tgindex
𝚈𝚘𝚞𝚝𝚑 𝙴𝚍𝚞 𝙷𝚞𝚋

𝚈𝚘𝚞𝚝𝚑 𝙴𝚍𝚞 𝙷𝚞𝚋

Статистика

Empower your teenage journey with valuable knowledge, educational resources, and insightful tips on my channel. Founder's account : @kim_vante_68

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
3
Всего постов
24
Тип
открытый
Язык
my
Категория
Музыка (по похожим)
В каталоге с
13 авг.
Подписчики
6 786
−19 за 6 дн.
Сутки
−4
−0,06%
Неделя
—
 
Месяц
—
 
Просмотров на пост
1 970
23 постов
Вовлечённость
29,0%
к подписчикам
Постов в день
0,4
всогО 24
УпОПинаниК
0
канаНОв
Охват размещения
оценка
1/24сутки в ленте
230
1/48двое суток
263
1/72трое суток
284

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ဆိုတော့ Account ဘယ်လိုဖောက်ရမလဲ? ဘာလို့ဒီဟာကို ထည့်ပြောပြတာလဲဆိုတော့ ဒီ account ဖောက်ဖို့ အချိန် (၃) ရက်လောက်ယူလိုက်ရလို့ပါ။ အရင်ဆုံး Google မှာ "Openlearn" ဆိုပြီး ရိုက်ရှာလိုက်ပါ Create Account/ Sign In ဆိုတာကို နှိပ်ပြီးရင် Create Account ကို နှိပ်ပါ Choose your location လို့ပေါ်လာလို့ မြန်မာ ကိုမတွေ့ရင် ကြိုက်တာတစ်ခုခုထားလိုက်ပါ။ ပြီးတာနဲ့ Information ဖြည့်ပြီး Account ဖောက်လို့ရပါပြီ။ တကယ်လို့ password က ဘယ်လိုထားထား မရဘူးပြနေရင် အမျိုးမျိုးကြိုးစားပြီး password ကိုရအောင်ထားပါ။ တကယ်လို့မရရင် Device ပြောင်းပြီး account ဖောက်ပါ။ ----------- နားမလည်တာရှိရင် Account မှာ လာမေးလို့ရပါတယ်။ Reply ကတော့ ကြာနိုင်ပါတယ်။ ဆိုတော့ အားလုံးပဲအတူတူ OpenLearn မှာ စာလုပ်ကြရအောင်နော်။ ဒီထဲကသူတွေကို post တွေကနေတဆင့် စကားတွေမပြောရတာ ကြာပြီရယ်။ နောက်ပိုင်းကျရင် ပြန် active ဖြစ်ဖို့ ကြိုးစားပါဦးမယ်။ Thank you for taking the time to read my post. Until next time! Khin Thi Thi Kyaw

  • Hey guys!! Welcome back to my channel!! ဒီလို content တွေရေးဖို့ အချိန်မရတာ အတော်ကြာခဲ့ပါပြီ။ အလုပ်တွေကြိုးစားနေဆဲကာလမို့ ဝါသနာလေးကို ရပ်ထားရတဲ့သဘောပေါ့လေ။ ဒီနေ့မှာတော့ စာလုပ်ချင်နေတဲ့သူတွေအတွက် စာတွေအများကြီးလုပ်လို့ရအောင် Website လေးတစ်ခုကိုပြောပြပါမယ်။ ပုံမှန်ဆိုရင် Online Courses တွေ Free လေ့လာလို့ရတဲ့ Website တွေက လူသိများပါတယ်။ ဒီ Channel မှာလည်း Saylor Academy, Alison တို့လို website တစ်ချို့ကို အရင်က မျှဝေခဲ့ဖူးပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက Alison မှာဆို Course တစ်ချို့က Indian accent ရှိတဲ့ဆရာတွေသင်တာမျိုး အများကြီးကြုံရလို့ ဆက်မလေ့လာဖြစ်တော့တဲ့သူတွေလည်း ရှိတယ်မဟုတ်လား။ ကိုယ်တိုင်လည်း အဲ့လိုဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီနေ့မှာ The Open University ရဲ့ OpenLearn Website လေးအကြောင်းကို မျှဝေပေးသွားချင်ပါတယ်။ OpenLearn Website မှာ ဘာကြောင့်လေ့လာသင့်လဲ?? ဒီ Website က UK နိုင်ငံရဲ့ The Open University အောက်ကဖြစ်တဲ့အတွက် အဲ့တက္ကသိုလ်ရဲ့ ဘွဲ့ကြို/ဘွဲ့လွန် သင်ရိုးတွေအပေါ် အခြေခံထားပါတယ်။ ဒါကြောင့် ဘာသာရပ်တစ်ခုရဲ့ အခြေခံသဘောတရားတွေအကြောင်း၊ သမိုင်းကြောင်း၊ သုတေသနဆိုင်ရာ ချဉ်းကပ်မှုတွေနဲ့ သဘောတရားဆိုင်ရာ တွေးခေါ်မှုတွေဖြစ်တဲ့ Critical Thinking လို skill တွေကို အဓိကထားပါတယ်။ ဆိုတော့ ဒီအပိုင်းတွေသင်ယူချင်တဲ့အခါ ဒီ Website လေးကို try ကြည့်စေချင်ပါတယ်။ အဓိက လေ့လာလို့ရတဲ့အပိုင်း (၉) လေ့လာလို့ရတဲ့ Course စုစုပေါင်း ၉၀၀ ကျော်ရှိပြီး Level အဆင့်ဆင့်ခွဲထားပါတယ်။ Level 1 (Introductory): အခြေခံမရှိသူများ၊ ဘာသာရပ်အသစ် စတင်လေ့လာသူများအတွက်။ Level 2 (Intermediate): အခြေခံ ဗဟုသုတ ရှိပြီးသားသူများ ပိုမိုနက်နက်နဲနဲ လေ့လာရန်။ Level 3 (Advanced): ဘွဲ့လွန်/ဘွဲ့ကြို အဆင့်မြင့် တွေးခေါ်မှုများ ပါဝင်သော သင်တန်းများ။ ဒီလိုသုံးခုခွဲထားတာမို့ လေ့လာချင်တဲ့ topic တစ်ခုကိုရွေးချယ်ပြီးတဲ့အခါ ကိုယ့်အခြေအနေပေါ်မူတည်ပြီး Level ကို ထပ်ရွေးရုံပါပဲ။ Course တိုင်းမှာ Reading Modules, Interactive Quizzes, Case Studies တွေနဲ့ Academic Essays တွေစနစ်တကျပါတာမို့ လုံးဝသေချာလေးလေ့လာနိုင်မှာပါ။ အဓိကလေ့လာလို့ရတဲ့အပိုင်း (၉)ခုကတော့ Digital & Computing Money & Business Education & Development: Health, Sports & Psychology History & The Arts Languages Nature & Environment Science, Maths & Technology Society, Politics & Law အခုအထက်မှာဖော်ပြထားတဲ့ (၉)ခုရဲ့ အောက်မှာ ခွဲထွက်လာတဲ့ Courses တွေအများကြီးပါပဲ။ အခုဒီစာကိုဖတ်နေကြမယ့်သူတွေက လူငယ်တွေလဲဖြစ်တော့ Languages သို့မဟုတ် Study Skill တွေစလေ့လာကြည့်ပါ။ လက်ရှိမှာ ကိုယ်တိုင်လေ့လာနေတဲ့ Course တွေကိုလည်း အောက်မှာ ဖော်ပြထားပါတယ်။ 1. Essay and report writing skills 2. Learning how to learn 3. Effective communication in the workplace 4. Managing my money for young adults 5. Leadership and followership 6. MSE’s Academy of Money 7. Describing language 8. Succeed with maths: part 1 9. You and your world: Introducing the social sciences 10. Marketing communications in the digital age ဒီ ၁၀ ခုက‌‌တော့ လက်ရှိ ညီမကိုယ်တိုင်လေ့လာဖို့ save ထားတဲ့ courses တွေဖြစ်ပါတယ်။ တစ်ချို့သူတွေက ဘာလေ့လာရမှန်းမသိဖြစ်နေတတ်လို့ ဒီ ၁၀ ခုက‌တော့ လူငယ်တိုင်းအတွက် အသုံးဝင်မယ်ထင်လို့ ဖော်ပြပေးလိုက်ပါတယ်။ ဒီလိုလေ့လာလို့ရတဲ့အပြင် OpenLearn က course တွေအကုန်လုံးက complete ဖြစ်သွားရင် "Statement of participation" ကိုလဲ free ရပါသေးတယ်။ ဒါ့အပြင် OpenLearn မှာ Badged Open Courses (BOCs) ဆိုတဲ့ သင်တန်းအမျိုးအစားတွေ ရှိပါတယ်။ နာရီ ၂၀ မှ ၂၄ နာရီဝန်းကျင် လေ့လာရပြီး သင်တန်းထဲက Quizzes တွေကို အောင်မြင်အောင် ဖြေဆိုလိုက်တာနဲ့ The Open University ရဲ့ တရားဝင် Digital Badge ကို အခမဲ့ တန်းရမှာပါ။ Badge (Digital Badge) ဆိုတာ သင်တန်းတစ်ခုမှာ ပါဝင်တဲ့ စာမေးပွဲ သို့မဟုတ် Quizzes တွေကို အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့ကြောင်း သက်သေပြပေးတဲ့ အသိအမှတ်ပြု တံဆိပ် (Digital Certificate/Achievement) လို့ပြောလို့ရပါတယ်။ ဒီအတွက်ကြောင့် CV မှာထည့်သွင်းနိုင်သလို၊ LinkedIn မှာလည်း ပြသထားလို့ရပါယ်။ လေ့လာခဲ့ရုံပဲ မဟုတ်ပဲ Assessment အောင်မှရတဲ့အရာမလို့ တကယ်လေ့လာခဲ့ပြီး နားလည်ကြောင်းလဲ ပြသရာရောက်တာပေါ့ ———————————-

  • 4 Weeks to New U Program လေးကို Join လို့ရပါသေးတယ် 🤎 Program အကြောင်းအသေးစိတ် >>>> https://t.me/youtheduhub/680

  • 31 июл.1 326103

    4 Weeks to New U နဲ့ပက်သက်ပြီး အမေးများတဲ့မေးခွန်းလေးတွေဖြေပေးထားပါတယ် 🩷 အလုပ်တစ်ဖက်/ အတန်းတစ်ဖက်နဲ့ဆိုတော့ စာလိုက်မလုပ်နိုင်မှာစိုးလို့ပါ ..တစ်နေ့ကို ဘယ်နှနာရီလောက်စာလုပ်ရမလဲ တစ်နေ့ကို (၁) နာရီဝန်းကျင်ပဲစာလုပ်ကြရမှာဖြစ်ပါတယ်။ တကယ်လို့ တချို့ရက်တွေမှာ လုံးဝအဆင်မပြေဘူးဆိုရင်လည်း ခွင့်တိုင်နိုင်ပါတယ် Lesson တွေက life time access ရတား ဟုတ်ပါတယ်။ Channel နဲ့ Group တွေက အမြဲတမ်းရှိတာမို့ အချိန်မရွေး ပြန်လေ့လာလို့ရပါတယ်။ ☀️ Zoom Class ပါတာလား။ အချိန်တိုက်နေမှာစိုးလို့ပါ Zoom Class မရှိပါဘူး။ အချိန်မရွေးလေ့လာနိုင်မယ့် Post တွေ၊ Vide တွေတင်ပေးတာမျိုးပြုလုပ်သွားမှာဖြစ်ပါတယ် 💛 4 Weeks to New U (Batch 8) က အရင်တုန်းက Batch တွေနဲ့ ပုံစံကွဲထွက်သွားမှာဖြစ်ပါတယ် 4 Weeks to New U အရင် Batch ကသူတွေရော ပြန် Join သင့်လား နှစ်ကုန်ခါနီးလေးမှာ မတူညီတဲ့ Design အသစ်နဲ့ပြန်လာတဲ့ Program လေးမလို့ သေချာပေါက်လာ Join ကြည့်ပါ 🧡 4 Weeks to New U ကို English စာ Level ဘယ်လောက်ရှိရရှိဖို့ပဲလိုပါမယ် အနည်းဆုံး A2 ရှိဖို့ပဲလိုပါမယ် 💙 .... 4 Weeks to New Batch (1-5) Feedback များဖတ်ရန်>>> https://t.me/youtheduhub/439?single 4 Weeks to New U Batch (6) Feedback များဖတ်ရန် >>> https://t.me/youtheduhub/439?single — Join ဖို့ဆိုရင် @kim_vante_68 ကို "Program" လို့ပို့ပေးးရုံပါပဲ။

  • 30 июл.1 173186

    4 Weeks to New U (Batch 8) is Back!!!! September လမှာ စတင်မယ့်အတန်းဖြစ်ပေမယ့် (၁) လ ကြိုပြီး Form ဖွင့်ပေးထားပါတယ်။ 4 Weeks to New U ဆိုတာ တစ်လအတွင်းမှာ ကိုယ့်ပုံစံ၊ အတွေးအခေါ်အသစ်တွေကို ရရှိလာစေဖို့နဲ့ English Language လေ့လာတဲ့အခါ ပိုပြီး systematic ကျစေဖို့အတွက် နေ့စဥ်မတူညီတဲ့ Task တွေကို လုပ်ဆောင်ရမယ့် Program လေးဖြစ်ပါတယ်။ အလေ့အကျင့်ကောင်းလေးတွေကို ပျိုးထောင်ချင်တဲံသူတိုင်း Join သင့်ပါတယ်။ - ဘယ်လိုလူတွေလျှောက်သင့်လဲ • နေ့စဥ် English ကိုလေ့လာနေပေမယ့် Level မတက်လာတဲ့သူတွေ • English Language ကိုလေ့လာတာအပြင် Community တစ်ခုထဲမှာ သူငယ်ချင်းတွေနဲ့အတူ အချင်းချင်းတိုင်ပင်ဆွေးနွေးရင်း ရှေ့ဆက်ချင်တဲ့သူတွေ • Essay ရေးတော့မယ်ဆိုရင် ဘာ Idea မှ မထွက်တာမျိုး၊ English ကားတွေကို MM Sub နဲ့ပဲကြည့်ဖြစ်နေတာမျိူး၊ စာအုပ်သိပ်မဖတ်ဖြစ်တာမျိုး..စတဲ့ဒီလိုအခြေနေကြုံတွေ့နေရတဲ့သူတွေ • တခြား participant တွေနဲ့အတူတူပေါင်းပြီး ပြိုင်ပွဲတွေအတူတူပြိုင်ချင်တဲ့သူမျိုး • Mental Health ကိုလဲ တစ်ဖက်တစ်လှမ်းက Healing လုပ်ချင်တဲ့သူမျိုး • Final Week အတွက် Competition တစ်ခုစီစဥ်ပေးပါမယ် - ဘယ်အချိန်မှာ Program စမှာလဲ September 1 ရက်နေ့ မှပဲစမှာဖြစ်ပါတယ်။ အားလုံးလျှောက်လို့ရအောင် အချိန်ကိုသေချာကြာကြာဖွင့်ပေးထားပါတယ်။ ဒါပေမယ့် အခုကတည်းက ကြိုလျှောက်ထားရင် သတ်မှတ်လူဦးရေပြည့်မှာပူစရာမလိုတော့ဘူးပေါ့ 🤍 ဒီတစ်ခါမှာတော့ Speaking Club ကို Zoom Class မဟုတ်ပဲ ကိုယ့်ဘာသာလေ့ကျင့်လို့ရနိုင်မယ့် Task လေးတွေ ပိုထည့်ပေးသွားပါမယ် -- Program လေးကို Join ဖို့ဆိုရင် @kim_vante_68 ကို "Program" ဆိုတဲ့ Keyword လေး ပို့ပေးပါ ❣️ တစ်ခုခုမေးချင်တာရှိရင်လည်း လာမေးလို့ရပါတယ်။ Program fee - 20000 MMK ( ၂ သောင်းကျပ်) — 4 Weeks to New U မှာ Essay ရေးကြရင်း၊ ကျနော်ရေးခဲ့ဖူးသမျှ Essay တွေကိုရော၊ Participant တွေရေးရမယ့် Essay တွေကိုရော အတူတူဖတ်ကြပါမယ်။ 🙌🏻 See you soon!

  • йоС пОдписи

  • 14 июл.2 259412

    ပထမဆုံးဖွင့်ဖြစ်ခဲ့တဲ့ GED Video Class Batch 1 မှာ Math နဲ့ Social Studies အတွက်အတန်းလေးတွေဖွင့်ဖြစ်ခဲ့ပါတယ် Batch 1 မှာ အသီးသီးဖြေဆိုခဲ့ကြတဲ့သူ ၂ယောက်ရဲ့ အမှတ်လေးပါ Congratulations ပါ 🩵

  • 8 июл.2 6105424

    Income ဝင်ဖို့အတွက်ကြိုးစားနေတဲ့သူလေးတွေကိုပြောပြချင်တာက 📍Goal သတ်မှတ်ပါ တကယ်ပြောတာ "ဘယ်လောက်ဝင်ဝင် ရပါတယ်ကွာ..အရင်ဆုံးဝင်ဖို့ပဲ" အဲ့လိုကြီးမလုပ်ပါနဲ့။ ပထမ ၃ လအတွင်း ငါတစ်လကိုဘယ်လောက်ရှာနိုင်ရမယ် အဲ့လိုသတ်မှတ်ပါ။ သေချာပေါက် အဲ့လိုသတ်မှတ်ပါ။ ရေရာတဲ့ပန်းတိုင်မရှိရင် ရေရာတဲ့ result မရနိုင်ပါဘူး ပြီးတော့လေ Goal ချတယ်ဆိုလဲ ဖြစ်နိုင်တာလေးချပေါ့။ တစ်လအတွင်း ငါသန်း ၁၀၀ ဝင်ရမယ် ဘာညာကျ မဖြစ်နိုင်ဘူးပြောတာမဟုတ်ပေမယ့် မဖြစ်လာရင် ကိုယ်ပဲစိတ်ဓာတ်ကျမှာလေ။ 📍 အဲ့ goal ကိုအနည်းဆုံးတစ်နေ့ အခါ ၂၀ အော်ရွတ်ပါ 🥲..အဲ့လိုပြောရင် ရီချင်ကြလောက်မလားမသိပေမယ့် ညီမတုန်းကလဲ ရီချင်တယ် ဒါပေမယ့် အဲ့တာတကယ်အလုပ်ဖြစ်တာ ရှာနိုင်တာ မရှာနိုင်တာ နောက်ထား.. အသံအကျယ်ကြီးနဲ့ ၁၀ သိန်း ၁၀ သိန်း ၁၀ သိန်းလို့ အော်ခဲ့တာ တကယ်ကိုဝင်တာ..magic ရယ်တော့မဟုတ်ဘူး ကိုယ်ဘာအတွက်အလုပ်လုပ်နေလဲဆိုတာကို ပြန် remind ရုံပါပဲ။ ယုံကြည်ရင် လိုက်လုပ်ကြည့်ပေါ့။ ထူးခြားရင်လဲ Dm မှာလာပြောပြကြပါဦး xD 📍 ငါဘယ်လောက်လိုချင်လဲ တွေးပြီးရင် အဲ့တာရဖို့ ငါဘာလုပ်နိုင်လဲ ဆိုတာကိုတွေးပါ ဥပမာ ငါကဘယ်နေရာမှာတော်လဲ အဲ့တာကိုမေး ဘယ်နေရာမှာမှ မတော်သလိုပါပဲ လို့တွေးမိရင် အဲ့တာခဏမေ့ထားလိုက် ငါဘာကိုဝါသနာပါလဲ အဲ့ဝါသနာနဲ့ ငွေဘယ်လိုရှာလို့ရမလဲ ဆိုတာစဥ်းစား ဥပမာ ဇာတ်ကားကြည့်ရတာကြိုက်တဲ့သူ၊ စာအုပ်ဖတ်ရတာကြိုက်တဲ့သူဆိုရင် Tiktok, facebook ကနေ ဒေါ်လာရအောင် Japan acc ဘာညာဖောက်ပြီး နေ့တိုင်း review video လေးတွေရိုက်တင်တာမျိုးပေါ့ ဘယ်ဝါသနာဖြစ်ဖြစ် ငွေရှာလို့ရပါတယ် 📍 အဲ့တာပြီးရင် skill ထပ်ဖြည့်ပါ တကယ်ပြောတာ။ ဘယ်တော့မှ သင်ယူလေ့လာတာကိုမရပ်ပါနဲ့။ သင်တန်းတွေ..အထူးသဖြင့် ကိုယ်ပိုက်ဆံရှာမယ့်အလုပ်ကို ပံ့ပိုးပေးနိုင်တဲ့သင်တန်းတွေ စာမေးပွဲတွေအပေါ်မှာ ရင်းနှီးမြှပ်နှံပါ။ သင်တန်းတွေတက်ပြီး ပညာပိုတတ်လာလေလေ ... Exam တွေပိုဖြေပြီးထားလေလေ ငွေရှာလို့ရတဲ့လမ်းက ပိုများလာလိမ့်မယ် 📍 လက်တွေ့လုပ်ပါ စာတွေ့ချည်းမလုပ်ကြပါနဲ့။ တကယ်လက်တွေ့အလုပ်စလုပ်ပါ ဒီနေရာမှာတခုကြိုပြောချင်တာက တစ်ချို့က ကိုယ့်အကျိုးအတွက်တင် Volunteer သွားလုပ်ကြတယ် အတွေ့အကြုံရအောင်လို့ပေါ့ အဲ့လိုစိတ်သီးသန့်နဲ့ဆိုရင်တော့ အဆင်မပြေလောက်ပါဘူး။ ဘာအလုပ်လေးပဲလုပ်လုပ် စေတနာလေးပါမှ ရင်ထဲထိတာပါ တကယ်ကို တစ်ဖက်တစ်လှမ်းကနေ community ကို အကျိုးရှိစေချင်တဲ့စိတ်လေးတွေရှိစေချင်တယ်။ Free Class တွေကနေ တိုးတက်လာတဲ့သူတွေဆိုရင်ပိုသိပါလိမ့်မယ် Free Class မှာ အချိန်၊ လူအင်အား အကုန်ကြိုးစားပြီးလုပ်ပေးနေလို့သာ ညီမတို့တွေ Free သင်ခွင့်ရကြတာပါ သူတို့လိုလူတွေကြောင့် ညီမတို့လို လူငယ်တွေရှိလာရင် ကိုယ်လိုလူတွေကြောင့်လဲ ပိုတိုးတက်လာမယ့် လူငယ်တွေရှိဖို့ ကြိုးစားတာက ကောင်းတဲ့အရာတစ်ခုလို့တော့မြင်တာပါပဲ ... Thank you for being an attentive reader. See you soon! Khin Thi Thi Kyaw

  • 8 июл.1 7213420

    (စာအုပ်ဝယ်ထားတဲ့သူတွေ ဒီစာကိုဖတ်နေရင် စိတ်မပူပါနဲ့ စာအုပ်ကို Version 3 ထုတ်နေပါတယ် ပြီးရင် အဲ့တာလဲ ပို့ပေးမှာပါ :3) အဲ့မှာအဖေ ပြောတဲ့နောက်ထပ်စကားကပဲ အသိတရားထပ်ဝင်ပါတယ်။ "ကိုယ်ကချည်း ယူနေလို့မရဘူး။ ပေးရမှာတွေလဲရှိတယ်။ လူဆိုတာ ကိုယ်ပေးနိုင်တဲ့အရာနဲ့ တန်ဖိုးညီမျှတဲ့ ရလဒ်ကိုပဲရမှာ" တဲ့ အဲ့မှာထပ်တွေးပြန်ပါရော..ညီမပေးနိုင်တာက အရမ်းတန်ဖိုးကြီးတဲ့ Level မဟုတ်နေသေးဘူးပေါ့.. ဒါဆိုရင် ငါဘာတွေလိုနေတာလဲ ပြန်စဥ်းစားတော့ ညီမက GED နဲ့ SAT ပဲပြီးထားတာလေ။ ဘာကောင်ကြီးမှ မဟုတ်သေးပဲ။ GED ပြီးတဲ့သူဆိုတာ မြန်မာနိုင်ငံမှာ လက်ညှိုးထိုးမလွဲ ပုံစံဖြစ်နေတာပဲဟာ။ SAT Score ကလဲ ဘာမှ high score မဟုတ်နေပြန်ဘူး။ English ကောင်းတယ်ဆိုတာလဲ English Language ကလူတိုင်း B1 လောက်တော့ရောက်နေကြတာပဲဟာ အဲ့လိုတွေးရင်း ညကျ YouTube Video နောက်တစ်ပုဒ်ကြည့်တာကနေ အတွေးပိုရသွားတယ်။ Youth Centre Association ဆိုတဲ့ channel က တီချယ် ဝတ်ရည်ရဲ့ စကားလေးပါ " ကိုယ်က တစ်လကို သိန်း ၁၀၀ ရှာချင်ရင် သိန်း ၁၀၀ ရှာနေတဲ့သူတစ်ယောက် သူ့ဘဝကိုဘယ်လိုဖြတ်သန်းနေမလဲဆိုတာ စဥ်းစား..ပြီးရင် သူလုပ်သလို လိုက်လုပ်ကြည့်" တဲ့ တော်တော်များများက သူများလုပ်သလို လိုက်လုပ်ဖို့က မှန်ကန်တဲ့နည်းလမ်းဖြစ်ပါ့မလားလို့ တွေးပူလောက်ပေမယ့် ညီမကတော့ တကယ်လိုက်ရှာခဲ့ပါတယ် အဲ့ဒီမှာဘာတွေ့လဲဆိုတော့ ညီမရှာချင်တဲ့ income level ဝင်နေတဲ့လူတိုင်းက ပညာရေးမှာ Record တွေအရမ်းကောင်းတာပါ။ တက်ထားတဲ့ Diploma တန်းတွေ၊ ယူထားတဲ့ဘွဲ့တွေ၊ သူတို့ရဲ့ အမှတ်တွေ၊ ဖတ်ထားတဲ့စာအုပ်အရေအတွက်တွေ အကုန်လုံးက ညီမအတွက် "လုပ်ဖို့မလိုသေးပါဘူး" လို့တွေးဖူးတဲ့အရာတွေဖြစ်နေတာပါပဲ အဲ့တာနဲ့ Motivation တွေတက်ပြီး ငါဘာတွေလေ့လာမလဲ၊ ငါရှာတဲ့ငွေတွေကို ဘယ်မှာရင်းနှီးမြှပ်နှံရမလဲ ဆိုပြီးစဥ်းစားပါတော့တယ် လူငယ်တယောက် ရင်းနှီးမြှပ်နှံသင့်တဲ့အရာက ပညာရေးပဲမဟုတ်လား။ အဲ့မှာ သင်တန်းတွေ အပ်ပါလေရော ဥပမာ ကိုယ်တိုင်က Social Studies Tutor ဖြစ်နေတော့ Professional Certificate in Public Policy လို အတန်းတွေတက်ခဲ့ပါတယ်။ ကပ်ကြွားရမယ်ဆို အဲ့အတန်းကလေ Course Fee Wavier နဲ့ Partial Scholarship ရပြီး Registration fee ပဲပေးခဲ့ရတာပါ သင်တန်းကြေးမပေးခဲ့ရပါဘူး xD အဲ့ဒီမှာ ဒီကြားထဲ ကံတွေအရမ်းကောင်းလွန်းပြီး Giveaway ငါးခု ဝင်လိုက်တာ။ လေးခုပေါက်သွားတာပါ Chinese HSK 1 စာအုပ်ရယ် Spanish လေ့လာဖို့စာအုပ်ရယ် ဆရာကြီးအောင်သင်းရဲ့ "နှလုံးသားကို လေးပေါ်တင်၍ပစ်သောအခါ" စာအုပ်ရယ် တစ်ခြားသင်တန်းတစ်ခုရယ် ပေါ့ အဲ့တာတွေအခုထိ မလေ့လာရသေးပါဘူး။ ဒီကြားထဲ Korean Language Class က တက်ခဲ့ပါသေးတယ် အဲ့ဒီမှာသိလိုက်တာ..ငါ English ပဲလေ့လာရသေးတယ်ဆိုတာ တကယ်တော့နောက်ကျနေတာ။ ဘာသာစကားတစ်ခုကိုတော့ သင်ဖို့လိုနေပြီဆိုပြီး အခုထိတော့ မလေ့လာဖြစ်သေးပါဘူး xD ပြီးတော့ အခုလဲ University တွေပတ်လျှောက်နေပြန်ပါတယ် အဲ့အကြောင်းလေးလဲ မကြာမီ လာမည်မျှော်..ပေါ့နော်။ GED Grad တယောက်ထက် University Student တယောက်ရဲ့လုပ်နိုင်စွမ်းက ပိုများမယ်ထင်မိလို့ပါ။ အဲ့တော့ အကျဥ်းချုပ်ပြောရရင် အခုလောလောဆယ်ကတော့ ပညာရေးမှာ Level တစ်ခုအထိ အရည်အချင်းပိုရှိလာအောင် အဘက်ဘက်က ကြိုးစားနေဆဲကာလပါ။ abroad သွားဖို့က Uni တက်ဖို့မဟုတ်ရင်တောင် စီစဥ်နေတာလေးတွေတော့ရှိပါတယ်။ မှန်ကန်တဲ့အချိန်တစ်ခုမှာ အဲ့တာလေးတွေလဲဖြစ်လာမယ်ထင်ပါတယ် ဒါကိုတော့ မမေးပဲဖြေတယ်မဟုတ်ပဲ income ဝင်ဖို့ကြိုးစားနေတဲ့သူတွေ moti ဖြစ်အောင်ပြောပြပါမယ် Month 1 & 2 - 3 သိန်း Month 3,4,5 - 4 or 5 သိန်း Month 6,7 - 8သိန်းခွဲ - ၉သိန်း Month 8 - ၁၅ သိန်း Month 9 ကတော့ ဒီလပေါ့ အလုပ်လုပ်ရတာ ပျော်ဖို့ကောင်းပါတယ်။ ဘယ်လောက်ပဲငယ်ငယ် အလုပ်စလုပ်ကြည့်ပါ။ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေပေမယ့် ဘာမှလုပ်စရာမရှိတဲ့အချိန်တွေထက် ဒီအချိန်တွေကပိုအဓိပ္ပာယ်ရှိတယ်လို့ခံစားရစေပါလိမ့်မယ် ငယ်တုန်းပညာသင်၊ ကြီးရင် စီးပွားရှာ ဆိုတာမှားတယ်တဲ့ ငယ်တုန်းမှာလဲ ပညာသင်ရင်းစီးပွားရှာလို့ရသလို ကြီးလာရင်လဲ စီးပွားရှာရင်း ပညာဆက်သင်တာ ကောင်းတာပဲလေ ..

  • 8 июл.1 4361620

    ၈ လအတွင်းမှာ ဘာတွေလုပ်နေခဲ့လဲ Hello, guys!! အခုနောက်ပိုင်း လူငယ်တော်တော်များများလဲ income ရအောင် အလုပ်လေးတွေလုပ်ချင်လောက်မယ်ထင်ပါတယ် ဒီနေ့မှာတော့ ၈ လအတွင်းမှာ သိခဲ့ရတဲ့အရာတွေအားလုံးကိုပြန်ပြောပြချင်ပါတယ် NGL မှာမေးထားတဲ့မေးခွန်းလေးတွေကနေ အရင်စလိုက်ပါမယ် အလုပ်လုပ်တာလဲ အချိန်တစ်ခုကြာလာပြီဆိုတော့ အဲ့အကြောင်းလေးအနည်းငယ် sharing ပေးလို့ရမလား အလုပ်ကတော့ လက်ရှိမှာ Part time job လုပ်နေပါတယ်။ အဲ့ထဲမှာ Ebook တွေရောင်းတာ၊ Video Class ဖွင့်တာ၊ 4 Weeks to New U Program ဒါတွေမပါသေးပါဘူး။ :3 အဲ့အလုပ်ကတော့ Agency တခုမှာ content writer အနေနဲ့ ဝင်လုပ်တာပါ။ Work From Home ပေါ့။ အခုထိလည်း လုပ်နေဆဲပါပဲ။ အဲ့အလုပ်စလုပ်တော့ အရမ်းခက်မယ်ထင်ခဲ့ပေမယ့် အခု ၈ လကြာလာတော့ Senior Level လိုမျိုး အရမ်းကျွမ်းလာတယ်လို့ ကိုယ့်ကိုကိုယ် ခံစားရတယ်။ ပထမ ၂လပြီးတာနဲ့ လစာတိုးတာတွေလဲရှိခဲ့ပါတယ်။ အဲ့အလုပ်က အဓိကအားဖြင့် စားသောက်ဆိုင်တွေ၊ ကျောင်းတွေ၊ beauty clinic တွေ၊ interior design company တွေ၊ ဖုန်းဆိုင်တွေ စသည်ဖြင့် အမျိုးမျိုးသော Client တွေရဲ့ page တွေအတွက် လစဥ် content တွေ ရေးပေးရတာပါ Educational Content ပဲရေးဖူးတဲ့သူတယောက်အနေနဲ့ စစလုပ်ချင်းမှာတော့ စိုးရိမ်စိတ်လေးတွေတော့ရှိခဲ့တယ်။ ဒါပေမယ့် အလုပ်ကသင်သွားတယ်ပြောရမလား..လုပ်ကြည့်လိုက်တော့ လုံးဝမခက်သလိုပါပဲ အလုပ်လုပ်တဲ့ ကံကတော့ကောင်းတယ်ပြောရမယ် လုပ်သမျှအလုပ်က လူတိုင်းနဲ့အကုန်အဆင်ပြေနေတာပါပဲ အဲ့အလုပ်ကတော့ Organization တစ်ခုမှာ Volunteer လုပ်ရင်း အမတစ်ယောက်ဆီကနေ သိရပြီးဝင်လျှောက်ရင်းရခဲ့ပါတယ် အဲ့ဒီကနေ ကိုယ်ပိုင် GED Video Class လေးတွေစဖွင့်ပါတယ်။ Social Studies နဲ့ကံစပ်တယ်ပြောရမလား။ GED maths အတန်းတွေဆို လူနည်းပေမယ့် Social Studies အတန်းတွေဆိုရင် သင့်တင့်တဲ့ကျောင်းသားပမာဏကတော့ ရခဲ့တာပါပဲ။ Affordable ဖြစ်ဖြစ်နဲ့ အတွေ့အကြုံယူဖို့အတွက် ဖွင့်ခဲ့တဲ့ Class ဆိုပေမယ့် တကယ် Exam ပြီးသွားတဲ့သူတွေလဲရှိပါတယ်။ ဒီကြားထဲမှာအလုပ်လျှောက်ခဲ့တာတွေရှိပေမယ့် မရခဲ့တာတွေရှိပါတယ် GED ကျောင်းတစ်ကျောင်းမှာ GED Social Studies Teacher အနေနဲ့ Job offer ရခဲ့ပါတယ် စစချင်းဝင်တာနဲ့တင် အတန်း ၃ တန်း တာဝန်ယူခဲ့ရပါတယ်။ အစကတော့ အတွေ့အကြုံသိပ်မရှိခဲ့ပေမယ့် အခုတော့ အတန်းတွေအများကြီးသင်ပြီး စာသင်တဲ့အပိုင်းမှာလည်း တဖြည်းဖြည်း Professional Level ကိုရောက်ဖို့ ကြိုးစားနေပါတယ်။ Teacher လုပ်ရတာ ဝါသနာပါလားဆိုရင် အရမ်းကြီးဝါသနာမပါဘူးလို့ပြောရမှာပါပဲ။ သင်ခန်းစာတွေသင်ပေးရတာထက် Train ပေးရတဲ့ Trainer Role ကိုပိုကြိုက်တယ်။ ဥပမာ ပိုပြီးတွေးနိုင်လာဖို့၊ စာကိုသေချာပိုလုပ်နိုင်လာဖို့ ဒီအပိုင်းတွေကိုလေ့ကျင့်ရတာမှ တကယ် Hobby တစ်မျိုးပါ ဒါပေမယ့် ကိုယ်ချစ်တဲ့အရာတွေကိုမလုပ်နိုင်သေးခင် လုပ်နေရတဲ့အရာတွေကို ချစ်ဖို့လဲကြိုးစားရတာပေါ့ အဲ့ဒီကနေပြီး လအနည်းငယ်လဲကြာလာပြီဆိုတော့ Income နဲ့ပက်သက်ပြီး သိပ်အားမရတော့ဘူး။ တစ်လကို ၈ သိန်းပုံမှန်ဝင်ငွေရှိနေတာ ဒီအသက်အရွယ်နဲ့ အားမရစရာဘာရှိလဲဆိုရင် ဘဝကို သတ်မှတ်ထားတဲ့ငွေပမာဏတခုနဲ့ပဲ အချိန်မကုန်ချင်တာပါ ပြီးတော့ ရုတ်တရက် အဖေပြောလိုက်တဲ့စကားက တွေးစရာဖြစ်သွားတယ် "ဒီအလုပ်တွေဆိုတာ သမီးတစ်ပတ် မလုပ်နိုင်တော့ရင် တစ်ပတ် income ရပ်သွားမှာပဲ" တဲ့ ပြန်စဥ်းစားကြည့်တော့ ဟုတ်တာပဲလေ။ Salary ဆိုတာ ပုံမှန်အလုပ်လုပ်နေမှ ရမှာမလား။ ကိုယ်နားချင်ရင်တောင် မနားပဲ လုပ်မှရတာက လစာပဲလေ။ ငွေနောက်ကို လိုက်ရင်း အသက်မကြီးသွားချင်တာ အမှန်ပါ ဆိုတော့ စဥ်းစားတယ်။ "ငါအလုပ်မလုပ်နေရင်တောင် ပိုက်ဆံဝင်နေဖို့ဆိုရင် ငါဘယ်လိုလုပ်ရမလဲ" အဲ့တာနဲ့ Internet တစ်ခွင် ရေးပေးထားတဲ့ Knowledge sharing postတွေလိုက်ဖတ်တာပေါ့။ အဲ့ဒီမှာသိလိုက်တာက Active income vs Passive Income အကြောင်းပါ Active income ဆိုတာ ကိုယ်က အလုပ်လုပ်နေမှဝင်တဲ့ပိုက်ဆံ passive income က တစ်ခါရင်းနှီးမြှပ်နှံထားရုံနဲ့  အိပ်နေရင်တောင် ငွေဝင်တယ်တဲ့ အဲ့ဒီမှာပဲ အတွေးနယ်ချဲ့ရင်း Idea တစ်ခုရလာတယ်။ ဥပမာ Ebook တွေရောင်းတာ၊ Video Class ဖွင့်တာ... Ebook ဆိုတာကလဲ တစ်ခါအချိန်ပေးပြင်ဆင်လိုက်ရင် Quality ကောင်းကောင်းသာပေးနိုင်ရင်၊ တန်ဖိုးရှိတာတစ်ခုဖန်တီးနိုင်ရင် Passive Income ဖြစ်တာပဲဆိုပြီး စာအုပ်တွေ စပြီး create လုပ်ပါတော့တယ် အဲ့ဒီမှာ ကိုယ့်ကိုကိုယ်နဲ့ပက်သက်ပြီး မကျေနပ်စိတ်လေးအနည်းငယ်ဖြစ်လာတယ် ...B2 to C1 ကိုယ်တိုင်လေ့ကျင့်လာရဲ့သားနဲ့ စာအုပ်ထဲမှာထည့်ထားတာက အရမ်းမများသေးဘူးဆိုပြီးတော့ပေါ့

  • 2 июл.1 890761

    Debater ၅၀ Team A, B, C, D, E, F, G, H, I, J ထဲကနေ We are Team C !!! We won!

  • 2 июл.2 137481

    Winner Group ဖြစ်ခဲ့ပါပြီ ❣️

  • 2 июл.2 35241

    မနှစ်က Maybe next year လို့ပြောခဲ့တာလေး ဒီနေ့တော့ တကယ်ဖြစ်ခဲ့ပါပြီ 🫶 TSL 2026 International Debate ရဲ့ Final round ကို ခဏနေရင်ပြိုင်ရတော့မှာပါ I did it guys!

  • 2 июл.2 20821

    Had to step back from my very first international debate due to the armed conflicts… but really appreciated the kind message from TSL 🫶🏼 Maybe next year, in better times.

  • 27 июн.2 6393457

    Writing မှာ အားနည်းနေတယ်ဆိုရင် စာပိုဖတ်ပါ Writing အားနည်းတာက Grammar ကြောင့်တင်မဟုတ်ပါဘူး ရေးဖို့ Idea မထွက်လာတာပါ အဲ့ဒီမှာတစ်ချို့ကပြောကြလိမ့်မယ် မြန်မာလိုကျရင် Idea ထွက်တယ် English Level ကြောင့်ပေါ့..ဒါပေမယ့် English လို Writing ရေးနိုင်ဖို့ English Reading, Listening များများပိုလုပ်ပေးပါ လူတွေက ရှေ့ဆက်နိုင်ဖို့ အစားစားကြရတယ်မလား..အဲ့လိုပဲ အားစိုက်ထုတ်နိုင်ဖို့ အားအရင်ဖြည့်ရပါတယ် English Writing နိုင်ဖို့ English Reading ပိုင်ဖို့လိုအပ်ပါတယ် ပိုင်ဖို့လိုအပ်တာကဟုတ်ပါပြီ စာဖတ်ရတာမကြိုက်တာမဟုတ်ပဲ မဖတ်နိုင်ဘူးဖြစ်နေတယ်ဆိုရင်ရော ⁉️ - ကိုယ့်စိတ်ကိုအရင်တွန်းအားပေးပါ စိတ်မပါရင် ချစ်လို့တောင်မရတာ စာလဲ ဘယ်လိုလုပ်ရပါ့မလဲ xD စိတ်ဓာတ်ပြည့်ဝပြီးသွားရင် ဒီ Website လေးကိုသာသုံးပါ။ သေချာပေါက် သုံးကြည့်ပါနော် ✨ Aeon (aeon.co) ဆိုတာ ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေ၊ စာရေးဆရာတွေနဲ့ သုတေသီတွေရဲ့ Essaysတွေ၊ အတွေးအမြင်ပိုင်းဆိုင်ရာ ဆောင်းပါးတွေနဲ့ ဗီဒီယိုတိုတွေကို အခမဲ့ တင်ဆက်ပေးနေတဲ့ နာမည်ကြီး Ideas နဲ့ Website တစ်ခု ဖြစ်ပါတယ်။ ​ဘယ်လိုအကြောင်းအရာတွေကို အဓိက ရေးတာလဲ ​ဒီဝဘ်ဆိုက်မှာ သာမန်သတင်းတွေ ရေးလေ့မရှိပါဘူး။ လူတစ်ယောက်ရဲ့ အတွေးအခေါ်ကို ပိုမိုကျယ်ပြန့်စေမယ့် အောက်ပါ Topic တွေကို အလေးပေး ရေးသားထားတာပါ ဥပမာပြောရရင် 🧠 Psychology ⚖️ Ethics & Morality 🌍 Climate Change 🤖 AI & Technology 📚 Education 🏛 Politics & Society 💰 Economics ❤️ Relationships 🧬 Science 🎨 Art & Culture ⚽️ Sports ဘာကြောင့် Essay writer တွေအတွက်ကောင်းတာလဲ ❓ တစ်ဖက်တည်းမဟုတ်ဘဲ perspective အမျိုးမျိုး ကိုပြတယ်။ Author တွေက professor, researcher, journalist တွေဖြစ်လို့ argument က ခိုင်မာတယ်။ Vocabulary က academic ဖြစ်ပေမယ့် ဖတ်လို့နားလည်နိုင်တဲ့ style နဲ့ရေးထားတယ်။ Essay တစ်ပုဒ်ဖတ်ရင်း examples, evidence, reasoning ကို ဘယ်လိုသုံးလဲဆိုတာ သင်ယူလို့ရတယ်။ ဥပမာ "Should AI replace teachers?" ဆိုတဲ့ essay ရေးရမယ်ဆိုရင် Aeon မှာ AI, education, ethics အကြောင်း essay တွေဖတ်ထားရင် pros, cons, examples, expert viewpoints တွေကို ကိုယ့် essay ထဲမှာ ထည့်ရေးနိုင်တယ်။ Knowledge ရရုံမက "ဒီ issue ကို ဘယ်လိုစဉ်းစားရမလဲ" ဆိုတဲ့ critical thinking ကိုလည်း လေ့ကျင့်ပေးတယ်။ ဒါပေမယ့် Beginner ဆိုရင်တော့ ခက်နိုင်တယ်။ အဲဒါကြောင့် ပထမ BBC က article တွေဖတ်၊ ပြီးရင် Aeon essay တွေကို တဖြည်းဖြည်းဖတ်ဆိုရင် ပိုအဆင်ပြေပါတယ်။ Website Link: https://aeon.co/essay Khin Thi Thi Kyaw -- Khin Thi Thi Kyaw

  • 31 мая3 0385416

    Self-confidence ဆိုတာကို "ငါလဲကြိုးစားလိုက်တာနဲ့ တန်းရမှာ"ဆိုတဲ့ ယုံကြည်ချက်လို့ ခံယူတာထက် "ငါလုပ်နေတာတွေက ငါ့အတွက်ပဲဆိုတာ ငါသေချာယုံတယ်..အရာတစ်ခုခုကို ရခဲ့သည်ဖြစ်စေ၊ မရခဲ့သည်ဖြစ်စေ ငါရှေ့ဆက်လျှောက်နေဖို့ပဲလိုတယ်" ဒီလိုစိတ်လေးထားစေချင်တယ်။ လူဆိုတာက အရာဝတ္တုမဟုတ်ဘူး.. အရာဝတ္ထုဆိုတာ အိမ်သာဆိုရင် အိမ်ရှေ့မှာမထားကြဘူး၊ ဒါသူ့နေရာမဟုတ်ဘူး...အဲ့ဒီလိုပဲ အစားအသောက်တွေထားသင့်တဲ့နေရာက မီးဖိုချောင်ဖြစ်တယ်..သူဟာ တခြားအိမ်တွေက အစားအသောက်လို မီးဖိုချောင်ထဲရှိနေမှ သူ့နေရာနဲ့သူဖြစ်တာ။ ဒါပေမယ့် လူဆိုတာ အဲ့ဒီလိုမဟုတ်ဘူး။ ကိုယ်နဲ့ရွယ်တူတွေ Abroad ထွက်နေပြီးစာသင်နေတဲ့သူရှိတယ်၊ အလုပ်လုပ်ရင်း ငွေကောင်းကောင်းရှာနိုင်နေတဲ့သူတွေရှိတယ်၊ အိမ်မှာပဲ ဖုန်းတစ်လုံးနဲ့လေ့လာသင်ယူမှုတွေလုပ်နေတုန်းပဲရှိသေးတယ်၊ တစ်ချို့ကလည်း အခုထိ comfort zone ကမထွက်နိုင်သေးလို့ Internet ကကိစ္စတွေနဲ့ အလုပ်ရှုပ်နေတဲ့သူရှိမယ်။ လူဆိုတာ Abroad မရောက်ခင် တစ်ချိန်က comfort zone ထဲမှာရှိနေခဲ့တာဖြစ်နိုင်တယ်။ အဲ့အတွက်ကြောင့် ကိုယ့်နေရာက အမြဲတမ်းတစ်နေရာထဲမှာ သတ်မှတ်ထားတာမဟုတ်ဘူး။ အခြေအနေ၊ အချိန်အခါ၊ ကြိုးစားမှု ဒီသုံးမျိုးပေါင်းစပ်ပြီး ပြောင်းလဲသွားမှာတွေအများကြီးပဲ။ အဲ့သုံးမျိုးပေါင်းစပ်ပြီး တကယ်ပြောင်းလဲလာနိုင်ဖို့ လိုအပ်တာလဲ သုံးခုပဲ။ ကြိုးစားခြင်း၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းပါ..💌 ကြိုးစားရမယ်..လိုချင်နေတဲ့နေရာတစ်ခုကို ရောက်ဖို့ အချိန်ကာလတစ်ခုစီနဲ့သတ်မှတ်။ ပြီးရင် အဲ့တာရဖို့ ငါဘာလုပ်ရမလဲ၊ ဘာလုပ်နိုင်လဲ၊ ဘာလုပ်သင့်လဲဆိုတာကို အမြဲတွေးပါ ကြိုးစားနေရင်း ယုံကြည်ရမယ်။ ကိုယ်လုပ်နေတာတွေက ဘယ်မှမရောက်ဘူး..ကိုယ်မမြင်ရသေးရင်တောင် ပြောင်းလဲစပြုလာတာတွေအများကြီးရှိတယ် ဆိုတာကို ယုံပါ ကိုယ်လုပ်နေတာတွေကို ကိုယ်မှမယုံရင် ဘယ်သူလဲမယုံဘူး..ကိုယ်ဖြစ်ချင်တာကို ကိုယ်မှယုံကြည်မှုအပြည့်နဲ့မသိရင် ဘယ်သူမှဖြစ်အောင်လုပ်ပေးလို့မရဘူး ပြီးရင် စိတ်ရှည်ပါ.. တစ်လလောက်၊ တစ်နှစ်လောက်ကြိုးစားပြီး ငါဘယ်မှလဲမရောက်သေးဘူးဆိုပြီး လက်လျှော့ရင် ဘယ်လောက်အချိန်ပေးထား ပေးထား..အကုန်သဲထဲရေသွန်လိုက်သလိုဖြစ်တတ်တယ်။ ၅ နှစ်..လူတစ်ယောက်က ဘယ်လောက်ပြောင်းလဲနိုင်လဲဆိုတာသိချင်ရင် အမြဲတမ်း ကြိုးစားမှုမလျှော့ပဲ ပုံမှန်ကြိုးစားသွားကြည့်ပါ။ တကယ်သိရပါလိမ့်မယ်။ Big thank you for diving into my post. Until we meet again! Khin Thi Thi Kyaw

  • 31 мая2 1421916

    Hey guys! ဒီနေ့ post လေးကို မျှော်နေတဲ့သူတွေရှိမယ်ထင်ပါတယ်။ အခု Content ကတော့ ဘာလုပ်ရမလဲမသိလို့ online courses တွေကနေ လေ့လာနေတယ်၊ လေ့လာပြီးရင် ဘယ်လိုဆက်လုပ်ရမလဲမသိဘူးဖြစ်နေတဲ့သူတွေကို အနည်းငယ်အကြံပေးနိုင်ဖို့ မျှော်လင့်ရင်းရေးလိုက်ပါမယ်။ 1. Reflect အရင်တစ်ခေါက်ကပြောဖူးသလို သုံးလတိတိ Course အနည်းဆုံး ၅ ခုကို သေချာပြီးမြောက်ခဲ့ပြီဆိုရင်.. reflection ပြန်လုပ်ဖို့လိုအပ်ပါတယ်။ ဒီမေးခွန်းလေးသုံးခုကို သေချာအချိန်ပေးပြီးဖြေကြည့်ပါ - ဘယ် Course ကို လေ့လာရတာက စိတ်လှုပ်ရှားဖို့၊ စိတ်ဝင်စားဖို့ အ‌ကောင်းခဲ့ဆုံးလဲ - ဘယ် Course ကတော့ ကိုယ့်အတွက် ပျင်းစရာကောင်းတာ၊ ခက်ခဲပြီးဆက်မလုပ်ချင်တော့တဲ့အထိဖြစ်စေခဲ့လဲ - Course မျိုးစုံလေ့လာရင်း လက်တွေ့ အသုံးချမိတဲ့အရာ ဘယ်နှစ်ခုရှိလဲ (ဥပမာ Graphic Design သင်ပြီး ပုံဘယ်နှပုံဆွဲဖြစ်ခဲ့လဲ၊ Content Writing သင်ပြီး content ဘယ်နှစ်ခုရေးဖြစ်ခဲ့လဲ ၊ Essay Writing သင်ရင် Essay ဘယ်နှစ်ခုလောက်ရေးဖြစ်ခဲ့လဲ...စသည်ဖြင့် ဒါမျိုးပေါ့) နောက်ဆုံးမှာတော့ သင်ခဲ့သမျှ Course တွေထဲက အများဆုံး မတူညီတဲ့ Course 3 ခုဆွဲထုတ်ပါ - ပထမတစ်ခုကတော့ လေ့လာရတာ ကိုယ်အကြိုက်ဆုံးတစ်ခု - ဒုတိယတစ်ခုကတော့ ကိုယ့်အတွက် ပါရမီအနည်းငယ်ပါလာတယ်လို့မြင်တဲ့ တစ်ခု - တတိယတစ်ခုကတော့ ကိုယ့်အတွက် သေချာပေါက်လိုအပ်မယ်ထင်တဲ့ Course တစ်ခု ဒါက အများဆုံးကိုပြောတာနော်.. တစ်ခါတစ်လေ ကိုယ်လေ့လာရတာကြိုက်တာနဲ့ ကိုယ်လိုအပ်တာနဲ့တစ်ထပ်ထည်းကျနိုင်တယ်။ ဒီလိုဆိုရင် ၂ခုထဲရွေးလို့ရပါတယ်။ 2. 20 1-Hour Practice Sessions ဒီအတွက်ကတော့ Course တစ်ခုပဲရွေးလို့ရပါတယ်။ ရွေးပြီးရင် ရက် ၂၀ တိတိ (လုံးဝ တစ်ရက်လေးမှမပျက်ပဲ) ..တစ်ရက်ကို တစ်နာရီ Timer ချ၊ ချပြီးရင် အဲ့တာကို လက်တွေ့တစ်ခုခုစမ်းလုပ်ရပါမယ်။ လုံး(လုံးဝ) အသစ်မလေ့လာရပါဘူး။ Design သင်ထားရင် တစ်နာရီအတွင်းပြီးနိုင်လောက်တဲ့ design တစ်ခုကို သေချာပေါက်ဆွဲရပါမယ်။ ဒီနေရာမှာ တစ်ချို့သော Graphic Designer တွေအနေနဲ့ စပရိုက်ဖြစ်သွားနိုင်ပါတယ်။ Graphic တို့..content ရေးတာတို့က Creative Idea လိုတဲ့အပိုင်းမို့ တစ်နာရီအတွင်းပုံမှန်လုပ်ရမယ်ဆိုတာကြီးက အနည်းငယ် debate ဖြစ်သွားစရာအနေအထားရှိနိုင်ပါလိမ့်မယ်... ဒါပေမယ့် Creative Idea တွေ လုံးဝမထွက်..Burn out ဖြစ်တဲ့အချိန်ဆိုတာရှိတတ်ပါတယ်။ အဲ့အတွက် တစ်နာရီအတွင်း ကိုယ့်အတွက်လွယ်တာတစ်ခုခုဆွဲကို ဆွဲပြီးရမယ်ဆိုတာက Consistency ကို train ဖို့ဖြစ်ပါတယ်။ ဒီလိုပဲ Graphic..Content ဒီအပိုင်းလေ့လာတာမဟုတ်ပဲ..Language လေ့လာတဲ့သူတွေဆိုရင် Basic သမားဆို စာပြန်ရေးပါ။ ငယ်ငယ်က "ဝ"လုံးရေးသလို အက္ခရာ နှစ်လုံး သုံးလုံးလောက်ရွေးချယ်ပြီး နေ့တိုင်းချရေးပါ။ တစ်ခြားအပိုင်းလေ့လာနေတဲ့သူတွေကလည်း ကိုယ်လက်တွေ့ ရက် ၂၀ အတွင်းမှာ အသစ်မလေ့လာပဲ ဘာလုပ်လို့ရမလဲဆိုတာတွေးပါ။ ရက် ၂၀ တိတိလုပ်ရပါမယ်။ 3. Pick 1 Domain for the Next 30 Days ပြီးရင် နောက်ထပ် ရက် ၃၀ စာ..အ‌ပေါ်က 20 Sessions တိတိ ကိုယ်လက်တွေ့လုပ်ခဲ့တဲ့ Course နဲ့သက်ဆိုင်တာကိုပဲ နောက်တစ်ဆင့် ထပ်တက်ပြီးလေ့လာပါမယ်။ Intermediate ဆိုရင် Advanced လေ့လာသလိုပေါ့။ Course တစ်ခုပဲလေ့လာရမယ်။ နေ့တိုင်း နေ့တိုင်းလေ့လာရပါမယ်နော်။ တစ်ချို့ Course က ရက် ၃၀ မပြည့်ပဲ အကုန်ပြီးရင် နောက်ထပ် အဲ့ topic မှာပဲ ပိုမြင့်တဲ့ Course တွေထပ်လေ့လာပါ။ 4. Reserve Job Search ဒါကတော့ အလုပ်လိုချင်တဲ့သူတွေအတွက်ပါ။ အဲ့ဒီ ကိုယ်လေ့လာခဲ့တဲ့အပိုင်းနဲ့ပက်သက်ပြီးခေါ်ယူတဲ့ အလုပ်ခေါ်စာတွေ သွားရှာကြည့်ပါ။ ပြီးရင် JD လို့ခေါ်တဲ့ Job Description တွေဝင်‌ဖတ်ပါ။ Requirement ဘာတွေတောင်းလဲ ဆိုတာကြည့်ပါ။ ဘာ Skill တွေရှိဖို့ မျှော်လင့်ကြလဲဆိုတာလဲ သေချာရှာကြည့်ပါ။ ပြီးရင် လိုတာထပ်ဖြည့်ပါ။ အဲ့ဒီလိုပဲ Fully Funded Youth Programs, Exchange Programs တွေသွားချင်တဲ့ လူငယ်တွေအနေနဲ့လည်း requirement တွေလိုက်ကြည့်၊ ကိုယ်နဲ့မကိုက်ညီသေးရင် skills ထပ်ဖြည့်ပါ။ 5. Try ဒါကတော့အရေးကြီးဆုံးပါ။ Perfect ဖြစ်တဲ့အချိန် .. Requirement နဲ့ 100 ရာခိုင်နှုန်းကိုက်ညီမယ့်အချိန်ကို ထိုင်မစောင့်ပါနဲ့။ လုံးဝ စောင့်မနေပါနဲ့။ တစ်ဖက်မှာ လေ့လာသင်ယူမှုတွေကို လုပ်နေရင်းနဲ့ requirement က ကိုယ်နဲ့မကိုက်ရင်တောင် လျှောက်ပါ။ ကြိုးစားကြည့်ပါ။ ညီမတောင် အခုလက်ရှိတက်နေတဲ့ Program တွေက Requirement က age 20+ ပါ။ ဒါပေမယ့် စိတ်ဝင်စားလွန်းလို့သူတို့ကိုသွားဆက်သွယ်ရင်း ကြိုးစားကြည့်ပါ လို့ပြောတာနဲ့ လျှောက်လိုက်တာ 17 နှစ်အရွယ်လူငယ်တစ်ယောက်အနေနဲ့ တက်ဖြစ်နေပါပြီ။ ဒါကြောင့် အမြဲတမ်းလျှောက်ကြည့်ပါ။ လျှောက်လိုက်တာနဲ့ ဇာတ်လမ်းထဲကလို "Plot twist" ကြီးဖြစ်ပြီး တန်းရသွားမယ်လို့တော့ဘယ်သူမှမပြောနိုင်ပေမယ့် မလျှောက်တာက "မရဘူး" ဆိုတဲ့အဖြေပဲပေးမှာ..လျှောက်ရင် "ရမလား".."မရဘူးလား" ပေးစရာအဖြေနှစ်ခု‌တောင်ရှိသွားမှာပဲလေ။ --

  • 28 мая2 4358121

    Hello, guys! နောက်ဆုံးတော့ ပြန်လာနိုင်ခဲ့ပါပြီ။ Congrats to me!! ပထမဆုံးပြန်ရေးဖြစ်ခဲ့တဲ့ content လေးကတော့ ဘဝမှာ အလုပ်လုပ်ခဲ့တဲ့ "ပျော်ပျော်နေနည်း" Series လေးရဲ့ ပထမအပိုင်းကို sharing လုပ်ချင်ပါတယ်။ ဒီတစ်ခေါက်ကတော့ "ဘာမှစိတ်ဝင်စားတာမရှိနေတော့ ဘာလုပ်ချင်မှန်းမသိဘူး..ဘာလုပ်သင့်လဲ" ဆိုတဲ့အပိုင်းလေးကိုပြောကြတာပေါ့ ဘာမှ စိတ်မဝင်စားရင် ကိုယ်လုပ်နိုင်တာကိုသာ လုပ်နေလိုက်ပါ။ ဘဝမှာ Consistency ကိုထိန်းဖို့နည်းလမ်းတစ်ခုပဲရှိတယ်..ဒီနေ့ကစပြီး ဘာပဲလုပ်လုပ် အမြဲအဆုံးထိလုပ်။ ဘာလုပ်ရမှန်းမသိရင် ဒီလိုလုပ်ကြည့်။ ကိုယ်က ပိုက်ဆံလဲမကုန်ပဲ၊ လူတွေကိုလည်းမပြောသေးပဲ တိတ်တိတ်လေး ဒီနည်းလမ်းကိုစမ်းကြည့်လို့ရတယ်။ အချိန် အနည်းဆုံး ၃လပေးပါ။  - Free Course တစ်ခုကြိုက်တာရွေးလိုက်ပါ။ (Website တွေကတော့ အများကြီးပါ..google မှာရှာကြည့်လိုက်ရုံနဲ့တွေ့ပါတယ်) - ဘာကိုစိတ်ဝင်စားမှန်းမသိလို့ Course မရွေးတတ်ရင် ကိုယ်နဲ့အရင်းနှီးဆုံးတစ်ခု သို့မဟုတ် ကြိုက်တာသာ မျက်လုံးမှိတ်ရွေးလိုက်ပါ (အရမ်းမြင့်လွန်းတာကြီးတော့မရွေးပါနဲ့..ဘာမှမသိတဲ့ Chinese Language Course ကိုရွေးပြီး Level ကျတော့ advanced သွားရွေးလို့တော့မဖြစ်ဘူးလေ) -Course ကို တစ်ခုပဲရွေးပါ။ အဲ့ထက်ပိုလို့မရပါဘူး။တစ်ခုပဲရွေးချယ်ကြည့်ပါ - တစ်ရက်ကို အဲ့course ထဲက Module တစ်ခုပြီးအောင်လုပ်ပါ။ (အနည်းဆုံးနော်။ တစ်ရက်မှပျက်လို့မရဘူး။ ဘယ်လိုအကြောင်းရင်းနဲ့မှ မပျက်ပဲလုပ်ကြည့်ပါ) - လေ့လာတဲ့အခါမှာ Note စာအုပ်ထဲမှာ အကုန်ချရေး။ နေ့တိုင်းပြန်ဖတ်။ - နောက်ဆုံးမှာ Certificate ရပြီဆိုရင် ..နောက်ထပ် Course တစ်ခုထပ်ရွေး..ပြီးရင်ဒီလိုပဲလေ့လာ။ ၃လလုံး...ရက်ပေါင်း ၉၀ နေ့တိုင်း သင်ယူမှုတွေလုပ်ကြည့်ပါ။ ကိုယ်ချစ်တဲ့အရာတွေကို မလုပ်နိုင်သေးရင် ကိုယ်လုပ်နေရတဲ့အရာတွေကို ချစ်ပါ။ -- တစ်ခုရှိတာကလေ တိုးတက်ချင်တဲ့အခါ စိတ်ရှည်ရတယ်။ အရင်ကတည်းက သတိထားမိတာက ညီမတို့လူငယ်တွေက စိတ်ဓာတ်ကျလွယ်တယ်။ ဒါကလည်း Social Media ကြောင့်ရော၊ ကိုယ့်ဟာကိုယ် control မမိတာရောနှစ်မျိုးလုံးပါတယ်။ စိတ်ညစ်နေလို့ TikTokဝင်ရင် Feel post တွေတက်လာတာက ကိုယ်ခံစားနေရတာကို ပိုခံစားမိအောင်လုပ်ပေးတတ်တယ်။ "အမြဲ သန်မာနေစရာမလိုဘူး"ဆိုတဲ့ post တွေက အရမ်းတဖက်ကမ်းထိ လွန်သွားတော့ .. "ဘာကြောင့်ဖြစ်ဖြစ် စိတ်ဓာတ်ကျလွယ်တာက Human Nature ပဲ .. ဒီလို စိတ်ဓာတ်ကျတာတွေကို ငါတို့ ပြင်စရာမလိုဘူး" လို့ ထင်လာကြတယ်။ ... ခက်ခဲတော့ stress ပိပြီးလက်လျှော့ချင်လာတာ၊ လူတွေနဲ့အဆင်မပြေတာ ဒါတွေက လောကကြီးက မတရားတာလို့ထင်နေကြတာများတယ်။ တကယ်တော့မဟုတ်ဘူး။ ~ စိတ်ထဲထားနေလို့ ခံစားရတာ ~ စိတ်ညစ်စရာလို့ တွေးနေလို့ စိတ်ညစ်နေရတာ ~ မပျော်ဘူးဆိုပြီးတွေးနေလို့ မပျော်နေရတာ ~ လောကကြီးက ခက်ခဲတယ်လို့ တွေးနေလို့ လောကကြီးက မလွယ်တာ ~ ဒီလူက ငါ့ကို အမြင်ကတ်နေတယ်လို့ စိတ်ထဲကခဏခဏပြောနေလို့ အဲ့လိုခံစားရတာပါ လူသားပဲမို့ ပင်ပန်းတတ်တာ၊ လက်လျှော့ချင်တာ၊ ကိုယ့်ကိုကိုယ် မယုံမကြည်ဖြစ်တာက သာမန်ပါပဲ။ ဒါပေမယ့် အမြဲလိုလို ဘာပဲလုပ်လုပ် အဲ့လိုဖြစ်နေရင်တော့ ကိုယ့်မှာ တစ်ခုခုမှားနေပြီဆိုတာလောက်တော့ သိသင့်တယ်။ Participant တွေကို အမြဲပြောရတယ်.. 4 Weeks to New U က Task တွေ Challenging ဖြစ်လာရင် သူတို့ဆီကနေ အမြဲတမ်း "stress ဖြစ်နေတဲ့အသံလေးတွေ"ကြားရတတ်တယ်။ အဲ့အခါတိုင်းပြောဖြစ်တာလေးက "အစဆိုရင် အရာရာတိုင်းက ခက်တယ်၊ အဲ့ဒီတော့ ခက်တဲ့အစမှာ မနေနဲ့..ရှေ့ကို ဆက်လျှောက်သွား..ဆက်လျှောက်နေသရွေ့ ရှေ့ရောက်နေမှာပဲ"လို့။ ဒီစာကို ဖတ်တဲ့သူတွေထဲမှာ စိတ်ဓာတ်ကျလွယ်တဲ့သူလဲပါနိုင်တယ်၊ စိတ်ဓာတ်ကျမပြပေမယ့် အတွင်းထဲကနေ ငါက မသန်မာချင်ပဲ သန်မာနေရတာလို့ တွေးနေတဲ့သူတွေလဲရှိမယ်။ ဘာပဲဖြစ်ဖြစ် Social Media က "မင်းခံစားနေရတာတွေ ငါနားလည်ပါတယ်"လို့ပြောပြီး စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်သေးတာကို အားပေးနေတဲ့ content ဆိုရင်တော့ ရှောင်စေချင်တယ်။ ရင့်ကျက်ဖို့ပြောတာမဟုတ်ဘူးနော်။ ကိုယ့်ခံစားချက်ကို ထိန်းချုပ်တတ်ဖို့ပဲ သင်ယူခိုင်းတာ။ ထိန်းချုပ်တာက နည်းနည်းမှ စိတ်ညစ်မခံပဲ စိတ်မညစ်ရဘူး ပျော်ရမယ် ဆိုတဲ့သဘောပြောတာမဟုတ်ပါဘူး။ အမြဲတမ်းပျော်နေဖို့ နည်းလမ်းမရှိဘူး။ ဒါပေမယ့် အမြဲတမ်းလဲ စိတ်ညစ်၊ စိတ်ဓာတ်ကျနေလို့မရဘူး။ --- ဆိုတော့ ရက် ၉၀ လေ့လာပြီးသွားရင် ဘာဆက်လုပ်မလဲဆိုတာကိုတော့ နောက် ၃ရက်ကြာရင် Post တစ်ခုနဲ့အတူ ပြန်လာခဲ့ပါမယ်။ ဒီနေ့ကတော့ ဒီလောက်ပါပဲ Thank you for being a part of this journey. Until we meet again, take care! Khin Thi Thi Kyaw

  • 2 мая3 446611

    မနှစ်ကထက်ပိုမြင့်သွားတဲ့ Finalist ကို TSL 2026 International Competition အတွက်ရခဲ့ပါတယ် စပြိုင်ကတည်းကအဲ့လိုမှန်းထားတာမို့ expectation ကိုထိသွားတာကတော့ တကယ်သတင်းကောင်းပါပဲ ✨

  • 2 мая3 509131

    йоС пОдписи