tgindex
H

HECAFC Info Channel

Статистика

HECAFC Info Channel https://t.me/HECAFCInfoChannel

Последний пост
24 мар. 2025 г.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
529
+1 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
1 675
20 постов
Вовлечённость
316,6%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • စကစ ဘက်က မြင်သာအောင်လုပ်နေလို့ အခြေအနေတွေက အတော်ဆိုးနေတာကို နေမြဲအတိုင်း နေသာလိုနေနေကြတဲ့ မိဘတွေရော၊ ကျောင်းသားကျောင်းသူတွေကို အံ့ဩလို့ မဆုံးဘူး။

  • https://t.me/MyanmarPeople

  • видео или голосовое, без подписи

  • 21 февр. 2025 г.1 22057из SpringTalks

    🌺 ဆရာ/မများ၊ တက္ကသိုလ်ကောင်စီဝင်များ၊ မြိုနယ်ပညာရေးဘုတ်အဖွဲဝင်များ၊ ကျောင်းသူ/သားများ၊ ပညာရေးလေ့လာသူများနှင့် တော်လှန်ရဲဘော်များအားလုံး မင်္ဂလာပါခင်ဗျာ… 🌺အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ၏ CDMA & HR Department နှင့် HECAFC တို့မှ ဦးစီး၍ Spring Talk ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။ Topic: အကြမ်းဖက်စစ်မှုထမ်းအဓမ္မစေခိုင်းမှုကို ပြန်လည်ခုခံတွန်းလှန်ရေးအတွက် ပြောကြားခြင်း (Sayar Saw) Topic: လွတ်မြောက်ဒေသရောက် ကျောင်းသား/သူများ၊ ဝန်ထမ်းများ၊ ဆရာ/မများ၏ အခန်းကဏ္ဍကို ရှင်းလင်းတင်ပြခြင်း (Dr Alucard) Time: 22-2-2025, SATURDAY, 7 pm Join Zoom Meeting https://us06web.zoom.us/j/85659322462?pwd=cAbkuZE6DFYBkfRAqQRaAaCmNBSoQx.1 Meeting ID: 856 5932 2462 Passcode: 10012025

  • စစ်မှုထမ်း အပတ်စဉ် ၁ မှ အပတ်စဉ် ၁၀ ကာလအတွင်း လူငယ် ၁၂၆၅၅ ဦး ကို စစ်တပ်က ဖမ်းဆီး ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၁ မှ အပတ်စဉ် ၁၀ ကာလအတွင်း အရပ်သားပြည်သူ လူငယ် ၁၂၆၅၅ ဦး ကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း Spring Revolution Database (SRD) က ပြုစုထားသော အစီရင်ခံစာအရ သိရှိရသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့ စစ်မှုထမ်းဥပဒေကို အာဏာတည်သည်ဟု ကြေညာခဲ့ကြောင်း၊ ယင်းနောက် ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်း အပတ်စဉ် ၁ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့အတွင်း အရပ်သားပြည်သူ ၁၂,၆၅၅ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် နေ့ခင်းအချိန် တွင် အရပ်သားပြည်သူ ၁၁,၄၉၇ ဦးနှင့် ညအချိန်တွင် ၁,၁၅၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ စစ်မှုထမ်းရှောင်လွဲနိုင်ရန် အသက် ၁၈ နှစ်နှင့် ၃၅ နှစ် အကြား လူငယ်၊ လူရွယ်များ တရားမဝင် နယ်စပ်‌ဖြတ်ကျော် တိမ်း ရှောင် မှုများ လုပ်ဆောင်လာရသောကြောင့် ပြည်ပတွင်ဖမ်းဆီးခံနေရကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုနှင့် စစ်မှုထမ်းဥပဒေကို တိမ်းရှောင်ရန် ပြည်ပနိုင်ငံများသို့ တရားမဝင်ဝင်ရောက်ရန် ကြိုးစားခဲ့သည့် အရပ်သားပြည်သူများသည် သက်ဆိုင်ရာနိုင်ငံများ၌ ဖမ်းဆီးခံခဲ့ရရာတွင် ထိုင်းနိုင်ငံတွင် ၃,၃၃၉ ဦး၊ မလေးရှားတွင် ၃၀၀ ဦး၊ အိန္ဒိယတွင် ၂၆ ဦး အပါအဝင် စုစုပေါင်း ၃,၆၆၅ ဦး ဖမ်းဆီးခံခဲ့ ရကြောင်း သိရှိရသည်။ ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ တောင်ပိုင်းရှိ အကျဉ်းထောင်အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁,၄၃၃ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ရေလမ်းခရီး ဖြင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက်သို့ ထိုင်းအာဏာပိုင်များမှ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းတို့ထဲမှ အရပ်သားပြည်သူ ၁၆၈ ဦးကို ကော့သောင်းအခြေ စိုက် ခမရ ၂၆၂ ၊ ပလောက်မြို့အခြေစိုက် အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင့် ရေးကျောင်း(တိုင်းဗဟို-၁၂)သို့ ပို့ဆောင်ပြီး စစ်သားအဖြစ် အဓမ္မစုဆောင်းဖမ်းဆီးခဲ့ကြောင်း သိရှီရသည်။ အလားတူ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်တွင် လူဝင်မူကြီးကြပ် ရေးဥပဒေဖြင့် အကျဉ်းကျနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၂၆ ဦးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက် နေ့တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့ဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။ ဓာတ်ပုံ- ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ညပိုင်း စမ်းချောင်းမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီး ပြည်သူများ။ (ပုံအဟောင်းဖြစ်ပါသည်။) Source: Khit Thit Media https://www.facebook.com/share/p/15j2QW4iQS/

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်၊ လူရွယ်များနှင့် ပတ်သက်၍ တိုက်တွန်းနှိုးဆော်ချက် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက် ၁။​အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းခံရသူ (ပြည်သူ့စစ်မှုထမ်း-ပစ)များမှာ ယခုရက်ပိုင်းတွင် ရှေ့တန်းစစ်မျက်နှာများ၌ ထိခိုက်ကျဆုံးမှု များပြားလျက်ရှိသည်။ ၂။​နိုင်ငံရေးအမြင်ရှိသောလူငယ်များကမူ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေး အင်အားစုများထံ ကြိုတင်ဆက်သွယ်၍ လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်ခြင်း၊ အလင်းဝင်ခြင်း၊ အကြမ်းဖက်စစ်တပ်မှ ထွက်ပြေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြသည်။ ၃။​လက်ရှိစစ်ဆင်ရေးအခြေအနေအရ အကြမ်းဖက်စစ်ကောင်စီတပ်အနေဖြင့် ပြည်သူ့ခုခံ တွန်းလှန်စစ်အတွင်း ၎င်းတို့၏ အင်အားအဆမတန် ပြုန်းတီးလျက်ရှိခြင်း၊ ထောက်/ပို့ဆက်ကြောင်း ပြတ်တောက်နေခြင်းကြောင့် မြေပြင်မှ ထောက်ပို့လုပ်ဆောင်ရန် မတတ်နိုင်တော့ဘဲ လေကြောင်း မှသာ ထောက်ပို့ဆောင်ရွက်နေရခြင်း၊ နိုင်ငံအနှံ့ တပ်ဖြန့်ချထား၍ ပြည်သူ့တော်လှန်ရေးကို ဟန့်တားရန် မဖြစ်နိုင်တော့ခြင်း၊ တန်ပြန်ထိုးစစ် မဆင်နိုင်ခြင်း၊ တော်လှန်ရေးအင်အားစုများ သိမ်းယူ ထားသည့် မည်သည့်မြို့၊ စခန်းတခုကိုမျှ ပြန်လည်သိမ်းယူနိုင်စွမ်းမရှိတော့ခြင်း၊ ခဲယမ်း၊ မီးကျောက် မလုံမလောက် ဖြစ်နေခြင်း စသောအားနည်းချက်များ ကြုံတွေ့နေရသည်ကို ထင်ထင်ရှားရှား မြင်တွေ့လာရသည်။ ၄။​ အကြမ်းဖက်စစ်ကောင်စီသည် ၎င်း၏ လူအင်အားချို့တဲ့သည့် ပြဿနာကို ဖြေရှင်းရန် အဓမ္မ စစ်သားစုဆောင်းသည့်နည်းကို မိုက်မဲစွာ ကျင့်သုံးနေခြင်းဖြစ်သည်။ ၅။​အဓမ္မစစ်သားစုဆောင်းခံရသည့် လူငယ်၊ လူရွယ်များနှင့် ပတ်သက်၍ တိုက်တွန်း နှိုးဆော်လို သည်မှာ- (က)​ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၏ လူမှုစာမျက်နှာများနှင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople သို့ ကြိုတင်ချိတ်ဆက်ထားရန်၊ (ခ)​စစ်သင်တန်းတက်နေစဉ်ကာလတွင်ဖြစ်စေ သင်တန်းပြီးဆုံး၍ လက်နက်တပ်ဆင်ပြီး အနေအထားတွင်ဖြစ်စေ အခြေအနေပေးသည်နှင့် နီးစပ်ရာ ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများ (PDF၊ ပကဖ၊ ပအဖ၊ ပလဖ နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ) တို့ထံ ဆက်သွယ်၍ အမြန်ဆုံး ဘက်ပြောင်းခိုလှုံကြရန် (ဂ)​ဘက်ပြောင်းခိုလှုံလာသော လူငယ်၊ လူရွယ်များ ဘေးကင်းလုံခြုံရေးကို အကောင်းဆုံး တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ပြီး လက်နက်၊ ခဲယမ်းများ ပါရှိလာပါက ထိုက်တန်စွာ ဆုကြေးငွေများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေး နှိုးဆော် အပ်ပါသည်။​​​​​ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

  • မူရင်း Link https://www.facebook.com/share/p/1MtkHDgyEr/

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • မအလ တို့ သောက်ရူးအဖွဲ့က တကယ်လုပ်တာပါဆိုတာ ကြည့်ပါ။

  • စစ်မှုထမ်းများအနေအထား တချက်ကြည့်လိုက်ပါ ကိုယ်တို့နားက စစ်မှုထမ်းတဲ့တစ်ယောက် ပြောပြတာ...သူအပါ...အယောက် ၃၀၀ လွှတ်လိုက်တာ....၁၅ယောက်ပဲ​ပြန် ပါလာတယ်တဲ့...ကံကောင်းလို့သူကျန်ခဲ့....တပ်ရောက်တော့..တပ်သားသစ်တွေထပ်ဖြည့်ပြီး... နောက်ထပ်.. ၃၀၀ သူ့ကိုပါပြန် လွှတ်တာ......ပြန်လည်းလာရော ၆ ယောက်ပဲကျန်တယ်တဲ့...အဲ့ ၆ ယောက်ထဲမှာ သူပြန်ပါလာတယ်တဲ့....ခုနောက်ထပ်လူဖြည့်ပြီး....သူကိုပြန်လွှတ်ခံရပြန်ပြီ....ခုတော့ အဆက်အသွယ်ပြတ်နေတယ်တဲ့....ကဲ.....ဒီပုံအတိုင်းဆို ဇာတ်သိမ်းကိုတွေးသာကြည့်တော့......

  • видео или голосовое, без подписи

  • ◻️စစ်မှုထမ်းအချက်ပေးခေါင်းလောင်း စစ်မှုထမ်းရမယ့် အသက်အရွယ်အပိုင်းအခြားနဲ့ အကျုံးဝင်တဲ့ လူငယ်လူရွယ်အားလုံး ပြည်ပထွက်ခွင့် ပိတ်လိုက်တယ်။ချွင်းချက်အနေနဲ့ ပိုက်ဆံများများ သူတို့အိပ်ကပ်ထဲထည့်ပေးနိုင်တဲ့လူတွေတော့ ထွက်လို့ရနိုင်သေးတယ်။သေချာတာက ရှေ့လျှောက် လူငယ်တွေပြည်ပထွက်ခွင့်က တော်တော့်ကိုမလွယ်တော့မယ့် အခြေအနေဖြစ်သွားပြီ။ စစ်မှုထမ်းရမယ့်နာမည်စာရင်း အကြုံး၀င်သူအားလုံး စာရင်းပြုစုပြီး လူတိုင်းစစ်မှုထမ်းဆင့်ခေါ်တာကို စောင့်ရမယ်။ အခုဆိုရင် အမျိုးသမီးတွေကိုပါ နာမည်အတိအကျနဲ့ စာရင်းပြုစုပြီး သိပ်မကြာခင် အိမ်တိုင်ရာရောက် လာခေါ်တော့မယ် ဒါကတရား၀င် တရား၀င်၀င်/မ၀င်၀င် လစ်ရင်လစ်သလို ပေါ်တာဆွဲလူဖမ်းတာတွေလည်း ပိုစိပ်လာမယ်။ စစ်မှုထမ်း အမှတ်စဉ် ၉ အထိတောင် ရှိသွားပြီဆိုတော့ ပျှမ်းမျှအားဖြင့် လူ ၄ သောင်းကျော် စစ်တပ်ရောက်သွားပြီ ဒါတောင် ပေါ်တာဆွဲခံရတဲ့စာရင်းမပါသေး။သိပ်ကြောက်ဖို့ ကောင်းတဲ့ ကိန်းဂဏန်းအချက်အလက်တွေဖြစ်တယ်။ ရှေ့တန်းမပို့ပါဘူးလို့လိမ်ညာစစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မြေပြင်ပို့ပြီး ထိုးကျွေးခံရတာ ထောင်နဲ့ချီ‌သေသွားပြီးဖြစ်တယ်။ ဆိုလိုချင်တာက စစ်မှုထမ်း‌အခေါ်ခံရရင် သူတို့က ၂နှစ်/၅နှစ် ဘလိုပဲပြောပြော ပြန်လမ်းမရှိတာအသေချာဘဲ ။ စစ်ခေါင်းဆောင်တွေဟာ စစ်ရှုံးလာတာနဲ့အမျှ တိုင်းပြည်ကို အဆိုးဆုံးသော အခြေအနေထိ ဆွဲချသွားမှာတော့ အသေအချာမြင်နေရတယ် ။ အဲ့အတွက် လူငယ်တွေရဲ့ အရိုးပုံပေါ်က နင်းသွားမှာ။ လူငယ်လူရွယ်တွေ အားလုံးဟာ စစ်မှုထမ်းမပါချင်ရင် ရွေးချယ်စရာ ၃ ခုပဲ မြင်မိတယ်။ ◾တော်လှန်ရေးတပ်တွေ၊ PDF LDF ထဲဝင်တာ ◾တရားမဝင်နည်းလမ်းနဲ့ ပြည်ပထွက်တာ (ပိုက်ဆံပေးနိုင်ရင်တော့ တရား၀င်ထွက်ပေါ့) ◾တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ဒေသတွေကို ထွက်ပြေးအခြေချပြီး အုပ်ချုပ်ရေးယန္တရားတွေမှာ ပါ၀င်ထမ်းဆောင်၊ ဒါမမဟုတ် အခြေချနေထိုင်        ဘဝပေး အခြေအနေက ဒီရွေးချယ်စရာ ၃ ခုလုံး အဆင်မပြေဘူးဆိုရင်လည်း ဘယ်လိုမှ အကြံမပေးတတ်တော့ဘူး။ တိုင်းပြည်ဟာ သိပ်ဝမ်းနည်းဖို့ ကောင်းတယ် တော်လှန်ရေးပြီးသွားရင်တောင် ကျန်ခဲ့တဲ့ အလုပ်လုပ်နိုင်မယ့် လူငယ် လူရွယ်တွေ အားလုံးဟာ စိတ်အနာတရတွေများစွာနဲ့ ရှင်သန်နေရတော့မှာဖြစ်တယ် ။ #CRD နိုင်ငံကြီးသားမှ ကူယူဖော်ပြသည်။

  • видео или голосовое, без подписи

  • စကစက အဲ့လိုတွေ လွယ်လွယ်လုပ်နေတာမို့ အသိတရားရကြစေချင်ပါတယ် ...

HECAFC Info Channel — tgindex