အုပ်ချုပ်ရေးမူးများသည် ပြည်သူများထံမှ စစ်မှုထမ်းကြေး(ဝါ)ဆက်ကြေး အတင်းအဓမ္မ ကောက်ခံလျက်ရှိပြီး ယခုလတွင် ရရှိသည့် ငွေပမာဏ နည်းသည်ဟု ဆိုကာ အတင်းအကြပ်ပေါ်တာဆွဲမည်ဟု ခြိမ်းခြောက်သည့်အပြင် စခများကိုလည်း တိုင်ကြားသည်ဟု သတင်းရရှိသည်။ ၈ ဒီဇင်ဘာ၊၂၀၂၅ #HtoeMont.SS

  • 📌မန္တလေး ယနေ့ ညနေ ၄နာရီခန့်မှစ၍ မန္တလေးမြို့၏ အဓိကလမ်းမကြီးများ ဖြစ်သည့် ၆၂ - ၇၃ - ၇၈ - ၈၄လမ်းမကြီးများ၊ ၂၆- ၃၅ - ၄၁ - ၁၀၁ - ၁၁၀ လမ်းမကြီးများ တလျှောက်တွင် ရဲခွေးပတ်ကင်းကားများ ပတ်မောင်းနေခြင်း၊ရှောင်တခင် စစ်ဆေးခြင်းတို့ ပြုလုပ်နေကြောင်း သိရှိရပါသဖြင့် ပြည်သူများ ဂရုစိုက်သွားလာကြရန် အသိပေးနှိုးဆော်အပ်ပါသည်။ ၇ ဒီဇင်ဘာ၊၂၀၂၅ #HtoeMont.SS

  • 10 нояб.91581из mandalaypeopledefenceforce

    ထုတ်ပြန်ကြေညာချက် (၃/၂၀၂၅) “ပြည်သူလူထုသို့ အသိပေးတင်ပြခြင်း”   ရက်စွဲ။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်။   ၁။ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် “တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ” ကို အဓမ္မပြုလုပ်ရန် ဆောင်ရွက်လျက်ရှိပြီး ယင်းကာလမတိုင်မီတွင် သာလွန်အင်အားများစွာ အသုံးပြု၍ မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်စိုးမိုးနယ်မြေများကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ ၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ လှုပ်ရှားစိုးမိုးရာ နယ်မြေများဖြစ်သော မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့သည်လည်း အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ရန် လျာထားသည့် မြို့နယ်များစာရင်းတွင် ပါဝင်နေပါသည်။ ၃။ ယခုအခါ မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင် တနေ့ထက်တနေ့ စစ်ရေးတိုက်ပွဲများ ပိုမိုပြင်းထန်လာနေကာ အဆိုပါဒေသတွင်းနေ ပြည်သူလူထုအနေဖြင့် တိုက်ပွဲတွင်း ကြုံတွေ့ရနိုင်သည့် အခြေအနေများနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ကြပါရန်နှင့် ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက် လိုအပ်သည့် အစီအမံများ လုပ်ဆောင်ထားကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။ ၄။ မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စု၏ လက်ရှိထိုးစစ်ကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆက်လက် ခုခံကာကွယ်သွားမည်ဖြစ်ကာ ပြည်သူ့တော်လှန်ရေးကြီး၏ အဆုံးသတ်ပန်းတိုင်ကို ရောက်သည်ထိ မဆုတ်မနစ် ဆက်လက်ချီတက်သွားမည့်အကြောင်း ပြည်သူလူထုထံသို့ ရိုသေလေးစားစွာ အသိပေး တင်ပြအပ်ပါသည်။   ဗဟိုဦးဆောင်ကော်မတီ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) #MDYPDF #စစ်ရုံးချုပ် #NUGMOD

  • 2 нояб.1 1559из mandalaypeopledefenceforce

    ❝တော်လှန်စစ်အတွက် သင်တို့ကို အလိုရှိသည်❞ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ အခုအချိန်မှာ ကျနော်တို့တွေဟာ ပြည်သူ့နွေဦးတော်လှန်ရေးကြီးရဲ့ အခက်အခဲဆုံးသော အခိုက်အတန့်ကာလတခုကို ရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။ တော်လှန်ရေးတို့မည်သည် အနိမ့်အမြင့် အတက်အကျကိုယ်စီနဲ့ လှိုင်းသဘောဆောင်တာ သဘာဝပါပဲ။ ဒီလိုအခက်အခဲကာလကို ကျနော်တို့တွေရဲ့ စုစည်းညီညွတ်မှု၊ သန်မာကြံ့ခိုင်မှု၊ ဇွဲနဘဲကြီးမားမှုတွေနဲ့အတူ ရင်ဆိုင်ကျော်လွှားနိုင်မယ်ဆိုတာကိုလည်း အပြည့်အဝ ယုံကြည်ထားပြီးလည်း ဖြစ်ပါတယ်။ အခုအခါမှာ စစ်ရေးအရ ကျနော်တို့ PDF တွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို အာဏာသိမ်း စစ်အုပ်စုက မြေပြင်ဝေဟင် သာလွန်အင်အားများစွာနဲ့ ထိုးစစ်ဆင်နေပါတယ်။ ကျနော်တို့ ဒါကို အတတ်နိုင်ဆုံး အကောင်းဆုံး အနေအထားနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြပါတယ်။ ဒီလိုအခြေအနေမှာ ကျနော်တို့ တော်လှန်ရေးအတွက် အထူးအရေးပါတဲ့ မဟာဗျူဟာမြောက်နယ်မြေတွေကို ဆက်လက်ထိန်းချုပ်နိုင်ဖို့က အထူးအရေးကြီးပါတယ်။ ဒါ့အပြင် မြန်မာပြည် အလယ်ပိုင်း မြေပြန့်ဒေသမှာရှိတဲ့ ရန်သူစစ်အုပ်စုရဲ့ အသည်းနှလုံး အချက်အချာနေရာတွေကို ဆက်လက်ခြိမ်းခြောက်နိုင်ဖို့အတွက်လည်း အလုပ်တွေ အများကြီး ဆက်လုပ်ရဖို့ ရှိပါမယ်။ ဒီအတွက် အခုအချိန်မှာ ကျနော်တို့ MDY-PDF အနေနဲ့ အားသစ်အင်သစ် ရဲဘော်သစ်တွေကို အရေးတကြီးနဲ့ အများကြီး ထပ်မံလိုအပ်နေချိန် ဖြစ်ပါတယ်။ တော်လှန်စစ်ရဲ့ အရေးပါတဲ့အလုပ်တွေက ကျနော်တို့ကို စောင့်ဆိုင်းနေပါတယ်။ ဒီအတွက်ဆို ကျနော်တို့မှာ ယခုထက် သာလွန်တဲ့ တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအား လိုအပ်ပါတယ်။ ဒါ့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တော်လှန်စစ်ကို ဆင်နွှဲလိုတဲ့ လူငယ်လူရွယ်အပေါင်းကို လှိုက်လှဲစွာ ဖိတ်ခေါ် အပ်ပါတယ်။ မိတ်ဆွေရဲဘော် . . . ကျနော်တို့ဆီကို လာဖြစ်အောင်သာ လာခဲ့ပါ။ စစ် တကယ်တိုက်နိုင်ဖို့နဲ့ လိုအပ်တာတွေ တပ်ဆင်ပံ့ပိုးနိုင်ဖို့က ကျနော်တို့ အပြည့်အဝ တာဝန်ယူပါတယ်။ ပြည်သူ့တော်လှန်စစ်က ရဲဘော်တို့ကို လိုအပ်နေပြီ။ လာခဲ့လိုက်ဗျာ . . . ကျနော်တို့ အတူချီတက်ကြရအောင်။ တော်လှန်ရေးမှတပါး အခြားမရှိ။ အရေးတော်ပုံ အောင်ရမည်။ မှတ်ချက်။ တော်လှန်စစ်ကို ဆင်နွှဲလိုသော မိတ်ဆွေရဲဘော်များအနေဖြင့် လူပုဂ္ဂိုလ် တဦးတယောက်ချင်းသာမက အစုအဖွဲ့အလိုက် တပ်ဖွဲ့အလိုက်လည်း MDY_PDF ထံသို့ လာရောက် ပူးပေါင်း ပါဝင်နိုင်ပါသည်။ ——- ❐ MDY_PDF သို့ ဆက်သွယ်ရန်- တယ်လီဂရမ် Telegram: @mdypdfrecruit စစ်ဂနယ် Signal: MDYPDFRECRUIT.08 #MDYPDF #NUGMOD #စစ်ရုံးချုပ်

  • 29 окт.7509из mandalaypeopledefenceforce

    ထုတ်ပြန်ကြေညာချက် (၂/၂၀၂၅) “ပြည်သူထံသို့ အသိပေးတင်ပြခြင်း” ၂၀၂၅ ခုနှစ် ၊ အောက်တ်ိုဘာလ (၂၉)ရက်

  • без подписи

  • без подписи

  • без подписи

  • без подписи