tgindex
Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲

Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲

Статистика

You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019

Последний пост
8 авг.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
33
Тип
открытый
Язык
my
Категория
Видео
В каталоге с
13 авг.
Подписчики
25 883
+139 за 3 дн.
Сутки
+47
+0,18%
Неделя
 
Месяц
 
Просмотров на пост
6 392
33 постов
Вовлечённость
24,7%
к подписчикам
Постов в день
0,0
всего 33
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
5 918
1/48двое суток
6 782
1/72трое суток
7 314

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 8 авг.4 634236

    видео или голосовое, без подписи

  • 8 авг.4 53268

    သို့ရာတွင် မြတ်စွာဘုရားရှင်၏ အဆုံးအမအရ သွေးသားတော်စပ်မှုထက် သီလ၊ သမာဓိ၊ ပညာတို့ဖြင့် ချိတ်ဆက်ထားသော ဓမ္မဆွေမျိုးဘဝက ပို၍ မြင့်မြတ်လှသည်။ မိဘကို ရိုသေခြင်း၊ ဆွေမျိုးကို စောင့်ရှောက်ခြင်း၊ ကျေးဇူးကို သိတတ်ခြင်းနှင့် ကုသိုလ်ကောင်းမှုများကို အတူတကွ ပြုလုပ်ခြင်းတို့သည်သာ မိမိ၏ မျိုးရိုးကို ဂုဏ်တင်ရာရောက်သလို၊ သာသနာတော်ကိုလည်း ကြည်ညိုထိန်းသိမ်းရာ ရောက်ပေသည်။ ထို့ကြောင့် "ဆွေ (၇) ဆက်၊ မျိုး (၇) ဆက်" ဟူသော စကားရပ်ကို ကြားရတိုင်း မျိုးရိုးစဉ်ဆက်ကိုသာ သတိရရုံမက၊ ကျေးဇူးတရားကို အောက်မေ့၍ မေတ္တာဖြင့် ဆက်ဆံနေထိုင်ကာ ဓမ္မဆွေမျိုးကောင်းတစ်ဦး ဖြစ်အောင် ကြိုးစားကျင့်သုံးကြပါစို့။ (ပြီး) သျှင်ပျို(ဉာဏပဒေသာ) ကိုးကား/- (ပါရာဇိကဏ်၊ ပါ။ ၃၀၇။ ဋ္ဌ။ ဒု- ၂၀၀။ ၎င်း ပါ။ ၃၃၃။ ဋ္ဌ။ ၂၆၄။) စကားလက်ဆောင် - “အသိပညာသည်သာ ဘဝ၏ အလင်းရောင်ဖြစ်ပါသည်။ ဤ ‘ဉာဏပဒေသာ’ မှ ရရှိသော အသိအမြင်များဖြင့် မိမိနှင့် ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်သော ပညာရှင်တစ်ဦး ဖြစ်ပါစေ။” မှတ်ချက်။ ။ လွတ်လပ်စွာ ကူးယူဖော်ပြခွင့်ပြုပါသည်။ #အသိပညာရေးဆိုင်ရာပရဟိတဖောင်ဒေးရှင်း #သျှင်ပျို_ဉာဏပဒေသာ #ဉာဏပဒေသာ #ÑăṇaPadesă

  • 8 авг.4 0951415

    ဆွေ ၇-ဆက်၊ မျိုး ၇-ဆက် ================================ ဆွေမျိုးတော်စပ်မှု ------------------------------------------------------------ "သွေးတစ်စက်၊ အရိုးတစ်ခဲ" ဟူသော မြန်မာစကားသည် ဆွေမျိုးတော်စပ်မှု၏ အရေးပါပုံကို ဖော်ပြနေသကဲ့သို့ ဗုဒ္ဓသာသနာတော်တွင်လည်း ဆွေမျိုးတော်စပ်မှုကို စနစ်တကျ သတ်မှတ်ဖော်ပြထားသည်။ ယနေ့ခေတ်၌ "ဆွေမျိုး" ဟုဆိုလျှင် အနီးစပ်ဆုံး မိသားစုကိုသာ ရည်ညွှန်းလေ့ရှိကြသော်လည်း ရှေးဟောင်းဝိနည်းကျမ်းများနှင့် မြန်မာစာပေများ၌မူ ဆွေမျိုး၏ နယ်ပယ်ကို အလွန်ကျယ်ပြန့်စွာ သတ်မှတ်ထားကြောင်း တွေ့ရသည်။ ဝိနည်းပိဋကတ်တော်၏ သတ်မှတ်ချက် ------------------------------------------------------------ ဝိနည်းပိဋကတ်တော်၌ "ဉာတိက"ဟူသော ဝေါဟာရကို ဆွေမျိုးတော်သူဟု သတ်မှတ်ထားပြီး၊ မိမိမှ အထက် (၇) ဆက်နှင့် အောက် (၇) ဆက်တိုင် ရေတွက်၍ အကျုံးဝင်သူများကို "ဉာတိက"ဟု အသိအမှတ်ပြုထားသည်။ ထို (၇) ဆက်အတွင်း မပါဝင်သူများကိုမူ "အညာတိက"ဟု ခေါ်ဆိုကြပြီး၊ "ဆွေမျိုးမတော်သူ" ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ဤသတ်မှတ်ချက်သည် သာမန် မျိုးရိုးမှတ်တမ်းတစ်ခုသာ မဟုတ်ဘဲ သံဃာ့ဝိနည်း၊ အလှူခံယူမှု၊ ပစ္စည်းအသုံးပြုမှု၊ ကပ္ပိယကိစ္စများ၌လည်း အရေးကြီးသော အခြေခံသတ်မှတ်ချက်တစ်ရပ် ဖြစ်လေသည်။ အထက် (၇) ဆက်ကို မည်သို့ရေတွက်သနည်း ------------------------------------------------------------ မြန်မာစာပေကျမ်းများတွင် ဝေါဟာရအသုံးအနှုန်း အနည်းငယ်ကွဲပြားသော်လည်း အဓိပ္ပာယ်မှာ တူညီကြသည်။ အချို့ကျမ်းများ၌ - ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ ဘောင်၊ ဘော ဟု ရေတွက်ကြသည်။ အခြားကျမ်းများ၌ - ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ ညှောက်၊ စေ့ ဟူ၍လည်းကောင်း၊ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘဲ့၊ ဘော့၊ ဘွေး ဟူ၍လည်းကောင်း အသုံးပြုကြသည်။ တချို့ဆရာတော်များက - အဖ၊ အဖိုး၊ အဘွေး၊ အဘဲ၊ အဘီ၊ အဘော၊ အဘောင် ဟု စဉ်ဆက်သတ်မှတ်ကြသည်။ ထိုသို့ ဝေါဟာရများ ကွဲပြားသော်လည်း "မိမိ၏ မျိုးရိုးကို အထက် (၇) ဆက်တိုင်" ရေတွက်ခြင်းဟူသော အဓိပ္ပာယ်မှာ တူညီနေသည်။ အောက် (၇) ဆက်ကို မည်သို့ရေတွက်သနည်း ------------------------------------------------------------ အောက်မျိုးဆက်ကိုလည်း ကျမ်းမူအမျိုးမျိုးတွင် အနည်းငယ်ကွဲပြားစွာ ဖော်ပြထားသည်။ အသုံးများသော စဉ်မှာ - သား၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ကျွတ်ဆက် ဖြစ်သည်။ အချို့မူ၌ - သား၊ မြေး၊ မြစ်၊ တီ၊ ကျွတ်၊ ဆတ်၊ ဆက် ဟု ဖော်ပြပြီး၊ အခြားမူ၌ - သား၊ မြေး၊ မြစ်၊ တီ၊ မြှော့၊ ကျွတ်၊ ကျွတ်ဆက် ဟုလည်း တွေ့ရသည်။ ဤသည်တို့သည် ဝေါဟာရကွဲပြားမှုသာ ဖြစ်ပြီး အောက် (၇) ဆက်တိုင်ကို ရည်ညွှန်းခြင်းဖြစ်သည်။ မဃဒေဝလင်္ကာဆရာ၏ မှတ်သားဖွယ် လင်္ကာ ------------------------------------------------------------ ရှေးပညာရှင်များသည် အလွယ်တကူ မှတ်သားနိုင်ရန် လင်္ကာများဖြင့်လည်း ရေးသားထားခဲ့ကြသည်။ "ဆွေစုမျိုးစစ်၊ ခုနစ်ဝင်ထ၊ ကိုယ့်ထက်မှလျှင်၊ အဘ အဘိုး၊ ခေါ်ရိုးစဉ်ရှေး၊ အဘေး အဘဲ၊ တစ်ကွဲ အဘွေး၊ တရေး အဘော်။ အောက်သော် တခြား၊ သားနှင့် မြေး မြစ်၊ တစ်ဆစ် တီ မြှော့၊ မှတ်လော့ ကျွတ် ဆက်၊ ကျမ်းဂန်ထွက်၏။" ဤလင်္ကာသည် ဆွေမျိုး (၇) ဆက်ကို စနစ်တကျ မှတ်သားနိုင်စေရန် ရေးစပ်ထားသော စာပေအမွေအနှစ်တစ်ခု ဖြစ်သည်။ ဆွေမျိုးဟူသည် သွေးသားမျှ မဟုတ် ------------------------------------------------------------ ဗုဒ္ဓသာသနာတော်တွင် ဆွေမျိုးတော်စပ်မှုကို အသိအမှတ်ပြုထားသော်လည်း မြတ်စွာဘုရားရှင်က သွေးသားဆက်နွယ်မှုထက် တရားဓမ္မဖြင့် ဆက်နွယ်မှု ကို ပို၍ အလေးထားတော်မူသည်။ မိဘကို ကျေးဇူးသိတတ်သူ၊ ဆွေမျိုးများကို စောင့်ရှောက်သူ၊ အချင်းချင်း မေတ္တာထားသူသည် မိမိမျိုးရိုးကို ဂုဏ်တင်သူ ဖြစ်သည်။ သို့ရာတွင် ဆွေမျိုးဖြစ်ရုံနှင့် မလုံလောက်သေး။ သီလ၊ သမာဓိ၊ ပညာတို့ဖြင့် မိမိကိုယ်ကို မြှင့်တင်သူသာ မျိုးရိုးကို အမှန်တကယ် မြင့်မားစေသူ ဖြစ်သည်။ မှတ်သားဖွယ် သင်ခန်းစာ ------------------------------------------------------------ ယနေ့ခေတ်တွင် မိသားစုငယ်များသာ နေထိုင်လာကြသဖြင့် အဘိုး၊ အဘွားအထက် မျိုးဆက်များကိုပင် မသိတော့သည့် အခြေအနေများ တွေ့ရသည်။ ရှေးပညာရှင်များကမူ မျိုးရိုးအစဉ်ကို (၇) ဆက်တိုင် သိရှိမှတ်သားစေခြင်းဖြင့် ကျေးဇူးတရားကို မမေ့စေရန်၊ ဆွေမျိုးစည်းလုံးမှုကို ထိန်းသိမ်းစေရန်၊ လူမှုအသိုင်းအဝိုင်း၏ အခြေခံအုတ်မြစ်ကို ခိုင်မာစေရန် ရည်ရွယ်ခဲ့ကြသည်။ "ဆွေ (၇) ဆက်၊ မျိုး (၇) ဆက်" ဟူသော အယူအဆသည် ရှေးမြန်မာတို့၏ မျိုးရိုးစဉ်ဆက်ကို မှတ်သားထားသော ဓလေ့တစ်ခုမျှသာ မဟုတ်ဘဲ၊ ဗုဒ္ဓသာသနာတော်၏ ဝိနည်းကျမ်းများကပင် အသိအမှတ်ပြုထားသော ဉာတိတရား၏ အတိုင်းအတာတစ်ရပ် ဖြစ်ပါသည်။ ထိုသို့ သတ်မှတ်ထားခြင်းသည် ဆွေမျိုးအချင်းချင်း မေတ္တာ၊ ဂရုဏာ၊ ကျေးဇူးသိတတ်မှုနှင့် အပြန်အလှန် စောင့်ရှောက်ရမည့် တာဝန်ဝတ္တရားများကို သတိပေးထားခြင်းလည်း ဖြစ်၏။

  • 3 авг.6 824226

    видео или голосовое, без подписи

  • 3 авг.6 6734880

    “မြန်မာမှာ အသုံးများတဲ့ သင်ကြားနည်း ၂၁ နည်း” သင်ကြားနည်းကောင်းဆိုတာ တစ်ခုတည်း မရှိပါဘူး။ သင်ခန်းစာရဲ့ ရည်ရွယ်ချက်၊ ကျောင်းသားတွေရဲ့ လိုအပ်ချက်နဲ့ သင်ယူမှုအခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ နည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်အောင် Tr.Amelia ကမျှဝေပေးလိုက်ပါတယ်ရှင့်။ ၁။ မေးခွန်းမေး သင်ကြားနည်း (Questioning Method) ကျောင်းသားများကို မေးခွန်းများမေး၍ စဉ်းစားခိုင်းပြီး သင်ယူစေသော နည်းလမ်း။ ၂။ ပုံပြင်ပြော သင်ကြားနည်း (Storytelling Method) အကြောင်းအရာကို ပုံပြင်၊ ဖြစ်ရပ်မှန်များဖြင့် ချိတ်ဆက်၍ သင်ကြားခြင်း။ ၃။ ဟောပြောဆွေးနွေး သင်ကြားနည်း (Lecture Discussion Method) ဆရာက ရှင်းပြပြီး ကျောင်းသားများနှင့် ဆွေးနွေးဖလှယ်ခြင်း။ ၄။ Strip Story နည်း (Strip Story Method) ဇာတ်လမ်းအပိုင်းအစများကို စီစဉ်ခိုင်း၍ သဘောတရားကို နားလည်စေခြင်း။ ၅။ သရုပ်ပြ သင်ကြားနည်း (Demonstration Method) လုပ်ဆောင်ပုံကို လက်တွေ့ပြသ၍ သင်ကြားခြင်း။ ၆။ အခြေအနေမှ စည်းမျဉ်းဖော်ထုတ်နည်း (Inductive Method) ဥပမာများမှတစ်ဆင့် စည်းမျဉ်း၊ သဘောတရားကို ကိုယ်တိုင်ရှာဖွေစေခြင်း။ ၇။ ပြဿနာဖြေရှင်းနည်း (Problem Solving Method) ပြဿနာတစ်ခုကို ခွဲခြမ်းစိတ်ဖြာ၍ အဖြေရှာစေခြင်း။ ၈။ ရှာဖွေတွေ့ရှိ သင်ယူနည်း (Discovery Method) ကျောင်းသားများကို ကိုယ်တိုင်ရှာဖွေတွေ့ရှိအောင် လမ်းညွှန်ပေးခြင်း။ ၉။ Inquiry-Based Learning (စူးစမ်းလေ့လာ သင်ယူနည်း) မေးခွန်းထုတ်၊ သုတေသနပြု၊ သက်သေအထောက်အထားရှာဖွေ၍ သင်ယူစေခြင်း။ ၁၀။ လေ့လာကြည့်ရှု သင်ကြားနည်း (Observation Method) အရာဝတ္ထု၊ ဖြစ်စဉ်များကို စနစ်တကျ ကြည့်ရှုလေ့လာစေခြင်း။ ၁၁။ သရုပ်ဆောင် သင်ကြားနည်း (Role Playing Method) အခြေအနေတစ်ခုကို သရုပ်ဆောင်စေ၍ အတွေ့အကြုံရယူစေခြင်း။ ၁၂။ အတွေးအမြင်ဖော်ထုတ်နည်း (Brainstorming Method) အကြံဉာဏ်များကို လွတ်လပ်စွာ ထုတ်ဖော်စေခြင်း။ ၁၃။ ပူးပေါင်းသင်ယူနည်း (Cooperative Learning Method) အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်၍ သင်ယူခြင်း။ ၁၄။ Fishbowl ဆွေးနွေးနည်း (Fishbowl Technique) အဖွဲ့တစ်ဖွဲ့ ဆွေးနွေးနေစဉ် အခြားသူများက လေ့လာပြီး နောက်မှ ပါဝင်ဆွေးနွေးခြင်း။ ၁၅။ နှစ်ယောက်တစ်တွဲ ဖလှယ်ဆွေးနွေးနည်း (Dyadic Exchange Method) ကျောင်းသားနှစ်ဦးစီ တွဲဖက်ဆွေးနွေး၍ အမြင်ဖလှယ်ခြင်း။ ၁၆။ လက်တွေ့စမ်းသပ် သင်ကြားနည်း (Laboratory Method) စမ်းသပ်မှုများ၊ လက်တွေ့လုပ်ဆောင်မှုများဖြင့် သင်ယူခြင်း။ ၁၇။ ကွင်းဆင်းလေ့လာနည်း (Field Trip Method) ပြင်ပနေရာများသို့ သွားရောက်လေ့လာ၍ သင်ယူခြင်း။ ၁၈။ Simulation & Games နည်း (Simulation and Games Method) ဂိမ်းများ၊ အတုယူအခြေအနေများမှတစ်ဆင့် သင်ယူခြင်း။ ၁၉။ Nominal Group Process Method တစ်ဦးချင်း အကြံထုတ်၊ အဖွဲ့လိုက် ဆွေးနွေးပြီး ဦးစားပေးရွေးချယ်ဆုံးဖြတ်ခြင်း။ ၂၀။ Peer Learning Method (အချင်းချင်း သင်ယူနည်း) ကျောင်းသားအချင်းချင်း ရှင်းပြသင်ကြား၍ သင်ယူခြင်း။ ၂၁။ Think–Pair–Share Method (စဉ်းစား–တွဲဖက်–မျှဝေ နည်း) တစ်ဦးချင်း စဉ်းစားပြီး၊ အတွဲလိုက် ဆွေးနွေးကာ အတန်းရှေ့တွင် မျှဝေခြင်း တို့ပဲဖြစ်ပါတယ်ရှင့်။ #TeachingMethods #TeacherDevelopment #StudentCenteredLearning #LifelongLearning

  • 1 авг.7 841429

    ပညာရေးအသုံးစရိတ်ကို နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၅ ရာခိုင်နှုန်းအထိ အဆင့်ဆင့်တိုးမြှင့်၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး အရှိန်မြှင့်မည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခြေခံဖြစ်သည့် ပညာရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုကို အဆင့်ဆင့်တိုးမြှင့်ပြီး ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေး၊ အသက်မွေးဝမ်းကျောင်းပညာရေး တိုးချဲ့ရေး၊ ဆရာ၊ ဆရာမများ၏ အရည်အသွေးနှင့် ရာထူးလမ်းကြောင်း မြှင့်တင်ရေးတို့ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားသည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၌ ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်းကို အသုံးပြုမည်ဖြစ်ပြီး အခြားဝန်ကြီးဌာနများ၏ ပညာရေးဆိုင်ရာအသုံးစရိတ်များအပါအဝင် စုစုပေါင်း ၉ ဒသမ ၂၂ ရာခိုင်နှုန်း သုံးစွဲသွားမည်ဖြစ်သည်။ ထို့ပြင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် ၁၀ ရာခိုင်နှုန်းထက်မနည်းနှင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ပညာရေးကဏ္ဍတစ်ရပ်လုံးအတွက် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာအဆင့်၌ ကျောင်းသား၊ ကျောင်းသူ ၇ ဒသမ ၅ သန်းကျော် တက်ရောက်ပညာသင်ကြားနေပြီး ယခင်ပညာသင်နှစ်ထက် သုံးသိန်းကျော် တိုးလာကြောင်း သိရသည်။ သို့ရာတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်က ကျောင်းတက်ရောက်သူ ၉ ဒသမ ၄ သန်းရှိခဲ့သဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သည်။ ကျောင်းပြင်ပရောက်ကလေးများ ပညာရေးစနစ်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် Placement Test အထူးအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ မူလတန်းအဆင့်၌ ၄၃,၅၁၀ ဦးနှင့် အလယ်တန်းအဆင့်၌ ၇,၈၆၅ ဦး အောင်မြင်ခဲ့သည်။ ပညာရေးအားနည်းသည့်ဒေသများတွင် KG+9 အထိ ပညာသင်ကြားနိုင်ရေး အထူးစီမံချက်များ ချမှတ်ဆောင်ရွက်မည်ဖြစ်သည်။ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း ၉၂ ကျောင်း ဖွင့်လှစ်ထားပြီး KG+6 အတန်းတွင် ပြဋ္ဌာန်းစာအုပ်များဖြင့် စတင်သင်ကြားနေပြီဖြစ်သည်။ KG+7၊ KG+8 နှင့် KG+9 အတန်းများအတွက်လည်း ပြဋ္ဌာန်းစာအုပ်များ ဖြန့်ဝေ၍ သင်ကြားနိုင်ရေးနှင့် အရည်အချင်းပြည့်မီသည့် နည်းပြများ လုံလောက်စွာ မွေးထုတ်ပေးရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ လက်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ၁၅ ကျောင်းအနက် ပွင့်ဖြူ၊ သာယာဝတီ၊ သထုံနှင့် ဟဲဟိုးရှိ သိပ္ပံကျောင်းများကို ကောလိပ်အဆင့်သို့ မြှင့်တင်ရန် စီစဉ်နေသည်။ Polytechnic သိပ္ပံများနှင့် တက္ကသိုလ်များကိုလည်း လိုအပ်ချက်နှင့်အညီ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်း ၅၀,၉၆၂ ကျောင်းအနက် ၃၅,၅၃၉ ကျောင်းနှင့် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ် ၅၀ အနက် ၄၈ ခုကို ဖွင့်လှစ်ထားသည်။ အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမ ၃၁၅,၂၈၅ ဦးနှင့် အဆင့်မြင့်ပညာကဏ္ဍတွင် ၁၀,၆၇၉ ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး ခန့်အပ်ရန်ကြန့်ကြာနေသည့် ဆရာ၊ ဆရာမ ၈,၀၀၀ ကိုလည်း ယခုလအတွင်း ခန့်အပ်ခဲ့ပြီးဖြစ်သည်။ ပညာရေးဒီဂရီကောလိပ် ၂၅ ခုအနက် ငါးခုကို ဆရာအတတ်ပညာသင်တက္ကသိုလ်အဆင့်သို့ မြှင့်တင်မည်ဖြစ်သည်။ ထူးချွန်စွာအောင်မြင်သူများကို မဟာဘွဲ့ဆက်လက်သင်ယူခွင့်ပေး၍ မဟာဘွဲ့ရရှိပါက အထက်တန်းပြအဖြစ် ခန့်အပ်မည်ဖြစ်သည်။ မူလတန်းပြနှင့် အလယ်တန်းပြများအတွက်လည်း လုပ်သက်နှင့် အရည်အချင်းပေါ်မူတည်သည့် ရာထူး၊ လစာတိုးမြှင့်ရေးလမ်းကြောင်းများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ပညာရေးပြုပြင်ပြောင်းလဲမှုတွင် စာမေးပွဲအောင်မြင်ရေးသက်သက်ကို ဦးတည်ခြင်းမဟုတ်ဘဲ သင်ခန်းစာများကို အမှန်တကယ်နားလည်တတ်မြောက်ပြီး ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်လာစေရေးကို အလေးထားမည်ဖြစ်သည်။ အလွတ်ကျက်မှတ်မှုနှင့် အသေးစိတ်စာလုံးအသုံးအနှုန်းကိုသာ အခြေခံသည့် အကဲဖြတ်စနစ်ကိုလည်း ပြုပြင်ပြောင်းလဲသွားမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရေးအတွက် အစိုးရရက်ပေါင်း ၁၀၀ ကာလအတွင်း Smart School နှင့် Football for Schools Programme တို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော်ခဲ့သည်။ တက္ကသိုလ်များတွင်လည်း ဘွဲ့နှင်းသဘင်ခန်းမ၊ အပန်းဖြေရိပ်သာ၊ အဆင့်မီဘောလုံးကွင်းနှင့် အားကစားရုံများ တည်ဆောက်ပေးလျက်ရှိသည်။ အဆင့်မြင့်ပညာရေးနှင့် သုတေသနဖွံ့ဖြိုးရေးအတွက် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် Naypyitaw State Academy တို့တွင် သုတေသနစွမ်းရည်မြှင့်တင်ရေးဗဟိုဌာနများ တည်ထောင်ထားသည်။ အဆိုပါတက္ကသိုလ်များ၌ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ စီးပွားရေးနှင့် ဥပဒေပညာရပ်များတွင် ထူးချွန်သူများအား သက်ဆိုင်ရာပညာထူးချွန်ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

  • 31 июл.7 26681

    видео или голосовое, без подписи

  • 31 июл.7 01536

    ကျောင်းအကျိုးဆောင်အဖွဲ့နှင့်မသက်ဆိုင်သောလုပ်ငန်းများ ၆။ အောက်ပါလုပ်ငန်းများတွင်ပါဝင် ဆောင်ရွက်ခွင့်မရှိပါ - (က) ကျောင်းစီမံခန်ခွဲရေးကိစ္စများ ( ခ) သင်ကြားသင်ယူမှုလုပ်ငန်းများ ( ဂ) ကျောင်းသားမိဘများထံမှနှုန်းထားသတ်မှတ် ကောက်ခံမှုလုပ်ငန်းများ (ဃ) ကျောင်းသားလက်ခံရေး၊ အတန်းတင်ရေး/မတင်ရေးကိစ္စရပ်များ ( င) ဆရာခန့်ထားရေး၊ ပြောင်းရွှေ့ရေး၊ ရာထူးတိုး/လျော့ကိစ္စရပ်များ စစ်ဆေးကြပ်မတ်ရမည့်လုပ်ငန်းများ ၇။ အောက်ပါလုပ်ငန်းများကို စစ်ဆေးကြပ်မတ်ရန်ဖြစ်ပါသည်။ (က) အလုပ်အမှုဆောင်အဖွဲ့၏ငွေစာရင်းနှင့် အစည်းအဝေးမှတ်တမ်း ( ခ) အလှူငွေကောက်ခံသည့် ဖြတ်ပိုင်းစာအုပ်များနှင့် ဝင်ငွေမှတ်တမ်းများ (ဂ) အသုံးစရိတ်မှတ်တမ်းနှင့်ပြေစာမူရင်းများ၊ ပစ္စည်းစာရင်းများ (ဃ) ကျောင်းအကျိုးဆောင်အဖွဲ့မှ ကျောင်းအတွက်ပံ့ပိုးဆောင်ရွက်ပေးသောလုပ်ငန်း/ပစ္စည်း မှတ်တမ်းများ နွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူများကျောင်းနေရေးအတွက် အခမဲ့ ထောက်ပံ့ပေးသောမှတ်တမ်းများ ( င) ရငွေ/သုံးငွေ ငွေစာရင်းရှင်းတမ်းများ၊ ဘဏ်ငွေစုံ စာအုပ်လက်ကျန်စာရင်းနှင့် ငွေသား လက်ကျန်စာရင်းထားရှိမှုများ ( စ) သတ်မှတ်ချက်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု မရှိပါက အဆင့်ဆင့်တင်ပြရန် MT(muse)

  • 31 июл.6 65266

    ကျောင်းအကျိုးဆောင်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် စိစစ်ကြပ်မတ်ရန်အချက်များ ကျောင်းအကျိုးဆောင်အဖွဲ့ ဖွဲ့စည်းရသည့်အကြောင်းအရင်း ၁။ တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် တိုးတက်ပြောင်းလဲနေသော သင်ကြားသင်ယူမှု စနစ်များနှင့်အညီ အခြေခံပညာကျောင်းအဆောက်အအုံ၊ ပရိဘောဂ၊ သင်ကြားသင်ယူမှု လာထာက်အကူပြုပစ္စည်းများများအတွက် ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ အစိုးရမဟုတ် သာ အဖွဲ့အစည်းများ ပြင်ပမှစေတနာရှင်များနှင့် ပညာရေးကို စိတ်ပါဝင်စား ကူညီပံ့ပိုးလိုသူများ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးရန် လိုအပ်လာပါသည်။ ကျောင်းတွင်း ပညာရည်မြင့်မားရေးအတွက် ကျောင်း၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းလုပ်ငန်း ထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များကို ဖွဲ့စည်း ရခြင်းဖြစ်ပါသည်။ ကျောင်းအကျိုးဆောင်အဖွဲ့၏ ရည်ရွယ်ချက် ၂။ ကျောင်းအကျိုးဆောင်အဖွဲ့၏ရည်ရွယ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ (က) ကျောင်း၏ရုပ်ပိုင်းဆိုင်ရာအဆောက်အအုံ၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းလိုအပ်ချက်များနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးရန်။ ( ခ) ဆင်းရဲနွမ်းပါးသော မိသားစုဝင် ကလေးများအား ကျောင်းနေနိုင်ရေးအတွက် ကျောင်း၊နေ စရိတ်ထောက်ပံ့ရန်။ (ဂ) အခြေခံပညာ အဆင့်အလိုက် သင်ယူပြီးမြောက်သည်အထိ တက်ရောက် သင်ယူနိုင်ရေး (ကျောင်းနေမြဲရေး) အတွက် ရပ်ရွာလူထုအား စည်းရုံးလှုံ့ဆော်ရန်။ (ဃ) ပညာရည် မြင့်မားတိုးတက်စေမည့် ကလေးပျော် ကျောင်းပတ်ဝန်းကျင် ဖန်တီးပေးရန်နှင့် ရေရှည်ထိန်းသိမ်းမြှင့်တင်ပေးနိုင်ရန်။ ( င) ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် သက်သာချောင်ချိရေး အစီအစဉ်များတွင် ပံ့ပိုးကူညီရန်။ ကျောင်းအကျိုးဆောင်အဖွဲ့ဝင်များနှင့် အလုပ်အမှုဆောင်အဖွဲ့ ၃။ ကျောင်းအကျိုးဆောင်အဖွဲ့တွင် ကျောင်းအတွက် ပံ့ပိုးကူညီပေးနိုင်မည့် ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ လူမှုရေးအသင်းအဖွဲ့များမှပုဂ္ဂိုလ်များ၊ ပညာရေးစေတနာရှင်များနှင့် ကျောင်းသားဟောင်းများ ပါဝင်နိုင်ပါ သည်။ ကျောင်းအကျိုးဆောင်အဖွဲ့ဝင်များထဲမှ အဖွဲ့ဝင်(၅)ဦး မှ (၇)ဦးထိ ပါဝင်သော အလုပ်အမှုဆောင် အဖွဲ့ကို အောက်ပါအတိုင်းရွေးချယ်ဖွဲ့စည်းရပါမည်- (က) ဥက္ကဋ္ဌ (၁) ဦး (ခ) ဒု-ဥက္ကဌ (၁) ဦး ( ဂ) ဘဏ္ဍာရေးမှူး (၁) ဦး (ဃ) အတွင်းရေးမှူး (၁) ဦး ( င) အဖွဲ့ဝင် (၁) ဦး မှ (၃) ဦး ဆောင်ရွက်ရမည့်လုပ်ငန်းများ ၄။ ကျောင်းအကျိုးဆောင်အဖွဲ့၏လုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။ (က) ကျောင်း၏ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်နှင့် သွင်ပြင်လက္ခဏာများ တိုးတက်မြင့်မား လာရေးအတွက် လိုအပ်သည့် လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပညာရေးငွေပဒေသာပင် (School Revolving Fund (or) School Welfare Fund) & အညီ ပူးပေါင်းဖြည့်ဆည်းဆောင်ရွက်သွားရန်။ (ခ) ပညာရေးငွေပဒေသာပင်ကို အဖွဲ့ဝင်များနှင့် စေတနာရှင်များမှစေတနာ အလျောက်လှူဒါန်း ငွေများ၊ ထည့်ဝင်ငွေများ၊ ပူးပေါင်းပါဝင်ငွေများဖြင့်သာ စိုက်ထူရန်။ (ဂ) ကျောင်းအတွက် စေတနာအလျောက် ထည့်ဝင် လှူဒါန်းငွေများကို စနစ်တကျ ထိန်းသိမ်း အသုံးပြုရန်နှင့် ပစ္စည်းများကိုကျောင်းသို့ လွှဲပြောင်းပေးရန်။ (ဃ) ကျောင်းဖွင့်စတွင် မိဘ/ ကျောင်းသား တစ်ဦးလျှင် အလှူငွေ မည်မျှထည့်ဝင်ရမည်ဆိုသည့် နှုန်းထား သတ်မှတ်ချက်ဖြင့် မိဘများထံမှ အတင်းအကြပ် အလှူငွေကောက်ခံခြင်း လုံးဝ မပြုလုပ်ရန်။ (င) မိဘဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့နှင့် ညှိနှိုင်းတိုင်ပင်ပြီး ကျောင်း၏ လိုအပ်ချက်များကို မိဘဆရာအသင်းနှင့် ပူးပေါင်းပံ့ပိုးဖြည့်ဆည်းပေးရန်။ (စ) ကျောင်းအဆောက်အဦ၊ စာသင်ဆောင်၊ စာသင်ခန်း၊ ပရိဘောဂနှင့် သင်ကြားသင်ယူမှု အထောက်အကူပစ္စည်းများ ပံ့ပိုးဖြည့်ဆည်းပေးရန်နှင့် နွမ်းပါးသည့်ကလေးများအတွက် စာအုပ်၊ စာရေးကိရိယာများ အခမဲ့ထောက်ပံ့ပေးရန်။ အလှူငွေနှင့် ပစ္စည်းလက်ခံခြင်း၊ ရန်ပုံငွေကောက်ခံထိန်းသိမ်းသုံးစွဲခြင်း ၅။ အောက်ပါအတိုင်းဆောင်ရွက်ရန်ဖြစ်သည် ။ (က) စေတနာဖြင့်ထည့်ဝင်လှူဒါန်းငွေကို ဖြတ်ပိုင်းဖြင့်မှတ်တမ်းတင်ရန် (ငွေဖလား၊ အလှူခံပုံးဖြင့်ထည့်ဝင်စေခြင်းမျိုးမပြုလုပ်ရပါ) (ခ) အလှူခံရငွေနှင့် ပစ္စည်းလှူဒါန်းမှုများကို မှတ်တမ်းထားရှိရန်။ (ဂ) အလှူခံရငွေများကို ငွေစုဘဏ်စာအုပ်ဖြင့်ဘဏ်တွင်အပ်နှံရန် (အဖွဲ့ဝင်တစ်ဦးဦးကို အပ်နှံထားပါက ငွေကြေးပြဿနာကြုံတတ်ပါသည်။) (ဃ) ကျောင်းအကျိုးဆောင်အလုပ်အမှုဆောင်အဖွဲ့သည် မိဘဆရာအသင်း၏ ဦးစားပေးလိုအပ် ချက်များအရကျောင်းအဆောက်အအုံ၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းစသည့် လုပ်ငန်း များအတွက် လိုအပ်သည့်ငွေပမာဏကို ထုတ်ယူသုံးစွဲရန်။ (င) အသုံးစရိတ်မှန်သမျှ မှုရင်းပြေစာများထားရှိရန်နှင့် စာရင်းစစ်ခံယူနိုင်သည့်ပြေစာအင်္ဂါရပ် များနှင့် ညီညွတ်ရန်။ (စ) မိဘဆရာအသင်း၊ စာရင်းစစ်အဖွဲ့မှရန်ပုံငွေစာရင်းများကို စစ်ဆေးရန်နှင့် တာဝန်ရှိပုဂ္ဂိုလ် များ၏လမ်းညွှန်မှုကို ခံယူရန်။ (ဆ) နှစ်စဉ်ရငွေ/သုံးငွေစာရင်းရှင်းတမ်းများ ရေးဆွဲ၍ မိဘဆရာအသင်း နှစ်ပတ်လည်အစည်း အဝေးတွင်တင်ပြရန်။

  • 30 июл.6 783489

    📢 ကျောင်းနေအရွယ် ရင်သွေးငယ်များရှိသော မိဘများအားလုံးသို့ အလေးအနက် မေတ္တာရပ်ခံချက် မိဘများခင်ဗျာ...... ကျွန်တော်တို့၏ ရင်သွေးငယ်များအတွက် အလွန်အရေးကြီးသော အချက်တစ်ခုကို မျှဝေလိုပါသည်။ ယနေ့ခေတ်တွင် ဖုန်း၊ YouTube၊ Game နှင့် Social Media များကို အသက်ငယ်စဉ်ကတည်းက အချိန်ကြာမြင့်စွာ အသုံးပြုနေခြင်းကြောင့် ကလေးများ၏ သင်ယူနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းနှင့် လူမှုဆက်ဆံရေးစွမ်းရည်များ ထိခိုက်လာသည်ကို ကျောင်းများတွင် ပိုမိုတွေ့မြင်လာရပါသည်။ မိဘများအနေဖြင့် အောက်ပါအချက်များကို သတိပြုမိပါသလား... 📌 စာသင်ချိန်တွင် စာကို စိတ်မဝင်စားဘဲ အာရုံပျံ့လွင့်နေခြင်း။ 📌 မိခင်ဘာသာစကား၏ ဝေါဟာရများ နည်းပါးလာပြီး အတွေးကို ဝါကျပြည့်စုံစွာ မဖော်ပြနိုင်ခြင်း။ 📌 ဆရာ၊ ဆရာမများ၏ ညွှန်ကြားချက်များကို အာရုံစိုက်၍ လိုက်နာဆောင်ရွက်ရန် ခက်ခဲလာခြင်း။ 📌 မိမိလုပ်ရပ်၏ မှန်၊ မှားကို ဆင်ခြင်သုံးသပ်နိုင်စွမ်း လျော့နည်းလာခြင်း။ 📌 သူငယ်ချင်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မျှဝေတတ်ခြင်း၊ သည်းခံတတ်ခြင်းနှင့် ကိုယ်ချင်းစာစိတ်တို့ လျော့နည်းလာခြင်း။ 📌 အကောင်းမြင်စိတ် (Positive Attitude) နည်းပါးလာပြီး အခြားသူများအပေါ် အဆိုးမြင်သဘောထားများ ပိုမိုဖြစ်ပေါ်လာခြင်း။ 📌 မိဘ၊ ဆရာ၊ ဆရာမနှင့် အသက်ကြီးသူများအပေါ် လေးစားရိုသေမှုနှင့် နာခံလိုစိတ်များ လျော့နည်းလာခြင်း။ ဤလက္ခဏာများသည် ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် သတိထားရမည့် အချက်များဖြစ်ပြီး အကြောင်းရင်းတစ်ခုတည်းကြောင့် ဖြစ်ပေါ်သည်ဟု မဆိုနိုင်သော်လည်း ဖန်သားပြင် (Screen) အသုံးပြုချိန် များလွန်းခြင်းသည် အရေးကြီးသော အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် မိဘများအနေဖြင့်... ✅ ဖုန်းအသုံးပြုချိန်ကို ကန့်သတ်ပေးပါ။ ✅ YouTube နှင့် Game များကို မိဘကြီးကြပ်မှုဖြင့်သာ အသုံးပြုခွင့်ပေးပါ။ ✅ စာဖတ်ခြင်း၊ ကစားခြင်း၊ မိသားစုနှင့် စကားပြောဆိုခြင်းတို့ကို ပိုမိုအားပေးပါ။ ✅ ကလေးများနှင့် အချိန်ပေးပြီး နွေးထွေးသော မိသားစုဘဝကို ဖန်တီးပေးပါ။ ယနေ့ မိဘတို့၏ မှန်ကန်သော ဆုံးဖြတ်ချက်သည် မနက်ဖြန် ကလေး၏ အနာဂတ်ကို ပြောင်းလဲပေးနိုင်ပါသည်။ "ကလေးကောင်းမှ လူကြီးကောင်း ဖြစ်မည်။" ရင်သွေးတိုင်းကို အသိပညာ၊ အကျင့်စာရိတ္တနှင့် လူမှုကျင့်ဝတ်ကောင်းများ ပြည့်စုံသော လူတော်လူကောင်းများအဖြစ် ကြီးပြင်းလာစေရန် မိဘ၊ ဆရာ၊ ဆရာမတို့ အတူလက်တွဲကြပါစို့။ လေးစားစွာဖြင့်... ဆရာကြီး ဦးသက်ဇော်ဝင်း M M E C - Private Middle School #mmecprivateschool #LearningWithJoy #CharacterFirst #FutureLeaders #BrightFuture #QualityEducation #schooldays

  • 28 июл.6 2521214

    ကျောင်းပြင်ပမူလတန်းပညာရေး - NFPE နှင့် ကျောင်းပြင်ပအလယ်တန်းအညာရေး -NFME အတန်းနေရာချထား စစ်ဆေးမှု ( Placement Test) အစီအစဥ်

  • 28 июл.6 87111

    видео или голосовое, без подписи

  • 28 июл.7 48111

    видео или голосовое, без подписи

  • 28 июл.7 74411

    видео или голосовое, без подписи

  • 28 июл.6 38211

    видео или голосовое, без подписи

  • 28 июл.6 96311

    видео или голосовое, без подписи

  • 28 июл.6 01611

    видео или голосовое, без подписи

  • 28 июл.5 94911

    видео или голосовое, без подписи

  • 28 июл.6 770611

    видео или голосовое, без подписи

  • 28 июл.5 09611

    видео или голосовое, без подписи

Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲 — tgindex