tgindex
The Forward Society

The Forward Society

Статистика

The Forward Society is a social enterprise organization led by youths of different backgrounds. Our vision is to teach youths employable and practical skills that can help advance their lives forward.

Последний пост
13 авг.
Последнее чтение
15 авг.
Постов за неделю
7
Всего постов
28
Тип
открытый
Язык
my
Категория
Музыка (по похожим)
В каталоге с
12 авг.
Подписчики
8 982
−17 за 5 дн.
Сутки
+1
+0,01%
Неделя
 
Месяц
 
Просмотров на пост
472
28 постов
Вовлечённость
5,3%
к подписчикам
Постов в день
1,0
всего 28
Упоминаний
2
каналов
Охват размещения
оценка
1/24сутки в ленте
185
1/48двое суток
212
1/72трое суток
228

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ကမ္ဘာအဆင့်မှီ ထိပ်တန်းပညာရေးအတွက် 𝐂𝐚𝐧𝐚𝐝𝐚 ရဲ့ 𝐌𝐜𝐂𝐚𝐥𝐥 𝐌𝐚𝐜𝐁𝐚𝐢𝐧 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 🇨🇦✨ ရီဝေမှုန်မှိုင်းတဲ့ မိုးတဖွဲဖွဲ ဒီနေ့ရက်တွေထဲမှာ TFSer လေးတို့ရဲ့ ကနေဒါအိပ်မက်တွေ ပိုပြီး အရောင်လက်၊ တောက်ပလာဖို့ အဆင်သင့်ဖြစ်ပြီလား? သြဂုတ်လရဲ့ စိုထိုင်းထိုင်း ပညာရေးလေထုအတွင်းမှာတော့ အဖိုးတန် အခွင့်အ​ရေးတစ်ခုက မက်မောစရာကောင်းလောက်အောင် သတင်းမွှေး၊ ပျံ့နှံ့နေပြီနော်။❗ အဲ့ဒါကတော့ ပညာရေးနဲ့ပက်သက်ရင် တစ်ကမ္ဘာလုံးနဲ့ ရင်ဘောင်တန်းနိုင်​မှ​ဆိုသူတွေအတွက် ကမ္ဘာ့အဆင့်အတန်းမှီ ကနေဒါနိုင်ငံရဲ့ 𝐌𝐜𝐂𝐚𝐥𝐥 𝐌𝐚𝐜𝐁𝐚𝐢𝐧 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ပဲပေါ့။ အေးငြိမ်သာယာတဲ့ 𝐌𝐜𝐆𝐢𝐥𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ 𝐌𝐚𝐬𝐭𝐞𝐫 တက်မလား၊ 𝐔𝐧𝐝𝐞𝐫𝐠𝐫𝐚𝐝𝐮𝐚𝐭𝐞 (𝐒𝐞𝐜𝐨𝐧𝐝-𝐞𝐧𝐭𝐫𝐲) တက်မလား၊ ဘာပဲတက်တက် ဘွဲ့တစ်ခုရတဲ့အထိ 𝐅𝐮𝐥𝐥𝐲-𝐟𝐮𝐧𝐝𝐞𝐝 ထောက်ပံ့ပေးသွားမှာဆိုတော့ အားလုံး မက်လောက်စရာဖြစ်နေတာလည်း သိပ်မဆန်းလှပါဘူး။ 💁🏻‍♀ ဒါပေမယ့် ကမ္ဘာတစ်ဝှမ်းက ထူးချွန်တဲ့လူတိုင်း ဝင်ရောက်ယှဥ်ပြိုင်ကြမယ့် ပညာသင်ဆုဖြစ်လို့ ကိုယ့်ဘက်က ခြေတလှမ်းမက ပိုသာနေဖို့တော့ လိုတယ်နော်။ ဒီတော့ ဆက်ဖတ်ကြည့်လိုက်ရအောင်။ 💬 ဒီ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ကို ဘာလို့ မဖြစ်မနေ လျှောက်သင့်တာလဲ? • ပထမဆုံးအနေနဲ့ Fully Funded ဖြစ်တယ်။ • Monthly Stipend အနေနဲ့ တစ်လကို $2300 ထောက်ပံ့မယ်။ • Montreal မြို့ကို ပြောင်းရွေ့ဖို့အတွက် Relocation grant တာဝန်ယူမယ်။ • သီးသန့်လမ်းညွှန်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းတွေအပြင် ပြင်သစ်ဘာသာစကားကိုပါ အစအဆုံး သင်ယူခွင့်ရဦးမယ်။ • အရေးအကြီးဆုံးကတော့ Canada နိုင်ငံရဲ့ အဆင်မြင့် တက္ကသိုလ်ကြီးမှာ ပညာသင်ကြားခွင့်ရမယ်။ 💬 ဘယ်မေဂျာနဲ့ ဘာသာရပ်တွေကို ရွေးချယ်လို့ရမလဲ? • Master's Degrees: MA, MArch, MATL, MBA, MEd, MEng, MISt, MM, MMus, MPP, MSc, MScA, MScAPT, MScAOT, MSW, MUP, LLM, STM. • Second-Entry Professional Undergraduate Degrees: BCL/JD (Law), DMD (Dentistry), MDCM (Medicine). 💬 ဒါပေမယ့် လျှောက်ထားလို့ ရ၊ မရ 𝐄𝐥𝐢𝐠𝐢𝐛𝐢𝐥𝐢𝐭𝐲 တွေကရော ❓ • Second-entry undergraduate လျှောက်မယ်ဆိုရင် သြဂုတ်လ ၂၀၂၇ မတိုင်ခင် ပထမဘွဲ့ရဖို့ သေချာရမယ်။ • Master's degree အတွက်ဆိုရင်တော့ ဇန်နဝါရီ ၂၀၂၁ နောက်ပိုင်း ဘွဲ့ရထားသူဖြစ်ရမယ်။ • Bachelor ပြီးခဲ့တာ ငါးနှစ်အထက်ရှိပြီဆိုသူတွေကတော့ ဒီနှစ်ထဲ အသက် ၃၀ နဲ့ အဲ့အောက်ရှိနေသေးမှပဲ အကျုံးဝင်ပါမယ်။ 💬 ဒါဆို ဘယ်လို 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬 လိုအပ်ချက်တွေရှိမလဲ? • အရင်ဆုံး IELTS (6.5 Minimum), TOEFL နဲ့ Cambridge English Qualification တို့ထဲက တစ်ခုခုရှိထားရပါမယ်။ • ပြီးရင် ကျောင်းရဲ့ cGPA အနေနဲ့ 3.0 ဒါမှမဟုတ် နောက်ဆုံး ၂ နှစ်စာ full-time study အတွက် 3.2 ပြည့်မှီရပါမယ်။ 💬 ပြင်ဆင်ရမယ့် 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐬 တွေရော? • Personal Information • Academic and Career Interests • Activities and Community Involvement • References & Endorsement • Short Answers and Essays • Resume & Transcripts 💬 ပညာသင်ဆုအကြောင်း အသေးစိတ် ဖတ်ကြည့်နိုင်ဖို့အတွက်… • Official Announcement Link: https://mccallmacbainscholars.org/program/ • Application Guide: https://mccallmacbainscholars.org/resources/ • Interview Process: https://mccallmacbainscholars.org/regional-interviews/ ကဲ ဒီလောက်ဆိုရင်တော့ ဒီ 𝐌𝐜𝐂𝐚𝐥𝐥 𝐌𝐚𝐜𝐁𝐚𝐢𝐧 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 နဲ့ပက်သက်လို့ သိမှတ်ဖွယ်ရာ အဖြာဖြာတိုင်းကို TFSer လေးတို့လည်း ရေရေလည်လည် ရှင်းလင်း နားလည်သွားကြလောက်ပါပြီ။ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞 က ​ဒီလ ၁၉ ရက်ဖြစ်တာကြောင့် နည်းနည်းလေးတော့ လျှောက်ရတာ အလောစလျင် ဖြစ်သွားနိုင်ပေမယ့် သေချာပြင်ဆင်သွားမယ်ဆိုရင် အခွင့်အရေးက လက်တကမ်းမှာပါပဲ။ 💪🏼 ဒါပေမယ့် TFSer လေးတို့ မှတ်ထားရမှာက တံခါးတစ်ချပ်ပွင့်တယ်ဆိုတာ ပိတ်မသွားခင်အထိပဲနော်။ အခွင့်အရေး ရှိနေတုန်း ရယူဆုပ်ကိုင်ဖို့ မကြိုးစားရင် အချိန်တန်တဲ့အခါ လက်လွှတ်လိုက်ရနိုင်ပါတယ်။ ဒီတော့ တံခါးဝရဲ့ အခြားတစ်ဘက်က အောင်မြင်တဲ့ ကိုယ့်အနာဂတ်ဆီကို အခုပဲ ခုန်ကူးဖို့ ကြိုးစားလိုက်ပါ။ TFSer လေးတို့ လုပ်နိုင်မယ်ဆိုတာ ယုံကြည်ပြီးသားမို့ fighting ‼️ ——— ☘️Telegram https://t.me/theforwardsociety ☘️Facebook https://www.facebook.com/groups/5633301343413398/?ref=share&mibextid=NSMWBT ☘️Instagram https://www.instagram.com/theforwardsoc/profilecard/?igsh=M2c2N293cXJkczBl ☘️Linkedln https://www.linkedin.com/company/theforwardsociety

  • без подписи

  • 📣 𝐓𝐡𝐞 𝐅𝐨𝐫𝐰𝐚𝐫𝐝 𝐒𝐨𝐜𝐢𝐞𝐭𝐲 မှ 𝐌𝐞𝐝𝐢𝐚 𝐂𝐨𝐥𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫 အဖြစ်ပါဝင်အားဖြည့်သွားမည့် Event လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ 𝐀𝐈𝐄𝐒𝐄𝐂 𝐢𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ကျင်းပပြုလုပ်မယ့် “𝐘𝐨𝐮𝐭𝐡𝐒𝐩𝐞𝐚𝐤 𝐅𝐨𝐫𝐮𝐦 𝟐𝟎𝟐𝟔 : 𝐂𝐚𝐦𝐩𝐮𝐬 𝐭𝐨 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞” တွင် 𝐓𝐡𝐞 𝐅𝐨𝐫𝐰𝐚𝐫𝐝 𝐒𝐨𝐜𝐢𝐞𝐭𝐲 အနေဖြင့် 𝐌𝐞𝐝𝐢𝐚 𝐂𝐨𝐥𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫 အဖြစ်ပါဝင်သွားမှာဖြစ်ပါတယ်။ ✨ လက်ရှိ ပညာရေးပြီးတဲ့နောက် လူငယ်အများစု အမြဲကြုံတွေ့နေရတယ့် Career Transition စိုးရိမ်ပူပန်မှုတွေကို 𝐘𝐨𝐮𝐭𝐡𝐒𝐩𝐞𝐚𝐤 𝐅𝐨𝐫𝐮𝐦 𝟐𝟎𝟐𝟔 မှတစ်ဆင့် ကိုယ့်အနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ industry insights တွေ၊ Recruiters တွေ ရှာနေတဲ့ အရည်အချင်း၊ mindset တွေ ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ Career Journey အတွက်လက်တွေ့အသုံးချနိုင်မယ့် Knowledge, Skills နဲ့ Professional Connections တွေကို တည်ဆောက်နိုင်ဖို့ အတွက် 𝐀𝐈𝐄𝐒𝐄𝐂 𝐢𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ “𝐘𝐨𝐮𝐭𝐡𝐒𝐩𝐞𝐚𝐤 𝐅𝐨𝐫𝐮𝐦 𝟐𝟎𝟐𝟔” ကို ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ မတူညီတဲ့ နယ်ပယ်အသီးသီးက professional guest speakers တွေမှ မတူညီတဲ့ အမြင်တွေ၊ အတွေ့အကြုံတွေနဲ့ အိပ်မက်တွေကို မျှဝေဖလှယ်ရင်း အပြန်အလှန် နားလည်မှုနဲ့ လေးစားမှုတွေတိုးပွါးလာစေမယ့် အခွင့်အရေးတစ်ခုဖြစ်တာကြောင့် စိတ်ဝင်စားသူတိုင်း ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 📌 𝐄𝐯𝐞𝐧𝐭 𝐃𝐞𝐭𝐚𝐢𝐥𝐬 📅 𝐃𝐚𝐭𝐞: Saturday, 22nd August 2026 ⏰ 𝐓𝐢𝐦𝐞: From 9:00 AM to 4:30 PM (MMT) 📍 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: Sayarsan Hotel Yangon 📖 𝐃𝐞𝐥𝐞𝐠𝐚𝐭𝐞 𝐁𝐨𝐨𝐤𝐥𝐞𝐭: https://bit.ly/YSF2026DelegateBooklet 🔥 𝐃𝐞𝐥𝐞𝐠𝐚𝐭𝐞 𝐅𝐞𝐞𝐭: 8000kyats 🔗 𝐒𝐢𝐠𝐧 𝐔𝐩 𝐇𝐞𝐫𝐞: https://bit.ly/YSF2026C2C Since there is a limited number of delegate seats, make sure to secure your spot now!

  • без подписи

  • без подписи

  • ခဲတံတစ်ချောင်းရဲ့ အလေးချိန်ဟာ တူတစ်လက်၊ မော်တာတစ်လုံးထက် ဘယ်တုန်းကမှ မလေးလံခဲ့ပါဘူး ✏️🔨 ဒါပေမဲ့ ကလေးအချို့အတွက်တော့ စာသင်ခုံလေးပေါ်မှာ ထိုင်ခွင့်ရဖို့ဆိုတာ စစ်မြေပြင်တစ်ခုလို အသက်လု တိုက်ပွဲဝင်ရသလိုမျိုး ဖြစ်နေရရှာပါတယ် 🏫💔 "ပညာသင်ကြားခြင်း" ဆိုတာ ကလေးတိုင်း ငြင်းပယ်ခံရခြင်းမရှိဘဲ ရရှိရမယ့် အခြေခံအခွင့်အရေးတစ်ခုပဲမဟုတ်လားရှင် ⁉️ ကလေးတစ်ယောက်ရဲ့ ငယ်ဘဝဟာ လုပ်ငန်းခွင်ထဲက ဖုန်မှုန့်တွေကြားမှာ မဟုတ်ဘဲ၊ စာသင်ခန်းထဲက ရောင်စုံခဲရောင်တွေကြားမှာပဲ ဖြတ်သန်းသင့်တာပါ 🎨 ဒါပေမဲ့ နေ့စဉ်နဲ့အမျှ ကြီးထွားလာနေတဲ့ မိသားစုစားဝတ်နေရေး ရုန်းကန်မှုတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ အခွင့်အလမ်း မညီမျှမှုတွေဟာ ကလေးငယ်တွေကို စာအုပ်ကိုင်ရမယ့် လက်တွေနဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေကို လုပ်ဖို့ အတင်းအကျပ် တွန်းပို့နေကြပါတယ်။ စာသင်ခန်းထဲက ဆရာ၊ ဆရာမတွေရဲ့ စာသင်သံတွေအစား စက်ရုံ၊ အလုပ်ရုံတွေနဲ့ လက်ဖက်ရည်ဆိုင်တွေထဲက ဆူညံသံတွေဟာ သူတို့လေးတွေရဲ့ ငယ်ဘဝကို ဝါးမြိုသွားခဲ့ပါပြီ။ 💔 ဒီလိုမျိုး အရွယ်မတိုင်ခင် လုပ်ငန်းခွင်ထဲ ရောက်သွားရခြင်းဟာ ကလေးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ပြင်းပြင်းထန်ထန် ထိခိုက်စေပါတယ်။ နုနယ်တဲ့အရွယ်မှာ လေးလံတဲ့ အလုပ်ဒဏ်တွေ၊ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်တွေကြောင့် ကျန်းမာရေး ထိခိုက်ပျက်စီးရသလို၊ ကလေးပီပီ ပျော်ရွှင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးပြီး စိတ်ဒဏ်ရာတွေပါ ရရှိစေပါတယ် အဆိုးဆုံးကတော့ သူတို့ရဲ့ ပညာမဲ့ ဘဝအခြေအနေကြောင့် ဆင်းရဲမွဲတေမှု သံသရာထဲကနေ ဘယ်တော့မှ ရုန်းမထွက်နိုင်တော့ဘဲ တစ်သက်လုံး ဒီလိုဘဝမျိုးနဲ့ပဲ အဆုံးသတ်သွားရတတ်တာပါ။ ဒါကြောင့်မို့လို့ ကလေးတစ်ယောက်ချင်းစီရဲ့ လူသားဆန်တဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့နဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံး ပိုမိုတိုးတက်ပြီး အမှောင်ထုထဲက ရုန်းထွက်နိုင်ဖို့အတွက် ကလေးလုပ်သားစနစ်ကို ကျွန်တော်တို့ မဖြစ်မနေ အမြစ်ပြတ် ဖြတ်တောက်ပစ်ရမှာ ဖြစ်ပါတယ်။ 💬 Child Labor ဖြစ်ရခြင်းရဲ့ သံသရာကို အပြီးတိုင် ဖြတ်တောက်ပစ်နိုင်မယ့် တစ်ခုတည်းသော ဓားထက်ထက်ကတော့ "ပညာရေး" ပဲ ဖြစ်ပါတယ် 🔑 ပညာရေးဟာ သူတို့လေးတွေရဲ့ လက်ရှိရုန်းကန်နေရတဲ့ ဘဝအမှောင်ထုကို ဖြိုခွင်းပေးမယ့် အလင်းရောင်စစ်စစ်ပါ။ 🛠️ စက်ရုံအလုပ်ရုံတွေထဲကနေ စာသင်ခန်းထဲဆီသို့ ကလေးငယ်တွေရဲ့ နုနယ်တဲ့ လက်ဖဝါးလေးတွေဟာ လေးလံတဲ့အလုပ်တွေအတွက် မဟုတ်ဘဲ၊ အိပ်မက်တွေကို ပုံဖော်မယ့် စာအုပ်စာပေတွေအတွက်ပဲ ဖြစ်ပါစေ 📚။ 🕊️ တိုက်ပွဲဝင်စရာမလိုတဲ့ စာသင်ခန်း ကလေးတိုင်း ဘဝကို ရုန်းကန်နေရခြင်းမရှိဘဲ လွတ်လပ်စွာ ပညာသင်ကြားနိုင်မယ့်၊ အကာအကွယ်အပြည့်ရှိတဲ့ စာသင်ခန်းလေးတွေကို ဖန်တီးပေးဖို့ လိုအပ်နေပါပြီ။ 🤝 အနာဂတ်ကို အတူတူကယ်တင်စို့ ကလေးငယ်တစ်ယောက် စာသင်ခွင့်ရရှိသွားခြင်းဟာ ကလေးလုပ်သား ပပျောက်ရေးအတွက် အားအကောင်းဆုံး ခြေလှမ်းတစ်လှမ်းပဲ ဖြစ်ပါတယ်။ ကလေးငယ်တွေရဲ့ ပညာရေး အနာဂတ်ကို ဝိုင်းဝန်းပံ့ပိုးပေးပြီး၊ သူတို့လေးတွေရဲ့ ကမ္ဘာငယ်လေးကို စာအုပ်စာပေတွေနဲ့ အတူတူ လှပစေကြပါစို့ရှင့် 💖။ ——— ☘️Telegram https://t.me/theforwardsociety ☘️Facebook https://www.facebook.com/groups/5633301343413398/?ref=share&mibextid=NSMWBT ☘️Instagram https://www.instagram.com/theforwardsoc/profilecard/?igsh=M2c2N293cXJkczBl ☘️Linkedln https://www.linkedin.com/company/theforwardsociety

  • без подписи

  • 7 авг.659157

    ✍️ ကမ္ဘာလှည့်ခရီးသည် မဟုတ်ဘဲ ‘ကမ္ဘာလှည့်စာရေးဆရာ’ အဖြစ် ဟောင်ကောင်မှာ ၁ လတာ အခမဲ့ နေထိုင်ခွင့် ကလောင်သွားတစ်ခုရဲ့ အရေးပါပုံနဲ့ အစိုးရပုံက ခေတ်အဆက်ဆက် မပြောင်းလဲဘဲ ရှိလို့နေတာ စာရေးဝါသနာပါသူတို့ အသိပဲပေါ့။ အဲ့လိုပဲ ကိုယ့်ရဲ့ ကလောင်စွမ်းကို အသုံးချပြီး ကိုယ့်ရဲ့ Community အပေါ် အရေးပါတဲ့ သက်ရောက်မှု ရှိချင်သူတွေလည်း အမြောက်အများရှိလိမ့်မယ်လို့ ထင်ပါတယ်။ ကိုယ်တိုင် ဖန်တီးထားတဲ့ စာပေလက်ရာတွေ၊ ကဗျာတွေနဲ့အတူ... ဟောင်ကောင်ရဲ့ ဆိတ်ငြိမ်ပြီး အနုပညာဆန်တဲ့ ပတ်ဝန်းကျင်မှာ ၁ လတာ အခမဲ့ နေထိုင်ရင်း ကမ္ဘာတစ်ဝန်းက စာပေပညာရှင်တွေနဲ့ အနုပညာ ဖလှယ်နိုင်မယ်ဆိုရင်? 🇭🇰✨ ဟောင်ကောင်ဗတ္တိဇံတက္ကသိုလ် (𝐇𝐨𝐧𝐠 𝐊𝐨𝐧𝐠 𝐁𝐚𝐩𝐭𝐢𝐬𝐭 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲) ရဲ့ နာမည်ကျော် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐖𝐫𝐢𝐭𝐞𝐫𝐬' 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 (𝐈𝐖𝐖) ကနေပြီး ၂၀၂၇ ခုနှစ်အတွက် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐖𝐫𝐢𝐭𝐞𝐫𝐬' 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 (𝐈𝐖𝐖) မှာ ပါဝင်ဖို့ ကမ္ဘာတစ်ဝန်းက စာရေးဆရာတွေကို ဖိတ်ခေါ်နေပါပြီ။ ၂၀၀၄ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ဒီအစီအစဉ်ဟာ အခုဆိုရင် နိုင်ငံပေါင်း ၆၀ ကျော်က စာရေးဆရာ ၁၅၀ ကျော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့ပြီး ဖြစ်ပါတယ်။ စာရေးဆရာတစ်ယောက်ရဲ့ ဖန်တီးမှု စမ်းရေအိုင်ဟာ စားဝတ်နေရေး ပူပန်မှုတွေကြားမှာ ရွှံ့ညွန်ဖြစ်သွားတတ်တာမျိုးကို မြင်တာကြောင့် HKBU က စာရေးသူတို့ရဲ့ ဖန်တီးမှု သက်သက်အတွက်ပဲ အောက်ပါအတိုင်း ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်နော်။ ✈️ 𝐑𝐨𝐮𝐧𝐝𝐭𝐫𝐢𝐩 𝐀𝐢𝐫𝐟𝐚𝐫𝐞: အသွားအပြန် လေယာဉ်လက်မှတ် (Economy Class)။ 🏨 𝐀𝐜𝐜𝐨𝐦𝐦𝐨𝐝𝐚𝐭𝐢𝐨𝐧: HKBU Campus ထဲမှာ ၄ ပတ် (၁ လ) တိတိ အခမဲ့ တည်းခိုခွင့်။ 💰 𝐏𝐞𝐫 𝐃𝐢𝐞𝐦: နေ့စဉ် စားစရိတ်အတွက် Daily Allowance (စရိတ်ငွေ)။ 🌟 𝐈𝐖𝐖 𝐋𝐢𝐭𝐞𝐫𝐚𝐫𝐲 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥: "Inheritance" (အမွေအနှစ်) ဆိုတဲ့ Theme နဲ့ ကျင်းပမယ့် စာပေပွဲတော်ကြီးမှာ ပါဝင်ဆွေးနွေးခွင့်။ 🔍 ဘယ်သူတွေ လျှောက်ထားနိုင်သလဲ? (𝐄𝐥𝐢𝐠𝐢𝐛𝐢𝐥𝐢𝐭𝐲) 📌 စာတိုက်တစ်ခုခုကနေ ကိုယ်ပိုင် စာပေ/ကဗျာစာအုပ် အနည်းဆုံး တစ်အုပ် ထုတ်ဝေဖူးသူ ဖြစ်ရပါမယ် (Self-published စာအုပ်များ မဖြစ်ရ)။ 📌 လက်ရှိ ဟောင်ကောင်ပြင်ပတွင် နေထိုင်သူ ဖြစ်ရပါမယ်။ 📌 အင်္ဂလိပ်ဘာသာ (သို့မဟုတ်) တရုတ်ဘာသာ (Mandarin/Cantonese) ကို ကျွမ်းကျင်စွာ ပြောဆို အသုံးပြုနိုင်သူ ဖြစ်ရပါမယ်။ (𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬) ‌ 1️⃣ Artist's Statement (၁ မျက်နှာ): ကိုယ့်ရဲ့ စာပေလက်ရာတွေနဲ့ ဒီအစီအစဉ်မှာ ဘာတွေရေးသားဖို့ ရည်မှန်းထားလဲဆိုတာ (အင်္ဂလိပ် သို့မဟုတ် တရုတ်ဘာသာဖြင့် ရေးသားရန်)။ 2️⃣ Recent Work (၁၀ - ၁၂ မျက်နှာ): လတ်တလော ကိုယ်တိုင်ရေးသားထားတဲ့ လက်ရာတွေ (Creative Nonfiction, Fiction, Drama, Poetry, Digital writing စသည်)။ ( ❗မူရင်းက အင်္ဂလိပ်/တရုတ် မဟုတ်ပါက ဘာသာပြန်ချက် ပူးတွဲရပါမည်။ ) CV / Resume: ကိုယ့်ရဲ့ စာပေဖြတ်သန်းမှု ရာဇဝင်။ Referees (၂ ဦး): ကိုယ့်ကို ထောက်ခံပေးမယ့်သူ (Recommend) နှစ်ဦးရဲ့ ဆက်သွယ်ဖို့ အီးမေးလ်လိပ်စာ။ အပေါ်က စာရွက်စာတမ်းတွေ Font size 12, Margin 1 inch စနစ်တကျ ပြင်ဆင်ပြီး Single PDF တစ်စောင်တည်းအဖြစ် iww@hkbu.edu.hk သို့ အီးမေးလ်ပေးပို့ လျှောက်ထားရမှာပါ။ ⏰ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞: 14 August 2026 🗓️ 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧: 26 Feb 2027 to 25 Mar 2027 (၁ လတာ)။ ဒါက စာရေးဝါသနာပါသူတွေအဖို့ သေချာပေါက် စမ်းကိုစမ်းကြည့်သင့်တဲ့ Program တစ်ခုလို့သာ ပြောချင်ပါတယ်။ ကိုယ့်ရဲ့ မိတ်ဆွေတွေထဲမှာလည်း စာရေးဝါသနာပါတဲ့သူတွေရှိရင် မျှဝေပေးလိုက်ပါဦးနော်။ Official Announcement: https://iww.hkbu.edu.hk/?hl=en-GB Official Website: https://www.hkbu.edu.hk/en.html ——— 🔗 Telegram Channel https://t.me/theforwardsociety 🔗 Facebook Group https://www.facebook.com/groups/5633301343413398/?ref=sha The Forward Society (Community) 🔗 Instagram https://instagram.com/theforwardsoc?igshid=MzRlODBiNWFlZA== 🔗 LinkedIn https://www.linkedin.com/company/theforwardsociety

  • без подписи

  • 6 авг.781125

    ဘန်ကောက်မှာ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 နဲ့ ကျောင်းတက်ရမယ်ဆိုရင် စိတ်ဝင်စားကြလား❓ 𝐂𝐨𝐥𝐥𝐞𝐠𝐞 𝐨𝐟 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭, 𝐌𝐚𝐡𝐢𝐝𝐨𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐂𝐌𝐌𝐔) မှာ 𝐌𝐚𝐬𝐭𝐞𝐫’𝐬 𝐃𝐞𝐠𝐫𝐞𝐞 တက်ရောက်လိုသူများအတွက် 𝐅𝐮𝐥𝐥 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 နှင့် 𝐏𝐚𝐫𝐭𝐢𝐚𝐥 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 လျှောက်ထားနိုင်ပြီပဲ ဖြစ်ပါတယ်ခင်ဗျာ။ CMMU ဟာဆိုရင် ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေထဲက တစ်ခုဖြစ်ပြီး ခုကတော့ 𝐌𝐚𝐬𝐭𝐞𝐫 𝐎𝐟 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦 အတွက် ပေးတဲ့ Scholarship ပဲ ဖြစ်ပါတယ်။ Management ပိုင်းမှာ နိုင်ငံတကာအတွေ့အကြုံရယူပြီး Career ကို နောက်တစ်ဆင့်တက်လှမ်းချင်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ Scholarship အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။ ▪️ 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 Program - Master Of Management Duration - 2 years (4 semesters) ▪️ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐓𝐲𝐩𝐞𝐬 Full Scholarship အတွက်ဆိုရင်တော့ Undergraduate GPA 3.5 နဲ့ 3.5 အထက် ရှိရမှာဖြစ်ပြီး Tuition Fees Fully Cover ဖြစ်ပါတယ်ခင်ဗျာ။ Partial Scholarship အတွက်ဆိုရင် အနည်းဆုံး GPA 3.25 ရထားရမှာ ဖြစ်ပါတယ်။ ▪️ 𝐄𝐥𝐢𝐠𝐢𝐛𝐢𝐥𝐢𝐭𝐲 -Bachelor Degree ကိုင်ဆောင်ထားသူ -IELTS 6.5 (or) TOEFL 550 Within The Last Two Years -ဒါမှမဟုတ် CMMU English Exam ဖြေဆိုနိုင်သူ -Admission Interview အောင်မြင်ရပါမယ်။ ▪️ 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐝 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐬 လိုအပ်တဲ့ စာရွက်စာတမ်းတွေအကုန်လုံးကို English လိုရေးသားထားရမှာဖြစ်ပါတယ်။ -Scholarship Application Form Application Form လေးကို ဖြည့်ပေးရပါမယ်။ -(2) Recommendation Letters ကိုယ်တက်ခဲ့တဲ့ တက္ကသိုလ်က Instructors တွေ ရေးပေးတဲ့ Academic Recommendation Letter ဖြစ်ရပါမယ်။ Personal Statement ကိုယ်က ဒီရဲ့ Scholarship ကို ဘာကြောင့်ရသင့်လဲဆိုတာ ရေးပေးရမှာဖြစ်ပြီး Single-spaced Format နဲ့ တစ်မျက်နှာ ရေးပေးရမှာဖြစ်ပါတယ်။ ▪️ 𝐂𝐨𝐩𝐢𝐞𝐬 𝐎𝐟 𝐈𝐝𝐞𝐧𝐭𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐬 -NRC Card ဒါမှမဟုတ် Passport မိတ္တူ -University Transcript မိတ္တူ ❗️ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞 လေးက 𝐀𝐮𝐠𝐮𝐬𝐭 𝟏𝟎 မို့ တက်ဖို့စဉ်းစားနေတဲ့သူတွေ မြန်မြန်လေးဆုံးဖြတ်သင့်ပါတယ်ခင်ဗျာ။ Scholarship Application Form ကိုလည်း လျှောက်လွှာနဲ့အတူ ပြည့်စုံစွာ တင်သွင်းရမှာဖြစ်ပြီး Scholarship လျှောက်လွှာများကို သတ်မှတ်ထားတဲ့နောက်ဆုံးရက် မတိုင်ခင် ဖြည့်သွင်းရမှာ ဖြစ်ပါတယ်ခင်ဗျာ။ Scholarship ရရှိသွားမယ်ဆိုရင်တော့ အောက်ပါအချက်တွေကို လိုက်နာပေးဖို့ လိုအပ်ပါတယ်ခင်ဗျာ။ -Full Scholarship အတွက်ဆိုရင် Semester တစ်ခုအပြီး စုစုပေါင်း GPA အနည်းဆုံး 3.5 ကို ဆက်လက်ထိန်းသိမ်းထားရမှာဖြစ်ပြီး ဘွဲ့မရရှိခင် English လို ရေးထားတဲ့ Thesis ကို နိုင်ငံတွင်း ဒါမှမဟုတ် နိုင်ငံတကာ ပညာရပ်ဆိုင်ရာ Conference တွေမှာ တင်ပြရမှာဖြစ်ပါတယ်။ -Partial Scholarship ရတဲ့သူတွေကတော့ GPA 3.25 ကို ဆက်လက်ထိန်းသိန်းထားနိုင်ဖို့ လိုအပ်ပါတယ်ခင်ဗျာ။ Application လေးရဲ့ Deadline က နီးနေပြီမို့ ကိုယ်က Management ပိုင်းမှာ Master တက်ဖို့ စဉ်းစားနေတယ်ဆိုရင် လျှောက်ထားဖို့ အကြံပြုပါတယ်နော်။ 🎓 Official Website Link: https://apply.cm.mahidol.ac.th/web/more/scholarship_en Registration Form Link: https://apply.cm.mahidol.ac.th/web/images/documents/appform2017.pdf ——— 🔗 Telegram Channel https://t.me/theforwardsociety 🔗 Facebook Group https://www.facebook.com/groups/5633301343413398/?ref=sha The Forward Society (Community) 🔗 Instagram https://instagram.com/theforwardsoc?igshid=MzRlODBiNWFlZA== 🔗 LinkedIn https://www.linkedin.com/company/theforwardsociety

  • без подписи

  • ✨ 𝐌𝐞𝐝𝐢𝐚 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬𝐡𝐢𝐩 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 ✨ 𝐓𝐡𝐞 𝐅𝐨𝐫𝐰𝐚𝐫𝐝 𝐒𝐨𝐜𝐢𝐞𝐭𝐲 𝐱 𝐃 𝐃𝐚𝐭𝐚 𝐋𝐚𝐛 ကျွန်တော်တို့ The Forward Society မှ D Data Lab ကနေပြုလုပ်မယ့် "လူငယ်နှင့် IT Career Festival 2026" အတွက် Media Partner အဖြစ် ကူညီအားဖြည့်ပေးထားပါတယ်။ "လူငယ်နှင့် IT Career Festival 2026" ဟာ IT Career ကို စတင်လေ့လာချင်သူတွေ၊ Data, AI, Cloud စတဲ့ နယ်ပယ်တွေကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့ Webinar Series တစ်ခုဖြစ်ပါတယ်။ ဒီပွဲမှာတော့ Myanmar, Singapore, Dubai, Thailand နဲ့ Vietnam စတဲ့ နိုင်ငံတွေမှာ Data Engineers, Data Analysts, AI Engineers, Technical Directors နဲ့ Heads of Digital Products တွေအပြင် Software Engineer အဖြစ် အလုပ်လုပ်ကိုင်နေတဲ့ Industry Professionals တွေရဲ့ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံတွေ၊ Career Journey နဲ့ IT Industry ရဲ့ Career Opportunities တွေကို Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Webinar အကြောင်း အသေးစိတ်ကိုတော့ ဒီ Link ကနေတစ်ဆင့် ကြည့်ရှုလို့ ရပါတယ်။👇 https://www.facebook.com/share/p/18d9jLARxu/ IT Field ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အကျိုးရှိမယ့် Webinar တစ်ခုဖြစ်တာကြောင့် လက်မလွတ်မခံသင့်ပါဘူးနော် 🗓️Date: 6 August 2026 to 9 August 2026 (4 Days) ⏳Time: 7:00 PM - 9:00 PM (MMT) 📍Platform: Zoom (Online) 🖇️Registration Link: https://forms.gle/zdX7NMcoUKXusQZ26

  • без подписи

  • 𝐌𝐞𝐝𝐢𝐚 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬𝐡𝐢𝐩 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 🎉 MIND Organization ကနေ ပြုလုပ်မယ့် “𝐅𝐮𝐭𝐮𝐫𝐞 𝐋𝐞𝐚𝐝𝐞𝐫𝐬 & 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬” Program အတွက် ကျွန်တော်/မ တို့ရဲ့ The Forward Society ကနေပါဝင်အားဖြည့် ထားပါတယ် 🏆 ✨ MIND Organization ဟာဆိုရင် လူငယ်တွေအတွက် အကျိုးပြုစေမဲ့ Quality Education ကို တစ်ထောင့်တစ်နေရာကနေ ဖော်ဆောင်ပေးနေပြီး Leadership နဲ့ ပတ်သက်တဲ့ Webinars တွေ၊ Panel Discussion တွေ၊ Workshop တွေကို အမြဲအပြတ် စီစဉ်ပေးနေတဲ့ လူငယ်အကျိုးပြု Organization တစ်ခုဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ အရည်အသွေးပြည့်မီတဲ့ ပညာရေးနဲ့ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ Knowledge Sharing Content တွေကိုလည်း နေ့စဉ် MIND ရဲ့ Page မှာ sharing လုပ်ပေးလျက်ရှိပါတယ်။ ဒီ တစ်ခါမှာလည်း ခေါင်းဆောင်မှု စွမ်းရည်နဲ့အတူ ကိုယ့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို မိုင်ကုန်မြှင့်တင်ပေးမယ့် MIND ရဲ့ “Future Leaders & Entrepreneurs” Program ကတော့ အချိန်ကာလအားဖြင့် သင်ကြားချိန် ၃ လ နဲ့အတူ လက်တွေ့လုပ်ဆောင်ရမဲ့ ကာလပါ ပါဝင်မှာ ဖြစ်ပါတယ်။ ဒီလို တက်ရောက်သူ တစ်ဦးတစ်ယောက်ချင်းစီမှာ အခြေခံ လိုအပ်တဲ့ Skills တွေ ပိုင်နိုင်စေဖို့ နယ်ပယ် အသီးသီးရဲ့ အောင်မြင်ကျော်ကြား လူသိများတဲ့ Guest Speaker တွေ ကိုယ်တိုင်က စာတွေ့သာမက လက်တွေ့သင်ခန်းစာတွေနဲ့ပါ သေချာ သင်ပြပေးသွားမှာပါ။ Program ရဲ့ အသေးစိတ်ကိုတော့ အောက်က MIND ရဲ့ Announcement Post Link ကနေ တစ်ဆင့် ဖတ်ရှုပြီး Join နိုင်ပါတယ် 👇 🔗https://www.facebook.com/share/p/1bxfBxBB1v/ 📌 Course Details ↔️ Duration - 3 Months + Practical 📅 Date - 25th July to 25th December,2026 ( Saturday and Sunday ) 🕖 Time။ - 7:00 PM to 9:30 PM 🏦 Place - Zoom Platform “ အခြေခံ ခြေလှမ်းများမှသည် တိုးတက်သော အောင်မြင်မှုများဆီသို့ ” MIND - Mentoring in New Dimensions “Unlocking New Dimensions through Quality Education" 📝Content - Daywi 🎨Graphic - Nyi Nyi Htet 🔗Contact us on: Email mind.pr810@gmail.com Facebook https://www.facebook.com/profile.php?id=61561937617981 Telegram channel t.me/mind_mindor Tiktok Account @mind2k24

  • без подписи

  • ✈️အမြင့်ဆုံးသော ပညာရေးအိပ်မက်တွေဆီ ပျံတက်ဖို့ Cockpit ထဲမှာ အဆင်သင့်ဖြစ်ပြီလား❓ လေယာဉ်တစ်စင်း ကောင်းကင်ယံပေါ်ကို အောင်အောင်မြင်မြင် ပျံတက်နိုင်ဖို့ဆိုတာ အင်ဂျင်ကောင်းရုံတင်မကဘဲ မပျံသန်းခင် Cockpit ထဲမှာ သေချာလုပ်ဆောင်ရတဲ့ 𝐏𝐫𝐞-𝐟𝐥𝐢𝐠𝐡𝐭 𝐂𝐡𝐞𝐜𝐤 ပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ ယခု 2026 August ကသာ TFSer လေးတို့ရဲ့ အနာဂတ်ပညာရေးခရီးစဉ်အတွက် Application Prep Season အစ ဖြစ်မယ်ဆိုရင်… ကိုယ်က ကွင်းပြင်ထဲကနေ တခြားသူတွေ ပျံတက်သွားတာကိုပဲ ငေးကြည့်နေမယ့်သူတစ်ယောက် ဖြစ်လိုသလား။❓🤨 ဒါမှမဟုတ် Cockpit ထဲမှာ အသေအချာ ပြင်ဆင်ပြီး ကိုယ်တိုင်မောင်းနှင်မယ့် Pilot တစ်ယောက်ဖြစ်လိုသလား။ ❓🧐 🔍 ဘာကြောင့် လမ်းကြောင်းလွဲချော်တတ်သလဲ❓ Scholarship အများစုမှာ ကျောင်းသားတွေ ကျရှုံးရတဲ့အကြောင်းရင်းကို သေချာလေ့လာကြည့်မယ်ဆိုရင် အရည်အချင်း မရှိတာထက် ပြင်ဆင်မှု လွဲချော်တာ က အဓိက တရားခံဖြစ်နေတတ်ပါတယ်။ 🤦🏻‍♂️ ♨️Deadline တွေ နီးကပ်မှ Deadline Fighter လုပ်ပြီး Essay တွေ ကမန်းကတန်း ပြင်ဆင်မိတာ၊ ♨️စာရွက်စာတမ်းတွေ မပြည့်စုံတာဟာ ပျံတက်ခါနီးမှ အင်ဂျင်ချို့ယွင်းချက်ကို ရှာမတွေ့တာနဲ့ အတူတူပါပဲ။ ဒါကြောင့် ကိုယ်ကသာ SDG 4.9 က ဖော်ဆောင်ပေးထားတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ပညာသင်ဆု အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ အိပ်မက်ရှိသူဆိုရင် စနစ်တကျရှိတဲ့ 𝐒𝐲𝐬𝐭𝐞𝐦𝐚𝐭𝐢𝐜 𝐏𝐫𝐞𝐩𝐚𝐫𝐚𝐭𝐢𝐨𝐧 ရှိဖို့က မရှိမဖြစ် လိုအပ်ပါတယ်။💯 📋ကိုယ့်ရဲ့မောင်းနှင်မယ့် လေယာဉ်မှာ ဒါတွေ အစုံအလင် ရှိပြီလား❓ အောက်ဖော်ပြပါ အချက်လေးတွေကတော့ ကိုယ့်ရဲ့ ပညာရေး အိပ်မက်တွေဆီ ပျံသန်းဖို့ Trajectory ကို ထိန်းကျောင်းပေးမယ့် Checkpoints တွေဖြစ်တဲ့အလျောက် မပြည့်စုံသေးဘူးဆိုရင်လည်း မဖြစ်မနေ ဖြည့်ထားပေးဖို့က TFSer လေးတို့ရဲ့ တာဝန်ပါပဲနော်။ ⛽️ 𝐅𝐮𝐞𝐥 ဆိုတဲ့ လောင်စာ Scholarship ခရီးစဉ်တစ်လျှောက်မှာ လောင်စာဆီလို အရေးအကြီးဆုံးကတော့ Personal Statement & CV ပါပဲ။ ခိုင်မာတဲ့ PS တစ်စောင်ဆိုတာ ကိုယ့်ရဲ့ Story နဲ့ Vision ကို ပေါင်းစပ်ပြီး လေယာဉ်ကို အဝေးကြီး ပျံသန်းနိုင်စေမယ့် အားအကောင်းဆုံးသော High-quality လောင်စာပါ။ တစ်ဖက်မှာလည်း ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေ အပြည့်အဝ ပါဝင်တဲ့ CV က လောင်စာရဲ့ Octane Rating ကို သတ်မှတ်ပေးနိုင်ပါတယ်။ အပေါ်ယံ Experience တွေထက် ကိုယ်ဘယ်လောက်အထိ Impact ဖန်တီးနိုင်ခဲ့လဲဆိုတာကို ရှင်းလင်းအောင် ချပြနိုင်မှသာ အိပ်မက်တွေဆီ ပိုမိုမြန်ဆန်စွာ ရောက်ရှိနိုင်မှာပါ။ 🖥 𝐃𝐚𝐬𝐡𝐛𝐨𝐚𝐫𝐝 ဆိုတဲ့ ထိန်းချုပ်မှုစနစ် ကိုယ့်ရဲ့ Academic Record တွေနဲ့ Recommendation Letter တွေဟာ ကိုယ်သွားနေတဲ့ လမ်းကြောင်းမှန်၊ မမှန်ကို ပြသပေးနေတဲ့ Dashboard တစ်ခုနဲ့ အလားသဏ္ဌာန်တူပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလို ပညာရေးပိုင်းဆိုင်ရာ ထူးချွန်မှုတွေတင်မကဘဲ ကိုယ်နဲ့တိုက်ရိုက် လက်တွဲခဲ့တဲ့ ဆရာ/ဆရာမတွေရဲ့ ထောက်ခံချက်တွေက ကိုယ့်ရဲ့ Reliability ကို ကောင်းကောင်း အတည်ပြုပေးနိုင်တာမလို့ပါ။ Dashboard မှာ Error မရှိမှသာ ခက်ခဲတဲ့ Scholarship ရွေးချယ်မှုအဆင့်တွေကို ကျော်ဖြတ်ပြီး Safe Landing ဖြစ်နိုင်မှာပါနော်။ 🛂 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭 𝐑𝐞𝐚𝐝𝐢𝐧𝐞𝐬𝐬 Passport, Transcript နဲ့ English Proficiency Test တွေဟာ ပျံသန်းခွင့် လက်မှတ်တွေလိုပါပဲ။ တစ်ခါတလေမှာ အသေးအဖွဲလို့ ထင်ရတဲ့ စာရွက်စာတမ်း တစ်စောင်ကြောင့်တောင် Gate မှာတင် တားဆီးခံရနိုင်ပါတယ်။ ဒါကြောင့် August လထဲမှာတင် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စနစ်တကျ Scan ဖတ်ပြီး Cloud ပေါ်မှာ သိမ်းဆည်းထားတာမျိုး၊ Digital Library တစ်ခု တည်ဆောက်ထားတာမျိုးက ပျံသန်းမှု လွယ်ကူစေဖို့ အကောင်းဆုံး ပြင်ဆင်မှုတစ်ခုပါပဲရှင်။ 🏁ဒါဆိုရင် TFSer လေးတို့က အင်ဂျင်ချို့ယွင်းချက်တွေ၊ အမှားအယွင်းတွေနဲ့ အမြင့်ကိုပျံတက်ဖို့ ကြိုးစားရင်း လမ်းခုလတ်မှာ ကျရှုံးသွားလိုသူတွေလား။ ❓🤨 ဒါမှမဟုတ် အစအဆုံး အမှားအယွင်းမရှိတဲ့ ပညာရေး လေကြောင်းခရီးစဉ်အတွက် TFS နဲ့အတူတူ စနစ်တကျ ပြင်ဆင်မှာလား?❓🧐 ကိုယ့်ရဲ့ အိပ်မက်တွေဆီ အောင်မြင်စွာ Takeoff လုပ်နိုင်ဖို့အတွက် ကျွန်မတို့ရဲ့ 𝐓𝐡𝐞 𝐅𝐨𝐫𝐰𝐚𝐫𝐝 𝐒𝐨𝐜𝐢𝐞𝐭𝐲 နဲ့အတူ Pre-flight check ကို ဒီနေ့ပဲ စတင်လိုက်ကြစို့နော်။ 🛫✨ ——— 📎 Telegram ‎ ‎ https://t.me/theforwardsociety ‎ ‎ 📎 Facebook ‎ ‎ https://www.facebook.com/groups/5633301343413398/?ref=share&mibextid=NSMWBT ‎📎 Instagram ‎ ‎ https://www.instagram.com/theforwardsoc?igsh=a3g3YjhpaHoxeWFv ‎ 📎 LinkedIn ‎ ‎ https://www.linkedin.com/company/theforwardsociety ‎

  • без подписи

  • မိုးလင်းကနေ မိုးချုပ်တဲ့အထိ တစ်နေ့လုံး အလုပ်တွေ လုပ်နေပေမဲ့ ညဘက်ရောက်ရင် ဘာမှ ထူးထူးခြားခြား ပြီးမသွားသလို ခံစားရဖူးလား? 🤔 အဲ့ဒါက ဘာကြောင့်များလဲဆိုတာ အတူတူ အဖြေရှာကြည့်ရအောင်လား TFSer လေးတို့ရေ။ Physics ရဲ့ သဘောတရားအရ Work Done = Force × Displacement ဆိုတဲ့ Formula ရှိတယ်ဟုတ်? ဒါကို အလုပ်ပြီးမြောက်ခြင်းနဲ့ ယှဉ်ကြည့်ရင် 𝐖𝐨𝐫𝐤 𝐃𝐨𝐧𝐞 = 𝐄𝐟𝐟𝐨𝐫𝐭 × 𝐃𝐢𝐬𝐩𝐥𝐚𝐜𝐞𝐦𝐞𝐧𝐭 ကိုယ်က Effort (အားစိုက်ထုတ်မှု) တွေ အများကြီး စိုက်နေပါလျက်နဲ့ ဘာလို့ အလုပ်တွေ မပြီးမြောက်ရသလဲဆိုရင်... ကိုယ့်ရဲ့ အားထုတ်မှုက ကိုယ့်ကို ပန်းတိုင်ဆီ (Displacement) တကယ်ရောက်အောင် မပို့ပေးနိုင်လို့ပါပဲ။ 📍 ဥပမာအားဖြင့် စက်ဝိုင်းပုံလမ်းကြောင်းပေါ်မှာ တစ်နေကုန် ပတ်ပြေးနေရင် အကွာအဝေး(Distance) တွေ ဘယ်လောက်များများ၊ တကယ်တမ်း နေရာရွေ့သွားမှု (Displacement) ကတော့ သုည ဖြစ်နေတတ်သလိုမျိုးပေါ့။ ⚠️ အလုပ်ဖြစ်သယောင်ယောင်နဲ့ အလုပ်များနေခြင်း (𝐏𝐬𝐞𝐮𝐝𝐨-𝐖𝐨𝐫𝐤) စာမေးပွဲဖြေဖို့ ညလုံးပေါက် Notes တွေကို Highlight တားမယ်၊ Study Plan တွေ အပတ်တကုတ် ဆွဲနေမယ်။ ဒါပေမဲ့ တကယ်တမ်း စာမရသလို ရလဒ်လည်း ထွက်မလာတာမျိုး ကြုံဖူးမှာပါ။ ဒါဟာ Passive Learning လုပ်နေမိလို့ပါပဲ။ ကိုယ်မရတဲ့ အခန်းကို သေချာအချိန်မပေးဘဲ တခြားဟာတွေနဲ့ ရောပြီး သာမန်ကာလျှံကာ ဖတ်မိတာမျိုး၊ မှားခဲ့တဲ့ ပုစ္စာကို ဘာကြောင့်မှားလဲ ပြန်မစစ်တာမျိုးတွေက "အလုပ်ရှုပ်နေတာ" ပဲ ရှိပြီး "အလုပ်ဖြစ်တာ" မဟုတ်ပါဘူး။ ❌ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်း (၂) ချက်ကတော့ 1️⃣ 𝐏𝐬𝐞𝐮𝐝𝐨 𝐖𝐨𝐫𝐤: Productive ဖြစ်နေသလို ခံစားရအောင် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာမျိုးပါ။ သတိထားရမှာက Planning ဆိုတာ Working မဟုတ်သေးပါဘူး။ အစီအစဉ်ဆွဲနေရုံနဲ့တော့ အလုပ်က ပြီးမြောက်သွားမှာ မဟုတ်ဘူးလေ။ 2️⃣ 𝐏𝐫𝐨𝐜𝐫𝐚𝐬𝐭𝐢𝐧𝐚𝐭𝐢𝐨𝐧: High-Impact Tasks တွေက ခက်ခဲတဲ့အတွက် ဦးနှောက်က ရှောင်ချင်လာပြီး Email စစ်တာ၊ ဖိုင်စီတာလိုမျိုး အသေးအဖွဲလေးတွေ လုပ်ပြီး "ငါ အလုပ်လုပ်နေပါတယ်" လို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်တတ်ကြပါတယ်။ အဲ့ဒီကရတဲ့ Dopamine လေးက ကိုယ့်ကို အလုပ်ဖြစ်နေတယ်လို့ အထင်မှားစေတာပါ။ ✅ ဒါဆို အလုပ်တကယ်ဖြစ်အောင် ဘာတွေလုပ်ကြမလဲ? ▪ 𝐃𝐢𝐫𝐞𝐜𝐭𝐢𝐨𝐧 + 𝐅𝐨𝐜𝐮𝐬 ကို ရှင်းလင်းအောင် ထားပါ 🎯 အရှေ့ကို သွားနေပါလျက်နဲ့ တောင်ဝင်မြောက်ထွက်၊ ကြားထဲ တခြားဟာတွေလုပ်နေမယ်ဆိုရင် Distance (အကွာအဝေး) သာ တိုးလာမယ်၊ Displacement (ခရီးရောက်မှု) ကတော့ ရှိလာမှာ မဟုတ်ပါဘူး။ တစ်နေ့တာမှာ "ငါ ဒီတစ်ခုကိုတော့ အပြီးသတ်မယ်" ဆိုတဲ့ ဦးတည်ချက်ချတတ်ပြီး လုပ်ဖို့ကို သေချာလေ့ကျင့်ယူပါ။ ▪ 𝐇𝐢𝐠𝐡-𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐓𝐚𝐬𝐤𝐬 ကိုပဲ ရွေးပါ (80/20 Rule) 📊 ရလဒ်ရဲ့ ၈၀% ကို ပေးစွမ်းနိုင်မယ့် အဓိကအလုပ် ၂၀% က ဘာလဲဆိုတာ ရှာဖွေပြီး အဲ့ဒါကိုပဲ အာရုံစိုက်ပါ။ ▪ 𝐌𝐨𝐭𝐢𝐨𝐧 ကနေ 𝐀𝐜𝐭𝐢𝐨𝐧 ထံ ကူးပြောင်းပါ 🚀 အစီအစဉ်ဆွဲတာ၊ စာအုပ်စီတာဟာ Motion (လှုပ်ရှားမှု) သက်သက်ပဲ ရှိပါသေးတယ်။ တကယ်စာတွက်တာ၊ လက်တွေ့လုပ်ဆောင်တာကမှ Action (အလုပ်ဖြစ်ခြင်း) ပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ရအောင်... TFSer လေးတို့က တကယ်ပဲ အလုပ်တစ်ခုကို အောင်အောင်မြင်မြင် ပြီးမြောက်ချင်တာလား? ဒါမှမဟုတ် အလုပ်ရှုပ်နေတဲ့ ပုံစံလေးနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေချင်တာလား? 🧐 ရလဒ် (Result) ထွက်လာမှပဲ ကိုယ့်ရဲ့ ကြိုးစားမှုက တန်ဖိုးရှိလာမှာပါ။ အလုပ်ရှုပ်ပြနေတာထက် အလုပ်ဖြစ်အောင် လုပ်ဆောင်နိုင်သူတွေ ဖြစ်လာကြပါစေလို့ TFS က ဆုတောင်းပေးလိုက်ပါတယ်နော်။ ကဲ... ဒါဆိုရင် ဖတ်ပြီးပြီးချင်းမှာပဲ စီစဉ်ထားတဲ့ အလုပ်တွေထဲက တစ်ခုကို အခုချက်ချင်း စလုပ်လိုက်ရအောင်လား TFSer လေးတို့ရေ။ ❗ ——— Telegram Channel https://t.me/theforwardsociety Facebook Group https://www.facebook.com/groups/5633301343413398/?ref=sha The Forward Society (Community) Instagram https://instagram.com/theforwardsoc?igshid=MzRlODBiNWFlZA== LinkedIn https://www.linkedin.com/company/theforwardsociety

  • без подписи

  • 🌧️𝐍𝐚𝐦𝐞𝐬 𝐨𝐟 𝐑𝐚𝐢𝐧 🌧️ အခု နောက်ပိုင်းမှာ ကျွန်မတို့တွေဟာ ကောင်းကင်ကနေ ကျလာတဲ့ မိုးရေစက်တွေကို "မိုးရွာတယ်" ဆိုတဲ့ စကားလုံးတစ်လုံးတည်းနဲ့တင် သမားရိုးကျ သုံးနှုန်းလေ့ရှိကြတယ်ဟုတ်? 🤔 တကယ်တမ်းတော့... ဟိုးရှေးရှေးတုန်းတည်းက ကောင်းကင်ကြီးကို မော့ကြည့်ရင်း မိုးရေစက်ကလေးတွေကို သမားရိုးကျ ဖြစ်စဉ်တစ်ခုထက် ပိုပြီး နှလုံးသားနဲ့ ခံစားကြည့်ရှုခဲ့ကြပါတယ်။ မိုးရဲ့လာပုံ၊ ရွာပုံနဲ့ မိုးရေစက်တွေ အရေပြားပေါ် ကျဆင်းလာတဲ့ ခံစားချက်အပေါ် မူတည်လို့ နာမည်လေးတွေ သီးသန့် ပေးခဲ့ကြတာ ရှိပါတယ်။ ပြောရရင် အဲ့ဒီနာမည်တွေက နည်းပညာဆန်တဲ့ အခေါ်အဝါ်တွေတော့လည်း မဟုတ်လှပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်နေပါစေ တကယ့်ကို ရင်းနှီးနွေးထွေးပြီး အနုပညာဆန်ပြီး ရသမြောက်လှတဲ့ ကိုယ်ပိုင်ကဗျာလေးတွေတော့ ဖြစ်ခဲ့ကြပါတယ်။ သဘာဝတရားကို အလေးအနက် တန်ဖိုးထားခဲ့ကြတဲ့ လူတွေဆီကလာတဲ့၊ နေ့စဉ်ဘဝထဲမှာ မေ့လျော့နေမိကြတဲ့ ဒီအခေါ်အဝေါ်လေးတွေဟာ အခုဝဿနဥတုမှာတော့ဖြင့် လူတွေဆီကို တစ်ကြော့ပြန်သွားဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ကျွန်မတို့တွေကပဲ အနွေးထွေးဆုံးနဲ့ ကြိုဆိုပေးလိုက်ကြရအောင်ပါနော်။ 🔷မိုးပြေး သတိမထားမိခင်မှာပဲ ရုတ်တရက် ရောက်လာတတ်ပြီး ရင်ထဲကို အေးမြမှု ခဏတာ ပေးစွမ်းပြီးတာနဲ့ ချက်ချင်း ပြန်ပျောက်ကွယ်သွားတတ်တဲ့ မိုးမျိုးပေါ့။ လောကထဲကို ခဏတာ ဝင်လာပြီး ခြေရာဖျောက်သွားတတ်တဲ့ ဧည့်သည်တစ်ယောက်လို၊ တစ်ခါတလေ ဘဝထဲကို ခဏတာ ဖြတ်သန်းသွားပြီး အမှတ်တရတွေ ချန်ထားခဲ့တတ်တဲ့ လူအချို့လိုမျိုး ခံစားချက်ကို ပေးစွမ်းပါတယ်။ 🫂 🔹မိုးဖွဲ မြေပြင်ပေါ်ကို အားပြင်းပြင်းနဲ့ ရိုက်ခတ်တာမျိုး မဟုတ်ဘဲ ညင်ညင်သာသာလေး ကျဆင်းလာတဲ့ မိုးစက်လေးတွေ ဖြစ်ပါတယ်။ လူကို ချက်ချင်း စိုရွှဲမသွားစေဘဲ စိတ်အာရုံကို သက်သောင့်သက်သာ ဖြစ်စေတဲ့အပြင်၊ တိတ်ဆိတ်တဲ့ ညနေခင်းတွေမှာ ကိုယ့်ရဲ့ အတွင်းစိတ်ကို ပြန်လည် ဆန်းစစ်ဖို့အတွက် တိုးတိုးတိတ်တိတ် စကားပြောနေသလိုမျိုး ခံစားရစေတာပေါ့နော်။ 🌫️ 🔹သင်္ကြန်မိုး နွေအပူရှိန်ရဲ့ နောက်ဆုံးရက်တွေမှာ ကမ္ဘာမြေကို အေးချမ်းစေဖို့ သတင်းစကား ပါးလာတဲ့ မိုး ဖြစ်ပါတယ်။ အတိတ်က ဟောင်းနွမ်းပင်ပန်းခဲ့သမျှ အပူတွေကို ဆေးကြောပေးပြီး လန်းဆန်းတောက်ပတဲ့ အစပြုခြင်းအသစ်တွေကို ယူဆောင်လာပေးတဲ့ မျှော်လင့်ချက် သင်္ကေတတစ်ခုပေါ့ရှင်။ 🌺 🔹ခါတော်မီမိုး ရွာချရမယ့် အချိန်အခါနဲ့ ရာသီဥတုတို့ အတိအကျ တေ့ဆိုင်ပြီးမှ ဆိုက်ဆိုက်မြိုက်မြိုက် ပေါ်ထွက်လာတတ်တဲ့ ကိုယ်ရွှေမိုးဟာ ဘဝမှာ လမ်းပျောက်ပြီး ပင်ပန်းနေတဲ့ အချိန်မျိုးမှာ... ကျွန်မတို့တွေ မျှော်လင့်မထားတဲ့ အချိုးအကွေ့တစ်ခုကနေ လမ်းကြောင်းမှန်ဆီကို အချိန်ကိုက် ရောက်ရှိလာတတ်တဲ့ အခွင့်အရေးကောင်းလေးတွေလိုမျိုး သဘာဝတရားက ပေးဆောင်တဲ့ အဖိုးတန် လက်ဆောင်မွန်တစ်ခုပါပဲ။ 🕰️ 🔷မိုးနှောင်း သူ့ကိုယ်သူ အလာကောင်းတာမို့ အခါမနှောင်း သေးတာကို သိနေတဲ့သူတစ်ယောက်လို လေအဝှေ့မှာ စွေစောင်းရင်း လိုက်ပါလာတတ်တယ်။ မကြာခင် အိမ်ပြန်တော့မယ့်မိုး။ မကြာခင် မိုးသားတွေ ခြေရာဖျောက်ရတော့မယ့် မိုး။ သူရဲ့ရွာပုံဟာ လောကကြီးပွားရာ ကြီးပွားကြောင်း ဖြစ်ပါလျက်နဲ့ မခွဲချင်မခွါရက် မျက်ရည်စတို့ စက်လက် ဖြစ်တဲ့အခါမှာတော့ လူတွေအဖို့ သဘာဝရဲ့ ကောင်းချီးဟာလည်း လောကဓံဖြစ်လာပြန်ပါတယ်။ 🌧️ ဒီနာမည်လေးတွေကို ပြန်တွေးကြည့်တဲ့အခါ၊ ရေရွတ်မိတဲ့အခါ… ကျွန်မတို့ ဖြတ်သန်းနေရတဲ့ ဘဝခရီးလမ်းဟာလည်း မိုးရာသီတစ်ခုလိုပါပဲ။ ကိုယ်စီကိုယ်စီရဲ့ နှလုံးသားထဲမှာ ရာသီဥတုတွေလိုပဲ စိတ်ခံစားမှု အမျိုးမျိုး ပြောင်းလဲကျဆင်းနေတတ်ကြစမြဲပါ။ တစ်ခါတလေမှာ ဘဝက မိုးပြေးလို အလောတကြီး ပြေးလွှားရရင်း ပင်ပန်းနေတတ်သလို၊ တစ်ခါတလေမှာလည်း ခပ်ဖွဲဖွဲ ရွာသွန်းတဲ့ မိုးဖွဲလေးတွေလို အထီးကျန်ပြီး တိတ်ဆိတ်နေတတ်ပါတယ်။ 🌀 ရွာသွန်းဖြိုးတဲ့ မိုးစက်တိုင်းဟာ တွေးကြည့်တတ်ရင် ကဗျာတွေချည်း။ ဒါကြောင့်ပဲ နောက်တစ်ကြိမ် ပြတင်းပေါက်အပြင်ဘက်မှာ မိုးရေစက်တွေ မြေခတာကို မြင်ရတဲ့အခါ၊ TFSer လေးတို့ရဲ့ အပင်ပန်းဆုံး နေ့ရက်တွေကို ငြင်သာစွာ လာရောက်နှစ်သိမ့်ပေးတဲ့ ကမ္ဘာမြေရဲ့ ချော့သိပ်သံလေးအဖြစ် ခဏလောက် ငြိမ်သက်ပြီး နားစွင့်ကြည့်ပေးပါဦး။ 🩶 ——— 🔗 Telegram Channel https://t.me/theforwardsociety 🔗 Facebook Group https://www.facebook.com/groups/5633301343413398/?ref=sha The Forward Society (Community) 🔗 Instagram https://instagram.com/theforwardsoc?igshid=MzRlODBiNWFlZA== 🔗 LinkedIn https://www.linkedin.com/company/theforwardsociety/