ဓမ္မဗျူဟာ-အဘိဓမ္မာ(ရိုးရိုး)ပဆင့်
Статистикаဆရာမကြီး ဓမ္မဗျူဟာဒေါ်ခင်လှတင် ၏ အဘိဓမ္မာ(ရိုးရိုး)ပထမဆင့် သင်တန်းများ
- Последний пост
- 7 июл. 2022 г.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
#post တင်သူ-ဆွေဆွေကြိုင် ဓမ္မမိတ်ဆွေများ🌿 🍃 ဝါဆိုလပြည့်၊ စနေနေ့မှာ၊ မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ပြီး၊ ပဥ္စဝဂ္ဂီငါးဦး စကြာဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့ကို ဓမ္မစကြာတရားတော် (ဓမ္မစက္ကပဝတ္တနသုတ္တတန်) ကိုဟောကြားတော်မူသည်။ 🍂 ဓမ္မစကြာတရားတော်၏အနှစ်ချုပ်မှာ အကျင့်သုံးပါး၊ သစ္စာလေးပါး၊ ဉာဏ်တော် တစ်ဆယ့်နှစ်ပါး၊ ဘုရားအဖြစ် ဝန်ခံတော်မူခြင်းများဖြစ်ပါသည်။ အနှစ်သာရ ပြည့်စုံသော ဓမ္မစကြာကို ဘုရားရှင်တော်မြတ်တိုင်း တရားဦးအဖြစ် ဟောတော်မူခဲ့ပါသည်။ 🌷🙏🌷🙏🌷🙏 🍀 ဓမ္မဗျူဟာသင်တန်းကျောင်းတွင် သာသနာ့သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးကို မပျောက်စေလိုသဖြင့် နှစ်စဉ်နီးပါး ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ကို ကျင်းပခဲ့ကြပါသည်။ ဝါဆိုလဆန်း ၁၄ ရက်နေ့မှာလည်း သစ္စာလေးဖြာ သာသနာကြိုဆိုပွဲအဖြစ် ပူဇော်လာခဲ့ကြပါသည်။ 🌸 ယခုနှစ် ဝါဆိုလဆန်း ၁၄ ရက်နေ့မှာ ဓမ္မမိတ်ဆွေများမိမိတို့နေအိမ်တွင် ဘုရားကျောင်းဆောင်သန့်စင်ခြင်း၊ ရေသပ္ပာယ်ခြင်း တို့ကိုပြုလုပ်ပြီး နေဝင်လထွက်အချိန်မှာ မနက်ဖြန် ဝါဆိုလပြည့်နေ့ မှာ မြတ်စွာဘုရား သစ္စာလေးဖြာ ဓမ္မစကြာတရား ဟောတော်မူမှာပါလား။ ငါသည်လည်း ထို သစ္စာလေးဖြာသာသနာကို ရိုသေစွာကြိုဆိုဆည်းကပ်ပါမည်။ ဟုအာရုံပြုပြီး “ဖယောင်းတိုင်လေးတိုင်” ထွန်းညှိပူဇော်ကြရန်ဖြစ်ပါသည်။ 🌷မီးပူဇော်ချိန်မှာ သစ္စာလေးပါးသဘောတရားကို နှလုံးသွင်းပြီး 🙏ကမ္ဘာသူ ကမ္ဘာသားများ ဘေးရန်ကင်းကြပါစေ။ စိုးရိမ်ကင်းကြပါစေ။ တောင့်တကြောင့်ကြမှုကင်းကြပါစေ။ 🙏တစ်ဦးနှင့်တစ်ဦး အာဃာတတွေ ပပျောက်ကြပါစေ၊ တစ်ဦးနှင့်တစ်ဦး ချုပ်ချယ်ခြင်းကင်းကြပါစေ။ လို့လေးလေးနက်နက်မေတ္တာပို့ပေးကြပါ။ 🙏ဤသစ္စာလေးပါးအမှန်တရားသည် မိမိနှင့်တကွ နိုင်ငံတစ်ဝန်းလုံး၊ ကမ္ဘာတစ်ဝှမ်းလုံး ထွန်းလင်းတောက်ပပြီး နိုင်ငံသူနိုင်ငံသား ကမ္ဘာသူကမ္ဘာသားတို့သည် အမှန်တရား၏ အလင်းရောင်အောက်တွင် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။ 🙏 မိမိတို့ အားထုတ်အပ်သော သီလ၊ သမာဓိ၊ ပညာ သုံးရပ် အကျင့်မြတ်သည် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းဟုယုံကြည်ပါသည်။ ဤမှန်သောသစ္စာစကားကြောင့် ကျရောက်ဆဲ၊ ကျရောက်လတ္တံ့ဖြစ်သော ရန်အမျိုးမျိုး၊ ကပ်အမျိုးမျိုး၊ ဘေးဆိုးဘေးကြမ်းကြီးများမှ မိမိတို့အားလုံးကင်းလွတ်ငြိမ်းကြပါစေ။ 🙏အချင်းချင်း ချစ်ခင်စွာ မေတ္တာ ကရုဏာများနှင့် ယှဉ်တွဲနေနိုင်ကြပါစေသတည်း။ ဟုသစ္စာဓိဋ္ဌာန် ပြုတော်မူပေးကြပါ။ 🙏🌷🙏🌷🙏🌷 “ဓမ္မစက္ကပဝတ္တနသုတ္တန်” သင်တန်းမှတ်စု၊ ဖယောင်းတိုင်လေးတိုင် နှင့် သင်တန်းရုပ်သံဖိုင် SD card များက်ိုလည်း 🔹၉-၇-၂၀၂၂ (စနေနေ့) မှစပြီး 🔹လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မဗျူဟာကျောင်းဆိုင်တွင်ရောင်းချပေးသွားပါမည်။ (နယ်မှ ဓမ္မမိတ်ဆွေများ မှာယူလိုပါက စောစီးစွာ order စတင်နိုင်ပါပြီ) မေတ္တာဖြင့် Dhammadownload family💞
ဒုတိယဆင့် သင်တန်းစနေပါပြီ၊ ဒီ channel ထဲက ဓမ္မမိတ်ဆွေများ နောက် channel တစ်ခု ပြောင်း join ပေးရပါမယ်။ ဒီ channel ကို ပထမအဆင့်အနေနဲ့ပဲဆက်လက်ထားရှိပါမယ်၊ အဘိဓမ္မာစတင်လေ့လာလိုတဲ့ ဓမ္မမိတ်ဆွေများကို ဒီ channel ပြောပေးကြပါ။
လာမဲ့ သောကြာနေ့ကစပြီး အဘိဓမ္မာ(ရိုးရိုး) ဒုတိယဆင့် သင်တန်းများစတင်ပါမယ်၊ မjoin ရသေးသူများ join ထားကြပါ။
ဒုဆင့် သင်တန်းများအတွက် ဒီ Channel ကို join ကြပါရန်။
https://t.me/dhammabyuharABDML2
အားလုံးမျှော်နေတဲ့ အဘိဓမ္မာ(ရိုးရိုး) ဒုတိယဆင့် ကို 1st July နေ့မှစပြီး နောက် channel တစ်ခုကနေ စတင်ပေးပါမယ်။ ပထမဆင့်တုန်းကလိုပဲ တနင်္လာ၊ ဗုဒ္ဓဟူး သောကြာနေ့ များမှာ မနက် ၉:၀၀နာရီမှာ ကြိုးစားတင်ပေးပါမယ်၊ ဓမ္မမိတ်ဆွေတစ်ဦးမှ ကူညီပေးလို့ အဆင်ပြေသွားတာပါ၊ ဒုတိယဆင့်ကို channel တစ်ခြထပ်ဖွင့်ပါမယ်၊ ဖွင့်ပြီးရင် ဒီ group မှာ ပြောပေးပါမယ်၊
без подписи
မီးမမှန်လို့ on line မှ ဓမ္မစာပေများပုံမှန်မသင်ရတဲ့ ဓမ္မမိတ်ဆွေများအတွက်ပါ။ https://www.facebook.com/111820990351469/posts/pfbid02VTnWK81vbzNfVcHpU7nxxUHVyF7V1Ru2t4vR5hmwt8vPKhv1hFAwt8L994AwwPenl/?d=n
ကိုယ်တိုင်မသွားဝယ်နိုင်လျင်ဖုန်းဆက်ပြီးမှာယူနိုင်ကြပါတယ်။ နယ်များကိုလည်း delivery ပို့ဆောင်ပေးပါတယ်။
без подписи
စာအုပ်စျေးများကို စာနှိပ်ခနှင့်စာရွက်ဖိုးကာမိရုံသာသတ်မှတ်ထားတာ ဆရာမကြီးရဲ့စေတနာပါ။
без подписи
အဘိဓမ္မာ ရိုးရိုး (ပထမဆင့်) က သင်္ဂြိုဟ်၃ ပိုင်း စိတ်၊ စေတသိက်၊ ပကိဏ်းပိုင်း သင်ခန်းစာများအားလုံး သင်ကြားပြီးပြီဖြစ်ပြီး အစမ်းစစ်စာမေးပွဲများလည်း ဖြေဆိုပြီးကြပါပြီ၊ အခုအခါ မေးခွန်းဟောင်းများစတင်လေ့လာထားကြဖို့လိုအပ်ပါတယ်၊ ဒါမှ မေးခွန်းပုံစံ ရင်နှီးမှာဖြစ်ပါတယ်၊ မေးခွန်းဟောင်းများနှင့်အဖြေများစုဆည်းထားတဲ့ စာအုပ်များကို ဓမ္မဗျူဟာ လူပုဂ္ဂိုလ်များအတွက် ဓမ္မစာပေသင်တန်းကျောင်း မှာရောင်းပေးနေပါတယ်။
အဘိဓမ္မာ(ရိုးရိုး) ပထမဆင့် အစမ်းစစ်စာမေးပွဲ စံပြအဖြေလွှာ - စာမျက်နှာ-၃
အဘိဓမ္မာ(ရိုးရိုး) ပထမဆင့် အစမ်းစစ်စာမေးပွဲ စံပြအဖြေလွှာ - စာမျက်နှာ-၂
အဘိဓမ္မာ(ရိုးရိုး) ပထမဆင့် အစမ်းစစ်စာမေးပွဲ စံပြအဖြေလွှာ - စာမျက်နှာ-၁
အဘိဓမ္မာ(ရိုးရိုး) ပထမဆင့် အစမ်းစစ်စာမေးပွဲမေးခွန်း၊ ခွင့်ပြုချိန် ၄ နာရီ၊ တစ်ပုဒ် ၁၀မှတ်စီ ဓမ္မမိတ်ဆွေများကြိုးစားဖြေကြည့်ကြပါ။
без подписи
သင်တန်းဖိုင်များကို လာရောက်ဝယ်ယူနိုင်ပါသည်။