- Последний пост
- 4 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 26
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 445
- 1/48двое суток
- 509
- 1/72трое суток
- 550
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
https://www.facebook.com/share/p/1LRtNHQ1Le/
“ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ဖို့ တစ်လမှာ (၁၂)နာရီပဲ လိုပါတယ်”🎓✨ 🔹𝐒𝐜𝐡𝐨𝐥𝐚𝐫 𝐂𝐫𝐚𝐟𝐭: 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐒𝐤𝐢𝐥𝐥𝐬 𝐁𝐨𝐨𝐭𝐜𝐚𝐦𝐩🔹 အထက်တန်းသာ ပြီးမြောက်သွားတယ် နောက်တစ်ဆင့်ဖြစ်တဲ့ တက္ကသိုလ်ပညာရေးကို ကူးပြောင်းရာမှာ ယုံကြည်မှုပျောက်ဆုံးပြီး၊ ခေတ်အလိုက် တက္ကသိုလ်မှာ ရှိထားသင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို မြှင့်တင်ဖို့ နည်းလမ်းရှာဖွေနေရတဲ့ ကျောင်းသား/သူများအတွက် 𝐔𝐧𝐢𝐏𝐫𝐞𝐩 𝐀𝐜𝐚𝐝𝐞𝐦𝐲 က 𝐒𝐜𝐡𝐨𝐥𝐚𝐫 𝐂𝐫𝐚𝐟𝐭: 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐒𝐤𝐢𝐥𝐥𝐬 𝐁𝐨𝐨𝐭𝐜𝐚𝐦𝐩 ကို အသစ်ဖွင့်လှစ်သွားတော့မှာ ဖြစ်ပါတယ်။⏭️✨ ဒီ Bootcamp ဟာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်း၊ ပညာသင်ဆု လျှောက်ထားခြင်း၊ Assignment ရေးသားခြင်း၊ Presentation ပြုလုပ်ခြင်း၊ Internship လျှောက်ခြင်းနဲ့ Professional Profile တည်ဆောက်ခြင်းတို့အတွက် လိုအပ်တဲ့ Foundation Academic Skills တွေကို အဆင့်မြင့် ပညာရေးနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ Instructor တွေမှ လက်တွေ့ကျကျ လေ့ကျင့် သင်ကြားပေးသွားမဲ့ Program ဖြစ်ပါတယ်။ 💎💫 🚨ဒီ Bootcamp ရဲ့ အဓိက Modules (၅)ခု ရှိပါတယ်။ ဒါတွေကတော့- -𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐂𝐕 / 𝐑𝐞𝐬𝐮𝐦𝐞 𝐖𝐫𝐢𝐭𝐢𝐧𝐠 -𝐆𝐨𝐨𝐠𝐥𝐞 𝐖𝐨𝐫𝐤𝐬𝐩𝐚𝐜𝐞 (𝐆 𝐒𝐮𝐢𝐭𝐞) -𝐀𝐈 𝐓𝐨𝐨𝐥𝐬 𝐟𝐨𝐫 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜𝐬 -𝐏𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐒𝐤𝐢𝐥𝐥𝐬 -𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐓𝐡𝐞 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐏𝐫𝐨𝐟𝐢𝐥𝐞 ဒါ့အပြင် Bootcamp ပြီးဆုံးသွားရင်တော့ ပြီးဆုံးကြောင်း Certificate အပြင်၊ အကောင်းဆုံး Assignment တင်သွင်းသူတွေအတွက်လည်း Instructor တွေမှ Personalized Feedback ကိုလည်း ထပ်မံရရှိနိုင်မှာ ဖြစ်ပါတယ်။ 🔵ဘယ်သူတွေ လာရောက်လျှောက်ထားနိုင်မလဲ? - တက္ကသိုလ်ကျောင်းသားတွေ - G-12 | GED | IGCSE | A-Level | OSSD စတဲ့ အထက်တန်းပညာရေး ပြီးမြောက်ထားသူတွေအတွက် ရည်ရွယ်ပါတယ်။ 📅 𝐓𝐢𝐭𝐥𝐞: 𝐒𝐜𝐡𝐨𝐥𝐚𝐫 𝐂𝐫𝐚𝐟𝐭: 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐒𝐤𝐢𝐥𝐥𝐬 𝐁𝐨𝐨𝐭𝐜𝐚𝐦𝐩 📆 𝐃𝐚𝐭𝐞: 𝟏𝟒 𝐀𝐮𝐠𝐮𝐬𝐭, 𝟐𝟎𝟐𝟔 (𝐅𝐫𝐢𝐝𝐚𝐲 & 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲) ⏰ 𝐓𝐢𝐦𝐞: 𝟕:𝟎𝟎 – 𝟖:𝟑𝟎 𝐏𝐌 (𝐌𝐌𝐓) 💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦 𝐌𝐞𝐞𝐭𝐢𝐧𝐠 💰 𝐅𝐞𝐞𝐬: 𝐅𝐑𝐄𝐄 🚨Register ဘယ်လိုလုပ်မလဲ? (1) ယခု Official Bootcamp Announcement Post ကို Public နဲ့ Share လုပ်ပါ။ (2) လျှောက်လွှာ Form ထဲမှာ ကိုယ်ရေး အကျဉ်းနဲ့ ကိုယ် Share လုပ်ထားတဲ့ Screenshot ကို ထည့်ပြီး စာရေးပေးသွင်းရမှာပဲ ဖြစ်ပါတယ်။ 🔷UniPrep Academy ဟာ ကျောင်းသား/သူတို့ရဲ့ အဆင့်မြင့်ပညာရေး ခရီးလမ်းနဲ့ အနာဂတ်အလုပ်အကိုင် လမ်းကြောင်းအတွက် လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်တောင် ဆောင်ရွက်ပေးနေတာကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချနိုင်အောင် အခုပဲ လာရောက် လျှောက်ထားလိုက်တော့နော်။ 📌 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤: https://forms.gle/1ziN1aG818pGg2Wz6 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞: 𝟏𝟎 𝐀𝐮𝐠𝐮𝐬𝐭, 𝟐𝟎𝟐𝟔 ‼️𝐋𝐢𝐦𝐢𝐭𝐞𝐝 𝐒𝐞𝐚𝐭 ‼️ 💎တက်ရောက်ခွင့် ရရှိသူတွေကိုလည်း email မှတစ်ဆင့် 12 August နောက်ဆုံးထားပြီး ပေးပို့သွားမှာ ဖြစ်ပါတယ်။စာရင်းမပေးသွင်းခင် အထူးသတိပြု သိထားသင့်တာကတော့ ပညာဒါနဖြစ်တာနဲ့အညီ တက်ရောက်သင်ကြားသွားမဲ့ ကျောင်းသား/သူတွေဟာလည်း အတန်းချိန်မှန်ကန်စွာနဲ့ နောက်ဆုံးရက် ရောက်သည်အထိ တက်ရောက်ပေးစေလိုပါတယ်နော်။ #UniPrepAcademy #FoundationAcademicSkillsBootcamp #Youth #StudySkills
https://vt.tiktok.com/ZSXf7Xptg/
видео или голосовое, без подписи
Lessons to get better for your teenage life (Ep 2)👭💖 ဆယ်ကျော်သက်များအတွက် အရေးကြီးတဲ့ သင်ခန်းစာတစ်ချို့📝 🙇လူအများစုအတွက် trauma အများဆုံးရစေတဲ့ ဆယ်ကျော်သက်အရွယ်... 🚶လမ်းမှားရောက်ဖို့ အလွယ်ဆုံး ဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်... 🤯စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အများဆုံးဖြစ်ပြီး…
Study Inspiration Hub pinned «Hello buddies လေးတို့ရေ ထက် tt acc အသစ်လေးကို Japan Region နဲ့ဖွင့်လိုက်ပါပြီ နောက်နောင် study vlog လေးတွေကို အဲ့အကောင့်မှာတင်ပေးသွားမှာမို့ follow ပေးကြဦးနော် @lunas.academic.al tiktok.com/@lunas.academic.al အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး ပြောချင်တာရှိရင် (English…»
https://vt.tiktok.com/ZSXSeJauo/
видео или голосовое, без подписи
How to get consistency 🕰📝 တစ်ခုခုကို စွဲစွဲမြဲမြဲနဲ့ လုပ်နိုင်ဖို🌟 ဘာသာစကားအသစ်တစ်ခု စလေ့လာမယ်။📖 အားကစားတစ်ခုခုလုပ်မယ်။🏋️ 💁တစ်ခုခုလုပ်တော့မယ်ဆိုတာနဲ့ တစ်ရက်နှစ်ရက်၊ တစ်ပတ်နှစ်ပတ်ထက် ပိုမလုပ်နိုင်ဘဲ ကောက်ရိုးမီးလို ဘာလိုဖြစ်နေရတာလဲသိကြလား...🤔 💁ဘာလိုလဲဆိုတော့ အဲ့ဒီအရာတွေက ကိုယ့်ရဲ့ ပုံမှန်လုပ်နေကျ အိပ်ရာထတာနဲ့ မျက်နှာသစ်သွားတိုက် မနက်စာစားရတာလို မဟုတ်လိုပါ။ ⏱️ဒီလိုနဲ့ ကိုရီးယာစာ၊ တရုတ်စာသင်ပြီး အခြေခံလောက်နဲ့ ဆက်မသင်ချင်တော့တာမျိုးတွေ ဖြစ်လာကြတယ်။ 📝စာလုပ်တဲ့အခါကျတော့လည်း တစ်ရက်လောက် အားတွေရှိလာပြီး လုပ်တော့မယ်လို ဆုံးဖြတ်လိုက်ပေမဲ့ နောက်နေ့ကျပြန်ပြီး မလုပ်ဖြစ်တော့ဘဲ ဒုံရင်းပဲ ဖြစ်သွားပြန်ရော။ 💁ဒါက ကိုယ်က တစ်ခုခုမှားနေတာ လုံးဝမဟုတ်ပါဘူး။ ✨စွဲမြဲတဲ့အလေ့အကျင့်တစ်ခုတည်ဆောက်နိုင်ဖို အစတည်းကိုက မလွယ်တာပါ။ 🙆💕ဒါကြောင့် ဒီနေ့မှာ consistency ရှိလာဖို ဘယ်လိုမျိုး တည်ဆောက်ရမလဲဆိုတာ Buddies လေးတိုကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ၁။ ကိုယ်လုပ်ချင်တဲ့တစ်ခုကို ရှင်းလင်းအောင်လုပ်ပါ။💭 💁ဟိုဟာစပ်စပ်၊ ဒီဟာစပ်စပ် အကုန်လုပ်ချင်နေတာ၊ ဖြစ်ချင်နေတာထက် ကိုယ်တကယ်လုပ်ချင်ပြီး ✨ကိုယ်တကယ်တတ်ချင်တာကို ရွေးလုပ်ပါ။ ကိုယ်နိုင်မယ်ထင်သလောက် တစ်ခုလည်းရသလို နှစ်ခုလဲရပါတယ်။ 🧐ဒီလိုရှင်းလင်းသွားပြီဆိုတာနဲ့ plan တွေ ချနေဖို၊ လုပ်ဖိုတအားစိတ်အားထက်သန်ပြီး အများကြီး တခါတည်းလုပ်ဖိုကိုဆော့ မစဉ်းစားပါနဲ့။ 🙆ဖြည်းဖြည်းချင်း ငါနေ့စဉ် တစ်နေ့ကို ဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာ စဉ်းစားပါ။ ၂။ ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ကို မလုပ်မိအောင် အာရုံလွှဲပါ။✨ 🙆ကိုယ်ကတစ်ခုခုစလုပ်တော့မယ်ဆိုရင် ကိုယ့်ကိုမလုပ်မိအောင် လိုက်ဖျက်နေတဲ့ အရာတွေကို မေ့နိုင်အောင် အဲ့တာတွေကို ဖျောက်လိုက်တာ၊ ဖွက်ထားတာလုပ်ပါ၊ အကောင်းဆုံးဥပမာကတော့ အခုခေတ်ရဲ့လက်စွဲတော် ဖုန်းပါ။📱 ဖုန်းကို ကိုယ်မမြင်နိုင်တဲ့နေရာမှာ၊ တခြားအခန်းမှာ ဖြစ်ဖြစ် သွားထားလိုက်ပါ။ ၃။ ကိုယ်လုပ်ချင်တဲ့အရာကို ဆွဲဆောင်မှုရှိစေပါ။🌟 ဒါကတော့ အဆင့်သုံးဆင့်ရှိပါတယ်💁 ၁။ ကိုယ်လုပ်ရင် ဖြစ်လာမယ့်အကျိုးဆက်ကိုတွေးပါ။ ၂။ ကိုယ်မလုပ်ရင်ဖြစ်လာမယ့်အကျိုးဆက်ကိုတွေးပါ။ ၃။ ကိုယ်အလုပ် သို စာလုပ်မယ့် နေရာကို အဲ့ကနေ မထချင် အောင် ဆွဲဆောင်နိုင်တဲ့ နေရာအဖြစ်ပြောင်းလဲပါ။📚 💁ဒီလိုလုပ်မယ်ဆိုရင် လုပ်ရင် ရလာမယ့် ကောင်းကျိုးကို တွေးမိပြီး လုပ်ချင်စိတ်တွေရှိလာမယ်၊ မလုပ်ချင်ဖြစ်နေတာတွေ လျှော့ကျသွားမယ်။ ၄။ Reward system သို စိတ်ကျေနပ်မှုရှိအောင်လုပ်ပါ။📝 ကိုယ်ဘယ်လောက်ထိပြီးခဲ့ပြီ၊ ✨ခရီးဘယ်လောက်ရောက်ခဲ့ပြီ ဆိုတာကို ပြန်သုံးသပ်ပါ။ ကိုယ်ပြီးခဲ့တာ၊ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ goalတစ်ခုပြီးသွားတိုင်း ကိုယ့်ကိုကိုယ် ဆုချပါ။ 💁ဒီလိုနည်းအတိုင်းသာဆိုရင် ကိုယ်လိုချင်တာကိုလည်း ကိုယ်လှမ်းတဲ့ခြေလှမ်းတိုင်းမှာ ရနေမှာကြောင့် ရပ်ချင်မှာ မဟုတ်တော့ပါဘူး။ 🌟ကိုယ်လုပ်ခဲ့ပြီးတာနဲ့ ကိုယ့်ကိုကိုယ်စိတ်အားတက်စေပြီး ငါဘာလိုစခဲ့တာလဲ ဆိုတာ အမှတ်ရပါ၊ အဲ့ဒီစိတ်နဲ့ပဲ အဆုံးထိ ဆက်သွားပါ။ 🙆Consistency ဆိုတာ ပြောတော့သာလွယ်ပေမဲ့ တကယ်တမ်း တည်ဆောက်ရတဲ့အခါမှာတော့ ခက်ပါတယ်။ ✨ကိုယ်က တည်ဆောက်နိုင်ပြီဆိုကတည်းက သာမန်လူမဟုတ်ဘဲ သူများထက် ခေါင်းတစ်လုံးသာနေပါပြီ။ 🙆ဒါကြောင့် ထက်ပြောခဲ့တဲ့အတိုင်း လိုက်လုပ်ကြည့်ကြမယ်နော်... 🌟ကိုယ်သင်ချင်တတ်ချင်နေတာလေးတွေကိုလည်း အဆုံးထိ လိုက်လုပ်ကြည့်ပါ၊ ဖိုက်တင်းပါ လို အားပေးရင်း ဒီနေ့တော့ ဒီလောက်ပါပဲနော်...💕💕
Hello buddies လေးတို့ရေ ထက် tt acc အသစ်လေးကို Japan Region နဲ့ဖွင့်လိုက်ပါပြီ နောက်နောင် study vlog လေးတွေကို အဲ့အကောင့်မှာတင်ပေးသွားမှာမို့ follow ပေးကြဦးနော် @lunas.academic.al tiktok.com/@lunas.academic.al အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး ပြောချင်တာရှိရင် (English class, content writing, etc...) Tg acc @Lunalylia221108 ကိုလာခဲ့လို့ရပါတယ် Personal acc လေးကတော့ သိပြိးသားဖြစ်ကြမှာပါနော်
ထက်ကိုယ်ပိုင် study vlog လေးတွေတင်ရင် အားပေးကြမှာလား👀
Lessons to get better for your teenage life (Ep 2)👭💖 ဆယ်ကျော်သက်များအတွက် အရေးကြီးတဲ့ သင်ခန်းစာတစ်ချို့📝 🙇လူအများစုအတွက် trauma အများဆုံးရစေတဲ့ ဆယ်ကျော်သက်အရွယ်... 🚶လမ်းမှားရောက်ဖို့ အလွယ်ဆုံး ဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်... 🤯စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အများဆုံးဖြစ်ပြီး အပြောင်းအလဲများတဲ့ ဆယ်ကျော်သက်အရွယ်... ဒီအချိန်တွေမှာပဲ💁 👩💼လုပ်ချင်စိတ်၊ ဖြစ်ချင်စိတ် အများဆုံးရှိတတ်တယ်။ 😤စိတ်က တက်လွယ်ကျလွယ်တယ်။ 💪🏻ကြိုးစားနိုင်စွမ်း ပိုများတယ်၊ လုပ်နိုင်စွမ်းပိုရှိတယ်။ 💖ဒီနေ့ရဲ့ Episode 2 မှာတော့ ဆယ်ကျော်သက်အရွယ်မှာ buddies လေးတို့ အချိန်တွေမဖြုန်းမိစေဘဲ အကောင်းဆုံးနဲ့ အကျိုးရှိရှိ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ ထက်က Tips နဲ့ Lessons လေးတစ်ချို့ကို ဆက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။🙆 🍃သစ်ရွက်လှုပ်တာနဲ့ ရင်ခုန်တတ်တဲ့ အရွယ်ဖြစ်တာကြောင့် အချစ်ကို ဦးစားမပေးပါနဲ့။ 👫ကိုယ့်အနေနဲ့ သူငယ်ချင်း မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ အနေနီးပြီး အမြဲတွေ့နေရတဲ့အခါ "အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းညိ" ဆိုတဲ့အတိုင်း စိတ်လှုပ်ရှားပြီး ရင်ခုန်လာတတ်တာ၊ ချစ်သလိုလို သံယောဇဉ်ပိုတွယ်မိသလိုလို ဖြစ်လာတာတွေဟာ ဆယ်ကျော်သက်အရွယ်မှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။🧡 ဒါကြောင့် ငယ်သေးတဲ့အရွယ်မှာ အချစ်စစ်လို့မှတ်ယူတတ်ကြပြီး ခဏတာ ရင်ခုန်မှုသာဖြစ်တယ်ဆိုတာ သတိမမူတတ်ကြပါဘူး။ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန် မချနိုင်ဘဲ တစ်ဘဝစာ✖️အမှားဖြစ်သွားတတ်သလို ထားခဲ့ခံရတာတွေကြောင့်လည်း အသဲကွဲတာနဲ့ စိတ်ဓာတ်ကျမှုဒဏ်ကို အလူးအလဲခံရမယ့်အချိန် ဖြစ်ပါတယ်။ 🙆ဘယ်သူ့ကိုမှ အလွန်အကျွံ မစွဲလမ်းမိပါစေနဲ့ ဟုတ်ပါတယ်။ 💖စိတ်အပြောင်းအလဲမြန်သလို စိတ်နုနယ်လွန်းတဲ့ အချိန်တစ်ခုလည်း 🥰ဖြစ်တဲ့ဆယ်ကျော်သက်လူငယ်လေးတွေဟာ ကိုယ့်ကို ဂရုစိုက်ပေးတဲ့သူတစ်ယောက်ကို အားကိုးချင်လာတယ်၊ 👨👧ကိုယ့်အပေါ်ကောင်းပေးတဲ့လူတစ်ယောက်ကိုလည်း အမြဲ ကိုယ့်အပေါ်ပဲ ကောင်းပေစေချင်တဲ့ အတ္တလေးတွေ ရှိလာကြတယ်။ ဒီလိုနဲ့ပဲ 👭စွဲလမ်းမှုဆိုတာ ဖြစ်လာပါတယ်။ သူမှမရှိရင် မနေတတ်တော့တာမျိူး၊ တစ်ခုခုလိုနေသလိုမျိုးပေါ့။ 💁ထက်မနေ့က ပြောခဲ့သလိုပါပဲ ဘယ်သူမှ ကိုယ့်အနား အမြဲမရှိသလို၊ အမြဲလည်း ကာကွယ်ပေးမှာ မဟုတ်ပါဘူး။ 💛 ဒါကြောင့် မစွဲလမ်းမိပဲ ကိုယ့်ကိုကိုယ်သာ တော်ရုံကိစ္စရပ်တွေအတွက် 💖အားကိုးတာအကောင်းဆုံးဖြစ်ပါတယ်။ 💁ကိုယ့်ကိုကိုယ်ရော သတိထားမိကြရဲ့လား ကိုယ်ဘယ်သူ့ကိုစွဲလမ်းနေလဲ၊ ဘယ်သူ့ကို ချစ်မိနေလဲ ဆိုတာကို....💕💕 🌟 Buddies လေးတို့အတွက် SIH က သူငယ်ချင်းတစ်ယောက်လို ဘေးမှာရှိနေပြီး စာအကြောင်းမှမဟုတ်ဘဲ တခြား အသုံးဝင်မယ့် Tips လေးတွေကို အမြဲပြောပြပေးမှာမို့ 🗣️နေ့စဉ်စောင့်ကြည့်ပေးကြပါဦးနော်....💛💛💛
Wake up form the past, get your greatest comeback..✨🙆 စိတ်ဓာတ်ကျနေတဲ့အချိန်တွေကို ကျော်လွှားပြီး အလုပ်ပြန်စနိုင်ဖို့📆 📚စာတွေလုပ်ရင်း အရမ်းပင်ပန်းနေကြပြီလားဟင် ဖိအားတွေ များပြီး ချက်ချင်းရပ်ပစ်ချင်စိတ်တွေ ပေါက်လာပြီလားဟင် 💪🏻အားတင်းထားကြပါနော် buddies လေးတို့... ဒီထိတောင်ရောက်ခဲ့ပြီပဲဟုတ်... 🙆မကြာခင် ကိုယ်ဖြစ်ချင်တဲ့အိမ်မက်တွေ တစ်ခုပြီးတစ်ခု အကောင်အထည်ဖော်နိုင်မှာပါနော်... အခုလို စိတ်ဓာတ်ကျနေရာကနေပြီး 📝အလုပ်တွေပြန်စမယ်၊ စာပြန်လုပ်ချင်တယ်ဆိုရင်တော့ ကိုယ်တိုင်က ရုန်းထွက်ဖို့လိုပါတယ်။ 1️⃣ပထမခြေလှမ်းအနေနဲ့... 💭ပြန်စဉ်းစားကြည့်ပါ၊ ကိုယ့်ရဲ့ ပျော်ရွှင်မှု၊ ကိုယ်ကြိုးစားခဲ့ရတဲ့အကြောင်းရင်းတွေ.... ပြီးရင်တော့ ကိုယ်ဘာကြောင့်ရပ်နေမိတာလဲ ဆိုတာပါစဉ်းစား... 🤔ကိုယ်ကြိူးစားခဲ့ရတဲ့အကြောင်းရင်းတွေက အခုရပ်နေမိရတဲ့ အကြောင်းပြချက်လောက် မခိုင်မာခဲ့တာလား... ဒါဆိုရင်ရော ဘာလို့များ ကြိူးစားခဲ့ရသေးတာလဲ... ငါလုပ်မှရမယ် ဆိုတဲ့စိတ်နဲ့ အားတင်းပြီး ပြန်ထပါ။ ဖြေးဖြေးချင်း အရှိန်ပြန်ယူ... ပြန်ကြိုးစား... Motivation ရအောင်ကြိူးစားပါ... 2️⃣ဒုတိယခြေလှမ်းအနေနဲ့... 💕စိတ်တက်ကြွရုံနဲ့ မပြီးသေးဘူးနော်... မိုတီတော့ရလာပြီး ကောက်ရိုးမီးဖြစ်နေရင် ထပ်ပြီး ဖြစ်နေဦးမှာပဲ ဟုတ်... အဲ့ဒီအခါကျ self discipline ကိုစဉ်းစားရပါတော့မယ်။ 📆Consistency ရှိဖို့နဲ့ ကိုယ့်ကိုကိုယ်ထိန်းချူပ်နိုင်ဖို့ ကြိူးစားပါ။ နေ့စဉ်လုပ်ရမယ့်အရာတွေ မပျက်မကွက်လုပ်ဖြစ်အောင် လုပ်ကြည့်ပါ။ 🕰️မကောင်းတဲ့အကျင့်တွေကို အကျင့်ကောင်းလေးတွေနဲ့ အစားထိုးပါ။ ကိုယ့်ကိုကိုယ်ပြန်ထူပါ။ 3️⃣တတိယခြေလှမ်းအနေနဲ့ကတော့... ကိုယ်လုပ်နေတဲ့အရာတွေက ကိုယ်နိုင်တဲ့ ပမာဏအတွင်းမှာပဲ ရှိပါစေ။ ✨ပြီးခါမှ တဖြည်းဖြည်း ထပ်ချဲ့ပါ။ တခါတည်း အကုန်စုပြုံပြီး လုပ်လိုက်ရင် ဖိအားပိုများလာမယ့်အပြင် စိတ်ဓာတ်ကျလာပြီး လုပ်ချင်စိတ်ပါ ပြန်ပျောက်သွားနိုင်ပါတယ်။ ဖြေးဖြေးချင်းနဲ့မှ ပုံမှန်လေးလုပ်သွားပါ။ 📚စာဆိုလည်း တစ်နေ့တစ်နာရီကနေစ၊ နောက်ရက်ငါးမိနစ်ပိုလုပ်၊ တစ်နေ့ကိုငါးမိနစ်တိုးသွား ပြီးတာနဲ့ ၃နာရီလောက်လုပ်နိုင်တဲ့နေ့ကျရင် တစ်နေ့ကို အဲ့ဒီလောက်ပုံမှန်လေး လုပ်သွားပါ။ နောက်ပြီးတော့ နားချိန်လေးထားဖို့လည်း မမေ့ပါနဲ့နော်။ 💁တစ်ထိုင်တည်းအကုန်လုပ်လို့မရဘူးလို့ ပြောခဲ့ဖူးတယ် မဟုတ်လား၊ စာလုပ်တဲ့အခါလည်း Pomodoro, method ကိုသုံးပြီး လုပ်ကြည့်ပါ။ အားတဲ့အချိန်မှာ ဖုန်းကြည့်တာကို အတတ်နိုင်ဆုံးရှောင်ပါ။ ထပ်ပြီးတော့ digital detox လုပ်ထားပါ။ 📱ဖုန်းထဲက မလိုတာတွေအပြင်၊ ကိုယ့်ကို စိတ်ဓာတ်ကျစေမယ့် အရာတွေ အကုန်ဖျောက်ပစ်ပါ။ မလိုအပ်တဲ့ ဂိမ်းတွေနဲ့ app တွေပါ ဖျက်ပစ်ပါ။ ကိုယ့်အတွက် အားရှိစေမယ့်၊ အသိပညာ ဗဟုသုတတွေရစေမယ့် social community တစ်ခုကို ဖန်တီးပါ...💛💛💛💛 ဒါပြီးရင်တော့... ကောင်းကောင်းပြန်ထပြီး စာတွေ၊ အလုပ်တွေ ပြန်လုပ်လို့ရပြီ...💪🏻 ကဲ ဘာစောင့်နေမှာလဲ၊ အခုထ မနက်ဖြန်ဘာလုပ်ကြမလဲဆိုတာ စဉ်းစားပြီး ဒီနေ့ကတည်းက Plan ဆွဲထားတော့..… 🙆💕See you နော် buddies လေးတို့ရေ...
Lessons to get better for your teenage life (Ep 1) ဆယ်ကျော်သက်ဘဝကို အကျိုးရှိရှိဖြတ်သန်းနိုင်ဖို 👩💼Buddies လေးတိုရဲ့ တစ်ဘဝလုံး ခြုံငုံကြည့်မယ်ဆိုရင် မွေးစကနေ ကျောင်းနေအရွယ်၊ မိဘရင်ခွင်ကနေ ဆရာ့လောင်းရိပ် 👩🏫အောက်ရောက်လာပြီး ဒီလိုနဲ့ပဲ ဆယ်ကျော် သက် ကျောင်းနေအရွယ်ရောက်လာကြတယ်။ 🙇အဲ့ဒီဆယ်ကျော်သက်အရွယ်ဆိုတာ ရင့်ကျက်ဖို စသင်ယူရတဲ့အချိန်၊ မိဘရဲ့ သွန်သင်မှုအောက်ကနေ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို စသင်ယူရတဲ့အချိန် ဖြစ်ပြီး အင်မတန်ကိုအရေးကြီးပါတယ်။ 🙆Buddies လေးတိုလည်း ကျောင်းသားတွေများမှာ ဆိုတော့ ဆယ်ကျော်သက်အရွယ်လေးတွေ အများကြီး ရှိတာမို ထက်က ကိုယ့်ရဲ့ teenage life လေးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို 🤾ဘယ်လိုကျော်ဖြတ်ပြီး ဘယ်လိုစိတ်ထားရမယ်ဆိုတဲ့ life tips လေးတွေနဲ့ lessons လေးတစ်ချိူကိုပြောပြပေးသွားမှာ ဖြစ်တာမို အဆုံးထိဖတ်ကြည့်ကြပါဦးနော် 1️⃣ကိုယ့်ကို ဘယ်သူမှ လာကာကွယ်ပေးမှာ မဟုတ်သလို ဘယ်သူမှလည်း ကိုယ့်အနားအမြဲရှိနေမှာ မဟုတ်ပါဘူး။ ကိုယ့်ကို ချစ်လှပါတယ်ဆိုတဲ့မိဘ၊ 👨👩👦👦ခင်လှပါတယ်ဆိုတဲ့သူငယ်ချင်း နဲ့ ဆွေမျိုးအသိုင်းအဝိုင်း.... အကုန်လုံးက ကိုယ် 👭ဆယ်ကျော်သက်ဘဝရောက်သွားတဲ့အခါ အရင်ကနဲ့မတူဘဲ ဆက်ဆံပုံ၊ ပြောဆိုပုံ၊ ဂရုစိုက်ပုံတွေ ပြောင်းလဲလာကြပါတယ်။ 🌟ဒါကြောင့် အခု ဘယ်လောက်ပဲ နွေးထွေးတဲ့ပတ်ဝန်းကျင်မှာဖြစ်ဖြစ် အလိုက်အထိုက်တော့ပြောဆိုဆက်ဆံသင့်ပေမဲ့ တစ်ယောက်တည်းနေတတ်အောင်၊ နေသားကျအောင် ကြိုးစားပါ။ 2️⃣ကိုယ်စကားပြောတဲ့ပုံစံတွေ၊ စကားလုံးတွေ အသုံးအနှုန်းတွေကို သတိထားပါ၊ သင့်တင့်စွာ ပြောဆိုတတ်စေပါ။🗣 👥အထူးသဖြင့်တော့ အခုနေ ကိုယ်စကားပြောတဲ့ပုံစံနဲ့ အသုံးအနှုန်းတွေဟာ ကိုယ်အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ကိုယ့်ရဲ့ ပုံစံပါပဲ။ ဒါကြောင့် အခုကတည်းက အကောင်းမြင်စိတ်မွေးတတ်ပါစေ။ အရာရာကို အမြဲအပြစ်မတင်ဘဲ၊ အလွယ်တကူအားမလျှော့တတ်တဲ့ စိတ်ဓာတ်လေးနဲ့ ပတ်ဝန်းကျင်နဲ့ပါ လိုက်လျောညီထွေဖြစ်စေပါ။ 💛💛💛💛💛💛💛💛💛💛💛💛 3️⃣ကိုယ်လုပ်လိုက်တဲ့ အရာရာတိုင်းမှာ နောက်ဆက်တွဲရှိပါတယ်၊ ဆိုးကျိုး ဒါမှမဟုတ် ကောင်းကျိုးပေါ့... 🤔ဒါကြောင့် အလုပ်တစ်ခုကို မလုပ်ခင် စဉ်းစားပါ၊ လုပ်သင့်ရဲ့လား လုပ်ဖိုလိုအပ်ရဲ့လား ဆိုတာကို... နောက်ပြီး ကိုယ်လုပ်နေတဲ့အရာ တစ်ခုဟာလည်း ကိုယ်လုပ်သလောက် အကျိုးအပြစ်အမြဲ ရနေမှာမို ဘာမှမထူးဘူးဆိုတဲ့အလုပ်မရှိပါဘူး...💁 ဖုန်းထိုင်ကြည့်နေတာတောင် အချိန်ကုန်ပြီး ဘာမှမလုပ်လိုက်မိတဲ့ နောင်တနဲ့ အပြစ်ဒဏ်ကို တစ်နေ့နေ့တော့ အခတ်ခံရတယ် မဟုတ်လား... 4️⃣ မူးယစ်ဆေးလို စွဲလမ်းစေတာတွေကို ရှောင်ပါ၊ ကိုယ့်အနေနဲ့ စွဲလမ်းလာပြီဆိုရင် ထိန်းချုပ်ဖိုနဲ့ အပြီးတိုင် ဖြတ်ဖိုကို လုပ်ပါ။ ✨ဆယ်ကျော်သက်တော်တော်များများက အစလုပ်ပြီး ဆေးလိပ်၊ အရက်စတာတွေ သောက်ကြတယ်။🍾 🌟အခုခေတ်ဆိုရင်တော့ Vape ဆိုတဲ့ လျှပ်စစ်ဆေးလိပ်လိုမျိူးတွေ သုံးကြတယ် အဲ့ကနေတဆင့်အဆင့်တက်ပြီး ပိုပြင်းတာတွေ သုံးလာပြီး ကိုယ်စိတ်ကျန်းမာရေးထိခိုက်ပျက်စီး လာတယ်။ 💁ဒီလိုနဲ့ မဖြစ်သင့်တာတွေ ဖြစ်လာပြီး လူဆိုးလူမိုက်တွေ ဖြစ်လာကြတယ်။ ဒီလိုပါပဲ အခုလက်ထဲမှာ ရှိနေတဲ့ဖုန်းဟာလည်း အဲ့ဒီအရာတွေနည်းတူ ကြောက်ဖိုကောင်းလောက်တဲ့ မူးယစ်ဆေးတစ်မျိုးပါပဲ။ ဖုန်းကိုလည်း အသုံးဝင်တဲ့နေရာတွေမှာ အသုံးချပြီး ဘာမဟုတ်တဲ့ social platform တွေမှာ 🙅အချိန်ကုန်တာကို တတ်နိုင်သလောက်လျှော့ပါ... 💖ကိုယ့်ဘဝအတွက် အကျိုးရှိမယ့် အရာတွေကို သင်ယူရင်း ဆယ်ကျော်သက်ဘဝလေးကို အကျိုးရှိရှိနဲ့ အကောင်းဆုံးဖြစ်အောင် ဖြတ်သန်းကြပါနော်...
видео или голосовое, без подписи
‼️Admission Interview တွေမှာ အများဆုံးလုပ်မိတဲ့ အမှား(၃)ခု‼️ - - - - - - - - - - - - - - - - - 🙋♀️ ကိုယ့်ရဲ့ Admission Interview ကို level up ချင်နေတဲ့သူတွေရှိကြလား။ 🤔 Pilot တို့ တက္ကသိုလ်ဝင်ခွင့်အတွက် interview ဖြေတဲ့အခါမှာ ကိုယ့်ရဲ့ English proficiency တင်မကပဲ ကိုယ့်ရဲ့ overall communication ကို ပြင်ဆင်ထားဖို့လိုတယ်ဆိုတာ သိပြီးကြပြီလား။ အဲ့ဒါကြောင့် မြန်မာကျောင်းသားအများစုအတွက် Admission Interview ဆိုတာ တံတိုင်းကြီးတစ်ခုလို ခက်ခက်ခဲခဲဖြတ်ကျော်ရတဲ့အရာတစ်ခုဖြစ်နေတတ်ပါတယ်။ ✍️ ဒီနေ့မှာတော့ Pilot တို့ အကောင်းဆုံးပြင်ဆင်နိုင်ဖို့အတွက် ကျောင်းသားကျောင်းသူတွေ ဝင်ခွင့်ဖြေတဲ့အခါ အဖြစ်များလေ့ရှိတဲ့ အမှားတွေကို ပြောပြပေးချင်ပါတယ်။ ၁။ Over-explaining - လိုအပ်တာထက်ပိုပြီးပြောဆိုရှင်းပြခြင်း (ဥပမာ - အချိန်ကို မကြည့်ဘဲ အကြာကြီးပြောနေတာမျိုး၊ ကိုယ်စိတ်တိုင်းမကျမချင်း စကားကိုပြန်ပြင်ပြောနေတာမျိုးတွေဖြစ်ပါတယ်။) ဒီလိုမျိုး ပြောနေတာဟာ Interviewer ဘက်ကနေ ကိုယ့်အဖြေကို သေချာနားမထောင်တော့တာ၊ အရေးကြီးတဲ့ နောက်ပိုင်းမေးခွန်းတွေအတွက် အချိန်မရှိတော့တာတွေဖြစ်တတ်ပါတယ်။ ၂။ Textbook Answers - လူတိုင်းမြင်ဖူးတဲ့ generic အဖြေတွေကိုပဲ ဖြေဆိုခြင်း (ဥပမာ - “What are your strengths?” လို့မေးတဲ့အခါ “I’m a hardworking student” လို့ပဲ ဖြေတာမျိုးတွေဖြစ်ပါတယ်။) ကိုယ့်ရဲ့အဖြေက တအား blend ဖြစ်လွန်းတဲ့အခါ ကိုယ့်ရဲ့ interview result က တခြား candidate တွေကြားမှာ stand out ဖြစ်မနေတော့တဲ့အတွက် ကိုယ့်ရဲ့ ဝင်ခွင့်ရာခိုင်နှုန်းကို လျော့နည်းသွားစေပါတယ်။ ၃။ Technical Problems - လိုအပ်တဲ့ Technical Essentials တွေကို ကြိုတင်ပြင်ဆင်ထားမှုမရှိခြင်း (ဥပမာ - Mobile data မပြင်ဆင်ထားတာ၊ Interview ဖြေမယ့် device ကို battery, function စသဖြင့် ကြိုတင်စစ်ဆေးထားခြင်းမရှိတာတွေဖြစ်ပါတယ်။) ဖြေနေရင်းပဲဖြစ်ဖြစ်၊ မဖြေခင်ပဲဖြစ်ဖြစ် device error တက်သွားတာ၊ WiFi ပြတ်သွားတာ စတဲ့ပြဿနာတွေရှိလာတဲ့အခါ ကိုယ့်ဘက်က သေချာမပြင်ဆင်ထားဘူးဆိုရင် interview ကို ရက်ရွှေ့ဆိုင်းရတာလိုမျိုး မလိုအပ်တဲ့နောက်ဆက်တွဲအခြေအနေတွေဖြစ်လာရပါတယ်။ 👩💻 အခုပြောပြခဲ့တဲ့အပေါ်က အမှား ၃ မျိုးကို အတတ်နိုင်ဆုံး မဖြစ်အောင် ကြိုးစားလေ့ကျင့်ဖို့အတွက် တိုက်တွန်းချင်ပါတယ်။ ကိုယ့်ဘက်ကနေ သေချာပြင်ဆင်ထားသရွေ့ ဘယ်လို interview ပဲလာလာ confident ရှိရှိ၊ အမှားနည်းနည်းနဲ့ ဖြေဆိုနိုင်မှာဖြစ်ပါတယ်နော်။ ✨ ဒီလိုမျိုး English စာတင်မဟုတ်ဘဲ ကိုယ့်ရဲ့ Admission Interview အတွက်ပါ အထောက်အကူဖြစ်စေမယ့် Tips တွေကို sharing လုပ်ပေးသွားမှာဖြစ်လို့ Chatty Pilots Conversation Club Page ကို Like and Follow လုပ်ထားဖို့ မမေ့နဲ့နော်။ #ChattyPilotsConversationClub #LearnTogether_GrowTogether_withCPCC #contentbyyadi #graphicsbyellis
အချိန်ဇယားတွေ မပါဘဲနဲ့လည်း အမြဲ A ရနိုင်ဖို့📝 💁✨ Buddies လေးတို့ တစ်ခါတစ်လေကျပြန်တော့ စာလုပ်ဖို့ အချိန်ဇယားဆွဲရတာ ပျင်းကြတယ် မဟုတ်လား.... 😔ဒါ့အပြင် အချိန်ဇယားဆွဲ planတွေချပြီးမှ လိုက်မလုပ်ဖြစ်တာတွေလည်း ရှိပြန်သေးတယ်။ 🌟ဒါကြောင့် ဒီနေ့မှာတော့ ထက်က ⏱️အချိန်ဇယားမပါလည်း စာကိုထိထိရောက်ရောက်နဲ့ လုပ်လို့ရပြီး စာမေးပွဲတိုင်း A ရနိုင်ဖို့ ထားရမယ့် mindset နဲ့ စာလုပ်နည်းလေးတွေ ပြောပြသွားမှာဖြစ်ပါတယ်။ 🙆အရင်ဆုံး ထက်ပြောချင်တာကတော့ buddies လေးတို့ မှတ်ထားရမှာ တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကိုယ်ကအမြဲတမ်း အစီအစဉ်တစ်ကျ ဖြစ်နေပြီး အချိန်ဇယားအတိုင်း လိုက်နာဖို့ မလိုပါဘူး။ 💕ထက်တို့က လူတွေမို့ စိတ်ဓာတ်ကျတဲ့ အချိန်ရှိတယ်၊ ဘာမှမလုပ်ချင်တဲ့အချိန်ရှိတယ်။ တစ်ခါတစ်လေဆို ဖိအားတွေများပြီး စိတ်ပင်ပန်းလူပင်ပန်းကို ဘာကိုမှ 😔အာရုံမစိုက်နိုင်တော့တဲ့ အချိန်တွေရှိပါတယ်။ ဒါကြောင့် အချိန်ဇယားတွေ မလိုက်နာနိုင်တိုင်းလည်း ကိုယ်က အပျင်းကြီးပြီး unorganized ဖြစ်နေတာ မဟုတ်ပါဘူး။ 📝နောက်ထပ်တစ်ခုကတော့ စာလုပ်တဲ့အခါ အာရုံအပြည့်အဝစိုက်ဖို့ပဲဖြစ်ပါတယ်။ 🕰️ဆယ်နာရီလောက်အာရုံမစိုက်ဘဲ စာလုပ်နေတာက တစ်နာရီသေချာအာရုံစိုက်ပြီး စာလုပ်နေတာနဲ့ ညီပါတယ်။ 📚တစ်နေ့စာတစ်နေ့လည်း ပြီးအောင်လုပ်ပါ။ 📔နောက်ပြီးတော့ ကိုယ်ကစာလုပ်တဲ့အခါမှာ ကိုယ်မရတာကို ဦးစားပေးပြီး ထပ်ခါထပ်ခါ လေ့ကျင့်ပါ။ 🗒️ဒီလိုလုပ်ပေးတာက အမြဲမှတ်မိနေစေပြီး စာမေးပွဲမှာလည်း အထောက်အကူပြုမှာပါ။ 💁ဒီအချက်လေးတွေသာ လိုက်လုပ်မယ်ဆိုရင် စာမေးပွဲမှာ အမြဲ အမှတ်တွေကောင်းနေနိုင်မှာ ဖြစ်ပြီး buddies လေးတို့လည်း စာကိုသေချာပိုပြီး အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။ ✨ဒီနေ့ကတော့ ဒီလောက်ပါပဲနော်... 🙆နောက်နေ့မှာလည်း buddies လေးတို့အတွက် အသုံးဝင်တဲ့ စာလုပ်နည်းလေးတွေမျှဝေဖို့ ပြန်လာခဲ့ပါဦးမယ်...💕
How to stop phone addiction 🤖 ဖုန်းကိုစွဲလမ်းနေတယ်ဆို ဒါကိုဖတ်ကြည့်...📱 💁ဖုန်းတွေဟာ ၂၁ ရာစုမှာ လူကြီး၊ လူငယ်မရွေး၊ ကမ္ဘာပေါ်က ရှိသမျှလးဦးရေအကုန်နီးပါးရဲ့ လက်ထဲမှာ မရှိမဖြစ်အရာတစ်ခုဖြစ်လာပါပြီ။ 🌟အထူးသဖြင့်တော့ ဆိုရှယ်မီဒီယာတွေနဲ့ဂိမ်းတွေက ဖုန်းစွဲစေတဲ့ အဓိက အကြောင်းအရာတွေဖြစ်ပြီး လူငယ်တွေ အတွက် 📱အန္တာရယ်တစ်ခုလည်းဖြစ်ပါတယ်။ 💁ဒါကြောင့် ဒီနေ့မှာတော့ ဖုန်းမကြည့်ရရင် မနေနိုင်ဖြစ်နေပြီ၊ စွဲနေပြီဆိုတဲ့ သူတွေအတွက် ဖုန်းကြည့်တာကို လျှော့ချနိုင်အောင် 🤔ဘယ်လိုလုပ်ရမလဲဆိုတာကို ထက်က ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 🙆 ဖုန်းစွဲတာကို ဖြတ်ချင်တယ်ဆိုရင်... ၁။ ဖုန်းကြည့်တဲ့အခါ အချိန်သတ်မှတ်ပြီးကြည့်ပါ။ ၂။ ကိုယ်ရဲ့ screen time ကိုပြန်ကြည့်လိုရတဲ့ app လေးသုံးပါ။ ၃။ ဖုန်းမကိုင်မိအောင် ဖုန်းကို Noti ပိတ်ထားပါ။ ၄။ ကိုယ်စာလုပ်နေတဲ့အချိန်မှာ ဖုန်းကို ကိုယ်နဲ့အဝေးမှာ ဖွက်ထားပါ။ ၅။ တစ်နေ့လောက် ဖုန်းမသုံးပဲ နေကြည့်ပါ။ ၆။ no phone zone လေးထားပေးပါ။ အခုထက်ပြောပြခဲ့တာလေးတွေကိုလိုက်လုပ်မယ် ဆိုရင် ဖုန်းစွဲနေတာကို 📵တကယ်ဖြတ်ချင်တဲ့စိတ်၊ ဖြတ်ကိုဖြတ်မယ်ဆိုတဲ့စိတ်တော့ ရှိဖို လိုပါတယ်နော် 💁ထက်က အကြံဉာဏ်ပေးပြီးပြီမို ကိုယ့်စိတ်ကို သေချာနိုင်အောင် ထိန်းချုပ်ပြီး လိုက်လုပ်ကြည့်ဖိုက Buddies လေးတို တာဝန် ဖြစ်သွားပါပြီ...❤️ 🙆ဒီနေ့ကတော့ ဒီလောက်ပါပဲ Buddies လေးတိုရေ...💛💛💛
How to get consistency 🕰📝 တစ်ခုခုကို စွဲစွဲမြဲမြဲနဲ့ လုပ်နိုင်ဖို🌟 ဘာသာစကားအသစ်တစ်ခု စလေ့လာမယ်။📖 အားကစားတစ်ခုခုလုပ်မယ်။🏋️ 💁တစ်ခုခုလုပ်တော့မယ်ဆိုတာနဲ့ တစ်ရက်နှစ်ရက်၊ တစ်ပတ်နှစ်ပတ်ထက် ပိုမလုပ်နိုင်ဘဲ ကောက်ရိုးမီးလို ဘာလိုဖြစ်နေရတာလဲသိကြလား...🤔 💁ဘာလိုလဲဆိုတော့ အဲ့ဒီအရာတွေက ကိုယ့်ရဲ့ ပုံမှန်လုပ်နေကျ အိပ်ရာထတာနဲ့ မျက်နှာသစ်သွားတိုက် မနက်စာစားရတာလို မဟုတ်လိုပါ။ ⏱️ဒီလိုနဲ့ ကိုရီးယာစာ၊ တရုတ်စာသင်ပြီး အခြေခံလောက်နဲ့ ဆက်မသင်ချင်တော့တာမျိုးတွေ ဖြစ်လာကြတယ်။ 📝စာလုပ်တဲ့အခါကျတော့လည်း တစ်ရက်လောက် အားတွေရှိလာပြီး လုပ်တော့မယ်လို ဆုံးဖြတ်လိုက်ပေမဲ့ နောက်နေ့ကျပြန်ပြီး မလုပ်ဖြစ်တော့ဘဲ ဒုံရင်းပဲ ဖြစ်သွားပြန်ရော။ 💁ဒါက ကိုယ်က တစ်ခုခုမှားနေတာ လုံးဝမဟုတ်ပါဘူး။ ✨စွဲမြဲတဲ့အလေ့အကျင့်တစ်ခုတည်ဆောက်နိုင်ဖိုက အစတည်းကိုက မလွယ်တာပါ။ 🙆💕ဒါကြောင့် ဒီနေ့မှာ consistency ရှိလာဖို ဘယ်လိုမျိုး တည်ဆောက်ရမလဲဆိုတာ Buddies လေးတိုကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ၁။ ကိုယ်လုပ်ချင်တဲ့တစ်ခုကို ရှင်းလင်းအောင်လုပ်ပါ။💭 💁ဟိုဟာစပ်စပ်၊ ဒီဟာစပ်စပ် အကုန်လုပ်ချင်နေတာ၊ ဖြစ်ချင်နေတာထက် ကိုယ်တကယ်လုပ်ချင်ပြီး ✨ကိုယ်တကယ်တတ်ချင်တာကို ရွေးလုပ်ပါ။ ကိုယ်နိုင်မယ်ထင်သလောက် တစ်ခုလည်းရသလို နှစ်ခုလဲရပါတယ်။ 🧐ဒီလိုရှင်းလင်းသွားပြီဆိုတာနဲ့ plan တွေ ချနေဖို၊ လုပ်ဖိုတအားစိတ်အားထက်သန်ပြီး အများကြီး တခါတည်းလုပ်ဖိုကိုဆော့ မစဉ်းစားပါနဲ့။ 🙆ဖြည်းဖြည်းချင်း ငါနေ့စဉ် တစ်နေ့ကို ဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာ စဉ်းစားပါ။ ၂။ ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ကို မလုပ်မိအောင် အာရုံလွှပါ။✨ 🙆ကိုယ်ကတစ်ခုခုစလုပ်တော့မယ်ဆိုရင် ကိုယ့်ကိုမလုပ်မိအောင် လိုက်ဖျက်နေတဲ့ အရာတွေကို မေ့နိုင်အောင် အဲ့တာတွေကို ဖျောက်လိုက်တာ၊ ဖွက်ထားတာလုပ်ပါ၊ အကောင်းဆုံးဥပမာကတော့ အခုခေတ်ရဲ့လက်စွဲတော် ဖုန်းပါ။📱 ဖုန်းကို ကိုယ်မမြင်နိုင်တဲ့နေရာမှာ၊ တခြားအခန်းမှာ ဖြစ်ဖြစ် သွားထားလိုက်ပါ။ ၃။ ကိုယ်လုပ်ချင်တဲ့အရာကို ဆွဲဆောင်မှုရှိစေပါ။🌟 ဒါကတော့ အဆင့်သုံးဆင့်ရှိပါတယ်💁 ၁။ ကိုယ်လုပ်ရင် ဖြစ်လာမယ့်အကျိုးဆက်ကိုတွေးပါ။ ၂။ ကိုယ်မလုပ်ရင်ဖြစ်လာမယ့်အကျိုးဆက်ကိုတွေးပါ။ ၃။ ကိုယ်အလုပ် သို စာလုပ်မယ့် နေရာကို အဲ့ကနေ မထချင် အောင် ဆွဲဆောင်နိုင်တဲ့ နေရာအဖြစ်ပြောင်းလဲပါ။📚 💁ဒီလိုလုပ်မယ်ဆိုရင် လုပ်ရင် ရလာမယ့် ကောင်းကျိုးကို တွေးမိပြီး လုပ်ချင်စိတ်တွေရှိလာမယ်၊ မလုပ်ချင်ဖြစ်နေတာတွေ လျှော့ကျသွားမယ်။ ၄။ Reward system သို စိတ်ကျေနပ်မှုရှိအောင်လုပ်ပါ။📝 ကိုယ်ဘယ်လောက်ထိပြီးခဲ့ပြီ၊ ✨ခရီးဘယ်လောက်ရောက်ခဲ့ပြီ ဆိုတာကို ပြန်သုံးသပ်ပါ။ ကိုယ်ပြီးခဲ့တာ၊ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ goalတစ်ခုပြီးသွားတိုင်း ကိုယ့်ကိုကိုယ် ဆုချပါ။ 💁ဒီလိုနည်းအတိုင်းသာဆိုရင် ကိုယ်လိုချင်တာကိုလည်း ကိုယ်လှမ်းတဲ့ခြေလှမ်းတိုင်းမှာ ရနေမှာကြောင့် ရပ်ချင်မှာ မဟုတ်တော့ပါဘူး။ 🌟ကိုယ်လုပ်ခဲ့ပြီးတာနဲ့ ကိုယ့်ကိုကိုယ်စိတ်အားတက်စေပြီး ငါဘာလိုစခဲ့တာလဲ ဆိုတာ အမှတ်ရပါ၊ အဲ့ဒီစိတ်နဲ့ပဲ အဆုံးထိ ဆက်သွားပါ။ 🙆Consistency ဆိုတာ ပြောတော့သာလွယ်ပေမဲ့ တကယ်တမ်း တည်ဆောက်ရတဲ့အခါမှာတော့ ခက်ပါတယ်။ ✨ကိုယ်က တည်ဆောက်နိုင်ပြီဆိုကတည်းက သာမန်လူမဟုတ်ဘဲ သူများထက် တစ်ခေါင်းသာနေလိုပါ။ 🙆ဒါကြောင့် ထက်ပြောခဲ့တဲ့အတိုင်း လိုက်လုပ်ကြည့်ကြမယ်နော်... 🌟ကိုယ်သင်ချင်တတ်ချင်နေတာလေးတွေကိုလည်း အဆုံးထိ လိုက်လုပ်ကြည့်ပါ၊ ဖိုက်တင်းပါ လို အားပေးရင်း ဒီနေ့တော့ ဒီလောက်ပါပဲနော်...💕💕
Mini study blog!! The day of planning ahead...