Basic Education Students & Youths Association - BESYA Central
Статистикаအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၏ Official Telegram Channel ဖြစ်ပါသည်။
- Последний пост
- 8 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 125
- 1/48двое суток
- 143
- 1/72трое суток
- 154
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ရုန်းကန်ရမှုများကြောင့် လူထုမှာ မောပန်းလာခဲ့ပြီး အပေးအယူလုပ်သည့် မူဝါဒကို ကျင့်သုံးရန် ကြိုးစားလာကြ၏။သို့သော် မိမိခေါင်းကို စနိုက်ပါဖြင့် ချိန်ထားသော စစ်တပ်ကိုမည်သည့်အခါမျှ ယုံကြည်၍မရနိုင်ကြောင်း ၁၉၉၀ ရွေးကောက်ပွဲက သက်သေပြခဲ့ပြီးပါပြီ။ ဤအချက်သည် နွေဦးတော်လှန်ရေး၏ အကြီးမားဆုံး အလှည့်အပြောင်း ဖြစ်လာခဲ့ပြီး တော်လှန်ရေးသမားတို့သည် အပေးအယူလုပ်ရန် မကြိုးစားတော့ဘဲ အာဏာရှင်ကို အာဏာရှင်၏ ဘာသာစကားဖြစ်သော လက်နက်ကိုင်ဘာသာစကားဖြင့်သာ တုံ့ပြန်ရန် ရွေးချယ်ခဲ့ကြလေသည်။ထိုသို့ တော်လှန်ရာတွင် လူတန်းစားပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အသက်တမျှ အရေးပါလာ၏။၈ လေးလုံးကာလကို ပြန်ကြည့်လျှင် လူထုလှုပ်ရှားမှုများတွင် တော်လှန်ရေးအင်အားစုများနှင့် မီဒီယာမှ ဗမာကျောင်းသားများ၏ အခန်းကဏ္ဍကိုသာ ပုံကြီးချဲ့ပြခဲ့ပြီး ရန်ကုန်တွင် ပိတ်မိနေသော ချင်းကျောင်းသား ၄၀၀ ကျော်ကဲ့သို့သော တိုင်းရင်းသားလူနည်းစုများကို ဖယ်ကြဉ်ထားခဲ့ဖူးသည်။ ထိုသို့ ဖယ်ကြဥ်ထားမှု၏ အကျိုးဆက်အားဖြင့် စစ်တပ်မှ အခြားကျောင်းသားများကို လေယာဉ်ဖြင့် အိမ်ပြန်ရန် စီစဉ်ပေးခဲ့သော်လည်း တိုင်းရင်းသားကျောင်းသားများကိုမူ ငွေ ၃၀၀ ကျပ်စီသာထုတ်ပေး၍ လိုင်စင်မဲ့ စစ်ကားအသစ်များဖြင့် ဖိအားပေး ခေါ်ဆောင်သွားခြင်း ခံခဲ့ရလေ၏။ အခြားကျောင်းသားများကို လေယာဉ်ဖြင့် အိမ်ပြန်ရန် စီစဉ်ပေးခဲ့သော်လည်း တိုင်းရင်းသားကျောင်းသားများကိုမူ ငွေ ၃၀၀ ကျပ်စီသာထုတ်ပေး၍ လိုင်စင်မဲ့ စစ်ကားအသစ်များဖြင့် ဖိအားပေး ခေါ်ဆောင်သွားခြင်း ခံခဲ့ရလေ၏။ ထို့အပြင် နေ့စဉ်ကြပ်တည်းမှုများကြားမှ မိသားစုမပြိုကွဲအောင် နောက်ကွယ်မှ အသံတိတ် ရုန်းကန်ပေးခဲ့ရသော အမျိုးသမီးများ၏ ကြီးမားလှသည့် လူမှုရေးဝန်ထုပ်ဝန်ပိုးများကိုလည်း ထိုစဉ်က အသိအမှတ်ပြုရန် မေ့လျော့ခဲ့ကြသည်။ယနေ့ နွေဦးတော်လှန်ရေး ပန်းချီကားတွင်မူ ထိုအမှားကို ပြင်ဆင်နိုင်ရန် ကြိုးပမ်းလာကြပြီ။ကောင်းသည့်နေရာများကိုသာ ပုံကြီးချဲ့ပြ၍ မရဘဲ နေရာလပ်မကျန် တစ်သားတည်း တစ်ပြေးညီ ဆေးရောင်ခြယ်သနိုင်မှသာ ပန်းချီကား အသက်ဝင်မည်ကို အားလုံးက နားလည်လာကြသည်။ ထို့ကြောင့် လူများစုကြီးစိုးရေးဝါဒကို စွန့်လွှတ်၍ တိုင်းရင်းသားများနှင့် တစ်သားတည်း ရပ်တည်လာကြသလို၊ အမျိုးသမီးများသည်လည်း အိမ်တွင်းရေး ရှင်သန်မှုသက်သက်မှသည် ရှေ့တန်းအထိ ပါဝင်လာကြသည်။ ထို့အပြင် ပြည်သူလူထုသည် ယခင်ကလို မှောင်ခိုဈေးကွက်ကိုသာ အားကိုးခြင်းမျိုး မဟုတ်တော့ဘဲ၊ တော်လှန်ရေးကို ထောက်ပံ့ရန်နှင့် အာဏာရှင်၏ ဘဏ္ဍာရေးယန္တရားကို ကျော်လွှားရန် ငွေလွှဲစနစ်များနှင့် ဒစ်ဂျစ်တယ်နည်းပညာများဖြင့်ပါ လူ့အဖွဲ့အစည်းတစ်ရပ်လုံး အဆင့်မြှင့်တင် ရုန်းကန်လာနိုင်ခဲ့ကြပြီ ဖြစ်သည်။ နောက်ဆုံးအနေဖြင့် ဤပန်းချီကားကြီးကို အပြီးသတ်နိုင်ရန် ၈ လေးလုံး၏ အကြီးမားဆုံး သင်ခန်းစာတစ်ခုဖြစ်သည့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို အဆုံးသတ်နိုင်ခဲ့ခြင်းကလည်း အရေးပါလှပေသည်။လူတစ်ဦးတစ်ယောက်တည်းအပေါ် လုံးလုံးလျားလျား ပုံအပ်လိုက်သောအခါ ထိုခေါင်းဆောင်များသည်ပင် တော်လှန်ရေး၏ အားနည်းချက် ဖြစ်လာခဲ့ပြီး ထိုအားနည်းချက်ကို စစ်တပ်က အမိအရ ဆုပ်ကိုင်လိုက်သောအခါ လှုပ်ရှားမှုကြီး ပြိုလဲသွားခဲ့ရလေ၏။ သို့သော် ယနေ့ နွေဦးတော်လှန်ရေးသည် မည်သည့် ခေါင်းဆောင်တစ်ဦးတစ်ယောက်၏ နောက်တွင်မှ တန်းစီနေခြင်း မဟုတ်တော့ဘဲ စုပေါင်းခေါင်းဆောင်မှုပုံစံဖြင့် ဗဟိုဦးစီးစနစ်ကို ဖြိုခွဲထားနိုင်ခဲ့ပေပြီ။ထို့ကြောင့် ရှစ်လေးလုံး ဟူသည့် ပထမဆုံး စုတ်ချက်များသည် အားနည်းချက်များ ရှိခဲ့သော်လည်း အချည်းနှီး မဖြစ်ခဲ့ပါကြောင်း။ #BESYA #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
ရှစ်လေးလုံး (သို့မဟုတ်) မပြီးသေးသော ပန်းချီကားတစ်ချပ် ပန်းချီကားတစ်ချပ်ကို အချောသတ်ရေးဆွဲနိုင်ရန် အချိန်မည်မျှ ယူရမည်နည်း။၃ ရက်လော၊ ၃ လလော၊ သို့တည်းမဟုတ် လီယိုနာဒိုဒါဗင်ချီ၏ နောက်ဆုံးညစာ ပန်းချီကားကဲ့သို့ ၃ နှစ်လော။ပြည်သူ့အရေးတော်ပုံဟူသော ပန်းချီကားကြီးမှာမူ ယနေ့ဆိုလျှင် ၃၈ နှစ်တိုင်ခဲ့ပြီဖြစ်သော်လည်း မပြီးပြတ်သေးဘဲ ဆက်လက်ရေးဆွဲနေရဆဲပင်။ဤပန်းချီကား၏ ပထမဆုံး အစိတ်အပိုင်းဖြစ်သော ၈ လေးလုံးသည် ပန်းချီဆရာက ဘယ်သူမှ မလုပ်ခဲ့ဖူးသည်ကို စမ်းလုပ်ပြီး ဖန်တီးရသလို သေချာပေါက် မလွယ်ကူ မပြည့်စုံခဲ့ပေ။ ၃၈ နှစ်တာ ကာလအတွင်း အကြီးမားဆုံးသော အမှားတစ်ခုကို ထောက်ပြရလျှင် နိုင်ငံရေးအာဏာ အပြောင်းအလဲဆိုသည့် ပန်းတိုင်ကိုသာ အာရုံစိုက်ပြီး ပြည်သူလူထု နေ့စဉ်ရင်ဆိုင်နေရသော လူမှုရေးအကျပ်အတည်းများ၊ ကြံရာမရ ရှင်သန်ရုန်းကန်ရမှုများကို လုံလောက်စွာ ထည့်သွင်းမစဉ်းစားခဲ့ခြင်းပင်။တော်လှန်ရေးသမားများအတွက် စိတ်ကူးယဉ်အိပ်မက်များ လိုအပ်သည်မှာ မှန်သော်လည်း အစပိုင်းတွင် လူထုကို လှုံ့ဆော်ရန် သုံးခဲ့သည့် မုသားများ၊ မျှော်လင့်ချက် အတုအယောင်များအပေါ်တွင် အခြေတည်ကာ တော်လှန်ရေးကို ဆက်လုပ်သွား၍ မရနိုင်ချေ။မုသားများအပေါ် အခြေခံ၍ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်၍ မရနိုင်သလို တည်ဆောက်နိုင်ခဲ့လျှင်လည်း မုသားနိုင်ငံသာ ဖြစ်လာပါလိမ့်မည်။ ထို့ကြောင့် ယခုကဲ့သို့ ခက်ခဲကြမ်းတမ်းပြီး အချိန်ကြာမြင့်လာသည့် နွေဦးတော်လှန်ရေးကာလတွင် လူထုအား မျှော်လင့်ချက်အတုအယောင်များဖြင့် လှည့်စားရန် မသင့်တော့ဘဲ တော်လှန်ရေး၏ အသက်သွေးကြောဖြစ်သည့် ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှုကိုသာ အဓိကထား တည်ဆောက်ကာ ရှေ့ဆက်ရပါမည်။ဤသို့ ရှေ့ဆက်ရမည့် လမ်းခရီးအတွက် ၈ လေးလုံးနှစ်ပတ်လည်နေ့များတွင် ပုံမှန်အကြောင်းအရာများကိုသာ ထပ်တလဲလဲ ပြောနေမည့်အစား မိမိကိုယ်ကိုယ် ဝေဖန်သုံးသပ်ခြင်းဖြင့် စတင်ရန် လိုအပ်ပေ၏။ ၈ လေးလုံးအရေးတော်ပုံ၏ မီးပွားသည် စနစ်တကျ ပေါ်ထွက်လာခြင်းမျိုး မဟုတ်ဘဲ ၂၆ နှစ်တိုင်တိုင် ဖိနှိပ်ခံခဲ့ရမှုကြောင့် စုပုံလာသော ဒေါသနှင့် နာကြည်းမှုများ ပေါက်ကွဲထွက်လာခြင်းသာတည်း။ နိုင်ငံတော်က ချုပ်ကိုင်ထားသော စီးပွားရေးပျက်ယွင်းမှုအောက်တွင် ပြည်သူတို့သည် မှောင်ခိုစီးပွားရေးဖြင့်သာ အသက်ဆက်ခဲ့ရသည်။ ဟင်းထဲ ငရုတ်သီးပိုထည့်၍ အဆာခံခြင်း၊ ညဘက် ဝက်နားရွက်သုပ်ရောင်းကာ ဝင်ငွေရှာခြင်း စသည့် နေ့စဉ်ကြံ့ကြံ့ခံမှုများဖြင့် ရုန်းကန်ခဲ့ရသည်။ ထိုသို့သော နေ့စဉ်လူမှုရေးဒုက္ခများ၊ အသံတိတ်နာကြည်းမှုများ စုဆုံရာ လက်ဖက်ရည်ဆိုင်မှစတင်ကာ တစ်နိုင်ငံလုံးအုံကြွမှုအဖြစ် ပေါက်ကွဲထွက်လာခဲ့ခြင်းမှာ တိုက်ဆိုင်မှုသက်သက် မဟုတ်ပေ။ ထို့ကြောင့် ပါဝင်သူအများစုတွင် တာတိုပြေးပွဲဝင်မည့် စိတ်ဓာတ်များသာရှိခဲ့ပြီး တူညီရေရာသော ပန်းတိုင်နှင့် ခိုင်မာသေချာသော အယူဝါဒများ မရှိခဲ့ပေ။ လှုပ်ရှားမှုကြီး ရက်စက်စွာ ဖြိုခွင်းခံရပြီးနောက်တွင် လူ့အဖွဲ့အစည်းသည် အသံတိတ် ရှင်သန်နေထိုင်ခြင်းဟူသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ မိသားစုကို ကာကွယ်ရန်အတွက် မိဘများက သားသမီးများကို နိုင်ငံရေးမလုပ်ရန် တားမြစ်ခြင်း၊ နတ်ဗေဒင်ယတြာများတွင် ထွက်ပေါက်ရှာခြင်း စသည့် လူမှုရေးအရ ကျင့်သားရလာမှုများက ပြည်သူကို ရှင်သန်စေခဲ့သော်လည်း၊ တစ်ဖက်တွင် အာဏာရှင်သက်ဆိုးရှည်စေရန် အသက်ရှူပေါက် ပေးလိုက်သလို ဖြစ်ခဲ့ရ၏။ သို့သော် ယနေ့ နွေဦးတော်လှန်ရေးတွင်မူ ထိုအမှားကို သင်ခန်းစာယူကာ ဒေါသတစ်ခုတည်းဖြင့် ရှေ့ဆက်မလှမ်းတော့ဘဲ ဖက်ဒရယ်ဒီမိုကရေစီဟူသည့် နိုင်ငံရေးဦးတည်ချက်ကို ဆုပ်ကိုင်ထားနိုင်ခဲ့လေပြီ။တာတိုပြေးပွဲစိတ်ဓာတ်ကို စွန့်ခွာကာ မျိုးဆက်တစ်ခုလုံး ရင်းနှီးပေးဆပ်ရမည့် တာဝေးမာရသွန်ခရီးအတွက် ခိုင်မာသော စိတ်ဓာတ်ခွန်အားများကို တည်ဆောက်ထားနိုင်ခဲ့ပေပြီ။အာဏာရှင်ကို ဆန့်ကျင်ရာတွင် ဒေါသနှင့် နာကြည်းမှုများက အစပျိုးပေးနိုင်သော်လည်း အမုန်းတရားပေါ်တွင်သာ အခြေခံ၍ တော်လှန်ရေးလုပ်နေမည်ဆိုလျှင် တစ်နေ့တွင် တော်လှန်ရေးကို ထိုအမုန်းတရားကပင် ပြန်လည်ဝါးမြိုသွားပါလိမ့်မည်။ ထို့ကြောင့် တော်လှန်ရေး၏ ခိုင်မာသော အုတ်မြစ်အဖြစ် မိမိချစ်သည့် ပြည်သူ၊ မိမိချစ်သည့် မိသားစု၊ မိမိမြတ်နိုးသည့် လွတ်လပ်မှုနှင့် မိမိချစ်သည့် နိုင်ငံတော်ကို ကာကွယ်တည်ဆောက်လိုသော ချစ်ခြင်းတရားကိုသာ အစားထိုး ထည့်သွင်းရပေမည်။ ထိုချစ်ခြင်းတရားကြောင့်ပင် ယခုတော်လှန်ရေးတွင် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများက မိမိတို့ဘဝကို စတေးကာ CDM ပြုလုပ်၍ လူမှုရေးမဏ္ဍိုင်ကြီးတစ်ခုလုံး အုံကြွပါဝင်လာခဲ့ကြခြင်း ဖြစ်သည်။ မာရသွန်ခရီးကို ဖြတ်သန်းရာတွင် နောက်ထပ်သင်ခန်းစာယူစရာတစ်ခုမှာ မြို့ပြလှုပ်ရှားမှုများ၏ အားနည်းချက်ပင် ဖြစ်ပေ၏။၈ လေးလုံးကာလက မြို့ပြလူထုလှုပ်ရှားမှုကြီးအဖြစ် ဂုဏ်ယူဝံ့ကြွားခဲ့ကြသော်လည်း မြို့ပြဆိုသည်မှာ အာဏာရှင်တို့၏ စားကျက်ဖြစ်ပြီး ပိတ်ဆို့ဖြိုခွင်းရန် သိပ်အားထုတ်စရာ မလိုလှပေ။တာတိုပြေးပွဲစိတ်ဓာတ်ဖြင့် စတင်ခဲ့သော လှုပ်ရှားမှုသည် အချိန်ကြာလာသည်နှင့်အမျှ နေ့စဉ်စားဝတ်နေရေး၊ မိသားစုဝမ်းရေးနှင့် အကျင့်ပျက်ဗျူရိုကရေစီယန္တရားကြား လည်ပင်းပင်းအောင်
без подписи
ယနေ့ကျရောက်သော (၇၉) ကြိမ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံအတွက် အသက်ပေးလှူခဲ့ကြသည့် ခေတ်အဆက်ဆက်မှ အာဇာနည်များအား လေးနက်စွာ အောက်မေ့ဂုဏ်ပြုအပ်ပါသည်။ #BESYA #MartyrsDay #July19 #Myanmar #2026
"၇.၇.၆၂ မမေ့ကြနဲ့" ဆဲဗင်းဇူလိုင်အရေးခင်းသည် ယနေ့တွင် ၆၄နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ၁၉၆၂၊ ဇူလိုင်လ၊ ၇ရက်တွင် စစ်တပ်သည် ဆန္ဒပြကျောင်းသားထုကို အလွန်အမင်းအင်အားသုံး ဖြိုခွင်းခဲ့၍ ရန်ကုန်တက္ကသိုလ်နယ်မြေတွင် သွေးမြေကျခဲ့ရသည်။ ထိုမှစ၍" ၇.၇.၆၂ မမေ့ကြနဲ့" ကြွေးကြော်သံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီဖြစ်ထွန်းရေးနှင့် တရားမျှတမှုပေါ်ပေါက်ရေးအတွက် မျိုးဆက်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြရာ ဆယ်စုနှစ်၆ခုကျော်ခဲ့ပြီဖြစ်သည်။ "၇.၇.၆၂ မမေ့ကြနဲ့" ကြွေးကြော်သံသည် ကလဲ့စားချေရန်လှုံ့ဆော်ခြင်းမဟုတ်၊ "မျိုးဆက်အဆက်ဆက် မုန်းတီးနာကြည်းစိတ်တို့ မပျောက်လေနှင့်"ဟု အမုန်းတရား လက်ဆင့်ကမ်းခြင်းမဟုတ်။ သမိုင်းထဲက သွေးမြေကျခဲ့သော မျိုးဆက်တစ်ခုအကြောင်းအမှတ်ရဖို့နှင့် နောင်မျိုးဆက်သစ်တို့ ထပ်မံမကြုံကြိုက်ရလေအောင် ကြိုးပမ်းရုန်းကန်ဖို့ တိုက်တွန်းခြင်းသာဖြစ်သည်။ ဆဲဗင်းဇူလိုင်တွင် သွေးမြေကျခဲ့သော ကျောင်းသားများအပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားမှုတို့တွင်ပါဝင်ခဲ့ကြသော မျိုးဆက်ဟောင်းတို့၏ အသက်နှင့်ဘဝများ အလဟဿမဖြစ်စေရန်နှင့် နောက်မျိုးဆက်တို့ ဆဲဗင်းဇူလိုင်များကို ထပ်မံမကြုံရစေရန် ကြိုးပမ်းဖို့တာဝန်မှာ ယခုမျိုးဆက်၏တာဝန် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည် ဆဲဗင်းဇူလိုင်ကို မေ့မည်မဟုတ်။ ဆဲဗင်းဇူလိုင်အသစ်များကိုလည်း အဖြစ်ခံမည်မဟုတ်။ ဆယ်စုနှစ်၆ခုကျော် ကြွေးကြော်ခဲ့သော "ဆဲဗင်းဇူလိုင်မမေ့ကြနဲ့" ကြွေးကြော်သံကို လက်ဆင့်ကမ်းကြွေးကြော်ရင်း တရားမျှတမှုရရှိရေး၊ ဒီမိုကရေစီဖြစ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးတို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်။
без подписи
без подписи
"ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့" နိူးဆော်ချက်နှင့်ဖိတ်ခေါ်လွှာ ကမ်ပိန်းကို ထောက်ခံသဘောတူသည့် ထပ်တိုးအဖွဲ့အစည်းစာရင်း
без подписи
без подписи
без подписи
без подписи
без подписи
"ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေး နှင့် ညီညွှတ်ရေးဆီသို့" _ “စစ်အုပ်စုသာ ပြည်သူ့ရန်သူ.... ဘုံရန်သူကို ဦးတည်တိုက်ကြ” “ဘုံရန်သူကို ထိုးနှက် ၊ ရဲဘော်ချင်း ပေါင်းစပ်၊ တော်လှန်ရေးပန်းတိုင်ဆီ အတူတူချီတက်" “ညီညွတ်ရေးဟာ....အစွမ်းထက်ဆုံးလက်နက် " #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး #BESYA
без подписи
без подписи
без подписи
без подписи
Minority Of Revolution Essence - MORE MyaYar Knowledge Tree New Myanmar Foundation New Ramonya Federated Force - NRFF Progressive Labor Community Politics For Women Myanmar Revolutionary Education Phaungbyin Shwe Pyi Thar Strike Committee Sitt Nyein Pann Foundation Sister2Sister -S2S Spring Revolution Myanmar Muslim Community_SRMMC Support Group for Democracy in Myanmar (the Netherlands) Synergy Social Harmony Organization Volunteers in Myanmar Women Lead Resource Center Yangon Deaf Group Youth Empowerment 33 Society ကျောင်းသားအင်အားစုများကွန်ယက် - NSF ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် - SF/SAF ကျောင်းသားတော်လှန်ရေးတပ်တော် - SRF ကြားကာလအခြေခံပညာကျောင်းသားသမဂ္ဂများကိုယ်စားပြုကောင်စီ ဂန့်ဂေါဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ - GGWDO စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - GSC ဆိုရှယ်ဒီမိုကရက်တစ်ပါတီ - SDP တာမွေမြို့နယ်သပိတ်ကော်မတီ တိုးတက်သောမွတ်စ်လင်မ်လူငယ်အစည်းအရုံး - PMYA တောင်သူ့လွတ်မြောက်ရေးအင်အားစု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ - ဒတကသ ဒို့မြေကွန်ရက် - LIOH ဒို့မြေပြည်သူ့အကျိုးပြုအဖွဲ့ (တွံတေး) နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက် - SRIN နွေဦးတော်လှန်ရေး မြန်မာမွတ်စ်လင်မ်ကွန်ရက် - SRMMN နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ - FPPS ပဲခူးအရှေ့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ - FPPN-EB ပွင့်ဖြူလယ်ယာမြေကွန်ရက် ပွင့်ဖြူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ - PDO ပြည်သူ့လွတ်လပ်ရေးအဖွဲ့ - PIO ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/တပ်တော် - PDO/PDA ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ABFSU ဗမာနိုင်ငံလုံးဆိုင်ရာလယ်သမားသမဂ္ဂများအဖွဲ့ချုပ် - ABFFU ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - ABFTU ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ - ABWU မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ - မကတကသ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် - SYCB မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - FGWM မြန်မာမွတ်စလင် အစည်းအရုံး - BMA မြန်မာမွတ်စ်လင်မ်တော်လှန်ရေးအင်အားစု - MMRF မင်္ဂလာတောင်ညွန့်မြို့နယ်လုံးဆိုင်ရာအထွေထွေသပိတ်ကော်မတီ - MGTNGSC မျိုးဆက်-Generations မင်းလှတောင်သူများအစုအဖွဲ့ မင်းဘူးတောင်သူများအစုအဖွဲ့ ယိမ်းနွဲ့ပါး - Yain Nweh Par (Rainbow Win The Storm - RIS) ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး - AASYC ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS လူ့ဘောင်သစ်လူငယ် - YNS လီဆူလူငယ်အစည်းအရုံး - LYC လူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု - GSCN လွတ်လပ်သောလူငယ်များအစည်းအရုံး သာကေတမြို့နယ်လူငယ်သပိတ်ကော်မတီ သမိုင်းသယ်ဆောင်သူများ သံလွင် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးကွန်ရက် - TEDN အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး - အကလ အညာတောအိမ် ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများပြည်နယ်ကောင်စီ - IDNSC ဧရာဝတီမြစ်အနောက်ဖက်ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၊မကွေးတိုင်း - AWDO ဧရာဝတီမြစ်အနောက်ဖက်ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၊ငဖဲ - AWDO ၁၉၇၄/၇၅/၇၆နိုင်ငံရေးအင်အားစု (အဝေးရောက်) အမည်မဖော် - ၁ ဖွဲ့ #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
“ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့” ပူးတွဲနှိုးဆော်ချက်နှင့် ဖိတ်ခေါ်လွှာ ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဂျွန်လ (၂၈ ) ရက် လေးစားချစ်ခင်ရပါသော တော်လှန်ရေးရဲဘော်များ၊ နိုင်ငံရေးအင်အားစုများနှင့် မိဘပြည်သူတစ်ရပ်လုံးသို့ ယနေ့ မိမိတို့ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးကြီးသည် စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ပြီး ပြည်သူလူထုတစ်ရပ်လုံး ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် သမိုင်းဝင်အခွင့်အလမ်းကြီး ဖြစ်သည်။ တော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ မိမိတို့အချင်းချင်းကြားတွင် သဘောထားကွဲလွဲမှုများနှင့် ပွတ်တိုက်မှုအချို့ ရှိလာသည်မှာ ဓမ္မတာဖြစ်သော်လည်း၊ ထိုပြဿနာများအား လက်နက်အားကိုးဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာကြခြင်းသည် မိမိတို့အားလုံး၏ တော်လှန်ရေးအဟုန်ကို တန့်သွားစေနိုင်ပြီး ဘုံရန်သူ စစ်အုပ်စုကိုသာ အသက်ဆက်သွင်းရာ ရောက်ရှိသွားနိုင်ပါသည်။ တော်လှန်ရေးအဖွဲ့အစည်းများ အကြား နိုင်ငံရေးအရ တန်းတူဆက်ဆံမှုများ၊ အပြန်အလှန်လေးစား အသိအမှတ်ပြုမှုများကိုလည်း တော်လှန်ရေးကာလအတွင်းတွင်ပင် မဖြစ်မနေ လုပ်ဆောင်ရမည်ဟု ယုံကြည်ပါသည်။ သမိုင်းသင်ခန်းစာများအရ တော်လှန်ရေးအင်အားစုများ ညီညွတ်လျှင် အောင်ပွဲရပြီး၊ မိမိတို့အချင်းချင်း ညီညွတ်မှုပြိုကွဲပါက အောင်ပွဲနှင့် ဝေးကွာရတတ်ပါသည်။ ထို့ကြောင့် ယခုအချိန်သည် မိမိတို့ အားလုံး "ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေး နှင့် ညီညွှတ်ရေးဆီသို့" ဟူသော လှုပ်ရှားမှုကို မဖြစ်မနေ စတင်ရန် အရေးအကြီးဆုံး အချိန်အခါသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ မိမိတို့ အောက်ပါအဖွဲ့အစည်းများသည် ဤလှုပ်ရှားမှု၏ အခြေခံမူများကို အပြည့်အဝ ထောက်ခံ သဘောတူညီကြပြီး၊ မိမိတို့အချင်းချင်းကြား ကြုံတွေ့ရမည့် မကျေလည်မှုများကိုလည်း လက်နက်၊ အင်အားဖြင့် မဖြေရှင်းဘဲ "ညီညွတ်ရေးကို အခြေခံသည့် နိုင်ငံရေးအရ တန်းတူရည်တူ ညှိနှိုင်း ဆွေးနွေးခြင်း" နည်းလမ်းဖြင့်သာ စံနမူနာပြ ဖြေရှင်းသွားရမည်ဟု ယုံကြည်ပါသည်။ "ညီညွတ်ရေးဟာ အစွမ်းထက်ဆုံးလက်နက်" ဖြစ်သည်နှင့်အညီ ဤကမ်ပိန်းတွင် အပေါင်း လက္ခဏာ ဆောင်စွာဖြင့် အတူတကွ ပူးပေါင်းပါဝင်ပေးကြပါရန် အောက်ပါအတိုင်း လှိုက်လှိုက်လှဲလှဲ နှိုးဆော် ဖိတ်ခေါ်အပ်ပါသည် - (၁) တော်လှန်ရေးနှင့် နိုင်ငံရေး အင်အားစုများ အနေဖြင့် အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုများကို ဝိုင်းဝန်း တားဆီးကြရန်၊ ကျူးလွန်ချိုးဖောက်မှုများကို တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ကြရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနိူင်းမှုများကို အင်တိုက်အားတိုက် ဝန်းရံပေးကြရန်။ (၂) အတတ်ပညာရှင်၊ အသိပညာရှင်များနှင့် အနုပညာရှင်များအနေဖြင့် - မိမိတို့ တတ်ကျွမ်းသော ကဏ္ဍအသီးသီးမှတစ်ဆင့် ဦးတည်ချက်မပျောက်ရေး အသိပညာပေးမှုများနှင့် လှုံ့ဆော်မှုများကို လူမှုကွန်ရက်နှင့် မြေပြင်တွင် ကူညီလုပ်ဆောင်ပေးကြရန်။ (၃) မိဘပြည်သူတစ်ရပ်လုံးအနေဖြင့် - ကမ်ပိန်း၏ ကြွေးကြော်သံများ၊ ပိုစတာများနှင့် ဆောင်းပါးများကို အွန်လိုင်း/မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးခြင်းဖြင့် "ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေး နှင့် ညီညွှတ်ရေးဆီသို့" လှုပ်ရှားမှုကို လူထုဖိအားတစ်ရပ်အဖြစ် ဝိုင်းဝန်းပါဝင်ပေးကြရန်။ ဤလှုပ်ရှားမှုသည် မည်သူကိုမျှ အပြစ်တင်ရန် မဟုတ်ဘဲ၊ မိမိတို့အားလုံး စည်းလုံးညီညွတ်စွာဖြင့် ပန်းတိုင်သို့ အတူတကွ လျှောက်လှမ်းနိုင်ရန် ဖြစ်ပါသည်။ တော်လှန်ရေးရဲဘော်များ၊ မိဘပြည်သူများ အနေဖြင့် မိမိတို့ တတ်နိုင်သည့် ကဏ္ဍ၊ လွတ်လပ်သည့် ပုံစံများဖြင့် ဤကမ်ပိန်းတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာဖြင့် ဆော်ဩဖိတ်ခေါ်အပ်ပါသည်။ “စစ်အုပ်စုသာ ပြည်သူ့ရန်သူ … ဘုံရန်သူကို ဦးတည်တိုက်ကြ” “ဘုံရန်သူကို ထိုးနှက် ၊ ရဲဘော်ချင်း ပေါင်းစပ်၊ တော်လှန်ရေးပန်းတိုင်ဆီ အတူတူချီတက်" “ညီညွတ်ရေးဟာ … အစွမ်းထက်ဆုံးလက်နက်” အထက်ပါ ပူးတွဲနှိုးဆော်ချက်နှင့် ဖိတ်ခေါ်လွှာကို မိမိတို့ အဖွဲ့အစည်းများမှ သဘောတူ ထောက်ခံပါသည်။ All Kachin Students’ Federation - AKSF ASR-ASSOCIATION of SPRING RAINBOW All Burma Ulmas Union - ABUU Arakan League for Democracy - ALD Arakan Youth Peace Network Arakan CSO Network All Arakan Youth Organizations Network - AAYON Ayeyawaddy Youth Network - AYN Bago Unit Federated Force - BUFF Beyond Ah Nah Blood Money Campaign Burma Canadian Network CRPH Funding Ireland CRPH and NUG Supporters Ireland Defend Myanmar Democracy Defection & Defiance Network (D&D Network) Hlaing Democratic Network - Yangon India for Myanmar Kyauktada Strike Committee - KSC Liberal Students Youth Association - LSYA Magway Region Human Rights Network Myanmar Student Christian Movement - Magway Mandalay Regional Youth Association - MRYA