tgindex
Here Youths 🎉

Let us help you for your Education ahead ❤️

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
2
Всего постов
26
Тип
открытый
Язык
my
Категория
Музыка (по похожим)
В каталоге с
13 авг.
Подписчики
11 587
+12 Са 4 дн.
Сутки
−1
−0,01%
Неделя
—
 
Месяц
—
 
Просмотров на пост
1 682
26 постов
Вовлечённость
14,5%
к подписчикам
Постов в день
0,3
всогО 26
УпОПинаниК
0
канаНОв
Охват размещения
оценка
1/24сутки в ленте
459
1/48двое суток
526
1/72трое суток
567

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ❝GED Science မှာ Independent Variable နဲ့ Dependent Variable ကို ဘယ်လိုခွဲမလဲ?❞ 🔬 နာမည်တွေကြည့်လိုက်ရင် ရှုပ်သလို ထင်ရပေမယ့် တကယ်တော့ ခွဲရတာ မခက်ပါဘူး။ ဥပမာတစ်ခု ကြည့်ရအောင် 👀 သုတေသီတစ်ယောက်က အပင်တစ်ပင်ကို နေရောင် ဘယ်လောက်ပေးရင် အပင်ကြီးထွားမှု ဘယ်လိုပြောင်းလဲမလဲ ဆိုတာ စမ်းသပ်ချင်တယ်ဆိုပါစို့။ အပင်တွေကို တစ်နေ့ ၂ နာရီ နေရောင်ပေးမယ်။ တစ်နေ့ ၄ နာရီ နေရောင်ပေးမယ်။ တစ်နေ့ ၆ နာရီ နေရောင်ပေးမယ်။ ပြီးရင် အပင်တွေ ဘယ်လောက်ကြီးလာလဲ တိုင်းတာမယ်။ ဒီ Experiment မှာ Variable နှစ်မျိုးကို ခွဲကြည့်ရအောင်။ 1️⃣ Independent Variable ဒါက တမင်ပြောင်းလဲပေးတဲ့အရာ ဖြစ်ပါတယ်။ ဒီ Experiment မှာ Researcher က ဘာကို ပြောင်းနေလဲ? နေရောင်ပေးတဲ့ အချိန်။ ဒါကြောင့် Amount of Sunlight = Independent Variable ဖြစ်ပါတယ်။ ဘာကို ပြောင်းလိုက်တာလဲ? စဉ်းစားပါ။ 2️⃣ Dependent Variable Independent Variable ကို ပြောင်းလိုက်တဲ့အခါ ရလဒ်အနေနဲ့ ဘာပြောင်းသွားလဲဆိုတာ တိုင်းတာတဲ့အရာ ဖြစ်ပါတယ်။နေရောင်ပေးတဲ့ အချိန်ကို ပြောင်းပြီး Researcher က ဘာကို တိုင်းတာနေလဲ? အပင်ရဲ့ ကြီးထွားမှု။ ဒါကြောင့် Plant Growth = Dependent Variable ဖြစ်ပါတယ်။ ဒီတစ်ခါတော့ ဘာကို တိုင်းတာနေတာလဲ? ဆိုတာစဉ်းစားကြည့်ပါ။ ဒါဆို အလွယ်ဆုံး မှတ်ရရင်… Independent Variable = ပြောင်းလိုက်တဲ့အရာ Dependent Variable = တိုင်းတာတဲ့ရလဒ် ဒါပဲ ဖြစ်ပါတယ်။ 🙌 GED Science Question မှာ Experiment တစ်ခု ပေးထားပြီး Variable ခွဲခိုင်းလာရင် နာမည်တွေကို အလွတ်ကျက်ပြီး ရှုပ်မနေပါနဲ့။ ဘာကို ပြောင်းထားလဲ? ဘာကို တိုင်းတာထားလဲ? ဒီမေးခွန်း (၂) ခုကိုပဲ အရင်မေးကြည့်ပါ။ 📩 GED Classes နှင့် GED Services များအကြောင်း အသေးစိတ် - Telegram @hereyouths1

  • ❝GED Question တစ်ပုဒ်မှာ Answer (၂) ခုလုံး မှန်သလို ဖြစ်နေရင် ဘယ်လိုရွေးမလဲ?❞ 👀 GED ဖြေတဲ့အခါ ကြုံဖူးကြမယ်ထင်ပါတယ်။ Answer Choices ဖတ်လိုက်တော့ A လည်း မှန်သလိုပဲ။ B လည်း မှန်သလိုပဲ။ 🥲 နောက်ဆုံး ဘာရွေးရမှန်းမသိတော့ဘူး။ တကယ်တော့ GED မှာ မေးခွန်းတော်တော်များများက ဘယ် Answer က မေးခွန်းကို အကောင်းဆုံး ဖြေနိုင်လဲ? ဆိုတာကို ရွေးခိုင်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် Answer (၂) ခုကြား မသေချာတော့ရင် ဒီ (၃) ချက်ကို စစ်ကြည့်ပါ။ 1️⃣ Question က ဘာကို “အတိအကျ” မေးထားလဲ? Answer Choice တစ်ခုက Fact အရ မှန်နေနိုင်ပါတယ်။ ဒါပေမယ့် မေးထားတဲ့အရာကို မဖြေရင် အဖြေမဟုတ်ပါဘူး။ Question ထဲက Main Idea, Evidence, Inference, Cause, Effect စတဲ့ Keyword တွေကို အရင်သတိထားပါ။ 2️⃣ Passage ထဲမှာ Evidence ရှိလား? “ဒီ Answer မှန်မယ်ထင်တယ်” ဆိုတဲ့ ကိုယ့်အထင်နဲ့ မရွေးပါနဲ့။ ကိုယ်ရွေးမယ့် Answer အတွက် Passage ထဲမှာ သက်သေပြနိုင်တဲ့ စာကြောင်း ရှိလား? လို့ စဉ်းစားကြည့်ပါ။ GED Reading မှာ ကိုယ့်အမြင်ထက် ပေးထားတဲ့ Evidence က ပိုအရေးကြီးပါတယ်။ 3️⃣ Answer က လိုတာထက် ပိုပြောထားလား? Wrong Answer တွေထဲမှာ အစပိုင်းက မှန်ပြီး နောက်ဆုံးမှာ လွန်လွန်ကဲကဲ ပြောထားတဲ့ Choice တွေ ရှိတတ်ပါတယ်။ ဥပမာ… always, never, completely, everyone, only လို စကားလုံးတွေ ပါလာရင် ချက်ချင်းမှားတယ်လို့ မဆိုနိုင်ပေမယ့် Passage က တကယ် ဒီလောက်အထိ ပြောထားလားဆိုတာ Evidence ပြန်စစ်သင့်ပါတယ်။ ဒါကြောင့် နောက်တစ်ခါ Answer (၂) ခုကြား ပိတ်မိနေရင် ဘယ်ဟာ ပိုမှန်သလို ခံစားရလဲ?လို့ မစဉ်းစားပါနဲ့။ ဘယ်ဟာကို Passage နဲ့ ပိုခိုင်ခိုင်မာမာ သက်သေပြနိုင်လဲ? ဆိုတာ စဉ်းစားကြည့်ပါ။ ဒီနည်းက RLA, Social Studies, Science အားလုံးအတွက် အတွက် Passage-based Questions တွေမှာပါ အသုံးဝင်ပါတယ်။ Answer ကို ခန့်မှန်းရွေးတာထက် Evidence နဲ့ ရွေးတတ်ဖို့ ပိုအရေးကြီးပါတယ်။ 🌱 ဒီလို GED Question ဖြေနည်းလေးတွေကို ဆက်တင်ပေးစေချင်ရင် Reaction လေးထားခဲ့ပါ။ 🤍 GED Classes နှင့် GED Exam Services များအကြောင်း - Telegram @hereyouths1

  • 6 авг.1 32935

    ဘာလိုလိုနဲ့ Here Youths တောင် ၄ နှစ်ပြည့်ခဲ့ပြီ။ ကျောင်းသားများအတွက်အကောင်းဆုံးကြိုးစားလျက်ပါ ✨

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • 3 авг.1 618896

    These days mentality 🙌 #photo_crd

  • 2 авг.1 6821220

    ❝World War I ဆိုတာ ဘာလဲ၊ဘာကြောင့် ကမ္ဘာ့ပထမဆုံး World War ဖြစ်လာခဲ့တာလဲ?❞ 🌍 GED Social Studies ရဲ့ US History / World History မှာ မကြာခဏ တွေ့ရတတ်တဲ့ World War I အကြောင်းကို ဒီနေ့ အတိုချုံး လေ့လာကြည့်ရအောင်။ World War I (1914–1918) ဆိုတာ ဥရောပမှာ စတင်ခဲ့ပေမယ့် နိုင်ငံပေါင်းများစွာ ပါဝင်တိုက်ခိုက်ခဲ့တဲ့အတွက် ကမ္ဘာ့ပထမဆုံး အကြီးစားစစ်ပွဲ (World War) လို့ ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဆို ဒီစစ်ပွဲကြီး ဘာကြောင့် ဖြစ်ခဲ့တာလဲ? 👀 အဓိက အကြောင်းရင်း (၄) ချက် ရှိပါတယ်။ 1️⃣ Militarism (စစ်အင်အား အပြိုင်တိုးချဲ့ခြင်း) စစ်မဖြစ်ခင်ကတည်းက ဥရောပနိုင်ငံတွေဟာ စစ်တပ်အင်အားတွေ တိုးချဲ့ခဲ့ကြပြီး လက်နက်အသစ်တွေ အပြိုင်ထုတ်လုပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ စစ်ဖြစ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အခြေအနေတစ်ခုကို ဖန်တီးခဲ့ပါတယ်။ 2️⃣ Alliances (မဟာမိတ်ဖွဲ့ခြင်း) နိုင်ငံတွေဟာ မင်းကို တစ်ယောက်ယောက်က တိုက်ရင် ငါကူတိုက်မယ် ဆိုတဲ့ သဘောမျိုးနဲ့ မဟာမိတ်အဖွဲ့တွေ ဖွဲ့ထားကြပါတယ်။ ဒါကြောင့် နိုင်ငံနှစ်နိုင်ငံကြား ပြဿနာက မဟာမိတ်နိုင်ငံတွေ ပါဝင်လာပြီး ကမ္ဘာ့စစ်ပွဲ အဖြစ် ကျယ်ပြန့်သွားခဲ့ပါတယ်။ 3️⃣ Imperialism (ကိုလိုနီနယ်မြေ အပြိုင်ရယူခြင်း) အင်အားကြီးနိုင်ငံတွေဟာ အာဖရိက၊ အာရှနဲ့ အခြားဒေသတွေမှာ ကိုလိုနီနယ်မြေတွေ အပြိုင်ရယူဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီလို အကျိုးစီးပွားပြိုင်ဆိုင်မှုတွေက နိုင်ငံတွေအကြား တင်းမာမှုကို ပိုမိုမြင့်တက်လာစေခဲ့ပါတယ်။ 4️⃣ Assassination of Archduke Franz Ferdinand 1914 ခုနှစ်မှာ Austria-Hungary ရဲ့ အိမ်ရှေ့မင်းသား Archduke Franz Ferdinand လုပ်ကြံခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်က တင်းမာနေပြီးသား အခြေအနေကို မီးပွားထိုးလိုက်သလို ဖြစ်ခဲ့ပြီး World War I ကို စတင်စေတဲ့ Trigger Event ဖြစ်လာခဲ့ပါတယ်။ ဒီစစ်ပွဲကြီးရဲ့ အကျိုးဆက်အနေနဲ့… 📌 လူသန်းပေါင်းများစွာ သေဆုံးခဲ့တယ်။ 📌 ဥရောပနိုင်ငံများစွာ စီးပွားရေးကျဆင်းသွားတယ်။ 📌 Treaty of Versailles ကို ချုပ်ဆိုခဲ့တယ်။ 📌 အဲ့ဒီ Treaty ကြောင့် ဖြစ်ပေါ်လာတဲ့ မကျေနပ်မှုတွေက နောက်ပိုင်း World War II ဖြစ်လာစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလောက်ဆိုရင် World War I အကြောင်းကို အခြေခံနားလည်လောက်ပြီလို့ ထင်ပါတယ်။ 🤍 Here Youths တွင် ဖွင့်လှစ်ထားသော GED, General English Class, Duolingo English Class အပြင် GED Exam All-in-one Services များအကြောင်း အသေးစိတ် သိရှိလိုပါက… 📩 Telegram - @hereyouths1

  • 1 авг.1 495192

    Hello, August!!! 🌱 မနေ့ကအထိက July မှာ လုပ်မယ် လို့ ပြောခဲ့တဲ့အရာတွေ ရှိကောင်းရှိမယ်။ ဒါပေမယ့် ဒီနေ့ကတော့ August ပါ။ လအသစ်တစ်ခု စပြီ။ တချို့သူတွေအတွက် လသစ်ဆိုတာ Calendar ပြောင်းတာပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တချို့သူတွေအတွက်တော့ အလေ့အကျင့်အသစ် စတဲ့နေ့ ဖြစ်ပါတယ်။ 📖 ဒီလမှာ Chapter ဘယ်နှခန်းပြီးမလဲ? 📝 Practice Questions ဘယ်နှစုံ ဖြေမလဲ? 🎯 GED Subject ဘယ်နှဘာသာ အောင်မလဲ? နေ့တိုင်း ရှေ့ကို နည်းနည်းချင်း လှမ်းသွားဖို့ပဲ လိုပါတယ်။ Here Youths Team ကလည်း ဒီ August ဟာ ကျောင်းသားတိုင်းအတွက် တိုးတက်မှုတွေနဲ့ ပြည့်နေတဲ့ လတစ်လ ဖြစ်ပါစေ လို့ ဆုတောင်းပေးပါတယ်။ 🤍 📌 ဒီလအတွင်း သင်ပြီးချင်တဲ့ Goal တစ်ခုကို Comment မှာ ရေးခဲ့ပါ။

  • 28 июл.1 859175

    🎓 SAT ဖြေချင်တယ်… ဒါပေမယ့် Registration ကနေ စပြီး ခက်နေတယ်လား? SAT အတွက် ပြင်ဆင်နေတာထက် SAT Registration လုပ်ရတာက ပိုရှုပ်တယ်လို့ ပြောတဲ့ ကျောင်းသားတွေ မနည်းပါဘူး။ 📌 College Board Account ဖွင့်ရမယ်။ 📌 Personal Information တွေ ဖြည့်ရမယ်။ 📌 Test Center ရွေးရမယ်။ 📌 Test Date ရွေးရမယ်။ ဒီအဆင့်တွေထဲက တစ်ခုခုမှာ အမှားဖြစ်သွားရင် လိုချင်တဲ့ Test Date ဒါမှမဟုတ် Test Center ကို မရတော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Here Youths မှာ SAT Booking Service ကို စီစဉ်ပေးထားပါတယ်။ 🌱 ✅ College Board Account ဖွင့်ပေးခြင်း ✅ SAT Registration ပြုလုပ်ပေးခြင်း ✅ Test Center & Test Date ရွေးချယ်ပေးခြင်း ✅ Booking ပြီးဆုံးသည်အထိ အဆင့်ဆင့် ကူညီပေးခြင်း ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ကျောင်းသားတွေ စိတ်အေးချမ်းစွာနဲ့ SAT Preparation ကိုပဲ အာရုံစိုက်နိုင်အောင် ကူညီပေးချင်တာပါ။ 🤍 📩 SAT Booking နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Telegram - @hereyouths1 တွင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

  • 27 июл.1 759161

    နောက်မှ လုပ်မယ်… ဆိုတဲ့ စကားက တိုးတက်မှုကို အဝေးဆုံးတွန်းပို့တဲ့ စကားတစ်ခွန်းပါ။ တကယ်တော့ ဒီနေ့ မလုပ်ဖြစ်တာက ပြဿနာ မဟုတ်ပါဘူး။ နောက်မှ လုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ထပ်ခါထပ်ခါ ရွေးချယ်နေမိတာက ပြဿနာပါ။ Grammar လေ့လာမယ်… နောက်မှ။ English တိုးတက်အောင် လုပ်မယ်… နောက်မှ။ စာကို Consistent ဖြစ်အောင် လုပ်မယ်… နောက်မှ။ ဒီ နောက်မှ ဆိုတဲ့ စကားလေးက တစ်ပတ်ကို တစ်လ ဖြစ်သွားတယ်။ တစ်လကို သုံးလ ဖြစ်သွားတယ်။ သုံးလကို တစ်နှစ် ဖြစ်သွားတယ်။ တစ်နေ့ပြန်ကြည့်လိုက်တော့ ဘာမှမပြီးလိုက်ဘူး။ HY 120-Day Grammar & Consistency Challenge ကို ဖန်တီးခဲ့တာ… Grammar သင်ပေးဖို့တစ်ခုတည်း မဟုတ်ပါဘူး။ ဒီတစ်ခါတော့ ငါ မရွှေ့တော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ပါ။ Perfect ဖြစ်ဖို့ မလိုပါဘူး။ တစ်နေ့ကို (၃) နာရီ စာလုပ်ဖို့လည်း မလိုပါဘူး။ လိုတာက ဒီနေ့ လုပ်ရမယ့် အပိုင်းကို ဒီနေ့ပြီးအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ 📅 ဒီနေ့ (ဇူလိုင် ၂၇ ရက်) ဟာ Early Bird Registration ရဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။ တစ်ခါတလေ… ကိုယ့်ကို တိုးတက်စေတာ… ဆုံးဖြတ်ချက်ကြီးတွေ မဟုတ်ပါဘူး။ ဒီနေ့ကစပြီး ငါ စမယ် ဆိုတဲ့ ဆုံးဖြတ်ချက်လေး တစ်ခုပါပဲ။ ကျွန်မတို့ကတော့… ရက်ပေါင်း (၁၂၀) အတွင်း Grammar ကို သင်ယူရင်း… Consistency ကို အတူတည်ဆောက်ဖို့ အသင့်ရှိနေပါတယ်။ 🌱 အခု ဆုံးဖြတ်ချက်ကတော့… သင့်လက်ထဲမှာပါ။ 🤍 📩 Early Bird Registration နောက်ဆုံးနေ့ အသေးစိတ် သိရှိလိုပါက Telegram - @hereyouths1 တွင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

  • 25 июл.1 749105

    HY 120-Day Grammar & Consistency Challenge ထဲမှာ တစ်နေ့တာ ဘယ်လိုဖြတ်သန်းရမလဲ? တချို့က “ရက် (၁၂၀) ဆိုတော့ အရမ်းခက်မယ်ထင်တယ်…” လို့ မေးကြပါတယ်။ တကယ်တော့ နေ့တိုင်း အချိန်အများကြီး ပေးဖို့ မဟုတ်ပါဘူး။ နေ့တိုင်း ပုံမှန်လေး လုပ်နိုင်ဖို့ပါ။ ☀️ မနက်ပိုင်း (သို့) အားတဲ့အချိန် Here Youths က တီချယ်ကိုယ်တိုင်ရှင်းပြထားတဲ့ Video Lesson အတိုလေးကို ကြည့်မယ်။ Grammar Concept ကို နားလည်အောင် လေ့လာမယ်။ 📝 Video ကြည့်ပြီးတာနဲ့ Homework ကို ကိုယ်တိုင် ဖြေကြည့်မယ်။ နားလည်ပြီလား… မသိသေးဘူးလား… ဆိုတာ ကိုယ့်ဘာသာ ပြန်စစ်ကြည့်မယ်။ 👩‍🏫 ပြီးရင်… Homework ကို Here Youths Teacher ဆီ Submit လုပ်မယ်။ Teacher က Feedback ပေးမယ်။ မှားတဲ့နေရာကို သိမယ်။ ပြန်ပြင်မယ်။ 📊 ညကျရင် Progress Tracker ကို Update လုပ်မယ်။ ဒီနေ့တာဝန် ပြီးသွားပြီဆိုတဲ့ ခံစားချက်လေးနဲ့ အိပ်မယ်။ ဒီ Challenge မှာ… တစ်နေ့ကို (၃) နာရီ၊ (၄) နာရီ စာလုပ်ဖို့ မမျှော်လင့်ထားပါဘူး။ နေ့တိုင်း အနည်းငယ်စီ… ဒါပေမယ့် မပျက်ဘဲ လုပ်နိုင်ဖို့ပဲ မျှော်လင့်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့… English က တစ်ရက်တည်းနဲ့ မတိုးတက်ပါဘူး။ ဒါပေမယ့်…နေ့တိုင်း တိုးတက်နေတဲ့သူကတော့ တစ်နေ့မှာ သိသိသာသာ ပြောင်းလဲလာပါတယ်။ 🤍 Program Starts - 1 August 2026 📩 Early Bird Registration ကို ဇူလိုင် (၂၇) ရက်နေ့အထိ လက်ခံပေးနေပါတယ်။ အသေးစိတ်ကို Telegram - @hereyouths1 တွင် စုံစမ်းနိုင်ပါတယ်။

  • 24 июл.1 890214

    Consistency ဆိုတာ Motivation ရှိတဲ့နေ့မှာ လုပ်တာ မဟုတ်ပါဘူး။ တချို့နေ့တွေမှာ စာလုပ်ချင်စိတ် အပြည့်ရှိတယ်။ Video တွေ ကြည့်ချင်တယ်။ စာအုပ်ဖွင့်ချင်တယ်။ ဒါပေမယ့် တချို့နေ့တွေမှာတော့ အလုပ်များတယ်။ ပင်ပန်းတယ်။ စိတ်မပါတော့ဘူး။ ဒီလိုနေ့တွေ ရှိတာက ပုံမှန်ပါပဲ။ ဒါကြောင့် Consistency ဆိုတာ နေ့တိုင်း Motivation ရှိနေတာ မဟုတ်ပါဘူး။ Motivation မရှိတဲ့နေ့မှာတောင် ဒီနေ့ လုပ်ရမယ့်အပိုင်းကိုတော့ ပြီးအောင်လုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ထပ်ခါထပ်ခါ ရွေးချယ်နိုင်တာပါ။ Grammar လေ့လာတာလည်း ဒီလိုပါပဲ။ တစ်ရက်မှာ (၃) နာရီ လုပ်နိုင်တာထက် နေ့တိုင်း ၃၀ မိနစ် လောက် လုပ်နိုင်တာက ပိုအရေးကြီးပါတယ်။ HY 120-Day Grammar & Consistency Challenge မှာ ကျွန်မတို့ သင်ပေးချင်တာက Grammar တစ်ခုတည်း မဟုတ်ပါဘူး။ စပြီးရင် အဆုံးထိ ဆက်လုပ်နိုင်တဲ့သူ ဖြစ်လာအောင်လည်း ကူညီပေးချင်ပါတယ်။ 🤍 တစ်နေ့ပြီးတစ်နေ့ တိုးတက်မှုလေးတွေ လုပ်သွားရင် တစ်နေ့မှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး ငါ အရင်ကနဲ့ မတူတော့ဘူး လို့ ပြောနိုင်တဲ့နေ့ ရောက်လာပါလိမ့်မယ်။ 🌱 📩 Early Bird Registration ကို ဇူလိုင် (၂၇) ရက်နေ့အထိ လက်ခံပေးနေပါတယ်။ အသေးစိတ် သိရှိလိုပါက Telegram - @hereyouths1 တွင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

  • 23 июл.2 083394

    Admin တို့ GED ​ဖြေတုန်းက 4 ဘာသာကို Exam Schedule booking လုပ်တာ 7 သိန်း​ကျော်​ကျော်ပဲကျတာ ။ အခု ​ကျောင်းသား ​ကျောင်းသူ​​​လေး​တွေက​တော့ 4 ဘာသာကို 12 သိန်း​လောက် ​ပေး​နေရပြီ 😓 ​ဖြေမှာ ​သေချာပြီဆို Booking ​တွေ မြန်မြန်ယူထားကြပါ​နော် Btw, Here Youths @hereyouths…

  • 22 июл.2 385153

    GED နဲ့ ပတ်သက်ပြီး ဘာအကူအညီတွေ ရနိုင်လဲ? GED Exam ဖြေဖို့ ပြင်ဆင်နေတာပဲ ဖြစ်ဖြစ်… အောင်ပြီး နောက်ဆုံးစာရွက်စာတမ်း ထုတ်ယူချင်တာပဲ ဖြစ်ဖြစ်… Here Youths က အခြေအနေတိုင်းမှာ သင့်နဲ့အတူ ရှိနေပါတယ်။ ✅ GED Account GED Account ဖွင့်ပေးခြင်း ✅ Parent Consent Form အသက် (၁၈) နှစ်မပြည့်သေးသော ကျောင်းသားများအတွက် Parent Consent Form ဆောင်ရွက်ပေးခြင်း ✅ Name Change GED Account တွင် အမည်ပြင်ဆင်ခြင်းနှင့် လိုအပ်သော အထောက်အထားများဖြင့် လျှောက်ထားပေးခြင်း ✅ GED Ready® Test Real Exam မဖြေခင် Ready Test ဝယ်ယူပေးခြင်းနှင့် ဖြေဆိုနိုင်ရန် ကူညီပေးခြင်း ✅ GED Exam Booking Official GED Exam Booking ပြုလုပ်ပေးခြင်း ✅ GED Flashcards Official GED Flashcards ဝယ်ယူပေးခြင်း ✅ Official E-Transcript & E-Diploma Official Electronic Transcript နှင့် Electronic Diploma လျှောက်ထားပေးခြင်း ✅ Hardcopy Transcript & Diploma (Normal Service/Express Service) လိုအပ်ချက်အလိုက် ရွေးချယ်နိုင်ပါတယ်။ GED Journey တစ်လျှောက်… ဒါကို ဘယ်လိုလုပ်ရမလဲ? ဘယ် Service ကို လိုအပ်လဲ? မသေချာသေးရင်လည်း အဆင်ပြေပါတယ်။ Here Youths က သင့်အခြေအနေအလိုက် အကြံပေးပြီး လိုအပ်တဲ့ Service ကို အမြန်ဆုံးကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ 🤍 📩 အသေးစိတ် စုံစမ်းလိုပါက Telegram - @hereyouths1

  • 21 июл.2 094204

    တစ်နေ့ ၁,၀၀၀ ကျပ်ဆိုတာ… များတဲ့ပမာဏတော့ မဟုတ်ပါဘူး။ ဒါပေမယ့်… အဲဒီ ၁,၀၀၀ ကျပ်ကိုကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ဖို့ ရင်းနှီးမြှုပ်နှံလိုက်ရင် ရလာဒ်ကတော့… ၁,၀၀၀ ကျပ်ထက် အများကြီး ပိုတန်ဖိုးရှိနိုင်ပါတယ်။ 🌱 HY 120-Day Grammar & Consistency Challenge ရဲ့ Early Bird Fees ကို… ရက်ပေါင်း (၁၂၀) နဲ့ တွက်ကြည့်လိုက်ရင်… တစ်နေ့ ၁,၀၀၀ ကျပ်ပဲ ကျပါတယ်။ ကျွန်မတို့ ပေးချင်တာက Video Lesson တွေ မဟုတ်ပါဘူး။ Grammar Book တစ်အုပ်လည်း မဟုတ်ပါဘူး။ System တစ်ခု ပဲ ဖြစ်ပါတယ်။ ဒီ Program မှာ… ✅ နေ့စဉ် Video Lesson ✅ နေ့စဉ် Homework ✅ Homework Checking & Feedback (by HY Teacher) ✅ Progress Tracker ✅ Awards & Certificate စတဲ့ System တစ်ခုလုံးနဲ့ Grammar ကို လေ့လာရင်း… နေ့တိုင်း ပုံမှန် လုပ်ဆောင်သွားနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။🙌 📩 Registration အသေးစိတ်ကို Telegram - @hereyouths1 တွင် စုံစမ်းနိုင်ပါတယ်။ Early Bird က 27 ရက်နေ့အထိပဲနော်👀

  • 20 июл.1 906111

    လာမယ့် August 22 မှာ SAT ဖြေဖို့ ပြင်ထားတယ်ဆိုရင် Deadline က August 6 မို့လို့ စိတ်ချရအောင် အခုထဲက Register လုပ်ထားတော့နော်🙌 Register ဘယ်လိုလုပ်ရမလဲ စိတ်ရှုပ်နေတာမျိုးရှိရင်လည်း Account ဖွင့်တာမှစပြီး Booking ရသည်အထိ Here Youths @hereyouths1 က ဆောင်ရွက်ပေးနေပါတယ်ရှင့်🌱

  • йоС пОдписи

  • 19 июл.2 111124

    Grammar Class တိုင်းက Grammar ကို သင်ပေးတယ်။ ဒါဆို… ဒီ Program က ဘာကွာလဲ? 🤔 Grammar သင်တန်းတွေ အများကြီး ရှိပါတယ်။ Grammar Book တွေလည်း အများကြီး ရှိပါတယ်။ YouTube Video တွေလည်း အများကြီး ရှိပါတယ်။ ဒါပေမယ့်… တကယ်လိုအပ်တာက နောက်ထပ် Grammar Course တစ်ခု လား။ ဒါမှမဟုတ်… နေ့တိုင်း လေ့လာနိုင်တဲ့ အလေ့အကျင့်တစ်ခု လား။ Here Youths က ဒုတိယအရာကို ပိုယုံကြည်ပါတယ်။ Grammar ကို သင်ပေးတာက အရေးကြီးပါတယ်။ ဒါပေမယ့်… Grammar ကို နေ့တိုင်း ဆက်လေ့လာနိုင်အောင် လုပ်ပေးတာက ပိုအရေးကြီးပါတယ်။ အဲ့ဒါကြောင့် HY 120-Day Grammar & Consistency Challenge ကို သာမန် Grammar Class တစ်ခုလို မဖန်တီးထားပါဘူး။ ရက်ပေါင်း (၁၂၀) အတွင်း တစိုက်မတ်မတ် အလေ့အကျင့်ကို တည်ဆောက်နိုင်အောင် အသေးစိတ် ဒီဇိုင်းရေးဆွဲထားပါတယ်။ 🎥 နေ့စဉ် Video Lesson Video တစ်ခုချင်းစီကို အတိုချုပ်ထားတာက… ဒီနေ့ အချိန်မရှိဘူး ဆိုတဲ့ အကြောင်းပြချက်ကို လျှော့ချပေးဖို့ပါ။ 📝 နေ့စဉ် Homework ကြည့်ရုံနဲ့ မပြီးပါဘူး။ လုပ်မှ တတ်မှာပါ။ ဒါကြောင့် နေ့တိုင်း လက်တွေ့ပြန်လေ့ကျင့်နိုင်အောင် Homework ပါဝင်ပါတယ်။ 📊 Progress Tracker တိုးတက်မှုဆိုတာ… တစ်ရက်တည်းနဲ့ မမြင်ရပါဘူး။ ဒါပေမယ့် နေ့တိုင်း လုပ်ခဲ့တာတွေကို ပြန်ကြည့်လိုက်တဲ့အခါ ငါ ဒီလောက်တောင် ရှေ့ရောက်လာပြီပဲ ဆိုတာ ကိုယ်တိုင် မြင်ရပါလိမ့်မယ်။ 📅 Sunday Catch-up Day ဘယ်သူမဆို… အလုပ်များတဲ့ ရက်တွေ ရှိတတ်ပါတယ်။ ပင်ပန်းတဲ့ ရက်တွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် လိုက်မမီတော့ဘူးလို့ စိတ်ဓာတ်ကျမသွားဘဲ ပြန်လိုက်မီနိုင်ဖို့ Catch-up Day ကို ထည့်သွင်းထားပါတယ်။ ⚠️ Warning System ဒီ Program က အပြစ်ပေးဖို့ မဟုတ်ပါဘူး။ တာဝန်ယူတတ်တဲ့ အလေ့အကျင့်ကို မွေးမြူပေးဖို့ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ… ကိုယ့်ကို သတိပေးမယ့်သူ ရှိတာကကိုယ့်ကိုယ်ကို တိုးတက်လာစေပါတယ်။ 🏆 Awards & Certificates ဒီ Program မှာ… Grammar ကောင်းတဲ့သူကိုပဲ ဂုဏ်ပြုမှာ မဟုတ်ပါဘူး။ ရက်ပေါင်း (၁၂၀) ကို မလျှော့သော ဇွဲနဲ့ ဖြတ်သန်းခဲ့တဲ့သူကိုလည်း ဂုဏ်ပြုမှာပါ။ HY 120-Day Grammar & Consistency Challenge က Grammar သင်ပေးတဲ့ Program တစ်ခုထက်… နေ့တိုင်း ပုံမှန်လေ့လာနိုင်တဲ့ လူတစ်ယောက် ဖြစ်လာအောင် ကူညီပေးမယ့် Program ဖြစ်ပါတယ်။ 🤍 Learn Grammar. Build Consistency. Together with Here Youths. 🌱 @hereyouths1