tgindex
The La Pyae

Get the good Stuff related to Tech 🤖 Mindset 🧠 And all the other things I love 💛 To follow up me on other social media Please visit https://thelapyae.com

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
20
Всего постов
31
Тип
открытый
Язык
my
Категория
Музыка (по похожим)
В каталоге с
12 авг.
Подписчики
29 599
−26 за 4 дн.
Сутки
−11
−0,04%
Неделя
 
Месяц
 
Просмотров на пост
1 862
30 постов
Вовлечённость
6,3%
к подписчикам
Постов в день
2,9
всего 31
Упоминаний
2
каналов
Охват размещения
по 4 постам
1/24сутки в ленте
1 656
1/48двое суток
1 937
1/72трое суток
2 089

Медиана по постам, которые мы застали свежими и померили через сутки.

Посты

  • ကိုယ်ဘယ်လောက် အလုပ်လုပ်နိုင်သလဲ ဘယ်လောက် ကြိုးစားနိုင်သလဲဆိုတာ ဘယ်လောက် အနားယူတတ်သလဲပေါ်မူတည်တယ် အနားမယူတတ်လို့ အနားမရရင် Performance ကျတယ် @thelapyae

  • ChatGPT က computer history ဆိုတဲ့ feature ရလာပြီဆိုတော့ ကောင်းတာကတော့ အလုပ်လုပ်တဲ့ စက်မှာထည့်ထားရင် ကိုယ်ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သင်ယူပြီးကူညီသွားမှာဖြစ်ပြီးတော့ မဟုတ်တာလုပ်တဲ့စက်မှာဆိုရင် မဟုတ်တာတွေကို သင်ယူသွားမှာဖြစ်ပါတယ် 😁 @thelapyae

  • 14 авг.9057717

    ရွေးချယ်မှုက အဓိကပဲ အခြေအနေတူနေရင်တောင် ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ ရွေးချယ်မှုကွဲရင် ရလဒ်တွေ ကွဲသွားတယ် အခွင့်အရေးတူနေရင်တောင် ဘယ်လိုမြင်သလဲ ဘယ်လိုအသုံးချသလဲဆိုတဲ့ ရွေးချယ်မှုကွဲရင် ရောက်သွားတဲ့နေရာတွေ မတူတော့ဘူး ကျနော်တို့ဘဝကို ပြောင်းလဲပေးတာက ဆုံးဖြတ်ချက်ကြီးတွေချည်းပဲ မဟုတ်ဘူး နေ့တိုင်းလုပ်နေတဲ့ ရွေးချယ်မှုအသေးလေးတွေ စုပေါင်းပြီး နောက်ဆုံး ဘယ်နေရာရောက်မလဲဆိုတာ ဆုံးဖြတ်သွားတာ ဒါကြောင့် ရွေးချယ်မှုမှန်တာတွေ ပိုများလာချင်ရင် ကိုယ့်ထက်အရင် ရွေးချယ်ခဲ့ဖူးတဲ့သူတွေကို လေ့လာဖို့လိုတယ် သူတို့ဘာရွေးခဲ့လဲဆိုတာတင်မဟုတ်ဘဲ ဘာကြောင့် အဲ့ဒီလိုရွေးခဲ့လဲ ဆိုတာကို မှတ်သားတတ်ဖို့ ပိုအရေးကြီးတယ် အတွေ့အကြုံအားလုံးကို ကိုယ်တိုင်ကြုံပြီးမှ သင်ယူစရာမလိုဘူး သူများရဲ့ရွေးချယ်မှုတွေကို လေ့လာခြင်းကလည်း ကျနော်တို့ မမှားခင် သင်ယူနိုင်တဲ့ နည်းတစ်ခုပဲ အခုဒီ post ကိုတူတူဖတ်မိတောင် ကိုယ်ဘယ်လိုတုံ့ပြန်မယ်ဆိုတာကကွာသေးတာပဲ — @thelapyae

  • 14 авг.1 47513120

    အချစ်မရှိရင် ငါတော့ သေသွားမယ်လို့ထင်ခဲ့ဖူးတယ် ဗိုက်တကယ်ဆာတော့ အချစ်လဲ သတိမရတော့ဘူး 😆 @thelapyae

  • 14 авг.1 74615119

    Skill ရှိပြီးကံမကောင်းတဲ့သူက ခဏပဲအဆင်မပြေဖြစ်မှာ ရေရှည်မှာတဖြေးဖြေး အပေါ်ရောက်လာဖို့ရှိတယ် ကံရှိပြီး skill မရှိတဲ့သူက ခဏပဲအဆင်ပြေနိုင်တယ် ရေရှည်မှာ skill မရှိရင် အောက်ရောက်သွားဖို့ပဲရှိတယ် @thelapyae

  • 13 авг.1 89712326

    ဘာတွေပဲ ကြိုးစားနေကြိုးစားနေ နောက်ဆုံး ကျနော်တို့အများစု လိုချင်တာက Freedom ပဲလို့ ထင်တယ် ပိုက်ဆံရှာတာလည်း မလုပ်ချင်တာကို မလုပ်ရဖို့ Status လိုချင်တာလည်း ကိုယ့်ဘဝကို ကိုယ်ရွေးချယ်နိုင်ဖို့ Pleasure တွေရှာတာလည်း ကိုယ်ကြိုက်တဲ့ဘဝကို ပိုခံစားနိုင်ဖို့ အဆုံးမှာတော့ Freedom တစ်မျိုးမျိုးဆီကိုပဲ ဦးတည်နေကြတာ ဒါက တကယ့် Freedom အစစ်လို့တော့ ပြောလို့မရဘူး လူအများစု နားလည်ထားတဲ့ Freedom ပေါ့ စိတ်ဝင်စားဖို့ကောင်းတာက အဲ့ဒီ Freedom ကိုရဖို့ ကျနော်တို့က ကိုယ့်ကိုယ်ကို အရင်ချဲ့ထွင်ရတယ် ပိုတတ်လာအောင် သင်ရတယ် ပိုခံနိုင်လာအောင် လေ့ကျင့်ရတယ် ပိုရှာနိုင်အောင် Skill တည်ဆောက်ရတယ် ပိုရွေးချယ်နိုင်အောင် ကိုယ့်တန်ဖိုးကို မြှင့်ရတယ် Freedom ဆိုတာ ဘာမှမလုပ်ရတော့တဲ့နေရာကို ရောက်သွားတာထက် ကိုယ့်မှာရှိတဲ့ ရွေးချယ်နိုင်စရာတွေ ပိုများလာတာ နဲ့ ပိုတူတယ် ကျနော်တို့ ကိုယ့်ကိုယ်ကို expand လုပ်နိုင်လေလေ ဘဝကပေးတဲ့ choices တွေလည်း ပိုများလာလေလေပဲ — @thelapyae

  • 13 авг.1 890839

    Success stories အများစုက ပိုက်ဆံအများဆုံးပေးတဲ့ Client တွေစီကပဲ ကြားရလေ့ရှိတယ် ဒါတိုက်ဆိုင်မှုလားလို့ ၅ နှစ်တာ Data ယူကြည့်တဲ့အခါ Free content ကနေရတဲ့ Value ကိုတော့ ကျေးဇူးတင်စကားအနေနဲ့ ခဏခဏ ကြားရပေမယ့် MoonBase Member တို့ ကျနော်နဲ့ 1 on 1 coaching ယူတဲ့သူတွေစီကတော့ Success stories တွေကြားရတယ် ဈေးဆစ်တဲ့ client ထက် Ok ပိုက်ဆံလွှဲလိုက်ပြီလုပ်လိုက်တော့ ပြောတဲ့သူတွေစီကပိုကြားရတယ် ကျနော်မြင်တာတော့ ၃ ခုရှိတယ် ၁. Serious ဘယ်လောက်ဖြစ်သလဲ ၂. ဘယ်လောက် ready ဖြစ်သလဲ ၃. ဘယ်လောက် commitment ရှိသလဲ ဒီပေါ်မူတည်ပြီးပဲလုပ်ဖြစ်မလုပ်ဖြစ် ကွာသွားတော့ success rate လဲကွာသွားတယ် အလကားကတော့ အလကားလောက်နဲ့ပဲ အလကားဖြစ်သွားတာများတယ် @thelapyae

  • 13 авг.1 748877

    "ဒီကောင်တွေအသုံးမကျဘူး ငါသာဆိုပိုတော်မှာ" ဒီလိုအတွေးမျိုးရှိရင် ကိုယ်တိုင်စမ်းလုပ်ကြည့်သင်တယ် စိတ်ကူးနဲ့လက်တွေက ထပ်တုမကျနိုင်ဘူး ငါပိုတော် ငါပိုတတ်တဲ့ Superiority complex ရှိနေရင် မာန်ကျသွားဖို့က လက်တွေ့ ထလုပ်လိုက်ဖို့ပဲရှိတယ် @thelapyae

  • 13 авг.1 79410718

    လူမှုအသိုင်းအဝိုင်းထဲက ပြဿနာတချို့က မကောင်းတဲ့လူတွေကြောင့်ပဲ ဖြစ်လာတာမဟုတ်ဘူး တစ်ခါတစ်လေ ကိုယ့်အတွင်းက ပြဿနာကို ကိုယ်တိုင်မဖြေရှင်းရသေးဘဲ သူများကို ကူညီမယ်ဆိုပြီး ဝင်လာတဲ့သူတွေကြောင့်လည်း ဖြစ်တတ်တယ် ကိုယ့်မှာ မဖြေရှင်းရသေးတဲ့ ဒေါသရှိရင် အဲ့ဒီဒေါသကို တရားမျှတမှုလို့ ထင်မိနိုင်တယ် ကိုယ့်မှာ မဖြေရှင်းရသေးတဲ့ အတ္တရှိရင် သူများအတွက် လုပ်ပေးနေတာလို့ ထင်ရင်း တကယ်တော့ ကိုယ်မှန်ကြောင်း သက်သေပြနေတာ ဖြစ်နိုင်တယ် ကိုယ့်မှာ control လုပ်ချင်တဲ့စိတ်ရှိရင် “ကူညီတာပါ” ဆိုတဲ့နာမည်နဲ့ သူများဘဝကို ဝင်ဆုံးဖြတ်ပေးနေမိနိုင်တယ် ရည်ရွယ်ချက်ကောင်းရုံနဲ့ ရလဒ်ကောင်းမယ်လို့ အာမခံလို့မရဘူး ကျနော်တို့ သူများကို ပြင်ဖို့မကြိုးစားခင် ကိုယ့်အတွင်းမှာ ဘာတွေမပြေလည်သေးလဲဆိုတာ ပြန်ကြည့်နိုင်ဖို့လည်း လိုတယ် တစ်ခါတစ်လေ လောကကြီးကို ကူညီဖို့အတွက် ပထမဆုံးပြင်ရမယ့်နေရာက ကိုယ့်အတွင်းမှာပဲ ရှိနေတတ်တယ် — @thelapyae

  • 12 авг.2 02514616

    အရမ်းတော်တဲ့ သူတွေမှာလဲ သူတို့ညံ့နေသေးတာရှိတယ် အရမ်းအောင်မြင်တဲ့ သူတွေမှာလဲ သူတို့ ကျရှုံးနေတဲ့ area တွေရှိတယ် ဒါကြောင့် အပေါ်ယံတွေကိုပဲကြည့်ပြီး ငါလဲ သူ့လိုဆိုကောင်းမှာလို့မထင်လိုက်နဲ့ လူတိုင်းမှာ ကိုယ့်ဒုက္ခနဲ့ကိုယ်ပဲ @thelapyae

  • 12 авг.2 09111214

    အရှုပ်တွေကို လုပ်ဖြစ်လုပ်နေတာကြာရင် ကိုယ့်အတွက် ကိုယ်ပိုင်ချိန်ဆိုတာနဲတယ် ဒါကြောင့် ကိုယ့်အတွက် အထောက်အကူမဖြစ်တဲ့ အရှုပ်တွေကို အခုထဲကရှင်းထားဖို့လိုတယ် ဒါမှသာ အရေးကြီးတာတွေလုပ်ဖို့ အချိန်ရလာနိုင်တယ် @thelapyae

  • 12 авг.2 13512617

    ရပ်ဖို့အတွက်လဲနှမြော ဆက်သွားရမှာလဲပင်ပန်းနေရင် ကိုယ်ဘယ်လောက်သွားခဲ့ပြီပြီလဲ ပြန်လှည့်ကြည့်တတ်ဖို့လိုတယ် @thelapyae

  • 12 авг.2 1718716

    အမှန်တရားကို ဘယ်လောက်မြင်နိုင်သလဲ ဘယ်လောက်လက်ခံနိုင်သလဲ ပေါ်မူတည်ပြီး လူတွေရဲ့ လုပ်ကိုင်ပုံတွေက ကွာသွားတယ် ကိုယ်သိတဲ့အပေါ်မူတည်ပြီးပဲ ဆုံးဖြတ်ကျတာဆိုတော့ အမှန်ကိုမြင်နိုင်စွမ်း လက်ခံနိုင်စွမ်းနဲရင် ဆုံးဖြတ်ချက်တွေက လွဲမယ် ဆုံးဖြတ်ချက်လွဲရင် ဦးတည်ချက်လွဲမယ် ဒါကြောင့် အမှန်မြင်ပြီး အမှန်ကိုလက်ခံနိုငိဖို့လိုတယ် @thelapyae

  • 11 авг.2 25410011

    ငါ့ကိုအမြဲသတိရ ငါ့ကိုအမြဲလိုအပ် ငါက်ုမတွေ့ရရင် ခဏခဏဖုန်းဆက်တဲ့ သူမျိုးလိုချင်ပါတယ်လို့ဆုတောင်းလိုက်တာ ပြောင်းတဲ့အလုပ်က ဂျာကြီးရဲ့ အချစ်တော် ခိုင်းဖတ်လေးဖြစ်သွားတယ် ဆုတောင်းတွေဆိုတာ သိပ်ကြောက်ဖို့ကောင်းတယ် 😁 ပိတ်ရက်တောင်အားလားဆိုပြီး ဖုန်းဆက်ခိုင်းတာမျိုး 😁 အခုတော့ သူလဲမှတ်သွားပါပြီ ဆုတွေအရမ်းမတောင်းတော့ဘူး @thelapyae

  • 11 авг.2 421294

    Codex Micro ဝယ်ဖို့မလိုတော့ဘူး ရှိတာလေးနဲ့ သုံးရအောင်လုပ်လိုက်တယ် /goal ပေးပြီး စက်ကို plug နဲ့ထိုးပေးထားတာ ၂၅ မိနစ်ကြာတော့ ပြီးသွားတယ် 😁 Life is good 👍🏻 Pubg ဆော့ရင်းထိုင်စောင့်နေလိုက်တယ် အေးရော 😁 @thelapyae

  • 11 авг.2 2171045

    ထူးဆန်းတဲ့ super power တစ်ခုကတော့ ဘယ်ဆိုင်ပဲသွားသွား ဈေးနှုန်းမရေးထားတောင် ကိုယ်ကြိုက်တာက ဆိုင်မှာ ဈေးအကြီးဆုံးဖြစ်နေတာမျိုး 😁 @thelapyae

  • 11 авг.2 49214582

    ဘာပဲ လုပ်ချင်လုပ်ချင် ဘယ် industrial မှာပဲရှိနေနေ ဒီ ၃ ဆင့်လုပ်နိုင်ရင်ကို ထိပ်ဆုံးရောက်ပြီပဲ Plan → execute→ iterate ⭐ ၁. Plan - အစီအစဉ်ချ , ဘယ်အရာတွေအရေးကြီးလဲ ဘာအရင်လုပ်ရမလဲ ၊ ဘယ်လောက်လုပ်ရမလဲ တိကျသေချာစွာ plan ချ ⭐️ ၂. Execute - ထလုပ် ချထားတဲ့ အစီအစဉ်အတိုင်း ၁၀ ခုရှိရင် ၁ ကနေ ၁၀ ထိ အကုန်ပြီးအောင်လုပ် ⭐️ ၃. Iterate - သုံးသပ် ပြုပြင် ၁ ကနေ ၁၀ ထိ လုပ်ခဲ့တဲ့ထဲက အလုပ်မဖြစ်တာပိုနေတာ အသုံးမဝင်တာဘာရှိလဲပြန် သုံးသပ် အသုံးဝင်တာဆို ထပ်ခါတလဲလဲလုပ် ဒါပဲလိုတာဗျ plan ကောင်းပြီး Execute မလုပ်ရင်ဖြစ်ဖြစ် Execute လုပ်ပြီး iterate မလုပ်ရင်ဖြစ်ဖြစ် တိုးတက်မှုဆိုတာမမြင်ရဘူး ဒီ ၃ ဆင့်နဲ့ ထိပ်ဆုံးရောက်အောင် ကြိုးစားလုပ်ဆောင်နိုင်ပါစေဗျ စေတနာများစွာဖြင့် @thelapyae

  • 10 авг.2 36817229

    စိတ်ထားကောင်းတိုင်း ကိုယ့်အပေါ်ကောင်းတဲ့သူနဲ့မတွေ့နိုင်ဘူး သဘောကောင်းတိုင်း ကိုယ့်အပေါ်ကောင်းတဲ့သူနဲ့မတွေ့နိုင်ဘူး အနစ်နာခံတိုင်း ကိုယ့်အပေါ် အနစ်နာခံသူနဲ့မတွေ့နိုင်ဘူး အထူးသဖြင့် ငါကောင်းပေးရင် ငါလုပ်ပေးတဲ့အတိုင်းပြန်ရရမယ်ထင်ရင် ပိုလို့တောင်မတွေ့နိုင်ဘူး အစထဲက ကိုယ်ပေးတာကိုက စေတနာမပြတ်ရင် စေတနာအစစ်မဟုတ်ဘူး အဲ့ဒါ investment လုပ်ပြီး ROI ထိုင်မျှော်နေတာ @thelapyae

  • 10 авг.2 57614028

    ကောင်းတာတွေလုပ်နေတာ ဘာနဲ့တိုင်းမလဲမေးရင် လူဘယ်နှယောက်ရဲ့ ဆုတောင်းတွေထဲမှာ ကိုယ့်နာမည်ပါနေပြီလဲနဲ့တိုင်းပါ အလုပ်တွေလုပ်နေတာ လူတွေအတွက် အကျိုးရှိမရှိ ဘာနဲ့တိုင်းမလဲမေးရင် လူဘယ်နှယောက် ကိုယ့်ကြောင့် ပြောင်းလဲသွားသလဲနဲ့တိုင်းပါ ကိုယ်ဘယ်လောက်သန်မာလဲ ဘာနဲ့တိုင်းမလဲမေးရင် ကိုယ်တာဝန်ယူထားတဲ့သူတွေရဲ့ အရေအတွက်နဲ့တိုင်းပါ တိုင်းတာမှု unit တွေမှန်သွားရင် ဘဝကနေရတာ အဓိပ္ပာယ်ပိုရှိတယ် အရာရာကိုပိုက်ဆံတစ်ခုတည်းနဲ့ တိုင်းတာနေလို့မဖြစ်ဘူး @thelapyae

  • 10 авг.2 70819728

    လူဖြစ်တာကြာလာတာနဲ့အမျှ သဘောပေါက်လာတာက ဘယ်သူ့ကိုမှ ကျနော်တို့ ပြောင်းလဲပေးလို့မရဘူး သူတို့ပြောင်းလဲချင်လာမှ ပြောင်းလဲတာမို့ တကယ်ပြောင်းလဲချင်လို့ အကူအညီတောင်းတဲ့သူကိုပဲ ကူညီပေးလို့ရတယ် @thelapyae

The La Pyae — tgindex