tgindex
ASPIRE NOW ✨

ASPIRE NOW ✨

Статистика

~Turning Aspirations Into Achievements ~

Последний пост
11 авг.
Последнее чтение
13 авг.
Постов за неделю
5
Всего постов
22
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
1 263
−1 за 3 дн.
Сутки
−1
−0,08%
Неделя
 
Месяц
 
Просмотров на пост
70
22 постов
Вовлечённость
5,5%
к подписчикам
Постов в день
0,7
всего 22
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
51
1/48двое суток
58
1/72трое суток
63

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 📝 လျှောက်ထားနည်း အဆင့်ဆင့် (Application Process) * Online Application Form ဖြည့်သွင်းခြင်း * "Message to Hiring Manager" အပိုင်းတွင် Cover Letter ပူးတွဲရေးသားခြင်း * Pre-screening အဆင့် စိစစ်ခြင်း * အစီအစဉ်အလိုက် Interview သိုမဟုတ် Written test ဖြေဆိုရခြင်း * ရွေးချယ်ခံရပါက Internship Offer နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးရခြင်း 🌐 အသေးစိတ် ကြည့်ရှုလျှောက်ထားရန် Link: Internships | OECD https://www.oecd.org/careers/internships.htm?hl=en-GB

  • ⏱️ Internship ကြာမြင့်ချိန်နှင့် လျှောက်လွှာပိတ်ရက် (Duration & Deadline) * ကြာမြင့်ချိန်: ၁ လမှ ၆ လအထိ (အများဆုံး ၁၂ လအထိ သက်တမ်းတိုးနိုင်ပြီး OECD မှ အနည်းဆုံး ၄ လ တက်ရောက်ရန် အကြံပြုထားပါသည်) * လျှောက်လွှာပိတ်ရက်: တိကျသော ပိတ်ရက်မရှိဘေ တစ်နှစ်ပတ်လုံး Rolling basis ဖြင့် ခေါ်ယူနေခြင်း ဖြစ်ပါသည် (မိမိ စတင်လိုသည့် ရက်ထက် ၂ လမှ ၃ လ အလို ကြိုတင်လျှောက်ထားရန် အကြံပြုပါသည်)

  • 💡 လျှောက်ထားနိုင်သူများ (Eligibility) * အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုတွင် Bachelor’s, Master’s သိုမဟုတ် PhD ဘွဲသင်တန်း တစ်ခုခုကို Full-time တက်ရောက်နေသူ ဖြစ်ရမည် (Internship ကာလတစ်ခုလုံး ကျောင်းသားအဖြစ် ရှိနေရမည်) * OECD နှင့် သက်ဆိုင်သော ဘာသာရပ်နယ်ပယ်များတွင် သင်ယူနေသူ ဖြစ်ရမည် * အနည်းဆုံး (၁) လ တက်ရောက်နိုင်သူ ဖြစ်ရမည် * အင်္ဂလိပ် သိုမဟုတ် ပြင်သစ်ဘာသာစကား ကျွမ်းကျင်ရမည် * Quantitative & IT skills၊ ရေးသားဆက်သွယ်ရေး skill များ ကောင်းမွန်ပြီး ယဉ်ကျေးမှုမျိုးစုံရှိသော ပတ်ဝန်းကျင်တွင် အဆင်ပြေစွာ လုပ်ကိုင်နိုင်သူ ဖြစ်ရမည် * OECD အဖွဲဝင် မဟုတ်သော နိုင်ငံများမှ ကျောင်းသား/သူများလည်း လျှောက်ထားနိုင်ပါသည်

  • 💰 ခံစားခွင့်များနှင့် ထောက်ပံ့မှုများ (Benefits) * စရိတ်ထောက်ပံ့မှု: လစဉ် စားဝတ်နေရေးစရိတ် ထောက်ပံ့ကြေး (Living-Expense Contribution) အဖြစ် ယူရို ၁,၀၀၀ ရရှိပါမယ် (လစာ မဟုတ်ပါ) * အလုပ်ချိန်: တစ်ပတ်လျှင် နာရီ ၄၀ Full-time လုပ်ကိုင်ရပါမယ် * ခွင့်ရက်: (၂) လထက် ပိုမိုကြာမြင့်သော Internship များအတွက် တစ်လလျှင် ၂.၅ ရက် ခွင့်ခံစားခွင့် ရရှိပါမယ် * အလုပ်လုပ်ကိုင်ပုံ: In-person, Hybrid သိုမဟုတ် Fully remote (ခန့်အပ်သည့် Team အပေါ် မူတည်သည်) * ဗီဇာကူညီမှု: ရွေးချယ်ခံရသော နိုင်ငံတကာ ကျောင်းသား/သူများအတွက် OECD Visa Team မှ ဗီဇာလျှောက်ထားရာတွင် ကူညီပေးပါမယ် (မှတ်ချက် - တည်းခိုနေထိုင်စရိတ်၊ ပါရီသို သွား/ပြန် ခရီးစရိတ်၊ မြိုတွင်း သွားလာစရိတ်များနှင့် ဆေးဝါးအာမခံတိုကို မိမိဘာသာ ကျခံရမည်ဖြစ်ပါသည်)

  • ပြင်သစ်နိုင်ငံ၊ ပါရီမြိုတွင် ပြုလုပ်မည့် OECD Internship Programme 2026 🇫🇷✨ ကမ္ဘာ့အဆင့်မီ အဖွဲအစည်းတစ်ခုဖြစ်တဲ့ OECD (Organisation for Economic Co-operation and Development) မှာ နိုင်ငံတကာမှ ပညာရှင်တွေ၊ မူဝါဒ ရေးဆွဲသူတွေနဲ့အတူ လက်တွဲလုပ်ကိုင်ရင်း အတွေ့အကြုံကောင်းတွေ ရယူနိုင်မယ့် OECD Internship Programme 2026 အခွင့်အလမ်းကို ဖော်ပြပေးလိုက်ပါတယ်နော် ဒီလိုမျိုး ဗဟုသုတနဲ့ ပညာရေးဆိုင်ရာ အခွင့်အလမ်း အချက်အလက်တွေကို အမြဲမပြတ် ဖတ်ရှုနိုင်ဖို Aspire Now ရဲ့ Social Media Platforms တွေကို Join ထားလိုက်ရအောင်နော်... 👇 🌟 Aspire Now ရဲ့ Social Platforms များ * Facebook Page 👉 https://www.facebook.com/profile.php?id=61552851140427&mibextid=ZbWKwL * Telegram Channel 👉 https://t.me/aspirenow_org * Instagram Account 👉 https://www.instagram.com/aspirenoworg?igsh=aWRuYnBocW11bDJo Content တိုင်းကို အကောင်းဆုံး ဖန်တီးပေးနေတဲ့ Team မန်ဘာများ... ✨ #aspirenow_research_SweSwe #aspirenow_content_Noble #aspirenow_graphic_SanSan

  • 🌟 သင်တန်း တက်ရောက်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ LSE တက္ကသိုလ်ရဲ့ သင်ခန်းစာများကို အခမဲ့ ဝင်ရောက်လေ့လာခွင့် ကမ္ဘာကျော် LSE ပါမောက္ခများထံမှ တိုက်ရိုက် သင်ယူနိုင်ခြင်း မိမိအားလပ်ချိန်အပေါ် မူတည်ပြီး ကိုယ်ပိုင်အရှိန်ဖြင့် လေ့လာနိုင်ခြင်း (Self-paced) ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်စေခြင်း ကမ္ဘာတစ်ဝှမ်းမှ သင်ယူသူများနှင့် ချိတ်ဆက်နိုင်ခြင်း Certificate လိုချင်ပါက ဝယ်ယူပြီး CV သိုမဟုတ် LinkedIn Profile ကို မြှင့်တင်နိုင်ခြင်း 🗓 လျှောက်ထားရန် နောက်ဆုံးရက်: တနှစ်ပတ်လုံး အချိန်မရွေး လျှောက်ထားနိုင်ပါသည် (Rolling Admissions) 🌐 အသေးစိတ်ကြည့်ရှုရန် Link: https://www.coursera.org/?hl=en-GB https://www.coursera.org/?hl=en-GB

  • 💡 ဘယ်သူတွေ လျှောက်ထားနိုင်လဲ? (Eligibility) မည်သည့်နိုင်ငံမှမဆို တက်ရောက်နိုင်ခြင်း အခြေခံ အင်္ဂလိပ်စာ နားလည်သူဖြစ်ခြင်း အင်တာနက် လိုင်းနဲ့ ကွန်ပျူတာ သိုမဟုတ် ဖုန်း ရှိရုံဖြင့် တက်ရောက်နိုင်ခြင်း အသက်ကန့်သတ်ချက် သိုမဟုတ် ပညာအရည်အချင်း ကန့်သတ်ချက် လုံးဝမရှိပါ 📝 လိုအပ်ချက်များ (Requirements) အသုံးပြုနိုင်သော Email address တစ်ခု Coursera သိုမဟုတ် edX account တစ်ခု အင်တာနက် ချိတ်ဆက်မှုရှိသော ဖုန်း သိုမဟုတ် ကွန်ပျူတာ (Certificate ရယူလိုပါက Payment Method လိုအပ်မည်ဖြစ်ပြီး သင်ခန်းစာများ သီးသန့် လေ့လာရန်အတွက်မူ အခမဲ့ဖြစ်ပါတယ်)

  • ကမ္ဘာ့ထိပ်တန်း LSE တက္ကသိုလ်ရဲ့ Free Online Courses များကို အခမဲ့ တက်ရောက်လေ့လာနိုင်မည့် အခွင့်အရေး! 🎓✨ ကမ္ဘာ့အဆင့်မီ ပညာရေးကို အိမ်မှာထိုင်ရင်း အခမဲ့ သင်ယူချင်သူများအတွက် သတင်းကောင်းလေး တစ်ခု ပါရှိလာပါတယ်။ London School of Economics and Political Science (LSE) ကနေပြီး ပညာဒါနအဖြစ် Coursera နဲ့ edX platform တွေကနေတစ်ဆင့် သင်တန်းပေါင်းများစွာကို အခမဲ့ ဖွင့်လှစ်ပေးထားပါတယ် စီးပွားရေး၊ ဘဏ္ဍာရေး၊ သင်္ချာ၊ စာရင်းအင်း၊ စီးပွားရေးစီမံခန့်ခွဲမှု၊ ဆက်သွယ်ရေး နဲ့ ပြည်သူ့မူဝါဒ (Public Policy) စတဲ့ ဘာသာရပ်ပေါင်းများစွာကို မိမိစိတ်ကြိုက် ရွေးချယ်လေ့လာနိုင်ပါတယ် ဒီလိုမျိုး ဗဟုသုတနဲ့ ပညာရေးဆိုင်ရာ အခွင့်အလမ်း အချက်အလက်တွေကို အမြဲမပြတ် ဖတ်ရှုနိုင်ဖို Aspire Now ရဲ့ Social Media Platforms တွေကို Join ထားလိုက်ရအောင်နော်... 👇 🌟 Aspire Now ရဲ့ Social Platforms များ Facebook Page (သတင်းအချက်အလက်နဲ့ update အသစ်တွေကို အဓိကတင်ဆက်ပေးမယ့်နေရာ) 👉 https://www.facebook.com/profile.php?id=61552851140427&mibextid=ZbWKwL Telegram Channel (စာအုပ်စာပေနဲ့ ဗဟုသုတတွေကို ဖုန်းထဲမှာတင် အလွယ်တကူ ဖတ်ရှုဖို) 👉 https://t.me/aspirenow_org Instagram Account (လှပတဲ့ graphic ဒီဇိုင်းတွေနဲ့ စိတ်ခွန်အားဖြည့်စာစုလေးတွေ ဖတ်ရှုဖို) 👉 https://www.instagram.com/aspirenoworg?igsh=aWRuYnBocW11bDJo Content တိုင်းကို အကောင်းဆုံး ဖန်တီးပေးနေတဲ့ Team မန်ဘာများ...✨ #aspirenow_research_SweSwe #aspirenow_content_Noble #aspirenow_graphic_SanSan

  • 3. FCT PhD Studentships (Fundação para a Ciência e a Tecnologia) ပေါ်တူဂီနိုင်ငံ၏ သိပ္ပံနှင့် နည်းပညာအဖွဲအစည်း (FCT) မှ PhD ပါရဂူဘွဲ တက်ရောက်လိုသည့် ပေါ်တူဂီနိုင်ငံသားနှင့် နိုင်ငံတကာ ကျောင်းသား/သူများအတွက် ပေးအပ်သော Fully-Funded ပညာသင်ဆု ဖြစ်ပါတယ်။ ထောက်ပံ့ပေးမှုများ (Benefits): * လစဉ် အိတ်စိုက်စရိတ် ၁,၂၆၀ ယူရိုကျော် * ကျောင်းလခ ရာခိုင်နှုန်းပြည့် (Full Tuition Fee) * သုတေသန၊ ကွန်ဖရင့်၊ အာမခံ နှင့် ခရီးစရိတ် ထောက်ပံ့မှုများ * လျှောက်ထားနိုင်သည့် ဘာသာရပ်များ Exact Sciences, Natural Sciences, Engineering, Medical & Health Sciences, Agricultural Sciences, Social Sciences နှင့် Humanities လျှောက်ထားနိုင်သူများ (Eligibility) PhD တက်ရောက်နေသူ သိုမဟုတ် တက်ရောက်ရန် အရည်အချင်းပြည့်မီသူ (PhD ဘွဲ မရှိသေးသူဖြစ်ရမည်) လျှောက်ထားရန် ကာလ (Deadline - 2026 Call): ၂ မတ် - ၃၁ မတ် ၂၀၂၆ ပေါ်တူဂီနိုင်ငံမှာ ပညာသင်ယူဖို ပြင်ဆင်နေသူများအတွက် ဒီပညာသင်ဆု အခွင့်အလမ်းလေးတွေကို သေချာ ပြင်ဆင် လျှောက်ထားကြည့်ဖို တိုက်တွန်းလိုက်ရပါတယ်နော်! 🌟

  • 2. Camões – Fernão Mendes Pinto Scholarship Camões - Institute for Cooperation and Language မှ ပေးအပ်သော ပညာသင်ဆုဖြစ်ပြီး ပေါ်တူဂီဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေသန သိုမဟုတ် ပရောဂျက်များ လုပ်ဆောင်မည့်သူများအတွက် ဖြစ်ပါတယ်။ * ထောက်ပံ့ပေးမှုများ (Benefits): * တစ်လလျှင် ၇၅၀ ယူရို (တစ်နှစ်လျှင် ၁၁ လစာအထိ ထောက်ပံ့) * သက်တမ်း ၁ နှစ်မှ ၃ နှစ်အထိ ရရှိနိုင် * လျှောက်ထားနိုင်သူများ (Eligibility): * ပေါ်တူဂီ သိုမဟုတ် နိုင်ငံတကာမှ ဘွဲရရှိထားသူများ သိုမဟုတ် ဘွဲနှင်းသဘင်တက်ရောက်မည့် နောက်ဆုံးနှစ် ကျောင်းသားများ * ပေါ်တူဂီဘာသာစကား၊ ယဉ်ကျေးမှု၊ ပေါ်တူဂီဘာသာစကား သင်ကြားရေးနှင့် ပတ်သက်သည့် ပရောဂျက်များ လုပ်ဆောင်မည့်သူများ လိုအပ်သော စာရွက်စာတမ်းများ: ဘွဲလက်မှတ်၊ CV၊ Motivation Letter (၁၀၀-၄၀၀ လုံး)၊ Work Plan နှင့် ထောက်ခံစာ (၂) စောင် လျှောက်ထားရန် ကာလ (Deadline): ၅ မေ - ၁၈ မေ ၂၀၂၆ (နှစ်စဉ် ရက်စွဲ ပြောင်းလဲနိုင်ပါသည်)

  • 1. DGES Higher Education Study Grant (Bolsa de Estudo) ဒီပညာသင်ဆုဟာ ပေါ်တူဂီအစိုးရရဲ့ Direção-Geral do Ensino Superior (DGES) ကနေ နွမ်းပါးပြီး ငွေကြေးအကူအညီ လိုအပ်နေတဲ့ ကျောင်းသား/သူတွေကို ပေးအပ်တဲ့ Need-based ထောက်ပံ့ကြေး ဖြစ်ပါတယ်။ ထောက်ပံ့ပေးမှုများ (Benefits) * လစဉ် ထောက်ပံ့ကြေး (ပုံမှန်အားဖြင့် ၁၀ ကြိမ် ခွဲဝေပေးချေ) * ကျောင်းလခ၊ နေထိုင်စရိတ်နှင့် သင်ယူမှုဆိုင်ရာ ကုန်ကျစရိတ် အချိုကို ထောက်ပံ့ခြင်း * ၁ နှစ်စာ သက်တမ်းရှိပြီး အခြေအနေပေါ်မူတည်၍ သက်တမ်းတိုးနိုင်ခြင်း လျှောက်ထားနိုင်သူများ (Eligibility) * ပေါ်တူဂီရှိ အစိုးရ သိုမဟုတ် ပုဂ္ဂလိက အထက်တန်း/တက္ကသိုလ်များတွင် CTeSP, Bachelor's သိုမဟုတ် Master's တက်ရောက်နေသူများ * ငွေကြေးအကူအညီ အမှန်တကယ် လိုအပ်ကြောင်း ပြသနိုင်သူများ * ပေါ်တူဂီနိုင်ငံသား၊ EU နိုင်ငံသား၊ ရေရှည်နေထိုင်ခွင့်ရထားသူ၊ ဒုက္ခသည် သိုမဟုတ် သဘောတူညီချက်ရှိထားသည့် နိုင်ငံသားများ (International Student Regime အောက်တွင် တက်ရောက်သူများ လျှောက်ထား၍ မရပါ) လျှောက်ထားရန် ကာလ (Deadline - 2026/2027): * ၁၄ သြဂုတ် - ၂ အောက်တိုဘာ ၂၀၂၆ * ကျောင်းအပ်နှံပြီးသူများအတွက် ကျောင်းအပ်ပြ

  • ေါ်တူဂီအစိုးရမှ ပေးအပ်သော ပညာသင်ဆုများ (Portuguese Government Scholarships) 🇵🇹✨ ပေါ်တူဂီနိုင်ငံမှာ ပညာသင်ယူချင်တဲ့ ကျောင်းသူ/ကျောင်းသားများအတွက် ပေါ်တူဂီအစိုးရနဲ့ သက်ဆိုင်ရာ အဖွဲအစည်းအသီးသီးက ပေးအပ်နေတဲ့ ထိပ်တန်း ပညာသင်ဆု (၃) မျိုးအကြောင်းကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ဒီလိုမျိုး ဗဟုသုတနဲ့ ပညာရေးဆိုင်ရာ အခွင့်အလမ်း အချက်အလက်တွေကို အမြဲမပြတ် ဖတ်ရှုနိုင်ဖို Aspire Now ရဲ့ Social Media Platforms တွေကို Join ထားလိုက်ရအောင်နော်... 👇 🌟 Aspire Now ရဲ့ Social Platforms များ Facebook Page👉 https://www.facebook.com/profile.php?id=61552851140427&mibextid=ZbWKwL Telegram Channel👉 https://t.me/aspirenow_org Instagram Account 👉 https://www.instagram.com/aspirenoworg?igsh=aWRuYnBocW11bDJo Content တိုင်းကို အကောင်းဆုံး ဖန်တီးပေးနေတဲ့ Team မန်ဘာများ... ✨ #aspirenow_research_SweSwe #aspirenow_content_Noble #aspirenow_graphic_SanSan

  • 📝 Boxing Method အချက်အလက်တွေကို အပိုင်းလိုက် ခွဲခြားပြီး မှတ်သားရတာ ကြိုက်တဲ့ Aspirers လေးတွေအတွက် Boxing Method ဟာ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို အုပ်စုလိုက် (Clusters) စုစည်းပြီး မှတ်သားရတာပါ။ ဒီနည်းလမ်းက Visual Chunk 🪄 တွေနဲ့ မှတ်သားရတာကြောင့် အချက်အလက်တွေကို ကြာရှည်မှတ်မိစေဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် စာဖတ်တဲ့အခါ ကိုယ်နားလည်တဲ့ အပိုင်းနဲ့ နားမလည်သေးတဲ့ အပိုင်းကို အလွယ်တကူ ခွဲခြားသိရှိနိုင်တာကြောင့် တကယ်ကို ထိရောက်ပါတယ်နော်

  • 📝 Outlining Method Notes ကို Organized ဖြစ်ဖြစ် မှတ်ချင်တဲ့ Aspirers လေးတွေနဲ့ Reading-based Subjects တွေကို သင်ယူနေတဲ့ Aspirers လေးတွေအတွက် Outlining Method ဆိုတာကတော့ Headings နဲ့ Subheadings တွေကို အသုံးပြုပြီး Information တွေကို အစဉ်လိုက် စီရေးတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းက Information တွေကို စနစ်တကျ စုစည်းနိုင်တယ်၊ ✅ Key Points နဲ့ Supporting Details တွေကို အလွယ်တကူ ခွဲခြားနိုင်ပြီး Text-based Subjects တွေအတွက် ပိုပြီးအသုံးဝင်ပါတယ်

  • 📝 Mapping Method Aspirers လေးတို့က Concept တွေကို ချိတ်ဆက်ပြီး သင်ယူရတာကြိုက်တဲ့သူ ဒါမှမဟုတ် အမြင်အာရုံနဲ့ပဲ စာလေ့လာဖြစ်တဲ့ Visual learner ဆိုရင်တော့ Mapping Method ကို သုံးကြည့်စေချင်ပါတယ် 💓 Mapping Method ဆိုတာ Main Topic ကနေ Subtopics တွေကို ချိတ်ဆက်ပြီး Diagram ပုံစံနဲ့ Note ယူတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းက Idea တွေကြားက ဆက်နွယ်မှုကို မြင်လွယ်စေပြီး Complex Topics တွေကို နားလည်ရ ပိုလွယ်ကူစေပါတယ်

  • 📝 The Cornell Method Lecture လိုက်နေတဲ့သူတွေ၊ Exam Preparation လုပ်နေသူတွေအတွက် အထိရောက်ဆုံးနည်းလမ်းတစ်ခုဆိုရင် “The Cornell Method” ပါပဲနော် 🫶 The Cornell Method ဆိုတာ ကိုယ်လေ့လာနေတဲ့ စာမျက်နှာကို Sections (၃) ပိုင်းခွဲပြီး မှတ်သားတဲ့ နည်းလမ်းဖြစ်ပါတယ်။ အဲ့လို မှတ်သားခြင်းဖြင့် Lecture မှာ အဓိကအချက်တွေကို စနစ်တကျ မှတ်သားနိုင်တယ်၊ Keywords နဲ့ Questions တွေကို သီးသန့်ရေးထားနိုင်တယ်၊ Lesson ပြီးတဲ့အခါမှာလည်း Summary ရေးပြီး အလွယ်တကူ Revision လုပ်နိုင်ပါတယ်

  • စာရေးမှတ်နေတာချင်းတူပေမယ့် မှတ်မိနိုင်တဲ့ပမာဏ ကွာခြားသွားရခြင်းက… 👀⁉️ Aspirers လေးတို့ Class တက်ရင်းပဲဖြစ်ဖြစ်၊ Webinar တက်ရင်းပဲဖြစ်ဖြစ်၊ Self-study လုပ်ရင်းပဲဖြစ်ဖြစ် Information တွေ လွတ်မသွားအောင် Note ရေးမှတ်လေ့ရှိကြတယ်ဟုတ် 🤔 ဒါပေမယ့် Information တွေအများကြီးကို မှတ်ရတဲ့အခါ အားလုံးကို လိုက်မှတ်နေမယ့်အစား အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းက ဘာများဖြစ်မလဲ ⁉️ ဒါကြောင့် Aspire Now က ကျောင်းသား၊ ကျောင်းသူတိုင်း သိထားသင့်တဲ့ နာမည်ကြီး Note-taking methods (၄) ခုကို မျှဝေပေးလိုက်ပါတယ်… Aspirers လေးတို့နဲ့ ဘယ်တစ်ခုက အကိုက်ညီဆုံးလဲဆိုတာ Post လေးကို အဆုံးထိဖတ်ပြီး ရွေးချယ်ကြည့်လိုက်ရအောင်! ✨ Aspire Now ရဲ့ Social Platforms များ 🌟Telegram Channel -https://t.me/aspirenow_org 🌟Instagram account -https://www.instagram.com/aspirenoworg?igsh=aWRuYnBocW11bDJo 🌟Facebook page -https://www.facebook.com/profile.php?id=61552851140427&mibextid=ZbWKwL #aspirenow_content_Ella #aspirenow_graphic_Keito #aspirenow_graphic_SanSan

  • 📅 အရေးကြီးသော ရက်စွဲများနှင့် လျှောက်ထားရန် Link များ ⏰ စတင်လျှောက်ထားနိုင်သည့်အချိန်: Application Now Open ⏰ လျှောက်လွှာပိတ်မည့်ရက်: September 9, 2026 (3:00 PM EDT) 🔍 လူတွေ့စစ်ဆေးရွေးချယ်မည့်ကာလ: October – November 2026 🚀 ပရိုဂရမ်စတင်မည့်အချိန်: August 2027 📌 ပညာသင်ဆု တိုက်ရိုက်လျှောက်ထားရန်: https://www.schwarzmanscholars.org/admissions/apply/?hl=en-GB 📌 အသေးစိတ် အချက်အလက်များ လေ့လာရန်: About - Schwarzman Scholars https://www.schwarzmanscholars.org/about/?hl=en-GB Application Instructions - Schwarzman Scholars https://www.schwarzmanscholars.org/admissions/application-instructions/?hl=en-GB Admissions - Schwarzman Scholars https://www.schwarzmanscholars.org/admissions/?hl=en-GB ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲတွေကို ဦးဆောင်မယ့် မျိုးဆက်သစ်တွေကြားထဲမှာ ကိုယ်တိုင် ပါဝင်ခွင့်ရမယ့် အခွင့်အရေးဖြစ်လို အခုပဲ ပြင်ဆင်ပြီး လျှောက်ထားလိုက်ရအောင်နော်! 🚀🔥

  • 💰 ရရှိမည့် အကျိုးခံစားခွင့်များ (Benefits) တစ်နှစ်တာ မဟာဘွဲ့သင်တန်းတစ်ခုလုံးအတွက် ကျောင်းလခ အပြည့်အဝကင်းလွတ်ခွင့် Tsinghua University အတွင်း အဆောင်နေထိုင်ခွင့် လစဉ်သုံးစရိတ် ထောက်ပံ့ကြေး (Monthly living stipend) ပေကျင်းမြို့သို့ သွား/ပြန် လေယာဉ်လက်မှတ်နှင့် ခရီးစရိတ်များ တရုတ်နိုင်ငံအတွင်း လေ့လာရေးခရီးစဉ် (Study tour within China) ကျန်းမာရေးအာမခံ (Health insurance) Leadership development ပရိုဂရမ်များတွင် ပါဝင်ခွင့် ကမ္ဘာတစ်ဝန်းရှိ ပညာရှင်များ၊ Mentors များနှင့် ချိတ်ဆက်ခွင့်ရမည့် Global network

  • 📚 အင်္ဂလိပ်စာ အရည်အချင်းသတ်မှတ်ချက် (English Language Requirements) TOEFL iBT: 100 IELTS: 7.0 Duolingo English Test: 130 Cambridge C1/C2: 185 (မှတ်ချက် - အင်္ဂလိပ်ဘာသာစကားဖြင့် အနည်းဆုံး ၂ နှစ်ကြာ အသိအမှတ်ပြု ဘွဲ့ကြို/ဘွဲ့လွန် တက်ရောက်ခဲ့သူများအတွက် English test ရမှတ် တင်ပြရန်မလိုဘဲ ကင်းလွတ်ခွင့် ရှိပါသည်။)