Click4Freedom
СтатистикаClick 4 freedom သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ရှောင်ပြည်သူများကို အဓိက ကူညီရန်ရည်ရွယ်၍ ထူထောင်ထားသော channel ဖြစ်ပါတယ်။
- Последний пост
- 30 июн.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
Hello 👋 ပြီးခဲ့တဲ့ လက Click4Freedom YouTube နဲ့ KH စုစုပေါင်း ငွေလဲ၊ ငွေထုတ် % တွေ ဖြတ်အပြီး စုစုပေါင်း ၄၈ သိန်းလောက် လက်ခံရရှိခဲ့ပါတယ်။ အဲ့အထဲက Click4Freedom က ၃၈ သိန်း ဝန်းကျင်ရခဲ့ပြီး ကျန်တာ KH ဘက်ကို အကုန်လွဲပေးခဲ့ပါတယ်။ Click4Freedom ရငွေတွေကို ၁။ ယင်းမာပင်ခရိုင် တပ်ရင်း (၆) Drone တပ်ဖွဲ့ - သိန်း ၂၀ ၂။ Freelance Volunteer Myanmar - ၁၅ သိန်း စုစုပေါင်း ၃၅ သိန်း ပို့ပေးခဲ့ပါတယ်။ Click4Freedom လက်ထဲ ၃ သိန်း ဝန်းကျင်ကျန်ပါမယ်ဗျ။ ဒီရက်ပိုင်း မြေပြင်အလုပ်တချို့နဲ့ မအားနိုင်ဖြစ်နေလို့ Active ကောင်းကောင်းမဖြစ်နိုင်တဲ့အတွက် တောင်းပန်ပါတယ်။ ဆက်ကြိုးစားပေးကြပါဦးဗျ။
без подписи
ပြီးခဲ့တဲ့ မတ်လက Click4Freedom YouTube ရငွေတွေကို .. ၁။ BPLA တပ်မွေးနေ့ ကမ်ပိန်း - ၁၆ သိန်း ပြည်သူမှသည်အောင်ပွဲဆီသို့ ကမ်ပိန်း - ၅ သိန်း စုစုပေါင်း ၂၁ သိန်း ပို့ပေးခဲ့ပါတယ်။ ဧပြီလကတော့ တော်တော်နည်းသွားတာမို့ ဒီလမှာတော့ ပိုကြိုးစားကြည့်ပေးကြပါဦး။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက YouTube ရငွေတွေကို "ပြည်တော်ပြန်ဝင် ကျည်ကာဆင်" ကမ်ပိန်းထဲ ၁၆ သိန်း ထည့်ဝင်ပေးခဲ့ပါတယ်။ ဆက်ကြိုးစားပေးနေကြတဲ့ ကလစ်ကာတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီလလည်း အရင်လထက်တော့ နည်းနည်းပိုရနေပါတယ်။ ဆက်ကြိုးစားကြပါဦးစို့။ ကိုယ်တိုင်ကူချင်တဲ့လူတွေအနေနဲ့ အောက်က လင့်ကနေ ကူညီလို့ရပါတယ်။ https://springcrowdfund.org/c/5J5zqP
Quote4You က ကလစ်စရာမလိုတော့ပါဘူးဗျ။ ပိုက်ဆံလည်းမရတော့ပါဘူး။ ကလစ်နေတာတွေ တွေ့နေလို့ပါ။ အချိန်ကုန်နေမှာစိုးလို့ပြောတာပါခင်ဗျ။ ကျေးဇူးပါ။
ဒါကတော့ တောထဲက ဆေးဝန်ထမ်းတွေနေဖို့အတွက် Click4Freedom နာမည်နဲ့ တစ်ဆောင်ဆောက်ပေးထားတာပါ။ ဆက်ပြီးတော့ YouTube ကို ဝုန်းကြပါဦးစို့။
без подписи
без подписи
ပြီးခဲ့တဲ့ ၂ လက ရခဲ့တဲ့ ငွေတစ်ချို့ကို ၁။ ကလေးခရိုင် ထုတ်လုပ်ရေးအဖွဲ့ - ၉ သိန်း ၂။ နွေဦးဂုရုလေးများ - ၉ သိန်း ၃။ KNDF B-01 - ၁၂ သိန်း စုစုပေါင်း သိန်း ၃၀ ပို့ပေးထားခဲ့ပါတယ်။ အရင်ထက် နည်းလာသလို ကျတော့်ဘက်ကလည်း လိုအပ်ချက်တွေနဲ့ active သိပ်မဖြစ်နိုင်လို့လည်း တောင်းပန်ပါတယ်။ ဆက်ကြိုးစားပေးကြပါဦးဗျ။
ပြီးခဲ့တဲ့လက ရခဲ့တဲ့ YouTube ငွေကို အခုထိ တိုက်ပွဲပြင်းထန်နေတဲ့ ကလေး ဘက် နဲ့ နွေဦးဂုရုကိုပဲ ထပ်ပို့ပေးခဲ့ပါတယ်။ % နဲ့ Bank Txt တွေဖြတ်အပြီး မြန်မာငွေ ၁၇ သိန်းကျော် ရခဲ့ပါတယ်။ မှတ်တမ်းတွေစုံရင် တင်ပေးသွားပါမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။
без подписи
без подписи
ပြီးခဲ့တဲ့ နိုဝင်ဘာလက ရငွေတွေကို ကူထားတဲ့ မှတ်တမ်းတွေရပါပြီ။ ၁။ ကလေးခရိုင် ထုတ်လုပ်ရေးအဖွဲ့ - ၁၀ သိန်း ၂။ ဗန်းမောက် PDF - ၅ သိန်း ၃။ နွေဦးဂုရုလေးမျာ - ၆ သိန်း စုစုပေါင်း ၂၁ သိန်း ပို့ပေးခဲ့ပါတယ်။ ဆက်လက်ပြီး YouTube ကို ကြိုးစားဝင်ပေးကြပါဦးစို့။
အားလုံးပဲ နှစ်သစ်မှာ ပျော်ခွင့်ရှိသည်ထက် ပိုပျော်နိုင်ကြပါစေ။ ပိုပျော်နိုင်ဖို့ ပိုကြိုးစားကြပါစို့။
без подписи
QFY ရဲ့ မနေ့က ဝင်ငွေ နဲ့ iOS+Android daily users တွေပါ။ QFY သက်တမ်းတလျောက် အဆိုးဆုံးအခြေအနေပါပဲ။ အဓိက VPN တွေက မြန်မာ IP ကိုမကျော်နိုင်ကြတော့တာပါ။ ပြည်ပကလူတွေကိုလောက်သာ အားကိုးလို့ရနိုင်တော့တဲ့အခြေအနေပါပဲ။ Android app ကိုတော့ store ပေါ်မှာ အမှတ်တရအနေနဲ့ ဒီအတိုင်းရှိနေမှာပါ။ ဖျက်မချပါဘူး။ iOS ကတော့ ဒီနှစ်သက်တမ်းကုန်တာနဲ့ သက်တမ်းဆက်မတိုးတော့ပါဘူး။ အခု ငွေရနှုန်းနဲ့ဆိုရင် Store ဖိုးကို ပေးနိုင်မှာမဟုတ်တော့လို့ပါ။ နားလိုက်တဲ့ အကြောင်းပြချက်ကလည်း ကလစ်ကာအချိန်ပေးရတာနဲ့ ပြန်ရငွေက လုံးဝကို မတန်တော့လို့ပါ။ အားလည်းနာတာကြောင့် ဒီတိုင်း ရပ်လိုက်ရင် ပိုကောင်းမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ။ YouTube တွေကတော့ ပုံမှန်အတိုင်း ဆက်လည်ပါတ်နေတာမို့ အဲ့တာတွေကိုပဲ ဦးစားပေးကလစ်ကြပါခင်ဗျ။
အသိပေးအကြောင်းကြားခြင်း ___________________ Click4Freedom YouTube တစ်ခုလေးကိုပဲ အားစိုက် ကြည့်ပေးကြဖို့ပဲ တိုက်တွန်းချင်ပါတယ်ဗျ။ ဒီနေ့အထိ အခက်အခဲမျိုးစုံကြားထဲကနေ အချိန်ပေးကလစ်ခဲ့ကြတဲ့ ထောက်ပို့ကလစ်ကာ တစ်ယောက်ချင်းစီတိုင်းကို လေးလေးနက်နက် ကျေးဇူးတင်ပါတယ်။ တလရက မပြီးဆုံးသေးတာမို့ လုပ်နိုင်တာတွေဘက်ကနေ ဆက်လက်ကြိုးစားကြပါဦးစို့ဗျာ။
Hello 👋 ပြီးခဲ့တဲ့ နိုဝင်ဘာလက Click4Freedom YouTube ကနေ မြန်မာငွေ ၂၁ သိန်းကျော် ရခဲ့ပါတယ်။ ရခဲ့တဲ့အထဲက အခြလက်ရှိတိုက်ပွဲဖြစ်နေတဲ့ ကလေးခရိုင် ဘက်ကို ၁၀ သိန်း၊ ဗန်းမောက် PDF ကို ၅ သိန်း၊ ရဲဘော်တွေနဲ့ စစ်ရှောင်တွေကို ဆေးကုသပေးနေတဲ့ နွေဦးဂုရုလေးများကို ၆ သိန်း ကူပေးထားပါတယ်။ Certificate တွေ စုံတဲ့အခါ ထပ်တင်ပြပေးပါမယ်ဗျ။ ဒီတလောက လိုင်းအခက်အခဲတွေကြောင့်မို့လို့ ဝင်ငွေနည်းရတာကို နားလည်ပါတယ်။ User တွေလည်း နည်းတော့ QFY ကတော့ အတော့်ကို နည်းနေလို့ Payout ထုတ်မရသေးပါဘူး။ ထုံးစံအတိုင်း အချိန်ရှိသလောက် ကြိုးစားပေးကြပါဦး။
Quote4you [Android UPDATE] QFY Android မှာ စာအုပ်တွေ ဖတ်မရတဲ့ error ကို ပြင်ထားတဲ့ update လေး down ပြီး ဆက်ကလစ်ကြပါဦးဗျ။ User တွေက နည်းသထက်နည်းပါတယ်ဗျာ။ VPN ကို အဆင်ပြေတာနဲ့ ကလစ်ကြပါ။ နိုင်ငံခြားကလူတွေအနေနဲ့ VPN ခံစရာမလိုပါဘူးဗျ။ ကျေးဇူးပါ။