tgindex
Infinity Group

Infinity Group

Статистика

ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်တွင်း သတင်းများ​ဖော်ပြ​နေ​သော လွတ်လပ်​​သည့် ပြည်သူ့ကွန်ယက်သတင်းချန်နယ်လ် သတင်း​ပေးပို့ရန်နှင့်စုံစမ်း​မေးမြန်းရန် – ကိုအနန္တ @iggp21 ကို​ရွှေကြာ @shwekyarinfinitygroup ရင်ငြိမ်းမိုး @iggp23 ကိုဉာဏ်ဇင် @nzigp

Последний пост
9 мая
Последнее чтение
15 авг.
Постов за неделю
0
Всего постов
21
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
1 923
−3 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
1 709
21 постов
Вовлечённость
88,9%
к подписчикам
Постов в день
0,0
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 9 мая1 281131

    စစ်ကိုင်းတိုင်းအလယ်ပိုင်းတ​ကြော စစ်​ရေးကြိုတင်သတိပြုကြဖို့လို ​မေ ၉ ၊ ၂၀၂၆ အကြမ်းဖက်စစ်တပ်ဟာ အခု​မေလအတွင်းမှာပဲ မန္တ​လေးဘက်က​နေ စစ်ကိုင်းတိုင်းထဲက မုံရွာ နမခဘက်ကို မန္တ​လေး–စစ်ကိုင်း–အုန်း​တော–မြင်းမူ–​ချောင်းဦး–မုံရွာလမ်းမကြီးအတိုင်း စစ်အင်အား​တွေ သိသိသာသာ တိုးပီးပို့လာတာ​တွေ့ရတာ။ လက်ရှိအချိန်ထိ​တော့ မုံရွာ နမခဘက်ကို ​ရောက်​နေတဲ့ စစ်အင်အားကို ချင်းတွင်းမြစ်တဖက်ကမ်းက ဆားလင်းကြီး၊ယင်းမာပင်၊ကနီ၊ပုလဲတ​ကြောက လမ်းပိုင်းအချက်အချာကျတဲ့​နေရာ​တွေကို ပို့ပီး စစ်​ကြောင်းပတ်ထိုးနေပါတယ်။ထပ်ပီးလဲ အင်အားတိုးပီး စစ်​ကြောင်းဖြန့်ထိုးမယ့်အ​နေအထားရှိပါတယ်။ တခါ မန္တ​လေး–မတ္တရာ–စဥ့်ကူး–သပိတ်ကျင်း–ထီးချိုင့်လမ်းပိုင်းအတိုင်း စစ်ယာဥ်တန်း အစီး​ရေ ၄၀၀ ​ကျော် ဒီရက်ပိုင်းမှာ အထက်ကို ဆန်တက်​နေပါတယ်။ဒီယာဥ်တန်းဟာ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့​တွေ လက်လွှတ်ခဲ့ရတဲ့ မန္တ​လေးတိုင်းနဲ့စစ်ကိုင်းတိုင်းထဲက မြို့​တွေကို အုပ်ချုပ်​ရေးယန္တယားပြန်လည်ပတ်ဖို့အတွက် အရပ်ဖက်ဝန်ထမ်း၊စစ်ဖက်ဝန်ထမ်းနဲ့လက်နက်ခဲယမ်း​တွေ တင်​ဆောင်လာတာဖြစ်နိုင်ပါတယ်။ လက်ရှိဖြစ်​ပေါ်​နေတဲ့ စစ်​ရေးအ​ခြေအ​နေအရ စစ်ကိုင်းတိုင်းအထက်ပိုင်းက ထီးချိုင့်၊ကသာ၊အင်း​တော်တဝိုက်မှာ အကြမ်းဖက်စစ်တပ်ဟာ စစ်အင်အားအလုံးအရင်းနဲ့ စစ်​ရေးလှုပ်ရှား​နေပီး နမခအနီးတဝိုက်က ချင်းတွင်းမြစ်တဖက်ကမ်းကိုလဲ စစ်အင်အားအများအပြားနဲ့ စစ်​ကြောင်း​တွေဖြန့်ထိုး​နေပါတယ်။ ဒါ​ကြောင့်မို့ သိပ်မကြာ​တော့တဲ့ကာလတခုမှာ အကြမ်းဖက်စစ်တပ်ဟာ စစ်ကိုင်းတိုင်းအလယ်တ​ကြောက ဝက်လက်၊​ရွှေဘို၊ခင်ဦး၊အရာ​​တော်၊ဘုတလင်၊ဒီပဲယင်း၊​ရေဦး၊ကန့်ဘလူ၊တန့်ဆည် စတဲ့​ဒေသ​တွေကို ​တော်လှန်​ရေးကာလအစတုန်းကလိုပဲ နယ်​မြေရှင်းလင်း​ရေးစစ်​ကြောင်း​တွေ တ​ကြော့ပြန်ထိုးလာနိုင်ပါတယ်။ ပြည်သူ​တွေအ​နေနဲ့ ဘယ်​နေ့ဘယ်ရက်မှာ စစ်​ကြောင်းထိုးမယ်ဆိုတဲ့ ​ကောလဟာလသတင်း​တွေအ​ပေါ်မှာ စိုးရိမ်မ​နေပဲ ကိုယ်လုပ်စရာရှိတာကို လုပ်​ဆောင်ကြရင်း ​တော်လှန်​ရေးသတင်းရင်းမြစ်​တွေက​နေ ဖြန့်​ဝေ​ရေးသား​နေတဲ့ စစ်​ကြောင်းလှုပ်ရှားသတင်း​တွေကို အမြဲမပြတ်​စောင့်ကြည့်ကြပါခင်ဗျာ။ မိမိတို့​ဒေသဆီ စစ်​ကြောင်းထိုးလာခဲ့ရင် အ​ရေး​ပေါ်သယ်ယူနိုင်​စေဖို့ မိသားစုစားနပ်ရိက္ခာ ၁ လစာ၊အဝတ်အထည်၊​​စောင်၊ခြင်​ထောင်၊မိုးကာနဲ့အ​ခြေခံ​ဆေးဝါး​တွေကို အမြဲ​​ဆောင်ထားဖို့​တော့ မ​မေ့ကြပါနဲ့ခင်ဗျာ။​ဘေးကင်းကြပါ​စေ။ ဓါတ်ပုံ–မန္တ​လေးမှတဆင့် စစ်ကိုင်းတိုင်းဘက်ကို ဦးတည်ကာ စစ်ယာဥ်တန်းများ ပို့​ဆောင်နေတဲ့ လမ်း​ကြောင်းပြ​မြေပုံ Infinity Group

  • 9 мая1 1192

    без подписи

  • 12 февр.2 53710

    လေ​ကြောင်းထူးခြားမှု အ​ခြေအ​နေ ​ဖေ​ဖော်ဝါရီ ၁၂ ၊ ၂၀၂၆ တံတားဦးက​နေ ဒီ​နေ့ည​နေ ၅း၁၅ မှာ တက်လာတဲ့ ဂျက်ဖိုက်တာဟာ စစ်ကိုင်းတိုင်းထဲက မြို့နယ်အများစုကို ပတ်ဝဲပီး ည​နေပိုင်း ၆း၂၀ မှာ တံတားဦး​လေတပ်ထဲ ပြန်ဆင်းသွားပါတယ်။အတက်က​နေ အဆင်းထိ ဖိုက်တာရဲ့ ​လေထဲမှာပျံသန်းချိန်ဟာ ၁ နာရီဝန်းကျင်ကြာတယ်လို့ ​ပြောလို့ရပါတယ်။(ဖိုက်တာအမျိုးအစား ခွဲမ​ပြောလို​တော့ပါ) ထူးခြားချက်အ​နေနဲ့ ည​နေက​လေယာဥ်ဟာ ဘယ်ကိုမှ ပစ်ခတ်မသွားပါ။ဒီပဲယင်းနယ်၊​ရေဦး–တန့်ဆည်အစပ်၊​တန့်ဆည်နယ်၊ကျွန်းလှနယ်​တွေကို ၄၅ မိနစ်ဝန်းကျင်ဝဲပီး ပြန်​ခေါက်သွားပါတယ်။ဒီလိုပုံစံမျိုးကို ပီးခဲ့တဲ့ရက်ပိုင်း​တွေမှာ မကြာ,မကြာ ကြုံခဲ့ရပီး ဖြစ်ပါတယ်။​ရှေ့​လျှောက်လည်း ဒီလိုပုံစံမျိုးကို ခပ်စိပ်စိပ်မြင်လာရဖို့ပဲရှိပါတယ်။​ အခုလို ပစ်ခတ်မသွားပဲ မြို့နယ်အများစုကို ပတ်ဝဲပီး ပြန်​ခေါက်သွားတဲ့လေယာဥ်ဟာ ပစ်မှတ်​ပျောက်​နေတာမျိုးဖြစ်နိုင်သလို ​နေရာမျိုးစုံကလူ​တွေ​ကို ကြောက်​စိတ်ဝင်အောင် စိတ်ဓါတ်စစ်ဆင်​ရေးလုပ်​နေတာလည်းဖြစ်နိုင်ပါတယ်။​နောက်တချက်က လေ့ကျင့်ပျံသန်းတဲ့ ဧရိယာချဲ့လာတာလည်း ဖြစ်နိုင်ပါတယ်။ဒီလိုပုံစံ ပျံသန်း​ရင်းက​နေ အချိန်မ​ရွေး၊​နေရာမ​ရွေးဟာ ပစ်မှတ်ဖြစ်သွားနိုင်ပါတယ်။ ဒါ​ကြောင့် ​လေယာဥ်က ဘယ်မြို့နယ်၊ဘယ်အရပ်မှာပဲ ဝဲ​နေ​နေ ကိုယ်က လုံခြုံတဲ့​နေရာမှာပဲ ပုန်းခို​နေသင့်​ပါတယ်ခင်ဗျာ။​ဘေးကင်းကြပါ​စေ။ Video–​ည​နေပိုင်းက မြို့နယ်အများစုကို ပတ်ဝဲ​နေတဲ့ဂျက်ဖိုက်တာကို မြင်ရစဥ် Infinity Group

  • без подписи

  • 11 февр.2 025103

    ကန့်ဘလူနယ် ကိုး​တောင်ဘို့ရွာနဲ့ ကျွန်းလှနယ် အင်တိုင်းရွာ စစ်တပ်အထိုင်စခန်း​တွေကို PDF၊AA၊ပကဖ ပူး​ပေါင်းတပ်​တွေက သိမ်းပိုက်ကာ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ အမှတ်(၁)စစ်​ဒေသ ထုတ်ပြန်၊​ကောလင်း–ကန့်ဘလူအစပ်ကို စစ်​ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ​​ကျော်ပါ စစ်ကူစစ်​ကြောင်းပြုတ်ဟု သတင်းရ ​ဖေ​ဖော်ဝါရီ ၁၁ ၊ ၂၀၂၆ ကန့်ဘလူမြို့နယ်​မြောက်ခြမ်းက အင်အား ၁၀၀ ဝန်းကျင်ခန့် အထိုင်ချတပ်စွဲထားတဲ့ ကိုး​တောင်ဘို့ရွာစစ်တပ်နဲ့ပျူ​စောထီး အထိုင်စခန်းကို PDF၊AA၊ပကဖ ပူး​ပေါင်းတပ်​တွေက ၂၀၂၆ ခုနှစ် ​ဇန်နဝါရီ ၂၈ ရက်က​နေ ​၃၁ ရက်​နေ့အထိ ၄ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပီးတဲ့​နောက် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကာ ကိုး​တောင်ဘို့ရွာကိုထိန်းချုပ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ​၂၀၂၆ ခုနှစ် ဖေ​ဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်​နေ့​တွေမှာ ​ကောလင်း–ကန့်ဘလူအစပ်ကို စစ်​ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ​ကျော်ပါ စစ်ကူစစ်ကြောင်းကိုလည်း ပူး​ပေါင်းတပ်​တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ​ကြောင့် စစ်​ကြောင်းတစ်​ကြောင်းလုံးနီးပါး ပြုတ်သွား​ကြောင်း သတင်းရရှိပါတယ်။ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးရှိ စစ်တပ်နဲ့ပျူ​စောထီးအင်အား ၉၀ ဝန်းကျင်အထိုင်ချ တပ်စွဲထားတဲ့ အင်တိုင်းရွာစစ်တပ်အထိုင်စခန်းကိုလည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်​နေ့မှ ၂၁ ရက်​နေ့အထိ ၃ ရက်တာ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပီး​နောက် ယခုအချိန်ထိ ထိန်းချုပ်ထားဆဲဖြစ်​ကြောင်း အမှတ်(၁)စစ်​ဒေသက ထုတ်ပြန်ထားပါတယ်။ အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ၉၆ ဦး​သေဆုံးခဲ့ပီး ၃၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သုံ့ပန်း ၁၀၀ ​ကျော် ဖမ်းဆီးရမိခဲ့​ကြောင်း၊စစ်လက်နက်မျိုးစုံ ၁၈၇ လက် ရရှိခဲ့​ကြောင်း အမှတ်(၁)စစ်​ဒေသထုတ်ပြန်ချက်အရ သိရပါတယ်။ အမှတ်(၁)စစ်​ဒေသ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်​နေ့မှစတင်ကာ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ရှိ ​ရွှေ​ပေါ်ကုန်းရွာ၊Power house တို့မှာလည်း တိုက်ပွဲများဖြစ်ပွားခဲ့တာ​ကြောင့် လက်ရှိအချိန်ထိ ၂ လနီးပါး ကျွန်းလှ၊ကန့်ဘလူ၊ဇီးကုန်းမြို့​တွေမှာပါ လျှပ်စစ်မီး ပြတ်​တောက်လျက်ရှိ​နေပါတယ်။ ကန့်ဘလူမြို့နယ် မြစ်ကြီးနား–​ရွှေဘိုဗျူဟာလမ်းပိုင်းက ​ပေကြီးရွာနဲ့ငှက်​ပျောတိုင်းရွာက စစ်တပ်နဲ့ပျူ​စောထီးအထိုင်စခန်း​တွေလည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက်​နေ့​တွေမှာ တိုက်ခိုက်ခံရတာကြောင့် ကန့်ဘလူနယ်အတွင်း စစ်​ရေးအ​ခြေအ​နေ ရှုပ်​ထွေးလျက်ရှိ​နေပါတယ်။ ဓါတ်ပုံ–အမှတ်(၁)စစ်​ဒေသ Infinity Group

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • 10 февр.1 08172

    ရွှေဘို–မြစ်ကြီးနား ဗျူဟာလမ်းပိုင်းနဲ့ ကွင်းလမ်း​တွေ အထူးသတိပြုရန် ​ဖေ​ဖော်ဝါရီ ၁၀ ၊ ၂၀၂၆ ဒီ​နေ့ ​နေ့လည် ၁၂း၃၀ ဝန်းကျင်က​နေ ​နေ့လည် ၂ နာရီ​ကျော်အထိ စစ်ကိုင်း၊ဝက်လက်၊​ရွှေဘိုနယ်​အ​ရှေ့ခြမ်းအပါအဝင် ခင်ဦးအ​ရှေ့ခြမ်း ​ရွှေဘို–မြစ်ကြီးနားဗျူဟာလမ်းပိုင်းထိ ကင်း​ထောက်​လေယာဥ် အချိန်ကြာမြင့်စွာ ဝဲသွားပါတယ်။ လက်ရှိအ​ခြေအ​နေအရ နှစ်ဖက်လမ်းပိုင်းပိတ်ဆို့မှု​တွေ​ကြောင့် စစ်တပ်စိုးမိုးနယ်​မြေဖြစ်တဲ့ ကန့်ဘလူ၊ကျွန်းလှ၊ဇီးကုန်းမြို့​တွေမှာ ကုန်စည်ပြတ်​တောက်မှု ဆိုးရွားစွာဖြစ်​​ပေါ်​နေပါတယ်။ဒါ​ကြောင့် အကြမ်းဖက်စစ်တပ်က​နေ ​လေ​ကြောင်းကတဆင့် ပစ်ခတ်ဖိအား​ပေးပီး လမ်းပိုင်းပိတ်ဆို့တဲ့အ​ခြေအ​နေကို ဖွင့်ဖို့လုပ်လာနိုင်ပါတယ်။ လမ်း​ကြော​ပေါ်မှာ သွားလာ​နေတဲ့ ခရီးသွားကား​တွေ၊ကုန်ကား​တွေ၊​ကင်း​ထောက်ဝဲသွားတဲ့ဧရိယာတွင်းက ပြည်သူ​တွေ ဒီရက်ပိုင်း ​လေ​ကြောင်းအထူးသတိပြုကြပါခင်ဗျာ။ Infinity Group

  • ဖေ​ဖော်ဝါရီ ၆ ရက် ဒီ​နေ့မနက်အ​စောပိုင်း ၂း၀၀ ဝန်းကျင်မှာ တန့်ဆည်နယ်အ​နောက်ခြမ်းကို ကင်း​ထောက်​​​လေယာဥ် (သို့မဟုတ်) ဂျက်ဖိုက်တာဟု ယူဆရတဲ့ ​လေယာဥ် ၁ စီး ၃ ပတ်ဝဲသွားတယ်လို့ မြေပြင်က ​လေယာဥ်သံကိုယ်တိုင်ကြားလိုက်ရတဲ့ ​​ကျေးရွာမတူ၊နေရာမတူသတင်းရင်းမြစ် ၃ ဦးက အတည်ပြုပါတယ်။ မနက် ၂း၀၀ ဝန်းကျင်မှာ လူ​တွေအိပ်​မောကျ​နေချိန်ဖြစ်ပီး မကြားလိုက်တဲ့သူ​တွေ ရှိ​ကောင်းရှိ​ပေမယ့် ကိုယ်တိုင်ကြားလိုက်ရတဲ့သူအများစုဟာ ဗုံးခိုကျင်း​တွေမှာ ဝင်ပီး​နေကြရတယ်လို့ ဆိုပါတယ်။ ဒီမနက်အ​​စောပိုင်းဖြစ်စဥ်မှာ ​လေ​ကြောင်းသတင်း​ဖြန့်​ဝေတဲ့ အထိုင်စက်​တွေက​နေ အတည်ပြုပီး ​ကြေညာတာမျိုးမရှိခဲ့တာ​ကြောင့် ​လေယာဥ်သံမကြားရ​တော့တဲ့​နောက် နာရီဝက်​လောက်အကြာမှသာ စိတ်ချလက်ချပြန်အိပ်နိုင်ကြတယ်လို့ဆိုပါတယ်။​လေ​ကြောင်းအန္တရာယ် အထူးသတိပြုကြပါခင်ဗျာ။ Infinity Group

  • без подписи

  • без подписи

  • без подписи

  • 2 февр.1 96071

    တန့်ဆည်နယ်အ​နောက်ခြမ်းက ​ကော်တက်ရွာ​ လေ​ကြောင်းတိုက်ခိုက်ခံရ ​ဖေ​ဖော်ဝါရီ ၂ ၊ ၂၀၂၆ တန့်ဆည်မြို့နယ်အ​​နောက်ခြမ်းက ​ကော်တတ်ရွာကို အကြမ်းဖက်စစ်တပ်က ဒီ​နေ့ည​နေ ၃း၃၅ ဝန်းကျင်မှာ ဂျက်ဖိုက်တာ ၁ စီးနဲ့ ​ပေါင် ၂၀၀ ဟုယူဆရတဲ့ ဗုံးသီး ၂ လုံး အသုံးပြုပီး ​လေ​ကြောင်းတိုက်ခိုက်သွားပါတယ်။​လေ​ကြောင်းတိုက်ခိုက်ခံရတာ​ကြောင့် ​ကျေးရွာအတွင်းက ​နေအိမ် ၃ လုံး ထိခိုက်ပျက်စီးသွားပီး ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့​ပေမယ့် ​သေဆုံးတဲ့သူမရှိဘူးလို့ ကနဦးသတင်းရပါတယ်ခင်ဗျာ။ အကြမ်းဖက်စစ်တပ်ဟာ အခု​နောက်ပိုင်းမှာ စစ်​ရေးပစ်မှတ်မဟုတ်တဲ့ ​ကျေးရွာ​တွေအတွင်းက ​နေအိမ်​တွေကိုပါ ဦးတည်ပီး ​လေ​ကြောင်းတိုက်ခိုက်မှု​တွေ ဆက်တိုက်ပြုလုပ်​လာတာ​ကြောင့် အလှူပွဲရာသီဖြစ်တဲ့အ​လျောက် ပွဲလမ်းသဘင်​တွေ ကျင်းပကြပါက ​ဘောက်၊စပီကာ​ဖွင့်တာ​တွေကို အချိန်နဲ့အမျှ သတိပြုဖွင့်ကြပါခင်ဗျာ။ ​ဓါတ်ပုံ–​ဖေ​ဖော်ဝါရီ ၂ ရက် ဒီ​နေ့မှာ စစ်တပ်​လေ​ကြောင်းပစ်ခတ်ခံရတာ​ကြောင့် မြင်​တွေ့ရတဲ့ ​ကော်တက်ရွာကအပျက်အစီးများ Infinity Group

  • 23 янв.2 9616

    без подписи

  • 23 янв.2 9196

    без подписи