HYPEN Organization
Статистика- Последний пост
- 14 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 8
- Всего постов
- 31
- Тип
- открытый
- Язык
- my
- Категория
- Музыка (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 266
- 1/48двое суток
- 304
- 1/72трое суток
- 327
Медиана по постам, которые мы застали свежими и померили через сутки.
Посты
HYPEN ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ❝ လူငယ်တွေဆီမှ လူငယ်တွေဆီသို့ ❞ ဆိုသလိုပဲ Hypers🎓 လေးတို့အတွက် အကျိုးရှိစေမဲ့ Content တွေကိုပဲ ဝေမျှပေးသွားမှာ ဖြစ်တာမို့ ဗဟုသုတတွေ ကြွယ်အောင် Follow up လုပ်ဖို့လဲ မမေ့ပါနဲ့နော် 👀 ☄️ 𝗛𝘆𝗽𝗲𝗻 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL ☄️ 𝗛𝘆𝗽𝗲𝗻 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗵𝗮𝗻𝗻𝗲𝗹 https://t.me/hypenedu ☄️ 𝗛𝘆𝗽𝗲𝗻 𝗧𝗶𝗸𝘁𝗼𝗸 𝗔𝗰𝗰 https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz #ContentWriterbyShuneandChu #GraphicDesignbyY #Hypen_Org #AI #Career #TheAIGenerationShapingTomorrowsCareers
❝ AI ကြောင့် အလုပ်အကိုင်တွေ ပျောက်ကွယ်သွားမှာလား၊ ဒါမှမဟုတ် ပိုတိုးတက်လာမှာလား 🔎 ❞ AI တွေကို နယ်ပယ်အစုံမှာ အသုံးပြုလာကြတော့ နောက်ပိုင်းမှာ "လူသားတွေအတွက် အလုပ်အကိုင်ရှားပါးလာတော့မယ်"၊ "AI က ငါတို့ရဲ့ အလုပ်တွေကို လုယူတော့မယ်" ဆိုတဲ့ စကားကိုလဲ မကြာခဏ ကြားဖူးကြမှာပါ။ တကယ်တမ်းမှာရော ပညာရေး၊ စီးပွားရေးနဲ့ နည်းပညာနယ်ပယ်တွေ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ ဒီနေ့ခေတ်မှာ ဒါဟာ တကယ်ပဲ စိုးရိမ်စရာ တစ်ခုဖြစ်နေပြီလား ⁉️ တကယ်တော့ AI ဟာ အလုပ်အကိုင်တွေကို ပျောက်ကွယ်သွားစေတာထက် အနာဂတ်ရဲ့ လမ်းကြောင်းတွေကို ပုံစံသစ်နဲ့ ပိုမိုဆန်းသစ်အောင် ဖန်တီးပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာကို အကြောက်လွန်နေမဲ့အစား AI ဆိုတဲ့ လှိုင်းလုံးကြီးကို စီးပြီး ကိုယ့်ရဲ့ အနာဂတ် Career ကို ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတာ တွေးတောဖို့ အချိန်တန်ပါပြီ Hypers🎓 လေးတို့ရေ။ 🗂️ လက်ရှိ လုပ်ငန်းခွင်တွေမှာ ပုံမှန်ထပ်တလဲလဲ လုပ်နေရတဲ့ အလုပ်တွေ (ဥပမာ - ဒေတာစာရင်းသွင်းခြင်း၊ အစီရင်ခံစာ ပုံစံတူရေးခြင်း၊ အခြေခံအချက်အလက် ရှာဖွေခြင်း) ကို AI က စက္ကန့်ပိုင်းအတွင်း ပိုမိုမြန်ဆန်အောင် လုပ်ဆောင်ပေးနိုင်နေပါပြီ။ ဒီလိုမျိုး AI က လုပ်ပေးနိုင်တာကို တွေ့တဲ့အခါ "အလုပ်တွေ ရှားပါးလာတော့မှာပဲ" လို့ အတွေးမဝင်ဘဲ Hypen နဲ့အတူ အမြင်သစ်တစ်ခုနဲ့ ပြောင်းတွေးကြည့်ရအောင်💡 AI ဟာ လူတွေကို အလုပ်မရှိအောင် လုပ်တာ မဟုတ်ပါဘူး။ လုပ်ငန်းခွင်ရဲ့ အရှိန်အဟုန်နဲ့ ထိရောက်မှုကို မြှင့်တင်ပေးလိုက်တာ ဖြစ်တဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ အချိန်ကုန် သက်သာသွားပြီး ပိုမိုအရေးပါတဲ့ Strategic အလုပ်တွေကို ပိုပြီး အာရုံစိုက်ခွင့် ရရှိလာစေတဲ့ အရာတစ်ခုပါ 💫 👣 နောက်ထပ် အဓိကကျတဲ့အချက်ကတော့ AI က ဘယ်လောက်ပဲ မြန်မြန်ဆန်ဆန် လုပ်နိုင်ပါစေ၊ လူတွေဆီမှာပဲ ရှိတဲ့ "Unique Skill" တွေကိုတော့ ဘယ်တော့မှ အစားထိုးလို့ မရဘူးဆိုတာပါပဲ။ ဥပမာပြောရမယ်ဆိုရင် လူတွေကပဲ လုပ်နိုင်တဲ့ စာနာနားလည်မှုကို ပြသပေးမဲ့ Emotional Intelligence၊ အခြေအနေတစ်ခုကို အမြင်မျိုးစုံကနေ သုံးသပ်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့ Critical Thinking & Problem Solving အပြင် AI က စဉ်းစားမပေးနိုင်တဲ့ တွေးခေါ်နိုင်စွမ်း (Out-of-the-box thinking) စတာတွေပေါ့။ ဒါကြောင့် AI က Hypers🎓 လေးတို့ရဲ့ အလုပ်ကို လုယူသွားမှာ မဟုတ်ပါဘူး။ AI ကို လေ့လာအသုံးချဖို့ လုံးဝမကြိုးစားဘဲ နေမယ်ဆိုရင် AI နဲ့အတူ ပြောင်းလဲလာတဲ့ လုပ်ငန်းခွင်အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ပိုမိုခက်ခဲလာနိုင်ပါတယ်။ ဒါပေမဲ့ AI ကို ကိုယ့်ရဲ့ လက်ထောက်တစ်ယောက်လို သဘောထားပြီး အချိန်ကုန် သက်သာအောင် Email မူကြမ်းရေးတာ၊ အချက်အလက် စုဆောင်းတာနဲ့ Idea အသစ်တွေ တောင်းတာမျိုး ခိုင်းစေတတ်ရင်တော့ အလုပ်လုပ်ရာမှာ ပိုမြန်လာပြီး အနာဂတ် အခွင့်အလမ်းကောင်းတွေ ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ ❝ သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေး ❞ ဆိုသလိုပဲ အသုံးချပုံပေါ် မူတည်ပြီး အနာဂတ်တွေ ကွဲပြားသွားနိုင်တာပါ Hypers🎓 လေးတို့ရေ။ ဒါဆိုရင် AI ကို လက်တွေ့ လုပ်ငန်းခွင်မှာ ဘယ်လိုမျိုး မှန်မှန်ကန်ကန် အသုံးချကြမလဲ❓ ⚙️ Prompt Engineering Skill ကို လေ့ကျင့်ပါ။ AI ဆီက တိကျပြီး အရည်အသွေးမြင့်တဲ့ ရလဒ်ရဖို့ဆိုရင် Correct Prompt (မှန်ကန်တဲ့ ညွှန်ကြားချက်) ပေးတတ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ AI ကို မေးခွန်းမှန်မှန် မေးတတ်ခြင်းဟာ ဒီနေ့ခေတ်မှာ တကယ့်ကို အဖိုးတန်တဲ့ Skill တစ်ခုပါ Hypers🎓 လေးတို့ရေ။ 🤖 Augment, Don't Replace AI က ကိုယ့်နေရာမှာ အစားထိုးသွားတာမျိုး အဖြစ်မခံပါနဲ့။ ကိုယ့်ရဲ့ ကိုယ်ပိုင်ကျွမ်းကျင်မှု၊ အတွေ့အကြုံတွေအပေါ်မှာသာ AI ရဲ့ မြန်ဆန်မှုကို အကူအညီအဖြစ် ပေါင်းစပ်ပြီး ပိုမိုကောင်းမွန်တဲ့ ရလဒ်ထွက်အောင် ဖန်တီးလိုက်ပါ။ 💻 နည်းပညာတွေကို အမြဲမပြတ် လေ့လာပါ။ နည်းပညာအသစ်တွေကို ကြောက်ရွံ့မနေဘဲ အမြဲမပြတ် စမ်းသပ် လေ့လာတဲ့ အကျင့်ကို မွေးမြူဖို့ကလဲ အရေးပါလှပါတယ် Hypers🎓 လေးတို့ရေ။ ဒါ့အပြင် နည်းပညာနဲ့အတူ ကင်းကွာမသွားဘဲ လိုက်ပါပြောင်းလဲနေသူတွေဟာ ဘယ်တော့မှ နောက်ကျကျန်ခဲ့မှာမဟုတ်ပါဘူး။ အဓိကအနေနဲ့ မှတ်ထားရမှာက AI ဟာ Hypers🎓 လေးတို့ရဲ့ အလုပ်ကို လုယူမှာ မဟုတ်ဘဲ AI ကို ကျွမ်းကျင်စွာ အသုံးချတတ်တဲ့ သူတွေကသာ သေချာမသုံးတတ်သူတွေရဲ့ နေရာကို အစားထိုးသွားမှာ ဆိုတာပါပဲ 💯 ဆိုတော့ကာ စိုးရိမ်စိတ်တွေကို ဘေးချိတ်ထားပြီး နယ်ပယ်အသီးသီးအတွက် ပေါ်ပေါက်လာပြီဖြစ်တဲ့ AI မျိုးစုံကို ကိုယ့်ရဲ့ လက်ထောက်ကောင်းတစ်ယောက်လို အသုံးချပြီး မနက်ဖြန်ရဲ့ Career ကို ဒီနေ့ပဲ လက်ဆုပ်လက်ကိုင် ပြပြီး ပုံဖော်လိုက်ပါနော် ✨
အရေးကြီးတာက “တစ်နေ့နေ့မှာ လုပ်မယ်” ဆိုပြီး စောင့်နေမဲ့အစား “ဒီနေ့ကစပြီး ငါတတ်နိုင်တာလေး လုပ်မယ်” ဆိုတဲ့စိတ်နဲ့ စတင်ဖို့ပါပဲ။ ဒါကြောင့် ကမ္ဘာပေါ်မှာ အရာရာကို ဦးဆောင်ဦးရွက်လုပ်နိုင်၊ အကျိုးပြုစရာတွေ များစွာလုပ်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် လူငယ်တစ်ယောက် ဖြစ်ရတာ ဂုဏ်ယူလိုက်ပါနော် Hypers🎓 လေးတို့ရေ။ 🕊️ အနာဂတ်ဆိုတာ စောင့်နေရုံနဲ့ ရောက်လာမဲ့အရာမဟုတ်ဘဲ ကိုယ်တိုင်တည်ဆောက်ရမဲ့ အရာတစ်ခု ဖြစ်တယ်ဆိုတာကိုလဲ မမေ့ပါနဲ့လို့ ပြောရင်း Content လေးကို အဆုံးသတ်လိုက်ပါရစေ။ အခုလိုမျိုး လူငယ်တွေအတွက် အသုံးဝင်မဲ့ Knowledge တွေနဲ့ အကြောင်းအရာကောင်းလေးတွေကို အမြဲသိရှိနိုင်ဖို့ Hypen ရဲ့ Social Media Platform တွေကို Like & Follow လုပ်ထားဖို့လဲ မမေ့ပါနဲ့နော် Hypers🎓 လေးတို့ရေ 💙 📍𝐇𝐲𝐩𝐞𝐧 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥 ~ https://t.me/hypenedu 📍𝐇𝐲𝐩𝐞𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 ~ https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL 📍𝐇𝐲𝐩𝐞𝐧 𝐓𝐢𝐤𝐓𝐨𝐤 𝐏𝐚𝐠𝐞 ~ https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz #ContentWriterbyEstellaYao #GraphicDesignbyKcubeandJelly #Hypen_Org #InternationalYouthDay #YouthDay
❝ ဒီနေ့ရဲ့ လူငယ်တွေက မနက်ဖြန်ရဲ့ အနာဂတ်ကို ဖန်တီးနေကြတာပါ ✨ ❞ လူငယ်ဆိုတာ အသက်အရွယ်တစ်ခုကို သတ်မှတ်ထားတာထက်ပိုပြီး အိပ်မက်တွေရှိတယ်၊ စိတ်ကူးတွေရှိတယ်၊ အသစ်အဆန်းတွေကို စမ်းကြည့်ချင်တဲ့စိတ်ရှိကြပါတယ်။ ဒါကြောင့် လူငယ်တွေရဲ့ အတွေးအခေါ်နဲ့ လုပ်ဆောင်ချက်တွေဟာ ကိုယ့်ဘဝတစ်ခုတည်းအတွက်သာမက ကိုယ့်ပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအဝိုင်းအတွက်ပါ အရေးကြီးပါတယ် Hypers🎓 လေးတို့ရေ။ 📅 ဒီလိုအရေးပါတဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍ၊ အခွင့်အရေးနဲ့ သူတို့ရဲ့အသံတွေကို ပိုမီးမောင်းထိုးပြနိုင်ဖို့အတွက် International Youth Day ဆိုတဲ့ သီးသန့်နေ့တစ်နေ့ကို သတ်မှတ်ထားကြပါတယ်။ International Youth Day ကို နှစ်စဉ် August 12 ရက်နေ့တိုင်း ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပလေ့ရှိပြီး လူငယ်တွေရဲ့ အခွင့်အရေးနဲ့ လိုအပ်ချက်တွေကို အာရုံစိုက်ဖို့၊ သူတို့ရဲ့အသံကို နားထောင်ပေးဖို့နဲ့ လူမှုအသိုင်းအဝိုင်းမှာ ပါဝင်မှုကို အသိအမှတ်ပြုဖို့ ရည်ရွယ်ထားတာပါ။ ဒါဆိုရင် လူငယ်တွေက ဘာကြောင့် ဒီလောက်အရေးကြီးတာလဲ၊ လူငယ်တွေရဲ့ အခန်းကဏ္ဍက ဘယ်လိုမျိုးလဲဆိုတာ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် 🫧 💡လူငယ်တွေမှာ အတွေးအခေါ် အသစ်တွေ၊ စိတ်ကူးသစ်တွေကို မတူညီတဲ့ ရှုထောင့်ကနေ မြင်နိုင်တဲ့ စွမ်းရည်တွေ ရှိကြပါတယ်။ ဒါ့အပြင် နည်းပညာ တိုးတက်လာတဲ့ ဒီခေတ်မှာ ကိုယ့်ရဲ့ Knowledge နဲ့ Skill တွေကို အသုံးချပြီး ကိုယ့်အတွက် အခွင့်အလမ်းတွေ ဖန်တီးနိုင်သလို ကိုယ့်ပတ်ဝန်းကျင်အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေကို စတင်နိုင်တာကလဲ လူငယ်တွေပဲမဟုတ်လား Hypers🎓 လေးတို့ရေ။ ✮ ဒါပေမဲ့ သိကြတဲ့အတိုင်း လူငယ်တွေရဲ့ဘဝက အမြဲတမ်း လွယ်ကူနေတာတော့ မဟုတ်ပါဘူး။ အနာဂတ်မှာ ဘာလုပ်ရမလဲ မသိတာ၊ ကိုယ်ရွေးထားတဲ့လမ်းက မှန်ရဲ့လားဆိုပြီး တွေးနေမိတာ၊ သူများတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်မိတာတွေ ရှိတတ်ပါတယ်။ သူများတွေ ရှေ့ရောက်နေတာကို မြင်ရတဲ့အခါ “ငါက နောက်ကျနေပြီလား” ဆိုပြီး စိတ်ပျက်မိတာလဲ ရှိနိုင်ပါတယ်။ ✮ ဒါပေမဲ့ လူတိုင်းရဲ့ အချိန်နဲ့ လမ်းကြောင်းက မတူဘူးဆိုတာကို သတိရဖို့လိုပါတယ်။ ကိုယ်က အခုမှ Skill တစ်ခုကို စလေ့လာနေတာ ဖြစ်နိုင်သလို၊ ကိုယ်ဘာလုပ်ချင်လဲဆိုတာ ရှာဖွေနေတုန်းလဲ ဖြစ်နိုင်တာကြောင့် ကိုယ့်ကိုယ်ကိုယ် နောက်ကျနေပြီလို့ တွေးစရာမလိုပါဘူး။ ❝ လူငယ်တွေက တစ်နေ့နေ့မှာမှ အရေးပါလာမဲ့သူတွေ မဟုတ်ဘဲ ဒီနေ့ကတည်းက အရေးပါနေတဲ့သူတွေပါ။ ❞ ဒါကြောင့် ကမ္ဘာကြီးကို ပြောင်းလဲဖို့ဆိုပြီး ကြီးမားတဲ့အရာတစ်ခုကို လုပ်ဖို့မလိုပါဘူး Hypers🎓 လေးတို့ရေ။ ကိုယ့်အနားမှာရှိတဲ့ လူတစ်ယောက်ကို ကူညီပေးတာ၊ ကိုယ်သိထားတာလေးကို မျှဝေပေးတာ၊ ကိုယ်ယုံကြည်တဲ့အရာတစ်ခုအတွက် ပါဝင်ပေးတာကနေ စတင်လို့ရပါတယ်။
видео или голосовое, без подписи
🔷𝐌𝐞𝐝𝐢𝐚 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬𝐡𝐢𝐩 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 🔷 UniPrep Academy x Hypen Organization အထက်တန်းပြီး နောက်တစ်ဆင့်ဖြစ်တဲ့ တက္ကသိုလ်ပညာရေးကို ကူးပြောင်းရာမှာ ယုံကြည်မှုတည်ဆောက်ချင်ပြီး၊ လိုအပ်တဲ့ Skills တွေကို ဖြည့်ဆည်းချင်တဲ့ ကျောင်းသား/သူများအတွက် 𝐔𝐧𝐢𝐏𝐫𝐞𝐩 𝐀𝐜𝐚𝐝𝐞𝐦𝐲 မှပြုလုပ်တဲ့ 𝐒𝐜𝐡𝐨𝐥𝐚𝐫 𝐂𝐫𝐚𝐟𝐭: 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐒𝐤𝐢𝐥𝐥𝐬 𝐁𝐨𝐨𝐭𝐜𝐚𝐦𝐩 မှာ Hypen Organization မှ Media Partnership အနေနဲ့ ပါဝင်အားဖြည့် ပေးထားပါတယ်။ 💙🤝 ဒီ Bootcamp ဟာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်း၊ ပညာသင်ဆု လျှောက်ထားခြင်း၊ Assignment ရေးသားခြင်း၊ Presentation ပြုလုပ်ခြင်း၊ Internship လျှောက်ခြင်းနဲ့ Professional Profile တည်ဆောက်ခြင်းတို့အတွက် လိုအပ်တဲ့ Foundation Academic Skills တွေကို အဆင့်မြင့် ပညာရေးနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ Instructor တွေမှ လက်တွေ့ကျကျ လေ့ကျင့် သင်ကြားပေးသွားမဲ့ Program ဖြစ်ပါတယ်။ 💎💫 🚨အဓိက Modules တွေကတော့ — 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐂𝐕 / 𝐑𝐞𝐬𝐮𝐦𝐞 𝐖𝐫𝐢𝐭𝐢𝐧𝐠 | 𝐆𝐨𝐨𝐠𝐥𝐞 𝐖𝐨𝐫𝐤𝐬𝐩𝐚𝐜𝐞 (𝐆 𝐒𝐮𝐢𝐭𝐞) | 𝐀𝐈 𝐓𝐨𝐨𝐥𝐬 𝐟𝐨𝐫 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜𝐬 | 𝐏𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐒𝐤𝐢𝐥𝐥𝐬 နဲ့ 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐓𝐡𝐞 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐏𝐫𝐨𝐟𝐢𝐥𝐞 တို့ပဲ ဖြစ်ပါတယ်။ 🔷𝐁𝐨𝐨𝐭𝐜𝐚𝐦𝐩 𝐃𝐞𝐭𝐚𝐢𝐥𝐬>> 📆 𝐃𝐚𝐭𝐞: 𝟏𝟒 𝐀𝐮𝐠𝐮𝐬𝐭, 𝟐𝟎𝟐𝟔 (𝐅𝐫𝐢𝐝𝐚𝐲 & 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲) ⏰ 𝐓𝐢𝐦𝐞: 𝟕:𝟎𝟎 – 𝟖:𝟑𝟎 𝐏𝐌 (𝐌𝐌𝐓) 💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦 𝐌𝐞𝐞𝐭𝐢𝐧𝐠 💰 𝐅𝐞𝐞𝐬: 𝐅𝐑𝐄𝐄 🚧𝐌𝐚𝐢𝐧 𝐏𝐨𝐬𝐭: https://www.facebook.com/share/p/1AWdimKSzv/ 📌 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤: https://forms.gle/1ziN1aG818pGg2Wz6 ‼️𝐋𝐢𝐦𝐢𝐭𝐞𝐝 𝐒𝐞𝐚𝐭 ‼️ #UniPrepAcademy #FoundationAcademicSkillsBootcamp #Youth #StudySkills
видео или голосовое, без подписи
🌐 Digital ခေတ်ကြီးထဲမှာ Privacy တွေက အလွယ်တကူ ချိုးဖောက်ခံနေရပြီလား❓ 🌍 ဖုန်းလေးတစ်လုံးရှိရုံနဲ့ တစ်ကမ္ဘာလုံးက လူတွေကို စက္ကန့်ပိုင်းလေးအတွင်းမှာတင် အဆက်အသွယ် လုပ်လို့ရတဲ့ ခေတ်ကြီးထဲ အစစအရာရာ ပိုပြီးလွယ်ကူလာတယ်ဆိုတာ Hypers🎓 လေးတို့ အသိပါပဲ။ လူတွေကိုယ်တိုင် ဖန်တီးထားတဲ့ Digital ခေတ်ကြီးဟာ ဘက်ပေါင်းစုံကနေ များစွာ အထောက်အကူပြုပြီး အရာရာကို လွယ်ကူလျင်မြန်စေပေမဲ့ တစ်ဖက်မှာလဲ နည်းပညာရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက အမြဲဒွန်တွဲလျက် ရှိနေပြန်ပါတယ်။ ဒီလိုဆိုးကျိုးတွေထဲကမှ လူတော်တော်များများ ကြုံတွေ့နေရတဲ့ Privacy ပြဿနာကိုရော Hypers🎓 လေးတို့ သတိထားမိကြရဲ့လား 💭 📲 တကယ်တော့ ကိုယ့်ရဲ့ အကောင့်ကို တခြားသူ Hack သွားတာမျိုးမှ Privacy ချိုးဖောက်ခံရတာမဟုတ်ပါဘူး။ ကိုယ်တိုင်မသိလိုက်ခင်မှာပဲ Hypers🎓 လေးတို့ရဲ့ Data နဲ့ အချက်အလက်တွေဟာ နည်းနည်းချင်းစီ ခိုးယူခံနေရတာမျိုးကလဲ Privacy ချိုးဖောက်ခံရတာပါပဲ။ ပြောရမယ်ဆိုရင် သူငယ်ချင်းနဲ့ Direct Message မှာ ပြောလိုက်တဲ့ Product က သိပ်မကြာခင်အချိန်လေးအတွင်း Newfeed မှာ ပေါ် လာတာမျိုး၊ ကိုယ်သွားခဲ့တဲ့ နေရာတွေက Social Media နဲ့ Google ပေါ်မှာ အလွယ်တကူ ရောက်နေတာမျိုးတွေ၊ ကိုယ်သိထားတဲ့ အကြောင်းအရာတွေက Social Media ပေါ်ပျံ့နှံ့နေတာတွေကြောင့် Privacy ချိုးဖောက်ခံနေရသလို ခံစားကြရခြင်းပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ “If you're not paying for the product, you are the product” ဆိုတဲ့အတိုင်း App တွေ၊ Website တွေကို အခမဲ့ သုံးနေရတယ်လို့ ထင်ရပေမဲ့ တကယ်တော့ အခကြေးငွေအစား ကိုယ့်ရဲ့ Data တွေကို ပြန်ပေးနေရတာပါ။ အဲဒီလို စိတ်ဝင်စားစရာတွေရဲ့ နောက်ကွယ်မှာတော့ ကိုယ့်ရဲ့လှုပ်ရှားမှုတွေကို Algorithm နဲ့ Big Data တွေက အမြဲစောင့်ကြည့်နေတာကြောင့် Hypers🎓 လေးတို့ရဲ့ Privacy ဟာ သူတို့လက်ထဲမှာ အသုံးတော်ခံဖြစ်သွားရတာပါ။ ဒါပေမဲ့ အခြားတစ်ဖက်မှာလဲ Privacy Setting တွေကို သေချာပြင်ဆင်တာ၊ VPN နဲ့ End-to-End Encryption စနစ်တွေကို သတိထားသုံးစွဲမယ်ဆိုရင်တော့ ကိုယ့်ရဲ့လုံခြုံရေးကို ကိုယ်တိုင်ကာကွယ် ထိန်းချုပ်နိုင်စွမ်း ရှိပါသေးတယ်။ ဒါဆိုရင် Privacy ဆိုတာ ထိန်းချုပ်လို့ ရသေးတဲ့ အရာလား ဒါမှမဟုတ် နည်းပညာနဲ့အတူ စွန့်လွှတ်လိုက်ရတဲ့ အရာလားဆိုတာကို သေချာသိချင်တယ်ဆိုရင်တော့ ဒီအပတ် Hypen မှာပြုလုပ်မဲ့ Speaking Club လေးကို ပါဝင်ဖို့ ဖိတ်ခေါ်ပါရစေနော်။ ဒီအပတ်မှာဆိုရင် ❝ Is privacy becoming impossible in the digital age? ❞ ဆိုတဲ့ ခေါင်းစဥ်လေးအောက်မှာ... Hypers🎓 လေးတို့ ပြောလိုက်တာနဲ့ လက်တွေ့ဖြစ်လာတယ်လို့ ခံစားရတာက အမှန်တကယ်လား တိုက်ဆိုင်မှုသက်သက်လား❓ အဲဒီလို နည်းပညာအသစ်တွေရဲ့ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ဘယ်လိုသတိထား အသုံးပြုကြမလဲ❓ Hypers🎓 လေးတို့ရဲ့ Privacy ကို ရာနှုန်းပြည့် မဟုတ်ရင်တောင်မှ စိတ်ချရအောင် ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ကြိုတင်ကာကွယ်နိုင်မလဲ❓ စတဲ့ မေးခွန်းတွေနဲ့အတူ Digital ခေတ်ရဲ့ Privacy အပေါ် Hypers🎓 လေးတို့ရဲ့ အမြင်တွေ၊ အတွေ့အကြုံတွေကို ပွင့်ပွင့်လင်းလင်း မျှဝေရင်း Privacy ပြဿနာအကြောင်းကို ဆွေးနွေးသွားမှာဖြစ်တဲ့အပြင် English Speaking ကိုလဲ သူငယ်ချင်းတွေနဲ့အတူ ပေါ့ပေါ့ပါးပါးလေ့ကျင့်နိုင်မှာမို့ Speaking Club လေးကို အရောက်လာပြီး ပျော်စရာကောင်းတဲ့ တနင်္ဂနွေ တစ်ရက်လေးကို ဖန်တီးလိုက်ကြရအောင်။ 📚 𝗧𝗼𝗽𝗶𝗰: 𝗜𝘀 𝗽𝗿𝗶𝘃𝗮𝗰𝘆 𝗯𝗲𝗰𝗼𝗺𝗶𝗻𝗴 𝗶𝗺𝗽𝗼𝘀𝘀𝗶𝗯𝗹𝗲 𝗶𝗻 𝘁𝗵𝗲 𝗱𝗶𝗴𝗶𝘁𝗮𝗹 𝗮𝗴𝗲? 🗓 𝗗𝗮𝘁𝗲: 𝟵.𝟴.𝟮𝟬𝟮𝟲 (𝗦𝘂𝗻𝗱𝗮𝘆) 🕗 𝗧𝗶𝗺𝗲: 𝟴:𝟬𝟬 𝗣𝗠 𝘁𝗼 𝟵:𝟯𝟬 𝗣𝗠 👥 𝗙𝗮𝗰𝗶: 𝗡𝗶𝗸𝗼𝗹𝗮 & 𝗥𝗼𝘄𝗮𝗻 💻 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺: 𝗭𝗼𝗼𝗺 🌍 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲: 𝗘𝗻𝗴𝗹𝗶𝘀𝗵 📍လူတွေ သတိမထားမိသေးတဲ့ အကြောင်းအရာတွေအပြင် ကိုယ့်ရဲ့ Privacy လုံခြုံရေးအတွက် မဖြစ်မနေ သိထားသင့်တဲ့ နည်းလမ်းတွေကို လေ့လာရင်း အင်္ဂလိပ်စာ ပြောဆိုစွမ်းရည်ကိုပါ သဘာဝကျကျ မြှင့်တင်နိုင်မဲ့ အခွင့်အရေးဖြစ်တာမို့ အောက်ကပေးထားတဲ့ Speaking Club Channel Link လေးကို Join လိုက်တော့နော် Hypers🎓 လေးတို့ရေ။ 🗨 𝗛𝘆𝗽𝗲𝗻 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗦𝗽𝗲𝗮𝗸𝗶𝗻𝗴 𝗖𝗹𝘂𝗯 𝗟𝗶𝗻𝗸 https://t.me/+2r9q0GIZZ-w3ZGM1 📲 အခုလို Speaking Club နဲ့ပတ်သက်တဲ့ Topic တွေအပြင် တခြားသော စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို အမြဲသိရှိရဖို့အတွက် Hypen ရဲ့ Social Platform တွေကို Like and Follow လုပ်ဖို့ မမေ့ပါနဲ့အုံးနော်။ 📬 𝗛𝘆𝗽𝗲𝗻 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL 📬 𝗛𝘆𝗽𝗲𝗻 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗵𝗮𝗻𝗻𝗲𝗹 https://t.me/hypenedu 📬 𝗛𝘆𝗽𝗲𝗻 𝗧𝗶𝗸𝘁𝗼𝗸 𝗣𝗮𝗴𝗲 https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz #ContentwriterbyKhaingMiandApril #GraphicDesignbyKcubeandElsin #Hypen_Org #Isprivacybecomingimpossibleinthedigitalage #EnglishSpeakingClub
видео или голосовое, без подписи
✨Media Partnership Announcement ✨ Hypen Organization x D Data Lab ကျွန်တော်တို့ Hypen Organization မှ D Data Lab ကနေပြုလုပ်မယ့် "လူငယ်နှင့် IT Career Festival 2026" အတွက် Media Partner အဖြစ် ကူညီအားဖြည့်ပေးထားပါတယ်။ "လူငယ်နှင့် IT Career Festival 2026" ဟာ IT Career ကို စတင်လေ့လာချင်သူတွေ၊ Data, AI, Cloud စတဲ့ နယ်ပယ်တွေကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့ Webinar Series တစ်ခုဖြစ်ပါတယ်။ ဒီပွဲမှာတော့ Myanmar, Singapore, Dubai, Thailand နှင့် Vietnam တို့မှာ နိုင်ငံတွေမှာ Data Engineers, Data Analysts, AI Engineers, Technical Directors & Heads of Digital Products တွေအပြင် Software Engineer အဖြစ် အလုပ်လုပ်ကိုင်နေတဲ့ Industry Professionals တွေရဲ့ လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံတွေ၊ Career Journey နှင့် IT Industry ရဲ့ Career Opportunities တွေကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ Webinar အကြောင်း အသေးစိတ်ကိုတော့ ဒီ Link ကနေတစ်ဆင့် ကြည့်ရှုလို့ရပါတယ်။👇 https://www.facebook.com/share/p/18d9jLARxu/ IT Field ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အကျိုးရှိမယ့် Webinar တစ်ခုဖြစ်တာကြောင့် လက်မလွတ်မခံသင့်ပါဘူးနော်။ 📅Date: 6 August 2026 to 9 August 2026 (4 Days) ⏳Time: 7:00 PM - 9:00 PM (MMT) 📍Platform: Zoom (Online) 🔗Registration Link: https://forms.gle/zdX7NMcoUKXusQZ26 #DDataLab #DataCareer #Mediapartnership #Webinarseries
видео или голосовое, без подписи
မနက်ခင်း ကိုယ်လက်လှုပ်ရှားခြင်းရဲ့ အကျိုးကျေးဇူး 🚴 မနက်အိပ်ရာနိုးလာတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံး လေးလံပြီး ပင်ပန်းနေသလို ခံစားဖူးကြလား Hypers🎓 လေးတို့ရေ။ အဲဒီလိုအချိန်မှာဆိုရင် အိပ်ချိန်က လုံလောက်နေပေမဲ့ အိပ်ရေးမဝသလိုလို၊ ထိုင်းမှိုင်းပြီး စိတ်မကြည်ဘဲ တစ်နေကုန် ဘာမှလုပ်ချင်စိတ်မရှိအောင် အားအင်ကုန်ခမ်းနေတတ်ပါတယ်။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက ဘာလဲဆိုတာ Hypers🎓 လေးတို့ စဉ်းစားကောင်း စဉ်းစားဖူးကြပါလိမ့်မယ်။ ဒါတွေဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ မနက်ခင်းမှာ ကိုယ်လက်လှုပ်ရှားမှု မရှိတာကြောင့်ပါပဲ။ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ခေတ်ကြီးမှာ လူတော်တော်များများက မနက်အိပ်ရာနိုးနိုးချင်း လေ့ကျင့်ခန်းလုပ်တာထက် ဖုန်းကြည့်ရင်း အိပ်ရာပေါ်မှာ အချိန်ကုန်မိကြတာ များပါတယ်။ ဒါတွေဟာ အစပိုင်းမှာ ပြဿနာကြီးကြီးမားမား မရှိသေးပေမဲ့ ရေရှည်မှာတော့ ခန္ဓာကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါတင်မကဘဲ အလုပ်တွေအပေါ်မှာ အာရုံမစိုက်နိုင်တာကြောင့် စိတ်ဖိစီးမှု မြင့်တက်လာတာမျိုးတွေအပြင် နှလုံးရောဂါနဲ့ ဆီးချိုရောဂါ အစရှိတဲ့ ရောဂါတွေ ဖြစ်ပေါ်လာနိုင်တာမို့လို့ သတိထားဖို့ လိုအပ်ပါတယ် Hypers🎓 လေးတို့ရေ။ ဒါဆိုရင် .... 🤔 မနက်ခင်းမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်တာက ဘာလို့ အရေးကြီးတာလဲ❓ 🙄 လူအများစုက အခြားအချိန်တွေထက် မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ဖို့ ရွေးချယ်ကြတာလဲ❓ 🧐 ဘယ်လို ကိုယ်လက်လှုပ်ရှားမှုမျိုးတွေကို လုပ်သင့်သလဲ❓ အစရှိတဲ့ စိတ်ဝင်စားစရာ မေးခွန်းတွေကို Facilitator တွေဖြစ်ကြတဲ့ Dora နဲ့ Yvonne က ဦးဆောင်ပြီး "𝐓𝐡𝐞 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐜𝐞 𝐨𝐟 𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐲 𝐢𝐧 𝐭𝐡𝐞 𝐦𝐨𝐫𝐧𝐢𝐧𝐠" ခေါင်းစဉ်အောက်မှာ အားရပါးရဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆွေးနွေးပွဲလေးဟာ မှားတယ်၊ မှန်တယ်ဆိုတာထက် ကိုယ့်ရဲ့အမြင်တွေကို အပြန်အလှန်ဖလှယ်ရင်း Sharingလေးတွေ ပြုလုပ်သွားမှာမို့ လက်မလွှတ်သင့်တဲ့ Speaking Club လေးတစ်ခုဆိုလဲ မမှားပါဘူး။ 💌 𝐓𝐨𝐩𝐢𝐜: 𝐓𝐡𝐞 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐜𝐞 𝐨𝐟 𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐲 𝐢𝐧 𝐭𝐡𝐞 𝐌𝐨𝐫𝐧𝐢𝐧𝐠 🎙️ 𝐅𝐚𝐜𝐢𝐥𝐢𝐭𝐚𝐭𝐨𝐫𝐬: 𝐃𝐨𝐫𝐚, 𝐘𝐯𝐨𝐧𝐧𝐞 🗓️ 𝐃𝐚𝐭𝐞: 𝟐.𝟖.𝟐𝟎𝟐𝟔 (𝐒𝐮𝐧𝐝𝐚𝐲) ⏰ 𝐓𝐢𝐦𝐞: 𝟖:𝟎𝟎 𝐏𝐌 𝐭𝐨 𝟗:𝟎𝟎 𝐏𝐌 🌐 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞: 𝐄𝐧𝐠𝐥𝐢𝐬𝐡 💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦 👀 အတွေ့အကြုံနဲ့ ထင်မြင်ယူဆချက်တွေကို ဖလှယ်ရင်း ကိုယ့်ရဲ့ English Speaking Skill ပါ မြှင့်တင်ဖို့ ဒီအပတ် Hypen ရဲ့ Sunday Speaking Club ကို အရောက်သာလှမ်းခဲ့ပါတော့နော်... 🎙 𝐇𝐲𝐩𝐞𝐧 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 https://t.me/+Cyv5PjnaSO02MThl စိတ်ဝင်စားစရာ Content တွေနဲ့ ဘာသာစကားသင်တန်းတွေကို လက်မလွှတ်ရလေအောင် အခုပဲ Hypen Channels ကို Follow လုပ်လိုက်တော့နော် 💃 💦 𝐇𝐲𝐩𝐞𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL 💦 𝐇𝐲𝐩𝐞𝐧 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/hypenedu 💦 𝐇𝐲𝐩𝐞𝐧 𝐓𝐢𝐤𝐓𝐨𝐤 𝐏𝐚𝐠𝐞 https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz #ContentWriterbyAricandMary #GraphicDesignbyKcube #Hypen_Org #The_Importance_of_Physical_Activity_in_the_morning #Englishspeakingclub
видео или голосовое, без подписи
Media Partnership Announcement 🎉 MIND Organization ကနေ ပြုလုပ်မယ့် “Future Leaders & Entrepreneurs” Program အတွက် Hypen Organization ကနေ ပါဝင်အားဖြည့် ထားပါတယ် 🏆 ✨ MIND Organization ဟာဆိုရင် လူငယ်တွေအတွက် အကျိုးပြုစေမယ့် Quality Education ကို တစ်ထောင့်တစ်နေရာကနေ ဖော်ဆောင်ပေးနေပြီး Leadership နဲ့ ပတ်သက်တဲ့ Webinars တွေ၊ Panel Discussion တွေ၊ Workshop တွေကို အမြဲမပြတ် စီစဉ်ပေးနေတဲ့ လူငယ်အကျိုးပြု Organization တစ်ခုဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ အရည်အသွေးပြည့်မီတဲ့ ပညာရေးနဲ့ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ Knowledge Sharing Content တွေကိုလည်း နေ့စဉ် MIND ရဲ့ Page မှာ sharing လုပ်ပေးလျက်ရှိပါတယ်။ ဒီတစ်ခါမှာလည်း ခေါင်းဆောင်မှု စွမ်းရည်နဲ့အတူ ကိုယ့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို မိုင်ကုန်မြှင့်တင်ပေးမယ့် MIND ရဲ့ “Future Leaders & Entrepreneurs” Program ကတော့ အချိန်ကာလအားဖြင့် သင်ကြားချိန် ၃ လ နဲ့အတူ လက်တွေ့လုပ်ဆောင်ရမယ့် ကာလပါ ပါဝင်မှာ ဖြစ်ပါတယ်။ ဒီလို တက်ရောက်သူ တစ်ဦးတစ်ယောက်ချင်းစီမှာ အခြေခံ လိုအပ်တဲ့ Skills တွေ ပိုင်ဆိုင်နိုင်စေဖို့ နယ်ပယ် အသီးသီးရဲ့ အောင်မြင်ကျော်ကြား လူသိများတဲ့ Guest Speaker တွေ ကိုယ်တိုင်က စာတွေ့သာမက လက်တွေ့သင်ခန်းစာတွေနဲ့ပါ သေချာ သင်ပြပေးသွားမှာပါ။ Program ရဲ့ အသေးစိတ်ကိုတော့ အောက်က MIND ရဲ့ Announcement Post Link ကနေ တစ်ဆင့် ဖတ်ရှုပြီး Join နိုင်ပါတယ် 👇 🔗https://www.facebook.com/share/p/1bxfBxBB1v/ 📌 Course Details ↔️ Duration - 3 Months + Practical 📅 Date - 25th July to 25th December,2026 ( Saturday and Sunday ) 🕖 Time။ - 7:00 PM to 9:30 PM 🏦 Place - Zoom Platform “ အခြေခံ ခြေလှမ်းများမှသည် တိုးတက်သော အောင်မြင်မှုများဆီသို့ ” MIND - Mentoring in New Dimensions “Unlocking New Dimensions through Quality Education" 📝Content - Daywi 🎨Graphic - Nyi Nyi Htet 🔗Contact us on: Email mind.pr810@gmail.com Facebook https://www.facebook.com/profile.php?id=61561937617981... Telegram channel t.me/mind_mindor Tiktok Account @mind2k24 _ #MIND #Mentoring_in_New_Dimensions #leadership #Entrepreneurship #FLEP #leadership_course #entrepreneurship_course
видео или голосовое, без подписи
တနင်္ဂနွေရက်တိုင်း English လို ယုံကြည်ချက်ရှိရှိ ပြောကြစို့ 😉 Hypen မှာ အပတ်စဉ် တနင်္ဂနွေတိုင်း English Speaking Club ရှိတာ သိကြမယ်ထင်ပါတယ်နော် Hypers🎓 လေးတို့ရေ... အခုလို English Speaking Club တွေ ရှိရတဲ့ အကြောင်းအရင်းတွေကတော့ English စာအရည်အသွေးတွေ ပိုမိုကောင်းမွန်လာဖို့၊ ပေါင်းသင်းဆက်ဆံရေး တိုးတက်လာဖို့၊ English Speaking ပြောတဲ့အခါမှာ စကားကြွယ်ဝလာဖို့အတွက် ရည်ရွယ်ထားတာပါ ✍️ 🗣️ အခုဆိုရင် English Speaking Club ဟာ Register လုပ်စရာ မလိုတော့ဘဲ Free ပါဝင်လို့ ရနေပါပြီ။ နောက်ပြီး Hypers🎓 လေးတို့အနေနဲ့ Basic Level ကစလို့ ဘယ်သူမဆို ပါဝင်နိုင်ပါတယ်။ အပတ်စဉ်မှာလဲ Hypen ကနေ လူငယ်တွေအနေနဲ့ သိသင့်တဲ့ အကြောင်းအရာတွေ၊ ရှုထောင့်မျိုးစုံ ဆွေးနွေးလို့ရမဲ့ Topic တွေကို စီစဉ်ထားမှာမို့ ဗဟုသုတလဲ စုံလင်စွာ ရရှိစေမှာပါ 🙌 နောက်ပြီး Hypers🎓 လေးတို့ အားလုံးအဆင်ပြေပြေပါဝင်နိုင်အောင် Speaking Club လေးကို ပိတ်ရက်မှာပဲ စီစဉ်ထားပါသေးတယ်။ ဒါကြောင့် တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်ပဲ အချိန်ပေးရုံနဲ့ စကားပြောတိုးတက်လာနိုင်တာမို့ အခုချက်ချင်းပါဝင်လိုက်ပါတော့နော် 🫂 Hypers🎓 လေးတို့အနေနဲ့ ဒီ English Speaking Club လေးရှိကြောင်း သိသွားလောက်ပြီဆိုတော့ ပေးထားတဲ့ English Speaking Club လေးကိုလဲ Link ကနေ Join ထားပြီး စောင့်မျှော်လို့ရပါတယ်။ 🎯 Hypen Speaking Club Channel Link ~ https://t.me/+Cyv5PjnaSO02MThl နောက်ထပ်လဲ Hypen ကနေ မတူညီတဲ့ ရှုထောင့်မျိုးစုံကနေ မျှဝေသွားမဲ့အပြင် ဒီလို Speaking Club လေးတွေလဲ အပတ်စဉ်ရှိတာမို့ အခုပဲ Hypen ရဲ့ Social Media တွေကို Like & Follow လုပ်လိုက်ပါတော့လို့ တိုက်တွန်းလိုက်ပါရစေ 👊 🎯 Hypen Education Channel ~ https://t.me/ 🎯 Hypen Facebook Page ~ https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL 🎯 Hypen Tiktok Acc ~ https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz #ContentwriterbyShwanLatt #GraphicDesignbyYuya #English_Speaking_Club
видео или голосовое, без подписи
ဒီနေ့ခေတ်မှာရော ဒီယုံကြည်မှုတွေကို ဘယ်လိုမြင်သင့်လဲ 🌏❓ ဒီဘက်ခေတ်မှာတော့ လူအများစုက ဒီသတ္တဝါတွေကို သမိုင်း၊ ယဉ်ကျေးမှုနဲ့ ရိုးရာအမွေအနှစ်တစ်ခုအဖြစ် လေ့လာလာကြသလို တချို့ကလဲ ယုံကြည်မှုအဖြစ် ဆက်လက်ထိန်းသိမ်းထားပြီး တချို့ကတော့ စာပေ၊ အနုပညာနဲ့ ဒဏ္ဍာရီဆိုင်ရာ အမွေအနှစ်တွေအဖြစ် ရှုမြင်ကြပါတယ်။ ဘယ်လိုပဲထင်မြင်ပါစေ. . . ဒီဒဏ္ဍာရီတွေက မြန်မာလူမျိုးတွေရဲ့ အတွေးအခေါ်၊ ယုံကြည်မှုနဲ့ ယဉ်ကျေးမှုကို နားလည်ဖို့ အရေးကြီးတဲ့ သော့ချက်တစ်ခုဖြစ်နေဆဲပါပဲ 🔑 ✨ ပုံပြင်တစ်ပုဒ်ရဲ့ တန်ဖိုးဟာ အဲဒီပုံပြင် တကယ်ဖြစ်ခဲ့၊ မဖြစ်ခဲ့ဆိုတာထက် လူတွေကို ဘာသင်ခန်းစာပေးခဲ့လဲဆိုတာ ပိုပြီးအရေးကြီးတာကြောင့် ဒဏ္ဍာရီလာသတ္တဝါတွေကို လေ့လာတယ်ဆိုတာ သူတို့တွေအကြောင်း သိသွားရုံတင်မကဘဲ အရင်ခေတ်လူတွေ ဘာကိုယုံကြည်ခဲ့လဲ၊ ဘယ်လိုတန်ဖိုးထားမှုတွေနဲ့ နေထိုင်ခဲ့သလဲဆိုတာကိုပါ နားလည်နိုင်ဖို့ အထောက်အကူပြုနေပါတယ်။ 💬 Hypers🎓 လေးတို့ရော… မြန်မာဒဏ္ဍာရီလာ သတ္တဝါတွေထဲမှာ အကြိုက်ဆုံးတစ်ခုက ဘယ်သတ္တဝါများဖြစ်မလဲ။ ဒါမှမဟုတ် ငယ်ငယ်တုန်းက ဘိုးဘိုးဘွားဘွားတွေ ပြောပြခဲ့ဖူးတဲ့ ဒဏ္ဍာရီလေးတွေ မှတ်မိရင်လဲ Comment မှာ မျှဝေပေးခဲ့ကြပါအုံးနော် 🤍 💫 အခုလို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပြင် သုတရသအစုံအလင်ကို အမြဲတင်ဆက်ပေးနေတဲ့ Hypen ရဲ့ Channel တွေ၊ Group တွေကိုလဲ ဝင်ရောက်လေ့လာဖို့ မမေ့ကြပါနဲ့နော်❣️ 🦄 Hypen Facebook Page https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL 🦄 Hypen Education Channel https://t.me/hypenedu 🦄 Hypen Tiktok Acc https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz #ContentWriterbyCeleste #GraphicDesignbyKCube #Hypen_Org #TraditionalBeliefs #MyanmarMythology #MythicalCreatures
❝ ဒဏ္ဍာရီတစ်ခုထက်ပိုတဲ့ ယဉ်ကျေးမှုအမွေအနှစ်များစုဝေးရာ 🐉✨ ❞ Hypers🎓 လေးတို့ ဘုရားသွားဖူးကြတဲ့အခါ လှေကားဘေးက နဂါးရုပ်တွေ၊ စေတီဝင်ပေါက်မှာ ခြင်္သေ့နှစ်ကောင် ရပ်နေတာတွေအပြင် ပုံပြင်တွေဆိုရင်လဲ နဂါးတို့၊ ဂဠုန်တို့ ပါဝင်တဲ့ ဇာတ်လမ်းတွေကို သတိထားမိကြမယ်ထင်ပါတယ်။ ဒါနဲ့ ဒီဒဏ္ဍာရီလာသတ္တဝါတွေက ဟိုးအရင်ကနေ အခုထိ မြန်မာလူမျိုးတွေရဲ့ ဘဝမှာ အရေးကြီးတဲ့ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေတာကိုရော သိပြီးကြပြီလား ⁉️ 📖 ဒီသတ္တဝါတွေဟာ တကယ်ရှိခဲ့တယ်လို့ သိပ္ပံနည်းကျ အတည်ပြုထားတာတော့ မဟုတ်ပေမဲ့ ရာစုနှစ်ပေါင်းများစွာ မြန်မာလူမျိုးတွေရဲ့ ယုံကြည်မှု၊ စာပေ၊ အနုပညာနဲ့ ဘာသာရေးဆိုင်ရာ အမွေအနှစ်တွေထဲမှာတော့ အသက်ရှင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့. . . ▪️ဒဏ္ဍာရီလာသတ္တဝါတွေက ဘာတွေကို ကိုယ်စားပြုတာလဲ❓ ▪️လူတွေ ဘာကြောင့် ဒီသတ္တဝါတွေကို ယုံကြည်ခဲ့ကြတာလဲ❓ ▪️ဒီနေ့အထိ ဘယ်လိုမျိုး ယဉ်ကျေးမှုဆိုင်ရာ အဓိပ္ပာယ်တွေ ကျန်ရှိနေသေးလဲ❓ ▪️ဒီသတ္တဝါတွေကို ဘယ်သူတွေက ဘာကြောင့် ဖန်တီးခဲ့ကြတာလဲ❓ အစရှိတဲ့မေးခွန်းတွေ စဉ်းစားကြည့်ဖူးကြရဲ့လား 🤔 💭 တကယ်တော့ မြန်မာဒဏ္ဍာရီလာ သတ္တဝါတွေက ကြောက်စရာပုံပြင်တွေထဲက ဇာတ်ကောင်တွေတင် မဟုတ်ဘဲ အဲဒီခေတ်က လူတွေရဲ့ အတွေးအခေါ်၊ ယုံကြည်မှုနဲ့ ဘဝတန်ဖိုးထားမှုတွေကို ဖော်ပြပေးတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေပါ။ ဒါဆိုရင် စိတ်ဝင်စားစရာ အကောင်းဆုံး မြန်မာဒဏ္ဍာရီလာ သတ္တဝါတချို့နဲ့ သူတို့အပေါ် ထားရှိတဲ့လူတွေရဲ့ ယုံကြည်မှုတွေကို Hypen နဲ့အတူတူ လေ့လာကြရအောင်ပါ 🙌 🐉 နဂါး — ကာကွယ်စောင့်ရှောက်မှုနဲ့ တန်ခိုးကို ကိုယ်စားပြုတဲ့သတ္တဝါ မြန်မာဒဏ္ဍာရီတွေထဲမှာ နဂါးဟာ အင်အားကြီးတဲ့ သတ္တဝါတစ်မျိုးအဖြစ် အမြဲတွေ့ရတတ်ပါတယ်။ အရင်ခေတ်လူတွေက နဂါးဟာ မြစ်တွေ၊ ရေကန်တွေ၊ စမ်းချောင်းတွေရဲ့ အုပ်ထိန်းသူဖြစ်ပြီး မိုးရွာသွန်းမှု၊ စိုက်ပျိုးရေးနဲ့ သဘာဝရေအရင်းအမြစ်တွေကို စောင့်ရှောက်ပေးတယ်လို့ ယုံကြည်ခဲ့ကြတာပါ။ ဒါကြောင့် ဘုရားပုထိုးစေတီတွေရဲ့ လှေကားဘေးမှာ နဂါးရုပ်တုတွေကို တွေ့ရတာဟာလဲ မကောင်းတဲ့အန္တရာယ်တွေကို ကာကွယ်ပေးတယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ဆက်စပ်နေပါတယ်။ 🦁 ခြင်္သေ့ — သတ္တိနဲ့ သစ္စာစောင့်သိမှုရဲ့ သင်္ကေတ ဘုရားစေတီဝင်ပေါက်တွေမှာ ခြင်္သေ့ရုပ်တုတွေကို မြင်ဖူးကြမှာပါ။ ရိုးရာယုံကြည်ချက်အရ ခြင်္သေ့ဟာ သာသနာကို စောင့်ရှောက်ပေးတဲ့ အစောင့်အရှောက်သတ္တဝါဖြစ်ပြီး မကောင်းတဲ့အင်အားတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒီနေ့အထိလဲ ဘုရားတွေ၊ နန်းတော်ဟောင်းတွေနဲ့ သမိုင်းဝင်အဆောက်အအုံတွေမှာ ခြင်္သေ့ရုပ်တုတွေကို တွေ့မြင်နိုင်တာက သာဓကပါပဲ။ 🦅 ဂဠုန် — မတရားမှုကို ရင်ဆိုင်ရဲတဲ့ စိတ်ဓာတ် ဂဠုန်ဟာ ငှက်ကြီးပုံစံ ဒဏ္ဍာရီလာ သတ္တဝါဖြစ်ပြီး မြန်မာစာပေနဲ့ ရိုးရာအနုပညာတွေမှာ မကြာခဏ တွေ့ရပါတယ်။ နဂါးနဲ့ ဂဠုန်အကြောင်း ဇာတ်လမ်းတွေကို ကြားဖူးကြပေမဲ့ အဲဒီဇာတ်လမ်းတွေထဲမှာ "ဘယ်သူအနိုင်ရတယ်" ဆိုတာထက် သဘာဝရဲ့ မတူညီတဲ့ စွမ်းအားတွေကို ပုံဖော်ထားတာလို့လဲ သုတေသီတချို့က သုံးသပ်ကြပါတယ်။ 🦢 ဟင်္သာ — ငြိမ်းချမ်းမှုနဲ့ သစ္စာရဲ့အမှတ်အသား မြန်မာ့အနုပညာနဲ့ သမိုင်းမှာ အလွန်ထင်ရှားတဲ့ ဒဏ္ဍာရီလာ သတ္တဝါတစ်မျိုးဖြစ်တဲ့ ဟင်္သာဟာ ရိုးရာယုံကြည်မှုတွေအရ သန့်ရှင်းမှု၊ သစ္စာရှိမှုနဲ့ ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါကြောင့် ရှေးဟောင်းပန်းချီ၊ ပန်းပုနဲ့ ရိုးရာအဆောက်အအုံတွေမှာ ဟင်္သာပုံစံရုပ်ထုတွေကို မကြာခဏ အသုံးပြုကြတာကို တွေ့မြင်ရတာပါ။ 🌳 ဘီလူး၊ သစ်စောင့်နတ်နဲ့ အခြားဒဏ္ဍာရီလာ သတ္တဝါတွေ မြန်မာရိုးရာယုံကြည်မှုတွေထဲမှာ ဘီလူးတွေ၊ သစ်စောင့်နတ်တွေ၊ တောင်စောင့်နတ်တွေလို သဘာဝနဲ့ ဆက်စပ်တဲ့ ဒဏ္ဍာရီလာ အရာဝတ္ထုတွေကိုလဲ တွေ့မြင်နိုင်ပါသေးတယ်။ ဒါဟာ တောတောင်၊ သစ်ပင်၊ လျှိုမြောင်တွေကို တန်ဖိုးထားစေဖို့အတွက် အရင်ခေတ်လူတွေက ပုံပြင်တွေနဲ့ သတိပေးခဲ့ကြတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီယုံကြည်ချက်တွေဟာ ကြောက်ရွံ့မှုထက် သဘာဝကို လေးစားတန်ဖိုးထားဖို့ သင်ပေးတဲ့ ယဉ်ကျေးမှုတစ်ခုဆိုရင်လဲ မမှားပါဘူး။ ဒီသတ္တဝါတွေကို လူတွေ ဘာကြောင့် ယုံကြည်ခဲ့ကြတာလဲ ❓ အရင်ခေတ်မှာ သိပ္ပံပညာ မဖွံ့ဖြိုးသေးတဲ့အတွက် သဘာဝဖြစ်စဉ်များစွာကို နားလည်ဖို့ ဒဏ္ဍာရီတွေကို ဖန်တီးခဲ့ကြတာဖြစ်ပြီး ဒီဇာတ်လမ်းတွေက… 🌱 သဘာဝကို လေးစားတတ်စေဖို့... 🤝 ကောင်းမြတ်တဲ့ စိတ်ထားရှိဖို့... 🛡️ မကောင်းမှုကို ရင်ဆိုင်ရဲဖို့... 💛 သစ္စာနဲ့ တာဝန်ယူမှုကို တန်ဖိုးထားဖို့... အစရှိတဲ့ လူ့အသိုင်းအဝိုင်းရဲ့ တန်ဖိုးထားမှုတွေကို လက်ဆင့်ကမ်းဖို့အတွက် မျိုးဆက်တစ်ဆက်ကနေ မျိုးဆက်တစ်ဆက်စီ Message တွေအဖြစ် အသုံးပြုခဲ့ကြတာပါ။ တစ်နည်းအားဖြင့် ဒဏ္ဍာရီတွေဟာ ဖျော်ဖြေရေးသက်သက်မဟုတ်ဘဲ လူ့အသိုင်းအဝိုင်းရဲ့ အတွေးအခေါ်နဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းပေးခဲ့တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။