Охват к подписчикам
157,1%
ERR
Реакции к просмотрам
0,63%
117 на 20 постов
Пересылки к просмотрам
0,43%
80
Постов в день
0,0
всего 20
Где отзываются чаще
доля реакций к просмотрам- 11 дек. 2024 г.➥ Admisson ဘက်ကနေ “ဟာ ဒီကျောင်းသားက အရမ်းတော်တာပဲ ဝင်ခွင့်ပေးလိုက်မယ်”လို့ စဉ်းစားမှာပဲဆိုပြီး ကိုယ့်ရဲ့ Past Achievements တွေကိုချည်း တသီတတန်းကြီး ဖော်ပြဖို့ စိတ်ကူးထားတယ်ဆိုရင်ကတော့ ဒီနေရာမှာပဲ ရပ်လိုက်ပါတော့ မိတ်ဆွေ။ Accomplishment တွေကို List လုပ်တာက ဦးစားပေးရွေးချယ်ခံရမယ်ဆိုပြီး တပ်အပ်ပြောမရတဲ့အပြင် ကြွားဝါသလိုပါ ဖြစ်နိုင်တာမလို့ ဖတ်တဲ့သူအပေါ် အခန့်မသင့်ရင် မျက်စိဆံပင်မွေးစူးသွားနိုင်စေပါတယ်။🙍🏻♀️ ➥ အခုခေတ်စကားနဲ့ပြောရရင်တော့ နောက်တစ်ချက်က “ပန်းနုမသွေးပါနဲ့”။ ကိုယ်ကြုံခဲ့ရတဲ့ အခက်ခဲတွေ၊ ဘယ်လောက်တောင် ပင်ပန်း ကျော်ဖြတ်ခဲ့ရတာတွေကို ပြောပြချင်တာ မှန်ပေမယ့်လို့ အဲ့အတွက်ပဲ အကြောင်းအရာအရှည်ကြီး ဆွဲရေးတာမျိုးကိုရှောင်ရပါမယ်။ အဲ့အစား ကိုယ်ဘယ်လို ပင်ပန်းခဲ့ရသလဲဆိုတာတွေကို တိုတိုနဲ့ ထိထိမိမိဖော်ပြပြီး အဲ့ဒီအခြေအနေကနေ ဘယ်လိုရုန်းထွက်ခဲ့သလဲ၊ ဒါကြောင့်မလို့ အခုလိုမျိုး ပိုကောင်းတဲ့သူ ဖြစ်လာရပါတယ်ဆိုတာကို Tragic ဖြစ်စရာကောင်းတဲ့ အားနည်းချက်ကနေ အားသာချက်ရောက်အောင် ပြောင်းပြန်လှန်ပစ်နိုင်ရပါမယ်။ ➥ တစ်ချိန်တည်းမှာပဲ Self-Reflection မရှိတာမျိုးကို အဲ့သဘောမျိုးရောက်စေတဲ့ အရေးအသားမျိုးကို ရှောင်သင့်ပါတယ်။ ❗အရည်အချင်းရှိတဲ့ကျောင်းသားဟာ အမြဲလိုလို ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ဘယ်နေရာမှာ တိုးတက်အောင်လုပ်ရမလဲ၊ ဘယ်အမှားတွေကနေ Reflect လုပ်ပြီး ပြန်သင်ယူနိုင်မလဲဆိုတာကို တွေးတောနေတာဖြစ်လို့ ကိုယ်က အဲ့လိုမဟုတ်ဘူးဆိုရင် Impression ကျသွားနိုင်စေပါတယ်။ ➥ နောက်ဆုံးအချက်ကတော့ Controversial Topics တွေဖြစ်တဲ့ Politics တို့ Religion တို့ အကြောင်းကို ပုံမှန်ထက်ပိုရေးတာတွေကို သတိထားရပါမယ်။ မရေးရဘူးဆိုပြီး ကန့်သတ်ထားတာမရှိပေမယ့် အပေါ်က ကိုယ့် Struggles တွေကိုချည်း အက်ဆေးတစ်ပုဒ်ထဲမှာ အကုန်စုရေးပြသွားတာမျိုး မလုပ်ခိုင်းသလိုပဲ အခုမှာလည်း ဒီအကြောင်းအရာတွေချည်း တစ်ခုတည်းမှာ ပြုံရေးလိုက်တာက သတိထားရမယ့်အချက်မလို့ တတ်နိုင်သလို ဉာဏ်ကိုလွှာပြီး ဒါဆိုရင် ဘယ်လိုအရေးကြီးတဲ့ အချက်လေးတွေပဲ ထည့်မယ်ဆိုတဲ့ Key Information လေး သက်သက်ရေးမှတ်ထားပြီးမှ Essay ကို Plot ချသင့်ပါတယ်။ ကဲ.. ဒါဆိုရင် ဘာတွေ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတဲ့အချက်တွေအပြင် ဘယ်လိုမျိုးလေးတော့ ရေးလို့ရမလဲဆိုတဲ့ အကြံဉာဏ်တွေပါ တစ်ပါတည်း ပေးလိုက်တာမလို့ Essay ရေးတဲ့အခါမှာ Easy Peasy နဲ့ Slay နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်🤹🏻♀️ May y’all get admitted to the ones you are hoping for! Content Writer - Wai Hnin Paing Graphic Designer - Wine Zin Moe Chate Your Dreams ချိတ်- The Hook1,47%
- 9 авг. 2024 г.ဒီ Section မှာတော့ ကိုယ့်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ (ဥပမာ ကား၊ အိမ်၊ ငွေကြေးစုဆောင်းမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ) စတဲ့ အချက်တွေကို ဖော်ပြဖို့လိုပါတယ်။ တကယ်လို့ရှိခဲ့တယ်ဆိုရင် ကားနဲ့ အိမ်တွေကို ဖော်ပြတဲ့အခါ အဲ့တာတွေရဲ့ လက်ရှိပေါက်ဈေး၊ အရင်ကဝယ်ထားတဲ့ဈေးနှုန်း၊ ဝယ်ယူခဲ့တဲ့နှစ်နဲ့ ပေါင်နှံမှု အချက်အလက်တွေကိုပါ ထပ်ဆောင်းဖြည့်စွက်ပေးရပါမယ်။ တကယ်လို့ ကိုယ်က ဈေးနှုန်းတွေ အတိအကျမမှတ်မိတော့ရင်လည်း အဲ့တာတွေရဲ့ Estimated Price ကို အကြမ်းဖျင်း ရေးပေးလိုက်လို့ရပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ ကိုယ်ရဲ့ နေထိုင်စားသောက်စရိတ်ကို အသေးစိတ်ဖော်ပြရမှာပဲဖြစ်ပါတယ်။ ပြီးရင်တော့ မိသားစုဝင်အရေအတွက်နဲ့ ကိုယ့်မှာနောက်ထပ် မောင်နှမရှိ၊မရှိကို မေးပါတယ်။ တကယ်လို့ရှိခဲ့တယ်ဆိုရင် သူတို့လည်း လက်ရှိမှာ ကျောင်းတက်နေလားထပ်မံမေးသေးတာမလို့ ကိုယ့်မောင်နှမရဲ့ လက်ရှိပေးရတဲ့ကျောင်းလခနဲ့ ကျောင်းပြီးတဲ့နှစ်အထိ ပေးရမယ့် ကျောင်းစရိတ်စက အကုန်လုံးကို ရေးပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် Medical Expenses, Electricity Bill, Transportation စတဲ့ အပိုကုန်ကျစရိတ်တွေကိုပါ အသေးစိတ်တွက်ချက်ပေးရပါမယ်။ ဘာလို့အဲ့တာတွေကအစ မေးနေရသလဲဆိုရင်တော့ ကိုယ့်မိသားစုရဲ့ ဝင်ငွေနဲ့ ထွက်ငွေကို ချိန်ဆကြည့်ပြီး ကိုယ်ကျောင်းတက်ဖို့အတွက် ဘယ်လောက်ထောက်ပံ့နိုင်မလဲဆိုတာကို မှန်းဆကြည့်ဖို့ပဲ ဖြစ်ပါတယ်။ 𝟱. 𝗢𝘁𝗵𝗲𝗿 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 နောက်ဆုံးအနေနဲ့ ဘာတွေဖြည့်စွက်ဖို့လိုသေးလဲဆိုရင် ➔ ကျောင်းသားရဲ့ ဝင်ငွေနဲ့ ပိုင်ဆိုင်မှုတွေကို ဖော်ပြရတဲ့အချက်တွေ (ဒီနေရာမှာ ကိုယ်က Income မရှိသေးဘူးဆိုရင်လည်း Zero လို့ဖြည့်လို့ရပါတယ်) ➔ ကိုယ့်မိဘ/ အိမ်ရဲ့ Financial Stablity အခြေအနေကို Impact ဖြစ်တဲ့အချက်တွေနဲ့ တကယ်လို့ မိဘတွေက သူတို့ရဲ့မိသားစုထဲက တခြားအမျိုးတွေကို ထောက်ပံ့ပေးနေရတဲ့ အခြေအနေတွေ ရှိလားဆိုတဲ့အချက်တွေ ➔ CSS profile ကို submit တဲ့အခါမှာ Common App လိုကျောင်းအားလုံးပေါင်းအတွက် Cover ဖြစ်တဲ့ General Questions တွေအပြင် ကျောင်းတစ်ကျောင်းစီက သီးသန့်မေးတဲ့ မေးခွန်းတွေကို ဖြေရတဲ့ Section အပြင် ➔ “Expected Family Contribution” လို့ခေါ်တဲ့အပိုင်းမှာ ကိုယ်က ဒါမှမဟုတ် မိဘတွေက ကျောင်းရဲ့ Tuition Fee အတွက် ဘယ်လောက်ထောက်ပံ့နိုင်တယ်၊ ပိုက်ဆံ ဘယ် Amount ထိတော့ ပေးပါမယ်ဆိုတာကို ဖြည့်ရမယ့်အချက်တွေ ပါပါတယ်။ သတိထားစရာတစ်ခုကတော့ ကိုယ်ဖြည့်လိုက်တဲ့ Amount နဲ့ ကျောင်းက Application ကို Review ပြီးလို့ ဒီလောက်ပေးပါလို့ သတ်မှတ်လိုက်တဲ့ Amount နဲ့က အမြဲတမ်းထပ်တူကျမနေနိုင်ဘူးဆိုတာကိုတော့ သိထားရပါမယ်။ (အရှင်းဆုံးပြောရရင်တော့ ကိုယ်က $1000 ပဲတတ်နိုင်ပါတယ်လို့ပြောထားပေမယ့် ပေးရမယ့် Tution Fee က အဲ့အောက်လည်း နည်းနေနိုင်သလို အဲ့ထက်ပိုပေးရတဲ့ အခြေအနေတွေလည်း ရှိတာကြောင့်မလို့ သူတို့ရဲ့ Decision နဲ့ပဲဆိုင်ပါတယ်။) 🥇 Scholar မှ Scholar ဆိုပြီး တောင့်တနေသူတွေအတွက် Up to 100% အထိ Financial Aid ရတာဟာဘဝမှာ ထီအကြီးကြီးပေါက်သလိုပါပဲ။ ဒါကြောင့် ကိုယ်လည်း အဲ့လို ထီပေါက်သူတွေထဲက တစ်ယောက်ဖြစ်နိုင်အောင် ကျောင်းလျှောက်ဖို့ လိုအပ်တဲ့အကြောင်းတွေကို “ချိတ်” က အဆင်သင့်ရှာဖွေရေးထားပြီးသားမလို့ အခုကတည်းက တစ်ခုချင်းစီ နှံ့နှံ့စပ်စပ်လေ့လာထားလိုက်ကြပါတော့ရှင်။ ( စကားချပ် ။ ရှေ့ဆက်လျှောက်မှာ ကျောင်းသားတွေအနေနဲ့ ကျောင်းလျှောက်ခြင်းနှင့်ပတ်သက်ပြီး ချိတ် ကိုတောင်းဆိုအကြုံပြုလိုတဲ့ Content တွေများရှိလျှင် အောက်ပါဖောင်မှတစ်ဆင့် တောင်းဆိုနိုင်ပါတယ်။) https://docs.google.com/forms/d/1Qs7fZk1pNbk91MuTdSbhnhBM4p9-2FFg3G2UF5d3ykE/edit?usp=drivesdk Chate your dream 🪝 ချိတ် - The Hook Content- Wai Hnin Paing Graphics - Thu San Htet1,42%
- 12 авг. 2024 г.ကိုယ့်မှာ ဒါတွေအကုန်လုံး ခိုင်ခိုင်မာမာရှိနေပြီဆိုရင် ဘာတွေတွေးပူနေဦးမလဲ?? ကျောင်းလျှောက်ဖို့အတွက် နောက်ဆုံးအဆင့်ဖြစ်တဲ့ Common App မှာ Extracurriculars အကြောင်း မေးတာတွေကို ဘယ်လိုဖြည့်ရမလဲပဲ ကျန်ပါတော့တယ်။ 💻 Common App မှာ ECs ကို ဘယ်လိုဖြည့်ကြမလဲ.. Common App မှာ Extracurricular Activities တွေကို ဖြည့်ကြတဲ့အခါ “Arts, Community Service, Foreign Language,..” အစရှိသဖြင့် ရွေးစရာ Categories “27” ခု တောင်ရှိပါတယ်။ အဲ့ဒီထဲကမှ ကိုယ်ပါဖူး၊ လုပ်ဖူးခဲ့တဲ့ Acitivities 10 ခုအထိ ရေးပေးလို့ရပါတယ်။ Description တွေ ရေးရတဲ့အခါမှာလည်း Word Count တွေကို Limit လုပ်ထားတာမလို့ ကျစ်ကျစ်လျစ်လျစ်နဲ့ ထိမိအောင် ပြောပြနိုင်ဖို့က အရေးကြီးပါတယ်။ July 1st မှာ ပြုလုပ်ခဲ့တဲ့ “Extracurricular for Colleges” ဆိုတဲ့ အစ်မ Wendy ရဲ့ Webinar ကို မတက်ရောက်လိုက်ရတဲ့သူများ ရှိခဲ့တယ်ဆိုရင် ECs’ Description ဖြည့်ပုံဖြည့်နည်း အသေးစိတ် Sample ကိုတော့ အောက်မှာပေးထားတဲ့ Youtube Link ကနေတစ်ဆင့် သွားရောက်ကြည့်ရှုနိုင်ပါတယ်။ Video Link https://youtu.be/I-2qd55aBeA?si=v1vJvJLC_Wgb30gp Chate your dreams ချိတ် - The Hook Content Writer - Wai Hnin Paing Graphic Designer - Kyail Nay La, Cho Thar Nwe1,32%
- 12 авг. 2024 г.“𝐄𝐱𝐭𝐫𝐚𝐜𝐮𝐫𝐫𝐢𝐜𝐮𝐥𝐚𝐫𝐬 တွေရဲ့ အရေးပါပုံ အဖုံဖုံ” အထက်တန်းပြီးလို့ Universities တွေကို ဆက်ကူးတဲ့အခါ US ကကျောင်းတွေ လျှောက်မယ်လို့ စိတ်ကူးထားတယ်ဆိုရင် အားလုံးသိထားကြတဲ့အတိုင်းပဲ သူတို့တွေ ကျင့်သုံးတဲ့ Admission Process က Holistic Review System ဖြစ်တာကြောင့်မလို့ Extracurricular activities တွေက အရေးကြီးတဲ့ကဏ္ဍမှာ ပါနေတယ်လို့ ပြောရပါမယ်။ 👩🏻🎓 အကယ်၍ Extracurricular တွေက Academic နဲ့မှ မဆိုင်တာ တကယ်ရော လိုတာဟုတ်ရဲ့လားလို့ မေးလာတဲ့အခါ…. တကယ်သေချာပေါက် လိုအပ်ပြီး အရေးကြီးတယ်လို့ ပြောပါရစေ။ ဘာကြောင့်လဲဆိုရင် အပေါ်မှာပြောသွားခဲ့သလိုပဲ Holistic Review သည် ကျောင်းသားတစ်ယောက်ရဲ့ စာတော်၊ မတော်ဆိုတဲ့ Academic ကိုတင် တိုင်းတာ တာမဟုတ်ဘဲနဲ့ ရှုထောင့်မျိုးစုံကနေပြီး ကျောင်းသားကို အဆင့်ဆင့် အကဲဖြတ်ပြီးမှ ဝင်ခွင့်လက်ခံတဲ့ System မျိုးဖြစ်ပါတယ်။ ဥပမာ - 4.0 GPA ရှိပြီး Extracurricular ပိုင်းမှာ တစ်ခုမှ ပြစရာမရှိတဲ့ ကျောင်းသားတစ်ယောက်နဲ့ 3.8 GPA ပဲရှိပေမယ့် Academic ပိုင်းအပြင် သင်ရိုးပြင်ပလုပ်ငန်းတွေမှာပါ တက်ကြွတဲ့ကျောင်းသား ယှဉ်လာခဲ့တဲ့အခါ ဒုတိယကျောင်းသားက ပိုပြီးအရွေးခံရဖို့ အခွင့်အလမ်းများပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် Balanced View နဲ့ကြည့်တာကြောင့် ကိုယ်က Curriculum အရ တော်တဲ့သူတင်မကဘဲ Extracurricular တွေမှာပါ ဒီလို Potential ရှိတဲ့သူတစ်ယောက်ပါဆိုပြီး ကျောင်းတွေကို မီးမောင်းထိုးပြနိုင်မှ “ဝိုး ကနဲ ဝါးကနဲ” Admission Team ဘက်ကနေ သဘောတွေကျသွားမှာပဲ ဖြစ်ပါတယ်။ Extracurriculars ထဲမှာ ဘာတွေပါသလဲ..❓ ECs မှာ ဘာတွေပါသလဲဆိုရင် အကြမ်းဖျင်းအားဖြင့် Sports, Clubs Participation, Volunteering တွေ နောက်ပြီး ကိုယ့်ရဲ့ ဝါသနာထုံတဲ့ Activities လုပ်တာတွေပါဝင်ပြီးတော့ Exchange Program Join တာတွေအထိ အကုန်လုံးအကျုံးဝင်ပါတယ်။ ကျောင်းတွေက ဒါတွေကို ဘာလို့ အရေးကြီးတယ်လို့ သတ်မှတ်ရသလဲဆိုရင် ကျောင်းသားတစ်ယောက် ပါဝင်ထားတဲ့ သို့မဟုတ် လုပ်ထားတဲ့ ECs ပေါ်မှာ မူတည်ပြီးတော့ ဒီကျောင်းသားက ဘယ်လို Passion တွေရှိသလဲ၊ သူ့ရဲ့ Interest ကရောဘာလဲနဲ့ ထူးချွန်တဲ့ ကျောင်းသားတစ်ယောက် ရှိထားသင့်တဲ့ Teamwork/ Leadership skills တွေရှိသလားဆိုတာကို ဆန်းစစ်တာပဲဖြစ်ပါတယ်။ Extracurricular Categories ထဲက မြန်မာကျောင်းသားတွေနဲ့ မစိမ်းဘဲ အကျွမ်းတဝင်အဖြစ်ဆုံးက ဘာလဲဆိုတာကို လက်ညှိုးထိုးပြရင် Volunteering ဖြစ်မယ်ဆိုတာ အသေအချာပါပဲ။ ဆိုတော့ ကိုယ်က ဘယ်လိုနေရာမျိုး ဘယ်လို Organization မျိုးမှာ Volunteer လုပ်မလဲဆိုတာကလည်း နောက်ဆက်တွဲ တွေးစရာတစ်ခုဖြစ်လာပါတယ်။ 🌱 Volunteering အတွက် မသိမဖြစ် ဆေးတစ်မြစ် အဲ့ဆေးမြစ်က တခြားတော့ မဟုတ်ပါဘူး “ကိုယ့်ရဲ့ Interest က ဘာလဲဆိုတာနဲ့ အဲ့ဒီစံနှုန်းနဲ့ကိုက်ညီတဲ့ Organization တစ်ခုကို ရှာနိုင်စွမ်း” လို့ပြောရပါမယ်။ “Scholarship လျှောက်ရင် Volunteering Proof ပြရမှဖြစ်မယ် ဒါကြောင့် ကြုံရာမှာ ဝင်လုပ်လိုက်မယ်” ဆိုတာထက် ကိုယ်က ဘယ်လိုအပိုင်းမှာ စိတ်ဝင်စားသလဲ.. ဥပမာ SDG Goals တွေထဲက Goals အချို့ဖြစ်တဲ့ “Quality Education” ကို စိတ်ဝင်စားသလား၊ ကျားမတန်းတူ အခွင့်အရေးရဖို့ စိတ်အားထက်သန်လား၊ ဒါမှမဟုတ် Social Justices ပိုင်းမှာ Advocate လုပ်ချင်သလား စတဲ့စတဲ့ မေးခွန်းအမြောက်အမြားမေးပြီး ကိုယ့်ကိုယ်ကိုယ်အရင် ဆန်းစစ်ရပါမယ်။ နောက်ဆုံး ကိုယ်ဘာစိတ်ဝင်စားသလဲဆိုတာကို သိရင်တော့ သက်ဆိုင်ရာ Non-Profit Organization တွေမှာဝင်လုပ်လို့ရသလို၊ ကိုယ်တိုင်လည်း Passionate တအားဖြစ်တဲ့ Project Idea တစ်ခုရှိခဲ့မယ်ဆိုရင်လည်း ကိုယ်တိုင် Lead လုပ်ပြီး Leadership Skills တွေ ထုတ်ပြလို့ရပါသေးတယ်။ ECs တွေကို အထာကျကျ ရွေးကြမယ်‼️ ဘယ် Extracurriculars တွေကို လုပ်သင့်သလဲဆိုတာ ဆုံးဖြတ်ဖို့အတွက် “Hobbies, Experiences, Values” ဆိုတဲ့ ဒီညီနောင်သုံးဖော်ထဲကနေပြီး အထာကျကျ ရွေးထုတ်တတ်ဖို့ပဲလိုပါတယ်။ ‣ Hobbies မှာဆိုရင် ကိုယ်အားရင်အားသလို လုပ်ဖြစ်တဲ့၊ သဘောကျတဲ့ Activities တွေကိုလည်း ရွေးလို့ရသလို (eg- Drawing, Swimming..) ‣ ကိုယ့်မှာတော့ ဒီလို Experience တွေရှိပါတယ်ဆိုပြီး ချပြဖို့အတွက် ပြိုင်ပွဲအမျိုးမျိုးတွေမှာ ကိုယ်ကျွမ်းကျင်ရာအလိုက် ဝင်ပြိုင်လို့ရပါတယ် (Maths Olympiads, Debate Competitions..) ‣ နောက်ဆုံးတစ်ခုဖြစ်တဲ့ Value မှာတော့ အနီးစပ်ဆုံးပြောရရင် ကိုယ် လျှောက်မယ့် Major နဲ့အသက်ဆိုင်ဆုံးဖြစ်တဲ့ Activity/ Field ကိုရွေးရင် ပိုပြီးတော့ အဆင်ပြေတယ် ပြောရပါမယ်။ ဥပမာ ချိတ်ရဲ့ Admission Advisor တစ်ဦးဖြစ်တဲ့ အစ်မ Wendy ဆိုရင် Brown University မှာ Neuroscience & Public Health Faculty ကိုလျှောက်ဖို့အတွက် Oxford က Professor တစ်ယောက်နဲ့ ရေးခဲ့တဲ့ Maternal Healthcare Research Paper တွေအပြင် Clinical Hours တွေကိုပါ ကျောင်းလျှောက်တဲ့နေရာမှာ တင်ပြခဲ့ပါတယ်။ ဒါမှသာ ကျောင်းဘက်ကနေပြီး ကိုယ်က လျှောက်တဲ့မေဂျာနဲ့ ပတ်သက်ပြီး ဘယ်လောက်တောင် Passionate ဖြစ်သလဲဆိုတာ တန်းသိနိုင်မှာဖြစ်ပါတယ်။ ကဲ..0,98%
- 12 нояб. 2024 г.နိုင်ငံတကာ International School တွေမှာပညာသင်ဆုနဲ့ အထက်တန်းတက်ဖို့ မျှဝေပေးမယ့် “High School Scholarships : A Stepping Stone” 💌 အားလုံးပဲ ချိတ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ကျွန်မတို့ရဲ့ ချိတ်ကနေပြီး စိတ်လှုပ်ရှားစရာ ပရိုဂရမ်အသစ်လေး တစ်ခုကို ယူဆောင်လာပါပြီ။ 🥳 အထက်တန်းကျောင်းသားတွေ အတွက်ရည်ရွယ်ပြီးတော့ A Stepping Stone လို့အမည်ပေးထားတဲ့ Webinar Series လေးကို မိတ်ဆက်ပေးပါရစေ။ နိုင်ငံတကာ ပညာရေးလမ်းကြောင်းရဲ့ လမ်းစအဖြစ် ပထမဆုံး ခြေလှမ်း လှမ်းနိုင်ဖို့ရာ Fully Funded ပညာသင်ဆုတွေပေးတဲ့ High School Scholarships တွေ အကြောင်းကို လက်ရှိ ကမ္ဘာ အနှံ့က High School တွေမှာ Scholarship နဲ့ ပညာသင်ကြားနေကြတဲ့ ထူးချွန်ကျောင်းသားကျောင်းသူတွေကနေပြီး Sharing လုပ်ပေးသွားမယ့် Webinar Series လေးဖြစ်ပါတယ်။ ဒီ Webinar Series မှာဆိုရင် High School Scholarships တစ်ခုချင်းစီရဲ့ Requirement တွေ၊ Application Process တွေနဲ့ အတူ ကျောင်းသားတွေရဲ့ အတွေ့အကြုံတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ 💌 A Stepping Stone Series လေးမှာ ဆိုရင် Webinar သုံးခု ပါရှိမှာဖြစ်ပါတယ်။ Day 1: AISL Harrow Scholarship Day 2: United World College Scholarship Day 3: ASEAN Scholarship 🔹Day 1 (November 15) မှာတော့ Harrow International School Bangkok မှာ A-level သင်ကြားနေတဲ့ Ko Swan Tayza Aung (Class of 2025) ကနေပြီး AISL Harrow Scholarship အကြောင်းကို မျှဝေပေးမှာဖြစ်ပါတယ်။ 🔹Day 2 (November 16) မှာတော့ United World College Scholarship ရရှိထားတဲ့ Ma Yoon Ei Ko Ko (UWC Mahindra College ’25) နဲ့ Ma Hema Lian Duh Kip Tial (UWC Atlantic College ’26) တို့ကနေပြီး UWC Experience နဲ့ IB Program အတွေ့ အကြုံတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 🔹 Day 3 (November 17) မှာတော့ စင်ကာပူပညာရေး၀န်ကြီး ဌာနက ပေးအပ်တဲ့ အထက်တန်းပညာသင်ဆုဖြစ်တဲ့ ASEAN Scholarship အကြောင်းကို Arnt Hume Ti Kyi (Raffles Institution ’27) ကနေပြီး စင်ကာပူက အထက်တန်းကျောင်းအတွေ့အကြုံကို ပြောပြပေးမှာ ဖြစ်ပါတယ်။ Register here: https://docs.google.com/forms/d/e/1FAIpQLSeB6Z0UMMzcyUNRvVDYB5KW6lIZhLt48gWtN9nfl4no6aTd9w/viewform?usp=pp_url 💌 Speaker တစ်ယောက်ချင်းစီရဲ့ Profile ကို အောက်ပါ ပိုစ့်တွေမှာ အသေးစိတ်ဖော်ပြထားပါတယ်။ Content - Yoon Ei Ko Ko Graphics - Wine Zin Moe0,96%
- 9 авг. 2024 г.⭐ ဒုတိယအရေးအကြီးဆုံးအချက်ကတော့ မရှိမဖြစ် Essays တွေပဲဖြစ်ပါတယ်။ အက်ဆေးတွေက ကိုယ်ပိုင်နည်း၊ ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင်အတွေးတွေကို သုံးပြီး Admissions Team တွေဆီ တိုက်ရိုက်ဆက်သွယ်လို့ရနိုင်တဲ့ တယ်လီဖုန်းလေးတွေလို့ တင်စားလို့ရပါမယ်။ ကျောင်းတော်တော်များများက "Why us" ဆိုတဲ့ သူတို့ကျောင်းကို ဘာလို့ရွေးရသလဲဆိုတာနဲ့ “Why this major” ဆိုတာတွေကို ရေးခိုင်းလေ့ရှိပါတယ်။ အဲ့အခါမှာ ကိုယ်က ဒီအခွင့်အရေးကို အသုံးချပြီး ဒီကျောင်းကို၊ မေဂျာကို ဘာလို့ရွေးရသလဲဆိုတဲ့ စိတ်အားထက်သန်မှုကို သက်သေပြနိုင်ဖို့ရာအတွက် အခွင့်ကောင်းတစ်ခုပါပဲ။ 𝖳𝗂𝗉𝗌: ⋄ “Why us” essay တွေရေးတဲ့အခါ - ကိုယ်လျှောက်ဖို့လျာထားတဲ့ကျောင်းကနေ Offer ပေးတဲ့ Academic Programs တွေ Personal Development Oppurtunies စတာတွေကို နှိုက်နှိုက်ချွတ်ချွတ် Research လုပ်ထားတတ်ဖို့လိုပါမယ်။ ⋄ “Why this major” essay တွေရေးတဲ့အခါ - ဒီတက္ကသိုလ်မှာ ဒီမေဂျာက ကောင်းလို့၊ နာမည်ကြီးလို့ လျှောက်တာပါဆိုတာထက် ကိုယ်က ဘယ်လိုအကြောင်းအရာတွေကို သင်ယူရတာသဘောတွေ့ မနောခွေ့လို့၊ ဘယ်လိုမျိုး Goal တွေရှိလို့ပါဆိုပြီး ပြောပြတတ်ဖို့လည်း လိုပါဦးမယ်။ ⭐ နောက်ဆုံးတစ်ချက်ကတော့ ကျောင်းဘက်ကနေ Next Step အနေနဲ့ Interview ဖြေဖို့ ကမ်းလှမ်းလာခဲ့ရင် (ဒီနေရာမှာ တချို့ကျောင်းတွေက Interview တွေကို Optional အနေနဲ့သတ်မှတ်ထားပေမယ့်လို့ ကိုယ်ရဲ့ Enthusiasm ကို ချပြဖို့ဆိုရင်) Interview ကို Accept လိုက်ခြင်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ Interview ဖြေပြီး Q & A session ရောက်လို့ ကျောင်းနဲ့ပတ်သက်ပြီး ကိုယ်မေးချင်တဲ့မေးခွန်းကို မေးခိုင်းတဲ့အခါ ကိုယ်လျှောက်တဲ့ Institution အကြောင်းကို သေချာ Research လုပ်ထားပြီး မေးခွန်းကို သေချာပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ 𝐁𝐢𝐭𝐬 & 𝐏𝐢𝐞𝐜𝐞𝐬 အစပိုင်းမှာ ပြောပြခဲ့သလိုပဲ ကျောင်းအများစုကတော့ Demonstrated Interest ကို အရေးကြီးတဲ့ Factor တစ်ခုအနေနဲ့ ထည့်သွင်းမစဉ်းစားပေမယ့်လို့ Lehigh University ကတော့ Important အနေနဲ့ သတ်မှတ်ထားပါတယ်။ ဒီတော့ ကိုယ်လျှောက်မယ့်ကျောင်းက “Level of applicant's interest” လို့ခေါ်တဲ့ Demonstrated Interest ကို Not Considered, Considered, Important, or Very Important ဆိုပြီး ဘယ်လို သတ်မှတ်ထားသလဲဆိုတာကို သိဖို့အတွက် သက်ဆိုင်ရာကျောင်းရဲ့ သက်ဆိုင်ရာ CDS မှာ ရှာဖွေကြည့်လို့ရပါတယ်။ Common Data Set ဆိုတာ ဘာလဲ မသိသေးသူတွေအတွက် https://www.facebook.com/share/p/jaeG7UMeWBLeAAUs/?mibextid=oFDknk ကဲ ဒါဆိုရင် ကျောင်းလျှောက်တဲ့အခါမှာ Demonstrated Interest ကို သေချာ ပြနိုင်ပြီး မိမိတက်ချင်တဲ့ ကျောင်းတွေကနေ ၀င်ခွင့်တွေတသီကြီးရလို့ အဆင်ပြေချောမွေ့ကြပါစေ ဆုတောင်းရင်း..👩🏻🎓 Chate your dreams 🪝 ချိတ် - The Hook Content Writer - Wai Hnin Paing Graphic Designer - Thu San Htet0,77%
- 12 нояб. 2024 г.без подписи0,76%
- 9 авг. 2024 г.ဒီမှာကတော့ ချိတ်ရဲ့ Co-Founder ကို အောင်ခန့်ပိုင်အတွက် သူ့ဆရာ ရေးပေးခဲ့တဲ့ Rec Letter Sample တစ်ခုဖြစ်ပါတယ်။ (https://drive.google.com/file/d/18RxrKrHsoTGnxGCbkWxtApw7y-CRSrPS/view) ဒါဆိုရင်တော့ Recommendation Letter ကိုဘယ်လိုတောင်းကြမလဲဆိုတဲ့ အကြောင်းအရာကို ခရေစေ့တွင်းကျ သိသွားလောက်မယ်လို့ ယုံကြည်ပါတယ်။ အကောင်းမွန်ဆုံး Rec Letter တွေကို ရေးပေးကြတဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်စကားပြောကြဖို့လည်း မမေ့ကြပါနဲ့နော်။ နောက်ပြီး ကျောင်းဝင်ခွင့်ရသွားတဲ့အခါလည်း ဆရာ၊ ဆရာမတွေကို သေချာပေါက် ပြောပြပေးကြပါ။ Content Writer: Kyaw Zin Tun Graphic Designer: Kyail Nay La0,54%
- 11 дек. 2024 г.Scholar Scholar ဆိုပြီး Demand အရမ်းများတဲ့ ခေတ်ကာလကြီးမှာ ကျောင်းလျှောက်ဖို့ရာအတွက် ကိုယ်ရေးလိုက်တဲ့ Essay က ဖတ်တဲ့ Admission Team ရဲ့ ရင်ထဲအသည်းထဲကို တကယ်ရောက်ပြီး Effective ဖြစ်၊ မဖြစ်ဆိုတာကို 100% သေချာပြီလား။ 🫵🏻 ခုထိဘယ်လိုဘယ်ပုံရေးရမလဲဆိုတာကို ထဲထဲဝင်ဝင် မသိသေးဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ ချိတ်လေးကို 🪝 ယုံကြည်ကိုးစားလိုက်ပါခင်ဗျာ။ အခုတစ်ခေါက်ကတော့ US ကကျောင်းတွေကို လျှောက်တဲ့အခါမှာ ရေးရလေ့ရှိတဲ့ Common App Essay နဲ့ အခြား Supplemental Essays တွေကို ဘယ်လိုစာလုံးတွေသုံးပြီး ဘယ်လို Method, ဘယ်လို Tone နဲ့ရေးသင့်သလဲကို ပြောပြသွားပါမယ်။ ဆိုတော့ အရင်ဆုံး Tone ဆိုတာက ဘာကြီးလဲ❓❓ အနီးစပ်ဆုံး မြင်သာအောင် ပြောရရင်တော့ ကိုယ့်အမေက ဆူတဲ့အခါမှာ ပြောတဲ့လေသံနဲ့ အမေစိတ်ကြည်နေတဲ့အခါမှာ ချိုချိုသာသာ ပြောတဲ့လေသံနှစ်ခု မတူသလိုပဲ တစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါမှာ သူတို့ရဲ့ သုံးလာတဲ့စကားလုံးအနေအထားနဲ့ လေသံကို ကြည့်ပြီး ရွဲ့ပြောတာလား၊ ဝမ်းနည်းနေတာလား၊ အတည်ပြောနေတာလား စသဖြင့် Tone အမျိုးမျိုးကို ခန့်မှန်းလို့ရပါတယ်။ ဒါဆိုရင် Essay ရေးတာက အပြင်မှာပြောသလို အသံကြားရတာမဟုတ်တဲ့အတွက်ကြောင့် Tone ကို ဘယ်လိုလုပ်သိနိုင်မှာလဲ။🤷🏻♀️ မပူပါနဲ့ ဟောသည်က Tips တွေအတိုင်း တစ်ဆင့်ချင်းစီ ရေးကြည့်ဖို့ အကြံပြုချင်ပါတယ်။ 🪝 College Essay က Academic Writing လည်း မဟုတ်သလို ကိုယ့်ရဲ့ အကြောင်း၊ Achievements တွေကိုချည်း သက်သက် List လုပ်ပြီး ရေးပြရတဲ့ Report Writing လည်း မဟုတ်ပြန်ပါဘူး။ ကိုယ်နဲ့ ကိုယ့် Essay ကို Review လုပ်မယ့် Admission Officers တွေကြားကို ဆက်သွယ်ပေးမယ့် ပေါင်းကူးတံတားလေးပဲ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ တံတားကိုဖြတ်နေရင်း ကျိုးမကျရလေအောင် Dos and Don’ts တွေပါ သေချာမှတ်ထားတော့ဗျို့။ 🪝 Essay ရေးတဲ့အခါမှာ ကိုယ်က တိုက်ရိုက်ပြောပြပေးနေသလို ဖြစ်ရမှာမလို့ အတတ်နိုင်ဆုံး Active voice နဲ့ရေးပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်ဘာကိုဆိုလိုချင်သလဲ၊ Application ဖြည့်တဲ့အခါမှာ မပြောပြလိုက်ရတဲ့ (ဥပမာ - Personal Info ဖြည့်တဲ့အခါမှာ ကိုယ်ကဘယ်လိုလူမျိုးဆိုတာကို မြင်သာအောင်ပြဖို့ရာ မလွယ်ကူတဲ့အခြေအနေမျိုးတို့မှာ) ကိုယ့်ရဲ့ Personality ကို Essay ကနေတစ်ဆင့် ပုံဖော်ပြသလို့ရပါတယ်။ 🪝 အဲ့လို ဖော်ပြတဲ့အခါမှာလည်း ကျွန်တော်ကတော့ ဒီလိုအရည်အသွေးတွေ ရှိတဲ့ ကျောင်းသားတစ်ယောက်ပါ၊ ဒီလိုလူမျိုးပါဆိုပြီး တုံးတိကြီးပြောလိုက်တာထက် ကိုယ်ပြောချင်တာနဲ့ဆက်နွယ်နေတဲ့ Real Life Example တစ်ခုခုကို စဉ်းစားပြီးနှိုင်းယှဉ်ပြလိုက်တာက ပိုပြီးသင့်တော်ပါတယ်။ ကိုယ်ပြောချင်တဲ့ အဆိုတစ်ခု၊ အကြောင်းအရာတစ်ခုကို နောက်ကနေ Back-up လုပ်ပေးတဲ့ Reason/ Example ထည့်လိုက်တဲ့သဘောမျိုးမလို့ ကွက်တိအံကိုက်ပါပဲ။ 🪝 နောက်တစ်ခုကတော့ ကိုယ်ရေးနေတဲ့ Essay ထဲမှာ ကိုယ့်ရဲ့ Emotions တွေကို ပစ်သွင်းပြီး စီးမြောလိုက်ပါ။ ဟာသမဟုတ်ပါဘူး အတည်ပြောတာပါ။ ဒီလိုပြောလို့ ဒရမ်မာချိုးရမှာလား ဘာညာဆိုရင် နိုးပါလို့ပြောပါရစေ။ ကိုယ့်ရဲ့ ခံစားချက်တွေကို ထည့်ခိုင်းတာသည် သနားအောင်လုပ်ပြတာမဟုတ်ပါဘူး Funny ဖြစ်တာတွေ Heartwarming ဖြစ်စေတဲ့အခိုက်အတန့်တွေကို ထည့်ရေးတာအပြင် တခြားတခြားသော ခံစားချက်တွေကို ကိုယ့်ရဲ့အစစ်အမှန်အတိုင်း ဖတ်ရတဲ့သူပါ လိုက်ပြီးမြောပါနိုင်အောင် ရေးခိုင်းတာပဲ ဖြစ်ပါတယ်။ ♦️ တစ်ခုသတိထားရမှာကတော့ Word Limit နဲ့ Essay တွေရေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုယ်ပြောချင်တာတွေ များကောင်းများနေနိုင်သော်လည်းပဲ ဘောင်ထဲ အကန့်ထဲမှာပဲပြောရတာကို သတိထားစေချင်ပါတယ်။ ဒါကြောင့် ပြောချင်တာတွေများပြီး အကြောင်းအရာတွေကို ပေါင်းစုံ ပစ်သွင်းပြီး ရေးတာထက် တစ်ခုကိုပဲအာရုံထားပြီး ဖတ်တဲ့သူ Lost ဖြစ်မသွားအောင် ခေါင်းရှုပ်မသွားအောင် ကြိုးထုံးကို တစ်မျှင်ချင်း ဖြည်ချသလို ရှင်းရှင်းလင်းလင်းရေးရပါမယ်။ Word Count မပြည့်ခဲ့ရင်လည်း မပြည့်ပြည့်အောင်ဆိုပြီး ကြုံရာ တွေးမိရာရာတွေ ကောက်ထည့်တာတွေလည်း ရှောင်ရပါမယ်။ ကိုယ်ရေးလိုက်တဲ့ Sentence တိုင်း Word တိုင်းသည် ဝင်ခွင့်ရ၊မရဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်သွားနိုင်ပါတယ်။ အပေါ်မှာ DOs တွေပြောပြီးသွားပြီဆိုတော့ ဘယ်အချက်တွေကို သတိထားပြီး ရှောင်ရမလဲ။🙅🏻♀️ ➥ အစပိုင်းမှာ ပြောသွားခဲ့သလိုပဲ အက်ဆေးက ပုံမှန် Academic Writing တွေလို မဟုတ်တဲ့အတွက်ကြောင့် Formal မဖြစ်အောင် လုံးဝ လုံးဝ သတိထားရပါမယ်။ အဲ့အစား Conversational Tone အတိုင်း အချင်းချင်းစကားပြောနေသလို Respect ရှိရှိ တစ်ချိန်တည်းမှာပဲ Relaxed ဖြစ်ဖြစ်နဲ့ ပြောပြရပါမယ်။ နောက်ပြီး စာရေးဆရာတွေ သုံးနေကြ Method အတိုင်း ကိုယ်ကချည်း ပြောသွားရသလို မဟုတ်ဘဲ ကိုယ့်ရဲ့ စာကိုဖတ်တဲ့သူပါ Engaged ဖြစ်အောင်၊ ဦးနှောက်ကို အလုပ်တစ်ခုပေးလိုက်သလိုဖြစ်ပြီး ပိုစိတ်ဝင်စားသွားအောင် Rhetorical Questions ❓လေးတွေပါ ထည့်ရေးလို့ရပါတယ်။0,47%
- 12 авг. 2024 г.без подписи0,28%
- 9 авг. 2024 г.🔎 Demonstrated Interest အကြောင်း တစ်စေ့တစ်စောင်း 𝐖𝐡𝐚𝐭 𝐢𝐬 𝐃𝐞𝐦𝐨𝐧𝐬𝐭𝐫𝐚𝐭𝐞𝐝 𝐈𝐧𝐭𝐞𝐫𝐞𝐬𝐭? ပထမဦးဆုံး Demonstrated Interest ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းနဲ့ အစပြုရမယ်ဆိုရင် US က ကျောင်းတွေက ကျောင်းသားတစ်ယောက်ကို ကျောင်းဝင်ခွင့် ပေး၊ မပေးဆိုတာကို စဉ်းစားဆုံးဖြတ်ကြတဲ့အခါမှာ Factors အများကြီးကို ထည့်သွင်းစဉ်းစားတဲ့ Holistic Admissions ကို ကျင့်သုံးကြပါတယ်။ အဲ့ဒီ Factor တွေထဲက တစ်ခုအပါအဝင်ပဲဖြစ်တဲ့ Demonstrated Interest ကတော့ ကိုယ်က ကျောင်းတစ်ကျောင်းကို လျှောက်တဲ့အခါ အဲ့ဒီကျောင်းအပေါ်မှာ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှု ဘယ်လောက်ရှိသလဲဆိုတာကို ထည့်သွင်းစဉ်းစားတဲ့အချက်လို့ ဆိုရပါမယ်။ သို့ပေမယ့် ဒီအချက်ကတော့ တခြား Factor တွေဖြစ်တဲ့ Academics, Extracurriculars, and Essays တွေနဲ့ယှဉ်ရင် အရမ်းအရေးမကြီးတာကိုလည်း သတိပြုရပါမယ်။ ကိုယ်က အပေါ်မှာပြောခဲ့တဲ့ Factor တွေဖြစ်တဲ့ Academic တို့ ဘာတို့မှာ Strong မဖြစ်ဘဲ Demonstrated Interest တစ်ချက်နဲ့တင် ကျောင်းဝင်ခွင့်ရဖို့ မဖြစ်နိုင်ဘူးဆိုတာ ပြောပါရစေ။ ဟင်.. Demonstrated Interest က အရေးမကြီးဘူးဆိုရင် ဒါကိုဘာလို့ ထည့်သွင်းစဉ်းစားနေဦးမလဲ၊ ကျောင်းတွေကလည်း ဘာလို့ ဒီအချက်ကို ဆက်ပြီး ကျင့်သုံးနေသေးသလဲ..။ 𝐖𝐡𝐲 𝐝𝐨 𝐭𝐡𝐞𝐬𝐞 𝐬𝐜𝐡𝐨𝐨𝐥𝐬 𝐚𝐥𝐬𝐨 𝐜𝐨𝐧𝐬𝐢𝐝𝐞𝐫 “𝐃𝐞𝐦𝐨𝐧𝐬𝐭𝐫𝐚𝐭𝐞𝐝 𝐈𝐧𝐭𝐞𝐫𝐞𝐬𝐭” 𝐟𝐚𝐜𝐭𝐨𝐫? ဘာလို့လဲဆိုရင် ကျောင်းတွေက Admissions လက်ခံတဲ့အချိန် ကျောင်းသားတွေ ရာချီထောင်ချီ လျှောက်ကြတဲ့အခါမှာ ဘယ်ကျောင်းသားတွေကို ဝင်ခွင့်ပေးသင့်တယ်၊ မပေးသင့်ဘူးဆုံးဖြတ်တဲ့အခါ အကြပ်ရိုက်စရာ အခြေအနေမျိုးတွေ့ခဲ့ရင် Demonstrated Interest ကို ထည့်သွင်းစဉ်းစားဖို့ပဲဖြစ်ပါတယ်။ ဘယ်လို အကြပ်ရိုက်စရာကိစ္စမျိုးလဲဆိုရင် ဥပမာ ကျောင်းသား 5 ယောက်ရဲ့ Application ကို Review လုပ်တဲ့အခါ အဲ့ဒီကျောင်းသား 5 ယောက်စလုံးက အရေးကြီးတဲ့ Factor တွေလို့ ယူဆထားတဲ့ Academics, Extracurriculars နဲ့ Essays တွေမှာ အရည်အချင်းက အတူတူနီးပါးဖြစ်လာတဲ့အခါမှာ ကျောင်းတွေက ဒါကို နောက်ဆုံးဝှက်ဖဲအနေနဲ့ ထုတ်သုံးတတ်ကြပါတယ်။ ဆိုတော့ အားလုံးက အရည်အချင်းအတူတူ ဖြစ်သော်ငြားလည်း ကိုယ်လျှောက်တဲ့ကျောင်းနဲ့ ပတ်သက်ပြီး ဘယ်လောက စိတ်ဝင်စားမှုရှိလဲ၊ စိတ်အားထက်သန်သလဲဆိုတဲ့ အကြောင်းကို မျက်ဝါးထင်ထင်ပြထားတဲ့ ကျောင်းသားကို ရွေးချယ်ဖို့ ရာခိုင်နှုန်းက ကျိန်းသေပေါက် ပိုများမှာပဲဖြစ်ပါတယ်။ ဒီနေရာမှာ သတိချပ်စရာတစ်ခုကတော့ ကိုယ်က ဘယ်လောက်ပဲ ရည်သန်မှုရှိရှိ ကျောင်းတွေက သူတို့သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေ (Academics, Extracurriculars,...) နဲ့ ကိုက်ညီမှုမရှိရင်လည်း ကျောင်းဝင်ခွင့်ပယ်ချခံရနိုင်သလို ကိုယ်က သူတို့ Standard ထက် အရမ်းတော်နေ၊ ပိုထက်မြက်နေပေမယ့်လည်း ခုနကပြောပြခဲ့သလို အခြေအနေမျိုးနဲ့ကြုံလာတဲ့အခါမှာ ကိုယ့်အနေနဲ့ Demonstrated Interest ကို Showcase မလုပ်ထားရင်လည်းပဲ Reject ခံရဖို့ အလားအလာရှိပါတယ်။ အကျဉ်းချုပ်ပြောရရင်တော့ ကိုယ့်ဘက်ကနေ လစ်ဟင်းမှုမရှိဘဲ အကုန်လုံးကို အဘက်ဘက်ကနေ ဖြည့်ထားဖို့တော့ လိုတာပေါ့နော် ။👩🏻🎓 𝐖𝐚𝐲𝐬 𝐭𝐨 𝐬𝐡𝐨𝐰𝐜𝐚𝐬𝐞 𝐲𝐨𝐮𝐫 𝐈𝐧𝐭𝐞𝐫𝐞𝐬𝐭 ဘယ်လိုနည်းတွေနဲ့ ကျောင်းတွေကို ကိုယ့်ရဲ့ Interest ကို သိအောင် ချပြရမလဲဆိုရင် - ⭐ ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်ကတော့ ကျောင်းလျှောက်တဲ့အခါမှာ Early Decision (ED) နဲ့ လျှောက်တာပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ED လျှောက်တဲ့အခါ ကျောင်းဝင်ခွင့်ရခဲ့တယ်ဆိုရင် အဲ့ဒီကျောင်းကိုပဲ တက်ပါမယ်ဆိုတဲ့ ခံဝန်ချက်နဲ့ Bond ထိုးပေးရတာမလို့ ဒီနည်းလမ်းက သူတို့ကျောင်းကို တကယ်တက်ချင်ပါတယ်ဆိုတဲ့ သဘောကို သက်ရောက်နေပါတယ်။ ဒါ့အပြင် ကျောင်းသားတွေအနေနဲ့ Early Decision အတွက် အမေရိကမှာ ကျောင်းတွေ မရေမတွက်နိုင်အောင် ရှိတဲ့ထဲမှာမှ ကျောင်းတစ်ကျောင်းကိုသာ ရွေးချယ်ပြီး လျှောက်ရတာဖြစ်လို့ ဥပမာ ကိုယ်က ED အတွက် Yale ကို ရွေးလိုက်မယ်ဆိုရင် ဒီကျောင်းက ကိုယ့်ရဲ့ဦးစားပေး Top Choice ဖြစ်တဲ့ကျောင်းဆိုတာကိုလည်း တိုက်ရိုက်ပြောပြရာရောက်ပါတယ်။ ကျောင်းတွေက ဘာလို့ သူတို့ကျောင်းတွေကို Early Decision အနေနဲ့ ရွေးချယ်ပြီး လျှောက်ကြတဲ့ ကျောင်းသားတွေကို ပိုပြီး Prefer ဖြစ်ကြလဲဆိုရင် ကျောင်းတက်ကို တက်ပါမယ်ဆိုတဲ့ ခံဝန်ချက်ပါပြီးသားဖြစ်တဲ့အတွက် သူတို့ကျောင်းရဲ့ “Yield Rate” ကိုမြှင့်တင်ရလဲရောက်လို့ပါ။ ဒီနေရာမှာ “Yield Rate” ဆိုတာကို ဥပမာပေးရရင်တော့ ကျောင်းတွေကနေ ဝင်ခွင့်ရတဲ့ ကျောင်းသားတွေကို Acceptance Letter Offer တဲ့အခါမှာ ကျောင်းသားတွေဘက်ကနေပြီး အဲ့တာကို ပြန် Accept လုပ်ပြီး ဒီကျောင်းမှာပဲတက်ပါမယ်ဆိုတဲ့ Decision ကိုချတဲ့နှုန်း ဒါမှမဟုတ်ရင် ကျောင်းသားအရေအတွက်လို့ ပြောရပါတယ်။ ဒါကြောင့် “Yield Rate” က တခြားကျောင်းတွေနဲ့ ယှဉ်တဲ့အခါ သူတို့ကျောင်းရဲ့ Ranking နဲ့ Reputation ကို Affect ဖြစ်တာမလို့ ED နဲ့လျှောက်တဲ့ကျောင်းသားတွေကို ပိုစဉ်းစားပေးတာဖြစ်ပါတယ်။0,23%
- 11 дек. 2024 г.без подписи0,00%