- Последний пост
- 5 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 621
- 1/48двое суток
- 711
- 1/72трое суток
- 767
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
“As analyzed by the prominent Burmese writer and analyst Min Thayt, the military leadership has learned a harsh lesson from the era of President Thein Sein. During that period, the relaxation of restrictions and the temporary release of Aung San Suu Kyi allowed her and the National League for Democracy to regain political momentum, a move the military now regards as a catastrophic error. Consequently, the current regime has adopted a hardline stance, refusing to entertain any leniency or steps toward genuine democratization that could threaten their supremacy.” “Min Thayt’s analysis reveals that the military treats Aung San Suu Kyi not merely as a prisoner but as a source of ‘strategic uncertainty.’ By keeping her status ambiguous and controlling information about her well-being, the junta creates a psychological tool to manipulate both domestic and international audiences.” https://english.shannews.org/archives/30035?fbclid=IwdGRjcATgCvNjbGNrBOAJ82V4dG4DYWVtAjExAHNydGMGYXBwX2lkDDM1MDY4NTUzMTcyOAABHlxN7pkYJ2tKzzKOF8gZ1PXopBgyaaRrw_VtIDAvT6W8Xd6TEwdKCwaK8FYa_aem_2yPflivAkg3tBsUEDt6MeA
ဒေါ်အောင်ဆန်းစုကြည်ကဒ် ဘယ်လောက်အလုပ်ဖြစ်သလဲ ဆိုတဲ့ ဆောင်းပါးနဲ့ တွဲဖတ်ကြည့်ရန်၊ pdf file ဖြစ်ပါတယ်။
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
■ ၅။ ကြိုက်သော်ရှိ / မကြိုက်သော်ရှိ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးဇာတ်ခုံပေါ် ပြန်တက်လာခွင့် ရတာ မရတာ အပထား၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အပေးအယူနိုင်ငံရေးအတွက် အင်မတန် အဖိုးတန်တဲ့ ကဒ်တစ်ခုဖြစ်နေသေးတယ်ဆိုတာ သိသာထင်ရှားပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ တပ်အင်စတီကျူးရှင်းရဲ့ အကျိုးစီးပွားကို ဆက်လက် ထိန်းသိမ်းကာကွယ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်စုံတစ်ရာ အသုံးတည့်နေနိုင်တယ်လို့ ယူဆတာတွေလည်း ရှိနိုင်ပါတယ်။ တကယ်တော့ မြန်မာစစ်ဗိုလ်ချုပ်တွေ စိတ်မလုံမခြုံဖြစ်တာက - ဒေါ်အောင်ဆန်းစုကြည်သာ တပ်အင်စတီကျူးရှင်းရဲ့ အကျိုးစီးပွားနဲ့ ဖီလာဆန့်ကျင်ဘက်မှာ ဖြစ်နေမယ်ဆိုရင်၊ ဘယ်လို လုပ်မလဲဆိုတဲ့ မလုံခြုံမှုဖြစ်ပါတယ်။ ပြီးစီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစစ်ဗိုလ်ချုပ်တွေကြားထဲမှာ ဒီစိတ်မလုံခြုံမှုကို အတော်အတန် ဇက်ပိုးသပ်နိုင်အောင် လုပ်ဖို့ သတိရှိခဲ့တာ တွေ့ရပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေမှာ ချွတ်မရတဲ့ အစွဲတွေလည်း ရှိနေပါတယ်။ အဲဒါကတော့ အမြဲတမ်းလိုလို authoritarian regime အထိုင်ကနေ အသေထိုင် စဉ်းစားတဲ့ လော့ဂျစ်မျိုးတွေပါ။ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ အတိုက်အခံအင်အားစုတွေကို ဖိဖို့၊ ထိန်းချုပ်ဖို့၊ နှိပ်ကွပ်ဖို့၊ ချောင်ကုတ်နေစေဖို့သာ ဆန္ဒရှိနေပါတယ်။ အတိုက်အခံအင်အားစုကို အာဏာခွဲဝေပေးဖို့ စဉ်းစားလေ့မရှိပါဘူး။ သူတို့ လက်အောက်မှာ နေရင်နေ။ သို့မဟုတ် ထားရာနေ စေရာသွား၊ ခေါ်ရင်သွား ခိုင်းရင်လုပ် ခံမပြောနဲ့ ဆိုတဲ့ “ခသုံးလုံး” အယူအဆသေက လွှမ်းမိုးနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ရင်၊ မြန်မာစစ်ဗိုလ်ချုပ်တွေမှာ စိတ်မလုံခြုံမှုလည်း ရှိနေတယ်။ သံသယလည်း ရှိနေတယ်။ ကြောက်စိတ်လည်း ရှိနေပါတယ်။ ဒါ့ကြောင့် ကျားကို အတောင်တပ်ပေးသလို မဖြစ်ဖို့၊ အထူးသတိထားကြဟန်တူပါတယ်။ ■ ၆။ မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ "အောင်ဆန်းစုကြည်ကဒ်" ကို ဘယ်လိုနည်းဗျူဟာမျိုးနဲ့ အသုံးပြုသည် ဖြစ်စေ၊ အင်မတန်မှ ပြောင်းလဲ သွေဖီဖို့ ခက်တဲ့ ကိစ္စ တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ - ဒီဆောင်းပါးအစမှာ ကျနော် ရေးသားတင်ပြခဲ့တဲ့ "ကျားကို အတောင်တပ်မပေးရေး" ကိစ္စဖြစ်ပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ "အောင်ဆန်းစုကြည်ကဒ်" ကို ဘယ်သို့သော နည်းဗျူဟာမျိုးနဲ့ ချဉ်းကပ်ကျင့်သုံးသည်ဖြစ်စေ နောက်ထပ် ဒုတိယံမ္ပိ ကျားကို အတောင်တပ်ပေးတဲ့ လုပ်ရပ်မျိုး အဖြစ်မခံတော့ဘူးဆိုတာ - တိတိပပ ပြောနိုင်ပါတယ်။ ဒါ့အပြင် "အောင်ဆန်းစုကြည်ကဒ်" ကို၊ မြန်မာစစ်တပ်ရဲ့ အကျိုးစီးပွားနဲ့ ယှဉ်ပြီး အသုံးချတာမျိုးသာ လုပ်ဖို့ စိတ်ကူးကြံစည်တာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ လက်ထဲမှာ သိမ်းထားရင်၊ ပိုပြီး လုပ်ခွင့်ကိုင်ခွင့် သာတယ်လို့ မြန်မာစစ်ဗိုလ်ချုပ်တွေက တွက်ဆဟန်ရှိပါတယ်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနဲ့ ပေးတွေ့လိုက်ရင်၊ သို့တည်းမဟုတ် သူ့အုပ်စုတွေနဲ့ လွှတ်ပေးလိုက်ရင်၊ မြန်မာစစ်တပ်ဟာ ထိန်းလို့ မရဘူးဆိုတာဟာ - ရှေ့ဦးက သက်သေ သင်ခန်းစာနဲ့ ကြုံခဲ့ပြီးဖြစ်နေပါတယ်။ တကယ့်လက်တွေ့မှာလည်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ပေး,လွှတ်လိုက်ရင် တော်ရုံနဲ့ ထိန်းလို့ မနိုင်ဘူးဆိုတာကို မြန်မာစစ်ဗိုလ်တွေက နားလည်ထားခဲ့ပြီးပါပြီ။ ဒါ့ကြောင့် ဒီဆောင်းပါးကို အနှစ်ချုပ်ရင် --- ■ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ရင် သူတို့ ထိန်းချုပ်ဖို့ အင်မတန် ခက်ခဲတာကြောင့်၊ ယခင်လို ပေး,လွှတ်လိုက်တာမျိုး၊ ထပ်မံ လုပ်ဆောင်ဖို့ အင်မတန်မှတ် တွန့်ဆုတ်သွားပြီ ဆိုတာကို တွေ့ရပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး/မပေးဆိုတာ လူသားချင်းစာနာမှုထက် မြန်မာစစ်တပ်ရဲ့ Strategic Interest ပေါ်မှာ မူတည်တယ်" ဆိုတဲ့ ယူဆချက်ဖြစ်ပါတယ်။ ■ ဒါ့အပြင် မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ဒုတိယံမ္ပိ "ကျားကို အတောင်တပ်ပေးသလို မဖြစ်ဖို့" အထူး သတိထားနေတယ်ဆိုတာကို တွေ့ရှိရပါတယ်။ ■ နောက်ဆုံးအချက်ကတော့ - "အောင်ဆန်းစုကြည်ကဒ်" ကို သုံးတဲ့အခါ၊ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ တပ်ရဲ့ အကျိုးစီးပွားနဲ့ယှဉ်ပြီးတော့သာ သုံးစွဲဖို့ လုပ်တယ်ဆိုတာတွေ့ရပါတယ်။ တပ်အကျိုးစီးပွားအတွက် "အောင်ဆန်းစုကြည်ကဒ်" ဟာ အသုံးမဝင်ဘူးဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်ကို ချောင် (ဂျောင်)ထဲမှာ ထိုးမြဲ ထိုးဆဲ လုပ်ထားမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား... မင်းသေ့ ၅ ၊ ဩဂုတ်၊ ၂၀၂၆
■ ၃။ "အောင်ဆန်းစုကြည်ကဒ်"ကို အသုံးပြုခြင်းအားဖြင့် - မြန်မာစစ်ဗိုလ်ချုပ်တွေမှာ ဘယ်လိုမျိုး အကျိုးကျေးဇူးမျိုး ရသလဲ။ နံပါတ် တစ်အချက်ကတော့ - "နိုင်ငံတကာဖိအား" ကို စီမံခန့်ခွဲဖို့အတွက် အသုံးချတာဖြစ်ပါတယ်။ နံပါတ် နှစ်အချက်ကတော့ - တော်လှန်ရေးအင်အားစုတွေကြားထဲမှာ ဝိဝါဒတွေ ကွဲပြားသွားအောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာပါ။ အထူးသဖြင့် ပြည်သူလူထုကြားထဲမှာ - လက်နက်ကိုင်လမ်းစဉ်ကို ထောက်ခံအားပေးတဲ့သူတွေနဲ့ အကြမ်းမဖက်ရေးလမ်းစဉ်ကို လိုလားလက်ခံသူတွေရယ်လို့ ယေဘုယျအားဖြင့် ယူဆနိုင်ပါတယ်။ "အောင်ဆန်းစုကြည်ကဒ်" ဟာ - ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုကြားမှာ ဘယ်ဘက်ကို ပြတ်ပြတ်သားသား လျှောက်ကြမလဲဆိုတဲ့ အယူအဆရေးရာ အချင်းများမှုကိုလည်းဖြစ်အောင် ဖန်တီးနိုင်သလို၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်လိုက်ပရိသတ်ကြားထဲမှာလည်း - အမြင်သဘောထား ကွဲလွဲမှုတွေကို ဖန်တီးအောင် လှုံ့ဆော်ပေးနိုင်တဲ့ အစွမ်းရှိနေပါတယ်။ ဒါဟာ ညီညွတ်မှုကို ဖြိုခွင်းတဲ့ နည်းဗျူဟာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ အင်အားစုနဲ့ ဗမာမဟုတ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား - အစေးကပ်မှု ကော်အားမကောင်းအောင် ဝင်ရောက်နှောက်ယှက်တဲ့အနေနဲ့ အသုံးချတဲ့ နည်းဗျူဟာတစ်ခုဖြစ်နိုင်ပါတယ်။ ဗမာမဟုတ်သောတိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေထဲမှာ၊ ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်၊ လက်မခံတဲ့ အင်အားစုအဖွဲ့တွေ အတော်များများရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစစ်တပ်ထဲက စစ်ဗိုလ်ချုပ်တွေလို မဟုတ်ပေမယ့်၊ ဗမာအထိုင်စဉ်းစားချက်နဲ့ ဗမာလူမျိုးကြီးဝါဒကို ကျင့်သုံးတဲ့ "မဟာဗမာ/မြန်မာ- အတွေးအခေါ်" ရှိတယ်လို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် အတော်များများက ယူဆလက်ခံထားတာရှိနေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် တချို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးရပ်တည်ချက်တွေဟာ ဗမာဗဟိုပြု အမျိုးသားရေး [တနည်း] Burma-centric Nationalism လက္ခဏာတွေ ရှိနေတယ်လို့ ယူဆထားချက်တွေ ရှိပါတယ်။ ဗမာတွေထဲမှာ လက်နက်ကိုင်တဲ့ ဗမာနဲ့ လက်နက်မကိုင်တဲ့ ဗမာရယ်လို့ ခွဲခြားနားလည်ထားကြပေမယ့်၊ ဗမာကျင့်ဗမာကြံ၊ ဗမာဉာဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ထဲမှာလည်း အပြည့်အဝ ပါဝင်နေတယ်လို့ လက်တွေ့နားလည်ထားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ရှိနေပါတယ်။ "အောင်ဆန်းစုကြည်ကဒ်" ဟာ - ဗမာပြည်မက ဒေါ်စုထောက်ခံတဲ့ အင်အားစုနဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားမဟာမိတ်တွေအကြား - သို့လောသို့လောဖြစ်အောင် လုပ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ■ ၄။ မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ "အောင်ဆန်းစုကြည်ကဒ်" ကို သုံးတဲ့အခါ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး တစ်ခုခုကို သေချာအောင် လုပ်လိုက်လို့ မရပါဘူး။ "မသေချာ မရေရာ ဖြစ်အောင်" ထားလိုက်ခြင်းအားဖြင့်၊ မြန်မာစစ်ဗိုလ်ချုပ်တွေအဖို့ ကစားနိုင်မှုဂွင်မှာ ပိုကျယ်ကျယ်ပြန့်ပြန့် ရှိတယ်လို့ ယူဆလို့ ရပါတယ်။ "အောင်ဆန်းစုကြည်ကဒ်" ဟာ မြန်မာစစ်တပ်အတွက် မဟာဗျူဟာမြောက်ဝှက်ဖဲ ဖြစ်အောင် လုပ်နိုင်လေလေ၊ - မြန်မာစစ်ဗိုလ်ချုပ်တွေဖက်က နိုင်ငံရေးအရ တစ်ကွက်သာအောင် အမြဲတမ်း လှမ်းနိုင်လေလေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို အမြဲတမ်း မသေချာ မရေရာအောင် -" မှန်းလို့ မရအောင်" ထား,ထားခြင်းနည်းကို ကျင့်သုံးတာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထိန်းချုပ်ခြင်း၊ [information control] လုပ်ထားပြီး၊ မြန်မာစစ်တပ်ဆန့်ကျင်ရေးအင်အားစုတွေကို "မှန်းမရအောင်" - "ဟပ်ကော့ကြီး ဖြစ်အောင်" လုပ်ပြီး၊ manipulate လုပ်တာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဦးစားပေးလုပ်ချင်တဲ့ အုပ်စုတွေနဲ့ စစ်အာဏာရှင်စနစ် တစ်ခုလုံး ဖျက်သိမ်းနိုင်ရေးအတွက် ဦးတည်လုပ်ဆောင်တဲ့သူတွေကြားထဲမှာ မဟာဗျူဟာ ဦးစားပေးအတွက်အချက် - ဒွိဟဖြစ်အောင် လုပ်ဖို့ "အောင်ဆန်းစုကြည်ကဒ်" ကို သုံးတာတွေ့ရပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို မသေချာ မရေရာအောင်ထားတယ်" ဆိုတာဟာ ဘာကြောင့်ဖြစ်ပါသလဲ။ ဒါဟာ “Strategic Uncertainty” အတွက်လို့ ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး၊ ပြည်သူလူထုအကြားမှာရော - တော်လှန်ရေးအင်အားစုအကြားမှာပါ “သို့လောသို့လော” ဖြစ်နေမှ၊ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ရည်ရွယ်ချက်ကို ပိုပြီး အကျိုးသက်ရောက်မှု ကြီးစေပါတယ်။ သေချာနေပြီဆိုရင်၊ ဒါဟာ ကစားလို့ ရတဲ့ ကဒ် တစ်ခု မဟုတ်တော့ပါ။ မသေချာ မရေရာအောင် လုပ်ထားမှသာလျှင်၊ မဟာဗျူဟာ ကစားကွက်အတွက် ဂွင်ကျယ်ကျယ် ဖန်နိုင်မှာဖြစ်ပါတယ်။ ဒါ့အတွက် မဟာဗျူဟာမြောက် မသေချာ မရေရာဖြစ်မှုကို ဖန်တီးပြီး၊ ဖန်ခွက်ထဲက ပုရွက်ဆိတ်တွေကို လှုပ်ပေးနိုင်စွမ်း ရှိတာဖြစ်ပါတယ်။
"အောင်ဆန်းစုကြည်ကဒ်" ဘယ်လောက် အလုပ်ဖြစ်သလဲ ____________________________________________ ■ ၁။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး၊ မြန်မာစစ်ဗိုလ်ချုပ်တွေ အစဉ်တစိုက် မမေ့မလျော့ရှိနေတဲ့ အထိုင်တစ်ခု ရှိနေတယ်ဆိုတာ ကျနော်တို့ သတိရသင့်ပါတယ်။ အဲဒါက ဘာလဲ။ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် [NLD] အပေါ် လွှတ်ပေးလိုက်တာဟာ အင်မတန် များသွားတယ်လို့ မြန်မာစစ်ဗိုလ်ချုပ်တွေက အမြဲတမ်းလိုလို တွေးလေ့ရှိတယ်။ ဒါ့ကြောင့် ဒါကို ပြန်လျော့ရမယ်လို့ အစကနဦးပိုင်းမှာ ယူဆခဲ့ကြတယ်။ ဒါပေမယ့် အခုတော့ အဲသည့်လို မဟုတ်တော့ဘူး။ အဲသည့်ထက် ပိုလွန်သွားပြီ။ အကြောင်းကတော့ အုပ်စုအငြိုးတွေနဲ့ အုပ်စုအချင်းချင်း အာဃာတက သိပ်ကြီးထွားသွားကြလို့ ဖြစ်တယ်။ ဒါ့ကြောင့် မြန်မာစစ်ဗိုလ်ချုပ်တွေဟာ - ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ယခင်လို အဖွင့်မျိုး ပြန်ပွင့်ပေါ်လှုပ်ရှားလာနိုင်အောင် အခွင့်ပေးတော့မှာ မဟုတ်ဘူးဆိုတာ နားလည်အပ်တယ်။ နောက်ထပ်တစ်ခုက - ရှေ့က စစ်ဗိုလ်ချုပ်ဟောင်းတွေ မှားခဲ့သလိုမျိုး၊ အမှားမျိုး ထပ်မမှားကြဖို့ ဆိုတဲ့ အချင်းချင်းအကြား သတိပေးချက်တွေ ရှိနေတယ်။ အဲသည့်အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ ကိစ္စကတော့ - "ကျားကို အတောင်တပ် မပေးရေး" ကိစ္စဖြစ်တယ်။ သမ္မတ ဦးသိန်းစိန်လက်ထက်က နိုင်ငံရေးဖြေလျော့မှုတွေဟာ လိုသည်ထက် ပိုခဲ့လို့၊ ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးတစ်ယောက်ကို ထိန်းမနိုင်သိမ်းမရဖြစ်လောက်အောင် - ဖြစ်စေခဲ့တယ်လို့ မြန်မာစစ်ဗိုလ်ချုပ်တွေက တွက်ဆခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ တောက်လောင်နေတဲ့ မီးခဲပါ။ ဒါကို လောင်စာနဲ့ သိုင်းဝိုင်းထိတွေ့ခွင့်ပေးလိုက်ရင်၊ မြန်မာစစ်တပ်ဟာ သူ့ရဲ့ ထိန်းချုပ် ဧရိယာထဲမှာ အလုံးစုံကို လက်လွှတ်ပေးလိုက်ရတယ်ဆိုတဲ့ သာဓက ရှိတယ်။ ဒါ့အတွက်ကြောင့်၊ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ - အတိတ်က အမှားသင်ခန်းစာကို ကောင်းစွာ ယူပြီး၊ ချင့်ချင့်ချိန်ချိန် လုပ်နေတာကို တွေ့နေရပါတယ်။ ■ ၂။ မြန်မာစစ်တပ်ရဲ့ စဉ်းစားချက်ဟာ - တပ်အကျိုးစီးပွား အထိုင်စဉ်းစားချက်ကနေ ရွေ့ပြောင်းလာတာမျိုး မရှိသေးပါဘူး။ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ၊ မြန်မာ့တပ်မတော်ရဲ့ အကျိုးစီးပွားအထိုင်ကို ပိုပြီးတော့တောင် စဉ်းစားလာသေးတယ်လို့ ပြောနိုင်ပါတယ်။ "တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်" ဆိုတဲ့ စဉ်းစားချက်အထိုင်နဲ့ တွဲဖက်စဉ်းစားနေဆဲရှိပါတယ်။ တိုင်းပြည်အတွက် တပ်မတော်က စွန့်လွှတ်အနစ်နာခံမယ်ဆိုတဲ့ အတွေးအခေါ်မျိုး၊ မြန်မာစစ်ဗိုလ်ချုပ်တွေဆီမှာ အင်မတန်မှ ပါးလျသွားပြီလို့ ပြောနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ရင်၊ ပညာရပ်ဆိုင်ရာ အသုံးတစ်ခုက [-Aung San Suu Kyi card-] ဆိုတဲ့ စကားလုံးပါ။ "Aung San Suu Kyi card" ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး မဟာဗျူဟာအရ ညှိနှိုင်းရေးအတွက် အပေးအယူကဒ် ပုံစံမျိုး သဘောထားပြီး မြန်မာစစ်ဗိုလ်ချုပ်တွေက အသုံးပြုတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ - ဒေါ်အောင်ဆန်းစုကြည်ကဒ်ဟာ မဟာဗျူဟာအတွက် bargaining chip တစ်ခုဖြစ်နိုင်တယ်။ ဒါ့အပြင် စစ်အုပ်စုရဲ့ ပီအာ (PR) အတွက် tool တစ်ခုဖြစ်တယ်။ ပြည်တွင်းက တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာဖိအားတွေကို တုံ့ပြန်ရမှာ အသုံးပြုတဲ့ leverage တစ်ခုဖြစ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အောင်ဆန်းစုကြည်ကဒ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်တုန်းကလည်း ဒါမျိုးကို အစဉ်တစိုက်သုံးခဲ့တယ်။ အခု စစ်ဗိုလ်ချုပ်တွေလည်း ဒီအသုံးအစွဲအစဉ်အလာကို ဆက်ပြီး လုပ်ကြတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက တွက်ဆတယ်။
ဤဆောင်းပါးကို pdf file ဖြင့် ဖတ်လိုက download လုပ်နိုင်ပါတယ်။
без подписи
• ဗမာတို့ဟာ ဆုပ်စူးစားရူး အဖြစ်ကနေ ရုန်းထွက်နိုင်ဖို့၊ • ထန်းလျက်ခဲ ခွေးလျက်သလို လုံးပါး မပါးဖို့၊ • ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ ဖြစ်အောင် ကျင့်ကြံကြဖို့၊ • ကျွန်းကိုင်းမှီ- ကိုင်းကျွန်းမှီ သဘောထားနဲ့ အပြန်အလှန် အမှီသဟဲပြု တည်ရှိခြင်းကို အသိအမှတ်ပြုနိုင်ဖို့ လိုပါတယ်။ ဒါမှသာ မြန်မာ့ပြည်တွင်းစစ်နဲ့ မြန်မာ့ပဋိပက္ခကို တစ်စုံတစ်ရာ ကိုယ်ရှိန်သပ်နိုင်မယ်လို့ ယူဆရပါကြောင်း…. တင်ပြလိုက်ရပါတယ် ခင်ဗျား… မင်းသေ့ ၃၀ ၊ ဇူလိုင်၊ ၂၀၂၆
မြန်မာစစ်ဗိုလ်ချုပ်တွေဟာ တိုင်းပြည်အပွင့်ကို စဉ်းစားမယ်ဆိုရင်တောင် ဒါဟာ ဒီမိုကရေစီကို ယုံလို့ ဆိုတာထက် - ဒီလို ဖွင့်လိုက်ရင်၊ တိုင်းပြည်လည်း တစ်စုံတစ်ရာကောင်းသွားမယ်၊ တပ်မတော်လည်း တစ်စုံတစ်ရာ တက်သွားမယ်၊ ငါတို့ စစ်သားတွေလည်း တစ်စုံတစ်ရာ မြင့်သွားမယ်လို့ ယူဆပြီး၊ တိုင်းပြည်ကို ဖွင့်ဖို့ စဉ်းစားခဲ့တာပဲလို့ နားလည်နိုင်ပါတယ်။ ဒီတော့ - မြန်မာစစ်ဗိုလ်ချုပ်တွေဟာ လစ်ဘရယ်အိုင်ဒီယာတွေနဲ့ နီးကပ်တယ်ဆိုတာထက် - မျိုးချစ်စိတ်၊ အမျိုးသားရေးစိတ်နဲ့ ပိုနီးကပ်တယ်လို့ ကောက်ချက်ချနိုင်တယ်။ အလားတူပဲ၊ တိုင်းပြည်အကျိုးစီးပွားနဲ့ တပ်မတော်အကျိုးစီးပွားကို ပူးတွဲစဉ်းစားပြီး စဉ်းစားလေ့ရှိတယ်ဆိုတာကို နားလည်လို့ ရတယ်။ တပ်အကျိုးစီးပွားမပါဘဲနဲ့ တိုင်းပြည်အကျိုးစီးပွားသက်သက်နဲ့ တပ်မတော်က အနစ်နာခံမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးက ဖြစ်လာမှာတော့ မဟုတ်ဘူးလို့ ယူဆရပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်အဆက်ဆက်ဟာ တိုင်းပြည်အကျိုးစီးပွားကို တပ်မတော်အကျိုးစီးပွားနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး စဉ်းစားလေ့ရှိတဲ့ အလေ့အထမျိုးတွေ့ရတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ - တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုတဲ့ စဉ်းစားချက်အထိုင်လို့ နားလည်ရပါတယ်။ မြန်မာစစ်တပ်မှာ - အမျိုးသားရေးစိတ်၊ တနည်း၊ မျိုးချစ်စိတ်၊ အမျိုးသားရေးဝါဒ ရှိတာကတော့ နီးနီးကပ်ကပ် လက်ခံလို့ ရပါတယ်။ သို့သော်လည်း တည်ဆဲ အခြေအနေက ပုံပျက်နေတဲ့ အမျိုးသားရေးဝါဒဖြစ်နေတယ်။ မျိုးချစ်စိတ်လို့ ပုံစံတပ်ပေမယ့် အုပ်စုအကျိုးစီးပွားနဲ့ ယှဉ်တဲ့ မျိုးချစ်စိတ်ဖြစ်နေတယ်။ မြန်မာ့တပ်မတော်ကို နိုင်ငံရေးထဲကနေ ဖယ်ဖို့ဆိုရင် - မြန်မာစစ်တပ်ဟာ ပရော်ဖက်ရှင်နယ်တပ်မတော် ဆိုတဲ့ အယူအဆအထိုင်ပေါ်မှာ အနည်မထိုင်သရွေ့၊ နိုင်ငံရေးထဲမှာ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ တနည်းမဟုတ် တနည်း ပါဝင်ပတ်သက်ဖို့ ကြိုးစားနေမှာဖြစ်သလို၊ အခြေအနေပေးရင် မြန်မာ့နိုင်ငံရေးနဲ့ မြန်မာ့အုပ်ချုပ်ရေးစနစ်တစ်ခုလုံးကို စစ်ဘောင်နဲ့ အုပ်မိုးသွတ်သွင်းဖို့ ကြိုးစားနေကြအုံးမှာပါပဲ။ ■ မွေးရာပါ ရန်ငြိုးရန်စ ဒီမိုကရေစီနဲ့ စစ်ဟာ မွေးရာပါ ရန်ငြိုးရန်စ ရှိပါတယ်။ ဒါ့ကြောင့် တစ်သွေးတစ်သံ တစ်မိန့်နဲ့ ဖွဲ့စည်းထားတဲ့ တပ်အင်စတီကျူးရှင်းကို - ဒီမိုကရေစီစနစ်ထဲ သွတ်သွင်းတာထက် - တပ်ဟာ တပ်နေရာမှာပဲ ပရော်ဖက်ရှင်နယ်ပီပီသသ ရှိရမယ်ဆိုတဲ့ အယူအဆကို တင်သွင်းရင် ပိုပြီး နီးစပ်တယ်၊ ပိုပြီး လက်တွေ့ကျတယ်လို့ ယူဆပါတယ်။ နောက်တစ်ခုက မြန်မာစစ်ဗိုလ်ချုပ်တွေကို ဒီမိုကရေစီရဲ့ ကောင်းကျိုးနဲ့ မဲဆွယ်စည်းရုံးသိမ်းသွင်းတဲ့ ချည်းကပ်ပုံထက် -၊ တပ်ခေါင်းဆောင်တွေဟာ ဒီမိုကရေစီကို ယုံတာ / မယုံတာ အပထား၊ တိုင်းပြည်နဲ့ လူထုကို လစ်ဘရယ်ဓလေ့ ဒီမိုကရေစီကျင့်ထုံးနဲ့ အပ်အပ်စပ်စပ်ဖြစ်အောင် လုပ်တယ်ဆိုရင်၊ တိုင်းပြည်က ပိုကောင်းလာမယ်၊ ပိုတက်လာမယ်၊ ပိုကျယ်ပြန့်လာမယ်ဆိုတာကို ဆွယ်ဖို့ ဖြစ်တယ်။ ဒါဟာ မျိုးချစ်စိတ်ဓာတ်ခံ သန့်သန့်စင်စင် မကိန်းအောင်းနေသေးတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အနီးကပ်ဆုံး ဘာသာစကားဖြစ်မယ် ထင်ပါတယ်။ ဒါပေမယ့် အခု ကျနော်တို့ ကြုံတွေ့နေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကတော့ - ဒါတွေအားလုံးနဲ့ ပြောင်းပြန်သဘောတွေ သက်ရောက်ကုန်တဲ့ အခြေအနေရှိပါတယ်။ ■ အပြိုင်ဖယ်ရှားရေး အယူအဆ အခု ဖြစ်နေတဲ့ အခြေအနေဟာ “ဆန့်ကျင်ဘက် အင်အားစုတွေ အပြိုင်ဖယ်ရှားရေး” ဖြစ်ပါတယ်။ အရပ်သားနိုင်ငံရေးနယ်ပယ်မှာလည်း ဒါမျိုးက ဖြစ်ထွန်းနေတာတွေ့ရတယ်။ လက်နက်ကိုင်လမ်းစဉ်မှာလည်း “ဆန့်ကျင်ဘက် အင်အားစုတွေ အပြိုင် ဖယ်ရှားရေး” ပဲ ဖြစ်နေပါတယ်။ မြန်မာ့တပ်မတော်နဲ့ မြန်မာစစ်တပ်အသိုင်းအဝိုင်း ကိုယ်၌သည်ပင်လျှင် “ဆန့်ကျင်ဘက်က အင်အားစုတွေ အပြိုင် ဖယ်ရှားရေး” ကို ကျင့်သုံးလုပ်ဆောင်နေတာတွေ့ရပါတယ်။ ဒီတော့ - မြန်မာ့လူမှုနိုင်ငံရေးဓလေ့မှာ အစွန်းရောက်တွေ၊ ရယ်ဒီကယ်တွေလို့ ပြောရင် အရပ်ဘက် အင်အားစုမှာလည်း အစွန်းရောက်တွေ အမြောက်အမြားပဲ၊ တော်လှန်ရေးနယ်မှာလည်း အစွန်းရောက်တွေ အမြောက်အမြားပဲ၊ မြန်မာစစ်တပ်ထဲမှာလည်း အစွန်းရောက်တွေ အမြောက်အမြားပဲ။ ဒီတော့ “ဆန့်ကျင်ဘက်အင်အားစုတွေ အပြိုင် ဖယ်ရှားရေး” ရေစီးကြောင်းကြီးထဲမှာ တစ်တိုင်းပြည်လုံးက သိလျက်နဲ့ မျောနေသလို၊ ပျော်ပျော်ပါးပါး မျောနေတာဖြစ်ပါတယ်။ ဒီအရှိန်ဟာ ဘယ်တော့ သေမလဲ မပြောတတ်ပါ။ မျိုးဆက်အလိုက် လက်ဆင့်ကမ်းရင်း၊ တစ်ပြုံလုံး ပြိုကြ ပျက်ကြမယ့် အခြေအနေလည်းရှိနေပါတယ်။ အားလုံးရဲ့ အမောဖောက်ချိန်ကို စောင့်ပြီး၊ အောင့်အီး ကြရမယ့် အခြေအနေကိုလည်း တွေ့နေရပါတယ်။ ■ အလှကိုယ်စီ အယူအဆ တကယ်တော့ ဒီမိုကရေစီဆိုတာ - “ ဆန့်ကျင်ဘက် အင်အားစုတွေ အပြိုင်ဖယ်ရှားရေး” မဟုတ်ပါဘူး။ ဆန့်ကျင်ဘက် အင်အားစုတွေဟာ သိမ်မွေ့စွာ အတူတူ ပေါင်းစည်းရေးဖြစ်ပါတယ်။ ဘယ်လို ပေါင်းစည်းမလဲ၊ ဘယ်လို ပေါင်းဖက်မလဲဆိုတာ ဘယ်လို သဟဇာတဖြစ်အောင် နေထိုင်ကျင့်ကြံကြမလဲဆိုတဲ့ ကိစ္စနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ကျနော်တို့ဟာ “အလှကိုယ်စီ” ရှိတယ်ဆိုတာကို မမြင်နိုင်ဘဲ၊ “ငါနဲ့မတူ ငါ့ရန်သူ” အယူအဆ ကြီးထွားလေလေ၊ မြန်မာ့ပဋိပက္ခဟာ တော်ရုံနဲ့ ငြိမ်းနိုင်မှာ မဟုတ်ဘဲ၊ အိပဲ့အိပဲ့နဲ့ စခန်းသွားရင်း ဇာတ်မျောကြီးဖြစ်နေမယ်လို့ ယူဆရပါတယ်။
အသေသတ်ရမယ့် မကောင်းဆိုးဝါးဟာ အင်မတန်မှ အင်အားကြီးပါတယ်။ ဒီတော့ အင်အားကြီးတဲ့ မကောင်းဆိုးဝါးကို အသေသတ်ဖို့အတွက်၊ မကောင်းဆိုးဝါးလိုပဲ အင်အားကြီးဖို့ ကြိုးစားကြပါတယ်။ မကောင်းဆိုးဝါးနဲ့ လုံးထွေးသတ်ပုတ်ရင်း၊ သူရဲကောင်းဆိုသူဟာ မကောင်းဆိုးဝါးရဲ့ ဉာဉ်နဲ့ အကျင့်အကြံ ပူးဝင်လာတာ သူ့ကိုယ်သူ သတိမထားမိပါဘူး။ နောက်ဆုံး သူရဲကောင်းဆိုသူဟာ သူ့ကိုယ်သူ ပြန်ကြည့်လိုက်ချိန်မှာတော့၊ သူကလည်း မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေတာကို တွေ့လိုက်ရတာပါပဲ။ သရဲကြီးဟာ အမွှေးပိုရှည်တယ်၊ အစွယ်ပိုရှည်တယ်။ သရဲလေးကတော့ အမွှေး ပိုတိုတယ်၊ အစွယ် ပိုတိုတယ်။ တကယ်တော့ သရဲဗီဇက ရှိတာပါပဲ။ အခုတော့ ဗမာလူထုက ဒါကို “ငါတွေ့” နဲ့ သိနေပြီလို့ ယူဆပါတယ်။ ဒါပေမယ့် ဒါက “ငပျင်း လုံ့လ တစ်ခဏ” လို၊ ဖြစ်လို့တော့ မရဘူး။ မျိုးဆက်အလိုက် ဒီရဲ့ ဘေးထွက်ဆိုးကျိုးကို လက်ဆင့်ကမ်းနိုင်မှ ဖြစ်မယ်။ အဲသည့်အတွက်၊ ဗမာတွေဟာ သမိုင်းသင်ခန်းစာထက် အမုန်းနဲ့ အငြိုးကိုပဲ ပိုမိုလက်ဆင့်ကမ်းဖို့ လုံလထုတ်မယ့် ဟန်ရှိတယ်။ ဒီတော့ ဗမာတို့ရဲ့ ပဋိပက္ခသံသရာဟာ ဒီမျိုးဆက်နဲ့ မပြီးဘဲ၊ နောက်မျိုးဆက်ထိ လက်ဆင့်ကမ်း ဆက်နွှယ်ဖို့ ရှိနေမယ် ထင်ပါတယ်။ ဒီမှာ တစ်ခု ပြောချင်တာ ရှိပါတယ်။ အဲဒါကတော့ - စစ်တပ်ဟာ နိုင်ငံရေးထဲက ထွက်ရေးဆိုတဲ့ကိစ္စပါ။ ■ နိုင်ငံရေးက ထွက်အောင် ကလှော်ထုတ်ခြင်း စစ်တပ်ကို နိုင်ငံရေးက ထွက်နိုင်ဖို့အတွက်၊ နည်းမျိုးစုံနဲ့ ချည်းကပ်ကြတဲ့ သီအိုရီတွေရှိပါတယ်။ အဲသည့်ထဲမှာ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး ဘာသာရပ်က ချည်းကပ်တဲ့ သဘောတရားတွေလည်း ရှိတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး [ဒီမိုကရက်တိုက်ဇေးရှင်း] သီအိုရီတွေကနေလည်း ချည်းကပ်ကြတာမျိုး တွေ့ရဖူးတယ်။ ဗမာအရပ်သားတွေ သမားရိုးကျ စဉ်းစားလေ့ရှိတဲ့ ပုံစံက - စစ်တပ်ဟာ နိုင်ငံရေးက ထွက်ရမယ်၊ ထို့နောက် အရပ်သား အုပ်ချုပ်ရေးအောက်မှာ ဝင်ရမယ်။ အရပ်သားအစိုးရရဲ့ အမိန့်ကို နာခံရမယ် ဆိုတာမျိုး စဉ်းစားတယ်။ တချို့ကလည်း အဲသည့်အတွက် - စစ်တပ်ကို ဒီမိုကရေစီ ယုံကြည်လာအောင် လုပ်ရမယ်ဆိုတာမျိုး စဉ်းစားတယ်။ စစ်တပ်ဟာ ဒီမိုကရေစီကို ယုံလာရင်၊ စစ်တပ်ဟာ ဒီမိုကရေစီကို ကျင့်သုံးလာတယ်ဆိုရင် - စစ်တပ်ဟာ နိုင်ငံရေးထဲ ဝင်မပါတော့ဘူးဆိုတဲ့ ချည်းကပ်မှုမျိုး စဉ်းစားကြတယ်။ ကျနော်တို့ စဉ်းစားဖို့ လိုတာက - သီအိုရီအထိုင်တွေနဲ့ ဘယ်လို ဘောင်ခတ်ပုံသွင်းမလဲဆိုတဲ့ စဉ်းစားချက်ထက် - မြန်မာစစ်တပ်ဟာ ဘယ်လို ရေခံမြေခံမျိုးရှိသလဲဆိုတာကို အရင်ဆုံး လေ့လာဖို့ လိုမယ် ထင်ပါတယ်။ အဲဒါက လွယ်သလိုလိုနဲ့ ခက်နေပါတယ်။ သိသလိုလိုနဲ့ မေ့နေသလို ဖြစ်နေပါတယ်။ အဲဒါက ကျနော် နိဒါန်းမှာ ပြောခဲ့တဲ့ မှတ်ချက်နဲ့ သက်ဆိုင်နေပါတယ်။ • “၂၀၁၀ နိုင်ငံရေးအပွင့်ဟာ၊ မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ ဒီမိုကရေစီကို ယုံလို့ ဖွင့်ဖို့ လုပ်တာထက် - ဒါလုပ်လိုက်ရင်တော့ တိုင်းပြည် ပိုကောင်းသွားနိုင်မယ် ထင်တယ်၊ ဆိုတဲ့ ယုံကြည်မှုကြောင့် လုပ်ခဲ့တာ” ဆိုတဲ့ မှတ်ချက်ပါ။ တကယ်တော့ မြန်မာစစ်တပ်ဟာ ဒီမိုကရေစီကိုလည်း မယုံပါဘူး။ မြန်မာပြည်လို သမိုင်းနောက်ခံမျိုး၊ မြန်မာပြည်လို ရေခံမြေခံမျိုးက ဆင်းသက်လာတဲ့ မြန်မာစစ်တပ်အဖို့ ဒီမိုကရေစီဖြစ်လာဖို့ ဆိုတာလည်း အင်မတန်မှ ခက်ပါတယ်။ ဆိုလိုချင်တာက - တပ်အင်စတီကျူးရှင်းတစ်ခုလုံးကို ဒီမိုကရေစီဘောင်ထဲ သွတ်သွင်းဖို့ ဆိုတာ အင်မတန်မှ ခက်ပါတယ်။ နိုင်ငံရေးဆိုတာဟာ လက်တွေ့ဖြစ်နိုင်ချေရှိတာကို လုပ်တာ ဖြစ်ပါတယ်။ ■ လစ်ဘရယ်စစ်ဗိုလ်ချုပ်များ အာဏာရနိုင်မလား ဆရာ မောင်စူးစမ်းတို့လို လူမျိုးဟာ - တပ်ထိပ်ပိုင်းခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားပြီး စာတွေ ရေးခဲ့ဖူးပါတယ်။ တပ်ထိပ်ပိုင်းခေါင်းဆောင်ထဲမှာ လစ်ဘရယ်စိတ်အခံ နည်းနည်းပါးပါးရှိတဲ့ စစ်ဗိုလ်ချုပ်မျိုးက တိုင်းပြည်ကို ဦးဆောင်ခွင့်ရပြီဆိုတဲ့တစ်နေ့၊ မြန်မာပြည် အပွင့်ကို ခံစားရမယ်ဆိုတဲ့ မျှော်လင့်ချက်။ ဆရာ မောင်စူးစမ်းက စစ်ဘက် ပါဝါ အီလစ်အလွှာကို တည်,ပြီး ပစ်ခဲ့တဲ့ လစ်ဘရယ်အိုင်ဒီယာ စာတွေ ခပ်များများရှိပါတယ်။ တပ်တစ်ခုလုံးကို လစ်ဘရယ်ဖြစ်လာဖို့ မမျှော်လင့်ဘဲ၊ တပ်ထိပ်ပိုင်းခေါင်းဆောင်ထဲက လစ်ဘရယ်အိုင်ဒီယာအခံ ရှိတဲ့သူ ခေါင်းဆောင်ခွင့်ရလာရင် မြန်မာပြည်ရဲ့ ဒီမိုကရေစီလမ်းစကို ဖော်ဆောင်နိုင်မယ်လို့ ယူဆပြီး ချည်းကပ်ခဲ့တာပါ။ ဒါကလည်း အီလစ်ချည်းကပ်မှုပုံစံအရ လက်တွေ့ကျတယ်လို့ ဆိုလို့ ရပါတယ်။ တကယ့်လက်တွေ့မှာတော့ - မြန်မာစစ်တပ်ခေါင်းဆောင်တွေထဲမှာ လစ်ဘရယ် စိတ်အခံ တစ်စုံတစ်ရာ ရှိတဲ့ စစ်ဗိုလ်ချုပ် ရှိလာဖို့ ဆိုတာဟာ - ဆောက်ဖြစ်မှ ကျောင်းဒကာ လိုဖြစ်နေပါတယ်။ ဒါပေမယ့် အဲသည့်မှာ သေချာ တစ်ခုကတော့ - တိုင်းချစ်ပြည်ချစ်စိတ်လို့ပဲ ပြောပြော၊ မျိုးချစ်စိတ်လို့ပဲပြောပြော၊ အမျိုးသားရေးစိတ်လို့ပဲ ပြောပြော၊ ဒါကတော့ ပိုဖြစ်နိုင်ပါတယ်။ ■ မျိုးချစ်စိတ်နဲ့ အမျိုးသားရေးဝါဒ