tgindex
Chit Aein Thu Official Channel

Chit Aein Thu Official Channel

Статистика

Influencer ✨

Последний пост
14 авг.
Последнее чтение
14 авг.
Постов за неделю
7
Всего постов
92
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
3 654
0 за 4 дн.
Сутки
+2
+0,05%
Неделя
 
Месяц
 
Просмотров на пост
596
40 постов
Вовлечённость
16,3%
к подписчикам
Постов в день
1,0
всего 92
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
376
1/48двое суток
430
1/72трое суток
464

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • без подписи

  • без подписи

  • Bringing Ireland Closer to Myanmar Students! 🍀🇮🇪 Europe မှာ ပညာသင်ကြားဖို့ စဉ်းစားနေတဲ့ မြန်မာကျောင်းသားတွေအတွက် အိုင်ယာလန်နိုင်ငံရဲ့ ကမ္ဘာ့အဆင့်မီ ပညာရေးနဲ့ Up to 100% Scholarship အခွင့်အလမ်းတွေကို တိုက်ရိုက်လေ့လာနိုင်မယ့် "Beyond Graduation: Why Ireland is the New Choice for Myanmar Students" Seminar ကို Study Quest Global မှ ကျင်းပပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ 🎓✨ ဒီ Seminar မှာ အိုင်ယာလန်နိုင်ငံ၏ ထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်သော Griffith College မှ Student Mobility Manager (Southeast Asia) - Mr. Chiau Choon Kiak (CK Chiau) ကိုယ်တိုင် မြန်မာကျောင်းသား/သူများအတွက် Ireland ပညာရေးလမ်းကြောင်း အချက်အလက်များနှင့် Scholarship အခွင့်အလမ်းများကို တိုက်ရိုက်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ✨ ဒီ Seminar မှာတော့ ✅Budget Friendly ဖြစ်စေမယ့် ​အိုင်ယာလန် ပညာရေးလမ်းကြောင်းများ ✅Up to 100% Scholarship ရယူနိုင်မယ့် အခွင့်အရေးများ ✅Mr.CK ကိုယ်တိုင် Bangkok ရှိ Visa Officer နှင့် တွေ့ဆုံဆွေးနွေးမှုမှ ရရှိလာသော Ireland Visa အောင်မြင်ရေး အဓိက သော့ချက်များကို Sharing လုပ်ပေးခြင်း ✅Graduation ပြီးနောက် Career Opportunities နှင့် Post-Study Work Visa အကြောင်း ✅Griffith College ရဲ့ Student Mobility Manager ထံမှ Application Process အဆင့်ဆင့်ကို တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်ခြင်း စတဲ့ အထူးအခွင့်အရေးများကို ပေးအပ်သွားမှာဖြစ်ပါတယ်။ 📅 ပွဲကျင်းပမည့် အသေးစိတ် အချက်အလက်များ: Date: 15th August 2026 (Saturday) Time: 2:00 PM – 4:00 PM Location: SQG Yankin Office (Unit 18-20, Urban Landmark Center, Ground Floor, Shwe Moe Kaung Condo, Moe Kaung Road, Yankin Township) 🎓Up to 100% Scholarship အခွင့်အလမ်းနဲ့ အိုင်ယာလန် ပညာရေးအိမ်မက်ကို စတင်ဖို့ အခုပဲ Register လုပ်လိုက်တော့နော် Seminar တက်ရောက်ရန် သို့မဟုတ် အခမဲ့ စာရင်းပေးသွင်းရန်အတွက် 👇 https://forms.gle/qH6f2J8mWHHSyU61A ☎️ 09 880 951 627 ☎️ 09 880 951 626 🏢Office 1: No.61, Byine Yay O Sin Street (Near Shin Pargu Hospital), Tamwe, Yangon, Myanmar 🏢Office 2: Urban Landmark Center, UNIT 18-20, Shwe Moe Kaung CONDO, Yankin Township, Yangon, Myanmar

  • 📌 Study in Korea (Official Website) တွင် ဝင်ရောက်လေ့လာရန် Link: https://www.studyinkorea.go.kr/ko/main.do

  • 🚨 တောင်ကိုရီးယားမှာ အစစအရာရာ အခမဲ့ (Fully Funded) ကျောင်းသွားတက်ဖို့ အိမ်မက်မက်နေသူတွေအတွက် GKS-U 2027 Scholarship ကြီး မကြာခင် လာတော့မယ်နော် 🇰🇷✨ ကိုရီးယားအစိုးရကနေ ဘွဲ့ကြိုကျောင်းသားတွေအတွက် (၁၀၀%) အပြည့်အဝ ထောက်ပံ့ပေးမယ့် Global Korea Scholarship for Undergraduate Degrees (GKS-U) 2027 ဟာ နောက်လောက်မှာ တရားဝင် စတင်ခေါ်ယူတော့မှာ ဖြစ်ပါတယ်။ တရားဝင် Guideline တွေ မထွက်လာခင် အချိန်မလုရအောင် အခုကတည်းက ကြိုတင်ပြင်ဆင်ထားဖို့ တီချယ်က အကြံပေးချင်ပါတယ်။ ဘာတွေ ကြိုလုပ်ထားရမလဲဆိုရင် ပြီးခဲ့တဲ့ 2026 GKS-U Application Guidelines တွေကို အရင်ဖတ်ပြီး - ✅ လိုအပ်တဲ့ အရည်အချင်း (Eligibility requirements) ✅ ကြိုတင် ပြင်ဆင်ထားရမယ့် စာရွက်စာတမ်းများ (Required documents) ✅ လျှောက်ထားနိုင်မယ့် လမ်းကြောင်းများ (Application tracks & process) နဲ့ ✅ တက္ကသိုလ်၊ မေဂျာ ရွေးချယ်မှုအပိုင်းတွေကို အခုကတည်းက လေ့လာထားသင့်ပါတယ်။ ⚠️ အထူး သတိပြုရန် - 2026 guidelines တွေဟာ ကြိုတင်ပြင်ဆင်ဖို့ (Early Preparation) အတွက်သာဖြစ်ပြီး တရားဝင် 2027 guidelines (NIIED) ထွက်လာတဲ့အခါ လိုအပ်ချက်တွေ၊ ခွဲတမ်း၊ တက္ကသိုလ်နဲ့ နောက်ဆုံးရက်တွေ အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် စာရွက်စာတမ်း အကြမ်းဖျင်းက အတူတူလောက်ပဲမို့ အခုကတည်းက ကြိုစုထားတာ အကောင်းဆုံးပါပဲ။ 👉 GKS-U 2027 အတွက် လျှောက်ဖို့ စိတ်ကူးထားရင် Comment မှာ "GKS" လို့ ရေးပေးသွားခဲ့ပါဦးနော်။ ကိုရီးယားသွားချင်တဲ့ သူငယ်ချင်းတွေကိုလည်း အမြန်ဆုံး Tag တွဲပြီး သတိပေးလိုက်ပါဦး ရှင် 👇 (GKS အကြောင်း အသေးစိတ် လေ့လာရန် Official Link ကို Comment တွင် ချပေးထားပါသည်။) 🎓 မိမိနဲ့ အကိုက်ညီဆုံး Major ရွေးချယ်ဖို့နဲ့ Career Roadmap အတွက် သေချာတိုင်ပင်ချင်တယ်ဆိုရင်တော့ Page Messenger ကနေ One-to-One Consultation Booking လာလုပ်လို့ရပါပြီ ရှင် #chitaeinthu #myanmar #StudyInKorea #GKS2027 #GKSU #ScholarshipMyanmar #FullyFunded #KoreaScholarship #Opportunities2026 #EducationInMyanmar

  • без подписи

  • Microsoft Excel အသုံးပြု၍ အဖွဲ့ဝင်စာရင်း၊ ပွဲတက်ရောက်သူမှတ်တမ်းနှင့် အခြေခံစရိတ်စာရင်းများကို စနစ်တကျ Data Entry ပြုလုပ်ထိန်းသိမ်းရန်။ Microsoft Word & PowerPoint တို့ဖြင့် ရုံးသုံးစာရွက်စာတမ်းများ၊ ဖြည့်စွက်ဖောင်များနှင့် အခြေခံ Presentation များ ပြင်ဆင်ရေးသားရန်။ Office Manager နှင့် အတွင်းရေးမှူး/တွဲဖက်အတွင်းရေးမှူးများ၏ ညွှန်ကြားချက်နှင့်အညီ နေ့စဉ်ရုံးလုပ်ငန်းဆောင်တာများ ကို တာဝန်ယူဆောင်ရွက်ရန်။ အရည်အချင်းပြည့်မီမှု လိုအပ်ချက်များ (Requirements) စီမံခန့်ခွဲမှု (Admin) သို့မဟုတ် ရုံးလုပ်ငန်းပံ့ပိုးမှုဆိုင်ရာ အတွေ့အကြုံရှိသူ (Volunteer သို့မဟုတ် အလုပ်သင်အတွေ့အကြုံရှိသူများကိုလည်း ထည့်သွင်းစဉ်းစားမည်)။ Digital Literacy – ကွန်ပျူတာ၊ အီးမေးလ်နှင့် အင်တာနက်တို့ကို စနစ်တကျ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။ Microsoft Excel, Word, PowerPoint ဆော့ဖ်ဝဲလ်များကို အသုံးပြု၍ အခြေခံ Data Entry နှင့် ရုံးသုံးစာရွက်စာတမ်း/Presentation များ ပြင်ဆင်ရေးသားနိုင်ရမည်။ မြန်မာစာအရေးအသား တိကျမှန်ကန်ပြီး ရုံးသုံးစာရွက်စာတမ်းများကို စနစ်တကျ သေချာစွာ ပြုစုရေးသားနိုင်စွမ်း ရှိရမည်။ စာရွက်စာတမ်းမှတ်တမ်းတင်ခြင်း (Documentation) လုပ်ငန်းများတွင် အသေးစိတ်လုပ်ဆောင်နိုင်ပြီး တက်ကြွကြိုးစားသူ ဖြစ်ရမည်။ အဖွဲ့အစည်းစိတ်ဓာတ် (Team work) ရှိပြီး Office Manager နှင့် EC အဖွဲ့ဝင်များနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်ရမည်။ လျှောက်ထားရန် လိုအပ်သော အချက်များ: Updated CV / Resume (PDF သို့မဟုတ် Word) ကိုယ်တိုင် မျှော်လင့်ထားသော လစာ (MMK) ကို ဖော်ပြရေးသားပေးရန် လျှောက်ထားရန်: Email: mceaoffice98@gmail.com

  • **မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း (MCEA) Office Manager နှင့် Admin Officer ရာထူးများ ကြေညာလျှောက်လွှာ ဖိတ်ခေါ်ခြင်း** မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း (MCEA) မှ MICT Park Building, လှိုင်မြို့နယ်, ရန်ကုန်ရှိ ရုံးလက်အောက်တွင် အလုပ်လုပ်ဆောင်ရန် Office Manager နှင့် Admin Officer ရာထူးများကို လျှောက်ထားနိုင်ရန် ဖိတ်ခေါ်နေပါသည်။ ရာထူး (၁) – Office Manager ရာထူးအမည်: Office Manager အဖွဲ့အစည်း: မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း (MCEA) အလုပ်လုပ်ရမည့်နေရာ: MICT Park Building, လှိုင်မြို့နယ်, ရန်ကုန် စတင်လုပ်ဆောင်ရမည့်နေ့: ချက်ချင်း လာရောက်လုပ်ဆောင်နိုင်သူ အဓိက တာဝန်ဝတ္တရားများ (Responsibilities) အသင်းရုံး၏ နေ့စဉ်လုပ်ငန်းဆောင်တာများ စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်းလုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်ရမည်။ အသင်း၏ စီမံကိန်း (Project) များနှင့် လုပ်ငန်းစဉ်များတွင် လိုအပ်သလို ပူးပေါင်းပါဝင် စီမံဆောင်ရွက်ရမည်။ EC Meeting နှင့် Working Group Meeting အစရှိသည့် လစဉ်အစည်းအဝေးများအတွက် အချိန်၊ နေရာ၊ Online Link များ စီစဉ်ခြင်းနှင့် ဖိတ်ကြားစာပေးပို့ခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်ရမည်။ အသင်း၏ အဓိကအကြောင်းအရာများနှင့် သတင်းအချက်အလက်များကို အခြေခံ၍ အစည်းအဝေးစာရွက်စာတမ်းများ၊ အစီရင်ခံစာများနှင့် Memo စာလွှာများကို စနစ်တကျ ပြုစုတင်ပြရမည်။ ရုံးလုပ်ငန်းသုံး စာရွက်စာတမ်းများနှင့် Project Documentation များကို Excel, Word, PDF ပုံစံများဖြင့် ပြည့်စုံသေချာစွာ ဖိုင်တွဲမှတ်တမ်းတင် သိမ်းဆည်းနိုင်ရမည်။ Microsoft Excel ကို အသုံးပြု၍ အစည်းအဝေးတက်ရောက်မှုစာရင်း (Attendance List)၊ အခြေခံ ဘတ်ဂျက်/အသုံးစရိတ်စာရင်းများနှင့် Project Tracking မှတ်တမ်းများကို ပြည့်စုံစွာ ပြင်ဆင်ထိန်းသိမ်းရမည်။ Microsoft Word နှင့် PowerPoint တို့ကို ထိရောက်စွာအသုံးပြုပြီး ရုံးသုံးတရားဝင်စာများ၊ အစည်းအဝေးမှတ်တမ်းများနှင့် Presentation များကို ပြင်ဆင်ရေးသားနိုင်ရမည်။ EC အဖွဲ့ဝင်များ၊ ကော်မတီများ၊ လုပ်အားပေးများ (Volunteers) နှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား လုပ်ငန်းများ အောင်မြင်စေရန် ဆက်သွယ်ပြီး Follow-up များ လုပ်ဆောင်ရမည်။ အသင်း၏ စီမံကိန်းများနှင့် လုပ်ငန်းဆောင်တာများကို အသေးစိတ် ဂရုတစိုက်စောင့်ကြည့်ပြီး သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြီးမြောက်အောင် တာဝန်ယူရမည်။ အခြေခံ ဘဏ္ဍာရေးနှင့် စာရင်းကိုင်အသိပညာ အသုံးပြု၍ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ညွှန်ကြားချက်နှင့်အညီ ဘတ်ဂျက်သုံးစွဲမှုနှင့် ငွေပေးချေမှု လုပ်ငန်းများကို တာဝန်ယူ ကူညီဆောင်ရွက်ပေးနိုင်ရမည်။ လိုအပ်ချက်များ (Requirements) ရုံးလုပ်ငန်းများနှင့် နေ့စဉ်ရုံးလုပ်ငန်းစီမံခန့်ခွဲမှု (Office Management / Daily Operation) အပိုင်းတွင် ရုံးလုပ်ငန်းအတွေ့အကြုံ (Experience) ရှိသူ ဖြစ်ရမည်။ Digital Literate ဖြစ်ရမည် – ကွန်ပျူတာ၊ အင်တာနက်၊ အီးမေးလ်နှင့် Online Meeting Tools များကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရမည်။ Microsoft Excel, Word, PowerPoint, G Suite များကို ထိရောက်စွာ အသုံးပြုနိုင်ပြီး Data entry ပြုလုပ်ခြင်း၊ အခြေခံဆန်းစစ်ခြင်းနှင့် document & presentation ပြင်ဆင်ခြင်းများကို လုပ်ဆောင်နိုင်ရမည်။ ရုံးသုံးတရားဝင်စာများ၊ အစည်းအဝေးမှတ်တမ်းများနှင့် အီးမေးလ်များကို မြန်မာစာဖြင့် သေချာစွာ ရေးသားနိုင်ရမည် (အင်္ဂလိပ်စာ အနည်းငယ်ရပါက ပိုမိုအထောက်အကူပြုမည်)။ သတ်မှတ်ထားသော လုပ်ငန်းရက်ချိန်နှင့် အလုပ်စာရင်းများကို တိကျစွာ လိုက်နာနိုင်ပြီး လုပ်ငန်းခွင်၌ ကြိုးစားအားထုတ်မှု ရှိရမည်။ EC အဖွဲ့ဝင်များ၊ Volunteers များနှင့် အခြားသော Partners မိတ်ဖက်များအကြား လေးစားမှုအပြည့်ဖြင့် ကောင်းမွန်စွာ ဆက်ဆံပူးပေါင်းနိုင်ရမည်။ ရာထူး (၂) – Admin Officer ရာထူးအမည်: Admin Officer အဖွဲ့အစည်း: မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း (MCEA) အလုပ်လုပ်ရမည့်နေရာ: MICT Park Building, လှိုင်မြို့နယ်, ရန်ကုန် စတင်လုပ်ဆောင်ရမည့်နေ့: ချက်ချင်း လာရောက်လုပ်ဆောင်နိုင်သူ အဓိကတာဝန်ဝတ္တရားများ (Responsibilities) ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပံ့ပိုးကူညီမှုလုပ်ငန်း (Admin Operations) များကို စနစ်တကျ တာဝန်ယူဆောင်ရွက်ရန်။ အစည်းအဝေးများနှင့် ပွဲလမ်းသဘင်များအတွက် နေရာသတ်မှတ်ခြင်း၊ ဖိတ်ကြားလွှာပေးပို့ခြင်းနှင့် အသိပေးချက် (Reminder) ပေးပို့ခြင်း စသည့် စီစဉ်ညှိနှိုင်းမှုများကို လုပ်ဆောင်ရန်။ အစည်းအဝေးမှတ်တမ်းများ (Minutes) ပြုစုခြင်း၊ တက်ရောက်သူစာရင်းများ ပြင်ဆင်ခြင်းနှင့် အကျဉ်းချုပ်အစီရင်ခံစာ (Summary Report) များ ရေးသားတင်ပြရန်။ ဝင်စာထွက်စာများ၊ ဖောင်ပုံစံများ၊ အစည်းအဝေးမှတ်တမ်းများနှင့် စီမံကိန်းဖိုင်များကို Digital နှင့် Paper စနစ်ဖြင့် စနစ်တကျ ဖိုင်တွဲမှတ်တမ်းတင် သိမ်းဆည်းရန်။ ရုံးလည်ပတ်ရေးဆိုင်ရာ အခြေခံဆက်သွယ်မှုလမ်းကြောင်းများ (ဖုန်း၊ အီးမေးလ်၊ Viber၊ Messenger) ကို တာဝန်ယူ တုံ့ပြန်ဆောင်ရွက်ရန်။

  • 📌 အသေးစိတ် ဖတ်ရှုရန်နှင့် လျှောက်ထားရန် Link: https://www.goethe.de/ins/vn/en/kul/aus/tvr.html

  • 🚨 အနုပညာရှင်တွေ၊ စာရေးဆရာတွေနဲ့ သုတေသီတွေအတွက် ဗီယက်နမ်နိုင်ငံကို အခမဲ့ (Fully Funded) သွားရောက်လေ့လာ ဖန်တီးခွင့်ရမယ့် Artist Residency အစီအစဉ် လာပါပြီ ✨🇻🇳 (နောက်ဆုံးရက်က ၂ ရက်ပဲ လိုတော့လို့ အမြန်လေးနော် ⏳) မြန်မာနိုင်ငံအပါအဝင် Lower Mekong Subregion က အနုပညာဖန်တီးသူတွေ၊ စာရေးဆရာတွေအတွက် လုံးဝ (လုံးဝ) လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါ။ ဗီယက်နမ်နိုင်ငံ Trà Vinh မြို့မှာ "Myth-making" (ဒဏ္ဍာရီဖန်တီးခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ ဇာတ်လမ်းများ) ဆိုတဲ့ ခေါင်းစဉ်နဲ့ (၁) လတာ သွားရောက်နေထိုင်ပြီး (Artist Residency) ဖန်တီးမှုတွေ ပြုလုပ်ရမယ့် အစီအစဉ်ဖြစ်ပါတယ်။ 📌 ဘယ်သူတွေ လျှောက်ထားနိုင်လဲ? အနုပညာရှင်များ (Artists)၊ စာရေးဆရာများ (Writers)၊ သုတေသီများ (Researchers) နဲ့ တခြားသော Creative နယ်ပယ်က လူငယ်များ Culture, History, Identity နဲ့ Storytelling ပိုင်းတွေကို စိတ်ဝင်စားသူများ Community-driven practices တွေကို စိတ်ဝင်စားပြီး အင်္ဂလိပ်လို ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်သူများ (မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်ပါတယ်) 📌 ဒီ Residency ကနေ ဘာတွေ ပံ့ပိုးပေးမလဲ? (Fully Funded) ✈️ ဗီယက်နမ် (Trà Vinh) သို့ အသွားအပြန် လေယာဉ်လက်မှတ် အခမဲ့ 💰 Artist and production fees အဖြစ် (ယူရို ၈၀၀ အထိ) 💵 နေထိုင်စရိတ် (Living stipend) အဖြစ် (ယူရို ၂၀၀) 🏨 တည်းခိုစရာ၊ Workspace (Ceramic studio ပါဝင်) နဲ့ Local transport 👥 Local Experts တွေနဲ့ တွေ့ဆုံခြင်း၊ Workshops နဲ့ Networking အခွင့်အရေးများ ✨ အမိုက်ဆုံးအချက်ကတော့ ဒီဇင်ဘာလကုန်မှာလုပ်မယ့် "No Cai Bum Art Festival" မှာ ကိုယ့်ရဲ့ ဖန်တီးမှုတွေကို ပြသခွင့်ရမယ့်အပြင် အဲ့ဒီပွဲအတွက်ပါ ခရီးစရိတ်နဲ့ နေထိုင်စရိတ် အားလုံးကို ထပ်မံ ပံ့ပိုးပေးသွားမှာပါ။ 📅 မှတ်သားထားရမည့် ရက်စွဲများ: Residency ကာလ - ၁၅ အောက်တိုဘာ မှ ၁၅ နိုဝင်ဘာ ၂၀၂၆ နောက်ဆုံးလျှောက်ရမည့်ရက် (Deadline) - ၉ ဩဂုတ် ၂၀၂၆ (ယခုလ ၉ ရက်နေ့မို့ အချိန် ၂ ရက်သာ လိုပါတော့တယ် ရှင်) အချိန်အရမ်းကပ်နေပြီဖြစ်လို့ အနုပညာဖန်တီးမှု ဝါသနာပါတဲ့ သူငယ်ချင်းတွေ၊ စာရေးဆရာတွေနဲ့ သုတေသီတွေကို အမြန်ဆုံး သတိရရင် ရချင်း ဒီပို့စ်လေးကို Share ပြီး တဂ် (Tag) ခေါ်ပေးလိုက်ပါဦး ရှင် 👇 (အသေးစိတ် ဖတ်ရှုရန်နှင့် လျှောက်ထားရန် Link ကို Comment တွင် ချပေးထားပါသည်။) 🎓 မိမိနဲ့ အကိုက်ညီဆုံး Major ရွေးချယ်ဖို့နဲ့ Career Roadmap အတွက် သေချာတိုင်ပင်ချင်တယ်ဆိုရင်တော့ Page Messenger ကနေ One-to-One Consultation Booking လာလုပ်လို့ရပါပြီ ရှင် ✨ #chitaeinthu #myanmar #ArtistResidency #FullyFunded #Vietnam #CreativeOpportunities #ScholarshipMyanmar #Opportunities2026 #ArtAndCulture

  • 📌 အသေးစိတ် ဖတ်ရှုရန်နှင့် လျှောက်ထားရန် Link: https://iseafellowship.com/index.html

  • 6 авг.743711

    🇸🇬 Content Creator လုပ်နေတဲ့ အသက် (၂၅) နှစ်အောက် ကျောင်းသားလူငယ်တွေအတွက် စင်ကာပူကို အခမဲ့ (Fully Funded) သွားရမယ့် အမိုက်စား Fellowship လာပါပြီ ✨ Digital လောကမှာ သက်ရောက်မှုရှိတဲ့ Content တွေ ဖန်တီးချင်တဲ့ လူငယ်တွေ လုံးဝ လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါ။ IN-cube (WKWSCI) နဲ့ Temasek Foundation တို့ ပူးပေါင်းပြီး "i-SEA Fellowship Programme 2026" ကို တရားဝင် ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီ Fellowship ကနေတစ်ဆင့် Information Integrity (သတင်းအချက်အလက် မှန်ကန်မှု)၊ AI Ethics (AI ဆိုင်ရာ ကျင့်ဝတ်များ) နဲ့ Storytelling (ပုံပြင်ပြောပြခြင်း အနုပညာ) တွေကို လေ့လာသင်ယူရမှာပါ။ 📌 ဒီ Fellowship ကနေ ဘာတွေရမလဲ? (Fully Funded) စင်ကာပူနိုင်ငံမှာ (ဒီဇင်ဘာ ၇ ရက်မှ ၁၂ ရက်အထိ) ပြုလုပ်မယ့် In-person Hackathon Week ကို သွားရောက်ရမှာဖြစ်ပြီး၊ အောက်ပါတို့ကို အပြည့်အဝ ပံ့ပိုးပေးသွားမှာပါ- ✈️ အသွားအပြန် လေယာဉ်လက်မှတ် 🏨 (၆) ညစာ ဟိုတယ် တည်းခိုစရိတ် 🍽️ နေ့စဉ် စားသောက်စရိတ် အားလုံး 💰 နေ့စဉ်သုံး မုန့်ဖိုး (Daily Stipend) 📜 သင်တန်းဆင်းလက်မှတ် (Certificate of Completion) (မှတ်ချက် - နိုဝင်ဘာ ၁၃ ရက်မှ ၃၀ ရက်အထိ ပြုလုပ်မည့် Online Masterclass များကိုလည်း အခမဲ့ တက်ရောက်ရပါမည်။) 📌 ဘယ်သူတွေ လျှောက်ထားနိုင်လဲ? အသက် (၂၅) နှစ်အောက်ဖြစ်ရပါမယ်။ တက္ကသိုလ်ကျောင်းသား/သူ (Higher Education Student) ဖြစ်ရပါမယ်။ Online တွေမှာ Content ဖန်တီးရတာ ဝါသနာပါသူ (Student Content Creator) ဖြစ်ရပါမယ်။ အင်္ဂလိပ်စကားကို ကောင်းမွန်စွာ ပြောဆိုဆက်သွယ်နိုင်ရပါမယ်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ၊ တရုတ် နဲ့ အိန္ဒိယနိုင်ငံက လူငယ်တွေ လျှောက်ထားနိုင်ပါတယ်။ 📅 နောက်ဆုံးလျှောက်ရမည့်ရက် (Deadline): ၃၀ ဩဂုတ် ၂၀၂၆ စင်ကာပူကို သွားရောက်ပြီး နိုင်ငံတကာက Creator တွေနဲ့ အတွေ့အကြုံသစ်တွေ ဖလှယ်ချင်တဲ့ ညီလေး၊ ညီမလေးတွေကို သိသွားအောင် ဒီပို့စ်လေးကို အခုပဲ Share ပြီး တဂ် (Tag) ခေါ်ပေးလိုက်ပါဦး ရှင် 👇 (အသေးစိတ် ဖတ်ရှုရန်နှင့် လျှောက်ထားရန် Link ကို Comment တွင် ချပေးထားပါသည်။) 🎓 မိမိနဲ့ အကိုက်ညီဆုံး Major ရွေးချယ်ဖို့နဲ့ Career Roadmap အတွက် သေချာတိုင်ပင်ချင်တယ်ဆိုရင်တော့ Page Messenger ကနေ One-to-One Consultation Booking လာလုပ်လို့ရပါပြီ ရှင် ✨ #chitaeinthu #myanmar #ScholarshipMyanmar #iSEAFellowship #FullyFunded #ContentCreator #Singapore #Opportunities2026 #YouthEmpowerment

  • 📌website : https://www.aunsec.org/aun-action/scholarships/jsps-international-fellowships-research-japan?fbclid=IwaY2xjawTg81tleHRuA2FlbQIxMABicmlkETE0SXY3dXZDQ2x3S0RBNHhXc3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHk4hKpjncnCx4k0Jqa73K7Hv72FAlfyuNSDjbDlw8JsxX0q-7-4Cwy8zEVjx_aem_u7XVMxoUFU3u4CQMTyeOLA

  • 🚨 ဂျပန်မှာ သုတေသန (Research) သွားလုပ်ချင်တဲ့ Pre/Post-Doctoral Researcher တွေအတွက် ငွေကြေးအပြည့်အဝ ထောက်ပံ့ပေးမယ့် JSPS International Fellowships ခေါ်နေပါပြီ ရှင် ✨🇯🇵 Research နယ်ပယ်မှာ ကိုယ့်ရဲ့ Career ကို နိုင်ငံတကာအဆင့် မြှင့်တင်ချင်တဲ့ မြန်မာနိုင်ငံက ပညာရှင်တွေ လုံးဝ လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခု လာပါပြီ။ Japan Society for the Promotion of Science (JSPS) ကနေ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေက Pre/post-doctoral သုတေသီတွေအတွက် ဂျပန်နိုင်ငံက ထိပ်တန်း တက္ကသိုလ်တွေ၊ အဖွဲ့အစည်းတွေက Research Group တွေနဲ့ ပူးပေါင်းပြီး သုတေသနတွေ ပြုလုပ်နိုင်မယ့် အမိုက်စား Fellowship အခွင့်အရေးကြီး ခေါ်ယူနေပါတယ်။ 📌 ဒီ Fellowship ကနေ ဘာတွေ ထောက်ပံ့ပေးသွားမလဲ? ✈️ အသွားအပြန် လေယာဉ်လက်မှတ် (JSPS စည်းမျဉ်းများနှင့်အညီ) 💰 လစဉ်ထောက်ပံ့ကြေး - Ph.D. ရရှိပြီးသူများအတွက် (၃၆၂,၀၀၀) ဂျပန်ယန်း / Ph.D. မရသေးသူများအတွက် (၂၀၀,၀၀၀) ဂျပန်ယန်း 🏠 နေရာချထားရေး ထောက်ပံ့ကြေး (Settling-in allowance) - (၂၀၀,၀၀၀) ဂျပန်ယန်း (၃ လနှင့်အထက် နေထိုင်မည့်သူများအတွက်) 🩺 နိုင်ငံတကာ ခရီးသွားကျန်းမာရေးအာမခံ 🔬 Research support အဖြစ် တစ်လလျှင် ယန်း (၇၀,၀၀၀) အထိ (မှတ်ချက် - လက်ရှိ ဂျပန်ရောက်နေပြီးသားသူတွေအတွက်တော့ လေယာဉ်လက်မှတ်နဲ့ Settling-in allowance မရပါဘူးနော်) 📌 ဘယ်လို လျှောက်ထားရမလဲ? ASEAN University Network web portal ကနေတစ်ဆင့် လျှောက်ထားရမှာ ဖြစ်ပါတယ်။ 📅 နောက်ဆုံးလျှောက်ရမည့်ရက် (Deadline): ၁၆ နိုဝင်ဘာ ၂၀၂၆ နိုဝင်ဘာလအထိ အချိန် ၃ လကျော်လောက် ရသေးတာမို့ လိုအပ်တဲ့ Document တွေကို အေးဆေး ပြင်ဆင်လို့ ရပါတယ်နော်။ Research ပိုင်းကို ဝါသနာပါပြီး ဂျပန်မှာ အတွေ့အကြုံသစ်တွေ ရယူချင်တဲ့ ကိုယ့်ရဲ့ သူငယ်ချင်းတွေ၊ ဆရာ/ဆရာမတွေကို သိသွားအောင် ဒီပို့စ်လေးကို အခုပဲ Share ပြီး တဂ် (Tag) ခေါ်ပေးလိုက်ပါဦး ရှင် 👇 (အသေးစိတ် ဖတ်ရှုရန်နှင့် လျှောက်ထားရန် Link ကို Comment တွင် ချပေးထားပါသည်။) 🎓 မိမိနဲ့ အကိုက်ညီဆုံး Major ရွေးချယ်ဖို့နဲ့ Career Roadmap အတွက် သေချာတိုင်ပင်ချင်တယ်ဆိုရင်တော့ Page Messenger ကနေ One-to-One Consultation Booking လာလုပ်လို့ရပါပြီ ရှင် ✨ #chitaeinthu #myanmar #ScholarshipMyanmar #ResearchFellowship #JSPS #StudyInJapan #PostDoc #PhD #EducationInMyanmar #Opportunities2026

  • 📌 အသေးစိတ် ဖတ်ရှုရန်နှင့် လျှောက်ထားရန် Link: https://www.akpgm.org/post/call-for-applications-2026-young-scholar-research-grant-ysrg

  • 🚨 Research လုပ်ရတာ ဝါသနာပါတဲ့ Postgraduate (Master/PhD) ကျောင်းသားတွေအတွက် တောင်ကိုရီးယားနဲ့ အာဆီယံ ပူးပေါင်းပေးမယ့် Research Grant ကြီး လာပါပြီ ✨🇰🇷 မြန်မာနိုင်ငံကနေ အရှေ့တောင်အာရှရေးရာ၊ အာဆီယံ-ကိုရီးယား ဆက်ဆံရေးနဲ့ ဒေသတွင်း အပြောင်းအလဲတွေကို စိတ်ဝင်စားပြီး သုတေသန (Research) ပြုလုပ်နေတဲ့ လူငယ်ပညာရှင်တွေ လုံးဝ လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါ။ တောင်ကိုရီးယား အစိုးရရဲ့ ရန်ပုံငွေ (AKCF) နဲ့ The Korean Association of Southeast Asian Studies (KASEAS) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံတွေက လူငယ်သုတေသီတွေအတွက် "2026 ASEAN-Korea Young Scholar Research Grant (YSRG)" ကို တရားဝင် ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီ Grant ကနေတစ်ဆင့် မိမိတို့ရဲ့ Fieldwork (ကွင်းဆင်းလေ့လာမှု) တွေအတွက် ထောက်ပံ့မှုတွေ ရရှိမှာဖြစ်ပါတယ်။ 📌 မှတ်သားထားရမည့် အရေးကြီး ရက်စွဲများ (Timeline): ⏳ နောက်ဆုံးလျှောက်ရမည့်ရက် (Deadline): ၅ စက်တင်ဘာ ၂၀၂၆ (အချိန် တစ်လတိတိ ရပါသေးတယ်နော်) 📢 ရလဒ်ကြေညာမည့်အချိန်: ၂၀၂၆ အောက်တိုဘာလ (စတုတ္ထပတ်) 🤝 Orientation ပြုလုပ်မည့်ရက်: ၂၀၂၆ နိုဝင်ဘာလ (ဒုတိယပတ်) 📝 Fieldwork ပြုလုပ်ရမည့် ကာလ: ၂၀၂၆ နိုဝင်ဘာလကုန် မှ ၂၀၂၇ ဧပြီလအထိ Research ပိုင်းကို စိတ်ဝင်စားတဲ့ ကိုယ့်ရဲ့ Master သို့မဟုတ် PhD တက်နေတဲ့ သူငယ်ချင်းတွေ၊ အသိအစ်ကို အစ်မတွေကို သိသွားအောင် ဒီပို့စ်လေးကို အခုပဲ Share ပြီး တဂ် (Tag) ခေါ်ပေးလိုက်ပါဦး ရှင် 👇 (အသေးစိတ် ဖတ်ရှုပြီး လျှောက်ထားရန် Link ကို Comment တွင် ချပေးထားပါသည်။) 💡 အလုပ်ခွင်မှာ ပိုပြီး ထူးချွန်ချင်သူများအတွက် Digital Skills, AI Productivity နဲ့ Public Speaking (လူရှေ့သူရှေ့ စကားပြောစွမ်းရည်) တွေကို စနစ်တကျ ကျွမ်းကျင်ချင်တယ်ဆိုရင်တော့ ကျွန်မရဲ့ Online Video Courses တွေ ဝယ်ယူလေ့လာနိုင်သလို၊ ကိုယ်တိုင် သေချာ သင်ကြားပေးမယ့် 1-on-1 Training Session တွေကိုလည်း Page Messenger ကနေ လာရောက် Booking ပြုလုပ်နိုင်ပါပြီ ရှင်။ 🎓 မိမိနဲ့ အကိုက်ညီဆုံး Major ရွေးချယ်ဖို့နဲ့ Career Roadmap အတွက် သေချာတိုင်ပင်ချင်တယ်ဆိုရင်တော့ Page Messenger ကနေ One-to-One Consultation Booking လာလုပ်လို့ရပါပြီ ရှင် ✨ #chitaeinthu #myanmar #ScholarshipMyanmar #ResearchGrant #ASEANKorea #YSRG2026 #Postgraduate #Fieldwork #Opportunities2026

  • 4 авг.904210

    📌 လျှောက်လွှာဖောင် (Application Form) ရယူရန် Link: https://www.ayeyarwadyfoundation.org/AYA_Scholarship.pdf

  • 4 авг.942616

    🚨 ၂၀၂၆ ခုနှစ် ဆယ်တန်းအောင် (တက္ကသိုလ်ဝင်တန်းအောင်) ကျောင်းသား၊ ကျောင်းသူများအတွက် တစ်လကို (၃) သိန်းကျပ်စီ ရရှိမယ့် AYA Scholarship ခေါ်နေပါပြီ ရှင် ✨ တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အောင်မြင်ပြီး ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နဲ့ စိုက်ပျိုးရေးတက္ကသိုလ်တွေမှာ ဆက်လက် ပညာသင်ကြားမယ့် ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးအတွက် ဧရာဝတီဖောင်ဒေးရှင်း (Ayeyarwady Foundation) ကနေ AYA Scholarship တွေ ပေးအပ်သွားမယ်လို့ သိရပါတယ်။ 📌 ဒီပညာသင်ဆုကနေ ဘာတွေရမလဲ? တက္ကသိုလ်တက်နေစဉ် ကာလတစ်လျှောက်လုံးအတွက် ✨ လစဉ် ပညာသင်စရိတ် - ၃ သိန်းကျပ် (တစ်လလျှင်) ✨ သင်ထောက်ကူပစ္စည်းများအတွက် နှစ်စဉ်ထောက်ပံ့ကြေး - ၅ သိန်းကျပ် 📌 ဘယ်သူတွေ လျှောက်ထားနိုင်လဲ? မြန်မာနိုင်ငံသား ဖြစ်ရပါမယ်။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး၊ အထက်ပါ တက္ကသိုလ်တွေမှာ တက်ရောက်ခွင့် ရရှိထားသူ ဖြစ်ရပါမယ်။ ပညာရေးကို ဆက်လက်သင်ယူလိုစိတ်ရှိပြီး၊ အမှန်တကယ် ပညာသင်ထောက်ပံ့ကြေး လိုအပ်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဦးစားပေး ရွေးချယ်သွားမှာပါ။ 📌 လျှောက်ထားရန် လိုအပ်မည့် စာရွက်စာတမ်းများ: ၁။ AYA Scholarship လျှောက်လွှာဖောင် ၂။ ပညာသင်ဆု လျှောက်ထားရခြင်း အကြောင်းအရင်း (Motivation Letter) ကိုယ်တိုင်ရေးသားချက် ၃။ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် (သို့) အမှတ်စာရင်း ၄။ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း မိတ္တူ ၅။ တက္ကသိုလ်ဝင်ခွင့် အထောက်အထား ၆။ ပညာသင်ထောက်ပံ့ကြေး လိုအပ်ကြောင်း ကျောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက် 📅 နောက်ဆုံးလျှောက်ရမည့်ရက် (Deadline): ၃၁ အောက်တိုဘာ ၂၀၂၆ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ဧရာဝတီဖောင်ဒေးရှင်းရုံးခန်းကို လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားနိုင်ပါတယ်။ ပညာသင်ဆု လိုအပ်နေတဲ့ ညီလေး၊ ညီမလေးတွေနဲ့ အသိမိတ်ဆွေတွေကို သိသွားအောင် ဒီပို့စ်လေးကို အခုပဲ Share ပြီး တဂ် (Tag) ခေါ်ပေးလိုက်ပါဦး ရှင် 👇 (အသေးစိတ် ဖတ်ရှုရန်နှင့် လျှောက်လွှာဖောင်ဒေါင်းလုဒ်လုပ်ရန် Link ကို Comment တွင် ချပေးထားပါသည်။) 💡 အလုပ်ခွင်မှာ ပိုပြီး ထူးချွန်ချင်သူများအတွက် Digital Skills, AI Productivity နဲ့ Public Speaking (လူရှေ့သူရှေ့ စကားပြောစွမ်းရည်) တွေကို စနစ်တကျ ကျွမ်းကျင်ချင်တယ်ဆိုရင်တော့ ကျွန်မရဲ့ Online Video Courses တွေ ဝယ်ယူလေ့လာနိုင်သလို၊ ကိုယ်တိုင် သေချာ သင်ကြားပေးမယ့် 1-on-1 Training Session တွေကိုလည်း Page Messenger ကနေ လာရောက် Booking ပြုလုပ်နိုင်ပါပြီ ရှင်။ 🎓 မိမိနဲ့ အကိုက်ညီဆုံး Major ရွေးချယ်ဖို့နဲ့ Career Roadmap အတွက် သေချာတိုင်ပင်ချင်တယ်ဆိုရင်တော့ Page Messenger ကနေ One-to-One Consultation Booking လာလုပ်လို့ရပါပြီ ရှင် ✨ #chitaeinthu #myanmar #ScholarshipMyanmar #AYAScholarship #Matriculation2026 #EducationInMyanmar #AyeyarwadyFoundation #UniversityLife