Donato Design Studio
СтатистикаDonato is a creative agency and graphic design institute as well. We provide services with strong support for your branding and graphic design needs.
- Последний пост
- 29 июл. 2024 г.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 12
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
без подписи
ဒီလိုတွေ ပြောနေပြီဆိုရင်တော့ သင်က Creative Agency ကဆိုတာ သေချာပါပြီ။ “ဒီနေ့ Pitch Deck အပြီးပြင်တာ ခေါင်းကိုမူးနောက်သွားတာပဲ။” “June Content Calendar ကို Client Sign off လိုက်ပြီနော်။ Visual တွေစလို့ရပြီ။” “Copywriter ဆီက Headline လေး တောင်းပေးပါဦး။” ဒီနေ့မှာတော့ Advertising Creative Agency နဲ့ သိပ်မရင်းနှီးတဲ့သူတွေအတွက် Agency မှာသုံးတဲ့ Terms အချို့ကို ပြောပြပေးပါမယ်။ Deck: Deck ဆိုတာကတော့ Presentation တွေကို ခေါ်တာပါ။ Deck ပေါင်းစုံရှိနိုင်ပြီး Account ပိုင်းမှာလုပ်တဲ့သူတွေဆိုရင်တော့ တစ်နေ့ တစ်နေ့ မဆုံးနိုင်တဲ့ Deck တွေကို ပြင်နေရမှာ သေချာပါတယ်။ Brief Deck, Pitch Deck, Report Deck, Content Calendar Dect, etc. Spec Sheet: Design တွေ လုပ်တဲ့အခါ ဆိုဒ်ချိုးဖို့အတွက် ပြင်ဆင်ရမဲ့ Size တွေကို အသေးစိတ်ထည့်ထားတဲ့ Excel or Google Sheet ပါ။ Digital Ad ဆိုရင်လဲ Ad ပေါင်းစုံရဲ့ ဆိုဒ်ပေါင်းစုံအပြင် Billboard, Banner, Shelf–talker, etc Printing အတွက် လိုအပ်တဲ့ ဆိုဒ်ပေါင်းစုံကိုလဲ ဒီ Sheet ထဲမှာ ထည့်ပြီး Creative တွေ၊ Production တွေနဲ့ Share လေ့ရှိပါတယ်။ Tagline or Headline: ဒါကတော့ Social Media Conent တွေအလုပ်များလာတဲ့အတွက် သိပ်မစိမ်းလောက်ဘူး ထင်ပါတယ်။ ကြော်ငြာတွေရဲ့ ပုံမှာထည့်မဲ့ စာကိုပြောတာပါ။ Copy: ကော်ပီဆိုတာ ကြော်ငြာစာပါ။ Visual: ဒါကတော့ ပုံ ပါ။ Dynamic အလှုပ်၊ Static အငြိမ် မျိုးစုံရှိနိုင်ပါတယ်။ Pitch: ဒါကတော့ Project တွေလိုက်တဲ့အခါ ကိုယ့် Agency ကို အခြား Agency တွေနဲ့အပြိုင် Client ကရွေးချယ်အောင် ဝင်ပြိုင်ရတာပါ။ Pitching လုပ်ဖို့အတွက် Pitch Deck က အရေးပါပါတယ်။ အဲ့ထဲမှာ Agency ရဲ့ Portfolio လဲ ပါဝင်နိုင်ပြီး သက်ဆိုင်ရာ ကမ်ပိန်း ဒါမှမဟုတ် အလုပ်အတွက်ကို ကိုယ်တွေမှာ ဘယ်လိုလက်တွေ့ကျပြီး အမိုက်စားဖြစ်နေတဲ့ အိုင်ဒီယာတွေ ရှိလဲဆိုတာ ထည့်ပြရပါတယ်။ ကိုယ့်အဖွဲ့ရဲ့ လုပ်နိုင်စွမ်းကိုလဲ ဒီကနေပဲ ပြသရတာဖြစ်ပါတယ်။ Sign off or Confirmed/Approved: ဒီအသုံးအနှုန်းလေးကတော့ ကိုယ့် အိုင်ဒီယာ၊ Concept၊ Design နဲ့ Copy တွေကို သဘောတူလက်ခံပြီး နောက်တစ်ဆင့်ဆက်လုပ်ဖို့ မီးစိမ်းပြလိုက်ရင် သုံးပါတယ်။ Internal Sign off, Client Sign off အသီးသီးရှိပါတယ်။ အခြား ကိုယ့် Agency မှာ သုံးနေတဲ့ ထူးထူးခြားခြားအသုံးအနှုန်းလေးတွေရှိရင်လဲ မျှဝေပေးသွားပါဦး။ Reivse လုပ်နေတယ်လို့တော့ မပြောနဲ့နော်။ #Donato
Screen တွေရဲ့ 72 ppi ဆိုတာ ဘာလဲ? အရေးကြီးတာ အရင်ပြောရရင်တော့ ppi ဆိုတာ Pixels per Inch ဆိုတဲ့အတိုင်း တစ်လက်မ ပတ်လည်မှာရှိတဲ့ Pixel အရေအတွက်ကို ပြောတာပါ။ ဒီတော့ 72 ppi ဆိုတာ တစ်လက်မပတ်လည်မှာ 72 Pixels ရှိတာပါ။ ppi ကို နားလည်ဖို့အတွက် ပိုပြီးလွယ်လွယ်ရှင်းပြရရင် 1 point = 1/72 inch ရှိတဲ့အတွက် 12-poin font တစ်ခုဟာ 72 ppi မှာ တွက်ရင် 12 pixels ရှိပါတယ်။ တစ်လက်မ ပတ်လည်မှာရှိတဲ့ Pixel များလေလေ ရုပ်ပုံတွေက ပိုပြီးကြည်လင်ပြတ်သားလေပါပဲ။ 📌 သူ့သမိုင်းကြောင်း? 1984 ခုနှစ်တုန်းက Apply Macintosh မှာ Screen Resolution 72 ppi ကို စတင်အသုံးပြုခဲ့ပြီးတော့ အဲ့ခေတ်က Printing တွေနဲ့လည်း Align ဖြစ်စေခဲ့ပါတယ်။ 1980 နဲ့ 1990 တွေမှာ Desktop Publishing တွေ ခေတ်စားလာတော့ Apple နဲ့ Adobe တို့လို ဆော့ဖ်ဝဲနဲ့ ဟက်ဒ်ဝဲကုမ္ပဏီတွေ ဦးဆောင်မှုနဲ့ 72 ppi က Standard ဖြစ်လာခဲ့ပါတယ်။ 📌 လက်ရှိမှာရော? ပုံမှန် လက်ပ်တော့နဲ့ Desktop Screen မှာ 100 ppi ကနေ 300 ppi ထိ သုံးလာပြီဖြစ်ပါတယ်။(ဥပမာ Apple ရဲ့ Retina Displays)။ ဘယ်လိုပဲ ဒီ မျက်မှောက်ကာလမှာ 72 ppi ထက် ပိုကောင်းတဲ့ screen resolution တွေရှိလာပြီပြောပြော၊ ယခင်က စက်တွေနဲ့ တစ်သမတ်တည်း ဆက်လက်ရှိနေစေဖို့နဲ့ သုံးရလွယ်ကူမှုတွေကြောင့် 72 ppi ကို ဆက်သုံးနေကြတုန်းပါပဲ။ အချုပ်ပြောရရင်တော့ 72 ppi ဆိုတာ ဟိုးယခင်က Digital နဲ့ Print မီဒီယာတွေ၊ Desktop publishing နဲ့ Macintosh displays တွေကနေ စတင်ခဲ့ပြီး သမိုင်းမပျောက်၊ ရိုးရာမပျက် ယခုချိန်ထိ ဆက်လက်ပြီး သုံးနေတုန်းပဲဖြစ်ပါတယ်။ ➧ Phone: 09 945 0000 73 ➧ YouTube: https://www.youtube.com/c/donatodesignstudio ➧ Instagram: https://www.instagram.com/donatodesignstudio ➧ TikTok: https://www.tiktok.com/@donatodesignstudio ➧ Telegram: https://t.me/donatodesignstudio
“ကိုယ့်လုပ်ငန်းရဲ့ Social Media Audience ကိုနားလည်ခြင်း” Visual Vs Copy Social Media ပေါ်မှာ ကိုယ့်ရဲ့လုပ်ငန်းတည်ရှိနေမှုက အရေးပါလာတဲ့အခါ ကိုယ့်ပေ့ချ်ရဲ့ Content တွေကလည်း Quality Content တွေဖြစ်ဖို့ လိုလာပါတယ်။ ဒါမှလဲ ဒီ Content တွေကနေတစ်ဆင့် တကယ်အမြတ်ရမဲ့၊ Sales Drive ဖြစ်စေမဲ့ တုံ့ပြန်ချက်တွေကို ပြန်လည်ရရှိနိုင်မှာပါ။ Content Social Media Content တစ်ခုမှာ Content Copy ခေါ် Copy နဲ့ Visual (စာနဲ့ပုံ) က အရေးပါတဲ့ အရာနှစ်ခုဖြစ်တယ်ဆိုတာကတော့ အားလုံးသိပြီးသားပါ။ ဒီနေရာမှာ Social Media Content ဆိုတာကို အရင်ဆုံးနဲနဲလောက် ပြောပြချင်ပါတယ်။ Content ဆိုတာက မြန်မာလို ပြန်ရရင် “အကြောင်းအရာ” ပါ။ Content မှာ ပုံစံများစွာရှိနိုင်ပါတယ်။ အရေးအသား (စာ) ဦးစားပေးတဲ့ပုံစံ၊ ပုံ (Visual) ဦးစားပေးတဲ့ပုံစံ၊ ဇာတ်လမ်းတိုဗီဒီယို၊ မှတ်တမ်း၊ အမေးအဖြေဗီဒီယို၊ ကြော်ငြာဗီဒီယို၊ Blog၊ Review ကိုစာနဲ့ရေးတာ/ဗီဒီယိုပုံစံလုပ်တာ စတာတွေ အပါအဝင် Dynamic အလွန်ဖြစ်ပါတယ်။ ဒီတော့ Content Creation ဆိုတာ “အကြောင်းအရာကို ဖန်တီးတာပါ” - ကိုယ့် Audience နဲ့ကိုက်ညီမဲ့ အကြောင်းအရာတွေကို စနစ်တကျဖန်တီးတာပဲဖြစ်ပါတယ်။ Content ဆိုတာကို အကြမ်းဖျင်းနားလည်ပြီဆိုရင်တော့ Copy နဲ့ Visual ပိုင်းကို ဆက်သွားကြမယ်။ Copy နဲ့ Visual ဒီနှစ်ခုဟာ Content တစ်ခုမှာ သူ့တာဝန်သူယူကြပါတယ်။ လေ့လာမှုတစ်ခုအရ လူတွေရဲ့ ဦးနှောက်ဟာ စာနဲ့ယှဥ်ရင် ရုပ်ပုံတွေကို အဆ ၆၀,၀၀၀ လောက် ပိုပြီး သတိမူမိပါတယ်တဲ့။ ဒါ့ကြောင့်လဲ Marketer ၅၀% လောက်ဟာ Visual အစိတ်အပိုင်းတွေကို သူတို့ Social Media Content တွေမှာ အများကြီးထည့်သုံးကြတာပါ။ ပြီးတော့လဲ ဦးနှောက်က ၈၀% သော Information ကို ရုပ်ပုံတွေကနေ ရပါတယ်တဲ့။ ဒီလိုဆိုတော့ Brand Recognition ကိုယ့်အမှတ်တံဆိပ်ကို မှတ်မိနေဖို့နဲ့ အခြားအမှတ်တံဆိပ်တွေနဲ့ ကွဲထွက်ပြီး Unique ဖြစ်နေဖို့အတွက် ရုပ်ပုံ အစိတ်အပိုင်းတွေကို Consistent ဖြစ်ဖြစ်သုံးဖို့လိုသလို Creative ဖြစ်ဖြစ်ဖန်တီးဖို့လည်းလိုတယ်မဟုတ်လား။ ဒါမှလည်း Content ရဲ့ အဓိကပန်းတိုင်ဖြစ်တဲ့ ကိုယ့်ကုန်ပစ္စည်းကို ဝယ်ဖို့ လှုံ့ဆော်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါဆို Copy ကရော? ကျစ်လျစ်ပြီး လိုတိုရှင်းဖြစ်တဲ့ စာတွေက Social Media ပို့စ်တွေဖန်တီးတဲ့နေရာမှာ အလွန်အရေးပါပါတယ်။ Visual က ဘယ်လောက်ပဲ ပြည့်စုံနေပါစေ၊ Copy သေချာ ရေးမထားတဲ့အခါ Convert ဖြစ်မှာမဟုတ်တော့ပါဘူး။ Visual နဲ့မတူတဲ့တစ်ချက်က Copy တွေက ပြောချင်တဲ့အကြောင်းအရာကို တစ်လုံးချင်း ရှင်းရှင်းလင်းလင်းတိတိကျကျ ပြောပြနိုင်တာပါပဲ။ Content နဲ့လိုက်ဖက်ပြီး Call-to-Action မှန်မှန်ကန်ကန်လုပ်နိုင်တဲ့ Copy တွေက ကိုယ့်ကုန်ပစ္စည်းကို ဝယ်မဲ့သူ၊ ဒါမှမဟုတ် ကိုယ်ရောက်ချင်တဲ့ Target ကို ကွက်တိရောက်စေဖို့ ကူညီပေးနိုင်ပါတယ်။ Quality Content ရဖို့အတွက် ကိုယ့် Customer ကို ဘာလုပ်ပေးနိုင်မလဲဆိုတာကို အမြဲဦးတည်ပြီး Content ဖန်တီးသင့်ပါတယ်။ Copy နဲ့ Visual အတူယှဥ်တွဲပြီး အစပ်အဟပ်တည့်တည့်ဖန်တီးပါ။ Social Listening လုပ်ပါ။ Audience Insight တွေကနေ ကိုယ့် Audience ဘာလိုချင်လဲ၊ ကိုယ်က ဘာလုပ်ပေးနိုင်မလဲဆိုတာကို အမြဲတွေးပြီး Convert ဖြစ်တဲ့ Content တွေဖန်တီးဖို့ လိုပါတယ်။ သင့် Social Media Content တွေအတွက် လိုအပ်တဲ့ Design Visual (Static, Motion, Animation) တွေကို Creative ဖြစ်ဖြစ်၊ ထိထိရောက်ရောက်ဖန်တီးချင်တယ်ဆိုရင်တော့ Donato နဲ့ဆက်သွယ်ပြီး အခုပဲဆွေးနွေးလိုက်ပါ။ #Donato #ArtistforTomorrow #GraphicDesign #Creative #Adobe #Photoshop #MAPC28 #MAIC27 ➧ Phone: 09 945 0000 73, 09 945 0000 37 ➧ YouTube: https://www.youtube.com/c/donatodesignstudio ➧ Instagram: https://www.instagram.com/donatodesignstudio ➧ TikTok: https://www.tiktok.com/@donatodesignstudio ➧ Telegram: https://t.me/donatodesignstudio ➧ Telegram: https://t.me/donatographicdesigninstitute
Freepik လို့ပြောလိုက်ရင် Stock ပုံတွေ Free ရနိုင်တဲ့နေရာတစ်ခုရယ်လို့ သာမန်ကာလျှံကာ ပြောလို့မရတော့ပါဘူး။ လတ်တလော သူ့ရဲ့ ခေါင်းကြီးပိုင်းသတင်းတွေက Graphic Design လောကကို အကြီးကြီးကိုင်လှုပ်နေပြီမို့လို့ပါ။ ဒီနှစ်ပိုင်းအတွင်း ရေပန်းအစားဆုံး Update ကတော့ Freepik က ပုံတွေရဲ့ Quality ကို မြှင့်ပေးတဲ့ (Image Upscaler) Magnific ကို Acquire လုပ်လိုက်တဲ့ သတင်းပါပဲ။ သူ့နောက်က လိုက်တဲ့သတင်းကတော့ Freepik ရဲ့ “Save the Designers” “ဒီဇိုင်နာတွေကို ကယ်တင်ပါ” ဆိုတဲ့ ကမ်ပိန်းပါ။ AI ကိုအကောင်းဆုံး အသုံးချပြီး နောက်ဆုံးပေါ် နည်းပညာတွေကို တောက်လျှောက်မိတ်ဆက်နေတဲ့ Freepik က တစ်ချိန်တည်းမှာပဲ သူတို့ဟာ ဒီဇိုင်နာတွေဘက်မှာ အမြဲရှိနေကြောင်းလဲ မမေ့မလျော့ပြသနေတာ တွေ့ရမှာပါ။ ဒါပေမဲ့ Freepik ရဲ့ State of the Art နည်းပညာတွေနဲ့ AI-design transformation တွေအကြောင်းမဟုတ်ဘဲ Freepik ဘယ်က စခဲ့သလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။ ဒိတ်ဒိတ်ကြဲ Shutter Stock နဲ့ Adobe Stock တွေကို ကျော်တက်နိုင်ခဲ့တဲ့ Freepik က ဘယ်က လာခဲ့ပါသလဲ။ 📌Freepik ဘယ်ကစခဲ့လဲ? Freepik ကို ၂၀၁၀ တုန်းက စပိန်နိုင်ငံသား Graphic Designer ညီအစ်ကို နှစ်ယောက် ဖြစ်တဲ့ Alejandro နဲ့ Pablo Blanes က Joaquín Cuenca ဆိုတဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ စတင်ခဲ့တာပါ။ အစကတော့ ဒီဇိုင်နာတွေအတွက် Free Stock ပုံတွေကို ရှာနိုင်ဖို့ Search Engine အနေနဲ့ စခဲ့ပေမဲ့ ၂၀၁၄ မှာတော့ Graphic Design Resource တွေကိုရှာနိုင်တဲ့ ပလက်ဖောင်းတစ်ခု အဖြစ်ပြောင်းလဲခဲ့ပါတယ်။ ပြီးတော့ ၂၀၁၅ မှာ ဒီဇိုင်နာတွေက သူတို့ဒီဇိုင်းတွေကို Freepik ပေါ်တင်ပြီး ရောင်းနိုင်မဲ့ ပလက်ဖောင်းတစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ၂၀၂၀ မှာ Freepik ကို ဆွီဒင်အခြေဆိုက် EQT Company က Acquire လုပ်ပြီးချိန်မှာတော့ အခုလိုပဲ ဟာခနဲ ဟင်ခနဲ ဖြစ်ရမဲ့ ဆန်းသစ်တီထွင်မှုတွေကို မြင်လာရပြီပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးဘူး ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှာ အရောင်းရဆုံး နံပါတ် (၁၇) ရတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်လာပြီး၊ ၂၀၂၂ မှာ Freepik က G2 ရဲ့ Best Software 2022 Award ကိုလဲ ရခဲ့ပါသေးတယ်။ Graphic Designer က ဘာတွေဆက်ဖြစ်နိုင်လဲဆိုရင် Freepik လို ကမ္ဘာကျော် ကုမ္ပဏီတစ်ခုကို တည်ထောင်သူတွေလဲ ဖြစ်နိုင်ပါတယ်လို့ Motiovation လေးတစ်ဖြတ်ပေးလိုက်ပါတယ်။ #Donato #ArtistforTomorrow #GraphicDesign #Creative #Adobe #Photoshop #MAPC28 #MAIC27 ➧ Phone: 09 945 0000 73, 09 945 0000 37 ➧ YouTube: https://www.youtube.com/c/donatodesignstudio ➧ Instagram: https://www.instagram.com/donatodesignstudio ➧ TikTok: https://www.tiktok.com/@donatodesignstudio ➧ Telegram: https://t.me/donatodesignstudio ➧ Telegram: https://t.me/donatographicdesigninstitute
Channel name was changed to «Donato Design Studio»
Channel photo updated
Channel created