tgindex
T

Thismoment Zone

Статистика
@ThismomentZoneанглийский

A place for soothing mind

Последний пост
15 авг.
Последнее чтение
ещё не заходили
Постов за неделю
4
Всего постов
32
Тип
открытый
Язык
английский
В каталоге с
15 авг.
Подписчики
2 449
+78 за 2 дн.
Сутки
+4
+0,16%
Неделя
 
Месяц
 
Просмотров на пост
1 054
32 постов
Вовлечённость
43,0%
к подписчикам
Постов в день
0,6
всего 32
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
420
1/48двое суток
481
1/72трое суток
519

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • 🅔🅓🅘🅣 သတ်မှတ်လူဦးရေ ပြည့်သွားပြီမို့ Registration ပိတ်ပါပြီရှင်... စိတ်ဝင်တစား လျှောက်ထားကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်...🙏😊 *** 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐎𝐩𝐞𝐧 𝐍𝐨𝐰! အောက်ပါ Google Form လင့်ခ်မှတဆင့် 🎓အခြေခံစိတ်ပညာ ပညာဒါနသင်တန်း (Online Class 2/2026)🎓 အတွက် Registration ပြုလုပ်နိုင်ပါပြီ။ 🤗 👉 https://forms.gle/NgCfXq2RK19qVWsH9 ❗️Form ဖြည့်ရန် မိမိ၏ Google အကောင့်ကို ဝင်ထားဖို့ လိုပါတယ်။ ❗️Email အီးမေးလ်လိပ်စာများကို သေချာစွာ ဖြည့်ပေးပါ။ ❗️ဖြည့်သွင်းထားသော အီးမေးလ်လိပ်စာများထံသို့ Registration Form Copy ပြန်ရောက်လာမှသာ စာရင်းဖြည့်သွင်းခြင်း အောင်မြင်ပါတယ်ခင်ဗျာ။ ဒီသင်တန်းလေးဟာဆိုရင် စိတ်ဝင်စားသူအရမ်းများပြားတဲ့အတွက် အချိန်ပိုင်းအတွင်း သတ်မှတ်လူဦးရေ ပြည့်သွားတတ်တာကြောင့် registration link ရရခြင်း အချက်အလက်များဖြည့်၍ ပေးပို့လျှောက်ထားရမှာပါ။ လူဦးရေ (၁၀၀) လက်ခံမှာဖြစ်ပြီး သတ်မှတ်လူဦးရေပြည့်တာနဲ့ Form ကို ပြန်လည်ပိတ်သွားမှာပါခင်ဗျ။ ✨ ဆရာတော် အရှင်နန္ဒာစာရက ကြီးမှူးဦးဆောင်ပြီး 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 အဖွဲ့ဝင်များမှ အချိန်၊ လုပ်အားဒါန ပါဝင်လှူဒါန်းမျှဝေတဲ့ ပညာဒါနသင်တန်း ဖြစ်တဲ့အပြင် သင်တန်းကာလ စုစုပေါင်း ရက်သတ္တပတ် (၆)ပတ် ကြာမြင့်မှာ ဖြစ်ပါတယ်။ ✨ ဆရာတော်ဘုရားရဲ့ စေတနာသဒ္ဓါတရားနဲ့ အချိန်ပေးအားစိုက်ထုတ်၍ ပညာဒါနမျှဝေပေးခြင်းအပေါ် ရိုသေလေးစားသော အားဖြင့်လည်းကောင်း၊ သင်တန်းတက်ရောက်သူ တစ်ဦးချင်းစီရဲ့ သင်ယူလေ့လာမှုမှာ အကျိုးရှိ ထိရောက်စေဖို့အတွက်ပါ သင်တန်းအဆုံးအထိ ပါဝင်နိုင်မှု commitment ပေးနိုင်မှ လျှောက်ထားပေးကြဖို့ မေတ္တာရပ်ခံပါတယ်ဗျ။ သင်တန်းအကြောင်း အသေးစိတ်ကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/share/p/1HueL9cVFC/ 𝗣𝗹𝗲𝗮𝘀𝗲 𝗷𝗼𝗶𝗻 𝗼𝘂𝗿 𝗰𝗵𝗮𝗻𝗻𝗲𝗹𝘀 𝗳𝗼𝗿 𝘂𝗽𝗱𝗮𝘁𝗲𝘀... ⬇️ ⬇️ ⬇️ Telegram: https://t.me/ThismomentZone YouTube: https://www.youtube.com/@ThismomentZone Instagram: https://instagram.com/thismomentzone Facebook: https://www.facebook.com/ThismomentZone #thismomentzone #buddhistpsychotherapy #vennandacara #psychologytraining #mentalhealth #psychoeducation #mentalwellbeing #mindfulness

  • без подписи

  • 🅔🅓🅘🅣 သတ်မှတ်လူဦးရေ ပြည့်သွားပြီမို့ Registration ပိတ်ပါပြီရှင်... စိတ်ဝင်တစား လျှောက်ထားကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်...🙏😊 *** 🎓အခြေခံစိတ်ပညာ ပညာဒါနသင်တန်း 🎓 (Online Class 2/2026) မင်္ဂလာပါခင်ဗျာ 😃 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 မှ... အရှင်နန္ဒာစာရ (PhD) ဦးဆောင်သင်ကြားပေးတဲ့ "အခြေခံစိတ်ပညာ ပညာဒါနသင်တန်း "𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐭𝐨 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲" ကို သင်ခန်းစာများလေ့လာရာတွင် အချိန် flexible ဖြစ်ဖြစ်၊ video recordings များနဲ့ လေ့လာနိုင်ပြီး... ဆရာတော်နှင့် zoom session မှာ အမေးအဖြေပြန်ဆွေးနွေးနိုင်မဲ့ ပုံစံနဲ့ ထပ်မံဖွင့်လှစ်မှာ ဖြစ်ပါတယ်။ 🎯 ဒီသင်တန်းလေးရဲ့ ရည်ရွယ်ချက်ကတော့ အနောက်တိုင်းစိတ်ပညာကို စနစ်တကျ လေ့လာလိုသူများ၊ သုတေသနနယ်ပယ်မှာ ခြေချ၍ အသေးစိတ်လေ့လာလိုသူများအတွက် အခြေခံရစေဖို့... စိတ်ပညာရဲ့ သဘောသဘာဝများကို သိရှိပြီး လူ့အဖွဲ့အစည်းအတွင်း ကရုဏာကို အခြေခံတဲ့အသိပညာများ ပြန့်ပွားစေဖို့... ဖြစ်ပါတယ်။ 🔰 ဘယ်သူတွေ တက်ရောက်သင့်ပါလဲ? ✨ အနောက်တိုင်းစိတ်ပညာအကြောင်း အခြေခံကစ၍ သိရှိလိုသူများ ✨ စိတ်ပညာကို စိတ်ဝင်စား၍ နေ့စဉ်ဘဝမှာ မှန်မှန်ကန်ကန်အသုံးချလိုသူများ တက်ရောက်သင့်ပါတယ်။ 🔰 သင်တန်းစာများကို ဘယ်လိုလေ့လာရမလဲ? အပတ်စဉ် တနင်္လာနေ့တိုင်း ထိုတစ်ပတ်အတွက် လေ့လာရမဲ့ သင်ခန်းစာ(၂)ခုကို Google classroom မှာ လင့်ခ်များ ဖွင့်ပေးမှာပါ။ တစ်ပတ်အတွင်း ကိုယ်အဆင်ပြေတဲ့အချိန်မှာ ဝင်ရောက်လေ့လာနိုင်ပါမယ်။ သင်ခန်းစာတစ်ခုအတွက် ပျှမ်းမျှ (၂)နာရီနှုန်းနဲ့ လေ့လာပြီး ထိုသင်ခန်းစာနှင့်သက်ဆိုင်သော အမေးအဖြ quizzes များကို ပေးထားတဲ့ google form link များမှတဆင့် ဖြေပေးရမှာ ဖြစ်ပါတယ်။ ‼️တစ်ပတ်အတွက် လေ့လာရန်ဖြစ်သော သင်ခန်းစာ(၂)ခုရဲ့ quizzes များကို ဖြေဆိုပြီးချိန်မှ နောက်တစ်ပတ်တနင်္လာနေ့မှာ နောက်ထပ်သင်ခန်းစာဗီဒီယိုလင့်ခ်များ ထပ်မံရရှိမှာပါ။ ‼️သင်ခန်းစာအားလုံးတွင် အနောက်တိုင်းစိတ်ပညာဆိုင်ရာ ဝေါဟာရအသုံးအနှုံးများ ပါဝင်မှာဖြစ်လို့ အခြေခံအင်္ဂလိပ်ဘာသာ နားလည်တတ်ကျွမ်းမှု လိုအပ်ပါတယ်။ 🔰 သင်တန်းကာလ? ၂ဝ၂၆ သြဂုတ် (၁၇)ရက်နေ့မှာ စတင်ပြီး စက်တင်ဘာလ (၂၅)ရက်မှာ ပြီးဆုံးမှာဖြစ်လို့၊ သင်တန်းကာလမှာ ရက်သတ္တပတ် (၆)ပတ်နီးပါး ကြာမြင့်မှာဖြစ်ပါတယ်။ ‼️အတန်းအတွက် Orientation Day၊ ဆရာတော် အရှင်နန္ဒာစာရနှင့် အမေးအဖြေအတွက် Zoom session (၂)ချိန် စုစုပေါင်း Zoom session (၃)ခုကိုလည်း တက်ရောက်ပေးဖို့ လိုအပ်ပါတယ်။ 🔰 သင်တန်းဘယ်လိုအပ်ရမလဲ? သင်တန်းအတွက် Registration Form ကို ယနေ့ည 👉 သြဂုတ် (၁၅)ရက် ည(၇)နာရီ 👈မှာ 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 ရဲ့ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 နဲ့ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 များကနေပြီး တပြိုင်တည်း ဖွင့်လှစ်ပေးမှာပါ။ သင်တန်းသားဦးရေ (၁၀၀)သာ လက်ခံမှာမို့ သတ်မှတ်လူဦးရေပြည့်တာနဲ့ Form ကို ပြန်လည်ပိတ်သွားမှာဖြစ်ပါတယ်။ မြန်မြန်လျှောက်ထားဖို့နဲ့ Registration Post လေးကို မလွတ်သွားရအောင် 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 𝐏𝐚𝐠𝐞 ကို စောင့်ကြည့်နေပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ဗျ။ သိချင်တာများရှိရင်တော့ 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 Facebook Messenger ကတဆင့် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 🤗 𝗣𝗹𝗲𝗮𝘀𝗲 𝗷𝗼𝗶𝗻 𝗼𝘂𝗿 𝗰𝗵𝗮𝗻𝗻𝗲𝗹𝘀 𝗳𝗼𝗿 𝘂𝗽𝗱𝗮𝘁𝗲𝘀... ⬇️ ⬇️ ⬇️ Telegram: https://t.me/ThismomentZone YouTube: https://www.youtube.com/@ThismomentZone Instagram: https://instagram.com/thismomentzone Facebook: https://www.facebook.com/ThismomentZone #thismomentzone #vennandacara #psychologytraining #mentalhealth #psychoeducation #mentalwellbeing

  • 29 апр.1 63540

    🅔🅓🅘🅣 သတ်မှတ်လူဦးရေ ပြည့်သွားပြီမို့ Registration ပိတ်ပါပြီရှင်... စိတ်ဝင်တစား လျှောက်ထားကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်...🙏😊 *********** အခြေခံ ဗုဒ္ဓစိတ်ကုထုံး ပညာဒါနသင်တန်း (Online Class 1/2026) မင်္ဂလာပါခင်ဗျာ 😃 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 ကနေ ✨အရှင်နန္ဒာစာရ✨ သင်ကြားမျှဝေပေးနေတဲ့ အခြေခံ ဗုဒ္ဓစိတ်ကုထုံး ပညာဒါနသင်တန်း "Introduction to Buddhist Psychotherapy" ကို သင်ခန်းစာများလေ့လာရာတွင် အချိန် flexible ဖြစ်ဖြစ်၊ video recordings များနဲ့ လေ့လာနိုင်ပြီး... ဆရာတော်နှင့် zoom session မှာ အမေးအဖြေပြန်ဆွေးနွေးနိုင်မဲ့ ပုံစံအသစ်နဲ့ ထပ်မံဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ 🎯 ဒီသင်တန်းလေးရဲ့ ရည်ရွယ်ချက်ကတော့ ဗုဒ္ဓစိတ်ကုထုံးပညာရပ်ကို စနစ်တကျ လေ့လာလိုသူများ၊ သုတေသနနယ်ပယ်မှာ ခြေချ၍ အသေးစိတ်လေ့လာလိုသူများအတွက် အခြေခံရစေဖို့... ဗုဒ္ဓစာပေများကို စိတ်ကုထုံးပညာရှုထောင့်ကနေ လေ့လာနိုင်ပြီး လူ့အဖွဲ့အစည်းအတွင်း ကရုဏာကို အခြေခံတဲ့အသိပညာများ ပြန့်ပွားစေဖို့... ဖြစ်ပါတယ်။ 🔰 ဘယ်သူတွေ တက်ရောက်သင့်ပါလဲ? - ဗုဒ္ဓစိတ်ကုထုံးအကြောင်း အခြေခံကစ၍ သိရှိလိုသူများ - စိတ်ပညာကို စိတ်ဝင်စား၍ နေ့စဉ်ဘဝမှာ မှန်မှန်ကန်ကန်အသုံးချလိုသူများ တက်ရောက်သင့်ပါတယ်။ 🔰 သင်တန်းအတွက် လိုအပ်ချက်? - ဗုဒ္ဓစိတ်ကုထုံး ပညာရပ်ကို လေ့လာဖို့ရန် အခြေခံစိတ်ပညာအကြောင်း သိနားလည်မှု လိုအပ်တဲ့အတွက် psychology basic knowledge ရှိကြောင်း evidence အဖြစ် certificate တစ်ခုခုကို ပူးတွဲပေးပို့ လျှောက်ထားရန် လိုအပ်ပါတယ်။ အခြေခံစိတ်ပညာသင်တန်း အနည်းဆုံး (၅)ရက်နှင့်အထက် သင်တန်းဖြစ်ရန်လိုပါတယ်။ Short course၊ Webinar၊ Workshop Certificates များ မပါဝင်ပါဘူး။ - ဒ့ါအပြင် သင်တန်းအတွက် သတ်မှတ်ပေးထားတဲ့ စာအုပ်တစ်အုပ်ကိုလည်း ကြိုတင်ဖတ်ရှုရမှာပါ။ 🔰 သင်တန်းစာများကို ဘယ်လိုလေ့လာရမလဲ? - အပတ်စဉ် တနင်္လာနေ့တိုင်း ထိုတစ်ပတ်အတွက် လေ့လာရမဲ့ သင်ခန်းစာ(၂)ခုကို Google classroom မှာ လင့်ခ်များ ဖွင့်ပေးမှာပါ။ တစ်ပတ်အတွင်း ကိုယ်အဆင်ပြေတဲ့အချိန်မှာ ဝင်ရောက်လေ့လာနိုင်ပါမယ်။ သင်ခန်းစာတစ်ခုအတွက် ပျှမ်းမျှ (၂)နာရီနှုန်းနဲ့ လေ့လာပြီး ထိုသင်ခန်းစာနှင့်သက်ဆိုင်သော အမေးအဖြ quizzes များကို ပေးထားတဲ့ google form link များမှတဆင့် ဖြေပေးရမှာ ဖြစ်ပါတယ်။ တစ်ပတ်အတွက် လေ့လာရန်ဖြစ်သော သင်ခန်းစာ(၂)ခုရဲ့ quizzes များကို ဖြေဆိုပြီးချိန်မှ နောက်တစ်ပတ်တနင်္လာနေ့မှာ နောက်ထပ်သင်ခန်းစာဗီဒီယိုလင့်ခ်များ ထပ်မံရရှိမှာပါ။ - အတန်းအတွက် Orientation Day၊ ဆရာတော် အရှင်နန္ဒာစာရနှင့် အမေးအဖြေအတွက် Zoom session (၂)ချိန် စုစုပေါင်း Zoom session (၃)ခုကိုလည်း တက်ရောက်ပေးဖို့ လိုအပ်ပါတယ်။ 🔰 သင်တန်းကာလ? ၂ဝ၂၆ မေလ (၄)ရက်နေ့မှာ စတင်ပြီး ဇွန်လ (၁၂)ရက်မှာ ပြီးဆုံးမှာဖြစ်လို့၊ သင်တန်းကာလမှာ ရက်သတ္တပတ် (၆)ပတ်နီးပါး ကြာမြင့်မှာ ဖြစ်ပါတယ်။ 🔰 သင်တန်းဘယ်လိုအပ်ရမလဲ? သင်တန်းအတွက် အောက်တွင်ပေးထားသော Registration Form Link ကနေ စာရင်းပေးသွင်းနိုင်ပါတယ်။ 👉🏻  https://forms.gle/G8XXDRnnqsaq5X1T8 သင်တန်းအတွက် သိချင်တာများရှိရင် admin တို့ကို မေးမြန်းနိုင်ပါတယ်။ ကျေးဇူးပါခင်ဗျ။

  • 27 мар.1 70632

    без подписи

  • 27 мар.1 56121

    𝐖𝐨𝐫𝐝𝐬 𝐨𝐟 𝐖𝐢𝐬𝐝𝐨𝐦 [Live & Zoom Q&A] "နေ့စဉ်ဘဝထဲက နီဝရဏ" ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ဉာဏ်ပညာများစွာရှိပါတယ်။ ဒီ Program လေးကနေ သင်ယူလေ့လာမှုနဲ့ ကိုယ်ပိုင်အတွေ့အကြုံ အတွေးအခေါ်ပေါ် အခြေခံတဲ့ အများအတွက် အကျိုးရှိအထောက်အပံ့ဖြစ်စေမဲ့ အယူအဆသဘောတရားတွေကို နားထောင်နိုင်စေရန်၊ စူးစမ်းချင်မှုနဲ့ လေးလေးနက်နက် ဆင်ခြင်သုံးသပ်နိုင်စေရန် ရည်ရွယ်ပါတယ်။ အခုလာမဲ့ မတ်လ (၂၉)ရက်၊ တနင်္ဂနွေနေ့မှာ 𝐖𝐨𝐫𝐝𝐬 𝐨𝐟 𝐖𝐢𝐬𝐝𝐨𝐦 Program လေး ရှိပါတယ်ခင်ဗျာ။ ဖိတ်ခေါ်ထားတဲ့ guest speaker ကတော့... ကျင့်ဝတ်၊ နီတိနဲ့ တန်ဖိုးထားများ (Ethics, Morality, and Values)ကို အဓိကထားတဲ့ ဒဿနအခြေပြု တိုင်ပင်ဆွေးနွေးခြင်း (Philosophical Practice) ကို လုပ်နေတဲ့ "ကိုဝေလင်း" ဖြစ်ပါတယ်။ ကိုဝေလင်းက... 𝑩𝒂𝒄𝒉𝒆𝒍𝒐𝒓 𝒐𝒇 𝑷𝒉𝒊𝒍𝒐𝒔𝒐𝒑𝒉𝒚, 𝒎𝒊𝒏𝒐𝒓 𝒊𝒏 𝑷𝒔𝒚𝒄𝒉𝒐𝒍𝒐𝒈𝒚 - 𝑲𝒂𝒕𝒉𝒐𝒍𝒊𝒆𝒌𝒆 𝑼𝒏𝒊𝒗𝒆𝒓𝒔𝒊𝒕𝒆𝒊𝒕 𝑳𝒆𝒖𝒗𝒆𝒏, 𝑩𝒆𝒍𝒈𝒊𝒖𝒎 𝑪𝒆𝒓𝒕𝒊𝒇𝒊𝒄𝒂𝒕𝒆 𝒊𝒏 𝑷𝒉𝒊𝒍𝒐𝒔𝒐𝒑𝒉𝒊𝒄𝒂𝒍 𝑺𝒌𝒊𝒍𝒍𝒔 𝒂𝒏𝒅 𝑨𝒕𝒕𝒊𝒕𝒖𝒅𝒆𝒔 – 𝑰𝒏𝒔𝒕𝒊𝒕𝒖𝒕𝒆 𝒐𝒇 𝑷𝒉𝒊𝒍𝒐𝒔𝒐𝒑𝒉𝒊𝒄𝒂𝒍 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆𝒔, 𝑭𝒓𝒂𝒏𝒄𝒆 𝑴𝒂𝒔𝒕𝒆𝒓 𝒊𝒏 𝑪𝒐𝒎𝒎𝒖𝒏𝒊𝒄𝒂𝒕𝒊𝒐𝒏 𝒂𝒏𝒅 𝑬𝒅𝒖𝒄𝒂𝒕𝒊𝒐𝒏 - 𝑼𝒏𝒊𝒗𝒆𝒓𝒔𝒊𝒕𝒂𝒕 𝑨𝒖𝒕𝒐𝒏𝒐𝒎𝒂 𝒅𝒆 𝑩𝒂𝒓𝒄𝒆𝒍𝒐𝒏𝒂, 𝑺𝒑𝒂𝒊𝒏 𝑫𝒊𝒑𝒍𝒐𝒎𝒂 𝒊𝒏 𝑴𝒆𝒄𝒉𝒂𝒕𝒓𝒐𝒏𝒊𝒄𝒔 𝒂𝒏𝒅 𝑹𝒐𝒃𝒐𝒕𝒊𝒄𝒔 – 𝑺𝒊𝒏𝒈𝒂𝒑𝒐𝒓𝒆 𝑷𝒐𝒍𝒚𝒕𝒆𝒄𝒉𝒏𝒊𝒄, 𝑺𝒊𝒏𝒈𝒂𝒑𝒐𝒓𝒆 𝑪𝒆𝒓𝒕𝒊𝒇𝒊𝒄𝒂𝒕𝒆𝒔 𝒊𝒏 𝑭𝒖𝒕𝒖𝒓𝒆𝒔 𝑻𝒉𝒊𝒏𝒌𝒊𝒏𝒈 – 𝑰𝒏𝒔𝒕𝒊𝒕𝒖𝒕𝒆 𝒇𝒐𝒓 𝒕𝒉𝒆 𝑭𝒖𝒕𝒖𝒓𝒆𝒔, 𝑼𝑺𝑨 အစရှိတဲ့ qualification တွေ ပိုင်ဆိုင်ထားသူပါ။ လက်ရှိမှာလည်း 𝗣𝗵𝗶𝗹𝗼𝘀𝗼𝗽𝗵𝗶𝗰𝗮𝗹 𝗖𝗼𝘂𝗻𝘀𝗲𝗹𝗹𝗼𝗿 တစ်ယောက်အနေနဲ့ စဉ်းစားတွေးခေါ်ခြင်းနဲ့ ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်ခြင်း (Thinking and Analysis Approach) နည်းစနစ်ကိုသုံးပြီး တစ်ဦးချင်းသီးသန့် တိုင်ပင်ဆွေးနွေးခြင်းများ ပေးခြင်း၊ Online workshop များနှင့် webinar များတွင် ဦးဆောင်ဆွေးနွေးခြင်းများ ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒီအစီအစဥ်လေးမှာ 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 မှ "ဆရာတော် အရှင်နန္ဒာစာရ (PHD)"ကလည်း "ကိုဝေလင်း" နဲ့အတူ အားဖြည့်ပါဝင် ပေးသွားမှာပါဗျ။ ဒီ Webinar မှာ ဆွေးနွေးမဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆရာကိုဝေလင်း ပြောပြတာက... နီဝရဏ သို့ ပိတ်ဆို့စေသောအရာများအကြောင်း ဘာကိုနဲ့ ဘယ်လို ပိတ်ဆို့စေတာလည်းဆိုတော့... ❗ကောင်းစွာဆင်ခြင်နိုင်ခြင်းနဲ့ အမှန်ကိုမြင်နိုင်စေသော တရားများဆီကို မရောက်အောင် တားဆီးပိတ်ဆို့ထားတာဖြစ်တယ်။ ❗မြင်နိုင်စွမ်း၊ သတိ၊ ဆင်ခြင်နိုင်စွမ်း တွေကို လျော့စေတဲ့ နေ့စဉ်ဘဝထဲက သိပ်ဂရုမစိုက်ပဲ ပေါ့ပေါ့ပဲ ထားမိတဲ့ အရာတွေဖြစ်တယ်။ ❗အရာရာကို ချည်းကပ်တဲ့နေရာမှာ မရှိမဖြစ် အရေးပါတဲ့ အကြည် ဓါတ်ကို နည်းသွားစေတဲ့ နီဝရဏတွေဖြစ်တယ်။ ❗ထိနမိဒ္ဓလိုမျိုး လေးလံထိုင်းမှိုင်းမှုမျိုးကနေ၊ ပျံ့လွင့်မှု၊ မဝေခွဲနိုင်မှု အစရှိတဲ့ မျက်စိအောက်မှာတင် လက်ပွန်းတတီးရှိနေတဲ့ အရာတွေပါတယ်။ ❗shopping လုပ်တာတွေမှာ ပျော်ပြီး မေ့မျောနေတာ၊ အစားအသောက်အမျိုးမျိုးနောက်ကို တမေ့တမောလိုက်နေမိတာ၊ ဆိုရှယ်မီဒီယာမှာ scrolling လုပ်ရင်း အတိုင်းအဆမဲ့ ပျံ့လွင့်နေမိတာ... အစရှိသဖြင့် နေ့စဉ်ဘဝထဲမှာပဲ နီးနီးကပ်ကပ် ရှိနေကြတယ်။ အမှန်တရားနဲ့ဝေးစေတဲ့အရာဆိုတော့ အရေးကြီးပေမဲ့ နေ့စဉ်ဘဝထဲမှာတင်ပဲ ရှိနေတတ်တော့ သတိမမူမိကြဘူး။ ငါးပါးသီလလို မဖြစ်နေစောင့်ထိန်းအပ်သောလို့လည်း အကြံမပြုထားတော့ ပေါ့ပေါ့ပါးပါးပဲ ထားတတ်ကြတယ်။ ဒီလို သိပ်အရေးမကြီးတဲ့ တနေ့နည်းနည်းချင်းစီဆိုတာတွေကပဲ စုစုလာရင် ကြီးသွားပြီး ဆင်းရဲဒုက္ခတွေဖြစ်ဖို့ အထောက်အပံ့ဖြစ်လာစေနိုင်တယ်။ အမှန်တရားစီကနေ ဝေးသွားတတ်ပါတယ်.... တဲ့။ စိတ်ဝင်စားစရာ အရမ်းကောင်းတာမို့ ကိုယ်တိုင် လာရောက်နားထောင်နိုင်ပါတယ်။ ပုံမှန်အားဖြင့် 𝐖𝐨𝐫𝐝𝐬 𝐨𝐟 𝐖𝐢𝐬𝐝𝐨𝐦 အစီအစဥ်ကို Live အနေနဲ့သာ စီစဥ်ပေးလေ့ရှိပေမဲ့ ဒီတစ်ခါမှာ ကိုယ်တိုင်သိချင်တာလေးတွေ မေးမြန်းနိုင်ဖို့ Zoom Q&A အစီအစဥ်လေးလည်း ပါဝင်မှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများ အောက်ပါလင့်ခ်ကနေ စာရင်းပေးသွင်းနိုင်ပါတယ်ဗျ။ 👉 https://forms.gle/tP1jymbkkvWAF7RK9 အတွေးအခေါ်အသစ်၊ အမြင်အသစ်တွေကို ရရှိဖလှယ်နိုင်စေဖို့ 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 ရဲ့ 𝐖𝐨𝐫𝐝𝐬 𝐨𝐟 𝐖𝐢𝐬𝐝𝐨𝐦 Live & Webinar အစီအစဉ်လေးကို စောင့်မျှော်ကြည့်ရှုဖို့ မမေ့ပါနဲ့ခင်ဗျာ။ 𝘿𝙖𝙩𝙚: 29 March 2026 (Sunday) 𝙏𝙞𝙢𝙚: 7:00 PM to 8:30 PM (Myanmar Time) 𝙋𝙡𝙖𝙩𝙛𝙤𝙧𝙢: Facebook Live & Zoom #ThismomentZone #MentalWellbeing #MentalHealing #MentalHealthAwareness #Webinar #Mindfulness

  • 14 мар.1 21224

    без подписи

  • 14 мар.1 18919

    ✨စောင့်ရှောက်သူတို့အား စောင့်ရှောက်ခြင်း ✨ အခြားသူတွေကို နွေးထွေးတဲ့ အရိပ်အာဝါသ ပေးနိုင်ဖို့ဆိုရင် ကိုယ်တိုင်လည်း အင်အားတွေ ပြည့်နေဖို့ လိုအပ်ပါတယ်။ တစ်ဖက်သားကို ပြုစုစောင့်ရှောက်ရင်းနဲ့ ကိုယ့်ရဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို မရည်ရွယ်ဘဲ မျက်ကွယ်ပြုထားမိတဲ့ စောင့်ရှောက်သူ Caregivers တိုင်းအတွက် မိမိကိုယ်ကို ပြန်လည်ကုစားခြင်းက အတ္တဆန်တာမဟုတ်ဘဲ ရှေ့ဆက်ဖို့အတွက် ခွန်အားဖြည့်တင်းခြင်းသာ ဖြစ်ကြောင်း ပြန်သတိရဖို့၊ နာကျင်မှုတွေကို မျှဝေရင်း တစ်ဦးကိုတစ်ဦး ဖေးမကူညီနိုင်တဲ့ အင်အားတွေ ပြန်လည်ရရှိဖို့ 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 သုံးနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ပြုလုပ်မဲ့ ✨စောင့်ရှောက်သူတို့အား စောင့်ရှောက်ခြင်း ✨ Facebook Live ကို လာရောက်နားထောင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ 🤗 ၁၉၈၉ ခုနှစ်ကတည်းက ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ပြည်တွင်း၊ ပြည်ပ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများစွာနှင့် ပူးပေါင်းကာ ရွှေ့ပြောင်းနေထိုင်သူများနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် တစိုက်မတ်မတ် ကူညီဆောင်ရွက်ပေးလာခဲ့သူ ✨ဒေါက်တာညွှန့်နိုင်သိန်း DSW, MBBS, MCTM, MEd (Counselling), MPH, DrPH✨ ကို ဒီ Webinar (Live) အတွက် special guest အနေနဲ့ ဖိတ်ခေါ်ထားပါတယ်။ 😃 ဆရာကြီးက လက်ရှိမှာလည်း အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) များစွာ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ကူညီပေးနေသလို၊ ထိုင်း-မြန်မာနယ်စပ်ရှိ စိတ်ကျန်းမာရေးဝန်ထမ်းများနှင့် အခြေခံအဆင့် နှစ်သိမ့်ဆွေးနွေးသူ Lay Counsellors များအတွက် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးရာပံ့ပိုးမှု MHPSS သင်တန်းများ ပေးခြင်းနှင့် လမ်းညွှန်မှု Mentoring ပေးခြင်းတို့ကိုလည်း အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိသူပါ။ Lay Counsellor တစ်ဦးအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲဖြစ်နေသူများကို အကူအညီပေးနေသလို၊ Insight Dialogue Practice Facilitator တစ်ဦးအနေနဲ့ Mindfulness-based session များကို အများအတွက် ပြုလုပ်ပေးနေသူ 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 ရဲ့ Founding Member တစ်ဦးဖြစ်တဲ့ ✨မအေမီ✨ကလည်း ဒီအစီအစဥ်လေးမှာ ဆရာကြီးနှင့်အတူ ပါဝင်သွားမှာ ဖြစ်ပါတယ်။ အားလုံးနဲ့အတူ 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 ဆိုတဲ့ အသိုင်းအဝိုင်းလေး ပေါ်ပေါက်လာခဲ့တာ (၃)လပိုင်း (၃)ရက်နေ့မှာ 🎊သုံးနှစ်တိတိ🎊 ရှိခဲ့ပြီ ဖြစ်ပါတယ်။ 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 အဖွဲ့သားများအနေနဲ့ ယခုအချိန်အထိ အားလုံးနဲ့အတူ ဒီခရီးလမ်းမှာ လျှောက်လှမ်းဖို့ အခွင့်အရေးရှိနေဆဲ ဖြစ်တဲ့အတွက်လည်း အလွန်တရာမှပဲ ဝမ်းမြောက်ရပါတယ်ရှင်။ တခြားစိတ်ဝင်စားသူတွေလည်း ဒီပွဲလေးကို မလွတ်သွားရအောင် အဆင်ပြေမယ်ဆိုရင် ဒီpost လေးကိုလည်း like & share ပေးပါဦးနော်။ 🤗 𝑆̰𝑒̰𝑒̰ 𝑦̰𝑜̰𝑢̰ 𝑎̰𝑙̰𝑙̰. 𝗗𝗮𝘁𝗲: 15 Mar 2026 (Sunday) 𝗧𝗶𝗺𝗲: 2:30~3:30 PM (Myanmar Time) 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺: FB Live #thismomentzone #3rdAnniversaryCelebration #mentalwellbeing #mentalhealing #mentalhealthawareness #freewebinarlive

  • 3 мар.1 283

    без подписи

  • 3 мар.1 29644

    без подписи

  • 3 мар.1 24833

    🎊 သုံးနှစ်ပြည့် 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 🎊 ၃ရက် ၃လ ၂၀၂၃ ခုနှစ်မှာ စတင်တဲ့ 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 ဆိုတဲ့ အဖွဲ့အစည်းလေးဟာ အခုဆို (၃)နှစ်တာ ကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ရည်ရွယ်ရင်းဖြစ်တဲ့ ပင်ပန်းခက်ခဲစွာ ရုန်းကန်လှုပ်ရှားရမှုတွေအလယ်မှာ သတိရှိရှိနဲ့ နေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာငြိမ်းအေးမှုလေးတွေ ရရှိနိုင်ဖို့ရာ ✨ဆရာတော် အရှင်နန္ဒာစာရ✨ရဲ့ ဦးဆောင်မှုအောက်မှာ အဖွဲ့ဝင်အားလုံးလက်တွဲပြီး ကြိုးစားခဲ့ကြပါတယ်။ လက်ရှိအချိန်အထိ... ✨ Social media platform တွေကနေတဆင့် စိတ်နဲ့ရုပ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုအတွက် သတိအသိဖြစ်ပေါ်စေမဲ့ contents၊ webinar/ workshop/ live talk များစွာ မျှဝေခြင်း ✨ 𝐒𝐩𝐢𝐫𝐢𝐭𝐮𝐚𝐥 𝐎𝐚𝐬𝐢𝐬 ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ “𝑴𝒊𝒏𝒅𝒇𝒖𝒍 𝑩𝒐𝒅𝒚 𝑺𝒄𝒂𝒏𝒏𝒊𝒏𝒈 𝑺𝒆𝒔𝒔𝒊𝒐𝒏”, “𝑴𝒊𝒏𝒅𝒇𝒖𝒍 𝑻𝒆𝒂 𝑫𝒓𝒊𝒏𝒌𝒊𝒏𝒈 𝑺𝒆𝒔𝒔𝒊𝒐𝒏”, “𝑺𝒖𝒑𝒑𝒐𝒓𝒕 𝑮𝒓𝒐𝒖𝒑” စသဖြင့် Mindfulness practice session များစွာ ပြုလုပ်ပေးခြင်း တို့အပြင် ✨ ဆရာတော် အရှင်နန္ဒာစာရရဲ့ online classes တွေဖြစ်တဲ့ 🔹𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐭𝐨 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 (အခြေခံစိတ်ပညာ ပညာဒါနသင်တန်း) 🔹𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐭𝐨 𝐁𝐮𝐝𝐝𝐡𝐢𝐬𝐭 𝐏𝐬𝐲𝐜𝐡𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 (အခြေခံဗုဒ္ဓစိတ်ကုထုံး ပညာဒါနသင်တန်း) 🔹𝐇𝐮𝐦𝐚𝐧𝐢𝐬𝐭𝐢𝐜 𝐄𝐥𝐞𝐦𝐞𝐧𝐭𝐬 𝐨𝐟 𝐁𝐮𝐝𝐝𝐡𝐢𝐬𝐦 ...စတဲ့ စိတ်ပိုင်းဆိုင်ရာ ပညာဒါနသင်တန်းများစွာတို့ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 ရဲ့ ဖြတ်သန်းမှုမိုင်တိုင်လေးတွေ အဖြစ်... 🌱ပထမနှစ် anniversary အထိမ်းအမှတ်အဖြစ် သားငယ်စာပေမှ ထုတ်ဝေခဲ့တဲ့ “သတိ ၁၀၀” 🌱ဒုတိယနှစ် anniversary အထိမ်းအမှတ်အဖြစ် စာရိပ်မြိုင်စာပေမှ ထုတ်ဝေခဲ့တဲ့ “ကောင်းမှုဒိုင်ယာရီ” တို့ ထွက်ရှိခဲ့တဲ့အပြင်... 🌱တတိယနှစ် anniversary special release အဖြစ် 𝐃𝐡𝐚𝐦𝐦𝐚 𝐉𝐚𝐫 လေးကိုလည်း မနက်ဖြန်မှာစပြီး မှာယူနိုင်ဖို့ စီစဥ်ထားပါသေးတယ်။ (အမှတ်တရ မှာယူချင်သူများအနေနဲ့ သီးသန့်ပို့ဒ်လေးမှာ ကြည့်ပေးပါ) အခုအချိန်အထိ ပညာလုပ်အားဒါနပြုရင်း လက်တွဲအလုပ်လုပ်ခဲ့တဲ့ 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 အဖွဲ့သားများ ၂၀၂၆ ဇန်နဝါရီနှစ်ဦး ဘန်ကောက်မြို့မှာ ဆုံတွေ့ခွင့် ရခဲ့ပါတယ်။ အဖွဲ့သားတွေအပြင် 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 နဲ့အတူ ဒီခရီးမှာ အတူဖြတ်သန်းခဲ့ကြတဲ့ မိတ်ဆွေတွေနဲ့လည်း တွေ့ဆုံခွင့်ရခဲ့တာမို့ ဝမ်းသာစွာ မမေ့နိုင်စရာပါပဲ။ ဒီ (၃)နှစ်တာ ကာလအတွင်းမှာ လူတွေအများကြီးရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေအတွက် အကျိုးတွေ၊ အသိပညာတွေ ဆောင်ကြဉ်းပေးနိုင်ခဲ့တာအတွက် အင်မတန် ဝမ်းမြောက်ဝမ်းသာဖြစ်ရပြီး ဂုဏ်ယူအားရမိပါတယ်။ နောက်ထပ်လည်း ဒီထက်ပိုပြီး အားစိုက်ကြိုးစား လုပ်ဆောင်သွားဦးမှာပါ။ ဒီနှစ်အတွင်း ထပ်မံပြုလုပ်ပေးမဲ့ ပညာဒါနသင်တန်းတွေ၊ အစီအစဉ်တွေ တန်းစီထားပြီးသားမို့ မလွတ်သွားရအောင် page လေးမှာ စောင့်ကြည့်ပေးနေပါနော်။ အခုလိုရှေ့ဆက်နိုင်ဖို့ ခွန်အားတွေဖြစ်အောင် အားပေးခဲ့ကြတဲ့သူ အယောက်စီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ အားလုံးလည်း ထပ်တူ ဝမ်းမြောက်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာချမ်းသာ၍ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေရှင်။ 🙏🙏🏻🙏🏻 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 𝐓𝐞𝐚𝐦 𝟑.𝟑.𝟐𝟎𝟐𝟔 #thismomentzone #3rdAnniversaryCelebration #vennandacara #mentalwellbeing #mentalhealing #mentalhealthawareness

  • без подписи

  • ✨𝐄𝐦𝐨𝐭𝐢𝐨𝐧 𝐑𝐞𝐟𝐥𝐞𝐜𝐭𝐢𝐨𝐧 𝐰𝐢𝐭𝐡 𝐃𝐡𝐚𝐦𝐦𝐚 ✨ လူသားမှန်ရင် စိတ်ခံစားချက်ဆိုတာ ရှိစမြဲပါ။ စိတ်ခံစားချက်မရှိချင်ဘူးရယ်လို့ ဖယ်ထုတ်လွှင့်ပစ်လိုက်လို့ မရသလို၊ စိတ်ခံစားချက်ကို မမှန်ကန်တဲ့နည်းလမ်းမျိုးတွေနဲ့ ရှောင်လွှဲဖိသိပ်နေမယ်ဆိုရင်လည်း နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်သက်ရောက်လာတာတွေ အများကြီး ဖြစ်နိုင်ပါတယ်။ 🔹ဒါဆို စိတ်ခံစားချက်တွေကို နားလည်သဘောက်ပေါက်အောင် ဓမ္မအမြင်ဘက်ကနေ ဘယ်လိုသုံးသပ်ချဥ်းကပ်ကြမလဲ။ 🔹မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ကြမလဲ။ ဒီအကြောင်းအရာလေးတွေကို စိတ်ဝင်စားတယ်ဆိုရင် 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 သုံးနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ပြုလုပ်မဲ့ 𝐄𝐦𝐨𝐭𝐢𝐨𝐧 𝐑𝐞𝐟𝐥𝐞𝐜𝐭𝐢𝐨𝐧 𝐰𝐢𝐭𝐡 𝐃𝐡𝐚𝐦𝐦𝐚 Facebook Live ကို လာရောက်နားထောင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ 🤗 ဒီ Webinar (Live) ကို ✨ဆရာတော်အရှင်နန္ဒာစာရ✨ က ဦးဆောင်ပြုလုပ်ပေးသွားမှာပါ။ ဆရာတော်အရှင်နန္ဒာစာရ ကတော့ 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗞𝗲𝗹𝗮𝗻𝗶𝘆𝗮 မှ 𝑴.𝑨. 𝑩𝒖𝒅𝒅𝒉𝒊𝒔𝒕 𝑺𝒕𝒖𝒅𝒊𝒆𝒔 (𝑮𝒐𝒍𝒅 𝑴𝒆𝒅𝒂𝒍) နှင့် 𝑴.𝑨. 𝑩𝒖𝒅𝒅𝒉𝒊𝒔𝒕 𝑨𝒚𝒖𝒓𝒗𝒆𝒅𝒊𝒄 𝑪𝒐𝒖𝒏𝒔𝒆𝒍𝒍𝒊𝒏𝒈 (𝑴𝒆𝒓𝒊𝒕𝒔) တို့အပြင်၊ 𝗧𝗵𝗲 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗛𝗼𝗻𝗴 𝗞𝗼𝗻𝗴 မှ 𝑴𝒂𝒔𝒕𝒆𝒓 𝒐𝒇 𝑩𝒖𝒅𝒅𝒉𝒊𝒔𝒕 𝑪𝒐𝒖𝒏𝒔𝒆𝒍𝒍𝒊𝒏𝒈, 𝗔𝗺𝗲𝗿𝗶𝗰𝗮𝗻 𝗖𝗼𝗹𝗹𝗲𝗴𝗲 𝗼𝗳 𝗛𝗶𝗴𝗵𝗲𝗿 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 မှနေ၍ 𝑫𝒊𝒑𝒍𝒐𝒎𝒂 𝒊𝒏 𝑷𝒔𝒚𝒄𝒉𝒐𝒍𝒐𝒈𝒚 ဘွဲ့များကို ရရှိထားပြီး လက်ရှိမှာ ပါရဂူဘွဲ့အတွက် သုတေသနကျမ်းကိုလည်း ပြုစုထားပြီးစီးထားပြီဖြစ်တဲ့ ဆရာတော်အရှင်မြတ်တစ်ပါး ဖြစ်ပါတယ်။ အားလုံးနဲ့အတူ 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 ဆိုတဲ့ အသိုင်းအဝိုင်းလေး ပေါ်ပေါက်လာခဲ့တာ (၃)လပိုင်း (၃)ရက်နေ့မှာ 🎊သုံးနှစ်တိတိ🎊 ရှိပါတော့မယ်။ 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 အဖွဲ့သားများအနေနဲ့ ယခုအချိန်အထိ အားလုံးနဲ့အတူ ဒီခရီးလမ်းမှာ လျှောက်လှမ်းဖို့ အခွင့်အရေးရှိနေဆဲ ဖြစ်တဲ့အတွက်လည်း အလွန်တရာမှပဲ ဝမ်းမြောက်ရပါတယ်ရှင်။ တခြားစိတ်ဝင်စားသူတွေလည်း ဒီပွဲလေးကို မလွတ်သွားရအောင် အဆင်ပြေမယ်ဆိုရင် ဒီpost လေးကိုလည်း like & share ပေးပါဦးနော်။ 𝑆̰𝑒̰𝑒̰ 𝑦̰𝑜̰𝑢̰ 𝑎̰𝑙̰𝑙̰. 𝗗𝗮𝘁𝗲: 2 Mar 2026 (Monday) 𝗧𝗶𝗺𝗲: 7-8 PM (Myanmar Time) 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺: FB Live #thismomentzone #3rdAnniversaryCelebration #vennandacara #mentalwellbeing #mentalhealing #mentalhealthawareness #freewebinar

  • без подписи

  • 1 мар.1 00522

    ✨𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐌𝐨𝐦𝐞𝐧𝐭.. 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐌𝐞𝐦𝐨𝐫𝐲.. 𝐌𝐀𝐑𝐂𝐇✨ မတ်လဟာ 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 အတွက် ထူးခြားတဲ့လလေး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ 🌱𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 🌱ဆိုတဲ့ ဇုံဧရိယာလေးတစ်ခုကို ပေါ်ပေါက်လာအောင် စတင်ခဲ့တဲ့ ကာလလေးတစ်ခု ဖြစ်လို့ပါ။ တရွေ့ရွေ့နဲ့ လာမဲ့ 🔹 ၃.၃.၂၀၂၆ 🔹မှာ (၃)နှစ်တိတိ... ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ 🥳 🎊 သုံးနှစ်တာကာလအတွင်း လုံခြုံစိတ်ချစွာ အချင်းချင်းရင်ဖွင့်ရာ စကားဝိုင်းများ၊ စိတ်ပိုင်းဆိုင်ရာ ဗဟုသုတ အတွေးအမြင်တွေကို ဝေမျှရာ ဆောင်းပါးများ၊ အတူပညာလေ့လာသင်ယူဆည်းပူးရာ webinarများ နှင့်သင်တန်းများ၊ စိတ်အေးငြိမ်းတည်ငြိမ်ရာ အလေ့အကျင့်တွေကို အတူလေ့ကျင့်ကြတဲ့ workshop များနှင့် practice session များ... အမှတ်တရတွေကတော့ အများကြီးပါပဲ။ ဒီခရီးလေးမှာ အတူပါဝင်ဖြတ်သန်းခဲ့ကြတဲ့သူများအတွက် 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 ရဲ့ ရည်ရွယ်ရင်း "𝑨 𝒑𝒍𝒂𝒄𝒆 𝒇𝒐𝒓 𝒔𝒐𝒐𝒕𝒉𝒊𝒏𝒈 𝒎𝒊𝒏𝒅" ဆိုတဲ့အတိုင်း လူအများ စိတ်နှလုံးအေးချမ်းမှုဖြစ်စေရာနဲ့ စိတ်ဖိစီးမှုများက သက်သာဖြေလျော့စရာ ဇုံနေရာလေးတစ်ခု... ဖြစ်နိုင်ခဲ့မယ်လို့ ယုံကြည်မိပါတယ်။ 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 အတွက် အထိမ်းအမှတ်တစ်ခုဖြစ်တဲ့ မတ်လအတွင်းမှာ အားလုံးအတွက် အကျိုးပြုနိုင်မဲ့ Live Webinar အစီအစဥ်လေးတွေ အများကြီးလုပ်သွားဖို့ ရှိပါတယ်ရှင်။ မသိလို့ လွတ်သွားလိုက်ရတာမျိုး မဖြစ်ရလေအောင် 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 တွေကို စောင့်ကြည့်ပေးနေကြပါအုံးနော်။ အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 𝐓𝐞𝐚𝐦 𝟏.𝟑.𝟐𝟎𝟐𝟔 𝗣𝗹𝗲𝗮𝘀𝗲 𝗷𝗼𝗶𝗻 𝗼𝘂𝗿 𝗰𝗵𝗮𝗻𝗻𝗲𝗹𝘀 𝗳𝗼𝗿 𝗺𝗼𝗿𝗲 𝘂𝗽𝗱𝗮𝘁𝗲𝘀... Telegram: https://t.me/ThismomentZone YouTube: https://www.youtube.com/@ThismomentZone Instagram: https://instagram.com/#thismomentzone #ThismomentZone #mindfulness #mentalhealing #relaxatingandsoothing #mindfulliving #mentalhealthmatters

  • без подписи

  • 21 февр.1 14022

    без подписи

  • 21 февр.1 31818

    ✨အခြေခံစိတ်ပညာ ပညာဒါနသင်တန်း✨ [Online Class 1/2026] မင်္ဂလာပါ 😊 “အခြေခံစိတ်ပညာ ပညာဒါနသင်တန်း” Online Class 1/2026 တန်းခွဲအတွက် Registered လုပ်ထားပြီး တက်ရောက်ခွင့်ရသူများကို သင်တန်းအတွက် 𝐂𝐨𝐧𝐟𝐢𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐄𝐦𝐚𝐢𝐥 များ ပေးပို့ထားပြီးဖြစ်ပါတယ်။ Email မတွေ့ရှိပါက ကျေးဇူးပြု၍ 𝗝𝘂𝗻𝗸/𝗦𝗽𝗮𝗺 folder တွေထဲမှာ စစ်ကြည့်ဖို့လည်း မမေ့ပါနဲ့နော်။ Confirmation Email ရရှိထားသူများမှာ သင်တန်းတက်ဖြစ်ပါက ❗️၂၂.၂.၂၀၂၆ (တနင်္ဂနွေနေ့)❗️ နောက်ဆုံးထားပြီး Email တွင်ပါဝင်သည့်အတိုင်း Google classroom နဲ့ Telegram Channel များကို join ပေးပါရှင်။ Zoom capacity အရ လူဦးရေ (၁၀၀)အထိပဲ လက်ခံနိုင်လိုက်တာမို့ Registration တင်မရဘဲ သင်တန်းဝင်ရောက်ခွင့်မရကြတာကိုလည်း အထူးပဲအားနာရပါတယ်။ ဒါပေမဲ့ ဒီနှစ်အတွင်းမှာ နောက်ထပ်အတန်းသစ်များ ပြန်ဖွင့်ပေးသွားဖို့ ရှိပါတယ်ရှင်။ သိချင်တာများရှိရင် 𝐓𝐡𝐢𝐬𝐦𝐨𝐦𝐞𝐧𝐭 𝐙𝐨𝐧𝐞 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှတဆင့် မေးမြန်းနိုင်ပါတယ်။ 𝗣𝗹𝗲𝗮𝘀𝗲 𝗷𝗼𝗶𝗻 𝗼𝘂𝗿 𝗰𝗵𝗮𝗻𝗻𝗲𝗹𝘀 𝗳𝗼𝗿 𝗺𝗼𝗿𝗲 𝘂𝗽𝗱𝗮𝘁𝗲𝘀... Telegram: https://t.me/ThismomentZone YouTube: https://www.youtube.com/@ThismomentZone Instagram: https://instagram.com/thismomentzone #thismomentzone #psychoeducation #mentalhealthmatters #buddhistpsychotherapy #psychologytraining #mentalhealing #mentalhealthawarness #mindfulnes

  • 17 февр.1 37545

    🅔🅓🅘🅣 သတ်မှတ်လူဦးရေ (၁၀၀) ပြည့်သွားပြီမို့ အခြေခံစိတ်ပညာ ပညာဒါနသင်တန်း Registration ပိတ်ပါပြီရှင်... စိတ်ဝင်တစား လျှောက်ထားကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်... ***************************************************