tgindex
Essential Education Center Basic Education Students & Youths Association(EEC-BESYA)

Essential Education Center Basic Education Students & Youths Association(EEC-BESYA)

Статистика

Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး၏ တရားဝင်ပြန်ကြားရေးချန်နယ်ဖြစ်ပါတယ်။

Последний пост
1 февр.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
260
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
607
20 постов
Вовлечённость
233,5%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • 1 февр.4167из besya_2021_Offical

    без подписи

  • 1 февр.3965из besya_2021_Offical

    ပူးတွဲထုတ်ပြန်ချက်တွင်ပါဝင်သည့် အဖွဲ့အစည်းများ - ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ် ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) Yangon Revolution Force (YRF) မင်္ဂလာတောင်ညွန့်မြို့နယ်လုံးဆိုင်ရာအထွေထွေသပိတ်ကော်မတီ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း တာမွေမြို့နယ်သပိတ်ကော််မတီ ကြည်မြင်တိုင်မြို့နယ်လူငယ်များသပိတ်ကော်မတီ သာကေတမြို့နယ်သပိတ်ကော်မတီ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ လှိုင်ဒီမိုကရက်တစ်ကွန်ရက် ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး - အကလ ကျောင်းသားအင်အားစုများကွန်ယက် လူ့ဘောင်သစ်လူငယ် မျိုးဆက်သစ်လူငယ်များအင်အားစု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ စီဒီအမ်ပညာရေးဝန်ထမ်းများသမဂ္ဂ လီဆူလူငယ်ကွန်ဂရက် တိုးတက်သော မွတ်စ်လင်မ် လူငယ်များအစည်းအရုံး မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု ဆန်မာတေးအိုရ်ဗမာပြည်ကျောင်းသားများအစည်းအရုံး #MilitaryCoupInMyanmar #Againstmilitaryjunta #besya #WhatsHappeningInMyanmar

  • “အ.ထ.က(၂၆) ချမ်းမြသာစည်မြို့နယ် ၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) ၃ နှစ်ပြည့်ဝမ်းမြောက်ကြောင်းဂုဏ်ပြုသဝဏ်လွှာ” သဝဏ်လွှာအမှတ် - ၁/၁၂-၂၅ ၁၃၈၇ ခုနှစ် ၊ ပြာသိုလဆန်း (၁၁) ရက် ခရစ်နှစ် ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ (၂၉)ရက် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ပြာသိုလဆန်း (၁၁) ရက်၊ ခရစ်နှစ် ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် ကျရောက်သော အ.ထ.က (၂၆) ချမ်းမြသာစည်မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)၏ (၃) နှစ်ပြည့်အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခွင့်ရသည့်အတွက် ကျွန်ုပ်တို့ Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) မှ လွန်စွာ ဂုဏ်ယူဝမ်းမြောက်မိကြောင်း ဦးစွာပဏာမပြောကြားလိုပါသည်။ ကျွန်ုပ်တို့၏ ညီနောင်မဟာမိတ် ရဲဘော်ရဲဘက်ဖြစ်သော အ.ထ.က (၂၆) ချမ်းမြသာစည်မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)သည် စတင်တည်ထောင်ခဲ့သည့်အ‌ချိန်မှစ၍ ယနေ့တိုင်အောင် မုချမသွေသောရည်မှန်းချက်များ ၊ စိတ်အားထက်သန်သောကိုယ်ရည်ကိုယ်သွေးများစွာဖြင့် လူထုအကျိုးပြုလုပ်ငန်းများ၊‌ တော်လှန်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုပန်း‌တိုင်များစွာစိုက်ထူနိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် လွန်စွာကြည်နူးပီတိဖြစ်ရပါသည်။ ခက်ခဲကျပ်တည်းသောကာလ၏ ပင်ပန်းမှုများစွာကြားထဲမှ ယခုကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲသောအဖွဲ့အစည်းကိုတည်ဆောက်ထိန်းသိမ်းနိုင်သည့် ခေါင်းဆောင်မှုအရည်အချင်းနှင့် အဖွဲ့သားများ၏စည်းလုံးညီညွှတ်မှုကိုလည်း အထူးပင်လေးစားမိပါသည်။ နောင်လာမည့်နှစ်ကာလများတွင်လည်း မလျော့သောဇွဲလုံ့လနှင့် ကြိုးပမ်းအားထုတ်မှုများဖြင့် အသစ်အသစ်သောအောင်မြင်မှုများကို ပိုင်ဆိုင်ရစေလိုကြောင်းနှင့် နိုင်ငံ့အကျိုး၊ ကျောင်းသားလူငယ်အကျိုးများကို ဆထက်တပိုး သယ်ပိုး‌ဆောင်ရွက်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။ အ.ထ.က (၂၆) ချမ်းမြသာစည်မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)၏ (၃) နှစ်ပြည့်အခမ်းအနားမှစ၍ ညီနောင်မဟာမိတ် ရဲဘော်ရဲဘက်များနှင့်အတူ ကျွန်ုပ်တို့အလိုရှိသောပန်းတိုင်ဆီသို့ အရောက်‌လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုတောင်း‌မေတ္တာပို့သရင်း ဤ သဝဏ်လွှာကို နိဂုံးချုပ်အပ်ပါသည်။ "အ.ထ.က(၂၆)ချမ်းမြသာစည်မြို့နယ် အခြေခံပညာ‌ကျောင်းသားလူငယ်များအစည်းအရုံး(အကလ) အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေ" အလုပ်အမှုဆောင်အဖွဲ့ Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) #သဝဏ်လွှာ #အ.ထ.က(၂၆) ချမ်းမြသာစည်မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) ၃ နှစ်ပြည့်ဝမ်းမြောက်ကြောင်းဂုဏ်ပြုသဝဏ်လွှာ #Essential_Education_Center_Basic_Education_Students_&_Youths_Association

  • без подписи

  • без подписи

  • "Finding Your Voice" Presentation And Public Speaking Training သင်တန်းအပ်ထားသူများအားလုံးကို Telegram မှတဆင့် ဆက်သွယ်ပြီးဖြစ်ပါသည်။ ပို့ထားပေးသော Telegram Channel အား Join ထားပေးပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ *Telegram တွင်မတွေ့ပါက Mail ထဲသို့တစ်ချက်စစ်ပေးပါ* #Reminder #Finding_your_voice #EEC_BESYA

  • "Finding Your Voice" Presentation And Public Speaking Training သင်တန်းလျှောက်လွှာကို ယနေ့ညနေ (၆) နာရီတွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ #Reminder #Finding_your_voice #EEC_BESYA

  • без подписи

  • без подписи

  • Finding Your Voice [Public Speaking Course] အများရှေ့မှာ စကားပြောရတဲ့အခါ ပြောဖို့ စဉ်းစားထားတာတွေအကုန်မေ့သွားတာ၊ အသံတုန်ပြီး စကားမဆက်နိုင်တာ ဒါမှမဟုတ် သင့်အမြင်ကို ပြောချင်ပေမဲ့ ရုတ်တရက် မပြောနိုင်တာတွေ ရှိဖူးသလား ❓ 👉 ဒီလို အတွေ့အကြုံတွေကြောင့် Public Speaking ဆိုတာ ခက်ခဲတယ်လို့ ထင်နေသူတွေ များပါတယ်။ ဒါပေမဲ့ Public Speaking ကို စနစ်တကျ သင်ယူထားမယ်ဆိုရင်တော့ တစ်ယောက်ယောက်ရဲ့ ယုံကြည်မှု၊ ဆက်ဆံရေးပုံစံ၊ နောင်အတွက်ခရီးစဉ်အထိ တိုးတက်လာစေမှာဖြစ်ပါတယ်။ ဒီအတွက် EEC (BESYA) နဲ့ Pyit Taing Htaung Youths Community တို့ ပူးပေါင်းပြီး Public Speaking ရက်တိုသင်တန်း ကို ဖွင့်လှစ်သင်ကြားပေးသွားမယ့် အခွင့်အလမ်းလေး စီစဉ်ထားပါတယ်။ --- ဒီသင်တန်းမှ ရနိုင်မယ့် အကျိုးကျေးဇူးများ လူအများရှေ့မှာ စကားပြောရာတွင် ယုံကြည်မှုရှိလာမယ် တက်ကြွစွာ ဆွေးနွေးနိုင်ပြီး Audience ကို ဆွဲဆောင်နိုင်မယ် အများနဲ့ ဆက်ဆံရာမှာ စကားပြောပုံ၊ Body Language အဆင်ပြေမယ် Debate, Presentation, Discussion အစရှိသည့် ပညာရေးနှင့် လူမှုရေး အခွင့်အလမ်းတွေမှာ အထူးအကျိုးကျေးဇူး ရနိုင်မယ် မိမိစကားကို သေချာပေါက် ထိရောက်စွာ တင်ပြနိုင်မယ့် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်လာမယ် --- 👩‍🏫 သင်ကြားမည့်သူ-ဆရာမထက် (Pyit Taing Htaung Youths Community) 👥 Media Partnership EEC (BESYA) Pyit Taing Htaung Youths Community 📅 သင်တန်းရက်များ – စက်တင်ဘာ၁၂၊ ၁၃၊ ၁၄ ⏰ အချိန် – ည ၇ နာရီ မှ ၉ နာရီ 🌐 နေရာ – Zoom Platform 👨‍🎓 တက်ရောက်နိုင်သူများ – Grade (7) နှင့် အထက် ကျောင်းသား/ကျောင်းသူများ 👥 ကန့်သတ်လူဦးရေ – ၂၀ ဦး https://docs.google.com/forms/d/e/1FAIpQLSd3rreQHIKBepOxpZZsG-borbIfSvYv-to0x4l3OzxTgJjArg/viewform?usp=sharing&ouid=115180631599222852584 📌 ဖောင်ပိတ်မည့်ရက် –စက်တင်ဘာ ၁၀ရက် (ညနေ၆နာရီ) #Finding your voice #pyittainghtaungyouths #Essential_Education_Center_Basic_Education_Students_&_Youths_Association

  • အ.ထ.က(၃၀) ချမ်းမြသာစည်မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)(၁)နှစ်ပြည့်ဝမ်းမြောက်ကြောင်းပေးပို့သည့်သဝဏ်လွှာ မြန်မာသက္ကရာဇ်၁၃၈၇ခုနှစ် ဝါခေါင်လပြည့်ကျော်(၁)ရက် ခရစ်နှစ် ၂၀၂၅ခုနှစ်၊သြဂုတ်လ၉ရက် သဝဏ်လွှာအမှတ် - ၉/၈-၂၅ မြန်မာသက္ကရာဇ်၁၃၈၇ခုနှစ်၊ဝါခေါင်လပြည့်ကျော်(၁)ရက်၊ခရစ်နှစ် ၂၀၂၅ခုနှစ်၊သြဂုတ်လ၉ရက်နေ့တွင် ကျွန်ုပ်တို့၏ ညီနောင် မဟာမိတ်ဖြစ်သည့် အ.ထ.က(၃၀) ချမ်းမြသာစည်မြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) တည်ထောင်ခဲ့သည့်မှာ(၁)နှစ်ပြည့်မြောက်ကြောင်းကြားသိရသည့်အတွက် Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) မှဂုဏ်ယူဝမ်းမြောက်မိကြောင်း ဦးစွာပဏာမပြောကြားလိုပါသည်။ အ.ထ.က(၃၀) ချမ်းမြသာစည်မြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးအနေဖြင့် (၁)နှစ်အတွင်း တော်လှန်ရေးအတွက် အထောက်အကူပြုစေသည့် လုပ်ငန်း‌များ၊ ဟောပြောပွဲများစသည့်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ခဲ့သည်မှာကျွန်ုပ်တို့အသိပင်ဖြစ်သည်။ အ.ထ.က(၃၀) ချမ်းမြသာစည်မြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)သည်ယခု (၁)နှစ်ပြည့်မြောက်သည့်အချိန်မှစ၍ အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းသည်အထိ ဆက်လက်တည်တံ့နိုင်ပြီး ကျောင်းသားလူငယ်များအတွက် အသိပညာ၊ ဗဟုသုတများ ပိုမိုတိုး၍ ဖြန့်ဝေနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါသည်။ အ.ထ.က(၃၀) ချမ်းမြသာစည်မြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)အဓွန့်ရှည်တည်တံ့ပါစေ။ အလုပ်အမှုဆောင်အဖွဲ့ Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) #သဝဏ်လွှာ #အ.ထ.က(၃၀) ချမ်းမြသာစည်မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)(၁)နှစ်ပြည့် #Essential_Education_Center_Basic_Education_Students_&_Youths_Association

  • без подписи

  • без подписи

  • “၈၈၈၈ အရေးတော်ပုံနှင့်ဆက်စပ်၍” သမိုင်းထဲမှာပျောက်ကွယ်သွားမယ့်ဖြစ်ရပ်တခုမဟုတ်ဘဲ၊မြန်မာ့လူ့အဖွဲ့အစည်း တဝန်းလုံးကို ပြင်းထန်စွာလှုပ်ရှားသွားစေခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံ က ဒီကနေ့အထိ လူထုစိတ်ဝိညာဉ်ထဲမှာ တောက်လောင်နေဆဲဖြစ်ပါတယ်။ ၃၇နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အတွက် Power Of Education Students’ Union Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ) Yadanabon Students' Union Mogok Federal Students'  Union True Sunshine Students’ Union ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)စတဲ့ကျောင်သားအဖွဲ့အစည်းများပူးပေါင်းကာ ဆွေးနွေးဖလှယ်မယ့် အထူးစကားဝိုင်းပြုလုပ်မှာဖြစ်ပါတယ်။ “၈၈၈၈ အရေးတော်ပုံနှင့်ဆက်စပ်၍” ဆိုတဲ့စကားဝိုင်းမှာ  ဘာတွေဆွေးနွေးကြမှာလဲဆိုတော့ ၈၈၈၈အရေးတော်ပုံအပေါ်အမြင်။ လူထုအကျပ်အတည်း။ နောက်ဆက်တွဲအခြေအနေများ။ ၁၉၈၀ပြည့်နှစ်အလွန်က စီမံကိန်းများ။ ဘာလို့ဆန်အထွက်လျော့လာတာလဲ။ ကမ္ဘာ့အခြေအနေ။ လက်ရှိအခြေအနေများနှင့်ဆက်စပ်ပုံ။ ကျောင်းသားထုအနေနဲ့ ဘာတွေဆက်လက်လုပ်ဆောင်သင့်လဲ။ စတဲ့အကြောင်းအရာတွေနဲ့ ဆက်စပ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ “ ၈၈၈၈အရေးတော်ပုံနှင့်ဆက်စပ်၍” စကားဝိုင်းကို ၇.၈.၂၀၂၅၊ကြာသပတေးနေ့ ည(၇)နာရီမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Speakersများအဖြစ်  ကိုခွန်းမင်းညိုနှင့်မယေးမေ တို့မှ အတွေးအမြင်များကို ဆွေးနွေးဖလှယ် သွားကြမှာဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူ၊လူငယ်၊ရဲဘော်များ နှင့် စိတ်ဝင်စားသူမည်သူမဆို  စကားဝိုင်းကို တက်ရောက်ဆွေးနွေးနိုင်ပါကြောင်းအသိပေးဖိတ်ခေါ်အပ်ပါတယ်ရှင်။ Topic: ၈၈၈၈အရေးတော်ပုံနှင့်ဆက်စပ်၍ Time: This is a recurring meeting Meet anytime Join Zoom Meeting https://us06web.zoom.us/j/3884883488?pwd=WHkYjavQPl7kbP05h3Z5IWXjPs5o3o.1&omn=85725076063 Meeting ID: 388 488 3488 Passcode: 334456

  • без подписи

  • ၁၉၈၈ခုနှစ်၊ဩဂုတ်လ မြို့နေလူထုအနေနဲ့ စားရမဲ့သောက်ရမဲ့ မဝမလင်ဖြတ်သန်းလာရတာ ၆လကျော်ခဲ့ပြီ။ လူထုဟာ ခက်ထန်နေပြီ တင်းမာနေပြီ ပူလောင်နေပြီ သောကအခိုးများဝေနေသော ကာလတခုကို ရင်ဆိုင်နေရသည်။ အထွေအထွေအကျပ်အတည်းကြီးရဲ့ လောင်စာကြောင့် ပြည်သူလူထုဟာ ပေါက်ကွဲလုဆဲဆဲယမ်းထုတ်ကြီးဖြစ်နေပြီ မီးစလေးတခက်သာလိုသည်။ ထိုမီးစလေးကို အင်းစိန် GTI ကျောင်းသား၂ဦးက အသက်ပေး၍ထွန်းညှိလိုက်ပြီ။ စစ်အစိုးရဟာ ပဋိပက္ခများကို အကြမ်းဖက်နှိမ်နင်းရင်ရမည်အထင်ဖြင့် လက်နက်မဲ့ကျောင်းသားတွေကို ရက်ရက်စက်စက်သတ်ဖြတ်လိုက်ခြင်းသည် နောက်ဆုံးစည်းသို့တွန်းပို့လိုက်ခြင်းဖြစ်သည်။ လူထုကားသည်းမခံနိုင်တော့ချေ။ ၁၉၈၈ခုနှစ်၊ဩဂုတ်လ (၈) ရက်တွင် အာဏာရူးနေဝင်းဦးဆောင်တဲ့ စန်းယု၊စိန်လွင်၊မောင်မောင်တင်စတဲ့ လူ့အနတ္တတွေနဲ့ ဖွဲ့စည်းထားတဲ့ မဆလတပါတီအာဏာရှင်အား ကျောင်းသားထုရဲ့ဦးဆောင်မှုဖြင့် လှည်းနေလှေအောင်းမြင်းစောင်းမကျန် စတင်ဆန္ဒပြခဲ့ခြင်းမှဖြစ်ပေါ်ခဲ့သော'၈၈၈၈'အရေးတော်ပုံနေ့သည် ယခု၂၀၂၅ခုနှစ်၊ဩဂုတ်လ(၈)ရက်နေ့တွင်ရက်နေ့တွင် (၃၇)နှစ်ပြည့်မြောက်လာပြီဖြစ်ပါသည်။ ထို့ကြောင့် '၈၈၈၈'အရေးတော်ပုံနေ့အထိမ်းအမှတ်အဖြစ် ကျောင်းသားအဖွဲ့အစည်းများ၊ကျောင်းသားသမဂ္ဂများ ပူးပေါင်း၍ Profile Campaign  ပြုလုပ်သွားမည်ဖြစ်ပါသည်။ ယခု Campaign သည် Online Platform များတွင် လုပ်ဆောင်ရန် အဆင်ပြေလွယ်ကူသော Campaign တစ်ခုဖြစ်ပါ၍ ဤ Campaign ၌ကျောင်းသားကျောင်းသူများအနေဖြင့် အတူတကွ  ပါဝင်ပေးကြပါရန် လေးစားစွာအသိပေးနှိုးဆော်လိုက်ပါရသည်။ ချမှတ်ထားသော Profile Picture အား ဩဂုတ်လ (၈) ရက်နေ့တွင် တစ်ရက်တာအတိုင်းအတာဖြင့် မိမိအသုံးပြုသော Social Platformများ၏ Account များတွင် Account Profileများ ပြောင်းလဲပေးခြင်းဖြင့် ယခု Campaign ၌ ပါဝင်နိုင်ကြပါသည်။ ကြွေးကြော်သံ "၈၈၈၈ မမေ့ကြနဲ့" #၈၈၈၈မမေ့ကြနဲ့ #၈၈၈၈ #Essential_Education_Center_Basic_Education_Students_&_Youths_Association

  • без подписи

  • EEC(BESYA) ၏ တရားဝင် ပြန်ကြာရေး Facebook page ဖြစ်ပါသည်။ #Essential_Education_Center_Basic_Education_Students_&_Youths_Associatiom https://www.facebook.com/share/1D1xfu9koT/