Creative Coder Myanmar
описание
Web Development ခရီးစဉ်ကို Creative Coder နှင့်စတင်လိုက်ပါ။🚀
Лучшие посты
за три месяцаဒီနေ့ Birthday Wish ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ ❤️🎂 Birthday ဆိုတာ အသက်တစ်နှစ်ကြီးလာတာ ဆိုတာထက်… ကိုယ်လျှောက်လာခဲ့တဲ့ လမ်းကြောင်းကို ပြန်ကြည့်ဖြစ်တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ပြီးတော့… ကိုယ့်ရဲ့ Journey ထဲမှာ ဘယ်သူတွေ ပါဝင်ခဲ့လဲဆိုတာကို သတိရမိတဲ့နေ့လည်း ဖြစ်ပါတယ်။ ဒီနေ့ထိ ရောက်လာတဲ့အထိမ်းအမှတ်မှာ Creative Coder Myanmar ကို ယုံကြည်ပြီး Support ပေးခဲ့ကြတဲ့ ကျောင်းသားတွေ၊ Community Members တွေ၊ မိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်ပါတယ် ❤️ ဒါကြောင့် ဒီနှစ် Birthday မှာ ကိုယ့်အတွက်ပဲ မဟုတ်ဘဲ Community အတွက်ပါ အမှတ်တရတစ်ခု လုပ်ချင်ခဲ့ပါတယ်။ လူ ၅၀ ရဲ့ Web Development Journey ကို စတင်နိုင်အောင် ကူညီပေးဖို့ Birthday Special Gift ကို ပြင်ဆင်ထားပါတယ် 🎁 Web Development ကို သင်ချင်ပေမယ့် ဘယ်ကစရမလဲ မသိသေးတဲ့သူတွေ Roadmap မရှိသေးတဲ့သူတွေ ငွေကြေး အခက်ခဲရှိတဲ့သူတွေ အတွက် ရည်ရွယ်ထားတာပါ။ ဒီ Journey မှာ ပါဝင်ချင်ရင် Page Messenger မှာ “Birthday” လို့ ပို့ပေးပါ ❤️ Birthday Wish ပေးခဲ့ကြတဲ့ အားလုံးကို ထပ်ပြီး ကျေးဇူးတင်ပါတယ်ဗျာ 🙏🎂 Detail Video ========== https://www.facebook.com/share/r/17ArSsVh4Q/?mibextid=wwXIfr
ကျွန်တော် Creative Coder မှာ စာစသင်ခဲ့တာ အခုဆိုရင် ၇ နှစ်နီးပါး ရှိလာခဲ့ပါပြီ။❤️ အဲ့ဒီတုန်းက ကျွန်တော်လည်း ကျောင်းသားတစ်ယောက်လိုပဲ Coding ကို စိတ်ဝင်စားပြီး တကယ်တမ်း သင်ယူနေတဲ့သူတစ်ယောက်ပါ။ နောက်ပိုင်းတော့ Freelance အလုပ်တွေ လုပ်ခဲ့တယ်။ Foreign Company တွေမှာ အလုပ်လုပ်ခဲ့တယ်။ Project တွေ ရေးခဲ့တယ်။ ဒီလိုနဲ့ ကိုယ်သိထားတဲ့ အတွေ့အကြုံတွေကို ပြန်မျှဝေချင်တဲ့စိတ်ကနေ Creative Coder ကို စတင်ဖြစ်ခဲ့ပါတယ်။ ရိုးရိုးသားသား ပြောရရင် Creative Coder ကို ဒီနေ့ထိ ရောက်လာမယ်လို့ ကျွန်တော်ကိုယ်တိုင်တောင် မထင်ခဲ့ဘူး။ ဒီခရီးတလျှောက်မှာ ကျောင်းသား ထောင်ချီပြီး သင်ပေးခွင့်ရခဲ့တယ်။ အလုပ်အကိုင်ရသွားတဲ့သူတွေ ရှိလာတယ်။ ဘဝလမ်းကြောင်း ပြောင်းလဲသွားတဲ့သူတွေလည်း ရှိလာတယ်။ ဒါတွေအားလုံးက ကျွန်တော်တစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ Creative Coder ကို ယုံကြည်ပြီး အမြဲ Support ပေးခဲ့ကြတဲ့ ကျောင်းသားတွေ၊ Community & Team Members တွေကြောင့်ပါ။ ❤️ လာမယ့် June 20 ရက်နေ့က ကျွန်တော့်အတွက် အထူးနေ့တစ်နေ့ ဖြစ်သလို Creative Coder Community အတွက်လည်း ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ တစ်ခုခု အထူးအစီအစဉ် ပြင်ဆင်ထားပါတယ်။ 🎂 June 20 မှာ ပြန်တွေ့ကြမယ်ဗျာ ❤️ #creativecoder #softwaredevelopment #coding
ဒီ post ကို တင်ရမလား မတင်ရမလား တော်တော်လေး စဉ်းစားခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ကျနော် အရမ်း promote မလုပ်ချင်တဲ့ အရာတစ်ခုမို့ပါ။ ဒီနှစ် ကျနော့် အသက် ၂၅ နှစ်ပြည့် မွေးနေ့မှာ အမှတ်တရအနေနဲ့ CCM မှာ Founder Birthday Gift Package လေးတစ်ခု လုပ်ပေးထားပါတယ်။ ရည်ရွယ်ချက်က ရိုးရိုးလေးပါ Web Dev field ထဲ တကယ်ဝင်ချင်ပြီး စိတ်အားထက်သန်ပေမဲ့ ငွေကြေးအခက်အခဲကြောင့် လက်လှမ်းမမီဖြစ်နေတဲ့ ကလေးတွေ ၊ မိဘတွေဘက်က ထောက်ပံ့မ်ို့ အခက်ခဲရှိတဲ့ ကလေးတွေ အတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးချင်လို့ပါ။ 📦 Package ထဲမှာ ဘာတွေပါလဲ ? ဘာတွေရမလဲ ? ၁။ CCM Learning Platform က course အားလုံး အခြေခံ HTML/CSS ကနေ လုပ်ငန်းခွင်ဝင်နိုင်တဲ့အထိ လိုအပ်တဲ့ Tech Stack course အကုန်လုံး ပါပါမယ်။ ပုံမှန် တန်ကြေး ၁၄ သိန်းကျော်ရှိပါတယ်။ ၂။ 1-on-1 Meeting Support လိုအပ်ရင် ဆရာနဲ့ သီးသန့် video call meeting request လုပ်နိုင်ပြီး၊ စာမေးချင်ရင် အချိန်မရွေးမေးနိုင်တဲ့ mentorship group ပါ ပါဝင်ပါတယ်။ ၃။ Lifetime Access & Learning Style ကျနော်တို့ပေးထားတဲ့ Roadmap အတိုင်း ကိုယ့်အရှိန်နဲ့ကိုယ် ဖြေးဖြေးလိုက်လုပ်လို့ရပါတယ်။ မရတာရှိရင် မေးမယ်၊ လိုအပ်ရင် 1 on 1 meeting request လုပ်မယ်။ ဒီလောက်ပါပဲ။ ကျတော် ဒီဟာတွေ အကုန်အတွက် ဈေးနှုန်း ကို ၃ သိန်းပဲ သတ်မှတ်ထားပါတယ်။ အမှန်အတိုင်းပြောရရင် ဒီပိုက်ဆံကို ကျနော် လိုချင်လို့မဟုတ်ပါဘူး။ Free လုပ်ချလိုက်ရင် လူအများကြီး ရောက်လာပြီး Value ပျောက်သွားမှာစိုးလို့ပါ။ ကျနော် အချိန် ၅ နှစ်လောက်ထိ ပေးပြီး အစ အဆုံး တည်ဆောက်ထားတဲ့ အရာမို့ တန်ဖိုးထားလို့ပါဗျ။ တကယ်လုပ်ချင်စိတ်ရှိတဲ့သူတွေကို စစ်ထုတ်ဖို့နဲ့ အဆင်မပြေသူတိုင်း လက်လှမ်းမီနိုင်တဲ့ ဈေးတစ်ခုဖြစ်ဖို့ အခုလိုချပေးထားတာဖြစ်ပါတယ်။ ဒီ Package လေးက ⏰ မနက်ဖြန်ညက နောက်ဆုံးညဖြစ်ပါတယ်။ နောက်တစ်ကြိမ် လုံးဝ လုံးဝ ထပ်မရှိတော့ပါဘူး။ ✅ တကယ်ဖြစ်ချင်စိတ်ရှိပြီး supporting မရတဲ့သူတွေအတွက်ပါ ❌ ပြန်ရောင်းစားဖို့ ရည်ရွယ်သူတွေ၊ ဝယ်ထားရုံသာဝယ်ပြီး မလေ့လာချင်တဲ့သူတွေအတွက်တော့ မဟုတ်ပါဘူး။ နောက်ဆုံး request တစ်ခုလုပ်ချင်တာလေးကတော့ ကိုယ်က ငွေကြေးအဆင်ပြေတယ်ဆိုရင် အဆင်မပြေတဲ့ ညီလေးညီမလေးတွေအတွက် နေရာချန်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေဗျ။ တကယ်လိုချင်၊ ဖြစ်ချင်စိတ်ရှိရင် တော့ လာခဲ့ပါ။ FB page messenger ဖြစ်ဖြစ် ကျနော်အကောင့်မှာဖြစ်ဖြစ် Birthday လို့ပို့ပေးပါ။ ငွေကြေးအခက်အခဲရှိလို့ အမှန်တကယ်လေ့လာချင်တဲ့သူဆိုရင်လည်း အားမနာဘဲ လာပြောကြည့်ပါ။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီစဉ်းစားပေးပါမယ်။အချိန်ပေးဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီအခွင့်အရေးလေးက တကယ်လိုအပ်တဲ့သူတစ်ယောက်ဆီ ရောက်သွားမယ်လို့ မျှော်လင့်ပါတယ်။ ❤️🙏
ခုနောက်ပိုင်း AI တွေက Promotion တွေ၊ Free Credit တွေ ရှယ်ကျွေးနေတာက… ဆေးမသုံးဖူးတဲ့ လူကို အစမှာ အလကားပေးပြီး နောက်ပိုင်း စွဲသွားအောင် လုပ်သလိုပဲ။ AI ကို မသုံးနဲ့လို့ ပြောတာ မဟုတ်ဘူး။ ဒါပေမယ့် “အလကားရလို့” သုံးနေရင်း ကိုယ်မသိလိုက်ဘဲ Usage limit က တက်လာနိုင်တယ်။ သတိထားရမယ့် အချက်ကတော့ ရိုးရှင်းပါတယ်။ ကိုယ့်ရဲ့ Normal Usage Limit ကို အချိန်မတိုင်ခင် စကုန်လာပြီဆိုရင် သတိထားဖို့ လိုပြီ။ အဲလို ပိုကုန်လာတာက AI က အလုပ်တွက် တကယ်ပိုလိုအပ်လာတာလား… ဒါမှမဟုတ် ကိုယ်က AI အပေါ် အလွန်မှီခိုလာတာလားဆိုတာ ပြန်စဉ်းစားကြည့်မို့လိုပါတယ်။ Free Credit က ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ Habit ကို တော့ မသိလိုက်ဘဲ မပြောင်းသွားစေမို့တော့ လိုတာပေါ့။