သင်ရိုးဝင်စာအုပ်များနှင့်ဆရာလမ်းညွှန်စာအုပ်များ
Статистикаအတန်းလိုက်စာအုပ်များနှင့်ဆရာကိုင်များစုစည်းတင်ပြထားပါသည်
- Последний пост
- 13 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 5
- Всего постов
- 29
- Тип
- открытый
- Язык
- my
- Категория
- Языки (по похожим)
- В каталоге с
- 12 авг.
- 1/24сутки в ленте
- 1 993
- 1/48двое суток
- 2 597
- 1/72трое суток
- 2 800
Медиана по постам, которые мы застали свежими и померили через сутки.
Посты
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
ကာရန်
*နာမ်၊နာမ်စားဒွိဟ* ကိုကို၊မောင်လေး၊ညည်း၊ကောင်မ၊ကျုပ် သဲငယ်၊ချစ်လေး၊သူ၊ရှင်၊ဦးလေး ယောက်ဖ၊ညီ၊ပါပါး ၊ ထို၊ကျွန်တော်တို့ *ကဲ ဘယ်ဟာတွေကနာမ်၊ဘယ်ဟာတွေကနာမ်စားလဲ* ဖြေကြည့်ကြပါအုံး။ သင်နေရင်း ကလေးတွေ နားလည်မှုလွဲနေတာမြင်မိလို့။
သာဓကဝါကျများတွင် နံပါတ်အားဖြင့် (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၇)၊ (၆)၊ (၈)၊ (၉)၊ (၁၀)၊ (၁၁)၊ (၁၈)၊ (၁၉)၊ (၂၀)၊ (၂၁) တို့သည် ဝါကျရောများဖြစ်သည်ဟု ဆိုနိုင်ပါသည်။။ ‘ဝါကျရော’ များတွင် ဝါကျကဏ္ဍနှစ်ခုကို "လျှင်၊ သောကြောင့်၊ သော်လည်း၊ တော့၊ အောင်၊ ၍၊ သကဲ့သို့၊ သောအခါ၊ သကဲ့သို့ " စသည့် ဆက်စပ်စကားလုံး (အဆက်ပစ္စည်း) များဖြင့် ချိတ်ဆက်ထားပါသည်။ နံပါတ် (၁၂)၊ (၁၃)၊ (၁၄)၊ (၁၅)၊ (၁၆)၊ (၁၇) တို့သည် ဖွဲ့စည်းတည်ဆောက်မှု အရ ဝါကျရိုးများသာ ဖြစ်ပါသည်။ ‘ဝါကျရိုး’ သည် အဓိကကြိယာ (Finite Verb) တစ်ခုသာပါဝင်ပြီး အကြောင်းအရာတစ်ခု တည်းကိုသာ ဖော်ပြလေ့ရှိပါသည်။ ကတ္တားပုဒ် ကံပုဒ်တို့အတွင်းတွင် ရောနှောပေါင်းစပ်မှုများ ပါရှိနိုင် သော်လည်း ဝါကျကဏ္ဍအနေဖြင့် တစ်ခုသာ ပါရှိပါသည်။ အမှီအခိုကင်းသည့် ဝါကျကဏ္ဍ တစ်ခုသာပါရှိလျှင် ဝါကျရိုးဖြစ်ပါသည်။ အဘယ်ကြောင့် ဝါကျရိုးများဖြစ်သည်ကို တင်ပြပါမည်။ (၁၂) အစ်ကိုရော၊ အစ်မရော လာခဲ့ပါနော်။ (ဝါကျရိုး) (၁၃) အစ်ကိုဖြစ်စေ၊ အစ်မဖြစ်စေလာခဲ့ပါ။ (ဝါကျရိုး) (၁၄) အစ်ကိုသော်လည်းကောင်း၊ အစ်မသော်လည်းကောင်း လာခဲ့ပါနော်။ (ဝါကျရိုး) (၁၅) အဖေ့ကိုလည်းကောင်း၊ အမေ့ကိုလည်းကောင်း ရှိခိုးကန်တော့ပါသည်။ (ဝါကျရိုး) (၁၆) ကားဖြင့်သော်လည်းကောင်း၊ ရထားဖြင့်သော်လည်းကောင်း သွားမည်။ (ဝါကျရိုး) (၁၇) မနက် သို့မဟုတ် ညနေ လာခဲ့မည်။ (ဝါကျရိုး) ဤသာဓကများတွင် ပေါင်းစပ်နာမ်ပုဒ်နဲ့ ကြိယာပုဒ်တစ်ခုသာပါဝင်သည့် အမှီခံဝါကျကဏ္ဍ တစ်ခုသာ ရှိသည့် ဝါကျရိုးဖြစ်သည်။ ‘အစ်ကိုရော အစ်မရော’၊ ‘အစ်ကိုဖြစ်စေ အစ်မဖြစ်စေ’၊ ‘အဖေ့ကို လည်းကောင်း အမေ့ကိုလည်းကောင်း’၊ ‘ကားဖြင့်သော်လည်းကောင်း ရထားဖြင့်သော်လည်းကောင်း’ တို့သည် ဝါကျကဏ္ဍ အဆင့် (Clause) မဟုတ်ပါ။ ပုဒ်အဆင့် (Phrase) သာ ဖြစ်ပါသည်။ နာမ်ပုဒ်များကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ဝါကျတွင် ကတ္တား သို့မဟုတ် ကံ စသည့်တာဝန်များကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ ပင်မကြိယာ တစ်ခု သာပါရှိပြီး ဝါစက တာဝန်ကိုထမ်းဆောင်ပါသည်။ ထို့ကြောင့် ဝါကျရိုး ဖြစ်ကြောင်းထင်ရှားပါသည်။ ဝါကျကဏ္ဍ (Clause) ကို သတ်မှတ်ရာတွင် ကြိယာတစ်ခု ပါရှိရပါသည်။ ကြိယာမပါ ဝါကျကဏ္ဍ မဖြစ် (No verb, no clause) ဟု ဘာသာဗေဒက ဆိုပါသည်။ ခြွင်းချက် အနည်းငယ်ရှိနိုင်ပါသည်။ ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်း မြန်မာဘာသာစကားတွင် “ပါ/ပါပဲ” ပါသောအစိတ်အပိုင်းသည် ကြိယာ မပါသော်လည်း ဝါကျဖြစ်စေ၊ ဝါကျကဏ္ဍအဖြစ်ဖြင့်ဖြစ်စေတည်ရှိနိုင်ပါသည်။ ဖြစ်ခြင်းပြကြိယာကို ကိုယ်စားပြုနိုင်သောကြောင့်ဖြစ်သည်။ အမှတ်စဉ် (၁၂) မှ (၁၇) အထိသည် ကြိယာတစ်ခုသာပါရှိသော အမှီခံဝါကျကဏ္ဍ (သီးခြားဝါကျခွဲ သို့မဟုတ် ဝါကျ) သာဖြစ်ပါသည်။ ယင်းတွင်ပါရှိနေသော နာမ်အုပ်စုများသည် ကြိယာကို အထူးပြုနေသည့် ကြိယာအထူးပြုဝါကျကဏ္ဍများမဟုတ်ပါ။ ကတ္တား သို့မဟုတ် ကံ စသည့်တာဝန်ထမ်းဆောင်နေသည့် နာမ်ပုဒ် များသာဖြစ်သည်။ မြန်မာသဒ္ဒါစာအုပ် ကြိယာဝိသေသနဝါကျကဏ္ဍတွင်လည်း သင်ခန်းစာပါ သာဓက (၁၂) မှ (၁၇) ထိ အမျိုးအစားဖော်ပြထားသော “အားလုံးပါဝင်ကြောင်းပြ၊ တစ်ယောက်မဟုတ် တစ်ယောက် ဖြစ်ကြောင်း ပြ၊ တစ်ယောက်ယောက်ပြ၊ နှစ်ဦးလုံးပြ၊ တစ်ခုမဟုတ်တစ်ခုဖြစ်ကြောင်းပြ” အမျိုးအစားများမပါရှိပါ။ ဤ သာဓကများသည် သီအိုရီအရရော၊ သာဓကအရပါ လွဲချော်နေသည်ဟု ဆိုရပါမည်။ အချုပ်အားဖြင့် ပုဒ် (Phrase) နှင့် ဝါကျကဏ္ဍ (Clause) ကွဲပြားမှုကို ရှင်းလင်းစွာ သိရှိထားရန် လိုအပ်ပါသည်။ ပုဒ်အဆင့်တွင် နာမ်ပုဒ် Noun Phrase (NP)၊ ကြိယာပုဒ် Verb Phrase (VP)၊ နာမ်အထူးပြုပုဒ် Adjectival Phrase၊ ကြိယာအထူးပြုပုဒ်များ Adverbial Phrase သူ့အမျိုးအစားနှင့်သူ ရှိပါသည်။ ဝါကျကဏ္ဍမှာမူ ဝါကျငယ်အဆင့်ဖြစ်သဖြင့် ဝါကျ၏ အဓိက အင်္ဂါရပ်ဖြစ်သည့် ကြိယာပုဒ် ပါရှိရန်လိုအပ်ပါသည်။ ထို့ကြောင့် ကြိယာမပါ၊ ဝါကျကဏ္ဍမဖြစ် (No verb, no clause) ဟု ဆိုခြင်းဖြစ်သည်။ ဝါကျကဏ္ဍတွင် အမှီပြုရသည့် အမှီဝါကျကဏ္ဍ ‘Dependent Clause’ နှင့် သီးခြားရပ်တည်နိုင်ပြီး အမှီခိုခံနိုင်သော အမှီခံ ဝါကျကဏ္ဍ ‘Independent Clause’ ရှိသည်။ မည်သည့်ဝါကျကဏ္ဍတွင်ဖြစ်စေ ကြိယာပါရှိရပါသည်။ နိဒါန်းတွင်ဖော်ပြခဲ့သည့်အတိုင်း မိတ်ဆွေတစ်ဦးက ကြိယာအထူးပြုဝါကျကဏ္ဍကို ကြည့်ပေးပါရန် တောင်းဆိုလာသည့်အတွက် ကျောင်းသုံးစာအုပ်ကို ပြန်ကြည့်ပြီးနောက် မိမိတွေ့ရှိချက်များမှ ဆွေးနွေး တင်ပြရန်ရှိသည်များကို ဖော်ပြခဲ့ပါသည်။ ယခုဖော်ပြချက်များကိုလေ့လာဖတ်ရှုပြီးနောက် ဝါကျရော အကြောင်းကို ကောင်းစွာနားလည်သဘောပေါက်ပြီး ရှင်းလင်းလွယ်ကူစွာ၊ အဆင်ပြေချောမွေ့စွာ သင်ကြားပေးနိုင် လိမ့်မည်ဟုမျှော်လင့်ပါသည်။ ၂၀ ဇူလိုင် ၂၀၂၆ Crd
ဝါကျကဏ္ဍ” ဟုသာ ပြောထားပါသည်။ သာဓကဝါကျများကို ဆန်းစစ်ကြည့်လျှင် အဘယ်ကြောင့် “နာမ်အထူးပြုဝါကျကဏ္ဍ” ဟု မပြောသင့်ဘဲ “နာမ်အထူးပြုပါသောဝါကျကဏ္ဍ” ဟုပြောသင့်ကြောင်းပို၍ ထင်ရှားလာပါမည်။ နာမ်အထူးပြုဝါကျကဏ္ဍပါ သာဓကဝါကျနှစ်ခုတွင် မည်သည့်ဝါကျကဏ္ဍများ ပါဝင်ကြောင်း၊ အဘယ်ကြောင့် ဝါကျရောဖြစ်ကြောင်း ရှင်းလင်းဖော်ပြရန် လိုအပ်ပါသည်။ သာဓကဝါကျ (၁) ကျွန်တော်ဖတ်နေသောစာအုပ်မှာ စိတ်ဝင်စားစရာကောင်းသည်။ (စာ ၇၆) ဤဝါကျတွင် ‘ကျွန်တော်ဖတ်နေသောစာအုပ်မှာ’ သည် အမှီဝါကျကဏ္ဍဖြစ်ပြီး ‘စိတ်ဝင်စားစရာ ကောင်းသည်’ သည် သီးခြားဝါကျကဏ္ဍ ဖြစ်သည်။ ‘ကျွန်တော်ဖတ်နေသောစာအုပ်မှာ’ သည် နာမ်သဘောဆောင်သော ဝါကျကဏ္ဍပင်ဖြစ်သော်လည်း နာမ်အထူးပြုပါရှိသည့် ဝါကျကဏ္ဍ ဖြစ်သည်။ ထို့ကြောင့် ဤဝါကျကဏ္ဍကို နာမ်အထူးပြုပါသော ဝါကျကဏ္ဍဟု သာသတ်မှတ်သင့်သည်။ ဤဝါကျကဏ္ဍ တစ်ခုလုံးအနေဖြင့် နာမ်အထူးပြုဝါကျကဏ္ဍသဘော မဆောင်ပါ။ ဤဝါကျကဏ္ဍကို ခွဲခြမ်းစိတ်ဖြာ ကြည့်မည် ဆိုလျှင် - ကျွန်တော်စာအုပ်ဖတ်နေသည်။ (ဝါကျရိုး) စိတ်ဝင်စားစရာကောင်းသည်။ (ဝါကျရိုး) ကျွန်တော်ဖတ်နေသည့်စာအုပ်မှာ (နာမ်အထူးပြုပါသော အမှီဝါကျကဏ္ဍ) + စိတ်ဝင်စားစရာ ကောင်းသည်။ (အမှီခံဝါကျကဏ္ဍ) = ကျွန်တော်ဖတ်နေသည့်စာအုပ်မှာ စိတ်ဝင်စားစရာကောင်းသည်။ (ဝါကျရော) သာဓကဝါကျ (၂) အင်မတန်သာယာတဲ့ နေရာကလေးပါပဲ။ ဤဝါကျကို နားလည်သဘောပေါက်ရန် သေချာစွာ လေ့လာဆန်းစစ်ကြည့်ဖို့ လိုပါသည်။ အင်မတန်သာယာတယ်။ (ဝါကျရိုး) နေရာကလေးပါပဲ (ပါ/ပါပဲ = ဖြစ်ပါတယ်) (ဝါကျရိုး) အင်မတန်သာယာတဲ့နေရာကလေး (နာမ်အထူးပြုပါသော အမှီဝါကျကဏ္ဍ) + ဖြစ်ပါတယ်။ (အမှီခံဝါကျကဏ္ဍ) အင်မတန်သာယာတဲ့နေရာကလေး ပါပဲ။ (ဝါကျရော) မြန်မာဘာသာစကားတွင် “ပါ/ပါပဲ” နှင့်ဆုံးသော ဝါကျဖွဲ့စည်းပုံကို အထူးသတိပြုသင့်ပါသည်။ ‘ပါ/ပါပဲ’ ကိုအသုံးပြုသည့်အခါ ကြိယာမပါဘဲ ဝါကျဖွဲနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာတွင် ဝါကျအနေအထားအရ “ပါ/ပါပဲ” သည် ဖြစ်ခြင်းပြကြိယာ ကို ကိုယ်စားပြုနိုင်သောကြောင့်ဖြစ်သည်။ “ကျွန်တော်မောင်အောင်ပါ” ဆိုလျှင် မောင်အောင်ဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်၍၊ “သာယာတဲ့နေရာ ကလေးပါပဲ” ဆိုလျှင် သာယာသည့် နေရာဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်သည်။တစ်နည်းအားဖြင့် “ကျွန်တော် မောင်အောင်ဖြစ်ပါတယ်”၊ “သာယာတဲ့နေရာကလေးပဲဖြစ်ပါတယ်” ဟူသော ဝါကျတွင်ပါသည့် ဖြစ်ခြင်းပြ ကြိယာပုံစံဖြစ်သော ‘ဖြစ်ပါတယ်’ ကို ‘ပါ/ ပါပဲ’ တို့ဖြင့် ဝါကျပုံပြောင်းဖွဲ့စည်းမှု (Sentence Transformation) အဖြစ် အသုံးပြုထားခြင်းဖြစ်သည်။ ကြိယာအထူးပြုဝါကျကဏ္ဍ ကြိယာအထူးပြုဝါကျကဏ္ဍကို “ကြိယာအထူးပြုသဘောသက်ရောက်သောဝါကျကဏ္ဍဖြစ်သည်” (စာ ၇၆) ဟု ဖွင့်ဆိုထားသည်။ နာမ်အထူးပြုဝါကျကဏ္ဍတွင် “နာမ်အထူးပြုသဘောသက်ရောက်သော” ဟု မဖွင့်ဆို သင့်သော်လည်း ကြိယာအထူးပြုဝါကျကဏ္ဍကို “ကြိယာအထူးပြုသဘောသက်ရောက်သော” ဟု ဖွင့်ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော ဤအမှီဝါကျကဏ္ဍတစ်ခုလုံးသည် အမှီခံဝါကျ၏ ကြိယာကို အထူးပြုနိုင်သော သဘောရှိသောကြောင့် ဖြစ်ပါသည်။ သို့ရာတွင် ဤကဏ္ဍတွင် သာဓကဝါကျ ၂၁ ခုကို ဖော်ပြထားပြီး ထိုသာဓကများတွင် ဝါကျရိုးနှင့် ဝါကျရောများ ရောနှောနေပါသည်။ ဝါကျရိုးများပါဝင်နေသဖြင့် ထိုဝါကျရိုးများကို ဝါကျကဏ္ဍခွဲခြားရှင်းပြရန် မဖြစ်နိုင်ပါ။ကျောင်းသုံးစာအုပ်တွင် နံပါတ်စဉ်မပါရှိသော်လည်း ရှင်းလင်းရာတွင်လွယ်ကူစေရန် နံပါတ် တပ်ထားပါသည်။ စာမျက်နှာ ၇၆ ပါ သာဓကဝါကျများဖြစ်ပါသည်။ (၁) မိုးရွာလျှင် မိုးရေချိုးမည်။ (ဝါကျရော) (၂) စာမေးပွဲအောင်သောကြောင့် ကျွန်တော် ပျော်ရွှင်သည်။(ဝါကျရော) (၃) လှလှသည် နေမကောင်းသော်လည်း ကျောင်းတက်သည်။(ဝါကျရော) (၄) ကျွန်တော်ပြန်ရောက်တော့ မေမေ အိပ်နေပြီ။ (ဝါကျရော) (၅) ကျန်းမာရေးနှင့်ညီညွတ်အောင် ကိုယ်လက်လှုပ်ရှားရသည်။ (ဝါကျရော) (၆) ကလေးများသည် လက်ပြ၍ နှုတ်ဆက်ကြသည်။ (ဝါကျရော) (၇) ကြိုက်သလောက် ယူသွားပါ။ (ဝါကျရော) (၈) သူကြိုးစားသကဲ့သို့ ကျွန်တော်ကြိုးစားသည်။ (ဝါကျရော) (၉) နေသည်အရှေ့မှထွက်၍ အနောက်သို့ဝင်သည်။ (ဝါကျရော) (၁၀) ဆရာသည် အပြောလည်းကောင်း၍ စာရေးလည်းကောင်းသည်။ (ဝါကျရော) (၁၁) မိုးသံကြားသည်နှင့်တစ်ပြိုင်နက် လယ်သမားတို့ ထွန်တုံးပြင်ဆင်ကြသည်။ (ဝါကျရော) (၁၂) အစ်ကိုရော၊ အစ်မရော လာခဲ့ပါနော်။ (ဝါကျရိုး) (၁၃) အစ်ကိုဖြစ်စေ၊ အစ်မဖြစ်စေ လာခဲ့ပါ။ (ဝါကျရိုး) (၁၄) အစ်ကိုသော်လည်းကောင်း၊ အစ်မသော်လည်းကောင်း လာခဲ့ပါနော်။ (ဝါကျရိုး) (၁၅) အဖေ့ကိုလည်းကောင်း၊ အမေ့ကိုလည်းကောင်း ရှိခိုးကန်တော့ပါသည်။ (ဝါကျရိုး) (၁၆) ကားဖြင့်သော်လည်းကောင်း၊ ရထားဖြင့်သော်လည်းကောင်း သွားမည်။ (ဝါကျရိုး) (၁၇) မနက် သို့မဟုတ် ညနေ လာခဲ့မည်။ (ဝါကျရိုး) (၁၈) ကလေးငယ်သည် ပြေးရင်း မုန့်စားနေသည်။ (ဝါကျရော) (၁၉) ဆရာသည် ရယ်မောကာ ရှင်းပြနေသည်။ (ဝါကျရော) (၂၀) ဤအခန်းထဲသို့ ဖိနပ်မချွတ်ဘဲမဝင်ရ။ (ဝါကျရော) (၂၁) ဤအခန်းထဲသို့ ဖိနပ်မချွတ်ဘဲဝင်နိုင်သည်။ (ဝါကျရော)
NWAY: နဝမတန်းမြန်မာသဒ္ဒါ၊ နံပါတ် ၁၉ “ဝါကျရော” သင်ခန်းစာကို လေ့လာကြည့်ခြင်း ***** မိတ်ဆွေ မြန်မာစာဆရာတစ်ဦးက ကြိယာအထူးပြုဝါကျကဏ္ဍကို ကြည့်ပေးရန် ပြောလာသည့်အတွက် ကြည့်မိပြီးနောက် ဤစာကို ရေးဖြစ်ပါသည်။ စင်စစ် မြန်မာသဒ္ဒါကိစ္စသည် ထိလွယ်ရှလွယ်သည့်အတွက် ကျွန်တော်ဆွေးနွေးရန် ဆန္ဒမရှိလှပါ။ သို့သော် ကျောင်းသင်မြန်မာစာ ဖြစ်နေသည့်အတွက် သင်ကြားပေးနေကြရသည့် ဆရာဆရာမများအဆင်ပြေစေရန် သိသင့်သိထိုက်သည်များကိုမူ ရှင်းလင်း ဆွေးနွေး ပြောပြသင့်သည်ဟု ယူဆပါသည်။ ပညာရပ်ဆိုင်ရာရှုထောင့်မှသာ တင်ပြပါမည်။ နဝမတန်းမြန်မာစာကျောင်းသုံးစာအုပ်၊ အပိုင်း ၂ မြန်မာသဒ္ဒါ အခန်းတွင် အခန်းခွဲနံပါတ် ၁၉ “ဝါကျရော” သင်ခန်းစာပါရှိပါသည်။ စာမျက်နှာ ၇၅ မှ ၇၈ ထိ ဖြစ်ပါသည်။ သင်ခန်းစာအစတွင် “မြန်မာဝါကျဖွဲ့ပုံအရ ဝါကျဖွဲ့ပုံ ၂ မျိုးရှိပါသည်။” (စာ ၇၅) ဟု စတင် ဖော်ပြ ထားပါသည်။ မြန်မာသဒ္ဒါ စာအုပ်တွင်လည်း ဤသို့ပင်ဖော်ပြပါသည်။ ယေဘုယျအားဖြင့် ဝါကျဖွဲ့ပုံ ၂ မျိုးရှိသည်ဟု ဆိုနိုင်ပါသည်။ သို့ရာတွင် ဘာသာဗေဒနည်းအရ အသေးစိတ်စိစစ်လေ့လာမည်ဆိုလျှင် ဝါကျဖွဲ့ပုံ အမျိုးအစားမှာ ၂ မျိုးထက်မက ရှိပါသည်။ ဤအချက်မှာ ပညာရပ်ဆိုင်ရာသုတေသနကိစ္စဖြစ်၍ ဤနေရာတွင် အကျယ်မပြောတော့ပါ။ အခြေခံပညာအဆင့် ကျောင်းသူကျောင်းသားများအနေဖြင့် မြန်မာဝါကျတွင် ယေဘုယျအားဖြင့် ဝါကျဖွဲ့ပုံ ၂ မျိုးရှိသည် ဟု မှတ်ယူထားလျှင် လုံလောက်ပါသည်။ ‘ဝါကျရော’ ဖွင့်ဆိုသတ်မှတ်ချက်ကို “ဝါကျရိုး ၂ ခု သို့မဟုတ် ၂ ခုထက်ပိုသော ဝါကျရိုးဖြစ်စေရန် အဆက်ပစ္စည်းများဖြင့်ဆက်ထားသော ဝါကျဖြစ်သည်။” (စာ ၇၅) ဟု ဖော်ပြထားပါသည်။ အခြေခံပညာ ကျောင်းသင်အဆင့်တွင် ဤဖွင့်ဆိုချက်သည် ရှင်းလင်းလွယ်ကူပါသည်။ ဘာသာဗေဒတွင်မူ ဝါကျအမျိုးအစား သတ်မှတ်ရာတွင် ဝါကျကဏ္ဍ ခေါ် ‘Clause’ အပေါ်မူတည်၍ ဖွင့်ဆိုပါသည်။ ဝါကျတွင် ပါဝင်သော ဝါကျကဏ္ဍ ခေါ် ‘Clause’ အမျိုးအစားအပေါ်မူတည်၍ ဝါကျအမျိုးအစားကို သတ်မှတ်ပါသည်။ ပါဝင်သည့် ဝါကျကဏ္ဍအလိုက် ဆက်လက်လေ့လာပါသည်။ သင်ခန်းစာတွင်လည်း ဝါကျရောတွင် အမှီဝါကျကဏ္ဍ နှင့် အမှီခံဝါကျကဏ္ဍ ဟူ၍ ၂ မျိုး ရှိကြောင်းဖော်ပြပါသည်။ အမှီဝါကျကဏ္ဍကို ဘာသာဗေဒတွင် ‘Dependent Clause’ (DCl) ဟုခေါ်ပါသည်။ မြန်မာတွင် အမှီဝါကျခွဲဟုလည်းခေါ်ပါသည်။ အမှီခံဝါကျကဏ္ဍကို ဘာသာဗေဒတွင် ‘Independent Clause’ (ICl) ဟု ခေါ်ပါသည်။ မြန်မာတွင် သီးခြားဝါကျခွဲ၊ လွတ်လပ်သောဝါကျခွဲ ဟုလည်းခေါ်ပါသည်။ အမှီခံဝါကျ ကဏ္ဍသည် မိမိဘာသာ သီးခြားလွတ်လပ်စွာရပ်တည်နိုင်သော ဝါကျခွဲဖြစ်ပြီး အမှီဝါကျကဏ္ဍသည် အမှီခံ ဝါကျကဏ္ဍတွင်လာရောက်မှီခိုရပါသည်။ ထို့နောက် သင်ခန်းစာတွင် အမှီဝါကျကဏ္ဍကို နာမ်ဝါကျကဏ္ဍ၊ နာမ်အထူးပြုဝါကျကဏ္ဍ၊ ကြိယာ အထူးပြုဝါကျကဏ္ဍ ဟူ၍ အမျိုးအစား ၃ မျိုး ခွဲခြားပြပါသည် (စာ ၇၅)။ ထို အမျိုးအစားတစ်ခုစီအောက်တွင် သာဓကဝါကျများကိုလည်း ဖော်ပြထားပါသည်။ ဝါကျရော သင်ခန်းစာဖြစ်သဖြင့် သာဓကအဖြစ်ဖော်ပြထားသော ဝါကျများသည် ‘ဝါကျရော’ များ ဖြစ်သည်ဟု မှတ်ယူရမည်ထင်ပါသည်။ အမျိုးအစားအလိုက် ဝါကျရောသာဓကများထဲမှ “ဒါကတော့ အမှီ နာမ်ဝါကျကဏ္ဍ၊ ဒါကတော့ အမှီခံဝါကျကဏ္ဍ”၊ “ဒါကတော့ အမှီ နာမ်အထူးပြုဝါကျကဏ္ဍ၊ ဒါကတော့ အမှီခံဝါကျကဏ္ဍ”၊ “ဒါကတော့ အမှီ ကြိယာအထူးပြုဝါကျကဏ္ဍ၊ ဒါကတော့ အမှီခံဝါကျကဏ္ဍ” စသည်ဖြင့် ရှင်းလင်းသင်ပြရမည်ထင်ပါသည်။ ကျွန်တော့်တွင် ဆရာကိုင်စာအုပ်မရှိသဖြင့် မည်သို့သင်ကြားရမည်ဟု လမ်းညွှန်ထားသည်ကိုမသိပါ။ မည်သို့ပင်ဖြစ်စေ ဝါကျရော သင်ခန်းစာဖြစ်သဖြင့် သာဓကဝါကျများသည် ဝါကျရောများဖြစ်သည်ဟု မှတ်ယူစရာဖြစ်ပါသည်။ သင်ခန်းစာပါအမျိုးအစားအလိုက် လေ့လာကြည့်ပါမည်။ နာမ်ဝါကျကဏ္ဍ (နာမ်အမှီဝါကျကဏ္ဍ) နာမ်ဝါကျကဏ္ဍကို “နာမ်သဘောသက်ရောက်သော ဝါကျကဏ္ဍဖြစ်သည်” (စာ ၇၆) ဟု ဖွင့်ဆိုထားပါသည်။ ဖွင့်ဆိုချက်နှင့် သာဓကဝါကျ နှစ်ခုမှာ အငြင်းပွားစရာမရှိပါ။ သာဓကဝါကျ (၁) အဖေခရီးသွားသည်မှာ ၅ ရက်ရှိပြီ။ (စာ ၇၆) အဖေခရီးသွားသည်။ (ဝါကျရိုး) ၅ရက်ရှိပြီ။ (ဝါကျရိုး) အဖေခရီးသွားသည်မှာ (အမှီဝါကျကဏ္ဍ/နာမ်အမှီဝါကျကဏ္ဍ) + ငါးရက်ရှိပြီ (အမှီခံဝါကျကဏ္ဍ) = အဖေခရီးသွားသည်မှာ ငါးရက်ရှိပြီ။ (ဝါကျရော) သာဓကဝါကျ (၂) မနက်ဖြန်သူလာမည်ကို ကျွန်တော်သိသည်။ မနက်ဖြန်သူလာမည်။ (ဝါကျရိုး) ကျွန်တော်သိသည်။ (ဝါကျရိုး) မနက်ဖြန်သူလာမည်ကို (အမှီဝါကျကဏ္ဍ/နာမ်အမှီဝါကျကဏ္ဍ) + ကျွန်တော်သိသည်။ (အမှီခံဝါကျကဏ္ဍ) မနက်ဖြန်သူလာမည်ကို ကျွန်တော်သိသည်။ (ဝါကျရော) နာမ်အထူးပြုဝါကျကဏ္ဍ (နာမ်အထူးပြုအမှီဝါကျကဏ္ဍ) နာမ်အထူးပြုဝါကျကဏ္ဍကို “နာမ်အထူးပြုသဘောသက်ရောက်သောဝါကျကဏ္ဍဖြစ်သည်” (စာ ၇၆) ဟု ဖွင့်ဆိုထားပါသည်။ ဤအပိုင်းတွင် ဆွေးနွေးစရာအကြောင်းရှိပါသည်။ ဤအခန်းခွဲငယ်ကို ‘နာမ်အထူးပြု ဝါကျကဏ္ဍ’ ဟု ဖော်ပြထားခြင်းသည်လည်းကောင်း၊ နာမ်အထူးပြုသဘောသက်ရောက်သော ဝါကျကဏ္ဍ ဖြစ်သည် ဟု ဖွင့် ဆိုထားခြင်းသည် ဆီလျော်မှုမရှိလှပါ။ စစ်စစ် ‘နာမ်အထူးပြုပါသောဝါကျကဏ္ဍ’ ဟုသာဖြစ်သင့်ပြီး သတ်မှတ်ဖွင့်ဆိုသင့်သည်။ မြန်မာသဒ္ဒါစာအုပ်တွင်လည်း “နာမဝိသေသနပါသော
https://youtu.be/L3EJl0mriV8?si=GTeccJkem1P1QPJ-
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи