Four Corners Dialogue
Статистика- Последний пост
- 13 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 2
- Всего постов
- 28
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 82
- 1/48двое суток
- 93
- 1/72трое суток
- 101
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
"အသိပညာနှင့် လူမှုအသိုင်းအဝိုင်းကို ပြန်လည်ချိတ်ဆက်ခြင်း" ချင်းမိုင် စကားဝိုင်း _____________________________ မနက်ဖြန်ကစပြီး ချင်းမိုင်တက္ကသိုလ်က စီစဉ်တဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာ့အရေးလေ့လာသူများ ညီလာခံ(ICBMS)ဟာ စတင်တော့မှာဖြစ်ပါတယ်။ ဆက်စပ်အစီအစဉ်အနေနဲ့ ICBMS ကိုတက်ရောက်လာတဲ့ အကယ်ဒမစ်လေ့လာသူတွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေအကြား အသိပညာရဲ့ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုတွေကို ပြန်လည်ဆင်ခြင်နိုင်ဖို့အတွက် လေးမျက်နှာနဲ့ Newburma အဖွဲ့တို့ ပူးပေါင်းပြီးလည်း လာမယ့် စနေနေ့နဲ့ တနင်္ဂနွေနေ့ ညနေခင်းတွေမှာ အောက်ပါအတိုင်း စကားဝိုင်းတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပထမရက်၊ စနေနေ့မှာတော့ ပြီးခဲ့တဲ့ငါးနှစ်တာကာလအတွင်းက အကယ်ဒမစ်ဂေဟစနစ်ကို ပြန်လည်သုံးသပ်သွားမှာဖြစ်ပြီး နောက်ဆုံးရက်၊ တနင်္ဂနွေနေ့မှာတော့ လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်စေမယ့် သုတေသနတွေဖြစ်လာအောင် ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတာကို ဆန်းစစ်လေ့လာသွားမှာဖြစ်ပါတယ်။ ညနေခင်းစကားဝိုင်းတွေဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး ပွင့်ပွင့်လင်းလင်းနဲ့ ရင်ဖွင့်ပြောဆိုနိုင်တဲ့ ရပ်ဝန်းတခုဖြစ်ဖို့ ရည်ရွယ်ပါတယ်။ ICBMS ပွဲကို တက်ရောက်ရင်းနဲ့အပြန်မှာ ဝင်ရောက်တာမျိုးဖြစ်စေ၊ ဒါမှမဟုတ် ဒီအကြောင်းအရာကို စိတ်ဝင်စားလို့ တက်ရောက်လိုတာမျိုးဖြစ်စေ ပါဝင်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ပွဲမှာတော့ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ Saturday(15 August) https://www.facebook.com/share/1GTr1kXYb9/ Sunday(16 August) https://www.facebook.com/share/1C3dTpsjrh/ Registration - https://forms.gle/wJMmWGvUf6wr9NAJ8 #knowledge #community #four_corners #new_burma
без подписи
လူငယ်တွေရဲ့ခေတ် ဘယ်တော့ရောက်မလဲ လေးမျက်နှာစကားဝိုင်း ဆွေးနွေးပွဲအသံဖိုင် နားထောင်နိုင်ပါပြီ
"မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အသိပညာထုတ်လုပ်မှုပုံစံကို ဆန်းစစ်ခြင်း" လေးမျက်နှာစကားဝိုင်းမှ စကားဝိုင်းအပြည့်အစုံအားနားထောင်ရန် https://t.me/c/2169938739/1050 #အသိပညာထုတ်လုပ်မှု #မြန်မာ့လူ့အဖွဲ့အစည်း #fourcorners
без подписи
လူငယ်တွေရဲ့ခေတ် ဘယ်တော့ရောက်မလဲ (လေးမျက်နှာစကားဝိုင်း) (သြဂုတ် ၁၂ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်) ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာလူငယ်တွေအနေနဲ့ ပညာရေးအခွင့်အလမ်းဆုံးရှုံးမှုမှသည် အသက်အန္တရာယ်တွေရင်ဆိုင်ရတဲ့အထိ အကြပ်အတည်းများစွာ…
လူငယ်တွေရဲ့ခေတ် ဘယ်တော့ရောက်မလဲ (လေးမျက်နှာစကားဝိုင်း) (သြဂုတ် ၁၂ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်) ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာလူငယ်တွေအနေနဲ့ ပညာရေးအခွင့်အလမ်းဆုံးရှုံးမှုမှသည် အသက်အန္တရာယ်တွေရင်ဆိုင်ရတဲ့အထိ အကြပ်အတည်းများစွာ တွေ့ကြုံနေရတဲ့အပြင် အခုဆိုရင် စစ်အုပ်စုအပါအဝင် လက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ အတင်းအကြပ်စစ်မှုထမ်းဆွဲမှုတွေကြောင့်ပါ နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ တဖက်မှာလည်း စီးပွားရေးနဲ့ ပညာရေးစနစ် ချိနဲ့မှုတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေရှားပါးနေသလို မူးယစ်ဆေး၊ လောင်းကစားနဲ့ ကျားဖြန့်တို့ရဲ့ လွှမ်းမိုးမှုတွေကလည်း လူငယ်တွေရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေပါတယ်။ နွေဦးတော်လှန်ရေးမှာလည်း လူငယ် Gen Z တွေကို ဦးဆောင်သူတွေလို လူအများက ပုံဖော်ပြောဆိုနေကြပေမယ့် ပြီးခဲ့တဲ့ငါးနှစ်ကိုပြန်ကြည့်တဲ့အခါ နယ်ပယ်အသီးသီးရဲ့ ဦးဆောင်မှုအပိုင်းမှာ လူငယ်တွေရဲ့ ပါဝင်မှုဆိုတာ အကန့်အသတ်များစွာရှိနေကြပါတယ်။ အမှန်တကယ်တော့ သမိုင်းအဆက်ဆက်မှာ လူငယ်တွေဆိုတာ အစွဲနည်းပြီး စိတ်ကူးသစ်၊ အကြံဥာဏ်သစ်တွေကို ရဲရဲဝံ့ဝံ့ သယ်ဆောင်တတ်ကြတာကြောင့် လူ့အဖွဲ့အစည်းရဲ့ အပြောင်းအလဲဖော်ဆောင်တဲ့နေရာမှာ အရေးပါလှပါတယ်။ ဒါကြောင့် အခုအပါတ် စကားဝိုင်းမှာတော့ ၁။ နိုင်ငံအဝှမ်းဖြစ်နေတဲ့ မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေကြားမှာ လူငယ်တွေ ဘယ်လိုရုန်းကန်လှုပ်ရှားနေကြလဲ။ ၂။ လူငယ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်း၊ဖြစ်မြောက်နိုင်စွမ်းရှိတဲ့အတိုင်း အောင်မြင်ပေါက်မြောက်နိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ဘာတွေလိုအပ်နေပြီလဲ။ ၃။ ဒီအရွေ့တွေကိုဖော်ဆောင်ဖို့ လူငယ်တွေကြားမှာရော အရည်အချင်းနဲ့ စုဖွဲ့မှုတွေ ရှိနေပြီလား။ စတဲ့အကြောင်းတွေကို ဆွေးနွေးသွားမှာပါ။ လူငယ်များ၊ မိဘပြည်သူများနှင့် စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။ နေ့ရက် - သြဂုတ် ၅ ရက် ဗုဒ္ဓဟူးနေ့၊ မြန်မာချိန် ည ၇ နာရီ Zoom ID – 874 4583 2200 (Password မလိုပါ) Zoom link — https://us02web.zoom.us/j/87445832200 #InternatonalYouthDay2026 #FourCornersDialogue
без подписи
အကယ်ဒမစ် သုတေသီတဦးရဲ့ တာဝန်ကဘာလဲ (လေးမျက်နှာ ချင်းမိုင်စကားဝိုင်း) လေးမျက်နှာအနေနဲ့ လာမယ့် သြဂုတ်လလယ်၊ ချင်းမိုင်တက္ကသိုလ်မှာ ကျင်းပသွားမယ့် မြန်မာ့ရေးရာလေ့လာမှု အပြည်ပြည်ဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲ (ICBMS 5) နဲ့အပြိုင် ညနေခင်းစကားဝိုင်းစီးရီတွေ ပြုလုပ်သွားဖို့စီစဉ်နေပါတယ်။၊ ဒီစကားဝိုင်းစီးရီးတွေရဲ့ ရည်ရွယ်ချက်ကတော့ အကယ်ဒမစ်ရပ်ဝန်းအနေနဲ့ ကွန်မြူနတီရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့အပြင် အကျိုးလည်းပြု၊ တာဝန်ခံမှုလည်းရှိတဲ့ သုတေသနတွေကို ဘယ်လိုလုပ်ဆောင်နိုင်မလဲ၊ ဘယ်လိုမျိုး စနစ်ပုံစံသစ်တွေ တည်ဆောက်ဖို့ လိုအပ်မလဲဆိုတာကို ဆန်းစစ်လေ့လာဖို့ ဖြစ်ပါတယ်။ ဒီညနေခင်းစကားဝိုင်းတွေမတိုင်ခင် ရှေးဦးစွာ ချင်းမိုင်မြို့နဲ့ မဲဆောက်မြို့တွေမှာ အကြိုစကားဝိုင်းတချို့ကိုလည်း ပြုလုပ်သွားဖို့ရှိပါတယ်။ အခုလာမယ့် သြဂုတ်လ ၁ ရက် (စနေနေ့) မှာတော့ ချင်းမိုင်မြို့မှာ “အကယ်ဒမစ် သုတေသီတဦးရဲ့ တာဝန်ကဘာလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စကားဝိုင်းပြုလုပ်သွားမှာပါ။ အဲဒီစကားဝိုင်းမှာတော့ အကယ်ဒမစ်သုတေသီတွေအနေနဲ့ အခုလိုမျိုး ပဋိပက္ခတွေ သို့မဟုတ် နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်နေတဲ့အချိန်မှာ ဘယ်လိုမျိုး တာဝန်ယူမှု၊ တာဝန်ခံမှုတွေရှိသင့်သလဲ၊ ကွန်မြူနတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပိုပြီးကောင်းမွန်တဲ့ ထိတွေ့ဆက်ဆံမှုတွေ ဘယ်လိုတည်ဆောက်မလဲ စတာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အကယ်ဒမစ် သုတေသီများ၊ ကျောင်းသားကျောင်းသူများ၊ အရပ်ဘက်အဖွဲ့အစည်းများမှာလုပ်ကိုင်နေသူများနဲ့ တခြားစိတ်ဝင်စားသူမည်သူမဆို တက်ရောက်ဆွေးနွေးနိုင်ပါတယ်။ အချိန် - သြဂုတ် ၁ ရက် စနေနေ့ မနက် - ၁၀ - ၁၂ နာရီ နေရာ - ချင်းမိုင်၊ Some Space Gallery ၊ Old Town North Gate အနီး (https://maps.app.goo.gl/RRgCBEep6XxD9rAB6) စာရင်းသွင်းရန် - https://forms.gle/ArwNhphbTsPE2PJw7
без подписи
မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အသိပညာထုတ်လုပ်မှုပုံစံကို ဆန်းစစ်ခြင်း လေးမျက်နှာစကားဝိုင်း မှတ်တမ်းအသံဖိုင် နားထောင်နိုင်ပါပြီ
မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အသိပညာထုတ်လုပ်မှုပုံစံကို ဆန်းစစ်ခြင်း မြန်မာ့လူ့အဖွဲ့အစည်းဟာ ပြည်တွင်းစစ်နဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဒဏ်အောက်မှာ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့အပြင် ပညာရေးစနစ်ကလည်း ပျက်စီးချို့တဲ့နေတာကြောင့် ပညာရှင်တွေ၊ သုတေသီတွေရဲ့အခန်းကဏ္ဍဟာ အ…
မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အသိပညာထုတ်လုပ်မှုပုံစံကို ဆန်းစစ်ခြင်း မြန်မာ့လူ့အဖွဲ့အစည်းဟာ ပြည်တွင်းစစ်နဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဒဏ်အောက်မှာ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့အပြင် ပညာရေးစနစ်ကလည်း ပျက်စီးချို့တဲ့နေတာကြောင့် ပညာရှင်တွေ၊ သုတေသီတွေရဲ့အခန်းကဏ္ဍဟာ အကန့်အသတ်များစွာနဲ့ တိမ်မြုပ်ပျောက်ကွယ်နေပါတယ်။ ဒါ့အပြင် ကမ္ဘာမှာလည်း ဆိုရှယ်မီဒီယာနဲ့ အေအိုင်ကြောင့် အချက်အလက်တွေ ပေါများလာပေမဲ့ ဆူလွယ်နပ်လွယ်တွေသာ ဖုံးလွှမ်းနေပြီး နက်နဲတဲ့ အမှန်တရားနဲ့ ဆန်းစစ်သိမြင်မှုကို ဦးတည်တဲ့ အသိပညာဖန်တီးမှုပိုင်းမှာတော့ အားနည်းလာတယ်လို့ ထောက်ပြကြပါတယ်။ အသိပညာဟာ လူ့အဖွဲ့အစည်းရှင်သန်ရပ်တည်ဖို့အတွက် အရေးကြီးလိုအပ်တဲ့အရာဖြစ်တာနဲ့အညီ လက်ရှိဖြစ်နေတဲ့အခြေအနေတွေ၊ စနစ်ချိတ်ဆက်တည်ရှိမှုတွေကို ကောင်းစွာနားလည်မှသာ တဦးချင်းစီကနေ လူ့အဖွဲ့အစည်းအဆင့်အထိ မှန်ကန်တဲ့စဉ်းစားမှု၊ မှန်ကန်တဲ့လုပ်ဆောင်မှုတွေကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာလည်း လက်ရှိမှာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စနစ်အမျိုးမျိုး လဲပြိုမှုကနေ ရာသီဥတုဘေးအထိ အကျပ်အတည်းအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတာဖြစ်တဲ့အတွက် ဒီလိုမျိုး အကျပ်အတည်းအခြေအနေတွေကို ဖော်ထွက်ကျော်လွန်ပြီး ငြိမ်းချမ်းကောင်းမွန်တဲ့ အနာဂတ်တခုရရှိဖို့ဆိုရင် ထိရောက်ကောင်းမွန်တဲ့ အသိပညာထုတ်လုပ်စားသုံးမှုပုံစံတွေ အရေးတကြီး လိုအပ်နေပြီဖြစ်ပါတယ်။ ဒါကြောင့် အခုအပါတ် လေးမျက်နှာအစီအစဉ်မှာတော့ - ၁။ တော်လှန်ရေးကာလအတွင်း အသိပညာကို ဘယ်လိုမျိုး ထုတ်လုပ်နေခဲ့သလဲ။ ကိုယ်တိုင်ကော ဘယ်လိုမျိုး အသိပညာကို ရှာဖွေစားသုံးကြသလဲ။ ၂။ လက်ရှိရှိရင်းစွဲ အသိပညာထုတ်လုပ်မှုပုံစံတွေရဲ့ အခြေအနေနဲ့ အကန့်အသတ်များ ၃။ ဘယ်လိုမျိုး အသိပညာတွေ လိုအပ်နေပြီလဲ။ ဘယ်လိုမျိုး အသိပညာထုတ်လုပ်စားသုံးမှုပုံစံတွေကို ဖန်တီးတည်ဆောက်သင့်ပြီလဲ။ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ နေ့ရက် - ဇူလိုင် ၂၂ ရက် ဗုဒ္ဓဟူးနေ့၊ မြန်မာချိန် ည ၇ နာရီ Zoom ID – 847 9662 2660 (Password မလိုပါ) Zoom link — https://us02web.zoom.us/j/84796622660
без подписи
ဒီလို တယူသန် တစ်ဖက်ပိတ်အခြေနေတွေကြောင့်ပဲ သူ့အမြင်၊ ကိုယ့်အမြင် ဖလှယ်ပြီး ဆွေးနွေးရမယ့် အနေအထားတွေကနေ "ငါပြောတာအမှန်၊ ငါနဲ့တူတဲ့သူကသာအမှန်၊ ငါတို့ကမှန်တယ်" ဆိုပြီး အုပ်စုစိတ်နဲ့ လူမှုအကွဲအပြဲတွေ အများအပြား ကွဲပြားသွားစေပါတယ်။ အမှန်တရားဆိုတာကို ယထာဘူတ ဓမ္မဓိဋ္ဌာန်ကျကျ မမြင်ဘဲ ငါဆိုတဲ့ အတ္တနဲ့ တွဲမြင်တဲ့ အလေ့အကျင့်ဆိုး ဖြစ်ပေါ်လာစေပြီး၊ အပြန်အလှန် ဆွေးနွေးတဲ့ ဒိုင်ယာလော့စနစ်ကို ပြတ်သုန်းသွားစေပါတော့တယ်။ ဒီလို လူမှုရေး၊ နိုင်ငံရေး အခြေခံစနစ်တွေနဲ့ အလွတ်ကျက် ပညာရေးစနစ်ဆိုးတွေကြောင့် တတိယအချက်ဖြစ်တဲ့ "ငါနဲ့မတူ ရန်သူ၊ အမြင်မတူရင် ငါ့လူမဟုတ်၊ ငါ့လူမဟုတ်ရင် ငါ့ရန်သူဖြစ်လို့ တိုက်ရမယ်" ဆိုတဲ့ ရန်လိုစိတ်တွေပါ ကြီးထွားလာရပါတယ်။ ဒါကြောင့် ကိုယ့်စိတ်တိုင်းမကျတာနဲ့ တစ်ဖက်လူကို အုပ်စုဖွဲ့ တိုက်ခိုက်တာ၊ "ငါတို့ကမှန်တယ်၊ သူတို့ကမှားတယ်၊ မှားတဲ့သူတွေကို အမြစ်ဖြတ် ဆုံးမဖို့ ငါ့တို့တာဝန်ရှိတယ်" ဆိုပြီး ကြောင်သူတော်ဝါဒ (Hypocrisy) နဲ့ ပြဿနာတစ်ခုကို ရင်ဆိုင်တာတွေ ဖြစ်ပေါ်စေပါတယ်။ ဒီတော့ ရလဒ်အနေနဲ့ အချင်းချင်း ဒိုင်ယာလော့ (Dialogue) မလုပ်နိုင်တော့ဘဲ၊ ရန်လိုတိုက်ခိုက်ခြင်း၊ မယဉ်ကျေးစွာ ငြင်းခုံခြင်းတွေနဲ့ပဲ ပရိပက္ခသံသရာ အဆက်ဆက် လည်သွားစေပါတော့တယ်။ ဒီလိုမျိုး "ငါနဲ့မတူ ရန်သူ" ဆိုပြီး တစ်ဖက်ကို ဖိနှိပ်တဲ့ အခြေခံလူ့အဖွဲ့အစည်း ပုံစံငယ်တွေ (Micro-level) မှာ ကြီးစိုးလာတာနဲ့အမျှ၊ အစိုးရလိုမျိုး လူမှုအဆောက်အအုံကြီးတွေ (Macro-level) မှာပါ ဒီစိတ်ဓာတ်က လွှမ်းမိုးသွားပါတော့တယ်။ ရလဒ်အနေနဲ့ ခေတ်အဆက်ဆက် ဖိနှိပ်မှုတွေ၊ နိုင်ငံရေးအတိုက်အခံတွေ၊ အမြင်မတူတဲ့ နိုင်ငံရေးသမားတွေနဲ့ အခြားအုပ်စုတွေကို "ငါတို့ကသာ တိုင်းပြည်နဲ့ လူမျိုးအတွက် အမှန်ကန်ဆုံး လုပ်နေတာ၊ တစ်ဖက်လူတွေက ဖျက်ဆီးသူတွေ" ဆိုပြီး စာရိတ္တပိုင်းအရ အထက်စီးယူပြီး (Moral High Ground ပြုလုပ်ပြီး) ဖိနှိပ်တာတွေ လုပ်ဆောင်ကာ ၎င်းတို့ရဲ့ အသံတွေကို ပါးစပ်ပိတ် ဖျောက်ဖျက်ပစ်လိုက်ခွင့်ရသွားကြပါတော့တယ်။ ဒီလို အားလုံးပါဝင်နိုင်တဲ့ ဒိုင်ယာလော့ (Inclusive Dialogue) တွေ မလုပ်ဆောင်နိုင်တာနဲ့အမျှ လက်သင့်ရာစားတဲ့ (Cronyism/Nepotism) ဝါဒ၊ ငါနဲ့ ငါ့အသိုင်းအဝိုင်း ကောင်းစားရေးဝါဒတွေ ကြီးစိုးလာပြီး လာဘ်ပေးလာဘ်ယူမှုတွေ (Corruption) ထူပြောလာပါတယ်။ အုပ်ချုပ်ရေးစနစ်လည်ပတ်ပုံမှာလည်း ဥပဒေစိုးမိုးရေး (Rule of Law) အစား အားကြီးသူ၊ အာဏာရှိသူရဲ့ နိုင်ငံရေးအလိုဆန္ဒပေါ်ကိုပဲ အခြေပြုတဲ့ စနစ်ကြီးက လွှမ်းမိုးသွားတဲ့အတွက် ဒိုင်ယာလော့ယဉ်ကျေးမှုဟာ ပျောက်ကွယ်လုမတတ် ဖြစ်သွားရပါတယ်။ အကျိုးဆက်အနေနဲ့ ဒီအစိုးရတွေကိုယ်တိုင်ကလည်း မိမိတို့အာဏာ တည်မြဲရေးအတွက် ဒိုင်ယာလော့ယဉ်ကျေးမှုကို ဖျောက်ဖျက်ပစ်ဖို့ တွန်းအားပေးတဲ့ အခြေခံအကြောင်းရင်းတွေ ဖြစ်လာသလို ဒီလေးချက်ဟာ အချင်းချိတ်ဆက်လည်ပတ်နေတဲ့ ကွင်းဆက်တွေလို ဖြစ်လာပါတော့တယ်။ ဒါကတော့ မြန်မာပြည်မှာ ဘာကြောင့် ဒိုင်ယာလော့ (Dialogue) ယဉ်ကျေးမှု အားနည်းနေရတာလဲဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး၊ သမိုင်းနဲ့ချီပြီး တွေ့မိသလောက်ကို သုံးသပ်ကြည့်တာ ဖြစ်ပါတယ်။ ဒီအချက် (၄) ချက်ကို ပြန်ကြည့်ရင် မြန်မာ့သမိုင်းမှာ ဒိုင်ယာလော့ယဉ်ကျေးမှု အရမ်းအားနည်းနေတာဟာ သိသာတဲ့အချက်တွေ တင်မကဘဲ၊ မသိသာတဲ့ အချက်တွေလည်း အများကြီး ပါဝင်နေသလို၊ အခြေခံအဆောက်အအုံဖြစ်တဲ့ မိသားစုစနစ်ကနေပြီးတော့မှ ဒိုင်ယာလော့ယဉ်ကျေးမှုကို ဖျက်ဆီးထားတဲ့ အခြေခံတရားတွေ အားကောင်းနေတယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒိုင်ယာလော့ဆိုတာ တကယ်တမ်းတော့ နိုင်ငံနဲ့ချီပြီး၊ အဖွဲ့အစည်း အကြီးကြီးတွေနဲ့ချီပြီး လုပ်ရမယ့် အလုပ်မျိုးတင်မကဘဲ၊ သူငယ်ချင်းနှစ်ယောက်၊ အဖေနဲ့အမေ၊ သားနဲ့သမီး၊ မိသားစုတစ်ခု၊ ရပ်ကွက်တစ်ခု စတဲ့ လူမှုအဖွဲ့အစည်းရဲ့ အသေးစားပုံစံ (Micro-level) တွေကနေပြီးတော့မှ စတင်လုပ်ဆောင်ဖို့ဟာ အရမ်းအရေးကြီးတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဒီနေ့ခေတ်လို မြန်မာနိုင်ငံရဲ့ အခြေအနေမျိုးမှာ "တွေ့ဆုံဆွေးနွေးရေး" ဆိုတဲ့ ဒိုင်ယာလော့ကို မက်ခရို (Macro) အဆင့်ဖြစ်တဲ့ နိုင်ငံအကြီးအကဲတွေ အင်အားရှိသူတွေ လောက်မှာပဲ ပုံအပ်ထားပြီး၊ ရပ်ကွက်ထဲမှာ၊ မိသားစုထဲမှာ ဒိုင်ယာလော့ယဉ်ကျေးမှု လုပ်ဆောင်ဖို့ မေ့နေတာဟာ ရေရှည်မှာ မိုက်ခရိုအဆင့် (Micro-level) မှာ အဆင်မပြေရင် မက်ခရိုအဆင့် (Macro-level) မှာလည်း အဆင်မပြေနိုင်ဘူးဆိုတာကို သတိမေ့နေကြလို့ ထင်ပါတယ်။ ဒီတော့ အထက်ကနေ အောက်ကို ပြုပြင်ပြောင်းလဲဖို့ ခက်ခဲနေတဲ့ အနေအထားမျိုးမှာ အောက်ခြေကနေ အထက်ကို ပြုပြင်ပြောင်းလဲဖို့ကသာ အကောင်းဆုံးနဲ့ အခြေခံအကျဆုံး နည်းလမ်း ဖြစ်ပါတယ်။ ဒါကြောင့် ဒိုင်ယာလော့ယဉ်ကျေးမှုကို ဘယ်ကနေ စတင်တည်ဆောက်ရမှန်း မသိဖြစ်နေရင်တော့ သင့်ကိုယ်တိုင်ကနေ သင့်သူငယ်ချင်းတွေ၊ သင့်မိသားစုတွေနဲ့ပဲ အရင်ဆုံး စတင်လိုက်ပါလို့ တိုက်တွန်းအားပေးရင်း နိဂုံးချုပ်လိုက်ရပါတယ်။ ချမ်းကိုဝင်း #Dialogue #Myanmar Society #FourCorners
မြန်မာပြည်မှာ ဘာလို့ ဒိုင်ယာလော့ယဉ်ကျေးမှု ထင်သလောက် မထွန်းကားတာလဲ ဒိုင်ယာလော့ယဉ်ကျေးမှုဟာ လူ့အဖွဲ့အစည်းတစ်ခုအတွက် အင်မတန်လိုအပ်တဲ့ ယဉ်ကျေးမှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင်တော့ ဒိုင်ယာလော့ယဉ်ကျေးမှုဟာ ခေတ်အဆက်ဆက် အားနည်းခဲ့ပြီး မရှိသလောက် ဖြစ်ခဲ့တာကို တွေ့ရမှာပါ။ ဒါကြောင့်မို့လို့လည်း ဒီနေ့ဒီအချိန်အထိ အပြန်အလှန် ဆွေးနွေးမှုထက် လက်ရုံးအားကိုးတဲ့ ဗိုလ်ကျစိုးမိုးရေးဝါဒတွေ အားကောင်းနေတာ ဖြစ်ပါတယ်။ ဒီတော့ ဒိုင်ယာလော့ယဉ်ကျေးမှု မထွန်းကားမီ ဒီယဉ်ကျေးမှုကို တားဆီးပိတ်ပင်နေတဲ့ သမိုင်းနဲ့ချီတဲ့ အခြေခံအကြောင်းတရားတွေ ရှိနေမလားဆိုတာကို ဉာဏ်မှီသမျှ စဉ်းစားဆွေးနွေးကြည့်ချင်ပါတယ်။ ဒါတွေကတော့ - ၁။အထက်အောက် ယဉ်ကျေးမှု ကြီးစိုးတာ ၂။ အလွတ်ကျက် ပညာရေးစနစ် အားကောင်းတာ ၃။အမြင်မတူမှုကို ရန်သူဟု သတ်မှတ်တာ ၄၊။သမိုင်းနဲ့ချီတဲ့ နိုင်ငံရေးနှင့်ဖိနှိပ်မှုတွေ အားကောင်းတာတွေဖြစ်ပါတယ်။ ပထမဦးဆုံးတစ်ချက်ကို ပြောရရင် သမိုင်းစဉ်တစ်လျှောက်မှာ ဖိုဝါဒ ကြီးစိုးချင်တဲ့အတွက် အိမ်ထောင်စုတစ်ခုမှာ အဖေဟာ အပြီးသတ် ဆုံးဖြတ်ချက်ချနိုင်သူ ဖြစ်ခဲ့ပြီး အဖေပြောသမျှကိုပဲ နာခံရမယ်ဆိုတဲ့ အလေ့အထကြောင့် သားသမီးတွေနဲ့ ဇနီးဖြစ်သူတို့မှာ ပြန်ပြောခွင့် မရှိခဲ့ပါဘူး။ ဒီလို ဖိုဝါဒကြီးစိုးမှုဟာ ဒီအသေစား (ပုံသေကားကျ) လူမှုဖွဲ့စည်းပုံစံမှာ ကြီးစိုးနေခဲ့တာ နှစ်ထောင်ချီခဲ့သလို၊ အကျယ်စား နိုင်ငံရေးအဖွဲ့အစည်းပုံစံမှာလည်း အဲံဒီခေတ် နိုင်ငံအများစု နည်းတူ လွှတ်တော်နိုင်ငံရေးထက် တသွေး၊ တသံ၊ တမိန့် ဘုရင့်အာဏာကို နာခံရတဲ့စနစ်က ၁၉ ရာစုအထိ ရှိနေခဲ့တာပါ။ ပုဂံခေတ်မှာ လွှတ်တော်စနစ် ပေါ်ပေါက်ခဲ့တယ်ဆိုပေမဲ့ ဒါဟာ မင်းမျိုးမင်းနွယ် အချင်းချင်း တိုင်ပင်တဲ့ သဘောလောက်သာ ဖြစ်ပြီး၊ ကုန်းဘောင်ခေတ် လွှတ်တော်ဆိုတာကလည်း ပြည်သူလူထုအတွက် အလုပ်လုပ်ပြီး တိုင်းပြည်ရေးရာတွေကို ဆုံးဖြတ်ချက်ချ ဥပဒေပြုတာထက် ဘုရင် အမိန့်ချသမျှ ဘုရင့်အလိုကျကို အကောင်အထည်ဖော်ရတဲ့ ဗျူရိုကရေစီ ယန္တရားပုံစံသာ ဖြစ်ပါတယ်။ ဒါကို နှစ်ထောင်စုနဲ့ချီပြီး ခံစားခဲ့ရတဲ့နောက်မှာတော့ အပြန်အလှန် ဆွေးနွေးခြင်းထက် အထက်အောက် စကားပြောရမယ်ဆိုတဲ့ အသိတရား၊ အထက်ကပြောသမျှ အောက်ကလူက နာခံရမယ်ဆိုတဲ့ အသိစိတ်က မျိုးဆက်နဲ့ချီပြီး စွဲမြဲသွားပါတော့တယ်။ မြန်မာ့စကားပုံအရ "ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား" ဆိုတဲ့ ယဉ်ကျေးမှု ရှိပေမဲ့၊ ဒီယဉ်ကျေးမှုမှာ လေးစားမှုဆိုတာ အသက်အရွယ်အရဖြစ်စေ၊ လူမှုအဆင့်အတန်းအရဖြစ်စေ ကိုယ့်ထက် အထက်ကလူတွေနဲ့တန်းတူလူတွေအပေါ်မှာပဲ သက်ရောက်ပြီး ကိုယ့်ထက်ငယ်တဲ့သူတွေအပေါ်မှာတော့ အထက်စည်းကနေပြီး "သနား" ရတဲ့ ပုံစံမျိုး ဖြစ်သွားပါတယ်။ ငယ်တဲ့သူတွေကို အရေးတယူနဲ့ အတူတူ ဆွေးနွေးရမယ့် အုပ်စုအဖြစ် မမြင်တော့ပါဘူး။ "ကြီးသူကိုရိုသေ" ဆိုတဲ့ နေရာမှာလည်း အသက်ကြီးတာနဲ့အမျှ လူမှုအဖွဲ့အစည်းမှာ ကိုယ့်ထက်ကြီးတဲ့သူတွေရဲ့ စကားကို တသွေမတိမ်း လိုက်နာရမယ်ဆိုတဲ့ အထက်အောက်ကြီးစိုးမှု အော်တိုကရေစီ (Autocracy) ယန္တရားကို အခြေခံကျကျ အမြစ်ခိုင်ခိုင် ဖြစ်ပေါ်လာစေခဲ့တာ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ဖြစ်တဲ့ အလွတ်ကျက်ပညာရေးစနစ် အားကောင်းတဲ့အကြောင်းကို ပြောရရင်လည်း မြန်မာနိုင်ငံရဲ့ ပညာရေးမှာ စာတတ်တဲ့သူ အရေအတွက် သမိုင်းနဲ့ချီပြီး များပြားခဲ့တယ်ဆိုတာ အနောက်တိုင်းက ပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံကို စတင်ရောက်ရှိလာတဲ့အချိန်မှာ ရေးသားခဲ့ကြတဲ့ မှတ်တမ်းတွေအရ ငြင်းမရတဲ့ အချက်ပါပဲ။ သို့သော်လည်း "ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါး" သလိုမျိုး စာကို အလွတ်ရနေရမယ်ဆိုတဲ့ စနစ်နဲ့ပဲ သွားခဲ့တယ်ဆိုတဲ့ အချက်က အဓိက ဖြစ်ပါတယ်။ ဗုဒ္ဓဝါဒမှာ ဗုဒ္ဓကိုယ်တိုင် ဟောကြားခဲ့တဲ့ မသိတာတွေကို ဆရာ၊ တပည့်အချင်းချင်း ဆွေးနွေးကြရတာဟာ လုပ်သင့်လုပ်ထိုက်တဲ့ အပြုအမူဆိုပြီး တရားတော်ထဲမှာ ရှိနေပေမဲ့လည်း၊ တစ်ဖက်မှာ ပါဠိလိုမျိုး တရားတော်တွေကို "၏၊ သည်" မရွေ့ မှန်ကန်အောင် နှုတ်ထွက်ဆောင်ထားရမယ်၊ သင်အံထားရမယ်ဆိုတဲ့ စနစ်ကြောင့် Critical Thinking (ဝေဖန်ပိုင်းခြား စဉ်းစားနိုင်စွမ်း) အားနည်းခဲ့ပါတယ်။ ဒါဟာ ဘုရင့်လက်ထက်မှာ ပြောစရာ သိပ်ကိစ္စမရှိပေမဲ့ လွတ်လပ်ရေးရပြီး ခေတ်ပညာရေးစနစ်မှာပါ ရာစုနှစ်တစ်ခုနီးပါး ကြာလာတဲ့အထိ ဒီစနစ်ကြီး ကြီးစိုးနေတာတွေဟာ ဝေဖန်သုံးသပ်မှုထက် တစ်ဖက်ပိတ် (ငါသိတာကိုသာ အမှန်ထင်တဲ့) စနစ် အခြေခံစိတ်ဓာတ်ကို ရိုက်သွင်းပေးသလို ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် တယူသန် တစ်ဇွတ်ထိုး ခေါင်းမာဂိုဏ်းသားတွေကို စက်ရုံကနေထုတ်သလိုမျိုး မျိုးဆက်နဲ့ချီပြီး အများအပြား ထုတ်လုပ်ပေးခဲ့တာလည်း ပါဝင်ပါတယ်။
без подписи
без подписи
▪️မေးခွန်း စာအုပ်ထဲမှာဆိုရင်လည်း ဗမာလူမျိုးတွေအနေနဲ့ လူမျိုးစုအမှတ်သရုပ်ကိုအခြေပြုပြီး နိုင်ငံတော်ကို တည်ဆောက်တာကို ရပ်တန့်ပြီး တာဝန်ခံခွဲထုတ်ခြင်း(Accountable Decoupling) လုပ်ဖို့ တိုက်တွန်းထားတယ်။ ဆိုတော့ ဒါက တနိုင်ငံလုံးအဆင့် လူမျိုးစုအားလုံးအနေနဲ့ လူမျိုးစုတခုတည်းရဲ့ အမှတ်သရုပ်ကို အခြေခံပြီး နိုင်ငံတော်တည်ဆောက်ရေးစီမံကိန်းတွေလုပ်နေတာကို ရပ်တန့်ခွဲထုတ်ဖို့ တိုက်တွန်းချက်ဖြစ်မလား။ ဒါမှမဟုတ် ဗမာတွေကပဲ စတင်လုပ်ပြီး ယုံကြည်မှုတည်ဆောက် လမ်းကြောင်းဖော်ဖို့ လိုမလား။
ဗမာဇာတ်သွင်းခြင်းပုစ္ဆာ (စာအုပ်မိတ်ဆက်ဆွေးနွေးပွဲ) မှတ်တမ်းအသံဖိုင် နားထောင်နိုင်ပါပြီ