Daw Na News
Статистика- Последний пост
- 1 апр.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
The owner of this channel has been inactive for the last 17 months. If they remain inactive for the next 18 days, they may lose their account and admin rights in this channel. The contents of the channel will remain accessible for all users.
ဘားအံမြို့မှာ အသက် ၃၅နှစ်မှ ၆၅နှစ်အရွယ်ရှိအမျိုးသားများကို ကျေးရွာလုံခြုံရေးလုပ်ရန် စစ်တပ်က အဓမ္မခေါ်ဆောင်နေ Dawna News / ဩဂုတ် ၂၉ ကရင်ပြည် ဘားအံမြို့ ကော့ဂွန်း(ဘားကပ်) ကျေးရွာအုပ်စုအတွင်းရှိ အသက် ၃၅နှစ်မှ ၆၅နှစ်အရွယ်ရှိအမျိူးသားများကို စစ်တပ် ပြည်သူ့လုံခြုံရေး သို့မဟုတ် ကျေးရွာလုံခြုံရေး လုပ်ရန် အဓမ္မခေါ်ယူနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံက သိရပါတယ်။ ကော့ဂွန်း(ဘားကပ်) ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများရဲ့နေအိမ်သို့ အဓမ္မလုံခြုံရေးလုပ်ပေးရန်ပေးပို့တဲ့ ဖိတ်စာမှာ မပျက်မကွက် လာရောက်ရန်ဟုဆိုကာ အဓမ္မခေါ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။ စစ်ရှုံးနေတဲ့စစ်ကောင်စီဟာ လူငယ်တွေကို အဓမ္မစစ်မှုထမ်းခေါ်ယူနေဆဲဖြစ်သလို ယခုအခါမှာလည်း လူကြီးပိုင်းတွေကိုပါ ၄င်းတို့ စစ်တပ်ယန္တားလည်ပါတ်နိုင်ရန် အဓမ္မခေါ်ယူစုဆောင်းနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့အဓမ္မစစ်မှုထမ်းဥပဒေကြောင့် လူငယ်ပေါင်းမြောက်များစွာဟာ မြန်မာနိုင်ငံအတွင်းကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အလုပ်ကိုင်ရှာပါးမှုအခြေနေ ၊ စားဝတ်နေရေးခက်ခဲမှုအခြေနေတွေကို ရင်ဆိုင်နေကြရပါတယ်။ #DawNaNews
без подписи
ရုပ်ရှင်ဖန်တီးသူ ကိုဖေမောင်စိမ်း ကွယ်လွန် ရုပ်ရှင်ဖန်တီးသူ ကိုဖေမောင်စိမ်းဟာ လွိင်ကော်ထောင်ထဲမှ ကူးဆက်လာတဲ့ အရိုးTBရောဂါဖြင့် ရန်ကုန်မြို့မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း မိသားစုနဲ့နီးစပ်တဲ့ အသိုင်းဝိုင်းက သိရပါတယ်။ ကိုဖေမောင်စိမ်းကို စစ်ကောင်စီတပ်က ၂၀၂၂ခုနှစ်မေလ ၂၈ရက်နေ့က ကရင်နီပြည် ဒီမော်ဆိုနဲ့ လွိင်ကော်မြို့ကြားမှာ အကြမ်းဖက်ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ်မှုဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ပါတယ်။ ကိုဖေမောင်စိမ်းဟာ အဖမ်းခံရပြီးနောက် လွိင်ကော်အကျဉ်းထောင်မှာ အကျဉ်းချခံထားရစဉ်မှာ အရိုးTBရောဂါဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ လွိင်ကော်အကျဉ်းထောင်မှာ လုံလောက်တဲ့ဆေးကုသခံရမှုမရရှိတာကြောင့် ကိုဖေမောင်စိမ်း ကို အင်းစိန်ဆေးရုံသို့လွှဲပြောင်းပေးခဲ့ပြီး ထောင်ကနေလွှတ်ပေးခဲ့တယ်လို့ နီးစပ်တဲ့အသိုင်းဝိုင်းကနေ သိရပါတယ်။ ထောင်ကလွတ်ပြီး ၃ရက်အကြာမှာ ကိုဖေမောင်စိမ်းဟာထောင်ထဲကရလာတဲ့ ရောဂါဖြင့်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကိုဖေမောင်စိမ်းဟာ မြန်မာနိုင်ငံရဲ့ အစိုးရအဆက်ဆက် အာဏာပိုင်တွေကို သရော်တဲ့ကာတွန်းတွေကိုရေးဆွဲ့ခဲ့တဲ့ နိုင်ငံကျော်ကာတွန်းဆရာကြီး ဦးဖေသိန်းရဲ့ သားအငယ်ဆုံးဖြစ်ပါတယ်။ ကိုဖေမောင်စိမ်းရဲ့ The River Our Ayeyarwaddy နှင့်ရယ်စရာလို့တော့မထင်နဲ့ မှတ်တမ်ူရုပ်ရှင်တွေဟာ ထင်ရှားပြီး ရုပ်ရှင် ဖန်တီးသူအဖြစ်နှစ်၂၀ကျော်ဖြတ်သန်းခဲ့ ရုပ်ရှင်ပညာရှင်အမြောက်များကိုလဲမွေးထုတ်ပေးခဲ့သူဖြစ်ပါတယ်။
без подписи
ဘီးလင်းမြို့မှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ DawNa News/ ဩဂုတ် - ၁၉ မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ တောင်ကလေးကျေရွာ၊ မစောတံတားအနီးရှိ စစ်ကောင်စီတပ် နဲ့ တော်လှန်ရေးပူးပေါင်းတပ်များအကြား ဩဂုတ်လ၁၇ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်လိုက်ပါတယ်။ အဆိုတိုက်ပွဲ ဖြစ်ပွါးနေချိန်မှာ တောင်ကလေးကျေးရွာ၊ ငါးထပ်ကြီးအပိုင်းမှာနေတဲ့ စောမောင်နိုင်ဆိုသူမှ တိုက်ပွဲဖြစ်ပွားရာနေရာအနီး ငါးပိုက်ဖော်နေစဉ် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်တဲ့ သေနတ်ကျည်ဆံ ထိမှန်ကာ သေဆုံးခဲ့ရ ကြောင်း ဒေသခံသတင်းအရင်းမြစ်ထံက သိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဘီးလင်း မြင်သာတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ခလရ-၈ တပ်ရင်း၊ လက်နက်ကြီးကုန်းစခန်းကနေ လက်နက်ကြီးနဲ့ လေးကြိမ် ပစ်ခတ်ခဲ့တာကြောင့် ဒေါက်ရပ်ကျေးနယ်ရှိ တောင်ကလေးကျေးရွာနဲ့ ရွှေအင်ဒုံကျေးရွာထဲကိုကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် တောင်ကလေးကျေးရွာ နတ်ကြီးချောင်အပိုင်းမှာနေတဲ့ အသက် ၂၄နှစ်အရွယ် နော်မိုးမိုးအေး မှာလက်နက်ကြီးထိမှန်သေဆုံးခဲ့တဲ့အပြင် စောကွယ်ဒူး (၅၅) နှစ် ၊ စောဒုံးပျံ (၅၇) နှစ်၊ နော်မနွဲ့ (၆၀) နှစ်၊ နော်မငယ် (၄၀) နှစ်နဲ့ရွှေအင်ဒုံကျေးရွှာမှာနေတဲ့ ဒေါ်မတုတ် (၆၃) နှစ် တို့လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ရေးအရ အထိနာနေတဲ့ စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ မြို့နယ်တွေနဲ့ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် အကြောင့်မဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှု့တွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးဖော်ပြထားပါတယ်။ #DawNaNews
без подписи
без подписи
без подписи
ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာကြီးရဲစခန်းကို တော်လှန်ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ Daw Na News/ဩဂုတ် - ၁၉ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ စစ်ကောင်စီတပ် စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဩဂုတ်လ၁၉ရက် နေ့မှ စတင်ပြီး ၀င်ရောက် တိုက်ခိုက်ခဲ့ရာ ငါန်းမြာကြီးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံရဲစခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်းနဲ့ စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ အဲ့ဒီငါန်းမြာကြီးကျေးရွာရှိ ရဲစခန်းကို သိမ်းပိုက်ရရှိချိန်မှာ "အရှင်မိတာတွေ၊ လက်နက်ရတာတွေတော့ရှိတယ်ဗျ။ အသေပျောက်လဲ ရှိတယ်ဗျ"လို့ ငါန်းဇွန်မြို့နယ်ပကဖမှ ဘဏ္ဍာရှာဖွေရေးတာ၀န်ခံဟရု နာကာဂျီမာ က Daw Na News ကို ပြောပါတယ်။ ဩဂုတ်လ၁၆ရက်နေ့ မနက်ပိုင်းကလည်း ငါန်းဇွန်၊ငါန်းမြာလမ်းပိုင်းရှိ တောင်ရွာဘိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းနဲ့စတင်တိုက်ခိုက်တာကြောင့်အော်ဟစ်ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားများကို တော်လှန်ရေးရဲဘော်များက မီတာ၁၀၀အကွာအဝေးကနေ လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် ၃၀ ဝန်းကျင့်ခန့် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တောင်ရွာဘိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို စစ်ကူအများအပြားရောက်လာတာကြောင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ TGYR-Youth Guerilla Counter Revolution -NZ(ငါန်းဇွန်)၊ 925ပြောက်ကျားတပ်ဖွဲ့၊ ငါန်းဇွန်ပကဖ၊Wings OF KSU ၊ မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People's Defence Force - South Monywa ၊ မန္တလေးခရိုင် တပ်ရင်း-၅ ၊ ဇေယျာရွှေမြေပျောက်ကျားတပ်ဖွဲ့၊ ပြည်တော်ဝင်ကျား ပျောက်ကျားတပ်ဖွဲ့နဲ့ အားမာန်သစ်ပျောက်ကျားတပ်ဖွဲ့တို့မှ ရဲဘော်များက ဆုတ်ခွာပေးခဲ့ရကြောင်း သိရပါတယ်။ ဒီကနေ့ မနက်မှာ ငါန်းမြာကြီးရဲစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကလေယာဥ်နဲ့ ၄ကြိမ် ဗုံးလာကြဲခဲ့သလို ဆီမီးခုံ ကနေလည်းလက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့ကြောင်း ငါန်းဇွန် မြို့နယ် ဒေသတွင်း သတင်းရင်းမြစ်ထံက သတင်းရရှိပါတယ်။ ပုံစာ - TGYR-Youth Guerilla Counter Revolution -NZ(ငါန်းဇွန်)မှ ရဲဘော်များ။ (ပုံဟောင်း) #DawNaNews
без подписи
ဒိုက်ဦးထောင်ရှိ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်များက အကြမ်းဖက်ဖိနှိပ်မှုများ ပြုလုပ်နေ Daw Na News/ဩဂုတ် - ၁၅ ပဲခူးတိုင်းအရှေ့ခြမ်း ဒိုက်ဦးအကျဉ်းထောင်ရှိ ထောင်အာဏာပိုင်များက ပုံစံကြေးမပေးနိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြမ်းဖက်ဖိနှိပ်မှုများ ပြုလုပ်နေတယ်လို့ ဒီကနေ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒိုက်ဦးအကျဉ်းထောင်က အဆောင်မှူး သီဟအောင်ဆိုသူနဲ့ အခြားရာဇဝတ်အကျဥ်းသားများ ပူးပေါင်းပြီးတော့ နိုင်ငံရေးအကျဥ်းများထံမှ ပုံစံကြေးဆိုကာ ငွေကျပ်တစ်သိန်းအထိ တောင်းခံနေတယ်လို့ သိရပါတယ်။ နိုင်ငံရေးအမှုတွေနဲ့ အကျဉ်းကျနေတဲ့ ခန့်မှန်း၂၀၀ဦးခန့်ရှိ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်များမှ ခြေထောက်ဖြင့် ကန်ခြင်း၊ ရိုက်နှက်ခြင်း စတဲ့ ညှဥ်းပမ်းနှိပ်စက်မှုများပြုလုပ်နေတဲ့အပြင် နိုင်ငံရေး အကျဥ်းသားများကို ညစ်ညမ်းစွာ ဆဲဆိုပြောဆိုခြင်း၊ နိုင်ကျဥ်း တစ်ဦးကို တစ်သိန်းနှုန်းနဲ့ တရားမဝင် ငွေကြေး ကောက်ခံခြင်းများ ပြုလုပ်နေကြောင်းသိရပါတယ်။ အဲ့ဒီလို ဒိုက်ဦးအကျဥ်းထောင်အတွင်းမှာ နိုင်ကျဉ်းများအပေါ် ထောင်အာဏာပိုင်များမှ ဖိနှိပ်မှုများ ပြုလုပ်နေမှုနဲ့ အခြားလူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ဖြစ်စဉ်များကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှ စုံစမ်းဖော်ထုတ်သွားမယ်လို့ အသိပေးထားပါတယ်။ #DawNaNews
без подписи
ကျိုက်ထိုမြို့နယ် ကဒက်ချောင်းမှာ အရက် သောက်နေတဲ့ နယ်ထိန်းတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့၀င်သုံးဦးကို ဖမ်းဆီးခဲ့ Daw Na News /ဩဂုတ် - ၁၅ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းမှာ အရက်လာသောက်နေတဲ့ နယ်ထိန်းတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးကို နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေတဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)မှ ဇူလိုင်လ ၇ရက် နေ့ ညနေ၃နာရီအချိန်မှာ အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းအဖွဲ့ထံမှ သိရပါတယ်။ "အဲဒီ ကဒက်ချောင်းနေရာက ပြည်သူတွေ အပန်းဖြေ ရေလာကူးကြတဲ့ နေရာပါ။ သူတို့က အရပ်ဝတ်တွေနဲ့ ပြည်သူတွေလို ရောပြီး လာခဲ့ကြတာပါ။လက်နက်တွေတော့ မပါလာပါဘူး။ ကျနော်တို့က သူတို့ အရက်ဆိုင်မှာ ထိုင်သောက်နေတာတွေ့လို့ ဝင်ဖမ်းခဲ့တာပါခင်ဗျာ"လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)မှ တာ၀န်ရှိသူတစ်ဦးက Daw Na News ကိုပြောပါတယ်။ ဖမ်းဆီးရမိသူတွေဟာ ကျိုက်ထိုမြို့မရဲစခန်း၊ တောင်သူစုရပ်ကွက်မှ နယ်ထိန်း ၀င်းထက် နဲ့ ရဲတပ်သား ကြည်သာ(ခ)ဖိုးအော၊ သထုံခရိုင် ရဲတပ်ဖွဲ့မှ ရဲတပ်သား ကောင်းထက် ကျော်(ခ)ကျန်ကျောင်း တို့ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ နယ်ထိန်းနဲ့ ရဲတပ်ဖွဲ့၀င်နှစ်ဦးကို စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီးတာကြောင့် သက်ဆိုင်ရာ တာ၀န်ရှိသူတွေထံကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)အနေနဲ့ စစ်အာဏာရှင်ကျဆုံးတဲ့အထိ တိုက်ပွဲ၀င်သွားမှာဖြစ်ကြောင်းနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမယ့်အပြင် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေမယ့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများကို လုပ်ဆောင်မှာမဟုတ်ကြောင်းလည်း အသိပေးထားပါတယ်။ #DawNaNews
без подписи
без подписи
без подписи
စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု့ကြောင့် ပအိုဝ်းသားအမိနှစ်ဦးကိုထိမှန်ပြီး မိခင်ဖြစ်သူသေဆုံးခဲ့ Daw Na News/ ဩဂုတ်လ ၁၅ ဆီဆိုင်မြို့အတွင်း အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဩဂုတ်လ ၁၄ ရက်နေ့ မနက် ၁၀ နာရီအချိန်မှာ ဆီဆိုင်မြို့နယ် အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာများကို လက်နက်ကြီးများနဲ့ အကြိမ် ၄၀ ကျော်ပစ်ခတ်ခဲ့တာကြောင့် ပအိုဝ်းသားအမိနှစ်ဦးကိုထိမှန်ပြီး မိခင်ဖြစ်သူသေဆုံးခဲ့ တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ထံမှသိရပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု့ကြောင့် ပန်အောင်ကျေးရွာအတွင်းကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် တောင်ယာသွားနေတဲ့ ပအိုဝ်း သားအမိ နှစ်ဦးကို ထိမှန်ခဲ့ပြီး အသက် ၄၀ အရွယ် မိခင်ဖြစ်သူ အသက်သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။ "မိခင်ဖြစ်သူက အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးသွားတယ်၊ ကလေးကိုတော့ ကျနော်တို့တပ်ဖွဲ့က သွားရောက်ကယ်တင်ခဲ့တယ်" လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံမှ Daw Na News ကို ပြောပါတယ်။ ဒါ့အပြင် လက်နက်ကြီးပစ်ခတ်မှု့ကြောင့် အသက် သုံးနှစ်သားအရွယ် မွိးစွန်ရဲ့ သားဖြစ်သူ ကလေးငယ် ခွန်မောင်ပေးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်နေတဲ့ အခြေအနေမှာ ရှိနေကြောင်း သိရပါတယ်။ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ အသက်သုံးနှစ်သားအရွယ် ကလေးကိုတော့ ဒေသခံများရဲ့ သတင်းပေးမှုအရ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( PNLA)မှ ရဲဘော်များက သွားရောက်ကယ်ဆယ်ပြီး ဆေးကုသမှုတွေ ပေးနေပါတယ်။ လက်နက်ကြီးကျရောပေါက်ကွဲခဲ့တဲ့ ပန်အောင်ကျေးရွာဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာလည်း မဟုတ်သလို တော်လှန်ရေးတပ်ဖွဲဝင်များ တပ်စွဲထားတဲ့ နေရာလည်းမဟုတ်ကြောင်း PNLAကအသိပေးထားပါတယ်။ #DawNaNews
без подписи
без подписи