Mental Wellness Channel by Counselling Corner
Статистика- Последний пост
- 31 июл.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 241
- 1/48двое суток
- 276
- 1/72трое суток
- 297
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ကိုယ်ချစ်ရတဲ့သူတစ်ယောက် ရောဂါဝေဒနာခံစားနေရချိန်မှာ ဘေးကနေ အနီးကပ်ပြုစုပေးနေရတာဟာ မေတ္တာတရားကြီးမားသလို တစ်ဖက်မှာလည်း စိတ်ရော၊ ခန္ဓာပါ အရမ်းပင်ပန်းနွမ်းနယ်ရတဲ့ အလုပ်တစ်ခုပါ။ ကိုယ်ချစ်ရတဲ့သူကို စောင့်ရှောက်ရင်းနဲ့ပဲ မသိလိုက်ဘာမသိလိုက် ပင်ပန်းနွမ်းနယ်မှု (Burnout) တွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ စတင်ဝင်ရောက်လာတတ်ပါတယ်။ ဒါကြောင့် ပြုစုစောင့်ရှောက်ပေးနေသူ (Caregiver) များအနေနဲ့ စိတ်ဓာတ်မကျဘေး အရည်အသွေးရှိတဲ့ ပြုစုစောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် ဒီအချက်လေးတွေကို မဖြစ်မနေ သတိပြုပေးဖို့ လိုပါတယ် 👇 ✨ ၁။ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုပေးပါ "ငါလည်း တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားစောင့်ရှောက်ပေးနေတာပဲ" ဆိုပြီး ကိုယ့်ရဲ့ကြိုးစားမှုနဲ့ ပင်ပန်းမှုကို ကိုယ်တိုင် အသိအမှတ်ပြုပေးပါ။ ✨ ၂။ ခံစားချက်တွေကို ထွက်ပေါက်ပေးပါ ဝမ်းနည်းတာ၊ ပင်ပန်းတာ၊ အားငယ်တာတွေ ဖြစ်လာရင် စိတ်ထဲမှာ ဖိသိပ်မထားဘေး ရင်ဖွင့်တာ၊ ငိုကြွေးလိုက်တာမျိုး ခံစားချက်တွေကို လွတ်လပ်စွာ ထွက်ပေါက်ပေးပါ။ ✨ ၃။ ကိုယ့်အတွက် အချိန်ပေးပါ / ဂရုစိုက်ပေးပါ သူများကို မပြုစုခင် ကိုယ်တိုင် ကျန်းမာသန်စွမ်းနေဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ့်အတွက် အနားယူချိန်၊ ကိုယ်ဝါသနာပါတာလေးလုပ်ဖို့ အချိန်သီးသန့်ဖယ်ထားပေးပါ။ 💡 "ပြုစုသူတွေလည်း အနားယူဖို့ ထိုက်တန်ပါတယ်" အသေးစိတ် နည်းလမ်းတွေနဲ့ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် အကြောင်းအရာတွေကိုတော့ Counsellor Eaint Wai Wai Tun က ဒီ ဗီဒီယိုလေးထဲမှာ အသေးစိတ် မျှဝေပေးထားတာမို့ အဆုံးထိ ဝင်ရောက်ကြည့်ရှုပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ❤️https://youtu.be/FE9DbmpXe-g?si=zSVANyAMmplxeuqK #CounsellingCorner #CaregiverBurnout #CancerCaregiver #MentalHealthMyanmar #SelfCare
🎗 Cancer ဆိုတဲ့ ခရီးရှည်ကြီးမှာ မေတ္တာအပြည့်နဲ့ အနားကနေ အင်အားပေးနေရတဲ့ ချစ်ရသူ "Caregivers" များသို့... 🎗 Cancer (ကင်ဆာ) ရောဂါကို ရင်ဆိုင်ရတဲ့ ခရီးလမ်းဟာ ဝေဒနာရှင်ကိုယ်တိုင်အတွက်တင်မကဘဲ ဘေးနားကနေ အနီးကပ် ပြုစုစောင့်ရှောက်ပေးနေရတဲ့ "Caregivers (ပြုစုစောင့်ရှောက်သူတွေ)" အတွက်ပါ တကယ်ကို ခက်ခဲပင်ပန်းလွန်းတဲ့ ခရီးရှည်ကြီးတစ်ခု ဖြစ်ပါတယ်။ ချစ်ရတဲ့သူ နာကျင်ခံစားနေရတာကို ဘေးကနေ ကြည့်နေရတာ စိတ်မကောင်းဖြစ်ရသလို၊ ရေရှည်ခရီးမှာ ပြုစုစောင့်ရှောက်ရတဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ များစွာ ထိခိုက်ခံစားရတတ်ပါတယ် 😔။ ရုပ်ပိုင်းဆိုင်ရာအရ: အနီးကပ်စောင့်ရလို့ အိပ်ရေးမဝတာ၊ ရုပ်ပိုင်းဆိုင်ရာ နုံးချိပင်ပန်းတာတွေ ကြုံရသလို၊ စိတ်ပိုင်းဆိုင်ရာအရ: "ငါ ပိုပြီး ဂရုစိုက်ပေးရမလား၊ ငါလုပ်တာ လုံလောက်ရဲ့လား" ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ပန်းလူပန်းဖြစ်ရတဲ့ "Caregiver Burnout" ကိုလည်း ခံစားရတတ်ပါတယ်။ အခြေအနေတွေကြားထဲ ချစ်ရသူကိုပဲ အပြည့်အဝ အာရုံစိုက်ရင်းနဲ့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပြန်ကြည့်ဖို့ မေ့လျော့နေတတ်ကြပါတယ်... ဒါကြောင့်မို့လို့ ပင်ပန်းနေရတဲ့ Caregiver တွေကို စိတ်ခွန်အားပေးဖို့ ဒါလေးတစ်ခုကို အမြဲသတိရပေးစေချင်ပါတယ် 💡။ "သူများရေခွက်လေးထဲ ရေဖြည့်ပေးနိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ရေခွက်ထဲမှာလည်း အရင်ဆုံး ရေရှိနေမှ ဖြစ်မှာပါ" 🌊✨ ကိုယ့်မှာ စိတ်ဓာတ်ခွန်အားတွေ၊ မေတ္တာတွေနဲ့ ကျန်းမာကြံ့ခိုင်မှုတွေ ပြည့်ဝနေမှသာ ချစ်ရတဲ့သူကို ပိုမိုကောင်းမွန်တဲ့ ပြုစုစောင့်ရှောက်မှုတွေ စဉ်ဆက်မပြတ် ပေးနိုင်မှာပါ။ ကိုယ့်ကိုယ်ကိုယ် အရင် ဂရုစိုက်ပြီး အားဖြည့်တာဟာ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး။ ဒါဟာ ချစ်ရသူကို ပိုပြီး မေတ္တာပေးနိုင်ဖို့အတွက် အရေးအကြီးဆုံး အဆင့်တစ်ခု ဖြစ်ပါတယ်။ ဒီနေ့ကစပြီး ချစ်ရသူအတွက်တင်မကဘဲ ကိုယ့်ကိုယ်ကိုယ်အတွက်ပါ အချိန်လေးတစ်ခု သီးသန့်ဖဲ့ပေးပြီး စိတ်ခွန်အားပြန်ဖြည့်ဖို့ မမေ့ပါနဲ့နော်။ 🤍 ဒီခက်ခဲတဲ့ခရီးလမ်းကို ကြံ့ကြံ့ခံပြီး မေတ္တာအပြည့်နဲ့ ဖြတ်သန်းနေကြတဲ့ Caregivers အားလုံးကို အမြဲတမ်း လေးစား၊ စာနာနားလည်ပြီး အားပေးလျက် ရှိပါတယ်ရှင်။ 🫂 https://youtu.be/FM9_C1taegs?si=8kvfGt15hfjt_RPy #CaregiverSupport #MentalHealthAwareness #SelfCare #CounsellingCorner #CancerCaregivers
🎗️ Cancer ဆိုတာ... ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ခံစားရတဲ့ တကယ့် ‘Nightmare’ အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ... "Cancer ရောဂါ" လို့ ကြားလိုက်ရုံနဲ့တင် လူတော်တော်များများရဲ့ ရင်ထဲမှာ ထိတ်ခန့်၊ ကြောက်ရွံ့ပြီး မှောင်မိုက်သွားသလို ခံစားရလေ့ရှိပါတယ်။ ကင်ဆာရောဂါရဲ့ ပြင်းထန်မှုဟာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပင်ပန်းနာကျင်မှုတွေ (Physical Pain) အပြင်... "ငါပြန်ကောင်းပါ့မလား" ဆိုတဲ့ စိုးရိမ်စိတ်၊ ကြောက်ရွံ့မှု၊ အနာဂတ်အတွက် သောကတွေနဲ့ စိတ်ပျက်အားငယ်မှုတွေ စတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ (Mental Pain) ကိုပါ ဒွန်တွဲပြီး ခံစားကြရတာ ဖြစ်ပါတယ်။ "ဒါတင်ပဲလားဆိုတော့... မဟုတ်ပါဘူး။" ဒီအိပ်မက်ဆိုးကြီးကို ဝေဒနာရှင်တစ်ဦးတည်းတင် ခံစားရတာမဟုတ်ဘဲ ဘေးကနေ အနီးကပ် မေတ္တာနဲ့ ပြုစုစောင့်ရှောက်ပေးနေရတဲ့ မိသားစုဝင်တွေ၊ Caregivers တွေပါ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှုတွေကို အတူတူ ရင်ဆိုင်ဖြတ်သန်းကြရတာပါ။ ဘယ်လောက်ပဲ ခက်ခဲတဲ့ အိပ်မက်ဆိုးကြီး ဖြစ်ပါစေ... ဒီခရီးလမ်းမှာ သင်တို့တစ်ယောက်တည်း အထီးကျန်စွာ လျှောက်လှမ်းနေရတာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ Counselling Corner အနေနဲ့ ဒီ July လ (Cancer Awareness Month) အထိမ်းအမှတ်အနေနဲ့ ရုပ်ပိုင်းရော စိတ်ပိုင်းပါ ပင်ပန်းနွမ်းနယ်နေရတဲ့ ကင်ဆာဝေဒနာရှင်များနှင့် Caregiver များအားလုံးအတွက် (Free Consultation) အစီအစဉ်လေး ပြုလုပ်ပေးထားပါတယ်ရှင်။ 🤝 သင်ဖြစ်စေ၊ သင့်ပတ်ဝန်းကျင်က ချစ်ရသူတစ်ဦးဦးဖြစ်စေ... ဒီခက်ခဲလွန်းတဲ့ ခရီးလမ်းမှာ ရင်ဖွင့်တိုင်ပင်ဖို့၊ စိတ်ခွန်အားတွေ ပြန်လည်ဖြည့်တင်းဖို့နဲ့ စိတ်သက်သာရာရစေဖို့အတွက် ကူညီဖေးမပေးဖို့ Counsellors ဆွေးနွေးသူများက အဆင်သင့် ရှိနေပါတယ်။ ဒီအခွင့်အရေးလေးကို လက်မလွှတ်ဘဲ ဆက်သွယ်တိုင်ပင်နိုင်ဖို့ သို့မဟုတ် မိမိပတ်ဝန်းကျင်မှာ တကယ်လိုအပ်နေတဲ့သူတွေဆီ ရောက်ရှိသွားနိုင်ဖို့အတွက် ဒီ Post လေးကို Share ပေးပြီး ကူညီပေးကြပါဦးနော်။ https://youtu.be/M0o7rFudsjM?si=R_9HJQY1MmiO6260 #CounsellingCorner #CancerAwareness #PhysicalAndMentalHealth #MentalHealthSupport #MyanmarCounselling #FreeConsultation #CaregiverSupport
Scholarship အခွင့်အရေး🎓✨ လူတိုင်းမှာ ဘယ်သူ့ကိုမှ ဖွင့်ဟမပြဖြစ်တဲ့ နာကျင်စရာ "စိတ်ဒဏ်ရာ (Trauma)" ကိုယ်စီ ရှိနေတတ်ကြပါတယ်။ ဒီနာကျင်မှုတွေကို ရင်ထဲမှာပဲ သိမ်းထားမယ့်အစား စာသားတွေအဖြစ် ပြောင်းလဲလိုက်တဲ့အခါ... အဲဒီစာတွေဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစားဖို့ (Self-healing) လမ်းစဖြစ်လာသလို၊ ဖတ်ရှုသူတွေအတွက်လည်း ခွန်အားဖြစ်စေမယ့် လက်ရာကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ စာရေးခြင်းကတစ်ဆင့် စိတ်ဒဏ်ရာတွေကို စနစ်တကျ ရင်ဆိုင်ကျော်ဖြတ်ပြီး ကုစားချင်သူများအတွက် Counselling Corner မှ “Trauma Healing Writing Training” ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။ 🌿🎨 📌 Scholarship (ပညာသင်ဆု) လျှောက်ထားလိုသူများအတွက် (ပညာသင်ဆု အရေအတွက်မှာ ၂ ဆုတည်းသာ ဖြစ်ပါသည်။) အောက်ပါအချက်အလက်များကို သေချာစွာ ပြင်ဆင်ပြီး contact@counsellingcornermyanmar.com သို့ အီးမေးလ်ဖြင့် တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ပါပြီ။ ✅ Motivation Letter (ဘာကြောင့် ဒီအတန်းကို တက်ရောက်ချင်လဲဆိုတာကို မြန်မာဘာသာဖြင့် စိတ်ကြိုက် ရေးသားနိုင်ပါတယ်) ✅ CV Form + ဓာတ်ပုံ ✅ ပြန်ဆက်သွယ်ရမယ့် ဖုန်းနံပါတ် ⏳ နောက်ဆုံးလျှောက်ထားနိုင်မည့်ရက် − ၃၁ ရက်၊ ဇူလိုင်လ ၂၀၂၆ တခြားသူတွေရဲ့ ဘဝကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲပေးနိုင်မယ့် အရည်အသွေးတွေကို စနစ်တကျ သင်ယူခွင့်ရမယ့် အခွင့်အရေးမို့ အခုပဲ လက်ဦးမှု ရယူလိုက်ပါ။ စိတ်ဝင်စားမယ့် မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ပြန်လည် မျှဝေပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ ❤️🌿 💡 ဒီ Training ကနေ ဘာတွေ ရရှိမှာလဲ? ✅ Writing for Self-Healing: ကိုယ့်ရဲ့ နာကျင်မှုတွေကို ဘေးကင်းလုံခြုံတဲ့ နည်းလမ်းနဲ့ ဘယ်လိုချရေးပြီး စိတ်သက်သာရာရအောင် လုပ်မလဲ? ✅ Impactful Storytelling: စိတ်ဒဏ်ရာအကြောင်းကို ရေးသားတဲ့အခါ ဖတ်ရှုသူ (Audience) တွေရဲ့ ရင်ထဲမှာပါ ထပ်တူကျပြီး ကုစားမှုကို ခံစားရစေမယ့် Psychological Insight မျိုး ဘယ်လိုထည့်သွင်းမလဲ? ✅ Resilience & Growth: နာကျင်မှုကနေ သင်ခန်းစာယူပြီး ဘဝကို အဓိပ္ပာယ်ရှိရှိ ဘယ်လိုရှေ့ဆက်ရမလဲဆိုတာကို စာသားတွေကတစ်ဆင့် အဖြေရှာခြင်း။ ✅ Safe Creative Space: စိတ်မကောင်းစရာတွေ ရေးသားရင်း စာရေးသူကိုယ်တိုင် စိတ်ဒဏ်ရာ ထပ်မရစေဘဲ (Vicarious Trauma ကာကွယ်ရန်) ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြန်စောင့်ရှောက်မလဲ? 📅 Training အသေးစိတ် 🗓 ရက်စွဲ: ၂၀၂၆ ဩဂုတ်လ ၁၃၊ ၁၄၊ ၂၀၊ ၂၁၊ ၂၇၊ ၂၈ ရက်နေ့များ ⏰ အချိန်: ညနေ ၆ နာရီ မှ ၈ နာရီအထိ 📍 နေရာ: Zoom (Online Class) 💰 သင်တန်းကြေး: ၁၂၀,၀၀၀ ကျပ် စာရေးဆရာများ၊ ဇာတ်ညွှန်းရေးသူများနှင့် Video Creator များကိုလည်း ဇာတ်ကောင်များကို အနက်အဓိပ္ပာယ် ပြည့်ပြည့်စုံစုံနဲ့ ပီပီပြင်ပြင် ဖန်တီးနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ ❤️🤝 🔗 Registration Link: https://forms.gle/mfPPCC654GUiWaJ79 📲 Phone: 09 784 509 916 , 09 785 074 173 #CounsellingCorner #TraumaHealing #WritingTherapy #SelfHealing #ScholarshipProgram #Myanmar
без подписи
မိဘတွေ၊ လူကြီးတွေအနေနဲ့ ကိုယ့်ရဲ့ကလေးတွေကို စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ ‘စိတ်ဓာတ်ကြံ့ခိုင်သူလေးတွေ’ ဖြစ်လာစေဖို့ အောက်ပါ အချက် (၃) ချက်ကို အတူတူ လေ့ကျင့်ပေးနိုင်ပါတယ်။ ၁။ ရလဒ်ထက် ကြိုးစားမှုကို အသိအမှတ်ပြုပါ (Praise the Effort)🌟 ကလေးတွေဆီက ကိုယ်ဖြစ်ချင်တဲ့ ရလဒ် (Result) ကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကလေးရဲ့ ကြိုးစားအားထုတ်မှုကို အရင်ဆုံး အသိအမှတ်ပြု (Appreciate) ပေးပါ။ ဒါမှ ကလေးက နောက်တစ်ကြိမ်မှာလည်း စိတ်မပျက်ဘဲ ထပ်ကြိုးစားဖို့ ခွန်အားရမှာပါ။ ၂။ ပြဿနာကို အတူတူ ဖြေရှင်းပါ (Problem Solving)🤝 ကလေးတွေ အခက်အခဲ ကြုံလာရတဲ့အခါ သူတို့ရဲ့ ပြဿနာတွေကို ကိုယ်တိုင်ပဲ ဝင်ဖြေရှင်းပေးလိုက်တာမျိုး မလုပ်ဘဲ၊ သူတို့နဲ့အတူ အနားမှာရှိနေပေးပြီး ဘယ်လိုဖြေရှင်းရင် ကောင်းမလဲဆိုတာ ကူညီတွေးတော ဖြေရှင်းပေးပါ။ ၃။ အမှားတွေဆီကနေ သင်ခန်းစာယူတတ်ပါစေ (Learning from Mistakes)🌱 လူတိုင်း မှားတတ်ပါတယ်။ ကလေးတွေ အမှားလုပ်မိတဲ့အခါ ဆူပူအပြစ်တင်တာမျိုး မဟုတ်ဘဲ၊ အမှားကို ပြန်ပြင်လို့ရတယ်ဆိုတာရယ်၊ "နောက်တစ်ခါကျရင် ဒီထက်ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲ" ဆိုတဲ့ အတွေးမျိုး ဝင်လာအောင် သေချာဆွေးနွေး ပြောပြပေးလို့ ရပါတယ်။ . ကလေးတိုင်းဟာ အမှားတွေနဲ့ အခက်အခဲတွေကြားကနေ ပိုမိုတောက်ပတဲ့ ခွန်အားတွေ ရရှိနိုင်ကြပါစေ။ ❤️ https://youtu.be/_9t6lGTar5o?si=m6mfh8ZHrLBzyExc
ကလေးတွေ စိတ်ချလက်ချ ရင်ဖွင့်နိုင်တဲ့ နေရာ "Safe Place" လေးတစ်ခု ဖြစ်စေဖို့... 🏠✨ မိဘတွေ၊ လူကြီးတွေအနေနဲ့ ကိုယ့်ရဲ့ကလေးတွေကို "ငါ့ရှေ့မှာဆို ဘာမဆို ရဲရဲဝံ့ဝံ့ ရင်ဖွင့်လို့ရတယ်" ဆိုတဲ့ ယုံကြည်မှုမျိုး ပေးနိုင်ဖို့က ကလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (Mental Wellbeing) မှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ရှိနေပါတယ်။ 🔹 ၁။ ဖြေရှင်းချက်ထက် နားလည်ပေးမှုကို အရင်ပေးပါ 🤝❤️ ကလေးတွေက မိမိကိုယ်ကို ယုံကြည်ပြီး တစ်ခုခု ရင်ဖွင့်လာတဲ့အခါ... လူကြီးတွေက "ဒါဆို ဒါမျိုးလုပ်လိုက်ပါလား" ဆိုပြီး ပြဿနာကို ချက်ချင်း အမြန်ဖြေရှင်းပေးဖို့ပဲ အာရုံစိုက်မိတတ်ကြပါတယ်။ တကယ်တော့ ကလေးတွေ အဓိက လိုချင်တာက အဖြေထက် သူတို့ ခံစားနေရတဲ့ စိတ်ဒဏ်ရာ၊ သောကတွေကို "နားလည်ပေးမယ့်သူ" ပါပဲ။ ဒါကြောင့် သူတို့ရဲ့ ခံစားချက်ကို အရင်ဆုံး အသိအမှတ်ပြုပေးပါ၊ နွေးနွေးထွေးထွေး နားထောင်ပေးပါ။ 🔹 ၂။ မျက်နှာချင်းဆိုင်ထက် ဘေးချင်းယှဉ် ပြောဆိုပါ 👭🌱 စကားပြောဆို ဆက်ဆံတဲ့ ပုံစံကလည်း အများကြီး စကားပြောပါတယ်။ မျက်နှာချင်းဆိုင် တည့်တည့်ထိုင်ပြီး စကားပြောတာက ကလေးအတွက် အစစ်ဆေးခံနေရသလို၊ အဝေဖန်ခံနေရသလိုမျိုး တင်းမာမှုကို ခံစားရစေနိုင်ပါတယ်။ အဲ့ဒီအစား... ကလေးရဲ့အနားမှာ ဘေးချင်းယှဉ်ထိုင်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ရင်းရင်းနှီးနှီး စကားဆိုပေးခြင်းက တင်းမာမှုတွေကို လျော့ကျစေပြီး သူတို့ရဲ့ စိတ်ကို ပိုမိုပွင့်လင်းလာစေပါတယ်။ 🔹 ၃။ သတင်းဆိုးများအပေါ် မိမိရဲ့ Response ကို ထိန်းချုပ်ပါ 🤫💡 ဒါကတော့ အရေးကြီးဆုံး အချက်ပါပဲ။ ကလေးက အမှားတစ်ခုခု လုပ်မိလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်ခုခုကြောင့် သတင်းဆိုး (Bad news) တစ်ခုခုကို လာပြီး ပြောပြတဲ့အခါ... လူကြီးတွေဘက်က ပြသလိုက်တဲ့ တုံ့ပြန်မှု (Response) ဟာ ကလေးရဲ့ နောက်နောင် ရင်ဖွင့်ရဲမှုကို ဆုံးဖြတ်ပေးသွားပါတယ်။ အဲ့ဒီအချိန်မှာ ဒေါသတကြီး အော်ဟစ်တာ၊ ဒါမှမဟုတ် အလွန်အမင်း ကြောက်ရွံ့စိုးရိမ်ပြတာမျိုး မလုပ်ဘဲ မိမိရဲ့ ခံစားချက်ကို သတိထား ထိန်းချုပ်ရပါမယ်။ တည်ငြိမ်တဲ့ တုံ့ပြန်မှုနဲ့အတူ အမှားကို ဘယ်လိုပြုပြင်မလဲ၊ အခက်အခဲကို ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ "နည်းလမ်းကောင်း" တွေကိုပဲ အတူတူ အေးအေးဆေးဆေး ရှာဖွေပေးခြင်းကသာ အကောင်းဆုံးပါပဲ။ ဒီအချက်လေးတွေက ကလေးတွေနဲ့ လူကြီးတွေကြားမှာ ပိုမိုခိုင်မာတဲ့ ယုံကြည်မှုနဲ့ နားလည်မှုတွေကို တည်ဆောက်ပေးနိုင်မှာ သေချာပါတယ်။ မိမိတို့ရဲ့ မိသားစုကမ္ဘာလေးထဲမှာ ကလေးတွေအတွက် အကောင်းဆုံး Safe Place လေးတွေ ဖန်တီးပေးနိုင်ကြပါစေရှင့်။ 🥰💭🌟 https://www.tiktok.com/@counsellingcornermyanmar/video/7655628762758876433?is_from_webapp=1&sender_device=pc&web_id=7529741632948160022 #ChildPsychology #ParentingTips #SafePlaceForKids #MentalHealth
📝 [ကျောင်းသွားခါနီးတိုင်း ကလေးက ဗိုက်အောင့်၊ ခေါင်းကိုက်နေတတ်သလား] "ကျောင်းမသွားချင်လို့ ဂျီကျနေတာ" ဆိုပြီး မိဘတွေ အလွယ်တကူ ထင်ပစ်လိုက်တဲ့နောက်ကွယ်မှာ “ကျောင်းနဲ့ပတ်သက်တဲ့ စိုးရိမ်စိတ် (School Anxiety)” တွေ ရှိနေနိုင်ပါတယ်။ စိတ်နဲ့ ခန္ဓာကိုယ်ဟာ တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် ကလေးတွေဟာ သူတို့ရဲ့ စိုးရိမ်စိတ်ကို စကားနဲ့ ထုတ်မပြောတတ်တဲ့အခါ Physical (ရုပ်ပိုင်းဆိုင်ရာ) အနေနဲ့ အခုလို ပြသတတ်ကြပါတယ်။ ကျောင်းသွားခါနီးတိုင်း နေမကောင်းချင်သလို ဖြစ်တာ ဗိုက်အောင့်တာ၊ ပျို့အန်ချင်တာ ခေါင်းကိုက်တာ၊ ရင်တုန်တာ 💡 လူကြီးတွေအနေနဲ့ ဘာကြောင့် နားလည်ပေးဖို့လိုလဲ။ ကျောင်းဆိုတာ ကလေးတွေအတွက် ပညာသင်တဲ့နေရာတင်မကဘဲ သူငယ်ချင်းအသိုင်းအဝိုင်း၊ စာမေးပွဲဖိအား၊ ဆရာသမားတွေနဲ့ ဆက်ဆံရေး စတဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရတဲ့နေရာလည်း ဖြစ်ပါတယ်။ ကျောင်းကာလမှာ သူတို့ ဘယ်လို "ဘေးကျပ်နံကျပ်" ဖိအားတွေ၊ စိုးရိမ်မှုတွေ ခံစားနေရလဲဆိုတာကို လူကြီးတွေက အပြစ်တင်မယ့်အစား အရင်ဆုံး အလေးအနက် နားလည်ပေးဖို့ လိုအပ်ပါတယ်။ 🤝 ဘယ်လို Support ပေးမလဲ။ ကလေးတွေ သူတို့ရဲ့ စိတ်ဒဏ်ရာနဲ့ ခံစားချက်တွေကို အကြောက်အလန့်မရှိဘဲ ရင်ဖွင့်ထုတ်ပြောလာနိုင်အောင် မိသားစုက Safe Zone (ဘေးကင်းလုံခြုံတဲ့ နေရာလေး) တစ်ခု ဖန်တီးပေးရပါမယ်။ "ဘာဖြစ်လို့လဲ၊ ဘာတွေစိတ်ပူနေလဲ" ဆိုတာကို အော်ဟစ်ငေါက်ငမ်းတာမျိုးမရှိဘဲ စိတ်ရှည်လက်ရှည် မေးမြန်းပေးပါ။ သူတို့ရဲ့ ခံစားချက်ကို လှောင်ပြောင်တာမျိုးမလုပ်ဘဲ အဖော်အဖြစ် အမြဲရှိနေပေးကြောင်း ပြသပါ။ ကလေးတွေရဲ့ စိုးရိမ်စိတ်ကို သေချာနားထောင်ပေးပြီး ထုတ်ပြောနိုင်အောင် ပံ့ပိုးကူညီပေးခြင်းက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြီးထွားမှုကို အများကြီး အထောက်အကူပြုပါတယ်" — ကလေးတစ်ယောက်ရဲ့ ကျောင်းတက်ရက်တွေ ပျော်ရွှင်ဖို့ စာနာနားလည်မှုရှိတဲ့ မိဘတစ်ယောက်ရဲ့ နားထောင်ပေးခြင်းကနေ စတင်လိုက်ရအောင်။ ❤️ https://www.tiktok.com/@counsellingcornermyanmar/video/7653040783938833681?is_from_webapp=1&sender_device=pc&web_id=7529741632948160022 #SchoolAnxiety #MentalHealthAwareness #ChildPsychology #ParentingTips
ကလေးလေးတွေ တစ်ခါတလေ အရမ်းဂျီကျတာ၊ ငိုတာ ဒါမှမဟုတ် ဒေါသထွက်တာမျိုးတွေ ကြုံရတဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုကိုင်တွယ်ရမလဲဆိုပြီး စိတ်ညစ်ဖူးကြမှာပါနော်။ 😭🤦♂️🤦♀️ တကယ်တော့ ဒါဟာ သူတို့လေးတွေက ဂျီကျချင်လို့ မဟုတ်ဘဲ မိမိရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်သေးလို့ဖြစ်ပါတယ်။ 🧠👶❌ ဒီနေ့မှာတော့ ကလေးတွေရဲ့ Emotional Regulation (စိတ်ခံစားချက်ကို ကိုင်တွယ်ထိန်းကျောင်းခြင်း) အကြောင်းနဲ့ လူကြီးမိဘတွေ အိမ်မှာ လက်တွေ့အသုံးချနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးထားပါတယ်ရှင်။ 💡👇 💡 မိဘတွေ သုံးနိုင်မယ့် နည်းလမ်းကောင်းများ ✨ ၁။ မိမိကိုယ်တိုင် အရင် တည်ငြိမ်အောင်လုပ်ပါ (Stay Calm) 🧘♂️🌿 ကလေးက စိတ်ဆိုးဒေါသထွက်ပြီး အော်ဟစ်နေချိန်မှာ မိဘကပါ လိုက်အော်မိရင် အခြေအနေက ပိုဆိုးလာပါလိမ့်မယ်။ မိဘရဲ့ တည်ငြိမ်တဲ့ လေသံနဲ့ အပြုအမူက ကလေးကို စိတ်အေးသွားစေဖို့ အကောင်းဆုံး ဆေးတစ်ခွက်ပါ။ စိတ်ကို လျှော့ပြီး အသက်ပြင်းပြင်း အရင်ရှူလိုက်ပါနော်။ 🥰 ၂။ ကလေးရဲ့ စိတ်ခံစားချက်ကို အသိအမှတ်ပြုပေးပါ (Validate Their Feelings) 🤝❤️ "မငိုနဲ့၊ တိတ်တော့" လို့ ပိတ်ပင်မယ့်အစား "သမီး/သားလေး စိတ်တိုနေတာကို မေမေ/ဖေဖေ နားလည်တယ်နော်"၊ "စိတ်ညစ်သွားတယ်မလား" ဆိုပြီး သူတို့ရဲ့ ခံစားချက်ကို လက်ခံပေးကြောင်း အရင်ပြသပေးပါ။ ဒါမှ သူတို့ ခံစားချက်ကို သူတို့ နားလည်လာမှာ ဖြစ်ပါတယ်။ ၃။ အတူတူ အသက်ရှူပြီး စိတ်ငြိမ်အောင် လုပ်ပေးပါ (Co-Regulation) 🌬️🧸 ကလေး စိတ်လှုပ်ရှားနေချိန်မှာ အနားမှာ ထိုင်ပေးပြီး "မေမေ့ကိုကြည့်ပြီး အသက်ပြင်းပြင်းရှူမယ်... ဖူး... ဆိုပြီး လေပြန်မှုတ်ထုတ်မယ်" ဆိုတဲ့ ပုံစံမျိုးလေး တူတူလုပ်ကြည့်ပေးပါ။ မိဘရဲ့ တည်ငြိမ်မှုက ကလေးရဲ့ ဦးနှောက်ကို အလိုအလျောက် ငြိမ်သက်သွားအောင် ကူညီပေးနိုင်ပါတယ်။ ၄။ စိတ်တည်ငြိမ်သွားမှ အကျိုးအကြောင်း ရှင်းပြပါ (Reasoning After Calming Down) 💬💭 ကလေး ငိုယိုဂျီကျနေတဲ့အချိန်မှာ ဆုံးမစကားပြောရင် ဘာမှ ဝင်မှာမဟုတ်ပါဘူး။ သူတို့လေးတွေ စိတ်ပြေလျော့ပြီး ငြိမ်သက်သွားတဲ့အခါကျမှ ခုနက ဘာလို့အဲလိုဖြစ်ရတာလဲ ဆိုတာကို အေးအေးဆေးဆေး မေးမြန်းပြီး နောက်ခါဆို ဘယ်လိုလုပ်ရမလဲဆိုတဲ့ မှန်ကန်တဲ့ နည်းလမ်းကို သင်ကြားပေးပါ။ ကလေးတွေရဲ့ စိတ်ခံစားချက်ကို စိတ်ရှည်လက်ရှည်နဲ့ ကိုင်တွယ်ထိန်းကျောင်းပေးခြင်းက ရေရှည်မှာ သူတို့ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူကြီးအဖြစ် ကြီးပြင်းလာစေမှာ ဖြစ်ပါတယ် 🌱💖https://www.tiktok.com/@counsellingcornermyanmar/video/7650435830321892628?is_from_webapp=1&sender_device=pc&web_id=7529741632948160022 #MentalHealthAwareness #EmotionalRegulation #ParentingTips #CounsellorMyoThiRiKhin #PositiveParenting 🌸
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ "Addiction (စွဲလမ်းမှု)" တစ်ခုခုအောက် ကျရောက်နေသူတွေကို မြင်ရတဲ့အခါ စိတ်ပျက်တာ၊ အပြစ်တင်တာမျိုးတွေ ချက်ချင်း လုပ်မိတတ်ကြပါတယ်။ စိတ်ဓာတ်ပျော့ညံ့လို့၊ ဒါမှမဟုတ် လူဆိုးမို့လို့လို့ အလွယ်တကူပဲ တံဆိပ်ကပ်တတ်ကြတာပေါ့။ 📌 သူတို့ဟာ မကောင်းတဲ့လူတွေ မဟုတ်ကြပါဘူး Addiction ရှိတဲ့သူတွေဟာ မကောင်းတဲ့သူတွေ မဟုတ်သလို၊ တမင်တကာ ဖျက်ဆီးနေကြသူတွေလည်း မဟုတ်ပါဘူး။ 🙅♀️ သူတို့ဟာ လက်ရှိဘဝမှာ ရင်ဆိုင်နေရတဲ့ ကြီးမားလွန်းတဲ့ စိတ်ဖိစီးမှုတွေ၊ အတိတ်က နာကျင်မှုတွေနဲ့ စိတ်ဒဏ်ရာတွေကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားရုန်းကန်နေရတဲ့ လူသားတွေသာ ဖြစ်ပါတယ်။ 🥺🩹 ရင်ထဲက ဆူညံသံတွေကို တိတ်ဆိတ်သွားစေဖို့၊ မခံစားနိုင်တဲ့ နာကျင်မှုကို ခေတ္တမေ့လျော့စေဖို့အတွက် သူတို့ခမျာ "စွဲလမ်းမှု" ဆိုတဲ့ မှားယွင်းတဲ့ ထွက်ပေါက်တစ်ခုကို အသည်းအသန် အားကိုးမိသွားကြတာပါ။ 📌 သူတို့ကို ကဲ့ရဲ့ ဝေဖန်နေမယ့်အစား "ဘာကြောင့် ဒီလိုဖြစ်ရတာလဲ" ဆိုတဲ့ အရင်းအမြစ်ကို နားလည်ပေးဖို့ ကြိုးစားခြင်းကသာ အကောင်းဆုံး အပြောင်းအလဲရဲ့ စတင်ခြင်း ဖြစ်ပါတယ်။ 🤍 "ဘာလို့ သုံးတာလဲ" လို့ အပြစ်တင်မယ့်အစား "ဘယ်နေရာက နာကျင်နေလို့လဲ" လို့ မေးပေးနိုင်တဲ့ စာနာစိတ်ကသာ အမှောင်ထဲကလူကို အလင်းထဲဆွဲထုတ်နိုင်မယ့် တစ်ခုတည်းသော ကုထုံး ဖြစ်ပါတယ်။ https://youtu.be/IdQtpvzeP_o — Counsellor Hsu Lei Nanda
🧠 စွဲလမ်းမှု (Addiction) တစ်ခုကို ဘယ်လိုမြင်လဲလို့ မေးရင် လူအများစုက "စာရိတ္တပြဿနာ" ဒါမှမဟုတ် "စိတ်ဓာတ်ပျော့ညံ့မှု" လို့ မြင်ကြပါတယ်။ ဒါပေမဲ့ ပညာရှင်တွေကဒါကို "Pain Management" (နာကျင်မှုကို ဖြေဖျောက်ဖို့ ကြိုးစားခြင်း) လို့ မြင်ပါတယ်။ The Core Issue: စွဲလမ်းမှုဆိုတာ ကိုယ့်စိတ်ထဲက အပေါက်တွေကို အတင်းလိုက်ဖြည့်နေရတာပါ။ အတိတ်က Trauma (စိတ်ဒဏ်ရာ) တွေ၊ အထီးကျန်မှုတွေကို မခံစားနိုင်လို့ တခြားအရာတစ်ခုနဲ့ အစားထိုးလိုက်ခြင်း ဖြစ်ပါတယ်။ The Impact: ဒီပြဿနာဟာ ကျန်းမာရေးတင်မကဘဲ ပတ်ဝန်းကျင်၊ မိသားစုနဲ့ အလုပ်အကိုင်တွေကိုပါ ကွင်းဆက်လိုက်ပြီး ဖျက်ဆီးပစ်တတ်ပါတယ်။ ဒါဆို အကောင်းဆုံး ဖြေရှင်းနည်းက ဘာလဲ? Dr. Gabor Maté (စွဲလမ်းမှုဆိုင်ရာ ကျွမ်းကျင်သူ) က ပြောဖူးပါတယ်။ "ဘာလို့ စွဲလမ်းနေတာလဲလို့ မမေးပါနဲ့၊ ဘာလို့ နာကျင်နေတာလဲလို့ပဲ မေးပါ" တဲ့။ သူတို့ကို ကူညီဖို့ဆိုရင်— ၁။ ဘာတွေကြုံခဲ့ရလဲဆိုတာ နားလည်ပေးဖို့ လိုတယ်။ ၂။ ဘာတွေ အကူအညီလိုလဲဆိုတာ သိဖို့လိုတယ်။ Recovery (ပြန်လည်ကုစားခြင်း) ဆိုတာ အပြစ်ပေးခြင်းကနေ လာတာမဟုတ်ဘဲ "မေတ္တာတရားနဲ့ စာနာနားလည်ပေးခြင်း" ဆိုတဲ့ အရေးကြီးဆုံး ခြေလှမ်းကနေပဲ စတင်တာ ဖြစ်ပါတယ်။ ✨ https://youtu.be/6vcK_glO_MM
📱 Social Media ကို သုံးတာလား? ဒါမှမဟုတ် Social Media ရဲ့ အသုံးချမှုကို ကျွန်မတို့က ခံနေရတာလား? ယနေ့ခေတ်မှာ Social Media ဟာ ကျွန်မတို့ရဲ့ နေ့စဉ်လူနေမှုဘဝထဲကို အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးထားတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါပေမဲ့ အကျိုးရှိရှိ အသုံးချတတ်ဖို့ထက် အဲဒီအပေါ်မှာ စွဲလမ်းစိတ်တွေ (Addiction) ဖြစ်လာတဲ့အခါ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ⚠️ ကျွန်မတို့တွေ Social Media addiction ဖြစ်နေပြီလား? အောက်ပါ အချက်လေးတွေကို မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ကြည့်ရအောင်ရှင် - အကြောင်းမဲ့ ဖုန်းကို ခဏခဏ ဖွင့်ကြည့်မိခြင်း: ဘာအကြောင်းကိစ္စမှ မရှိဘဲနဲ့တောင် လက်က ဖုန်းကို ခဏခဏ ကောက်ကိုင်မိနေတာမျိုး။ မိမိကိုယ်ကိုယ် အားမရဖြစ်ခြင်း: သူများတွေ တင်သမျှ Post တွေ၊ သူတို့ရဲ့ ပြီးပြည့်စုံနေတဲ့ ဘဝပုံစံတွေကို ကြည့်ပြီး ကိုယ့်ဘဝနဲ့ နှိုင်းယှဉ်ကာ စိတ်အားငယ်တာ ဒါမှမဟုတ် Perfect မဖြစ်ဘူးလို့ ခံစားလာရတာမျိုး။ အချိန်ကို အကန့်အသတ်မရှိ သုံးစွဲမိခြင်း: ခဏလေးကြည့်မယ်ဆိုပြီး ဝင်လိုက်ပေမဲ့ နာရီပေါင်းများစွာ ကုန်ဆုံးသွားမှန်း မသိဖြစ်နေတာမျိုးတွေ ဖြစ်ပါတယ်။ 💡 ဒါတွေကို ဘယ်လိုကျော်လွှားမလဲ? ဒီလိုစွဲလမ်းမှုတွေကို ကျော်လွှားဖို့အတွက် အထိရောက်ဆုံးနည်းလမ်းကတော့ "ဖုန်းကို သတိပြုပြီး အသုံးချခြင်း" (Mindful Scrolling) ပဲ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် သတိလေးကပ်ပြီး အချိန်အပိုင်းအခြားတစ်ခု သတ်မှတ်ကာ အကျိုးရှိရှိ အသုံးချဖို့ Counsellor May Phyo Thu က အကြံပြု မျှဝေထားပါတယ်ရှင်။ ✨ ကျွန်မတို့ အတူတူ လေ့ကျင့်ကြည့်ရအောင် ✨ ၁။ ဖုန်းသုံးမယ့် အချိန်ကို သတ်မှတ်ထားပါ။ ၂။ သူတစ်ပါးရဲ့ Digital ဘဝတွေနဲ့ ကိုယ့်ကို နှိုင်းယှဉ်တာမျိုး ရှောင်ကြဉ်ပါ။ ၃။ ဖုန်းအစား တခြားသော tactile ဝါသနာ (ဥပမာ - စာဖတ်ခြင်း၊ ပန်းချီဆွဲခြင်း) တွေကို အစားထိုး လုပ်ဆောင်ကြည့်ပါ။ https://www.tiktok.com/@counsellingcornermyanmar/video/7640029215617813780?is_from_webapp=1&sender_device=pc&web_id=7529741632948160022 Social Media ကို ကျွန်မတို့ရဲ့ အသုံးတော်ခံအဖြစ်သာ ရှိနေပါစေ။ ကျွန်မတို့က Social Media ရဲ့ အသုံးချခြင်းကို မခံရပါစေနဲ့။ 🌿 #SocialMediaAddiction #MentalHealthMyanmar #DigitalDetox #Mindfulness
"ကိုယ်ချစ်ရသူ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေပြီလား?" ❤️🩹 ကိုယ်ချစ်ရတဲ့သူ ဒါမှမဟုတ် မိသားစုဝင်ထဲက တစ်ယောက်ယောက် အဆင်မပြေဖြစ်နေရင်၊ ဒါမှမဟုတ် စွဲလမ်းမှု (Addiction) တစ်ခုခုထဲ ရောက်နေရင် ကိုယ်ပါ လိုက်ပြီး ပူပင်သောကရောက်ရတတ်တာ သဘာဝပါပဲ။ 😔 သူတို့ကို ကူညီချင်တဲ့စိတ်၊ ချစ်တဲ့စိတ်နဲ့တင် ကိုယ့်ရဲ့လိုအပ်ချက်တွေ၊ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို မေ့လျော့ပြီး ကိုယ့်ကိုယ်ကိုယ်ပါ ပျောက်ဆုံးနေသလို ခံစားနေရပြီလား? 🥀 1️⃣ ငါ အခုချိန်မှာ တကယ်ကော ဘယ်လိုခံစားနေရတာလဲ? 💭 (စိတ်ပင်ပန်းနေတာလား၊ အားငယ်နေတာလား? ကိုယ့်ခံစားချက်ကို ရိုးသားစွာ အမည်တပ်ကြည့်ပါ။) 2️⃣ ငါ့အတွက် အခုတကယ်လိုအပ်နေတဲ့ အနားယူခြင်းက ဘာလဲ? 🌿 (ခဏလောက် တစ်ယောက်တည်း အေးအေးဆေးဆေး နေဖို့လား၊ ဒါမှမဟုတ် ဝါသနာပါတဲ့ အလုပ်တစ်ခုခု လုပ်ဖို့လား?) 💡 မေ့မထားသင့်တဲ့ ကျန်းမာရေး (၂) ချက် ✨ Physical Health (ရုပ်ပိုင်းဆိုင်ရာ): စိတ်ပင်ပန်းရင် လူကပါ လိုက်နွမ်းနယ်တတ်ပါတယ်။ အစားမှန်မှန်စားဖို့နဲ့ အိပ်ရေးဝဝအိပ်ဖို့ ဂရုစိုက်ပါ။ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု (ဥပမာ- လမ်းလျှောက်တာ၊ ရေကူးတာ) လုပ်ပေးတာက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်နော်။ 🏊♀️🏃♀️ ✨ Mental Health (စိတ်ပိုင်းဆိုင်ရာ): တခြားသူကို ကူညီဖို့ ကြိုးစားနေသလောက် ကိုယ့်စိတ်ကိုလည်း ပြန်ထွေးပွေ့ပေးပါ။ ကိုယ်ဝါသနာပါတဲ့ အနုပညာတစ်ခုခု (ပန်းချီဆွဲတာ၊ တူရိယာတီးတာ) လုပ်ရင်း ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ပြန်ရှာဖွေပါ။ 🎨🎸 ကိုယ်တိုင် အဆင်ပြေမှသာ... သူတို့ကို ကူညီနိုင်မယ့် ခွန်အားတွေ ရှိလာမှာပါ။" 🤍 Counsellor ThiRi Myint Zaw https://youtu.be/2PvAO-yy6N4?si=bOlQ1K5wKBaPSodA
ကျွန်မတို့တွေ တစ်နေ့တာလုံး အလုပ်တွေရှုပ်၊ Stress တွေများလာတဲ့အခါ "ကိုယ့်ကိုယ်ကိုယ် ဆုချလိုက်ဦးမယ်" ဆိုတဲ့စိတ်နဲ့ Shopping ထွက်တာ၊ မုန့်တွေအများကြီးမှာစားတာမျိုး လုပ်တတ်ကြပါတယ်။ အဲ့ဒီအချိန်မှာ ဦးနှောက်က Dopamine တွေ ထွက်လာလို့ ခဏတာတော့ စိတ်ချမ်းသာသွားတာ အမှန်ပဲ။ ဒါပေမဲ့ ... အဲ့ဒီစိတ်ကျေနပ်မှုက ခဏပဲ ခံတာပါ။ ခဏနေလို့ ပိုက်ဆံအိတ်ထဲ ကြည့်လိုက်တဲ့အခါ၊ ဒါမှမဟုတ် ဘဏ်ထဲက Balance ကို မြင်လိုက်တဲ့အခါမှာတော့ "ငါ မလိုအပ်တာတွေ ဝယ်မိပြန်ပြီ" ဆိုတဲ့ နောင်တနဲ့အတူ Stress က အရင်ထက် နှစ်ဆလောက် ပိုများလာတတ်ပါတယ်။ ၁။ အပြစ်ရှိစိတ် (Guilt) ကို အရင်ဖယ်ထုတ်ပါ 🕊️ ပိုက်ဆံသုံးမိလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာက Stress Cycle ကို ပိုဆိုးစေပါတယ်။ "ငါ့စိတ် အရမ်းပင်ပန်းနေလို့ ငါ ဒီလိုလုပ်မိတာပဲ" ဆိုတာကို အရင်လက်ခံပေးပါ။ ကိုယ့်ကိုယ်ကိုယ် နားလည်ပေးနိုင်မှသာ နောက်တစ်ကြိမ် မဖြစ်အောင် ပြင်ဆင်နိုင်မှာပါ။ ၂။ ဝယ်ချင်စိတ်ကို "၅ မိနစ်" လောက် အချိန်ဆွဲပါ ⏳ Online Shopping Cart ထဲ ပစ္စည်းတွေ ထည့်နေပြီဆိုရင် "Check Out" မလုပ်ခင် ဖုန်းကို ၅ မိနစ်လောက် ချထားလိုက်ပါ။ အဲ့ဒီအချိန်မှာ ရေအေးအေးလေးတစ်ခွက် သောက်တာ၊ ဒါမှမဟုတ် အသက်ကို ဝဝရှူကြည့်တာမျိုး လုပ်ပါ။ အဲ့ဒီ ၅ မိနစ်အတွင်းမှာ Emotional Surge (စိတ်လှုပ်ရှားမှု အရှိန်) လျော့သွားပြီး "မဝယ်လည်း ဖြစ်သားပဲ" ဆိုတဲ့ အတွေးမျိုး ဝင်လာပါလိမ့်မယ်။ ၃။ ငွေမကုန်ဘဲ စိတ်သက်သာရာရစေမယ့် အလုပ်တွေကို အစားထိုးပါ 🎨🎵 • Creative Arts: ပန်းချီဆွဲတာ၊ ဆေးရောင်ခြယ်တာ၊ ဒါမှမဟုတ် DIY လက်မှုပစ္စည်းလေးတွေ လုပ်တာက စိတ်ကို တည်ငြိမ်စေပါတယ်။ • Music & Dance: တူရိယာတစ်ခုခု တီးခတ်တာ ဒါမှမဟုတ် သီချင်းကျယ်ကျယ်ဖွင့်ပြီး ကခုန်လိုက်တာက စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေပါတယ်။ • Nature: အပြင်ခဏထွက်ပြီး လမ်းလျှောက်တာ၊ သစ်ပင်လေးတွေကို ကြည့်တာမျိုးက ငွေကုန်ကြေးကျမရှိတဲ့ ကုထုံးတွေပါ။ ၄။ "Joy Budget" သတ်မှတ်ထားပါ 💵 လုံးဝ မသုံးရဘူးလို့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားတာက ပိုပြီး Stress ရစေပါတယ်။ ဒါကြောင့် တစ်လမှာ ကိုယ့်ရဲ့ စိတ်ထွက်ပေါက်အတွက် (ဥပမာ- Shopping ထွက်ဖို့၊ မုန့်စားဖို့) သတ်မှတ်ထားတဲ့ ပမာဏတစ်ခု သီးသန့်ဖယ်ထားပါ။ အဲ့ဒီဘောင်ထဲက သုံးတာက ကိုယ့်ရဲ့ Financial Plan ကိုလည်း မထိခိုက်သလို၊ စိတ်ကိုလည်း လွတ်လပ်စေပါတယ်။ ၅။ Trigger ဖြစ်စေမယ့်အရာတွေကို ဝေးဝေးထားပါ 📱🚫 မလိုအပ်ဘဲ Shopping Apps တွေ ဝင်ကြည့်တာ၊ Discount ကြော်ငြာတွေ ကြည့်နေတာမျိုးက ဝယ်ချင်စိတ်ကို ပိုဆွပေးပါတယ်။ Stress များနေတဲ့ အချိန်မျိုးမှာ Shopping Platform တွေကို ခဏပိတ်ထားပြီး ကိုယ့်ရဲ့ စိတ်အခြေအနေကိုပဲ ပြန်ပြီး ဂရုစိုက်ပေးပါ။ . ပိုက်ဆံသုံးလိုက်လို့ Stress တွေ ချက်ချင်း ပျောက်သွားမှာ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုရဲ့ အရင်းအမြစ်က ဘာလဲဆိုတာကို ရှာဖွေပြီး အေးအေးဆေးဆေး ဖြေရှင်းတာ၊ နားနားနေနေ နေပေးတာကသာ ရေရှည်အတွက် အကောင်းဆုံး ကုထုံးဖြစ်ပါလိမ့်မယ်။ 🌱✨ https://youtu.be/sKhf-_7qO5w #MentalHealth #RetailTherapy #StressRelief #FinancialWellness #Counselling #SelfCareTips
ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ဒီနေ့ခေတ် နေ့စဉ်ဘဝဟာ တကယ်ကို စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ အိပ်ရာနိုးလိုက်တာနဲ့ ဖုန်း screen ပေါ်မှာ မြင်ရတဲ့ သတင်းတွေ၊ လျှပ်စစ်မီး ပြတ်တောက်မှု၊ အင်တာနက် အခက်အခဲ၊ ကုန်ဈေးနှုန်း အတက်အကျနဲ့ သွားလာရေး အဆင်မပြေမှုတွေ... ဒါတွေအားလုံးဟာ ကိုယ်တိုင် ထိန်းချုပ်လို့မရတဲ့ အခြေအနေ (External Factors) တွေချည်းပါပဲ။ ⛈️ တစ်ခါတစ်လေမှာ အိပ်ရာက နိုးနိုးချင်းမှာတင် “နောက်ထပ် တစ်နေ့ကို ငါ ဘယ်လို ထပ်ဖြတ်ကျော်ရဦးမှာလဲ” ဆိုတဲ့ အတွေးက ရင်ဘတ်ထဲမှာ လေးလံသွားတတ်ပါတယ်။ ဒီလိုအချိန်မှာ ကျွန်တော်တို့ အများစုက ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးလေ့ရှိတာက “ငါ ကြံ့ကြံ့ခံရမယ်”၊ “ငါ မဖြစ်မနေ တင်းခံနိုင်ရမယ်” ဆိုတဲ့ အတွေးတွေပါ။ ဒါပေမဲ့ တစ်ခါတစ်လေမှာ ဒီလိုမျိုး အတင်းအကျပ် စိတ်ကို တင်းထားခြင်းကပဲ စိတ်စွမ်းအား (Mental Energy) ကို ပိုပြီး ကုန်ခမ်းစေသလို၊ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဖိအားပေးရာ ရောက်သွားတတ်ပါတယ်။ 😔 စိတ်စွမ်းအားတွေ ကုန်ခမ်းလာတဲ့အခါ ဘာတွေဖြစ်တတ်လဲ? • ဘာကိုမှ စိတ်မပါတော့တာ။ • သေးငယ်တဲ့ အရာလေးတွေကအစ ဒေါသထွက်လွယ်လာတာ။ • အနာဂတ်အတွက် မျှော်လင့်ချက်ထားဖို့ ခက်ခဲလာတာ။ ဒါကြောင့် အတင်းတောင့်ခံနေမယ့်အစား ပင်ပန်းနေတဲ့ ကိုယ့်ရဲ့စိတ်လေးကို အားပြန်ဖြည့်ပေးဖို့ အချိန်တစ်ခု ပေးသင့်ပါတယ်။ စိတ်စွမ်းအားဆိုတာ ဖုန်းဘက်ထရီလိုပါပဲ။ ကုန်သွားရင် ပြန်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ 🔋✨ ဘယ်လို ပြန်ဖြည့်ကြမလဲ? Video လေးကို အဆုံးထိ ကြည့်ရှုရင်း... ✅ ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေကို လက်ခံတတ်လာဖို့ ✅ ပင်ပန်းနေတဲ့ ကိုယ့်ကိုယ်ကိုယ် နားလည်ပေးဖို့နဲ့ ✅ စိတ်ခွန်အား ပြန်လည် ရရှိစေမယ့် နည်းလမ်းတွေကို လေ့လာကြည့်ကြရအောင်ပါ။ https://www.tiktok.com/@counsellingcornermyanmar/video/7626964369053715733?is_from_webapp=1&sender_device=pc&web_id=7529741632948160022 #MentalHealth #Counselling #SelfCare #MentalEnergy #Resilience #MyanmarContext #EmotionalWellbeing #EaintWaiWaiTun #Counsellor #MentalHealthAwareness
📌 Boundaries ဆိုတာ တစ်ဖက်လူကို တားဆီးတာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းပါ လူမှုဆက်ဆံရေးတွေကြားမှာ "စည်း" တစ်ခု ထားဖို့ ပြောလာရင် အချို့က အားနာတတ်ကြပါတယ်၊ ဒါမှမဟုတ် တစ်ဖက်လူကို ကန့်သတ်လိုက်သလို ခံစားရတတ်ပါတယ်။ ဒါပေမဲ့ တကယ်တော့ Healthy Boundaries ရှိခြင်းက Relationship တွေကို ပိုပြီး အသက်ရှူချောင်စေတယ်ဆိုတာ သိပါသလား? "Boundaries ထားတာဟာ တစ်ဖက်လူကို ထိန်းချုပ်တာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း (Protecting Yourself) ဖြစ်တယ်" ဆိုတာပါပဲ။ ဘာကြောင့် Boundaries ထားသင့်တာလဲ? ၁။ Self-Worth (ကိုယ်ပိုင်တန်ဖိုး): Boundaries ရှိခြင်းက ကိုယ့်ကိုယ်ကို ချစ်ပြီး တန်ဖိုးထားခြင်းရဲ့ ပြယုဂ်တစ်ခုပါ။ ကိုယ်ဘာကို လက်ခံနိုင်တယ်၊ ဘာကို လက်မခံနိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိတာဟာ ကိုယ့်ကိုယ်ကို လေးစားတာပါပဲ။ ၂။ Healthy Relationships: အပြန်အလှန် လေးစားမှုရှိတဲ့ စည်းလေးတွေ ရှိနေမှသာ ဆက်ဆံရေးတစ်ခုဟာ ရေရှည်မှာ ပိုပြီး ကျန်းမာ (Healthy) စေမှာပါ။ "အားနာလို့" ဆိုပြီး အကုန်လိုက်လျောနေရခြင်းက နောက်ဆုံးမှာ ကိုယ့်ကိုကိုယ် စိတ်ပင်ပန်း (Burnout) ဖြစ်စေနိုင်ပါတယ်။ ၃။ Emotional Protection: တခြားသူတွေရဲ့ စိတ်ခံစားချက်တွေ၊ လိုလားချက်တွေကြားမှာ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို မပျောက်ဆုံးသွားအောင် Boundaries က အကာအကွယ်ပေးပါတယ်။ ဒါကြောင့်... Boundaries ထားရမှာကို မကြောက်ပါနဲ့။ ဒါဟာ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်သလို၊ တစ်ဖက်လူကို ပိတ်ပင်တာလည်း မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်ဓာတ်ခွန်အားကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသာ ဖြစ်ပါတယ်။ 🌱 https://youtu.be/tVhxVyuN_6o?feature=shared
📱 ကလေးတွေရဲ့ Screen Time က သူတို့ရဲ့ စိတ်ကျန်းမာရေးကို ဘယ်လိုထိခိုက်စေသလဲ? ခုနောက်ပိုင်းမှာ ကလေးတော်တော်များများဟာ ဖုန်း၊ Tablet စတဲ့ နည်းပညာပစ္စည်းတွေနဲ့ အချိန်ကုန်တာ ပိုများလာပါတယ်။ ဒါဟာ သူတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အများကြီး အထောက်အကူပြုနိုင်သလို၊ အလွန်အကျွံဖြစ်သွားတဲ့အခါမှာတော့ စိတ်ကျန်းမာရေးအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ ပုံထဲက လက်ရေးမူလေးမှာ ဖော်ပြထားသလိုပဲ "ဖုန်း/Tablet ကြည့်ချိန် များလာတဲ့အခါ..." • စိတ်တိုလွယ်လာခြင်း: ကလေးတွေဟာ Screen ပေါ်က လှုပ်ရှားမှုတွေကိုပဲ အာရုံစိုက်နေရတဲ့အတွက် အပြင်လောကက အနှောင့်အယှက်တွေကို သည်းမခံနိုင်တော့ဘဲ စိတ်တို၊ စိတ်ဆတ် လာတတ်ပါတယ်။ • ဝေခွဲရခက်ခြင်း: အချက်အလက်တွေ အများကြီးကို တပြိုင်တည်း လက်ခံရတဲ့အခါ ကလေးရဲ့ ဦးနှောက်က စိတ်ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ • ခံစားချက် ထိန်းချုပ်ရ ခက်ခဲခြင်း: ကိုယ့်ရဲ့ ခံစားချက်တွေကို ဘယ်လိုဖော်ပြရမလဲ၊ ဘယ်လို ထိန်းချုပ်ရမလဲဆိုတဲ့ 'Emotional Regulation' ပိုင်းမှာ အားနည်းသွားတတ်ပါတယ်။ ✅ မိဘတွေအနေနဲ့ ဘာတွေလုပ်ပေးနိုင်မလဲ? ဒီပြဿနာတွေကို ကာကွယ်ဖို့အတွက် နည်းလမ်းကောင်းအချို့ကိုလည်း ထည့်သွင်းစဉ်းစားကြည့်လို့ရပါတယ်။ 1. အချိန်ကန့်သတ်ပါ: တစ်နေ့ကို Screen ကြည့်မယ့်အချိန် (ဥပမာ- ၁ နာရီ သို့မဟုတ် ၂ နာရီ) တိတိကျကျ သတ်မှတ်ပေးပါ။ 2. Digital-Free Zone ထားရှိပါ: ထမင်းစားချိန်နဲ့ အိပ်ရာဝင်ခါနီးအချိန်တွေမှာ ဖုန်းလုံးဝမသုံးတဲ့ အလေ့အကျင့် လုပ်ပေးပါ။ 3. အပြင်ထွက် ဆော့ကစားပါ: ဖုန်းကြည့်မယ့်အစား ကိုယ်လက်လှုပ်ရှားမှုရှိတဲ့ ကစားနည်းတွေ၊ ပုံဆွဲတာ ဒါမှမဟုတ် တူတူစကားပြောတာမျိုးတွေနဲ့ အစားထိုးပါ။ 4. မိဘကိုယ်တိုင် စံပြလုပ်ပါ: ကလေးရှေ့မှာ ဖုန်းအလွန်အကျွံမသုံးဘဲ ကလေးကို အချိန်ပေးတာမျိုးက အထိရောက်ဆုံး သင်ကြားမှုပါပဲ။https://youtu.be/VS2OhvEQOz8
ကျွန်မတို့ နေ့စဉ်ဘဝမှာ အလုပ်တွေ အရမ်းများလာတာ၊ သောကတွေ များလာတာမျိုး ကြုံရတဲ့အခါ "စိတ်ညစ်တယ်" ဆိုတာထက်ပိုပြီး ခန္ဓာကိုယ်ကပါ လေးလံထိုင်းမှိုင်းလာတာ၊ ဇက်ကြောတက်တာ၊ ခေါင်းကိုက်တာမျိုးတွေ ခံစားရဖူးကြမှာပါ။ ဒါဟာ Mental Stress ကနေ Physical ကိုပါ ရိုက်ခတ်လာတဲ့ လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်မတို့အတွက် အထိရောက်ဆုံးနဲ့ အရိုးရှင်းဆုံး ဖြေရှင်းနည်းတစ်ခုကတော့ "လှုပ်ရှားမှု (Movement)" ပါပဲ။ 💡 ဘာကြောင့် လှုပ်ရှားမှုက ကျွန်မတို့ရဲ့ စိတ်ခံစားမှုကို ထိန်းညှိပေးနိုင်တာလဲ? သိပ္ပံနည်းကျ လေ့လာချက်တွေအရ ကျွန်မတို့ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်တဲ့အခါ (ဥပမာ - လမ်းလျှောက်တာ၊ ကခုန်တာ၊ အားကစားလုပ်တာ) မှာ Endorphins လို့ခေါ်တဲ့ "ပျော်ရွှင်မှုဟော်မုန်း" တွေ ထွက်ရှိလာပါတယ်။ ✅ Endorphins ရဲ့ စွမ်းဆောင်ရည်: ဒီဟော်မုန်းတွေက စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ Hormone တွေကို တိုက်ရိုက်လျှော့ချပေးနိုင်ပြီး စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။ ဒါ့အပြင် ကျွန်မတို့ ခံစားနေရတဲ့ စိတ်ပူပန်မှု (Anxiety) တွေကိုလည်း သိသိသာသာ သက်သာစေပါတယ် "Stress တွေ များလာပြီဆိုရင် Mental ကိုတင်မက Physical ပါ ထိခိုက်လာနိုင်ပါတယ်။ အဲ့ဒီအချိန်မျိုးမှာ လှုပ်ရှားမှု (Movement) က အရမ်းလိုအပ်လာပါပြီ။ လှုပ်ရှားတဲ့အချိန်မှာ ထွက်လာတဲ့ Endorphins တွေက Stress Hormone ကို လျှော့ချပေးနိုင်လို့ စိတ်ခံစားမှုကို ပြန်လည်ထိန်းညှိပေးနိုင်ပါတယ်" 💗 ဆို ကျွန်မတို့ ဘယ်လိုလှုပ်ရှားမှုမျိုးတွေ လုပ်ကြမလဲ? 🤔 ပြင်းထန်တဲ့ အားကစားတွေမှ မဟုတ်ပါဘူး။ ကျွန်မတို့ နှစ်သက်တဲ့ နည်းလမ်းလေးတွေနဲ့ စတင်နိုင်ပါတယ် - 1️⃣ နေဝင်ချိန် လှပတဲ့ ကောင်းကင်ကြီးကို ကြည့်ရင်း ၁၅ မိနစ်လောက် လမ်းလျှောက်ပေးပါ။ (သဘာဝတရားက ကျွန်မတို့ စိတ်ကို အေးချမ်းစေပါတယ်) 2️⃣ ကိုယ်ကြိုက်တဲ့ သီချင်းမြူးမြူးလေးဖွင့်ပြီး လွတ်လွတ်လပ်လပ် ကခုန်လိုက်ပါ။ (ဒါဟာ စိတ်ဖိစီးမှုအတွက် အကောင်းဆုံး Stress Buster ပါပဲ!) 3️⃣ အလုပ်ခွင်မှာ အရမ်းပင်ပန်းနေရင် ခဏလောက် ထရပ်ပြီး အကြောဆန့်ထုတ်လိုက်ပါ။ စိတ်ဖိစီးမှုဆိုတာ ရှောင်လွှဲလို့မရပေမယ့် လှုပ်ရှားမှု (Movement) နဲ့တော့ ကျွန်မတို့ အမြဲတမ်း ပြန်လည်ထိန်းညှိလို့ ရပါတယ်နော်။ ဒီနေ့ပဲ ကျွန်မတို့ရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာဖို့အတွက် တစ်ခုခု စတင်လှုပ်ရှားလိုက်ရအောင်။ 👋 https://youtu.be/-HRf3uDFDcQ?feature=shared
ကျွန်မတို့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝကြီးက တစ်ခါတလေ အရမ်းမြန်လွန်းတယ်နော်။ အလုပ်တွေ၊ မိသားစုအရေးတွေ၊ လူမှုရေးကိစ္စတွေကြားမှာ ပြေးလွှားရင်းနဲ့ ညဘက်အိပ်ရာဝင်ခါနီးမှ "ငါ တကယ်ရော ပျော်ရဲ့လား" လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတဲ့ အချိန်တွေ ရှိတတ်ကြပါတယ်။ ဒီနေရာမှာ Self-care (ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း) ဆိုတဲ့ အလေ့အကျင့်က ကျွန်မတို့အတွက် အရမ်းအရေးပါလာပါတယ်။ ✨ Self-care ဆိုတာ ဘာလဲ? အများစု ထင်ထားသလိုမျိုး Spa သွားတာ၊ ဈေးကြီးတာတွေ ဝယ်စားတာမျိုးပဲ မဟုတ်ပါဘူး။ Self-care ဆိုတာ "ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့ ခန္ဓာကိုယ်ကို ကျန်းမာအောင်၊ လန်းဆန်းအောင် တမင်တကာ အချိန်ပေးပြီး လုပ်ဆောင်ပေးတာ" ကို ဆိုလိုတာပါ။ • ပင်ပန်းနေရင် ခဏနားလိုက်တာ။ • စိတ်ညစ်စရာရှိရင် တစ်ယောက်ယောက်ကို ရင်ဖွင့်တာ ဒါမှမဟုတ် စာအုပ်ထဲ ချရေးတာ။ • ကိုယ့်ကို အဆိပ်အတောက်ဖြစ်စေတဲ့ လူတွေ၊ ပတ်ဝန်းကျင်တွေကနေ ခေတ္တခွဲထွက်တာ။ • ကိုယ့်စိတ်ကို ကြည်နူးစေမယ့် ဝါသနာတစ်ခုခု (ဥပမာ - သီချင်းနားထောင်တာ၊ ပန်းပင်လေးတွေ ရေလောင်းတာ) ကို လုပ်တာ။ 🚫 self care ကအတ္တဆန်တာ မဟုတ်ပါဘူး "ငါ ကိုယ့်ကိုယ်ကိုယ်ပဲ အချိန်ပေးနေရင် တခြားသူတွေအပေါ် တကိုယ်ကောင်းဆန်ရာ ရောက်မလား" လို့ တွေးမိတတ်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ကိုယ်တိုင်က စိတ်ဖိစီးနေပြီး အားအင်ကုန်ခမ်း (Burnout) ဖြစ်နေရင် ဘယ်သူ့ကိုမှ အကောင်းဆုံး မကူညီနိုင်ပါဘူး။ "You cannot pour from an empty cup" ဆိုသလိုပါပဲ။ ကိုယ့်ခွက်ထဲမှာ ရေရှိမှသာ တခြားသူကို ဝေမျှပေးလို့ ရမှာပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာဟာ အတ္တကြီးတာမဟုတ်ဘဲ "ကိုယ့်ကိုယ်ကိုယ် ကြင်နာခြင်း (Self-Kindness)" သာ ဖြစ်ပါတယ်။ 💡 နေ့စဉ်ဘဝမှာ ဘယ်လိုကျင့်သုံးမလဲ? Self-care ကို အကြီးကြီးတွေ စလုပ်ဖို့ မလိုပါဘူး။ ၁။ မနက်ခင်းမှာ ဖုန်းမကြည့်သေးဘဲ ၅ မိနစ်လောက် ငြိမ်ငြိမ်လေး ထိုင်ကြည့်ပါ။ ၂။ ကိုယ်လုပ်ခဲ့တဲ့ အောင်မြင်မှု သေးသေးလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ် ပြန်ချီးကျူးပါ။ ၃။ "မဟုတ်ဘူး" လို့ ပြောသင့်တဲ့နေရာမှာ အားမနာဘဲ ငြင်းဆိုတတ်အောင် ကျင့်ပါ။ နေ့စဉ်ဘဝမှာ အဆင်ပြေပြေနဲ့ ရှေ့ဆက်နိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ စိတ်ဓာတ်ရေးရာက အမြဲ Fresh ဖြစ်နေဖို့ လိုပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး သူငယ်ချင်းတစ်ယောက်လိုမျိုး ကြင်ကြင်နာနာ ဆက်ဆံပေးကြည့်ရအောင်လား။ ❤️ #SelfCare #MentalHealth #Wellbeing #MyanmarTelegram #SelfLove https://youtube.com/shorts/APGZSCCOros?feature=shared
တစ်ယောက်နဲ့ စကားပြောချင်လာတဲ့အခါဘယ်သူ့ကိုဖွင့်ပြောရမှန်းမသိဖြစ်နေတဲ့ အခုလိုအကြောင်းအရာတွေအတွက် Mandalay FM, Teen Radio နဲ့ Counselling Corner တို့ရဲ့ Unlock Me အစီစဉ်မှာ ရင်ဖွင့်လို့ရပါပြီ။ ဘယ်လိုရင်ဖွင့်ရမလဲ…? ✨ Mandalay FM, Teen Radio နဲ့ Counselling Corner ရဲ့ Facebook Page တွေမှာ မိမိရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်အခက်အခဲတွေကိုစာရေးပြီး မက်ဆေ့ပေးပို့ရမှာဖြစ်ပါတယ်။ ကျွန်မတို့ Counselling Corner ရဲ့ Counsellors များက သင့်ရဲ့ ရင်ဖွင့်သံတွေကို နားထောင်ပေးဖို့ အသင့်ရှိနေပါတယ်။#fyp #mentalhealthmatters #counsellingcorner #MandalayFM #counsellingcorner #unlockme #mentalhealth