tgindex
Hana: Anime & Cartoons

Hana: Anime & Cartoons

Статистика

For Business Contact 👉 @heinoothwin

Последний пост
10 авг.
Последнее чтение
13 авг.
Постов за неделю
1
Всего постов
21
Тип
открытый
Язык
my
В каталоге с
12 авг.
Подписчики
32 850
−50 за 4 дн.
Сутки
−17
−0,05%
Неделя
 
Месяц
 
Просмотров на пост
1 520
21 постов
Вовлечённость
4,6%
к подписчикам
Постов в день
0,1
всего 21
Упоминаний
2
каналов
Охват размещения
оценка
1/24сутки в ленте
295
1/48двое суток
338
1/72трое суток
364

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • သုခဘုံ (၂၀၂၅) စစ်ပွဲဆိုတာကို အာရုံမရှိဘဲ အေးအေးဆေးဆေး ကာတွန်းဆရာဖြစ်ချင်တဲ့ တမရူ ဆိုတဲ့ ဂျပန်စစ်သားလေးရဲ့ ဘဝကို ဦးစားပေးဖော်ပြထားပါတယ်။ သိတဲ့အတိုင်း သူတို့တာဝန်ကျနေတဲ့အချိန်အတွင်း အမေရိကန်တပ်တွေက အင်အားအပြည့်နဲ့ ဝင်စီးပြီး သိမ်းပိုက်ဖို့ လာကြတဲ့အချိန်မှာတော့ တမရူ တို့ ဂျပန်တပ်တွေ ဘယ်လို ခုခံကာကွယ်ကြသလဲ၊ အနုပညာစိတ်ကူး ကွန့်မြူးတဲ့ တမရူ အတွက် ဒီလို အနိဌာရုံတွေကြားမှာ သူ့ပညာလေးနဲ့ ဘယ်လိုတွေ အသုံးချခဲ့နိုင်မလဲဆိုတာတွေကို မြင်တွေ့ရမှာပါ။ ရဲဘော်ရဲဘက်တွေနဲ့ စားစရာမရှိ၊ ငတ်ပြတ်ပြီး ဘယ်လိုမျိုး အသက်ရှင်ရုန်းကန်ခဲ့ကြသလဲ၊ ကိုယ့်အမိမြေမှာ မိသားစုတွေ ဘာတွေဖြစ်နေသလဲ မသိကြရဘဲ ဒီတောကြီးမျက်မည်း ကျွန်းပေါ်မှာ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ အမိမြေကို ကာကွယ်ဖို့ဆိုပြီး ကျန်ခဲ့ရတဲ့သူတွေရဲ့ ခံစားချက်နဲ့ အတွေ့အကြုံတွေကို ပုံစံတစ်မျိုးနဲ့ ခံစားရမှာပဲ ဖြစ်ပါတယ်။ စစ်ပွဲနောက်ခံ ရုပ်ရှင်လေးဆိုပေမဲ့ စစ်ဆိုတာ မကောင်းတဲ့အကြောင်းကို ဖော်ပြချင်ပြီး စစ်ပွဲရဲ့ အတုအယောင်ဂုဏ်ပုဒ်တွေနောက်ကွယ်က လူသားတွေရဲ့ ပူဆွေးသောကကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1 ဇာတ်ကားလင့် ➡️ t.me/c/2567751525/1521

  • လမ်းပြသူ (၂၀၂၅) ဂူဒို (ဆူဂွိုင် - သရဲကလေး) ဆိုတဲ့ ဝိဉာဉ်အစောင့်အရှောက်လေးက တမလွန်ကမ္ဘာမှာ သေဆုံးပြီးကာစ ဝိဉာဉ်တွေကို လမ်းပြခေါ်ဆောင်ပြီး နောက်ထပ်ပြန်လည်မွေးဖွားဖို့ လိုက်လံလမ်းပြစောင့်ရှောက်ပေးရတဲ့ သရဲလေးပါ။ အဲဒီမှာတင် သူ့ဆီကို ယူရီဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာပါတယ်။ သူ့ကို ပြန်ဝင်စားဖို့ ခေါ်သွားမယ်ဆိုတော့ ယူရီက သူ့မောင်လေးကို လိုက်ရှာချင်သေးတာမို့ နေဦးမယ်လို့ ပြောတဲ့အခါ ဂူဒိုကလည်း "ဒါဆိုရင် ငါလည်း လိုက်ရှာပေးမယ်" ဆိုပြီး နှစ်ယောက်သား တမလွန်ကမ္ဘာကြီးထဲမှာ အတူတူလိုက်လံရှာဖွေရင်း ဂူဒိုလေးတစ်ယောက်လည်း ချစ်စရာခင်စရာကောင်းတဲ့ ယူရီနဲ့ ရင်းနှီးလာကာ လူသားတွေရဲ့ ခံစားချက်တွေကို သိရှိလာပါတော့တယ်။ အဲဒီအချိန် လူ့လောကကြီးမှာလည်း ပန်းမြို့တော်မှာ ဘုရင့်သမီးလေးဖြစ်တဲ့ ဂိုရန်ဟာ ခမည်းတော်က စစ်ပွဲမှာ နတ်ရွာစံသွားတာကြောင့် ဝမ်းနည်းပူဆွေးနေရတဲ့အပြင် "ကျိန်စာသင့်မင်းသမီးလေး" ဆိုပြီး ပြည်သူတွေက ဝိုင်းဝန်းအကျဉ်ခံနေရတာကြောင့် နာကျင်စွာနဲ့ ခမည်းတော်ရဲ့ သေဆုံးမှုအဖြစ်မှန်ကို အင်မတန်သိချင်နေတဲ့အချိန် သရဲကလေးဂူဒိုက ရောက်ရှိလာပြီး သိချင်ရင် အတိတ်ကိုပြန်သွားပြီး ပြပေးမယ်ဆိုကာ ခေါ်ပြရာကနေ ဇာတ်လမ်းက ပိုမိုရှုပ်ထွေးလာပါတော့တယ်။ တမလွန်ကမ္ဘာမှာ ဂူဒိုနဲ့ ယူရီတို့ လိုက်ရှာဖွေနေကြတာက ဘာတွေဆက်ဖြစ်သွားမလဲ၊ ဒီဘက်လူလောကမှာ ဂူဒိုက ဘာလို့ မင်းသမီးလေးဂိုရန်ဆီကို ရောက်ရှိနေရတာလဲ စသဖြင့် ပြသထားပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ဇာတ်လမ်းရဲ့ အကြောင်းအရင်းတွေကို ရုပ်လုံးပေါ်အောင် ဖော်ပြသွားမယ့် အနီမဲ ရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ်။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️  t.me/+l6iAujfRr3YwOTQ9 ဇာတ်ကားလင့် ➡️ t.me/c/3723652775/213

  • 31 июл.1 8754

    တခြားကမ္ဘာရောက် နာဇီဂျပုမ အတွဲ ၂ အပိုင်းသစ် ၄ t.me/+o4swRp9MTL03NDg1

  • 23 июл.2 3242

    နဂါးစောင့်ရှောက်သူ (၂၀၂၄) ဇာတ်လမ်းကို တရုတ်နိုင်ငံ ဟန်မင်းဆက်ခေတ်မှာ အခြေတည်ထားပြီး အစေခံမလေးတစ်ယောက်ဖြစ်တဲ့ ပင် နဲ့ နဂါးကြီး လုံတန်စီ တို့ရဲ့ စွန့်စားခန်းခရီးစဉ်ကိုလိုက်ပါကြည့်ရှုရမှာပါ။ လူသားတွေနဲ့ နဂါးတွေဟာ ရှေးတုန်းက တစ်ခေတ်တစ်ခါမှာ အတူလက်တွဲစစ်တိုက်ခဲ့ကြဖူးပေမဲ့ အာဏာမက်မောတဲ့ လူသားတွေကြောင့် နဂါးတွေဟာ ဖမ်းဆီးချုပ်နှောင်သတ်ဖြတ်ခံရပြီး မျိုးတုန်းတော့မယ့်အရေးနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ ဒါပေမဲ့ ရဲရင့်တဲ့ ပင် ဆိုတဲ့ မိန်းမငယ်လေးကတော့ ရှားရှားပါးပါး နဂါးတွေကို ထိန်းချုပ်နိုင်သူ ပီပီ အခက်အခဲတွေကို ကျော်ဖြတ်ပြီး နောက်ဆုံး လက်ကျန် နဂါးဥလေးကို ကယ်တင်ပေးနိုင်မှာလားဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ t.me/cartoonmoviesmms/3649

  • 23 июл.2 0111

    MLBB X ဂျူဂျုဆု Event ဟာဆိုရင် Revamp ထားတဲ့ Version နဲ့အတူ August လထဲမှာ ပြန်လာမယ်လို့သိရပါတယ်။ Skin 1 ကောင်ယူမည့်သူတွေအနေနဲ့ အခုချိန်ကတည်းက Weekly Pass ကို ကြိုဝယ်ထားရင် Event လာချိန်မှာ အကုန်အကျနည်းနည်းနဲ့ ရနိုင်ပါတယ် 👍 Channel Link - t.me/mlbbupdatenew #Mobile_Legends #Mobilelegends #Mlbb

  • 23 июл.1 9492

    ကူညီတတ်သူလေး (၂၀၁၆) အတော်နာမည်ကြီးခဲ့တဲ့ဇတ်ကားတစ်ကားပါ။ ပရိတ်သတ်တွေအကြိုက်တွေ့မယ်လို့လည်းမျော်လင့်ပါတယ်။ ကတို ဆိုတဲ့သူတစ်ပါးကိုအမြဲကူညီတတ်တဲ့လူငယ်လေးတစ်ယောက်တစ်နေ့လူတစ်ယောက်ကိုကူညီရင်းသေဆုံးသွားတဲ့အခါမှာဘာဆက်ဖြစ်မလဲ။ ကိုယ့်ကိုကိုသေပြီလို့ထင်ထားတဲ့ ကတို တစ်ယောက်တကယ်တန်းမသေသေးပဲအခန်းလေးတစ်ခန်းကိုရောက်ရှိသွားတဲ့အခါမှာဘာဆက်ဖြစ်မလဲ။ အခန်းလေးထဲကလူတွေကကောဘယ်သူတွေလဲ။ မိမိမူလဘဝကိုပြန်ရောက်ဖို့ ဂန်းဇ် ဆိုတဲ့ကစားပွဲတစ်ပွဲကို ကတို ကစားရတဲ့အခါမှာဘယ်လိုစခန်းသွားမလဲ။ မိမိတို့ရဲ့ကစားပွဲဟာထင်သလိုမလွယ်ကူပဲလူ့ဘီလူးကြီးတွေနဲ့တိုက်ခိုက်ရတဲ့အခါမှာကော ကတို တို့အုပ်စုအလွယ်တကူတိုက်ခိုက်နိုင်မှာလား။ ကစားပွဲအပြင်ကိုပြန်ရောက်နိုင်ပါ့မလား။ ဒီဇတ်ကားကိုကြည့်ရင်း ဂျပန်တွေရဲ့ရုပ်ရှင်ပညာအရည်အသွေးကိုသိသိသာသာမြင်နိုင်ပါတယ်။ တိုကျိို လို အိုဆာကာ လိုနေရာမျိုးကိုတသွေမတိမ်းတူအောင်ဖန်တီးနိုင်တဲ့ကွန်ပြူတာပညာကိုတော့အတော်လေးစားမိပါတယ်။ လူနဲ့အတော်လေးလည်းတူအောင်ပြုလုပ်ထားတဲ့အတွက် ပရိတ်သတ်တွေအကြိုက်တွေ့ဦးမယ်လို့ကျွန်တော်ရဲရဲကြီးအာမခံပါတယ်။ ကျွန်တော်ပြောသလိုဟုတ်မဟုတ်ဆိုတာကတော့ဒေါင်းကြည့်ပြီးမှဆုံးဖြတ်ကြပါလို့ပြောကြားရင်းကြည့်လိုက်ကြပါဦး။ t.me/cartoonmoviesmms/3651

  • 23 июл.1 72712

    ကြောင်နက်ကလေး ယူဒေါ့ (၂၀၁၆) IMDB - 6.6/10 Genre - Adventure/ Family ဒီဇတ်ကားလေးမှာ ဇာတ်လိုက်ကျော်ကြီး ကတော့ ကြောင်ကလေး ယူဒေါ့ ပါပဲ။ ဂီဖုကနေ မတော်တဆ ကားမှားစီးရာက တိုကျိုကို ရောက်ရှိသွားတဲ့ ကြောင်ကလေး ယူဒေါ့ ရဲ့ စွန့်စားခန်းတွေကို တဝကြီး ကြည့်ရှုရမှာပါ။ ယူဒေါ့ လေး တိုကျိုမှာဘယ်လို နေထိုင်၊ စားသောက်မလဲ။ ကံကောင်းထောက်မစွာနဲ့ပဲ ယူဒေါ့ တစ်ယောက် ဖိုးရှုပ် ဆိုတဲ့ ကြောင်ကြီးနဲ့ တွေ့ခဲ့တယ်။ ကြောင်ကြီးရဲ့ အကူအညီနဲ့ မိမိရဲ့ အိမ်ကို ပြန်နိုင်ဖို့ ကြိုးစားတဲ့ ယူဒေါ့ လေးကို ပရိတ်သတ်တွေ သနားပြီး ချစ်ကြမှာ အသေအချာပါပဲ။ မိမိအိမ်ကို ပြန်နိုင်ဖို့ ဂျပန်စာ ကြိုးစားသင်ယူတဲ့ ယူဒေါ့ လေးရဲ့ စိတ်ဓါတ်ကလည်း လေးစားစရာပါ။ မိမိထက် အသက်ငယ်သူကို သနားကြင်နာစွာ စောင့်ရှောက်တဲ့ ဖိုးရှုပ် ရဲ့ စိတ်ဓါတ်ဟာလည်း အတုယူစရာပါ ယူဒေါ့ တစ်ယောက် မိမိရဲ့ နေရပ်ကို ပြန်ရောက်နိုင်မလား။ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာကတော့ ပရိတ်သတ်တွေ စောင့်ကြည့်ကြပါ။ t.me/cartoonmoviesmms/3653

  • ပိုကီမွန် - စုပေါင်းစွမ်းအား (၂၀၁၈) နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့ပွဲတော်တစ်ခုကတော့ ပိုကီမွန်ဖမ်းပွဲပါ။ အဲ့ဒီပွဲကိုနိုင်ငံတကာမှ ပိုကီမွန်ထရိန်နာ တွေကလာရောက်ပြီးယှဉ်ပြိုင်လေ့ရှိပါတယ်။ ဒီနှစ်မှာတော့ထိုပွဲကို အက်ရှ် နဲ့ ပီကာချူး အပြင်တစ်ခြားထရိန်နာအသစ်တွေလည်းလာရောက်ယှဉ်ပြိုင်ခဲ့သလိုအနှောက်အယှက်တွေလည်းတွေ့ရမှာဖြစ်ပါတယ်။ ထရိန်နာအသစ်လေး လီဆာ လည်းရောက်ရှိလာသလိုသူ့အကြောင်းနဲ့သူလာရောက်ယှဉ်ပြိုင်သူတွေကြား ပိုကီမွန်အသစ်တွေကိုလည်းထပ်မံတွေ့ရှိရမှာပါ။ t.me/cartoonmoviesmms/3655

  • 23 июл.1 6075

    မိခင်ပျောက် ရှာပုံတော် (၂၀၂၀) လူသားနဲ့ ဝံပုလွေကြားမှာတဲ့ တင်းမာတဲ့ ဆက်ဆံရေးတွေ၊ မိန်းကလေးငယ်ငယ်လေး နှစ်ယောက်ရဲ့ ခိုင်မာတဲ့ သံယောဇဉ်အကြောင်းလေးနဲ့ မိဘနဲ့ သားသမီးကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာတို့ကို တစ်ခန်းနဲ့တစ်ခန်း မရိုးသွားအောင် ရိုက်ပြထားတဲ့ကားလေးပဲ ဖြစ်ပါတယ်။ အေဒီနှောင်းပိုင်းကာလမှာ လူသားတွေကဝံပုလွေကို အရမ်းမုန်းတီးနေကြပါတယ်။ မိန်းကလေးဆိုရင် အိမ်မှုကိစ္စပဲ လုပ်ရမယ်ဆိုတဲ့ ခေတ်ကြီးမှာ ရောဘင် လို့ ခေါ်တဲ့ ကလေးမလေးက သူ့အဖေနဲ့အတူ ဝံပုလွေတွေကို လိုက်သတ်ချင်တယ်။ အဲ့ဒါနဲ့ တစ်နေ့မှာ အဖေ့နောက် ခိုးလိုက်ရင်း တောထဲမှာ သူနဲ့ အသက်သိပ်မကွာတဲ့ မေ့ ဆိုတဲ့ ဝံပုလွေစောင့်ရှောက်သူနဲ့ ခင်သွားတယ်။ တစ်တိုင်းပြည်လုံးက ဝံပုလွေတွေကို မုန်းတီးနေတာကြောင့်အန္တရာယ်ကင်းအောင် ထွက်သွားဖို့ မေ့ က ပြောပါတယ်။ အဲ့ဒီနောက် ရောဘင် လေးဟာ မမျှော်လင့်ဘဲ သိလိုက်ရတာက မေ့ ရဲ့အမေဟာ ပြန်မလာတော့ဘဲ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားပါတယ်။ မနေနိုင်လွန်းတဲ့ ရောဘင် ဟာ မေ့ ရဲ့အမေကို ပြန်ရှာပေးဖို့ ကတိပေးလိုက်တယ်။ အဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ။ ဇာတ်လမ်းကောင်းကောင်းနဲ့ စွန့်စားခန်းကားတွေကိုမှ သဘောကျတဲ့သူတွေအတွက် လက်မလွှတ်သင့်ပါကြောင်း။ t.me/cartoonmoviesmms/3660

  • 22 июл.1 65636

    တွမ် နှင့် ဂျယ်ရီ - ကားပြိုင်ပွဲ (၂၀၀၅) တွမ် နဲ့ ဂျယ်ရီ က အိမ်မှာ သခင်အိမ်မှာမရှိတဲ့အချိန် သောင်းကျန်းလိုက်တာကြောင့် အိမ်တစ်ခုလုံးပျက်ဆီးသွားပါတယ်။ အဲ့ဒါနဲ့ သခင်အိမ်ပြန်လာတော့ တစ်အိမ်လုံးပျက်ဆီးနေတာကို မြင်ရပြီး ဒေါသထွက်၊ အိမ်ကနေ ထုတ်လိုက်ပါတော့တယ်။ အဲ့လို အိမ်ခြေမဲ့ဖြစ်နေတဲ့အချိန်မှာ ရုပ်သံမှာ ကြေငြာတဲ့ ကားပြိုင်ပွဲကိုတွေ့သွားပါတယ်။ ကားပြိုင်ပွဲမှာ အနိုင်ရရင် ရရှိမယ့် ဆုက အိမ်ဆိုတော့ သူတို့အိမ်ခြေမဲ့ဘဝကလွတ်အောင် တွမ် နဲ့ ဂျယ်ရီ က ကားပြိုင်ပွဲမှာ ဝင်ပြိုင်ကြပါတော့တယ်။ အဲ့တော့ ဇာတ်လမ်းထဲမှာ တွမ် နဲ့ ဂျယ်ရီ က ပြိုင်ပွဲမှာ အနိုင်ရပြီး အိမ်ခြေမဲ့ဘဝကလွတ်သွားမလားဆိုတာကို ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြပါတော့ဗျာ။ t.me/cartoonmoviesmms/3638

  • 22 июл.1 5281

    နတ်ဘုရားနှင့် မကောင်းဆိုးဝါးများ (၂၀၁၅) ဒီစကြာဝဠာမှာ စူပါမန်း က ဂျောအဲလ် နဲ့ လာရာ တို့ရဲ့သားမဟုတ်ဘဲ ဂျနရယ်ဇော့ဒ် က အဖေဖြစ်နေပါတယ်။ ဘတ်မန် ဟာလည်း လမ်းကြားထဲမှာ အသတ်ခံလိုက်ရတဲ့ မိဘနှစ်ပါးရဲ့သားမဟုတ်ဘဲ သွေးစုပ်ဖုတ်ကောင်ဆရာဝန်ဖြစ်နေသလို ဝေါင်ဒါဝူမန် ဟာလည်း အမေဇုန်ကျွန်းပေါ်က စစ်သည်တစ်ယောက်မဟုတ်ဘဲ မုဆိုးမဘုရင်မတစ်ယောက်ဖြစ်နေပါတယ်။ လက်စ်လူသာ ကလည်း ဂျတ်စစ်လီးဂ် ကို အမြဲဒုက္ခပေးဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်မဟုတ်တာကြောင့် တစ်ယောက်ချင်းစီမှာ မတူညီတဲ့စရိုက်နဲ့ နောက်ခံဇာတ်လမ်းတွေရှိနေပါတယ်။ စူပါမန်, ဘတ်မန် နဲ့ ဝေါင်ဒါဝူမန် ဟာ လက်စ်လူသာ နဲ့ ပြည်သူတွေဆန်ဒပြနေတဲ့ကြားက ဂျတ်စစ်လီးဂ် ကို ဖွဲ့လိုက်ကြပြီး စစ်ဆင်ရေးလုပ်တဲ့အခါမှာ တရားဥပဒေဘောင်ကို ကျော်ပြီး လူဆိုးတွေကို သတ်ပစ်ကြတတ်ပေမဲ့ သူတို့တွေက ပြည်သူတွေကို မသတ်ကြတာကြောင့် အမေရိကန်အစိုးရက သတင်းဖုံးပေးခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းကို သဘောမကျလို့ ဆန္ဒပြတာတွေများလာသလို ပိုဆိုးချင်တော့ အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ အတော်ဆုံး သိပ္ပံပညာရှင်တွေကို သတ်တာကို ဂျတ်စစ်လီးဂ် က လုပ်တယ်ဆိုပြီး ချောက်ချခံရပါတယ်။ အညွှန်းဖတ်ရန် နှိပ်ပါ ဇာတ်ကားလင့် ➡️ t.me/cartoonmoviesmms/3640

  • 22 июл.1 4943

    မိုမိုသို့ပေးစာ (၂၀၁၁) Tomatoes 80% ရရှိထားတဲ့ ဇာတ်ကားလေးကတော့ မိုမို ဆိုတဲ့ ၁၁ နှစ်အရွယ်ကောင်မလေးဟာ အဖေဆုံးပြီးနောက် တိုကျိုမှာရှိတဲ့ အိမ်ကို ရောင်းချပြီး သူ့အမေရဲ့ မွေးရပ်ဇာတိကို ပြောင်းရွှေ့လာခဲ့တယ်။ သူ့အဖေမဆုံးခင် ရေးထားခဲ့တဲ့ အစမရှိအဆုံးမရှိစာလေးတစ်စောင်ကတဆင့် ထူးဆန်းတဲ့ ပရလောကသားတွေနဲ့ တွေ့ဆုံမှုအကြောင်းကို ဇာတ်လမ်းဆင်ထားပါတယ်။ အညွှန်းထက်စာရင်ဇာတ်လမ်းကို ကိုယ်တိုင် ကြည့်မှ အရသာရှိမယ့် ဇာတ်ကားမို့ ဘာမှ အများကြီး မညွှန်းတော့ပါဘူး။ သေချာတာကတော့ “မိုမိုသို့ပေးစာ” လို့ အမည်ရတဲ့ Rating မြင့် ဒီဂျပန် ကာတွန်းကားလေးဟာ ကြာမြင့်ချိန် ၂ နာရီအတွင်းမှာ ကြည့်ရှုသူတွေကို ခံစားချက်အမျိုးမျိုး ပေးစွမ်းနိုင်မှာပါ။ t.me/cartoonmoviesmms/3642

  • 22 июл.1 4641

    ဂေါ်ဇီလာ - မွန်းစတားဂြိုလ် (၂၀၁၇) လူသားတွေရဲ့ ကမ္ဘာကို သူ ယူဆောင်သွားခဲ့တယ်။ လာပြီး ကူညီတဲ့သူတွေကိုလည်း သူ ဖျက်ဆီးပစ်ခဲ့တယ်။ အခုတော့ လူသားတွေဟာ ကမ္ဘာဂြိုလ်ကို စွန့်ခွာပြီး တော့အီ ဆိုတဲ့ ဂြိုလ်ဆီထွက်လာခဲ့တာ နှစ်ပေါင်း ၂၂ နှစ်ကြာခဲ့ပြီ။ ၂၂ နှစ်တာကာလအတွင်း အေးခဲမှောင်မိုက်တဲ့ အာကာသထဲမှာ တဝဲလည်လည်ဖြစ်လို့။ ဒါပေမဲ့ ပြန်ပြီး အရောင်သန်းလာတဲ့ မျှော်လင့်ချက် ရောင်ခြည်လေးတစ်မျှင်ကြောင့် ကမ္ဘာဂြိုလ်ကို ပြန်လာခဲ့တယ်။ ဒါပေမဲ့ အာကာသနဲ့ ကမ္ဘာရဲ့ အချိန်ကွာဟချက်ကြောင့် လူတွေအနေနဲ့ ကမ္ဘာကို စွန့်ခွာလာတာ ၂၂ ပဲရှိသေးပေမဲ့ ပြန်လာချိန်မှာ ကမ္ဘာကြီးဟာ နှစ်ပေါင်းနှစ်သောင်းကျော် ကြာနေခဲ့ပြီ။ သူ ရှိနေတုန်းပဲ၊ သူ ရှင်သန်နေတုန်းပဲ၊ သူ အုပ်စိုးနေတုန်းပါပဲ။ ဒါဟာ လူသားတွေရဲ့ နောက်ဆုံး အန္တိမပန်းတိုင်းမတိုက်မဖြစ် တိုက်ရတော့မယ့်တိုက်ပွဲဖြစ်ခဲ့ပြီ။ အမိကမ္ဘာမြေကို ပြန်ယူဆောင်ရတော့မယ်လေ။ နောက်ဆုံးတော့ ဘုရင်က ဘုရင်ပါပဲ။ t.me/cartoonmoviesmms/3642

  • 22 июл.1 45113

    ပုရွက်ဆိတ်နှင့် နှံကောင် (၂၀၂၃) နှံကောင်လေးတွေနဲ့ ပုရွက်ဆိတ်လေးတွေရဲ့ အကြောင်းကို ရိုက်ထားတဲ့ ၂၀၂၃ ခုနှစ် ထွက် Animation ကားအသစ်လေးဖြစ်ပါတယ်။ ငယ်ငယ်က ကြားဖူးတဲ့ အီဆွတ်ပုံပြင်မှာလိုပဲ ပုရွက်ဆိတ်လေးတွေက တကုပ်ကုပ်နဲ့ ဆောင်းရာသီအတွက် အစာတွေကို ကြိုးကြိုးစားစား စုဆောင်းနေချိန်မှာ နှံကောင်လေးကတော့ ပေါ့ပေါ့ပါးပါး အေးအေးလူလူ နေခဲ့တဲ့ ဇာတ်လမ်းလိုပါပဲ။ ကာတွန်းဇာတ်လမ်းထဲမှာ ခက် ဆိုတဲ့ ဂီတာတီးတဲ့ နှံကောင်လေးက လွတ်လပ်ပျော်ရွှင်စွာ နေတတ်တဲ့နှံကောင်လေးတွေကို ဖျော်ဖြေတဲ့ တီးဝိုင်းခေါင်းဆောင်ပါ။ သူတို့အနီးအနားမှာတော့ အန်တိုနက် လို့ ခေါ်တဲ့ ပုရွက်ဆိတ်မင်းသမီးလေးရှိပါတယ်။ ပုရွက်ဆိတ်ကမ္ဘာမှာ အပျော်ဆိုတာ မရှိဘဲနဲ့ အလုပ်နဲ့ စည်းမျဉ်းတွေပဲ ရှိပြီး ဂီတကိုလည်း တင်းကြပ်စွာ တားမြစ်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ မတော်တဆ တွေ့ဆုံကြရင်းကနေ ခင်မင်ရင်းနှီးလာကြပြီး ပုရွက်ဆိတ်မလေးက နှံကောင်လေးကို ဆောင်းရာသီအကြောင်း သတိပေးဖို့ ကြိုးစားပေမဲ့လည်း အရာမရောက်ခဲ့ပါဘူး။ ဘယ်နှံကောင်ကမှ ဆောင်းရာသီအထိ အသက်ရှင်ပြီး ကျော်ဖြတ်နိုင်တာ မရှိခဲ့လို့ပါ။ ပုရွက်ဆိတ်မလေးနဲ့ နှံကောင်လေးက မတူညီတဲ့အချက်တွေ ရှိပေမဲ့လည်း ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ t.me/cartoonmoviesmms/3646

  • 21 июл.1 57936

    စုန်းမလေး ကီကီ (၁၉၈၉) ၁၃ နှစ် ပြည့်တဲ့ စုန်းလေးတွေဟာ အိမ်က ထွက်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရတဲ့ စုန်းတို့ရဲ့ ရိုးရာအတိုင်း၊ ၁၃ နှစ်အရွယ် စုန်းမလေး ခီခီ ဟာ တိမ်ကင်းစင်တဲ့ လပြည့်ညတစ်ညမှာ သူ့ရဲ့ ကြောင်နက်လေး ဂျီဂျီ ရယ်၊ အဖေ့ရေဒီယိုလေးရယ်နဲ့အတူ တံမြက်စည်းပျံစီးပြီး အိမ်က ထွက်လာခဲ့ပါသည်။ ဒီလိုနဲ့ နာရီစင်ကြီးရှိတဲ့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ အခြေချဖို့ ဖြစ်လာတဲ့အခါ၊ စုန်းမလေး ခီခီ ဟာ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ရပါသည်။ တဖြည်းဖြည်းနဲ့ ခီခီ ရဲ့ တစ်ပါးသူအပေါ် ကူညီပေးမှုတွေ၊ သနားကြင်နာတတ်မှုတွေကြောင့်လူချစ်လူခင်ပေါလာပြီး သူ့ကိုယ်ပိုင် ပစ္စည်းပို့လုပ်ငန်းလေးကိုလည်း တစ်နိုင်တစ်ပိုင် ထူထောင်လာနိုင်ပါသည်။ ဒီဇာတ်လမ်းမှာ ခီခီ ရဲ့ ကိုယ်ပိုင်အလုပ်သစ်လေးမှာ အလုပ်အပ်သူတစ်ယောက် ပေါ်လာရင် စိတ်လှုပ်ရှားနေတတ်ပုံတွေ၊သူငယ်ချင်း ကြောင်နက်လေး ဂျီဂျီ သည် သူငယ်ချင်းအသစ် ရသွားတဲ့အခါ စိတ်ပျက်ဝမ်းနည်းပုံလေးတွေ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရတဲ့အခါအတက်အကျ အားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရပုံလေးတွေ၊ ကိုရိုကို ဆိုတဲ့ပင်လယ်ဆိပ်ကမ်းမြို့လေးရဲ့ သဘာဝအလှအပလေးတွေကိုလည်း တွေ့မြင်ရမည်ဖြစ်ပါသည်။ t.me/cartoonmoviesmms/3633

  • 21 июл.1 4604

    ဘဝရဲ့ အဓိပ္ပါယ် (၂၀၂၀) ဂျိုးဂါဒင်နာ ဆိုတဲ့ အလယ်တန်း ပြဂီတဆရာတစ်ယောက်မှာ ဂျပ်ဇ်ဂီတကိုစင်မြင့်ပေါ်မှာ ဖျော်ဖြေချင်တဲ့ အိမ်မက် ဟိုးငယ်ငယ်ကလေးကတည်းကရှိခဲ့ပါတယ်။ ဟာဖ်နိုတ်ကလပ် မှာ တစ်ခြား ဂျပ်ဇ်ပညာရှင်တွေကို အံ့သြသွားလောက်အောင် သူ့အရည်အချင်းကို ပြသနိုင်ပြီးတဲ့နောက်မှာ သူ့အိမ်မက်အတွက်ရောင်ခြည်လေးသန်းလာပါတော့တယ်။ အဲ့ဒီလိုအချိန်ကျမှ ရုတ်တရက်မတော်တဆမှုတစ်ခုနဲ့ သူ့ဝိဉာဉ်ဟာ ခန္ဓာကိုယ်ကနေ ဖယ်ခွာပြီးနောက်ဘဝကို ပြောင်းဖို့ လောကထဲ ရောက်ရှိသွားတဲ့အခါ တစ်သက်လုံး မက်လာတဲ့ အိမ်မက်တွေ ဆက်မက်ဖို့ မျှော်လင့်ချက်လေးကို ပျပျမြင်ရပြီ ဖြစ်တဲ့ ဂျိုး အတွက်နောက်ဘဝကို ပြောင်းဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ အဲ့ဒီဘုံကနေ လွတ်မြောက်ဖို့ သူအစွမ်းကုန် ကြိုးစားပါတော့တယ်။ မဖြစ်မနေ ဆိုသလိုပဲ သူ့အနေနဲ့ ကမ္ဘာပေါ်ကို မစေလွှတ်ခင် ဝိဉာဉ်တွေကို ပင်ကိုယွစရိုက် ဓလေ့တွေ၊ ဉာဏ်တွေကိုလေ့ကျင့်ပေးရတဲ့ နေရာတစ်ခုမှာ တွဲဘက် ကျလာတဲ့ ဝိဉာဉ်လေးတစ်ကောင်ကို လေ့ကျင့်ပေးရဖို့ ဖြစ်လာပါတယ်။ အဲ့ဒီ ဝိဉာဉ်လေးက လက်ပေါက်အကပ်ဆုံးကမ္ဘာပေါ်ကို ပြန်မသွားချင်တဲ့ ဝိဉာဉ်လေး ဖြစ်နေပါတယ်။ တကယ့်ကို သဘာဝကျကျနဲ့ ရယ်လဲရယ်ရမှာပါ။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1 ဇာတ်ကားလင့် ➡️ t.me/c/2567751525/513

  • 21 июл.1 4845

    အထူးတပ်ဖွဲ့ (၂၀၂၁) ဒီတစ်ခေါက်မှာတော့ စီးလ်တီးမ် ဆိုတဲ့ ကာတွန်းကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းအညွှန်းကတော့ ဟမ်အက်ဖ် လို့ ခေါ်တဲ့ ပယ်လယ်ဖျံအဖွဲက ချိန်ကိုက်ဗုံးကို ကြိုးမှာ ဖြတ်ရာကနေ အဖွဲကို ဖြိုခွဲခံခဲ့ရပါတယ်။ တစ်ဖက်မှာလည်း ကွင် နဲ့ ဘန်ဂျီ က သူငယ်ချင်းကောင်းတွေပါ။ ခရင်းကောင်တွေပဲ စားရတာ ငြီးငွေ့နေတဲ့ သူတို့ဖို့ သင်္ဘောပျက်တွေထဲ အစာထွက်ရှာရင်း ဘန်ဂျီ တစ်ကောင် ငါးမန်းစာဖြစ်သွားတဲ့ အခါမှာတော့ ကွင် တစ်ကောင် ဒေါသထွက်နာကျည်းပြီး လက်စား ပြန်ချေဖို့ ပြိုကွဲသွားတဲ့ အဖွဲ ဟမ်အက်ဖ် နဲ့ သွားပူးပေါင်းခဲ့ပါတယ်။ ကိုယ်ပိုင် အဖွဲရှာဖွဲ လေ့ကျင့်မှုတွေ လုပ်ပြီးတဲ့ ကွင် တိုအဖွဲက ငါးမန်းတွေကို လက်စား ပြန်ချေနိုင်မှာလား၊ ငါးမန်းတွေကလည်း အင်အား စုပြီး အုပ်စုကြီး ဖြစ်လာတဲ့အခါ ကွင် တိုအဖွဲလေး ဘာတွေဆက်လုပ်ပြီး အနိုင်ယူကြမလဲ ဆိုတာ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ဟာသ ကာတွန်းကားလေး တစ်ကား ဖြစ်တာမို့ လက်မလွှတ်တမ်း ကြည့်ရှုရအောင်။ t.me/cartoonmoviesmms/3635

  • 21 июл.1 4964

    နောက်ကွယ်က ခြယ်လှယ်မဲ့ SS-Rank မင်းသား (၂၀၂၆) အပိုင်းသစ် ၃ t.me/animeseriesmyanmar/4209

  • တခြားကမ္ဘာမှာ စခန်းချခရီးထွက်မဲ့ သူတော်စင်မလေး (၂၀၂၆) အပိုင်းသစ် ၃ t.me/animeseriesmyanmar/4208

  • 20 июл.1 51614

    ‌ဇူတိုပီးယား (၂၀၁၆) ရှေးတုန်းက ကမ္ဘာပေါ်မှာ သားရဲ နဲ့ သားကောင် ဆိုပြီး နှစ်မျိုးရှိခဲ့ပြီး အမြဲတမ်းကြီးနိုင်ငယ်ငြှင်းဖြစ်နေလို့ ဘယ်သူမှ စိတ်မချမ်းသာခဲ့ကြပေ။ ဒါပေမဲ့ တစ်ခါမှာတော့ သားရဲ နဲ့ သားကောင် နှစ်မျိုးလုံး ပူးပေါင်းပြီး ချစ်ချစ်ခင်ခင်နေလာကြပြီး ဇူတိုပီးယား ဆိုတဲ့ မြို့ကြီးကို ထူထောင်နိုင်ခဲ့သည်။ အားလုံးက ချစ်ချစ်ခင်ခင်ဖြစ်ပြီး အေးချမ်းနေခဲ့သော်လည်း တောမြို့လေးမှာနေတဲ့ ယုန်မလေး ဂျူဒီ က ကမ္ဘာကြီးကို ပိုကောင်းအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူတိုင်းဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ ဇူတိုပီးယား မှာ ပထမဆုံး ယုန်ရဲမေဖြစ်လာခဲ့သည်။ ဒါပေမဲ့ “Anyone can be anything” ဆိုတဲ့ စိတ်ကူးဟာ လက်တွေ့မှာ မလွယ်ကူပါဘူး။ အဲဒီအချိန်မှာ သားရဲ၁၄ ကောင် ပျောက်နေတဲ့ အမှုကိုလိုက်ဖို့ ဖြစ်လာသည့်အခါ ဂျူဒီ က သူလုံးဝမယုံကြည်တဲ့ အမျိုး မြေခွေး တစ်ကောင်ကို အကူအညီတောင်းပြီး ပျောက်နေတဲ့ သားရဲတွေကို လိုက်ရှာခဲ့သည်။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1 ဇာတ်ကားလင့် ➡️ t.me/c/2567751525/511

Hana: Anime & Cartoons — tgindex