tgindex
စစ်ကိုင်းမြို့နယ် သတင်းမှန်

စစ်ကိုင်းမြို့နယ် သတင်းမှန်

Статистика
Последний пост
19 июн.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
8 995
−33 за 4 дн.
Сутки
−9
−0,10%
Неделя
 
Месяц
 
Просмотров на пост
38,6 тыс
20 постов
Вовлечённость
429,4%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • "နှင်းဆီပန်သူ" (၁) ပန်းတို့၏အရှင်နှင့် ဆိတ်ငြိမ်ရာအရပ် လေပြေကသွေး၊ မိုးဝေသည့် ဇွန်လတာတွင် ရင်မှာတစ်ချက်၊ ကမ္ဘာမှာတစ်လှိုင်းဖြင့် အောက်မေ့ခြင်း တိမ်တောင်တို့ မှိုင်းညို့လာခြေပြီ။ သူမ... အမြတ်နိုးဆုံး ပန်ဆင်လေ့ရှိသည့် နှင်းဆီနီတို့သည် ယနေ့တွင်တော့ ပန်ဆင်သူနှင့် ကင်းကွာ၊ လေးဘက်နံရံ အကျဉ်းထောင်အလယ်မှာ လွမ်းရော်နေကြရရှာ၏။ ၂၀၂၁ ခုနှစ်၏ အမှောင်ဖုံးသော ဖေဖော်ဝါရီမှသည် ယနေ့တိုင်အောင် အချိန်တွေ ကုန်လွန်ခဲ့သော်လည်း... မွေးနေ့ဇွန်လတိုင်တိုင်း ဆံကေသာထက်မှာ ပန်းရနံ့တို့ သင်းပျံ့ဖူးသမျှကို လွမ်းဆွတ်လျက်၊ ယခုတော့ဖြင့် သံတိုင်တံတိုင်းတို့၏ အမှောင်ရိပ်ဝယ် ဆိတ်ငြိမ်ခြင်းက ကြီးစိုးလျက်ရှိနေတော့သည်။ (၂) သံမဏိဝိဉာဉ်နှင့် ဖယောင်းနှလုံးသား မတရားမှု တံတိုင်းအောက်က ချုပ်နှောင်ခြင်း အမှောင်ထုကြား၊ ဪ... သူမသည် ခက်ထန်လှသည့် မုန်တိုင်းရှေ့မှောက်ဝယ် ကြောက်ရွံ့ခြင်းကင်းမဲ့စွာ... ရဲရင့်သော "သံမဏိဝိဉာဉ်"။ ပြည်သူတို့၏ ငိုရှိုက်သံညင်းနှင့် ဒုက္ခအဖြာဖြာအပေါ်၌မူ ကရုဏာရေကြည် လောင်းပက်ချိုမြိန်သည့် "ဖယောင်းနှလုံးသား"။ သူမ၏ သစ္စာအလင်းနှင့် ကိုယ်ရောင်ကိုယ်ဝါအောက်ဝယ် အမှောင်ထုအုပ်စိုးသူတို့သည်... အမည်နာမကို တွေးရုံမျှနှင့်ပင် အစဉ်တုန်လှုပ် ကြောက်ရွံ့နေကြရ၏။ သေခြင်း ရှင်ခြင်းကို ဝှက်ကွယ်ကာ ရက်စက်ငြားလည်း... ရင်ဝယ်မဆံ့သည့် ပူဆွေးခြင်းတွေကို ကျော်ဖြတ်လို့၊ သူမ၏ စိတ်ဝိဉာဉ်ကား... အကျဉ်းထောင်သံတံခါးကို ရိုက်ချိုးကာ ပြည်သူ့နှလုံးသားထဲဝယ် ရဲရဲတောက် လင်းလက်နေဆဲ။ (၃) နှင်းဆီရဲရဲများနှင့် ရဲဝံ့သောသက်သေ ဒီကနေ့... ဇွန်လတစ်ဆယ့်ကိုးရက်မြတ် မင်္ဂလာဝယ် သူမကိုလွမ်းသည့်စိတ်၊ သူမကိုချစ်သည့်အနမ်းဖြင့် တစ်ပြည်လုံးက ဆံကေသာထက်မှာ နှင်းဆီနီတို့ ဝေဆာစွာ ပွင့်လန်းကြခြေပြီ။ ပန်းပွင့်လေးတစ်ပွင့်ကိုပင် ရင်တုန်အောင် ကြောက်ရွံ့သဖြင့် အမှောင်ခေတ်၏ သေနတ်ပြောင်းတို့သည် လမ်းမများထက်ဝယ် လိုက်လံဖမ်းဆီး ခြိမ်းခြောက်ငြိုငြင်ငြားလည်း... ရင်ဘတ်ထဲက သစ္စာတရားနှင့် ဦးခေါင်းထက်က နှင်းဆီရဲရဲကိုမူ ဘယ်လက်နက် အာဏာနှင့်မျှ ဆွဲနှုတ်ဖျက်ဆီး၍ မရနိုင်။ အဖမ်းအဆီး အန္တရာယ်ကြားက ရဲရဲဝံ့ဝံ့ ပန်ဆင်လိုက်သည့် နှင်းဆီတစ်ပွင့်စီတိုင်းသည်... မတရားမှုကို ဘယ်သောအခါမျှ ဒူးမထောက်ကြောင်း ပြသသည့် ပြည်သူ့တော်လှန်ခြင်း၏ အောင်ပွဲခံ ပြဒါးတိုင်။ (၄) ပြည်သူ့ဆုတောင်းနှင့် လွတ်လပ်ခြင်းပန်းတိုင် အို... နိုင်ငံတော်၏မိခင်၊ ပန်းတို့၏အရှင်... (၈၁) နှစ်မြောက်သော ဤမွေးနေ့မင်္ဂလာ သမယဝယ် ပြည်သူတို့၏ ရင်တွင်းဖြစ် မေတ္တာလှိုင်းလုံးတို့သည် ခက်ထန်သော အကျဉ်းထောင်တံတိုင်းများကို အတားအဆီးမဲ့ ဖြတ်သန်းပါစေသား။ "အမိအာဇာနည်... သက်တော်ရာကျော် ရှည်ပါစေ၊ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးရန်ခပ်သိမ်း ငြိမ်းချမ်းပါစေ" ဟု မြေပြင်မှသည် မိုးကောင်းကင်အထိ ပဲ့တင်ထပ်စေလျက် ဆုတောင်းမေတ္တာ ပန်းခက်တို့ကို ပြည်သူအပေါင်းက ညတ်တွဲဆုခြွေ။ မကြာမီသော နေ့ရက်များဆီ၌... အမှောင်ထုရက်စက်မှုတို့ လွင့်စင်ပျောက်ကွယ်လို့ အလင်းတေဇာ လင်းပွင့်လာသောအခါ၊ ဒေါင်းအလံတလူလူနှင့် လွတ်လပ်ခြင်း ကောင်းကင်ပြာအောက်ဝယ် ကျန်းမာရွှင်လန်းစွာဖြင့်... ငါတို့၏ "နှင်းဆီပန်သူ" အား သောင်းသောင်းဖြဖြ ဆီးကြိုဖူးမြော်ခွင့် ရပါစေသတည်း။

  • နှင်းဆီပန်သူ

  • 3 апр. 2025 г.45,4 тыс36

    "စစ်ကိုင်းအား ကူကြ လှူကြမည့်သူများ မြေပြင်အားလေ့လာပြီးမှ လှူကြစေလို" ငလျင်ဒဏ် ဘေးသင့်၍ စစ်ကိုင်းတွင် ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး အကူအညီများစွာလိုအပ်လျက်ရှိနေပါသည်။ ငလျင်ဘေးသင့် စစ်ကိုင်းအား ကူကြ လှူကြမည့်သူများ မြေပြင်အားလေ့လာပြီးမှ လှူကြစေလိုပါသည်။ စစ်ကိုင်းသူ စစ်ကိုင်းသားမှန်လျှင် မည်သည့် နေရာသည် ဘေးသင့်၍ မည်သည့်နေရာသည် ဘေးလွတ်ခဲ့သည်ကို သိကြမည်သာ။ ငလျင်ဘေးသင့်တိမ်းရှောင် စုပေါင်း နေထိုင်ကြသည့် နေရာများတွင် ငလျင်ဒဏ်ကြောင့် ဆုံးရှုံးမှုရှိသူများနေထိုင်ကြသလို ဆုံးရှုံးမှုမရှိခဲ့သော်လည်ပစ္စည်းထောက်ပံ့များစွာ ရရှိနေသဖြင့် လာရောက်နေထိုင်ကြသူများလည်းရှိနေပါသည်။ ၎င်းနေရာများသည် အုပ်ချုပ်သူများရှိနေသော်လည်း အမှန်တကယ်နစ်နာသူများအား စိစစ်ထောက်ပံ့မှုမပေးနိုင်၊ မိသားစုဝင်ဆုံးရှုံး(သေဆုံး)ရှိ၍ စာရင်းဖြင့် ထောက်ပံ့မှုများရှိလင့်ကစား လာရောက်နေထိုင်ကြခြင်းမရှိ၍ ကာယကံရှင်များမရကြ၊ မည်သူယူသွားသည်ကိုပင်မသိရချေ။ WFP ကားများ ဆန်များတင်ဆောင်လာပြီး ထောက်ပံ့ကူညီမှုပြုသော်လည်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း စသည့်တွင် စုပေါင်းနေထိုင်သူများသာ ရရှိကြပြီး အခြားဘေးသင့် နစ်နာသူများ ရရှိခြင်းမရှိကြပါ။ စကစ စစ်ကားဖြင့် ယာယီတဲများ စစ်ကိုင်းသို့သယ် ဆောင်လာသည်ကို တွေ့ရသော်လည်း ပျူကားများပေါ်တင် ပျူစောထီးများ အသီးသီးခွဲဝေယူဆောင်သွားကြသည်။ ဘေးသင့်၍ ပြောင်းရွေ့နေသူများ ရှိသကဲ့သို့ မပြောင်းရွှေ့ပဲ နေအိမ် ရှေ့၊ နောက် ကွက်လပ်၊ လမ်းပေါ် စသည်တွင် နေထိုင်ကြသူများလည်းရှိနေသည်။ အလုံးစုံပြိုကျ ပျက်စီးမှုများရှိခဲ့သလို ဟန်မပျက်တည်နေသော်လည်း နေထိုင်၍မရတော့သည့် နေအိမ်များလည်းရှိနေသည်။ မိမိတို့နေထိုင်ရာသည် ဘေးသင့်ဆုံးရှုံးမှုမရှိသော်လည်း မျက်ရည်ခံထိုး တောင်းရမ်းမှုပြု၍ ဆယ်လီတို့၏ မေတ္တာခံယူကာ ထောက်ပံ့မှုများသိမ်းကြုံးယူသွားကြသည်များလည်းရှိနေသည်။(Titok တွင် နာမည်ကြီး Video ဖြစ်နေသည်) ငလျင်ဘေးသင့်၍ ဆေးရုံတက်ကုသနေသူများအား ပရဟိတပြုလုပ်သူများမှ ကူညီထောက်ပံ့မှုပြုသည်ကိုလည်းကြားသိရသည်။ ကူညီထောက်ပံ့မှုရကြသူများအတွက် ဝမ်းသာပါသည်။ သို့သော် အကြောင်းမျိုးမျိုးကြောင့် ဆေးရုံတက်ရောက်နိုင်ခြင်းမရှိ၍ မိမိစရိတ်နှင့် မိမိကုသနေကြရသူများလည်းရှိနေသည်။ မိမိတို့နာမည်ကြီးရုံ၊ ဓါတ်ပုံ ဗွီဒီယို မှတ်တမ်းယူချင်ရုံမျှမဟုတ်ဘဲ အမှန်တကယ်ကူညီကြစေလိုသည်။ မည်သူကို ကူညီပါ၊ မည်သူ့ကို မကူညီပါနှင့်၊ မည်သည့် နေရာ ပေးဝေပါ၊ မည်သည့် နေရာ မပေးပါနှင့် မပြောလိုပါ။ သို့သော် မြေပြင်အား လေ့လာ၍ တစ်အိမ် တက် ဆင်း ကူညီထောက်ပံ့ ပေးဝေကူညီကြပါရန် မေတ္တာရပ်ခံတိုက်တွန်းပါသည်။ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

  • 28 февр. 2025 г.46,5 тыс30

    ရတနာပုံတံတား စစ်ကိုင်းဘက်ခြမ်း အဝင် ပေါ်တာဆွဲဖမ်းဆီးမှုရှိနေ ဖေဖေါ်ဝါရီ ၂၈ ၊ SGG ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၈ ရက် စစ်ကိုင်း-မန္တလေး ဆက်သွယ်ထားသည့် ရတနာပုံတံတား စစ်ကိုင်းဘက်ခြမ်း အဝင်တွင် စကစမှ ပေါ်တာဆွဲဖမ်းဆီးမှုပြုနေဟုသိရသည်။ ပြည်သူများရှောင်တိမ်းသွားလာကြရန်အသိပေးအပ်ပါသည်။ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ကလည်း ရတနာပုံတံတား စစ်ကိုင်းဘက်ခြမ်းအဝင်တွင် စကစမှ ပေါ်တာဆွဲဖမ်းဆီးခဲ့ရာ ရာဂဏန်းမျှ ဖမ်းဆီးခံရကြောင်းသိရသည်။ ပေါ်တာဆွဲထားသူများကို စစ်ကိုင်းမြို့နယ်ထွေအုပ်ရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ ဆေးစစ်ပြီးနောက် စစ်မှုထမ်း‌ရန် တပ်မ(၃၃)သို့ ပို့ဆောင်လိုက်ကြောင်းသိရသည်။ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

  • https://www.facebook.com/share/1DYBDjkFsT/

  • 8 янв. 2025 г.52,2 тыс72

    ပျူစောထီးခေါင်းဆောင် ရွှေကျားနဲ့အပေါင်းအပါပျူတစ်သိုက် တိုက်ခိုက်ခံရပြီးသေဆုံး ဇန်နဝါရီ ၈ ၊ SGG ဇန်နဝါရီလ ၇ ရက် ညပိုင်းက စစ်ကိုင်း-မင်းကွန်းလမ်းပေါ် လက်ပံကျေးရွာအထွက်မှာ အိမ်စီးကား‌တွေနဲ့ သွားလာကြတဲ့ မိုးဇာရပ်ကွက် အုပ်ချုပ်ရေးမှူး စစ်ကိုင်းမြို့ရဲ ပျူစောထီးခေါင်းဆောင် ရွှေကျားနဲ့ အပေါင်းအပါ ပျူစောထီးတစ်သိုက် တိုက်ခိုက်ခံရပြီး သေဆုံးသွားပါတယ်။ စစ်ကောင်စီနောက်လိုက် ပျူစောထီးတွေဖြစ်တဲ့ ရွှေကျား(ခ)ကျော်မျိုးထွန်း (၃၃)နှစ်၊ စိုးမင်းနိုင် (၂၅)နှစ်၊ လင်းလင်းဦး (ခ)ဖိုးပြား (၃၂)နှစ်၊ ညီညီအောင် (၃၅)နှစ်၊ ရေချမ်း (၃၆)နှစ်နဲ့ ထက်မြတ် (၃၁)နှစ်တို့ သေဆုံးခဲ့တာဖြစ်ပါတယ်။ ပျူစောထီး ၂ ဦးသာ အသက်ရှင်လျှက် တပ်ကူနဲ့ပူးပေါင်းနိုင်ခဲ့ပြီး ၆ ဦး သေဆုံးလျှက်တွေ့ရတယ်၊ လက်နက်ခဲယမ်းများဆုံးရှုံးမှုရှိတယ်လို့ စကစထောက်ခံတဲ့ချန်နယ်တွေမှာ သတင်းဖော်ပြထားပါတယ်။ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး https://t.me/sagaingscouts

  • 5 янв. 2025 г.43,4 тыс5

    မြင်းဆည်ရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး ပြည်သူ ၃ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ ၊ ဘုန်းကြီးကျောင်းနှင့် အိမ်ခြေ ၂၀ ပျက်စီး၊ ကျွဲ နွား ၁၀ ကောင်သေဆုံး ဇန်နဝါရီ ၅ ၊ SGG စစ်ကောင်စီက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ပြည်သူနေအိမ်များကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုပြုလုပ်လျက်ရှိနေရာ မြင်းဆည်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ‌၃ ရက် ည ၁၀ ကျော်မှ ည ၁၁ နာရီ အချိန်ခန့်ထိ စစ်ကိုင်းမြို့နယ် မြင်းဆည်ကျေးရွာကို စစ်ကောင်စီက မိတ္ထီလာ ရှမ်းတဲလေတပ်မှ Mig 29 ဂျက်ဖိုက်တာဖြင့် စတင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တံတားဦးလေတပ်မှ Y-12 Military Transport Aircraft စစ်လေယာဉ်ဖြင့် အကြိမ်ကြိမ်ပျံဝဲပြီး ဗုံးသီးပေါင်း ၄၀ ခန့်ကြဲချတိုက်ခိုက်ဖျက်ဆီးသွားပါတယ်။ မြင်းဆည်ရွာ ဗုံးကြဲခံရပြီး ပြည်သူ ၃ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်းနဲ့ အိမ်ခြေ ၂၀ ပျက်စီးကာ ကျွဲ၊နွား ၁၀ ကောင်လည်း သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီက စစ်ကိုင်းမြို့နယ် မြစ်ရိုးခုနှစ်ရွာတန်းကို မကြာခဏ လေကြောင်းတိုက်ခိုက်မှုပြုလုပ်လျက်ရှိပါတယ်။ စက်တင်ဘာလ ၆ ရက် ညနေ ၄ နာရီ ၃၇မိနစ် အချိန် စစ်ကိုင်းမြို့နယ် လက်ပံတောရွာ ရွှေတောင်ဦးဘုန်းကြီးကျောင်းအား တံတားဦးမှတက်လာသော ဂျက်ဖိုက်တာ တစီး၊ Mi 35 ရဟတ်တို့ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၇ ရက် ညနေ ၅ နာရီ ၂၅ မိနစ်အချိန် လက်ပတောရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ နိုဝင်ဘာလ ၂၀ ရက် နေ့လည် ၁နာရီ ၄၂ မိနစ် အချိန် စစ်ကိုင်းမြို့နယ် မြင်းဆည်ရွာအား လေကြောင်းမှတိုက်ခိုက်မှုပြုလုပ်သွားပါတယ်။ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး https://t.me/sagaingscouts

  • 5 янв. 2025 г.33,4 тыс10

    ရဲမှုထမ်းဟောင်း ပျူစောထီးခေါင်းဆောင် ဓမြတိုက်၊ မှုးယစ်ဆေးသုံးစွဲရောင်းဝယ်နေသူ လွှမ်းမိုးနိုင်အား လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှရှင်းလင်း ဇန်နဝါရီ ၅ ၊ SGG ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် နံနက် ၁၀ နာရီ အချိန်ခန့်တွင် လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့သည် စစ်ကောင်စီ ရဲမှုထမ်းဟောင်း ပျူစောထီးခေါင်းဆောင် ဓမြတိုက်၊ မှုးယစ်ဆေးသုံးစွဲရောင်းဝယ်နေသူ လွှမ်းမိုးနိုင်အား ရှင်းလင်းလိုက်‌ပါတယ်။ နှစ်သစ်ကို လှလှပပလေးနဲ့ ဖွင့်ပေးလိုက်ပါတယ်လို့ လင်းယုန်ညီနောင်က ပြောပါတယ်။ "PDF တွေ ငါ့ကို သတ်ချင်ရင် ၁၀ နှစ်ကြိုးစား" ဟု ကြွေးကြော်ထားတဲ့ စစ်ကိုင်းမြို့နယ် ညောင်ပင်ဇင်ကျေးရွာ အုပ်ချုပ်ရေးမှူး ရဲတပ်ကြပ်(ဟောင်း) ပြည်သူများကို ဖမ်းဆီးနှိပ်စက်၊ ငွေညစ်၊ သတ်ဖြတ်နေသူ၊ ပြည်သူလူထု၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီး၊ မူးယစ်ဆးဝါးများ သုံးစွဲ ရောင်းဝယ် ဖောက်ကားနေသူ၊ လောင်းကစားဝိုင်းနှင့် 2D/3D လိုင်းကြေးကောက်ခံကာ စစ်ကောင်စီအား ထောက်ပို့လုပ်နေသူ၊ တော်လှန်ရေးရဲဘော်များ၏ သတင်းများအား လိုက်လံစုံစမ်းကာ စစ်ကောင်စီထံသို့သတင်းပေးခြင်း၊ ကိုယ်တိုင်ပါဝင် ဖမ်းဆီးသူ ပျူစောထီးခေါင်းဆောင် လွမ်းမိုးနိုင် အား ၎င်းနေအိမ်မှ ကားဖြင် ထွက်လာစဉ် လမ်းခုလတ်မှာ အသင့်စောင့်ဆိုင်းပြီး ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ရပြီး နေရာမှာတင် ပွဲခြင်းပြီးသေဆုံးသွားပါတယ်။ လွှမ်းမိုးနိုင်၏ ကားအတွင်းမှ ရဲဝန်ထမ်းစိစစ်ရေးကတ်၊ WY မူးယစ်ဆေးပြား ၂၆ ပြားရှာဖွေတွေ့ရှိသိမ်းဆည်းရမိပြီး လွှမ်းမိုးနိုင် ဝတ်ဆင်လာတဲ့ကျည်ကာကို မှတ်တမ်းအနေနဲ့ သိမ်းယူနိုင်ခဲ့ကြောင်း လင်းယုန်ညီ‌နောင်ပြောက်ကျားတပ်ဖွဲ့ထံကသိရပါတယ်။ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး https://t.me/sagaingscouts

  • 26 сент. 2024 г.53,1 тыс18

    စစ်ကိုင်း၊ စက်တင်ဘာ ၂၆ ရက် ကြေငြာချက် စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း တိုက်နယ် ညောင်ပင်ဝန်းကျေးရွာအုပ်စု စစ်ကိုင်း - မုံရွာ ကားလမ်းပိုင်းနှင့် ကျေးရွာအုပ်စုအတွင်း ည ၉:၀၀ နာရီ နှင့် နံက် ၄:၀၀ နာရီကြား ဖြတ်သန်းသွားလာခြင်များ ရှောင်ကျဥ်လိုက်နာဆောင်ရွက်ပေးကြရန်နှင့် အများပြည်သူ ဘေးကင်းလုံခြုံမှုအား ပူပေါင်းဆောင်ရွက်နိူင်ရန် ထုတ်ပြန်ကြေငြာအပ်ပါသည်။ ညောင်ပင်ဝန်းကျေးရွာအုပ်စုအတွင်း အရေးပေါ်အခြေနေအရဖြတ်သန်းရမည်ဆိုပါက သက်ဆိုင်ရာ သို့ အသိပေးအကြောင်းကြားခြင်းနှင့်အတူ လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ မိမိသဘောဆန္ဒအလျှောက် ဖြတ်သန်းသွားလာခြင်းပြုလုပ်ခဲ့ပါက မိမိတို့ရဲ့တာဝန်သာဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့

  • 11 сент. 2024 г.53 тыс8из earorg

    “လေကြောင်းကာကွယ်ရေးအတွက် တိုက်တွန်းနှိုးဆော်လှုပ်ရှားမှု” အဆင့်(၁) #DAY2 ၂၀၂၂ ခုနှစ် ကနေ ယခု ၂၀၂၄ ခုနှစ်ထိတိုင် ဗုံးခိုကျင်းတွေတူးနိုင်ရေးအတွက် မြေပြင်ရဲဘော်များနဲ့ပြည်သူတွေစုပေါင်းပြီး အလှူခံကမ်ပိန်းတွေကို ခက်ခက်ခဲခဲ လုပ်ဆောင်နေကြရတယ်လို့ စိတ်မကောင်းဖွယ် ကြားသိရပါတယ်။ တကယ်တော့ဒါဟာ ၂၀၂၂လောက်မှာကတည်းက တစ်နိုင်ငံလုံးနီးပါး ဗုံးခိုကျင်းတွေ အလုံအလောက် အခိုင်အမာတည်ဆောက်ထားပြီးသား ဖြစ်ခဲ့ရမှာပါ။ ကျနော်တို့အနေနဲ့ လူသားလုံခြုံရေး အရပ်သားပြည်သူလုံခြုံရေးဟာ အမြဲတမ်းဦးစားပေး နံပတ်တစ်ဖြစ်ဖို့လိုပါတယ်။ ဒီလိုအရပ်သားပြည်သူတွေလုံခြုံဖို့အတွက် ဈေးအလွန်ကြီးပြီး ဝယ်ယူရန်ခက်ခဲတဲ့ လေယာဉ်ပစ်လက်နက်တွေဝယ်ယူဖို့ ကြိုးစားခဲ့ကြမယ့်အစား ကုန်ကျစရိတ်သက်သာစွာနဲ့ လုပ်ယူရမခက်ခဲတဲ့ ပုန်းခိုရှောင်ရှားစရာ “ဗုံးခိုကျင်းတွေ” နဲ့ လက်တွေ့ကျကျ ထိရောက်မှုရှိရှိ အကာအကွယ်တွေဖြစ်တဲ့ “ကြိုတင်သတိပေးစနစ် (Early Warning) အတွက်လိုအပ်တဲ့ ဆက်သွယ်ရေးစက်ပစ္စည်းတွေ” အလုံအလောက် ထားရှိဖို့ အွန်လိုင်းနဲ့မြေပြင်ကွန်ယက်တွေ ပေါင်းစပ်ဖန်တီးတည်ဆောက်ဖို့ နိုင်ငံလုံးဆိုင်ရာစီမံချက်အဖြစ် သက်ဆိုင်ရာတာဝန်ရှိခေါင်းဆောင်များအနေနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်း လုပ်ဆောင်ခဲ့ကြသင့်ပါတယ်။ တကယ်တော့ တော်လှန်ရေး(၃)နှစ်ကျော်ကြာကာလအထိ ဗုံးခိုကျင်းတွေမလုပ်ရသေးတာ ဗုံးခိုကျင်းတွေအလုံအလောက်မရှိနေတာဟာ အရပ်သားပြည်သူလုံခြုံမှုအတွက်ထည့်သွင်းစဉ်းစားမှုအားနည်းခဲ့တယ်လို့ ဆိုရပါမယ်။ လေယာဉ်ပစ်လက်နက်တွေရရှိဖို့ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့များထံ အလှူငွေထည့်သွင်းပြီးပါဝင်လှူဒါန်းခဲ့ကြပေမယ့် ဒီနေ့လိုအချိန်အထိ ဗုံးခိုကျင်းတွေမလုံလောက်လို့ ဗုံးခိုကျင်းကမ်ပိန်းတွေပြည့်ဖို့ အချိန်ကြာမြင့်စွာ အလှူခံနေကြရတာဟာ ပြောရရင်အဓိပ္ပါယ်ကိုမရှိတော့ဘူးလို့ ထင်ပါတယ်။ ဒါဟာ ဗုံးခိုကျင်းကမ်ပိန်းအတွက်ဦးဆောင်နေကြတဲ့ မြေပြင်က ကိုယ်ထူကိုယ်ထရဲဘော်တွေနဲ့ ပြည်သူ့လုပ်အားပေးတွေကို အပြစ်တင်ပုတ်ခတ်တာမဟုတ်ဘဲ နိုင်ငံလုံးဆိုင်ရာဗုံးခိုကျင်း အလုံအလောက်တူးဖို့နဲ့ ကြိုတင်သတိပေးစနစ် (Early Warning) တွေ စနစ်တကျတည်ဆောက်ဖို့ မလုပ်ဆောင်ခဲ့ကြတဲ့ တာဝန်ပျက်ကွက်ခဲ့ကြတဲ့ တာဝန်ရှိသူတွေအပေါ်ကိုသာ အပြစ်ပုံချခြင်းဖြစ်ပါတယ်။ ဗုံးခိုကျင်းတွေကို နေရာတစ်ခု/နယ်မြေတစ်ခုမှာ တစ်ခုနှစ်ခုထဲ ထားပေးဆောက်ပေးတာတောင် မလုံလောက်နိုင်ပါဘူး။ ဗုံးခိုကျင်းတွေမှာ စုပြုံကြပ်သိပ်ပြီး ခိုလှုံရတာကလည်း တကယ်တော့အန္တရာယ်များလှပါတယ်။ ဒါကြောင့် လူအရေအတွက် အရွယ်အစားပေါ်မူတည်ပြီး စနစ်တကျ အလုံအလောက် အခိုင်အမာ ဆောက်ထားကြဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ လေကြောင်းကာကွယ်ရေးနဲ့ပတ်သက်ပြီး ချိတ်ဆက်ပူးပေါင်းလိုပါက အောက်ပါ Contact များထံ တိုက်ရိုက်ဆက်သွယ်ပါ။ (1) @EAR_Info (2) @infonas #EAR #ENEMYAIRROUTE #EARinfo #NAS #NASairscout #InfoNAS Photo - People's Spring

  • 11 сент. 2024 г.43 тыс10из earorg

    ဗုံးခိုကျင်းတွေ လုံလုံလောက်လောက် ရှိထားပြီလား❗️ ပြည်သူအချင်းချင်း လေကြောင်းရန်ဘယ်လိုကာကွယ်ကြမလဲ❗️ ၂၀၂၂ ခုနှစ် ကနေ အခု ၂၀၂၄ ခုနှစ်ထိ ဗုံးခိုကျင်းအတွက် ကမ်ပိန်းတွေ လုပ်ဆောင်နေကြတာ တွေ့ရှိရဆဲဖြစ်ပါတယ်။ တကယ်တော့ဒါဟာ ၂၀၂၂လောက်မှာကတည်းက တစ်နိုင်ငံလုံးနီးပါး ဗုံးခိုကျင်းတွေ အလုံအလောက် အခိုင်အမာတည်ဆောက်ထားပြီးသားဖြစ်ရမှာပါ။ ကျနော်တို့အနေနဲ့ လူသားလုံခြုံရေး အရပ်သားပြည်သူလုံခြုံရေးဟာ အမြဲတမ်းဦးစားပေး နံပတ်တစ်ဖြစ်ဖို့လိုပါတယ်။ ဒီလိုအရပ်သားပြည်သူတွေလုံခြုံဖို့အတွက် ဈေးအလွန်ကြီးပြီး ဝယ်ယူရန်ခက်ခဲတဲ့ လေယာဉ်ပစ်လက်နက်တွေဝယ်ယူကြမယ့်အစား ကုန်ကျစရိတ်သက်သာစွာနဲ့ လက်တွေ့ကျကျ ထိရောက်မှုရှိရှိ အကာအကွယ်တွေဖြစ်တဲ့ ပုန်းခိုရှောင်ရှားစရာ “ဗုံးခိုကျင်းတွေ” နဲ့ ကြိုတင်သတိပေးစနစ် (Early Warning) အတွက်လိုအပ်တဲ့ “ဆက်သွယ်ရေးစက်ပစ္စည်းတွေ” အလုံအလောက် ထားရှိဖို့ အွန်လိုင်းနဲ့မြေပြင်ကွန်ယက်တွေ ဖန်တီးတည်ဆောက်ဖို့ နိုင်ငံလုံးဆိုင်ရာစီမံချက်အဖြစ် ပထမဦးစားပေးလုပ်ဆောင်ခဲ့သင့်ပါတယ်။ တကယ်တော့ တော်လှန်ရေး(၃)နှစ်ကျော်ကြာကာလအထိ ဗုံးခိုကျင်းတွေမလုပ်ရသေးတာ ဗုံးခိုကျင်းတွေအလုံအလောက်မရှိနေတာဟာ အရပ်သားပြည်သူလုံခြုံမှုအတွက်ထည့်သွင်းစဉ်းစားမှုအားနည်းခဲ့တယ်လို့ ဆိုရပါမယ်။ လေယာဉ်ပစ်လက်နက်တွေရရှိဖို့ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့များထံ အလှူငွေထည့်သွင်းပါဝင်လှူဒါန်းခဲ့ကြပေမယ့် ဒီနေ့လိုအချိန်အထိ ဒီလိုဗုံးခိုကျင်းတွေအတွက် ကမ်ပိန်းတွေပြည့်ဖို့အလှူခံနေရတာဟာ ပြောရရင်အဓိပ္ပါယ်ကိုမရှိတော့ဘူးလို့ မြင်ပါတယ်။ ဒါဟာ ဗုံးခိုကျင်းကမ်ပိန်းအတွက်ဦးဆောင်နေကြတဲ့ မြေပြင်က ကိုယ်ထူကိုယ်ထရဲဘော်တွေနဲ့ ပြည်သူ့လုပ်အားပေးတွေကိုအပြစ်တင်ပုတ်ခတ်တာမဟုတ်ဘဲ နိုင်ငံလုံးဆိုင်ရာဗုံးခိုကျင်း အလုံအလောက်တူးဖို့ စီမံချက်အဖြစ် မလုပ်ဆောင်ခဲ့ကြတဲ့ တာဝန်ပျက်ကွက်ခဲ့ကြတဲ့ တာဝန်ရှိသူတွေအပေါ်ကိုသာ အပြစ်ပုံချခြင်းဖြစ်ပါတယ်။ ဗုံးခိုကျင်းတွေကို နေရာတစ်ခု/နယ်မြေတစ်ခုမှာ တစ်ခုနှစ်ခုထဲ ထားပေးဆောက်ပေးတာတောင် မလုံလောက်နိုင်ပါဘူး။ ဗုံးခိုကျင်းတွေမှာ စုပြုံကြပ်သိပ်ပြီး ခိုလှုံရတာကလည်း တကယ်တော့အန္တရာယ်များလှပါတယ်။ ဒါကြောင့် လူအရေအတွက် အရွယ်အစားပေါ်မူတည်ပြီး စနစ်တကျ အလုံအလောက် အခိုင်အမာ ဆောက်ထားကြဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ လိုရင်းပြန်ချုံ့ရရင် (၁) နိုင်ငံလုံးဆိုင်ရာဗုံးခိုကျင်းတွေ စနစ်တကျ အလုံအလောက်တူးထားကြဖို့ ပြည်နယ်ဒေသအနှံ့အပြားမှာ အရေးပေါ် စီမံကိန်းတွေအဖြစ် လုပ်ဆောင်ထားသင့်ပါတယ်။ (၂) စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်း စတဲ့ အရပ်ဘက်အဆောက်အအုံတွေမှာ အစည်းအဝေးအတွက်စုဝေးတာ စစ်ဘက်ဆိုင်ရာ တပ်စွဲလှုပ်ရှားမှုတွေကို အရပ်သားပြည်သူတွေစုဝေးတည်ရှိရာ ခိုလှုံရာ နေရာတွေနဲ့ အလွန်နီးကပ်စွာပူးတွဲမထားကြဖို့ အရပ်ဘက်စစ်ဘက် ပေါ်ပေါ်ထင်ထင် ရောနှောမနေကြဖို့ အလွန်အရေးကြီးပါတယ်။ (၃) လုံခြုံရေးစနစ်တွေဖြစ်တဲ့ သတင်းလုံခြုံရေး၊ နယ်မြေရပ်ရွာလုံခြုံရေး၊ ဆိုရှယ်မီဒီယာလုံခြုံရေးနဲ့ နည်းပညာလုံခြုံရေးတွေကို အမြဲမပြတ် တင်းတင်းကြပ်ကြပ် ဆောင်ရွက်ကြသင့်ပါတယ်။ အရပ်သားပြည်သူကော စစ်ဘက်ရဲဘော်တွေပါ လုံခြုံရေးအသိ-သတိရှိဖို့ ကြပ်ကြပ်မတ်မတ် ဖော်ဆောင်ထားသင့်ပါတယ်။ (၄) ဆက်သွယ်ရေးစနစ်ဖြစ်တဲ့ ကြိုတင်သတိပေးမှု (Early Warning) စနစ်ကို ဒေသအနှံ့အပြား ပြည်နယ်ဒေသအလိုက် ခရိုင်အလိုက် မြို့ရွာအလိုက် စတဲ့ ယူနစ်အကြီးအသေးအလိုက် လေကြောင်းကာကွယ်ရေးအတွက်စုဖွဲ့မှုတွေ သတ်သတ်မှတ်မှတ်ဖွဲ့စည်းထားပြီး တစ်ခုနဲ့တစ်ခု ဆက်သွယ်ချိတ်ဆက်မှုကွန်ယက်တည်ဆောက်ထားကြဖို့လိုပါတယ်။ အဆိုပါ ကွန်ယက်တွေအားလုံးမှာ လုံခြုံတိကျခိုင်မာသော အပြန်အလှန်သတင်းစီးဆင်းမှုဖြစ်စေဖို့လည်း စနစ်တကျ တည်ဆောက်ထားကြသင့်ပါတယ်။ (Online နဲ့ Offline ဆက်သွယ်ရေးနည်းစနစ်တွေပေါင်းစပ်ပြီး ကိုယ့်နည်းကိုယ့်ဟန်အလိုက် မြေပြင်ကွန်ယက်တွေအခိုင်အမာ တည်ဆောက်ထားဖို့လိုပါတယ်) (၅) လေကြောင်းကာကွယ်ရေးအတွက် မြေပြင်ကအရပ်သားပြည်သူတွေရဲ့အသက်ဘေးအန္တရာယ်လုံခြုံမှုအတွက် ရာနှုန်းပြည့်အကာအကွယ်မပေးနိုင်တောင် အတိုင်းအတာတစ်ခုအထိ အကာအကွယ်အကူအညီဖြစ်စေတဲ့ EAR [ https://t.me/EnemyAirRoute ] နဲ့ NAS [ https://t.me/NASairscout ] တို့လို ယုံကြည်စိတ်ချရပြီး သတင်းတိကျခိုင်မာတဲ့ ကြိုတင်သတိပေးလေကြောင်းစောင့်ကြည့်ရေးချန်နယ်တွေမှာ လေကြောင်းသတင်းတွေစောင့်ကြည့်တာ သက်ဆိုင်ရာအဖွဲ့တွေဆီပေးပို့တာ စသဖြင့် ပြည်သူမှပြည်သူကာကွယ်ဖို့ ပြည်သူနဲ့ပြည်သူအချင်းချင်း လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ပါတယ်။ #EAR #ENEMYAIRROUTE #EARinfo #NAS #NASairscout #InfoNAS

  • 3 сент. 2024 г.37,8 тыс10

    တပ်မ(၃၃)မှထွက်လာသော စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက် SGG ၊ စက်တင်ဘာ ၃ ရက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ‌၆နာရီခွဲအချိန်ခန့် Pure Fighters အဖွဲ့ ၊ မဟူရာအဖွဲ့နှင့် စစ်ကိုင်းသတင်းတပ်ဖွဲ့တို့ ပူးပေါင်း၍ စစ်ကိုင်းမြို့နှင့် အုန်းတောကြားတွင် တပ်မ(၃၃)မှ ထွက်လာသောစစ်ကောင်စီ အိမ်စီးကား ၅ စီးပါ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ကြရာ နောက်ဆုံးမှ လိုက်ပါလာသည့် စူပါကာစတန်ကား နှစ်ကြိမ်တိုင် မိုင်းထိမှန်ခဲ့သည်။ မိုင်းထိမှန်ခဲ့သော စူပါကာစတန်ကားပျက်စီးမှုရှိခဲ့ပြီး ကားပေါ်တွင်လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိခဲ့သည်။ Telegram Channel - https://t.me/SGGNews သတင်းပေးပို့ရန် >>> Messenger - 💬 m.me/SGGNews >>> Telegram - https://t.me/sagaingscouts စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

  • 22 авг. 2024 г.38,8 тыс24

    သတိပြုရန် SGG ၊ ဩဂုတ် ၂၂ တပ်ပျက်နေပြီဖြစ်သော စစ်ကောင်စီမှ ၎င်းတို့၏ ကျေးကျွန်းအဖြစ် အသေခံ စစ်မှုထမ်းရန် စစ်ကိုင်းမြို့‌တွင် ပေါ်တာဆွဲလျက်ရှိနေရာ သွားလာနေသည့်လမ်းပေါ်တွင်သာမက စက်သုံးဆီ၊ စားသုံးဆီ ဝယ်ယူရန်တန်းစီနေသည့် လူတန်းထဲမှပင် စစ်ဆေးမေးမြန်းမရှိ သေနတ်ထောက် ခြိမ်းခြောက်ပေါ်တာဆွဲဖမ်းဆီးခြင်း၊ နေအိမ်များထဲထိ ဝင်ရောက်လူဆွဲခြင်းများရှိနေသည်။ ထိုသို့ ပေါ်တာဆွဲဖမ်းဆီးထားသူများထဲမှ အသက်ပြည့်မီသူများကို စစ်မှုထမ်းရန် တပ်ထဲသို့ခေါ်ယူပြီး အသက်မပြည့်သူများကို ငွေကြေးဖြင့် ထုတ်ယူစေသည်။ စစ်ကိုင်းမြို့သူ/သားများအနေဖြင့် စစ်ကောင်စီမှ ကားဖြင့်လှည့်လည်၍ ပေါ်တာဆွဲနေသည်ကို သိရှိပြီးဖြစ်သော်လဲ သတိထားရှောင်တိမ်းသွားလာကြရန် အထူးသတိပေးအပ်ပါသည်။ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

  • 12 авг. 2024 г.40,1 тыс12

    စစ်ကောင်စီစစ်ကားမိုင်းဆွဲတိုက်ခံရပြီး တပ်သားများ ဒဏ်ရာရသေဆုံးမှုရှိနိုင် SGG၊ ဩဂုတ် ၁၂ ဩဂုတ်လ ၁၂ ရက်၊ နံနက် ၁၀:၄၀ နာရီအချိန် စစ်ကိုင်းမြို့နယ် အုန်းတောနှင့်နတ်ခရိုင်ကြားတွင် ထီးဆောင်းမှ ထွက်လာသော သံပြားကာ စစ်ကားအား Pure Fighters နှင့် စစ်ကိုင်းသတင်းတပ်ဖွဲ့တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်ရှိနိုင်ပါတယ်။ ပထမတကြိမ်မိုင်းဆွဲစဉ် စစ်ကားပေါ်ကနေ ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ပြီးချိန် ပြန်လည်ပစ်ခတ်မှုပြုလုပ်နိုင်ကြခြင်းမရှိဘူးလို့သိရပါတယ်။ မိုင်းဆွဲခံရပြီး စစ်ကားနောက်ပိုင်းပွင့်ထွက်ကာ စစ်ကောင်စီတပ်သားအချို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးခန့် သေဆုံးနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။ စစ်ကားကို ဆက်လက်မောင်းသွားနိုင်ပေမဲ့ အုန်းတောကုန်းထိပ်တွင်ရပ်တန့်သွားပြီး သေဆုံးဒဏ်ရာရတွေကို ကားပြောင်းသယ်သွားပါတယ်။ Telegram Channel - https://t.me/SGGNews သတင်းပေးပို့ရန် >>> Messenger - 💬 m.me/SGGNews >>> Telegram - https://t.me/sagaingscouts စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

  • 10 авг. 2024 г.39,2 тыс4

    တရားမျှတမှုမရှိသော အင်းလေလံချပေးခဲ့မှုအားကန့်ကွက်ကြောင်းနှင့် မှန်မှန်ကန်ကန်ဖြစ်စေရေး ကွင်းဆင်းဆောင်ရွက်ပေးကြရန် ပအဖအား ဒေသခံများ ဆန္ဒပြ တောင်းဆို SGG ၊ ဩဂုတ် - ၁၀ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ ရွှေလှေကျေးရွာအုပ်စု ရွှေလှေမူးကျိုးအင်း လေလံချထားမှု တရားမျှတမှုမရှိ၊ နည်းလမ်းမကျသဖြင့် ဒေသခံပြည်သူများက ပအဖကို ကန့်ကွက်ကြောင်းဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ရွှေလှေကျေးရွာအုပ်စု ပအဖအဖွဲ့မှ အင်းလေလံချထားမှုကို အများပြည်သူအား အသိပေးကြေညာခြင်းမရှိခဲ့ဘဲ ၎င်းတို့လေလံဆွဲဝယ်စေသူ တစ်ဦးတည်းကိုသာ အသိပေးခဲ့ကြောင်းသိရသည်။ ၎င်းကိစ္စရပ်အား NUG အစိုးရ၊ CRPH လွှတ်တော်နှင့် အများပြည်သူသိစေရန် ရွှေလှေကျေးရွာအုပ်စု ရွာ(၄)ရွာမှ ပြည်သူများက ကန့်ကွက်ကြောင်း၊ တရားမျှတရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

  • 20 июл. 2024 г.38,7 тыс8

    စစ်ကိုင်းမြို့နှင့်အုန်းတောကြားမှာ စစ်ကောင်စီ စစ်ကားမိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိ ဇူလိုင် ၂၀၊ SGG ဇူလိုင်လ ၂၀ ရက် နံနက် ၁၀:၁၅ နာရီအချိန် စစ်ကိုင်းမြို့နှင့်အုန်းတောကြား မန္တလေး-မုံရွာ ကားလမ်းပေါ်မှာ ကြေးနီကားတန်းလုံခြုံရေးလိုက်ပါလာတဲ့ စစ်ကောင်စီ စစ်ကားကို Pure Fighters နှင့် စစ်ကိုင်း သတင်းတပ်ဖွဲ့ တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ပါတယ်။ မိုင်းဆွဲခံရတဲ့ စစ်ကားလမ်းဘေးထိုးကျခဲ့ပြီး ကားပေါ်မှ တပ်သားများ အချိန်အတန်ကြာအောင် ရမ်းသမ်းပစ်ခတ်မှုပြုလုပ်သွားပါတယ်။ Telegram Channel - https://t.me/SGGNews သတင်းပေးပို့ရန် >>> Messenger - 💬 m.me/SGGNews >>> Telegram - https://t.me/sagaingscouts စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

  • 27 июн. 2024 г.49,9 тыс8

    အမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်းကို တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း၍ ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် ဇွန် ၂၇ ၊ SGG ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက် နေ့လည် ၁:၃၀ နာရီ အချိန်ခန့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် စစ်ကောင်စီအမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်းကို ၆လက်ဒရုန်း ၁စီး၊ ၄လက်ဒရုန်း ၂စီး၊ fixed wings ဒရုန်း ၇စီး ၊ done စုစုပေါင်း ၁၀ စီးတို့ဖြင့် ဗုံးသီး (1.5kg) ၄လုံး ၊ ဗုံးသီး (1kg) ၈လုံး၊ဗုံးသီး (700g) ၁၇လုံး၊ ဗုံးသီးစုစုပေါင်း ၂၉ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ People’s knight Defense Force Myinmu ထုတ်ပြန်ချက်အရသိရပါတယ်။ People's knight Defense Force Myinmu (PKDF-MMU)၊ Phoenix SGG၊ စစ်ကိုင်းခရိုင် ဒရုန်း တပ်ဖွဲ့၊ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်း တပ်ခွဲ(၄)၊ စစ်ကိုင်းခရိုင် အမှတ်(၂)တပ်ရင်း တပ်ခွဲ(၂)၊ MMU PDF၊ တောတွင်းတွတ်ပီ၊ SDP.camp-camp2 ၊ စစ်ကိုင်းခရိုင် မစ်ဇိုင်းထုတ်လုပ်ရေး စသောမဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်တိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်။ Telegram Channel - https://t.me/SGGNews သတင်းပေးပို့ရန် >>> Messenger - 💬 m.me/SGGNews >>> Telegram - https://t.me/sagaingscouts စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

  • 22 июн. 2024 г.42,2 тыс8

    အမေစု၏(၇၉)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် စကစတပ်သားများကို တိုက်ခိုက် ၂ ဦးသေဆုံး ဇွန် ၂၂ ၊ SGG အမေစု(၇၉)နှစ်မြောက် အထိမ်းအမှတ်အဖြစ်လင်းယုန်ညီနောင်ပျောက်ကြားအဖွဲ့က စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ကြပါတယ်။ ဇွန်လ ၁၉ ရက် နံနက် ၁၀:၃၀ နာရီအချိန် စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားအနောက်ဘက် ကားလမ်းပေါ်မှာ အုပ်စုလိုက် စစ်ဆေးမှုပြုလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ အသင့်ပြင်ထားတဲ့ မိုင်းကွင်းပေါ်ရောက်ရှိလာချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး တစစီဖြစ် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူလည်းများပြားခဲ့ပါတယ်။ အနီးနားမှာရပ်ထားတဲ့ စစ်ကောင်စီအဖွဲ့ အသုံးပြုတဲ့ အိမ်စီးကားအနက်ရောင်ကိုလည်း မိုင်းထိသွားတယ်လို့သိရပါတယ်။ လင်းယုန်ညီနောင်ပျောက်ကြားအဖွဲ့ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ Telegram Channel - https://t.me/SGGNews သတင်းပေးပို့ရန် >>> Messenger - 💬 m.me/SGGNews >>> Telegram - https://t.me/sagaingscouts စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

  • 22 июн. 2024 г.31,5 тыс7

    စစ်ကိုင်းမြို့ ကမ္ဘောဇ ဘဏ်ခွဲ(၁)တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦးဆုံး ဇွန် ၂၂ ၊ SGG ဇွန်လ ၁၉ ရက်နေ့ ညနေ ၄နာရီခွဲကျော်မှာ စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ရှိ ကမ္ဘောဇဘဏ်ရှေ့ကို စစ်ကောင်စီရဲတပ်ဖွဲ့ ကားအသီးသီးနဲ့ ရောက်ရှိလာပြီး ဘဏ်ကို ပတ်ဝိုင်းခဲ့ကာ ပစ်ခတ်သံများဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။ ကမ္ဘောဇဘဏ်ကို အမျိုးသား ၄ ဦး ရောက်ရှိလာပြီး ငွေလုယက်ဖို့ကြိုးစားခဲ့ကြောင်း၊ အခွင့်မသာ၍ ထွက်ပြေးစဉ် စစ်ကောင်စီရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ATM စက်ရှေ့ လမ်းဘေး မလှမ်းမကမ်းမှာ အမျိုးသားတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားပါတယ်။ နောက်တစ်ဦးကိုတော့ ပစ်ခွင့်သာသော်လည်း ထိမှန်အောင် မပစ်နိုင်ခဲ့ကြဘဲ လွှတ်ပေးခဲ့ရတယ်လို့သိရပါတယ်။ ကျန်နှစ်ဦး ဘဏ်အရှေ့ဘက်ကနေ ပြေးသွားတယ်လို့သိရပြီး လွှတ်ပေးခဲ့ကြသလား မဖမ်းနိုင်တာလား ရှင်းရှင်းလင်းလင်းမသိရပါဘူး။ ညနေ ၅ နာရီကျော်မှာ ပစ်ခတ်သံများငြိမ်သွားပါတယ်။ လွတ်မြောက်သွားသူများမှ ခပ်ဝေးဝေးရောက်ချိန် သေနတ်ပစ်ဖောက်ပြီး အချက်ပေးသွားတယ်လို့သိရပါတယ်။ စစ်ကောင်စီထုတ်ပြန်ချက်အရ သိန်း ၃၀၀၀ ကျော်ကို လုယက်သွားနိုင်ခြင်းမရှိကြောင်းသိရပါတယ်။ သိန်းတစ်ရာပါသွားကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူများထံမှသိရပါတယ်။ ညနေ ၆ နာရီကျော်အချိန်မှာ စစ်ကောင်စီရဲတပ်ဖွဲ့ ပြန်သွားကြပြီးနောက် ညပိုင်းအချိန်မှာ ဘဏ်အနီးဝန်းကျင်ကို ရှာဖွေစစ်ဆေးမေးမြန်းမှုပြုလုပ်သွားပါတယ်။ Telegram Channel - https://t.me/SGGNews သတင်းပေးပို့ရန် >>> Messenger - 💬 m.me/SGGNews >>> Telegram - https://t.me/sagaingscouts စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

  • 14 июн. 2024 г.34,2 тыс10

    စစ်ကိုင်းမြို့တွင် စကစ ကားများအား နှစ်ရက်ဆက် တိုက်ခိုက် ဇွန် ၁၄ ၊ SGG ဝမ်ပေါင်မှထွက်လာသော ကြေးနီသယ်ယာဉ်တန်းအား လိုက်ပါလုံခြုံရေးပေးသည့် စစ်ကောင်စီစစ်ကားများကို လင်းယုန်ညီနောင်မှ နှစ်ရက်ဆက်တိုက်ခိုက်ခဲ့သည်။ ဇွန်လ ၁၃ ရက်တွင် ကြေးနီသယ်ယာဉ်တန်းမှ လိုက်ပါလုံခြုံရေးပေးသော အင်အားပြည့် စစ်ကောင်စီ စစ်ကား ၆ ဘီးကားအားလည်းကောင်း၊ ဇွန်လ ၁၄ ရက်တွင် ကြေးနီသယ်ယာဉ်တန်း လုံခြုံရေးပေးသော စစ်ကားကိုလည်းကောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရန်သူ့ဘက်မှ ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ Telegram Channel - https://t.me/SGGNews သတင်းပေးပို့ရန် >>> Messenger - 💬 m.me/SGGNews >>> Telegram - https://t.me/sagaingscouts စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး