- Последний пост
- 15 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 61
- Всего постов
- 61
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 13
- 1/48двое суток
- 14
- 1/72трое суток
- 16
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
တာချီလိတ်မြို့ရှိ မိုးမေတ္တာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ အခြေခံစားသောက်ကုန်များစုပေါင်းလှူဒါန်း
တာချီလိတ်မြို့ရှိ မိုးမေတ္တာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ အခြေခံစားသောက်ကုန်များစုပေါင်းလှူဒါန်း တာချီလိတ် ဩဂုတ် ၁၄ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ငှက်ပျောတော ကျေးရွာရှိ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ စောင့်ရှောက်ပေးထားသည့် မိုးမေတ္တာ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွင် နေထိုင်ကြသူများအတွက် လိုအပ်သည့် အခြေခံစားသောက် ကုန်များ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ စုပေါင်းလှူဒါန်းပွဲကို ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက အဆိုပါ ပရဟိတဂေဟာ၌ ကျင်းပပြုလုပ်သည်။ ထိုသို့လှူဒါန်းရာတွင် နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများနှင့် မိသားစုဝင်များ၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက ပရဟိတဂေဟာရှိ အဖိုး၊ အဖွား ၂၂ ဦး၊ ဆရာမ ၈ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၁၈ ဦး၊ စုစုပေါင်း ၁၄၈ ဦးတို့အတွက် ဆန်အိတ် ၁၅၀၊ ထောက်ပံ့အလှူငွေများ၊ အာဟာရပဲနို့ရည်များ၊ ကော်ဖီ ထုပ်များနှင့် မုန့်မျိုးစုံတို့အား စုပေါင်းလှူဒါန်းခဲ့ကြပြီး ဂေဟာတာဝန်ရှိသူများက လက်ခံရယူကာ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဒေါ်ညိုဌေးက အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ယခုကဲ့သို့ လှူဒါန်းခြင်းဖြင့် ပရဟိတဂေဟာရှိ အဖိုး၊ အဖွားများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ နေ့စဉ်စားသောက်ရေးနှင့် ပညာသင်ကြားရေးလိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ပြီး မိုးမေတ္တာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ သည် ဒေသအတွင်းရှိ အခက်အခဲကြုံတွေ့နေသော ကလေးငယ်များအား နေထိုင်စောင့်ရှောက်မှု ပေးခြင်း၊ ပညာသင်ကြားနိုင်ရန်ကူညီပံ့ပိုးပေးခြင်းနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
без подписи