tgindex
Honest Hour (Mental Health Well-being)

Honest Hour (Mental Health Well-being)

Статистика

Honest Hour, where you can acquire the knowledge about Well-being, health care tips and to support your mental stability. We will keep updating the activities and workshops of Honest Hour for you all.

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
9
Всего постов
85
Тип
открытый
Язык
my
Категория
Книги (по похожим)
В каталоге с
13 авг.
Подписчики
3 336
+1 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
228
40 постов
Вовлечённость
6,8%
к подписчикам
Постов в день
1,3
всего 85
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
161
1/48двое суток
184
1/72трое суток
198

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • စိုးရိမ်စိတ်တွေရဲ့ အကျဉ်းထောင်ကနေ အတူတူ လွတ်မြောက်ကြစို့… ညဘက်ဆို အတွေးလွန်ပြီး အိပ်မပျော်ဘဲ မနက်ဖြန်အတွက် ကြိုပြီး စိတ်ပူနေမိပါသလား...? အကြောင်းရင်းမရှိဘဲ ရင်တုန်ပြီး စိုးရိမ်စိတ်တွေ တက်လာတတ်လို့ နေ့စဉ်ဘဝမှာ ပင်ပန်းနေရပါသလား?"😔 ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ သိသိသာသာရော၊ မသိမသာပါ အရိပ်လို လွှမ်းမိုးချုပ်ကိုင်ထားတတ်တဲ့ "စိုးရိမ်စိတ် (Anxiety)" ဆိုတာကို... တကယ်တော့ တစ်ယောက်တည်း ရင်ဆိုင်ကျော်ဖြတ်ဖို့ အလွန်ပင်ပန်းလှပါတယ်။ ဒီလို Anxiety သံသရာထဲကနေ စနစ်တကျ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ Honest Hour ရဲ့ Psychiatrist တစ်ဦးဖြစ်တဲ့ ဒေါက်တာခိုင်မြင့်သူမှ စိုးရိမ်စိတ်မှ လွတ်မြောက်ရာ လမ်းညွှန်စာအုပ်မှ နည်းလမ်းတွေနဲ့ “စိုးရိမ်စိတ် အကျဥ်းထောင်မှ လွတ်မြောက်ခြင်း” ဆိုတဲ့ Free Webinar လေးကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ 💡 Webinar မှာ အတူတူ လေ့လာဆွေးနွေးသွားမယ့် အကြောင်းအရာများ 1️⃣စိုးရိမ်စိတ် (Anxiety) အကြောင်း နားလည်ခြင်း- နေ့စဉ်ဘဝမှာ စိုးရိမ်စိတ်က ဘယ်လိုပုံစံနဲ့ လွှမ်းမိုးနေသလဲဆိုတာကို Honest Hour ရဲ့ Safe Space ထဲမှာ အတူတူ ဆန်းစစ်ခြင်း။ 2️⃣စိုးရိမ်စိတ်မှ လွတ်မြောက်ရာ လမ်းညွှန်မှ နည်းလမ်းများကို မျှဝေခြင်း - စာအုပ်ထဲမှာပါတဲ့ အတွေးလွန်ခြင်း၊ စိုးရိမ်စိတ်တွေကို ချက်ချင်းဖြေလျှော့ပေးမယ့် Practice တွေကို မျှဝေဆွေးနွေးပေးခြင်း။ 3️⃣လက်တွေ့ လေ့ကျင့်ခန်း (Mini Breathing Session)- စိုးရိမ်စိတ်တက်လာတဲ့အခါ စိတ်နဲ့ခန္ဓာကို ချက်ချင်းတည်ငြိမ်သွားစေမယ့် (၅) မိနစ် (၁၀) မိနစ် Breathing Practice လေးကို အတူတူ လက်တွေ့လုပ်ဆောင်ခြင်း။ 4️⃣Q and A Session: စိတ်ကျန်းမာရေး အထူးကုဆရာဝန်နှင့် တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်ခြင်း။ 👩‍🏫 Speaker မိတ်ဆက်: Dr. Khaing Myint Thu (P02): Honest Hour ရဲ့ Psychiatrist တစ်ဦးဖြစ်ပြီး "Freedom from Anxiety" စာအုပ်ကို ပူးပေါင်းထုတ်ဝေခဲ့သူလည်း ဖြစ်ပါတယ်။ 📅 Webinar Details: Topic: စိုးရိမ်စိတ် အကျဥ်းထောင်မှ လွတ်မြောက်ခြင်း Speaker: Dr. Khaing Myint Thu (P02) Date: 15 August 2026 (Saturday) Time: 7:30 PM – 8:30 PM (MMT) Duration: 1 Hour Platform: Zoom (online) စိုးရိမ်စိတ်တွေရဲ့ နောက်ကွယ်က ငြိမ်းချမ်းရာ လမ်းစကို အတူတူ ရှာဖွေကြည့်ရအောင်နော်... 📌 တက်ရောက်ရန် စာရင်းပေးသွင်းလိုပါက ဒီ post ရဲ့ comment မှာ “Join” လို့ မန့်ထားခဲ့လို့ရပါတယ်။ #HonestHour #FreedomFromAnxiety #AnxietyManagement #FreeWebinar #DrKhaingMyint Thu #MentalWellness #SafeSpace #CounsellingMM #SelfCare

  • видео или голосовое, без подписи

  • 📣သင့်သူငယ်ချင်းကို Refer လုပ်ပြီး နှစ်ဦးလုံး Wellness Benefits တွေ အတူတကွ ရယူလိုက်ပါ… လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်မှု ခရီးစဉ် (Well-being Journey) မှာ ဘေးနားကနေ နားလည်ပေးမယ့်၊ အတူတူ လျှောက်လှမ်းပေးမယ့် အဖော်မွန်ကောင်းတစ်ယောက် ရှိနေဖို့က တကယ့်ကို အဖိုးတန်လှပါတယ်။ သင်ကိုယ်တိုင် Honest Hour ရဲ့ Counselling Sessions တွေ၊ Classes တွေနဲ့ Retreat ခရီးစဉ်တွေကနေတစ်ဆင့် ပိုမိုပေါ့ပါးလန်းဆန်းတဲ့ စိတ်အခြေအနေကို ခံစားရရှိခဲ့ဖူးတယ်ဆိုရင်... ဒီအတွေ့အကြုံကောင်းတွေကို ကိုယ့်ပတ်ဝန်းကျင်က ချစ်ရတဲ့သူတွေဆီ လက်တို့ မျှဝေပေးရမှာပေါ့နော်။ 🥰 အခုဆိုရင် Honest Hour ကနေ သင့်ရဲ့ မေတ္တာနဲ့ ဂရုစိုက်မှုတွေကို တန်ဖိုးထားတဲ့အနေနဲ့ "Share the Wellness" Referral Program လေးကို စီစဉ်ပေးထားပါတယ်ရှင်။ 🎁 (Referral Benefits) ✨ Refer လုပ်ပေးသူ : သင့်ရဲ့ Form Link ကတစ်ဆင့် သူငယ်ချင်းတစ်ယောက် စာရင်းသွင်းလိုက်တိုင်း Referral Points တွေ စုဆောင်းနိုင်မှာဖြစ်ပြီး၊ Points တွေကို Honest Hour ရဲ့ Counselling Sessions တွေမှာ Discount အဖြစ် ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ✨ Refer လုပ်ခံရသူ : သင့်ရဲ့ မျှဝေပေးမှုကြောင့် ရောက်လာတဲ့ သူငယ်ချင်းအတွက် Honest Hour ရဲ့ Counselling Sessions များ၊ Class (သင်တန်း) များ နှင့် Retreat ခရီးစဉ်များ အားလုံးမှာ အထူး Discount စားခွင့်များ ရရှိသွားမှာပါရှင်။ 📲 ဒီအစီအစဉ်မှာ ဘယ်လိုပါဝင်ရမလဲ? 1️⃣ Link ရယူပါ: Honest Hour Page Messenger သို့ ဆက်သွယ်ပြီး သင့်အတွက် သီးသန့် Referral Form Link ကို ရယူလိုက်ပါ။ 2️⃣ မျှဝေပေးပါ: စိတ်အေးချမ်းမှုကို အတူတူ ရှာဖွေချင်တဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် ချစ်ရသူတွေဆီ ဒီ Link လေး ပို့ပေးလိုက်ပါ။ 3️⃣ ခံစားခွင့် ရယူပါ: သင့်သူငယ်ချင်း စာရင်းသွင်းလိုက်တာနဲ့ နှစ်ဦးလုံးအတွက် သတ်မှတ်ထားတဲ့ Referral Benefits တွေကို အတူတူ စတင်ရယူလိုက်ပါ။ "စိတ်ကျန်းမာပျော်ရွှင်ခြင်းဆိုတာ မျှဝေလေလေ... ပိုမိုကြီးထွား လှပလာလေလေ ဖြစ်ပါတယ်။" အခုပဲ သင့်သူငယ်ချင်းတွေကို ဖိတ်ခေါ်ပြီး ပိုမိုကျန်းမာ၊ ပျော်ရွှင်ပြီး စာနာနားလည်မှုရှိတဲ့ Community လေးတစ်ခုကို အတူတူ တည်ဆောက်လိုက်ကြရအောင်နော်။ ✨ 💬 Referral Program အသေးစိတ် စုံစမ်းရန်: Honest Hour Page Messenger မှတစ်ဆင့် ဖြစ်စေ၊ 📞 ဖုန်းနံပါတ် 09 79 282 4522 သို့ ဆက်သွယ်မေးမြန်းကာ ရယူနိုင်ပါတယ်ရှင်။ #HonestHour #WellBeing #ReferralProgram #ShareTheWellness #Mindfulness #HolisticHealth #MentalHealthMyanmar #Counselling #MentalWellness

  • видео или голосовое, без подписи

  • ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ "ငါ အဲ့တုန်းကများ ဒီလိုမလုပ်ခဲ့မိရင် ကောင်းမှာ" ဆိုတဲ့ နောင်တတွေ၊ မိမိကိုယ်ကို ပြန်လည်အပြစ်တင်မိတဲ့ အတွေးစက်ဝန်းတွေထဲ ပိတ်မိပြီး စိတ်လေးလံနေဖူးပါသလား? 💭 သြဂုတ်လ ၂၂ ရက်နေ့ (စနေနေ့) မှာ Honest Hour ရဲ့ "ခိုလှုံရာလေး" လေးမှာ လွှတ်ချစရာတွေကို လွှတ်ချပြီး အားအင်အသစ်တွေ ပြန်လည်မွေးမြူနိုင်ဖို့ Honest Hour ရဲ့ In-Person Mental Break Series ပြန်လည်ရောက်ရှိလို့လာပါပြီ! ✨ ဒီလအတွက် Mental Break Series မှာတော့ အတိတ်က နောင်တတွေကို ဖြတ်ကျော်ပြီး မိမိကိုယ်ကို ပြန်လည်ခွင့်လွှတ် သက်သာရာရစေဖို့ "Rewrite Your Regret: မိမိကိုယ်ကိုအပြစ်တင်ခြင်းမှလွတ်မြောက်ခြင်း" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဝေမျှဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ 📍 Event Details Title: Rewrite Your Regret: မိမိကိုယ်ကိုအပြစ်တင်ခြင်းမှလွတ်မြောက်ခြင်း Speaker: Dr. Nanda Kyaw Swar (Psychiatrist) Date: 22nd August 2026 (Saturday) Time: 2:00 PM – 4:00 PM Location: The Moon Gallery Café and Bistro (Poppa Room), 2nd Floor, Regency Office (CB Bank အပေါ်ထပ်)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်။ Fees: 30,000 MMK ‼️"Buddy Pack" Discount (သူငယ်ချင်းနဲ့အတူ တက်ရောက်သူများအတွက်) ကိုယ်ချစ်ရတဲ့ သူငယ်ချင်းနဲ့အတူ အတိတ်က နောင်တတွေကို မျှဝေ လွတ်မြောက်မလား? Buddy Pack နဲ့ သူငယ်ချင်းတစ်ယောက် ခေါ်လာပါက 50,000 MMK 25,000 MMK Per Pax သူငယ်ချင်းနှစ်ယောက် ခေါ်လာပါက 45,000 MMK 15,000 MMK Per Pax လူဦးရေ ကန့်သတ်ထားတာမို့ တက်ရောက်ချင်သူများအနေနဲ့ Register Link မှတစ်ဆင့် အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီရှင့်။ စာရင်းပေးသွင်းရန် - https://forms.gle/d8Bfd85f7CJeDyaY8 အမှန်တကယ် စိတ်အပန်းဖြေရင်း အားအင်သစ်တွေ မွေးဖွားနိုင်ဖို့အတွက် ခုပဲ စာရင်းပေးသွင်းလိုက်ပါနော်။ 🌿 #HonestHour #Mental_Health #Wellbeing#RewriteYourRegret #OvercomingGuilt #MentalBreakSeries #MentalHealthAwareness

  • видео или голосовое, без подписи

  • မနက်မိုးလင်းတာနဲ့ သင့်ရဲ့မနက်ခင်းကို အလျင်စလို စတင်နေမိပါသလား...? နေ့စဉ်ဘဝရဲ့ ဆူညံပြေးလွှားမှုတွေကြားမှာ ကိုယ့်စိတ်ကလေးကို အေးချမ်းစွာ အနားပေးပြီး၊ စွမ်းအင်အပြည့်နဲ့ သက်ဝင်လန်းဆန်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်စေဖို့ Honest Hour ရဲ့ "Mindful Morning 45-Day Challenge" လေး ရောက်ရှိလို့လာပါပြီရှင်။ ✨ တစ်နေ့တာရဲ့ ပထမဆုံး မိနစ် (၃၀) ကို ကိုယ့်အတွက် အကျိုးရှိရှိနဲ့ အေးချမ်းစွာ အသုံးချတာဟာ တစ်နေ့လုံးရဲ့ စိတ်အခြေအနေအပေါ် အများကြီး ပြောင်းလဲပေးနိုင်ပါတယ်။ ☀️ Challenge အသေးစိတ် Date: 17th August 2026 to 30th September 2026 Time: မနက်ခင်း 6:00 AM – 6:30 AM (နေ့စဉ် မိနစ် ၃၀) Duration: ၄၅ ရက်ဆက်တိုက် 🌿 ၄၅ ရက်အတွင်းမှာ ဘာတွေ ပြုလုပ်သွားမလဲ? 🧘‍♀️ Breathing & Meditation: စိတ်ကို တည်ငြိမ်ကြည်လင်စေမယ့် အသက်ရှူလေ့ကျင့်ခန်းနှင့် တရားထိုင်ပြီး သတိရှိတဲ့ မနက်ခင်း mindful morning လေးတွေကို နေ့စဥ်ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။ 🎁 Special Reward for Challenge Achievers! (၄၅) ရက်လုံး မပျက်မကွက် တစိုက်မတ်မတ် ပါဝင်ပြီး Challenge ကို အောင်မြင်စွာ အဆုံးသတ်နိုင်သူများအတွက် Honest Hour ရဲ့ upcoming Retreat Program နဲ့ Classes တွေမှာ အသုံးပြုနိုင်မယ့် Cashback ၃၀၀,၀၀၀ ကျပ် (၃ သိန်း) ကို Lucky Draw (1) ယောက် မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်! 🏆✨ မိမိကိုယ်ကိုယ် ပြန်လည်ချိတ်ဆက်ပြီး အေးချမ်းတဲ့ မနက်ခင်းအလေ့အကျင့်ကောင်းတွေကို တည်ဆောက်ချင်တယ်ဆိုရင်တော့ - ဒီ challenge လေးမှာ ပါဝင်ဖို့အတွက် အောက်ပါ register link လေးမှာ စာရင်းပေးထားဖို့ မမေ့နဲ့အုံးနော်… Link: https://forms.gle/ULBRdgUyd5J3H5Yw6 Challenge လေးမှာပါဝင်ပြီး မနက်ခင်းတိုင်း zoom meeting join တဲ့အခါ register လုပ်ထားတဲ့ နာမည်လေးနဲ့ Joinပေးမှသာ ဆုအတွက်အကျုံးဝင်မှာမလို့ နာမည်လေးပြောင်းဖို့ မမေ့ပါနဲ့နော်… ‼️Lucky Draw မှာပါဝင်ဖို့အတွက် ဒီ post လေးရဲ့ comment မှာ challenge စတင်တာနဲ့ (eg. Day 1 done) ဆိုပြီး တစ်ရက်ပြီးတစ်ရက် ကိုယ်ပါဝင်ပြီးမြောက်ခဲ့ကြောင်း comment လေး ချန်ထားခဲ့ပေးပါရှင်။ မနက်ခင်းရဲ့ မိနစ် (၃၀) နဲ့အတူ ပိုမိုပေါ့ပါးလန်းဆန်းတဲ့ ဘဝသစ်တစ်ခုကို အတူတူ စတင်လိုက်ကြရအောင်နော်... 🥰🤍 #HonestHour #MindfulMorning #45DaysChallenge #MindBodyConnection #SelfCare #MorningRoutine #SlowLiving #MentalWellness

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • အလေ့အကျင့်တစ်ခု သို့မဟုတ် အရာတစ်ခုခုကို မလုပ်ရရင် မနေနိုင်ဘဲ စိတ်ထဲမှာ မွန်းကြပ်တဲ့ခံစားချက်ကို ခံစားနေရလား? တကယ်တော့ စွဲလမ်းမှု (Addiction) ဆိုတာ ကျွန်မတို့ရဲ့ အတွင်းစိတ်ထဲက မဖြေရှင်းရသေးတဲ့ စိတ်ဒဏ်ရာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ မပြည့်ဝသေးတဲ့ လိုအပ်ချက်တွေကို အရာတစ်ခုခုနဲ့ အစားထိုးကုစားဖို့ ကြိုးစားရင်း မသိမသာ ငြိတွယ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီစွဲလမ်းမှုသံသရာရဲ့ အနက်ရှိုင်းဆုံး စိတ်ပညာဆိုင်ရာ အကြောင်းအရင်းတွေကို စနစ်တကျ နားလည်သဘောပေါက်ပြီး ကိုယ်တိုင်နဲ့ မိမိချစ်ခင်ရသူတွေကို ကူညီဖေးမနိုင်ဖို့အတွက် Honest Hour ကနေ "The Psychology of Addiction" Free Online Workshop လေးကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ 💡 Workshop မှာ အတူတူ လေ့လာဆွေးနွေးသွားမယ့် အကြောင်းအရာများ 1️⃣ စွဲလမ်းမှု (Addiction) ရဲ့ စိတ်ပညာဆိုင်ရာ အခြေခံများ- ဦးနှောက်နဲ့ စိတ်ခံစားချက်တွေက စွဲလမ်းမှုကို ဘယ်လို တုံ့ပြန်ပုံဖော်သလဲဆိုတာကို လေ့လာခြင်း။ 2️⃣ မသိစိတ်ထဲက အကြောင်းအရင်းများ- စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်နှင့် စိတ်ဒဏ်ရာများက စွဲလမ်းမှုကို ဘယ်လို တွန်းပို့ပေးနေသလဲဆိုတာကို ဆန်းစစ်ခြင်း။ 3️⃣ စွဲလမ်းမှု သံသရာမှ ရုန်းထွက်နိုင်မယ့် နည်းလမ်းများ- မိမိကိုယ်ကိုယ် အပြစ်တင်ခြင်းမရှိဘဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထများဆီ ပြန်လည်ကူးပြောင်းနိုင်မယ့် လမ်းစများ။ 4️⃣ Q&A Session: စိတ်ကျန်းမာရေး ပညာရှင်နှင့် မေးမြန်းဆွေးနွေနိုင်ခြင်း။ 👨‍⚕️ Speaker : Dr. Nanda Kyaw Swar (P01) Honest Hour ရဲ့ Psychiatrist တစ်ဦးဖြစ်တဲ့ စိတ်ကျန်းမာရေး အထူးကုဆရာဝန်တစ်ဦးလည်း ဖြစ်ပါတယ်။ 📅 Workshop Details: Topic: The Psychology of Addiction Speaker: Dr. Nanda Kyaw Swar (P01) Date: 9 August 2026 (Sunday) Time: 7:30 PM – 8:30 PM (MMT) Duration: 1 Hour Platform: Zoom (online) Fees: FREE (အခမဲ့) ဝေဖန်ခြင်းမရှိတဲ့ လုံခြုံတဲ့ Safe Space လေးထဲမှာ စွဲလမ်းမှုတွေရဲ့ အမှန်တရားကို အတူတူ လေ့လာအဖြေရှာကြည့်ရအောင်နော်... 🤍 Zoom Session ဖြစ်တာကြောင့် တက်ရောက်နိုင်မယ့် Slot အရေအတွက် ကန့်သတ်ထားပါသဖြင့် တက်ရောက်လိုပါက comment မှာ “Join” လို့မန့်ခဲ့ပြီး စာရင်းသွင်းထားဖို့ မမေ့နဲ့အုံးနော်… #HonestHour #PsychologyOfAddiction #MentalHealthAwareness #FreeWorkshop #DrNandaKyawSwar #MentalWellness #SafeSpace #CounsellingMM

  • видео или голосовое, без подписи

  • 🎉 Honest Hour × ATOM Partnership မိမိတို့၏ စိတ်ကျန်းမာရေးကို ပိုမိုလွယ်ကူ အဆင်ပြေစွာ ဂရုစိုက်နိုင်ဖို့အတွက် Honest Hour ရဲ့ ဝန်ဆောင်မှုများကို ATOM Store App မှတစ်ဆင့် ATOM Star Points နဲ့ လျှော့စျေးများကို လဲလှယ်၍ စတင်ရယူနိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုရဲ့ အထူးအစီအစဉ်အနေနဲ့ ATOM Store Appမှ Star Points အသုံးပြုသူများအတွက် သီးသန့် ခံစားခွင့်များ ပါဝင်မှာဖြစ်ပါတယ် - 💙 ပထမဆုံးအကြိမ် တိုင်ပင်ဆွေးနွေးမှု (Counseling Session) အတွက် ၂၀% လျှော့ဈေး၊ 💙 Zoom Live သင်တန်းများအတွက် ၂၀% လျှော့ဈေး၊ 💙 Honest Hour Retreat အစီအစဉ်များအတွက် Early Bird သီးသန့်ဈေးနှုန်း၊ တို့ကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ Honest Hour အနေနဲ့ လူတိုင်း မိမိတို့ရဲ့ စိတ်ကျန်းမာရေးကို အလေးထား ဦးစားပေးနိုင်ဖို့နဲ့ လိုအပ်တဲ့အချိန်မှာ ကျွမ်းကျင်ပညာရှင်တွေရဲ့ ကူညီပံ့ပိုးမှုကို လွယ်ကူစွာ ရရှိနိုင်ဖို့ အမြဲတမ်း ကြိုးစားလျက်ရှိပါတယ်။ သင်ကိုယ်တိုင် သို့မဟုတ် သင့်ချစ်ခင်ရသူများအတွက် စိတ်ဓာတ်ခွန်အားနွေးထွေးမှု ရယူချင်တယ်ဆိုရင်တော့ ATOM Store App သို့ ဝင်ရောက်ပြီး Honest Hour ရဲ့ ဝန်ဆောင်မှုများကို လျှော့စျေးများနဲ့ လဲလှယ်နိုင်ဖို့ ယနေ့ဘဲ စတင်လေ့လာကြည့်ရှုလိုက်ပါ။ ✨ #HonestHour #ATOM #Partnership #MentalWellbeing #Counseling #WorkplaceWellbeing #SelfCare #ATOMStoreApp

  • видео или голосовое, без подписи

  • ဒီနေ့ခေတ်မှာ လိုင်းပေါ်တတ်လိုက်တာနဲ့ ဘယ်သူကတော့ ဖောက်ပြန်သွားလို့၊ ဘယ်သူတွေကတော့ နှစ်အကြာကြီး တွဲပြီးမှ လမ်းခွဲသွားကြလို့ဆိုတဲ့ သတင်းတွေကို ခဏခဏ မြင်တွေ့နေရတယ်မလား? အပြင်လောကမှာရော၊ လူမှုကွန်ရက်ပေါ်မှာပါ အိမ်ထောင်ရေးအဆင်မပြေမှုတွေ၊ ဖောက်ပြန်မှု သတင်းတွေကို နေ့စဉ်မြင်နေရတဲ့အခါ... ကိုယ့်အမျိုးသား (သို့မဟုတ်) ကိုယ့်ချစ်သူက ဘာမှ မမှားထားရင်တောင် "သူရော တကယ်ပဲ စိတ်ချရရဲ့လား" ဆိုတဲ့ Infidelity Anxiety (ဖောက်ပြန်မှာကို ကြိုတင်စိုးရိမ်တဲ့စိတ်) ဟာ သိသိသာသာရော မသိမသာပါ ဝင်ရောက် နှောင့်ယှက်လာတတ်ပါတယ်။ အထူးသဖြင့် အလုပ်အကိုင်၊ မိသားစုနဲ့ စီးပွားရေး ဖိစီးမှုတွေကြားထဲ ကိုယ့်ရဲ့ အလှအပ၊ ကိုယ်ပိုင် identity (ဖြစ်တည်မှု) တွေကို စွန့်လွှတ်ပြီး အိမ်ထောင်တစ်ခုလုံး၊ ဒါမှမဟုန် ကိုယ့်ချစ်သူအတွက်ပဲ ပေးဆပ်ထားရတဲ့ အမျိုးသမီးတွေမှာ ဒီလိုစိုးရိမ်စိတ်မျိုး ပိုပြီး အမြစ်တွယ်တတ်ပါတယ်။ "ငါ့ကိုရော ဆက်ချစ်ပါဦးမလား၊ ငါ့ထက်သာတဲ့သူနဲ့ တွေ့ရင် ထားခဲ့မလား" ဆိုတဲ့ အတွေးတွေက ညဘက်ဆို အိပ်မပျော်နိုင်အောင် ဒုက္ခပေးတတ်ပါတယ်။ တကယ်တော့... ❌ သူ့ဖုန်းကို ခိုးကြည့်တာ ❌ စောင့်ကြည့်ချုပ်ချယ်တာ ❌ စိတ်ထဲမှာပဲ မျိုသိပ်ထားတာတွေဟာ ပြဿနာကို မဖြေရှင်းနိုင်တဲ့အပြင် ယုံကြည်မှုကိုပါ ပိုမိုပျက်စီးစေပါတယ်။ ဒီလို စိုးရိမ်သောက သံသရာထဲကနေ လွတ်မြောက်ဖို့ ဘာတွေက ကူညီပေးနိုင်မလဲ? ၁။ ပွင့်လင်းစွာ ဆက်သွယ်ပြောဆိုပါ (Honest Communication): အပြစ်တင်တဲ့ လေသံမျိုးနဲ့မဟုတ်ဘဲ၊ ကိုယ့်ရဲ့ အတွင်းစိတ်ထဲက မလုံခြုံမှုနဲ့ စိုးရိမ်စိတ်တွေကို ချစ်သူ/အမျိုးသားနဲ့ အေးအေးဆေးဆေး ဖွင့်ဟတိုင်ပင်ပါ။ ဘယ်လိုအရာတွေက ကိုယ့်ကို စိတ်အေးချမ်းစေလဲဆိုတာ အတူတူ ညှိနှိုင်းကြည့်ပါ။ ၂။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပျိုးထောင်ပါ (Reconnect with Yourself): တခြားသူကိုပဲ အချိန်ပြည့် လိုက်လံထိန်းချုပ်ဖို့ ကြိုးစားနေမယ့်အစား... ကိုယ်ဝါသနာပါတဲ့အလုပ်၊ သင်တန်း၊ သို့မဟုတ် စိတ်ဝင်စားစရာ အသစ်တွေဆီမှာ အချိန်ပေးပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှု၊ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပါ။ ၃။ စိတ်ချရတဲ့ Safe Space ရှာဖွေပါ: ကောလာဟလတွေ၊ အတင်းအဖျင်းတွေနဲ့ စိုးရိမ်စိတ်ကို ပိုတောက်လောင်စေမယ့် နေရာမျိုးကို ရှောင်ကြဉ်ပြီး စိတ်အေးချမ်းမှုပေးနိုင်မယ့် မိတ်ဆွေကောင်းများ၊ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပါ။ ဒီလို စိုးရိမ်စိတ်ဝင်နေတာဟာ သင့်ရဲ့ အပြစ်မဟုတ်သလို၊ သင့်ဆက်ဆံရေး ပျက်စီးတော့မယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအကြောက်တရားက သင့်ဘဝကို လွှမ်းမိုးချုပ်ကိုင်ခွင့်တော့ မပေးလိုက်ပါနဲ့နော်။ အကယ်၍ အိမ်ထောင်ရေး၊ ချစ်ရသူနဲ့ပတ်သက်ပြီး Trust Issue (ယုံကြည်မှုဆိုင်ရာ ပြဿနာ) တွေ၊ စိုးရိမ်စိတ်တွေကြောင့် မွန်းကြပ်နေပြီး အဖြေရှာရခက်နေတယ်ဆိုရင် အသင့်ရှိနေတဲ့ Honest Hour ရဲ့ Professional Counsellors များနဲ့ စနစ်တကျ ရင်ဖွင့်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင် 🤍🌱 Honest Hour မှာ counselling session တွေအတွက် appointment ရယူလိုပါ 09 792824522 ကိုဖြစ်စေ၊​ page chat box မှာဖြစ်စေ ဆက်သွယ်နိုင်သလို Honest Hour application မှာလည်း တိုက်ရိုက် appointment ရယူနိုင်ပါတယ်ရှင်။ Honest Hour Application comment မှာ ရယူနိုင်ပါတယ်။ #HonestHour #MentalHealthAwareness #RelationshipCounselling #TrustIssues #AnxietyRelief #SafeSpace

  • видео или голосовое, без подписи

  • [English Below] Brawn Laboratory Company ရဲ့ Annual General Meeting (AGM) မှာ ပါဝင်ပြီး "Employee Wellbeing Workshop & Activities" အစီအစဉ်ကို ဝမ်းမြောက်ဝမ်းသာ ပါဝင်ကျင်းပပေးခွင့် ရခဲ့ပါတယ်။ ဒီပွဲလေးဟာ ဝန်ထမ်းတွေအနေနဲ့ ခဏတာ အနားယူရင်း မိမိတို့ရဲ့ Mental and Physical Wellbeing အတွက် ပြန်လည်အားဖြည့်နိုင်ခဲ့တဲ့ မွန်မြတ်တဲ့ စိတ်ခွန်အားဖြည့် အချိန်အတိုလေးတစ်ခု ဖြစ်ခဲ့ပါတယ်။ အစီအစဉ်တစ်ခုလုံးမှာ ပါဝင်သူများဟာ စိတ်ဖိစီးမှုကို ထိရောက်စွာ စီမံခန့်ခွဲနည်း၊ စိတ်ဓာတ်ကြံ့ခိုင်မှု တည်ဆောက်နည်းနဲ့ လုပ်ငန်းခွင်အတွင်း ပိုမိုခိုင်မာကောင်းမွန်တဲ့ ဆက်ဆံရေးများ တည်ဆောက်နည်းတွေကို စိတ်ဝင်စားဖွယ် ဆွေးနွေးမှုများ၊ ပျော်ရွှင်ဖွယ် လှုပ်ရှားမှုများမှတစ်ဆင့် လက်တွေ့ကျကျ လေ့လာသင်ယူနိုင်ခဲ့ကြပါတယ်။ Honest Hour အနေနဲ့ Workplace Wellbeing ဆိုတာ တစ်ရက်တာ အစီအစဉ်တစ်ခုတည်း မဟုတ်ဘဲ ဝန်ထမ်းများ၊ လုပ်ငန်းခွင် ယဉ်ကျေးမှုနှင့် ရေရှည် အောင်မြင်တိုးတက်မှုများအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ဝန်ထမ်းများရဲ့ Wellbeing ကို အစဉ်တစိုက် အလေးထားပြီး ကျွန်ုပ်တို့အား ယုံကြည်စိတ်ချစွာ ပါဝင်ခွင့်ပေးခဲ့တဲ့ Brawn Laboratory ရဲ့ Leaders များနှင့် ဝန်ထမ်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ AGM ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရပြီး ဒီလို အဓိပ္ပာယ်ရှိတဲ့ အတွေ့အကြုံကို အတူတကွ ဖန်တီးခွင့်ရတဲ့အတွက်လည်း အလွန်ပင် ဝမ်းမြောက်မိပါတယ်။ ပိုမိုကောင်းမွန်ပြီး ကျန်းမာပျော်ရွှင်စရာ လုပ်ငန်းခွင်များကို အတူတကွ ဆက်လက် တည်ဆောက်သွားကြပါစို့။ 💚 We were honored to partner with Brawn Laboratory to facilitate their Annual General Meeting – Employee Wellbeing Workshop & Activities, creating a space where employees could pause, reconnect, and invest in their wellbeing. Throughout the session, participants explored practical strategies for managing stress, strengthening resilience, and fostering healthier workplace relationships through engaging discussions and interactive activities. The program reinforced an important message: when organizations prioritize employee wellbeing, they create stronger, more connected, and more resilient teams. At Honest Hour, we believe that workplace wellbeing is more than a one-day initiative—it is a long-term investment in people, culture, and sustainable performance. A sincere thank you to the leadership and team at Brawn Laboratory for your trust and commitment to supporting the wellbeing of your employees. We appreciate the opportunity to be part of your AGM and contribute to this meaningful experience. Here's to building healthier workplaces, together. #HonestHour #EmployeeWellbeing #WorkplaceWellbeing #MentalHealthAtWork #CorporateWellbeing #AGM2026 #TeamWellbeing #EmployeeEngagement #OrganizationalWellbeing

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • видео или голосовое, без подписи

Honest Hour (Mental Health Well-being) — tgindex