သရက်ခရိုင် ၊ အမှတ် - ၄ တပ်ရင်း
Статистика- Последний пост
- 12 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 4
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 898
- 1/48двое суток
- 1 029
- 1/72трое суток
- 1 109
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် ▪၂၀၂၆ ခုနှစ် ၊ သြဂုတ်လ (၁၂) ရက် (၁၂.၈.၂၀၂၆)ရက်နေ့ ၊ နေ့လည် (၁)နာရီချိန်ခန့်တွင် ၊ သရက် - မင်းတုန်း လမ်းပိုင်းအတိုင်း နယ်မြေရှင်းရန်အတွက် မင်းတုန်းမြို့မှ ထွက်ခွာလာသော အကြမ်းဖက်အာဏာသိမ်းစစ်တပ်လက်အောက်ခံ အင်အား (၃၅)ဦးခန့်ပါ ခြေလျှင်စစ်ကြောင်းအား ၊ သရက်မြို့နယ် ပုဇဥ်းဒါးကျေးရွာအနီးအရောက်တွင် ၊ ကျွန်ုပ်တို့ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် (၄)တပ်ရင်းမှ အသင့်စောင့်ကြိုလက်ဦးမှုရယူ၍ မိုင်းဆွဲတိုက်ခိုက်ရာ ၊ အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲချိန် (၃၀)မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက်မှ (၉)ဦး ကျဆုံးကာ ၊ မိမိတို့ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်အမှတ်၄တပ်ရင်း
(၁၀.၈.၂၀၂၆)ရက် နံနက် (၁၀)နာရီအချိန်တွင် ရေမျက်ကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲရုပ်သံမှတ်တမ်း။
видео или голосовое, без подписи
▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် ▪ ၂၀၂၆ ခုနှစ် ၊ သြဂုတ်လ (၁၀) ရက် (၁၀.၈.၂၀၂၆) ရက်နေ့တွင် ၊ သရက် - မင်းတုန်း လမ်းပိုင်းအား အသုံးပြုသွားလာနေသော အများပြည်သူကားများအား ခြိမ်းခြောက်ပိုက်ဆံတောင်းရန် နှင့် တွေ့ရှိလူငယ်များအား ပေါ်တာဆွဲဖမ်းဆည်းရန်အတွက် သရက်မြို့နယ် ၊ ရေမျက်ရဲစခန်းမှ ထွက်လာသော (စစ်တပ်၊ရဲ၊ပျူ)ပူပေါင်း (၇)ဦးအား ၊ နံနက် (၁၀)နာရီအချိန်တွင် ရေမျက်ကျေးရွာအနီးတွင်ပဲ ၊ ကျွန်ုပ်တို့ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် (၄)တပ်ရင်းမှ အနီးကပ်ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲချိန် (၅)မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ရန်သူ (၃)ဦး နေရာတွင် ကျဆုံးပြီး ၊ ကျန်သူများ ထွက်ပြေးသွားကြပါသည်။ ထိုတိုက်ခိုက်မှုမှ G4 (၁)လက် ၊ ကျည်ဘောက် (၁)ဘောက်နှင့် ကျည် (၆)တောင့် သိမ်းဆည်းရခဲ့ပြီး ၊ ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ပါသည်။ ကျွန်ုပ်တို့ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် (၄)တပ်ရင်းအနေဖြင့် (၁၇.၇.၂၀၂၆)ရက်နေ့တွင်လည်း သရက်မြို့နယ် ၊ ဆင်ကော်ကျေးရွာ ရဲစခန်းမှ ထွက်လာသော အင်အား (၂၀)ခန့်ရှိ (စစ်တပ်၊ရဲ)ပူးပေါင်း စစ်ကြောင်းအား သရက်မြို့နယ် ၊ ပုဏ္ဍားကျေးရွာအနီးအရောက် ၊ နံနက် (၁၀)နာရီ (၃၀)မိနစ်အချိန်တွင် အသင့်စောင့်ကြို ကြားဖြတ်တိုက်ခဲ့ရာ ၊ တိုက်ပွဲချိန် (၂၀)မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ၊ ရန်သူ့ဘက်မှ မျက်မြင် (၇)ဦးကျဆုံးပြီး ၊ ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်အမှတ် - ၄ တပ်ရင်း
видео или голосовое, без подписи
အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ နှင်းဆီတပွင့်တိုင်းရဲ့အားနဲ့ တော်လှန်ရေးပြီးဆုံးသည်အထိ ဆက်လက်တော်လှန်ကြပါစို့။ လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာ သက်ရှည်ကျန်းမာပါစေ။ အချုပ်အနှောင်မှ အမြန်ဆုံးကင်းလွတ်ပါစေ။ #RoseMovement #ProofOfLife #နှင်းဆီလှုပ်ရှားမှု
видео или голосовое, без подписи
▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် ▪ ၂၀၂၆ ခုနှစ် ၊ ဇွန်လ (၁) ရက် အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် အတုအယောက်ရွေးကောက်ပွဲမှ တဆင့် အစိုးရတုတရပ်ဖွဲ့စည်းကာ နိုင်ငံတကာအသိအမှတ်ပြုရရှိနိုင်ရန်အတွက် ဟန်ပြငြိမ်းချမ်းရေးစကားများပြောပြီး ၊ တဖက်တွင် ၎င်းတို့ လက်လွှတ်ထားရသော နယ်မြေများသို့ မတရားပေါ်တာဆွဲဖမ်းဆည်းထားသော စစ်မှုထမ်းများအား အသုံးချကာ လေကြောင်း ၊ လက်နက်ကြီး နှင့် ဒရုန်းများ အသုံးပြု၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လျှက်ရှိရာ ကျွန်ုပ်တို့ စစ်ရေးလှုပ်ရှားရာ မင်းတုန်းမြို့နယ်အတွင်းသို့လည်း သရက်ခလရ(၄၄) ၊ သရက်ကပစ(၁၂) ၊ လပခလက်အောက်ခံတပ်များ နှင့်စစ်မှုထမ်းများပါသော အင်အား (၁၀၀၀)ကျော်ခန့်ဖြင့် (၁၈.၄.၂၀၂၆) ရက်နေ့မှ စတင် စစ်ကြောင်းထိုး ဖြန့်ခွဲဝင်ရောက်လျှက်ရှိပါသည်။ ကျွန်ုပ်တို့ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် - ၄ တပ်ရင်းအနေဖြင့် ရန်သူစစ်ကြောင်းစတင်ထွက်ခွာလာရာ သရက် - မင်းတုန်းလမ်းပိုင်းမှ စတင်၍ ရန်သူစစ်ကြောင်းဝင်ရောက်ရာ မင်းတုန်းမြို့နယ် ပြောင်းကျေးရွာ နှင့် ဒေါင်းတိုက်ကျေးရွာအနီးတို့တွင် ၊ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်မှုများ ၊ မိုင်းဆွဲတိုက်ခိုက်မှုများ နှင့် ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိရာ ယနေ့ (၁.၆.၂၀၂၆)ရက်နေ့အထိ တိုက်ပွဲ (၁၇)ကြိမ် ဖြစ်ပွားခဲ့ပြီး ၊ ရန်သူဘက်မှ (၂၀)ဦးထက်မနဲ သေဆုံးမှုရှိပြီး ၊ ထိခိုက်ဒဏ်ရာအများအပြားရရှိထားကာ ၊ ကျွန်ုပ်တို့ တပ်ဖွဲ့ဝင် (၂)ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပါသည်။ ယနေ့အချိန်ထိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ၊ စစ်ကြောင်း (၃)ကြောင်းခွဲ၍ မင်းတုန်းမြို့နယ် အနောက်ခြမ်းကျေးရွာများနှင့် ရခိုင်ရိုးအစပ်သို့ ဆက်လက်စစ်ကြောင်းထိုးလျှက်ရှိပြီး တိုက်ပွဲများလည်း ဖြစ်ပွာလျှက်ရှိရာ ၊ ဒေသခံပြည်သူများအနေဖြင့် လေကြောင်း နှင့် လက်နက်ကြီး အန္တရာယ်များအား ဂရုပြုကြရန် နှင့် ဘေးကင်းလုံခြုံသောနေရာများတွင် နေထိုင်ကြပါရန် သတင်းထုတ်ပြန်အပ်ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်အမှတ်၄တပ်ရင်း
видео или голосовое, без подписи
သရက် - မင်းတုန်း လမ်းပိုင်း အသုံးပြုခြင်းအား တားမြစ်ထုတ်ပြန်ချက် ၂၀၂၆ ခုနှစ် ၊ မေလ (၂၂) ရက်
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи