Cԋαɳɳҽʅ Bყ Xιɳყι
Статистика- Последний пост
- 24 июл.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 28
- 1/48двое суток
- 32
- 1/72трое суток
- 34
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
မနက်ဖြန် ပျော်နိုင်ဖို့ကလွဲရင် ဘာရည်မှန်းချက်မှမရှိတဲ့ ခပ်ညံ့ညံ့ကောင်ပါ ချစ်ပေးပါလို့ မတောင်းဆိုရက်သလို မချစ်ပေးရင်လဲ အပြစ်မမြင်ရက်ပါဘူး ပျော်ရာကိုသွားပါ သာရာကိုင်းကိုနားပါ လိုချင်တာတွေဆို မရခဲ့တာများလို့ မင်းကိုလဲ ငေးယုံနဲ့ပဲ ကျေနပ်ပါရစေ ငါ မပိုင်ဆိုင်နိုင်တဲ့ ငှက်ကလေး မုန်တိုင်းရန်တွေ ကင်းဝေးပါစေ... နှင်းရိုင်း🌻
ကိုယ်မင်းကိုလက်လျှော့လိုက်ပြီမို့ ပျော်သလိုသာနေပါအချစ်ရယ်... ၀တ်ကျေတန်းကျေ ပြန်ပြောလာမယ့် ဖုန်းတွေကိုထပ်မခေါ်ချင်တော့တာမို့ အားနာလို့ပြန်ပို့နေရတဲ့စာတွေကို ထပ်မပို့ချင်တော့တာမို့ ထောက်လက်စဒူးကိုပြန်မတ်ရင်း ကိုယ့်ကိုကိုယ်ပြန်ရွေးချယ်လိုက်ပါပြီ ကပ်တွယ်နေခြင်းတွေဟာ မင်းအတွက်အနှောင့်အယှက်ဖြစ်စေသလို ကိုယ့်အတွက်လဲနာကျင်ရတာမို့ မင်းခြေဖဝါးအောက်က "မာန"လေးကိုပြန်ကောက်ရင်း ဒီတစ်ခါတော့ကိုယ်လက်လျှော့လိုက်ပါပြီ... နှင်းရိုင်း🌻
ဟိုကောင်လေးရဲ့ပါးကို မင်းကနမ်းနိုင်တဲ့အထိ သူစိမ်းတစ်ယောက်ရဲ့နှုတ်ခမ်းကို ကိုယ်ကနမ်းနိုင်တဲ့အထိ ကိုယ်တို့အဆင်ပြေသလို ဝေးကြတာပေါ့အချစ်ရယ်.. ဒီညတော့ကိုယ်မူးနေပြီမို့ သက်ဆိုင်ဖူးတဲ့မပိုင်ဆိုင်လိုက်ရသူလေးရေ မင်းဖုန်းလေးပိတ်ထားပေးပါအုံး... နှင်းရိုင်း🌻
မေ့ချင်ယောင်ဆောင်ထားပြီး သတိမရဘူးလို့ ညာလိုက်တယ် လူရွှင်တော်တွေငိုတဲ့အခန်းကိုတော့ ဆင်ဆာဖျက်ထားပါ့မယ် မင်းချမ်းမြေ့ပါစေကွယ် .... နှင်းရိုင်း🌻
အားကျပါတယ်ညီလေးရာ မင်းလွယ်လွယ်ရခဲ့တဲ့အရာဟာ အစ်ကိုဒူးထောက်လက်မြှောက်ခဲ့တာတောင် ရောင်ပြန်မဟပ်ခဲ့တဲ့မေတ္တာတွေကွ... နှင်းရိုင်း🌻
လူတစ်ယောက်ပျော်ရွင်ဖို့ လူတစ်ယောက်ပဲလိုတယ်တဲ့ လူတစ်ယောက်နာကျင်ဖို့လဲ လူတစ်ယောက်ပဲလိုတာလေ... နှင်းရိုင်း🌻
အမှတ်တရဆိုတာတွေ မရှိခဲ့ရင်ကောင်းမယ်...
ယောက်ျားဆိုတာ မျက်ရည်မကျရဘူးဆိုတဲ့ စကားလုံးတွေရဲ့နောက်ကွယ်မှာ "ဓားစာခံ"ဖြစ်ခဲ့ရတဲ့ နံရံပေါ်ကလက်သီးချက်တွေ... နှင်းရိုင်း🌻
ဘာမှမရှိတဲ့ဘ၀ထဲ ဘယ်သူမှရှိမနေချင်တာ မထူးဆန်းပါဘူး... နှင်းရိုင်း🌻
နောက်ဆုတ်ပေးပါတဲ့ လူတွေကရယ်ရတယ်နော် နောက်ဆုံးကလူကို နောက်ထပ်ဆုတ်ခိုင်းတယ်။ -ဝေယံနွယ်
အမေရယ် အစစအရာရာလွဲချော်နေတတ်တဲ့ဒီကောင်ကလေ ခေါင်းမာပြီး နှလုံးသားကျမှပျော့နေတယ်... -မောင်ချောနွယ်
စောင့်နေတာကိုတောင်မသိဘဲ ပြန်မလာတဲ့သူနဲ့ ပြန်မလာမှာကို သိသိနဲ့ စောင့်နေတဲ့သူ ဘယ်သူလွန်လဲ အချစ်ရေ တွေ့စကနေ အခုဝေးပြီးတဲ့အထိ အားလုံးက ကိုယ့်အမှားချည်းပါပဲ။ -လင်းညီ-
ဝေးချင်ပြီဆိုမှဖြင့် မနီးအောင်နေပေးရုံပေါ့ အချစ်ရယ် ဆန္ဒတွေမပါတဲ့အခါ အသံကုန်ခြစ်အော်လည်း မကြားနိုင်တော့ဘူး မဟုတ်လား တိတ်ဆိတ်ခြင်းဖြင့် မြတ်နိုးကြောင်းပြပါ့မယ်။ -ရိပ်ငြိမ်
ကဗျာနဲ့စိတ်အမောပြေစရာဟာသလေးတွေဖတ်ချင်ရင် join ထားကြပါဗျ
ကဗျာနဲ့စိတ်အမောပြေစရာဟာသလေးတွေဖတ်ချင်ရင် join ထားကြပါဗျ
တစ်လောကလုံးကိုကျောခိုင်းပြီး မင်းရှိတဲ့အရပ်ကိုမျက်နှာမူတယ်... ဘုရားဟောတဲ့တရားတော်တွေလျစ်လျူရှု့ပြီး မင်းစကားကိုနားယောင်တယ်... နိဗ္ဗာန်ဆိုတာအဝေးကြီးပါပဲ မင်းအပြုံးလေးသာရှိရင် ကိုယ့်ကမ္ဘာမှာအောက်စီဂျင်တွေမလိုဘူးအချစ်ရဲ့... နှင်းရိုင်း🌻
မင်းလက်တစ်ဖက်ကို ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို အပိုင်ရပြီး မင်းဘက်ကလက်မလွှတ်နိုင်မှန်းသိရတဲ့အခါ ကမ္ဘာတစ်ခုလုံးကို အပိုင်ရခဲ့တယ်... နှင်းရိုင်း🌻
"တုံးဆိုတိုက် ကျားဆိုကိုက်" မယ့်ကောင်ပါ "မောင်"လို့ခေါ်သံလေးတွေအောက်မှာတော့ ခေါင်းလေးငုံ့ပြီး သောက်လက်စ စီးကရက်လေး သူမမြင်အောင်လွှင့်ပစ်ခဲ့ဖူးတယ်ဗျ... နှင်းရိုင်း🌻
ဒီနေ့အသိညီလေးတစ်ယောက်နဲ့လမ်းမှာတွေ့တော့ သူက "အကို ဆိုင်သွားမလို့လား"တဲ့ "မဆိုင်သွားပါဘူးငါ့ညီရာ သူလဲသူ့ဘ၀နဲ့သူ ကိုယ်လဲကိုယ့်ဘ၀နဲ့ကိုယ်ပါပဲ"လို့ပြန်ပြောလိုက်တာ ခေါင်းလေးငိုက်ပြီးဘာမှတောင်ပြန်မပြောနိုင်ရှာဘူး သူ့မှာလဲရင်နာစရာဇာတ်လမ်းလေးတစ်ပုဒ်ရှိဖူးတယ်ထင်ပါရဲ့... နှင်းရိုင်း🌻
ချစ်မိမှတော့ပိုင်ဆိုင်ချင်တာပေါ့အစ်မရယ် နှဖူးထက်ကဆံနွယ်လေးကအစ ခြေဖဝါးအောက်က ကတ္တီပါဖိနပ်လေးတိုင် ကျွန်တော်မြတ်နိုးပါတယ်... နှင်းရိုင်း🌻