tgindex
Introverts' Yatwoon

Introverts' Yatwoon

Статистика

အပတ်စဉ် ဗုဒ္ဓဟူးနေ့ည၊ တနင်္ဂနွေနေ့ည (8-9:40) Main Channel https://t.me/YATWOONofficial

Последний пост
9 авг.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
22
Тип
открытый
Язык
my
Категория
Языки (по похожим)
В каталоге с
14 авг.
Подписчики
4 600
−1 за 3 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
444
22 постов
Вовлечённость
9,7%
к подписчикам
Постов в день
0,0
всего 22
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
383
1/48двое суток
438
1/72трое суток
473

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • Conversation Club Batch (27), Week (3) ◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️ Topic:Stuck in the Trison (Trap + Prison): The Cage We Carry Within တစ်ခါတလေ ကိုယ့်ဘဝမှာ ရှေ့ဆက်ချင်ပေမယ့် ရှေ့ဆက်လို့မရ၊ နောက်ပြန်လှည့်ချင်ပေမယ့်လည်း ပြန်လှည့်လို့မရတဲ့အခြေအနေမျိုးတွေ ကြုံရတတ်ပါတယ်။ ကိုယ့်မှာ အိပ်မက်တွေရှိတယ်၊ လုပ်ချင်တာတွေရှိတယ်၊ ရွေးချယ်စရာတွေလည်း ရှိနေသလိုလိုထင်ရပေမယ့်ပတ်ဝန်းကျင်၊ မိသားစု၊ ငွေကြေး၊ ပညာရေး၊ လူမှုရေးဖိအားတွေနဲ့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကြောင့် ဘာမှမလုပ်နိုင်သလို ခံစားရတတ်ပါတယ်။ အဲ့ဒီလို ကိုယ့်ကိုယ်ကိုယ် မမြင်နိုင်တော့အောင် ပိတ်လှောင်ထားတဲ့ “Trison” ထဲကနေ လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုမျိုးလွတ်မြောက်အောင်လုပ်ကြမလဲ။ ဒီတစ်ပတ်မှာတော့ အခုခေတ်လူငယ်တွေ ကြုံတွေ့နေရတဲ့ လမ်းပျောက်မှု၊ မွန်းကြပ်မှုနဲ့ ပိတ်မိနေသလိုဖြစ်နေတဲ့ခံစားချက်တွေကို ပြောပြရင်း လမ်းစတွေ ဘယ်လိုရှာဖွေနေကြမလဲ၊ ကိုယ့်လမ်းကိုယ် ဘယ်လိုမျိုးဖောက်သင့်လဲဆိုတာ အတူတူဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်။ ◾ The Cage Within တစ်ခါတလေ ကိုယ့်ကို ပိတ်လှောင်ထားတာ တခြားသူတွေမဟုတ်ဘဲ ကိုယ့်ရဲ့ကြောက်စိတ်၊ self-doubt နဲ့ “ငါမလုပ်နိုင်ဘူး” ဆိုတဲ့အတွေးတွေ ဖြစ်နေနိုင်ပါတယ်။ဒါဆို ဒီမေးခွန်းလေးတွေ ပြန်မေးပြီး စမ်းစစ်ကြည့်လိုက်နော်။ ကိုယ့်ကိုယ်ကိုယ် ပြန်တားဆီးနေမိတဲ့အချိန်တွေ ရှိဖူးလား။ Fear of failure နဲ့ fear of disappointing others — ဘယ်ဟာက ကိုယ့်အတွက် ပိုကြီးမားတဲ့အတားအဆီးဖြစ်မလဲ။ တစ်ခါတလေ “ကိုယ် ဘာလုပ်ချင်မှန်းကို မသိတော့ဘူး” ဆိုတဲ့အခြေအနေမျိုး ကြုံဖူးလား။ ◾ When You Feel Stuck ဘဝမှာ အရာအားလုံးက ရပ်တန့်နေသလို ခံစားရတဲ့အချိန်တွေရှိပါတယ်။ဒါဆို ဒီမေးခွန်းလေးတွေ ပြန်မေးပြီး စမ်းစစ်ကြည့်လိုက်နော်။ အဲ့ဒီလိုအချိန်မျိုးမှာ ကိုယ်က ဘယ်လို handle လုပ်လေ့ရှိလဲ။ ခဏနားတာနဲ့ လက်လျှော့လိုက်တာ ဘာကွာလဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်တည်ငြိမ်လာအောင် ဘာတွေလုပ်ဖြစ်လဲ။ ◾ Lost in Your 20s လူငယ်ဘဝမှာ “ငါ့ရဲ့ဦးတည်ချက်က ဘယ်မှာလဲ” ဆိုတဲ့မေးခွန်းက အမြဲလိုလို ရှိနေတတ်ပါတယ်။ ဒါဆို ဒီမေးခွန်းလေးတွေ ပြန်မေးပြီး စမ်းစစ်ကြည့်လိုက်နော်။ ကိုယ့်အနာဂတ်လမ်းကြောင်းကို သေချာမသိသေးတာကို ဘယ်လိုမြင်လဲ။ သူများတွေ အောင်မြင်နေကြတာကိုမြင်တဲ့အခါ ကိုယ့်ဘဝက နောက်ကျနေသလို ခံစားရဖူးလား။ ကိုယ့်ဘဝရဲ့ direction ကို ရှာဖို့ အခုဘာတွေလုပ်နေသလဲ။ ◾ Making Your Own Way တစ်ခါတလေ ကိုယ်ရှာနေတဲ့ “လမ်း” က ရှိပြီးသားမဟုတ်ဘဲ ကိုယ်တိုင်ဖောက်ယူရမယ့်လမ်း ဖြစ်နိုင်ပါတယ်။ဒါဆို ဒီမေးခွန်းလေးတွေ ပြန်မေးပြီး စမ်းစစ်ကြည့်လိုက်နော်။ ကိုယ့်အတွက် လမ်းတစ်ခုဖောက်ဖို့ အခုလက်ရှိ ဘာကို စတင်ကြိုးစားနေသလဲ။ ကိုယ့်အိပ်မက်နဲ့ လက်တွေ့ဘဝကြားမှာ ဘယ်လို balance လုပ်နေလဲ။ အရာအားလုံးကို တစ်ခါတည်းဖြေရှင်းဖို့မဖြစ်နိုင်ရင် ဘယ်ကနေ စတင်မလဲ။ တကယ်တော့ လမ်းပျောက်နေတယ်ဆိုတာ လမ်းမရှိတော့တာမဟုတ်ပါဘူး။ တစ်ခါတလေ ကိုယ်သွားချင်တဲ့လမ်းကို မတွေ့သေးတာပဲ ဖြစ်နိုင်ပါတယ်။ အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် “ငါဘာဖြစ်နေတာလဲ” လို့ အပြစ်တင်နေဖို့ထက် “ဒီနေရာကနေ ငါဘယ်လိုရွှေ့နိုင်မလဲ” လို့ မေးတတ်ဖို့ပဲ လိုတယ်နော်။ ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့တစ်ဦးချင်းစီရဲ့ Trison က ဘာလဲ။အဲ့ဒီထဲကနေထွက်ဖို့ လွတ်မြောက်ရာလမ်းတွေ ဘယ်လိုမျိုး ရှာဖွေနေကြလဲဆိုတာ အတူတူမျှဝေကြရအောင်။ ♡ 📌 Yatwoon Telegram Channel - https://t.me/YATWOONofficial 📌 Chatty Yatwoon Group - https://t.me/+lztmOjfWLKsxZGNl 📌 Introverts' Yatwoon Channel - t.me/introvertsyatwoon 📌 Introverts' Yatwoon Facebook Group - https://www.facebook.com/groups/3248389845381003/?ref=share LinkedIn - https://www.linkedin.com/company/step-by-step-to-a-better-yatwoon/?viewAsMember=true အပတ်စဉ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည (၈:၀၀ - ၉:၄၀) [For Introverts] Zoom Link - https://us05web.zoom.us/j/6375029469?pwd=i0ML3FT45QWJdLPhtByGwnsXfIJJlB.1 Meeting ID: 637 502 9469 Passcode: Yatwoon #Yatwoon #Graphic_ #Research_ #Content_Shoon_Lae

  • без подписи

  • Conversation club batch (27) week (3) ◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️ ကိုအာလာ‌လေးတို့ရေ ပတ်ဝန်းကျင်မှာ ငါမှငါအမှန်ဆိုတဲ့လူ‌ တွေနဲ့ကြုံတွေ့ခဲ့ကြဖူးလား?? ဒီအပတ် Wednesday Conversation Club မှာတော့ ဖြူစင်တို့ ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကြားမှာ သတိမထားမိဘဲ ဖြစ်ပေါ်နေတတ်တဲ့ လေးနက်တဲ့ Topic လေးတစ်ခုနဲ့ ထပ်မံဆုံတွေ့ကြဦးမှာပဲ ဖြစ်ပါတယ် 🖤👁️ ဒီတစ်ပတ်အတွက် ခေါင်းစဉ်လေးကတော့ "The Impacts of Extremism on Society" ပါ။ "ငါ့အယူအဆကမှ အမှန်၊ ကျန်တာအကုန် အမှား..." ဆိုတဲ့ တရားသေ စွဲကိုင်မှုမျိုးတွေကို တွေ့ဖူး ကြားဖူးကြတယ်မလား? ဖြူစင်တို့ဟာ တစ်ခါတလေမှာ ကိုယ်ယုံကြည်ထားတဲ့ အမြင်၊ ဝါဒ၊ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုပေါ်မှာ အခြေခံပြီး တဖက်စွန်းရောက်တဲ့အထိ စွဲစွဲလန်းလန်း တွေးခေါ်မိသွားတတ်ကြပါတယ်။ ဒါတွေက ဘာကြောင့် စတင်လာရတာလဲ? ⌛️ ဒါမှမဟုတ် အစွန်းရောက်တဲ့ အမြင်တွေဆိုတာ လူတွေရဲ့ စိတ်ဒဏ်ရာ၊ Echo Chamber တွေနဲ့ ခေတ်ရေစီးကြောင်းတွေကြား ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သုံးလိုက်ကြတဲ့ "Shield" တစ်ခုသက်သက်ပဲလား? ဒီလို အစွန်းရောက်တဲ့ အစွဲတွေက ငါတို့ရဲ့ လူ့အဖွဲ့အစည်း၊ ပေါင်းသင်းဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေးအပေါ် ဘယ်လောက်ထိ သက်ရောက်မှုတွေ ရှိနေတာလဲ? 🤷‍♀️💭 Phyu Sin တို့ ဒီအပတ်မှာ အတူတူ မေးခွန်းထုတ်ကြည့်ကြမယ်... 🤔⁉️ - အချစ်၊ အမုန်းနဲ့ ယုံကြည်ချက်တွေကြားမှာ Balance ဖြစ်အောင် ဘယ်လို ထိန်းညှိကြမလဲ? - Open-mindedness နဲ့ Tolerance တွေကို သုံးပြီး ဒီလို တဖက်စွန်းရောက်မှုတွေကို ဘယ်လို တားဆီးနိုင်မလဲ? 🎀 ဒီအပတ် Wednesday Conversation Club မှာဆိုရင်တော့ အစွန်းရောက်မှုတွေရဲ့ မြစ်ဖျားခံရာ အကြောင်းအရင်းတွေနဲ့ Societal Impacts တွေကို ဆွေးနွေးပေးသွားမှာဖြစ်ပြီး၊ ဒီ Topic အပေါ် အားလုံးရဲ့ ထင်မြင်ချက်တွေ၊ ကိုယ်ပိုင် အတွေ့အကြုံ အယူအဆတွေနဲ့အတူ Hypothetical Questions လေးတွေကို ပွင့်ပွင့်လင်းလင်း တပျော်တပါး Discussion လုပ်သွားကြမှာပဲ ဖြစ်ပါတယ်... 🙇‍♀️💫 "Are we holding onto our beliefs, or are our beliefs holding us back?" 💭 ကိုအာလာလေးတို့ရဲ့ အဖြေကို သိချင်နေပြီမလို့ ဗုဒ္ဓဟူးညမှာ အတူတူ ဆွေးနွေးဖို့ တက်ရောက်ခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်... 🙆‍♀🤍 📌 Yatwoon Telegram Channel - https://t.me/YATWOONofficial 📌 Chatty Yatwoon Group - https://t.me/+lztmOjfWLKsxZGNl 📌 Introverts' Yatwoon Channel - t.me/introvertsyatwoon 📌 Introverts' Yatwoon Facebook Group - https://www.facebook.com/groups/3248389845381003/?ref=share LinkedIn - https://www.linkedin.com/company/step-by-step-to-a-better-yatwoon/?viewAsMember=true အပတ်စဉ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည (၈:၀၀ - ၉:၄၀) [For Introverts] Zoom Link - https://us05web.zoom.us/j/6375029469?pwd=i0ML3FT45QWJdLPhtByGwnsXfIJJlB.1 Meeting ID: 637 502 9469 Passcode: Yatwoon #Yatwoon #Graphic_ #Research_ #content_phyusin

  • без подписи

  • Conversation club batch (27) week (2.1) ◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️ Topic: What’s the best part of being you? Hello ကိုအာလာလေးတိုရေ~ ဒီအပတ် Sunday conversation club အတွက် topic ကိုစောင့်မျှော်နေကြပြီထင်တယ်နော်။ ဒီအပတ်မှာကတော့ Sunday team ကနေပြီး ကိုအာလာလေးတိုအတွက် အိမ်မက်တွေနဲ့ပတ်သတ်တဲ့ topic လေးဖြစ်တဲ့ What’s the best part of being you? ဆိုတာလေးကိုစီစဉ်ထားပါတယ်။💁‍♀️ ‌လူတွေမှာ ကောင်းတဲ့ အချက်တွေရယ် ဆိုးတဲ့ အချက်တွေရယ်ရှိကြပါတယ်။ ✨ 👉🏻 လူတွေအကုန်လုံးက တစ်ယောက်နဲ့တစ်ယောက် မတူညီကြသလို strengths and weaknesses တွေကလဲကွာခြားပါတယ်။ ဒါပေမယ့် တခါတလေကြရင် အဲ့အချက်တွေကိုမေ့သွားပြီး ကိုယ်က bias ဖြစ်သွားတက်နိုင်တယ်။ တခြားသူကိုကြတော့ ကောင်းတဲ့အချက်တွေ မြင်ပြီး ကိုယ့်ကို ကိုယ်ကြတော့ ဆိုးတဲ့ အချက်တွေပဲမြင်တက်ကြတယ်။ 😔 ဆိုတော့ ဒီလိုမဖြစ်အောင်ဘယ်လိုနေကြမလဲ❓ အဓိက အချက်ကတော့ အကောင်း မြင်စိတ်ရှိဖို့ပါပဲ။ ပြီးသွားရင် mindset change ဖို့လိုပါမယ်။ ကိုယ်က ကိုယ်မကောင်းတာကိုပဲမြင်မယ့်အစား ကိုယ့်ရဲ့ ကောင်းတဲ့ချက်တွေနဲ့ ဘယ်လိုမျိုး offset လုပ်ရမလဲ။ ပြီးသွားရင် perspective ကိုပြောင်းပြီးတော့ ငါက တခြားသူသာ ဖြစ်ခဲ့ရင် ဘယ်လိုကောင်းတဲ့ အချက်တွေ ငါ့မှာရှိနိုင်မလဲ ဆိုတာမျိုးတွေလဲ လုပ်လို့ရပါတယ်။ ✨ 🎀 ဆိုတော့ ဒီည Sunday Conversation Club မှာဆိုရင်တော့ ကိုယ့်ရဲ့ အားသာချက်တွေ ကောင်းတဲ့အချက်တွေကို ပြန်လည်စမ်း စစ်ဖို့အတွက် self reflection questions လေးတွေ main discussion session မှာ ပါဝင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် knowledge sharing session မှာလဲ ကိုယ်သိသင့် သိထိုက်တဲ့ vocabs and tips လေးတွေ sharing လုပ်သွားမှာပဲဖြစ်ပါတယ်။ 💕 ဒါကြောင့်မလို ဒီအပတ် Sunday Conversation Club ကိုလာရောက် join ဖို့ နွေးထွေးစွာနဲ့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။ 🙇‍♀️ 📌 Yatwoon Telegram Channel - https://t.me/YATWOONofficial 📌 Chatty Yatwoon Group - https://t.me/+lztmOjfWLKsxZGNl 📌 Introverts' Yatwoon Channel - t.me/introvertsyatwoon 📌 Introverts' Yatwoon Facebook Group - https://www.facebook.com/groups/3248389845381003/?ref=share LinkedIn - https://www.linkedin.com/company/step-by-step-to-a-better-yatwoon/?viewAsMember=true အပတ်စဥ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည(၈-၉:၄၀) [For Introverts] Zoom link - https://us05web.zoom.us/j/6375029469?pwd=i0ML3FT45QWJdLPhtByGwnsXfIJJlB.1 Meeting ID: 637 502 9469 Passcode: Yatwoon #Yatwoon #content_Cutie_Xiao_Xiao #graphic_Lui

  • без подписи

  • Conversation club batch (27) week (2) ◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️ Topic: Right Person, Wrong Time: Does It Really Exist? Welcome back ပါ ကိုအာလာတို့ရေ ✨🎧 ဒီအပတ် Wednesday Conversation Club မှာတော့ လူတိုင်း ရင်ဘတ်ထဲက တစ်နေရာရာမှာ သိမ်းထားဖူးကြမယ့်၊ ဆွေးနွေးလိုက်ရင် တကယ်ကို အမြင်တွေ ကွဲထွက်သွားနိုင်တဲ့ Topic လေးတစ်ခုနဲ့ ထပ်မံဆုံတွေ့ကြဦးမှာပဲ ဖြစ်ပါတယ် 🖤🥀 ဒီတစ်ပတ်အတွက် ခေါင်းစဉ်လေးကတော့ "Right Person, Wrong Time: Does It Really Exist?" ပါ။ "အရာရာဟာ Perfect ဖြစ်ခဲ့ပေမဲ့ Timing တစ်ခုတည်းကြောင့်..." ဆိုတဲ့ စကားကို ကြားဖူးကြတယ်မလား? တစ်ခါတလေ ဘဝမှာ vibe အပြည့်အဝ ကိုက်ညီပြီး တကယ်ကို Rare Gem လို လူမျိုးနဲ့ ဆုံခဲ့ပေမဲ့၊ ကိုယ့် ဘဝရဲ့ Chapter တစ်ခုမှာ Maturity မပြည့်ဝသေးလို့ဖြစ်ဖြစ်၊ Priorities တွေ ကွဲပြားနေလို့ဖြစ်ဖြစ် ဝေးကွာသွားခဲ့ရတာမျိုး ရှိတတ်ပါတယ်။ ဒါက တကယ်ပဲ Timing ကြောင့်လား? ⌛️ ဒါမှမဟုတ် Wrong Time ဆိုတာ ပတ်သက်မှုတစ်ခု မအောင်မြင်ခဲ့တဲ့အခါ ကိုယ့်ကိုယ်ကို သက်သာအောင် ဖြေသိမ့်ဖို့ သုံးလိုက်ကြတဲ့ "Pretty Excuse" တစ်ခုသက်သက်ပဲလား? ကြိုးစားချင်စိတ် (Effort) သာ တကယ်ရှိရင် Timing ဆိုတာ ကျော်ဖြတ်လို့ ရနိုင်တာမျိုးရော မဟုတ်ဘူးလား? 🤷‍♀️💭 Phyu Sin တို့ ဒီအပတ်မှာ အတူတူ မေးခွန်းထုတ်ကြည့်ကြမယ်...🤔⁉️ - Love တစ်ခုတည်းနဲ့ ဘဝရဲ့ Circumstances တွေကို အနိုင်ယူလို့ ရနိုင်ပါ့မလား? - Personality ကိုက်ညီရုံနဲ့တင် Right Person လို့ အပြည့်အဝ သတ်မှတ်လို့ ရပြီလား? 🎀 ဒီအပတ် Wednesday Conversation Club မှာဆိုရင်တော့ Relationship တစ်ခု တည်ဆောက်တဲ့အခါ Timing, Personal Growth နဲ့ Maturity တို့ရဲ့ အခန်းကဏ္ဍ အမှန်တရားတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပြီး၊ ဒီ Topic အပေါ် အားလုံးရဲ့ ထင်မြင်ချက်တွေ၊ ကိုယ်ပိုင် အတွေ့အကြုံ အယူအဆတွေနဲ့အတူ Hypothetical Questions လေးတွေကို ပွင့်ပွင့်လင်းလင်း တပျော်တပါး Discussion လုပ်သွားကြမှာပဲ ဖြစ်ပါတယ်... 🙇‍♀️💫 "If it's really the right person, is there ever a wrong time?" 💭 ကိုအာလာလေးတို့ရဲ့ အဖြေကို သိချင်နေပြီမလို့ ဗုဒ္ဓဟူးညမှာ အတူတူ ဆွေးနွေးဖို့ တက်ရောက်ခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်...🙆‍♀️🤍 📌 Yatwoon Telegram Channel - https://t.me/YATWOONofficial 📌 Chatty Yatwoon Group - https://t.me/+lztmOjfWLKsxZGNl 📌 Introverts' Yatwoon Channel - t.me/introvertsyatwoon 📌 Introverts' Yatwoon Facebook Group - https://www.facebook.com/groups/3248389845381003/?ref=share LinkedIn - https://www.linkedin.com/company/step-by-step-to-a-better-yatwoon/?viewAsMember=true အပတ်စဉ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည (၈:၀၀ - ၉:၄၀) [For Introverts] Zoom Link - https://us05web.zoom.us/j/6375029469?pwd=i0ML3FT45QWJdLPhtByGwnsXfIJJlB.1 Meeting ID: 637 502 9469 Passcode: Yatwoon #Yatwoon #Graphic_Myat #content_phyusin

  • без подписи

  • Conversation Club Batch (27), Week (1) ◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️ Topic: If My Life Was a Reality TV Show 🎬📺 🪄 ကိုယ့်ရဲ့နေ့စဥ်ဘဝကို Reality Show အဖြစ်ပြောင်းလဲချင်ကြတဲ့ ကိုအာလာလေးတွေ ရှိကြလား။ဒါဆို ဒီအပတ်ရဲ့ Topic လေးကတော့ ယူတို့အတွက်ပဲနော်။ Reality TV Show ဆိုတာ fun challenges တွေ ၊ dating shows တွေတင် မဟုတ်ဘဲ documentary, travel, survival, cooking, mystery နဲ့ horror အထိ genre မျိုးစုံ ရှိပါတယ်။ - ဒါဆို ကိုယ့်ဘဝကရော ဘယ်လို Genre နဲ့ အလိုက်ဖက်ဆုံး ဖြစ်မလဲ။ - အမြဲအလွဲလေးတွေနဲ့ ရယ်စရာတွေဖြစ်နေတဲ့ Show တစ်ခုလား။  - Assignment, Exam, Deadline တွေကို နေ့တိုင်း ရုန်းကန်နေရတဲ့ Survival Show လား။ - Slice of Life Documentary လို ကိုယ့်ရဲ့ နေ့စဉ်ဘဝလေးတွေကို အေးအေးဆေးဆေး မှတ်တမ်းတင်ထားတဲ့ Show လား။ - Main Cast တွေက ဘယ်သူတွေ ဖြစ်မလဲ။ - Best Friends တွေလား ၊ Family Members တွေလား၊ ဒါမှမဟုတ် အမြဲ Plot Twist လုပ်တတ်တဲ့ Supporting Characters တွေလား။ - အမှတ်အရဆုံး Episodes ဆိုရင် ဘာတွေဖြစ်မလဲ။ - အောင်မြင်မှုတွေ ၊ Fail ဖြစ်ခဲ့တဲ့ Moments တွေ၊ Unexpected Plot Twists တွေ၊ ဒါမှမဟုတ် Life-changing Experiences တွေနဲ့ ပြည့်နှက်နေမလား။ ဒီလိုမျိုး ကိုယ့်ဘဝကို Show တစ်ခုအနေနဲ့ ဖန်တီးဆွေးနွေးချင်တဲ့ ကိုအာလာလေးတို့ကို ဒီအပတ်ရဲ့ Conversation Club မဖြစ်မနေလာဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။🎀 📌 Yatwoon Telegram Channel - https://t.me/YATWOONofficial 📌 Chatty Yatwoon Group - https://t.me/+lztmOjfWLKsxZGNl 📌 Introverts' Yatwoon Channel - t.me/introvertsyatwoon 📌 Introverts' Yatwoon Facebook Group - https://www.facebook.com/groups/3248389845381003/?ref=share LinkedIn - https://www.linkedin.com/company/step-by-step-to-a-better-yatwoon/?viewAsMember=true အပတ်စဉ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည (၈:၀၀ - ၉:၄၀) [For Introverts] Zoom Link - https://us05web.zoom.us/j/6375029469?pwd=i0ML3FT45QWJdLPhtByGwnsXfIJJlB.1 Meeting ID: 637 502 9469 Passcode: Yatwoon #Yatwoon #Graphic_Lui #Content_Shoon_Lae

  • без подписи

  • Conversation Club Batch (27) | Week (1) ✨ ◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️ "ကိုယ့်အတွက် သိပ်မကောင်းမှန်း သိနေပေမဲ့လည်း မလုပ်ရမနေနိုင်အောင် သဘောကျမိနေတဲ့ အရာတစ်ခု လူတိုင်းမှာ ရှိကြတယ်မလား...?" 🤔 Topic: The Guilty Pleasures: Why We Enjoy Things We Feel Guilty About ကိုအာလာလေးတို့ရေ... နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်မကင်းသလို ခံစားရပေမဲ့ လုပ်နေရင်းနဲ့ သဘောကျ ပျော်ရွှင်နေမိတဲ့ အလေ့အထလေးတွေ ရှိဖူးကြမှာပါ။ ဥပမာပြောရရင် - Diet လုပ်နေတာကို သိရဲ့နဲ့ Junk Food တွေကို အငမ်းမရ စားပစ်လိုက်တာမျိုး၊ အရေးကြီးတာတွေ လုပ်စရာရှိပါရက်နဲ့ တစ်နေကုန် TikTok သို့မဟုတ် Reels တွေကို Scroll မရပ်နိုင်အောင် ကြည့်နေမိတာမျိုး၊ မနက်ဖြန် စောစောထရမှာကို ညနက်အထိ Series စွဲနေမိတာမျိုးတွေပေါ့... 🍕📱🍿 ဒီလို လုပ်ပြီးသွားတဲ့အခါ "ငါ ဘာလို့ ဒီလိုမျိုး လုပ်မိလိုက်တာလဲ" ဆိုပြီး Guilty ဖြစ်စိတ္နဲ့ စိတ်မကောင်း ဖြစ်သွားတတ်ကြပေမဲ့လည်း အားလပ်ချိန်ရတိုင်း ဒီအရာတွေကိုပဲ ထပ်ခါတလဲလဲ ပြန်လုပ်မိနေတတ်ကြပါတယ်။ - လူတွေဟာ ဘာကြောင့် ကိုယ့်အတွက် မကောင်းမှန်းသိတဲ့ အရာတွေကိုမှ ပိုပြီး စွဲလန်းတတ်ကြတာလဲ? - "Guilty Pleasures" ဆိုတာ တကယ်ပဲ ဘဝအတွက် အဆိပ်အတောက် ဖြစ်စေသလား... ဒါမှမဟုတ် စိတ်ထွက်ပေါက်တစ်ခု လိုအပ်နေတာမျိုးလား? - စိတ်ထဲ အပြစ်မကင်းတဲ့ ခံစားချက်ကို လျှော့ချပြီး ကျန်းမာရေးနဲ့ ပိုညီညွတ်တဲ့ အလေ့အထတွေနဲ့ ဘယ်လို အစားထိုးမလဲ? ဒီမေးခွန်းတွေရဲ့ အဖြေနဲ့ Solution တွေကို ဒီတစ်ပတ် Wednesday Conversation Club ရဲ့ Knowledge Sharing Session မှာ အသေးစိတ် ဆွေးနွေးသွားမှာပါနော်...✨ ဒါ့အပြင် Main Discussion မှာလည်း လူတိုင်းနဲ့ Relate ဖြစ်စေမယ့် ကိုယ့်ရဲ့ Personal Experience တွေ၊ Guilty Pleasures လေးတွေနဲ့ Opinions တွေကို လွတ်လွတ်လပ်လပ် လာရောက် မျှဝေဆွေးနွေးလို့ ရပါတယ်။ အားလုံးပဲ ဒီအပတ် Wednesday Night လေးမှာ တူတူ ဆွေးနွေးဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်... 📌 Date: 22.7.2026 (Wednesday) 📌 Yatwoon Telegram Channel - https://t.me/YATWOONofficial 📌 Chatty Yatwoon Group - https://t.me/+lztmOjfWLKsxZGNl 📌 Introverts' Yatwoon Channel - t.me/introvertsyatwoon 📌 Introverts' Yatwoon Facebook Group - https://www.facebook.com/groups/3248389845381003/?ref=share LinkedIn - https://www.linkedin.com/company/step-by-step-to-a-better-yatwoon/?viewAsMember=true အပတ်စဉ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည (၈:၀၀ - ၉:၄၀) [For Introverts] Zoom link - https://us05web.zoom.us/j/6375029469?pwd=i0ML3FT45QWJdLPhtByGwnsXfIJJlB.1 Meeting ID: 637 502 9469 Passcode: Yatwoon #Yatwoon #content_phyusin #graphic_Alexis

  • без подписи

  • Sunday Team Batch (23), Week (4) ◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️ Topic: The Art of Fandom Media K-pop Idol တစ်ယောက်ရဲ့ Comeback ကို ညမအိပ်ဘဲ စောင့်ဖူးလား ဒါမှမဟုတ် Favorite Movie, Series, Anime, Game တစ်ခုအကြောင်းကို မမောမပန်း မရပ်တမ်း ပြောဖူးလား ✨ Hello ကိုအာလာလေးတို့ရေ 💙 ဒီအပတ် Topic လေးကတော့ လူငယ်တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ "The Art of Fandom Media" အကြောင်းလေးပဲ ဖြစ်ပါတယ်။ "Fandom" ဆိုတာ Fan တွေ စုပေါင်းဖန်တီးထားတဲ့ Community တစ်ခုကို ဆိုလိုတာပဲဖြစ်ပါတယ်။ ကိုယ်နှစ်သက်တဲ့ Artist , Movie၊ Series , Anime , Manhwa , Game ဒါမှမဟုတ် Fictional Character တစ်ခုအပေါ် မှာထားတဲ့ စိတ်ဝင်စားမှုတွေ ၊ ခံစားချက်တွေကို ဖွင့်ဟ ချိတ်ဆက်နိုင်တဲ့ နေရာလေးတစ်ခုလည်း ဖြစ်ပါတယ်။ အခုလက်ရှိမှာ Fandom တွေက Fan Art တွေ ၊ Fan Fiction တွေ ၊ Meme တွေ ၊ Theory Discussion တွေ ဖန်တီးပေးရင်း Media Culture တစ်ခုလုံးကိုတောင် ပိုပြီး အသက်ဝင်လာအောင် ဖန်တီးနေပါတယ်နော်။ Online Community တွေကနေ စတင်ခဲ့တဲ့ Trend တချို့ဟာ Real Life Culture တွေ၊ Fashion Trend တွေ ၊ Language Usage တွေ ၊ Charity Projects တွေအထိပါ သက်ရောက်မှု ရှိလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း Toxic Fanwars , Over-attachment , Gatekeeping နဲ့ Privacy Boundaries မလေးစားတာကဲ့သို့ စိန်ခေါ်မှုအချို့လည်း ရှိနေတတ်ပါတယ်။ ဒါကြောင့် Fandom ထဲမှာ ရှိနေတဲ့သူတစ်ယောက်အတွက် Respect , Healthy Boundaries နဲ့ Good Fandom Etiquette တွေကလည်း အရေးကြီးလာပါတယ်။ တကယ်တော့ Fandom ဆိုတာ Entertainment ကို သဘောကျရုံတင်မဟုတ်ဘဲ လူတွေကို ချိတ်ဆက်ပေးတဲ့ Community တစ်ခု ၊ Creativity တွေ ဖန်တီးပေးတဲ့ Space တစ်ခု ၊ တစ်ခါတစ်ရံမှာတော့ ကိုယ့်အတွက် Comfort Place လေးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ 💫 ဒါကြောင့် ဒီအပတ်မှာ Yatwoon နဲ့အတူ ဒီမေးခွန်းလေးတွေကို ဆွေးနွေးကြရအောင်။ 📍 Fandom ဆိုတာ ကိုယ့်အတွက် ဘယ်လိုအဓိပ္ပာယ်ရှိလဲ။ 📍 Fandom တွေက လူတွေရဲ့ Identity နဲ့ Culture အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိတယ်လို့ ထင်လဲ။ 📍 Healthy Fandom နဲ့ Toxic Fandom ကြားက ကွာခြားချက်က ဘာလဲ။ 📍 Favorite Movie, Series, Anime, Manhwa, Game ဒါမှမဟုတ် Idol  အကြောင်းလေးကို မျှဝေပေးနိုင်မလား။ ဒီတစ်ခေါက် Topic လေးကတော့ Koala လေးတို့ရဲ့သဘောကျတဲ့အရာအပေါ်ထားရှိတဲ့ ပရိတ်သတ်ခံစားချက်ကို လွတ်လပ်စွာ မျှဝေနိုင်မယ့် Fun, Safe and Meaningful Discussion Space လေးတစ်ခု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ 💙 📌 Yatwoon Telegram Channel - https://t.me/YATWOONofficial 📌 Chatty Yatwoon Group - https://t.me/+lztmOjfWLKsxZGNl 📌 Introverts' Yatwoon Channel - t.me/introvertsyatwoon 📌 Introverts' Yatwoon Facebook Group - https://www.facebook.com/groups/3248389845381003/?ref=share LinkedIn - https://www.linkedin.com/company/step-by-step-to-a-better-yatwoon/?viewAsMember=true အပတ်စဉ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည (၈:၀၀ - ၉:၄၀) [For Introverts] Zoom Link - https://us05web.zoom.us/j/6375029469?pwd=i0ML3FT45QWJdLPhtByGwnsXfIJJlB.1 Meeting ID: 637 502 9469 Passcode: Yatwoon #Yatwoon #Graphic_Thet_Hmue #Content_Shoon_Lae

  • без подписи

  • Conversation Club Batch (26), Week (4) ◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️ Topic: Modern Loneliness and How to Deal With It Online ပေါ်မှာ Friend List တွေများလာတာနဲ့အမျှ Notification တွေ မပြတ်ဝင်လာတာနဲ့အမျှ ကိုယ့်ဘဝမှာ အပေါင်းအသင်းသူငယ်ချင်းတွေ များတယ်လို့ ထင်ရတတ်ပါတယ်။ဒါပေမဲ့  တစ်ခါတစ်ရံမှာတော့ ဘယ်လိုမှ မရှင်းပြတတ်တဲ့ အထီးကျန်မှုမျိုးကို ခံစားဖူးကြတယ်မဟုတ်လား 🥺💭 Hello ကိုအာလာလေးတို့ရေ 💙 ဒီအပတ်ရဲ့ Topic လေးကတော့ ယနေ့ခေတ်လူငယ်အများစု တိတ်တဆိတ် ကြုံတွေ့နေရတဲ့ "Modern Loneliness and How to Deal With It" ဆိုတဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။ အခုခေတ်မှာ Social Media တွေကြောင့် လူတွေနဲ့ အမြဲချိတ်ဆက်နေသလို ထင်ရပေမယ့် တကယ်တမ်းမှာတော့ လူအများကြားထဲမှာတောင် အထီးကျန်နေသလို ခံစားရတဲ့သူတွေ ပိုများလာပါတယ်။ Story တွေတင်နေကြတယ်၊ Chat တွေပြောနေကြတယ်၊ Hangout တွေလုပ်နေကြတယ်ဆိုပေမယ့် ကိုယ့်ကို တကယ်နားလည်ပေးမယ့်သူ မရှိဘူးလို့ ခံစားရတဲ့အချိန်တွေ ရှိတတ်ပါတယ်။ တစ်ခါတစ်ရံ အထီးကျန်မှုဆိုတာ တစ်ယောက်တည်းနေရတာကြောင့် မဟုတ်ဘဲ "ကိုယ့်ခံစားချက်တွေကို မျှဝေဖို့ နေရာမရှိတာ" ၊ "ကိုယ့်ကို တကယ်နားလည်ပေးမယ့် Connection မရှိသလို ခံစားရတာ" ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး အထီးကျန်မှုကို လျော့နည်းစေဖို့ ဘယ်လိုမျိုး ဖြေရှင်းကြမလဲ။ 🌱 ကိုယ့်ခံစားချက်တွေကို ယုံကြည်ရတဲ့သူတွေနဲ့ မျှဝေကြည့်မယ် 🌱 Social Media ကနေ အနားယူပြီး Real-life Connection တွေကို ပိုအာရုံစိုက်ကြည့်မယ် 🌱 ကိုယ်နှစ်သက်တဲ့ Hobby အသစ်တွေကို စမ်းကြည့်မယ် 🌱 Self-care အချိန်လေးတွေ ဖန်တီးပြီး ကိုယ့်ကိုယ်ကို ပိုနားလည်အောင် ကြိုးစားလို့ ရပါတယ်နော်။ ကိုယ်တစ်ယောက်တည်း ဒီလိုခံစားရမယ်လို့ ထင်ရတတ်ပေမယ့် တကယ်တော့ ဒီခံစားချက်ကို ကြုံနေရတဲ့သူတွေ အများကြီးရှိပါတယ်။ အရေးကြီးဆုံးကတော့ အဲဒီခံစားချက်ကို ဖုံးကွယ်မထားဘဲ လက်ခံပြီး တဖြည်းဖြည်း ကျော်ဖြတ်သွားဖို့ပါပဲ။ ဒါကြောင့် ဒီအပတ်မှာ Yatwoon နဲ့အတူ ဒီမေးခွန်းလေးတွေကို ဆွေးနွေးကြရအောင်။ 📍 Modern Loneliness ဆိုတာ ဘာကြောင့် ယနေ့ခေတ်မှာ ပိုများလာတယ်လို့ ထင်သလဲ။ 📍 Social Media က လူတွေကို ပိုချိတ်ဆက်စေတယ်လို့ ထင်လား၊ ဒါမှမဟုတ် ပိုအထီးကျန်စေတယ်လို့ ထင်လား။ 📍 အထီးကျန်တဲ့အချိန်တွေမှာ ကိုယ်လုပ်လေ့ရှိတဲ့ Habit ဒါမှမဟုတ် Coping Method လေးတွေက ဘာတွေလဲ။ ဒီတစ်ခေါက် Topic လေးကတော့ Koala လေးတို့ရဲ့ အတွေ့အကြုံ တွေ၊ ခံစားချက်တွေနဲ့ အယူအဆတွေကို လွတ်လပ်စွာ မျှဝေနိုင်မယ့် Safe and Meaningful Discussion Space လေးတစ်ခု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ 💙✨ 📌 Yatwoon Telegram Channel - https://t.me/YATWOONofficial 📌 Chatty Yatwoon Group - https://t.me/+lztmOjfWLKsxZGNl 📌 Introverts' Yatwoon Channel - t.me/introvertsyatwoon 📌 Introverts' Yatwoon Facebook Group - https://www.facebook.com/groups/3248389845381003/?ref=share LinkedIn - https://www.linkedin.com/company/step-by-step-to-a-better-yatwoon/?viewAsMember=true အပတ်စဉ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည (၈:၀၀ - ၉:၄၀) [For Introverts] Zoom Link - https://us05web.zoom.us/j/6375029469?pwd=i0ML3FT45QWJdLPhtByGwnsXfIJJlB.1 Meeting ID: 637 502 9469 Passcode: Yatwoon #Yatwoon #Graphic_Alexis #Content_Shoon_Lae

  • без подписи

  • Conversation club batch (26) week (3.1) ◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️ Topic: The Anti-hero within Hello ကိုအာလာလေးတိုရေ~ ဒီအပတ် Sunday conversation club အတွက် topic ကိုစောင့်မျှော်နေကြပြီထင်တယ်နော်။ ဒီအပတ်မှာကတော့ Sunday team ကနေပြီး ကိုအာလာလေးတိုအတွက် The Anti-hero within ဆိုတဲ့ topic လေးကိုစီစဉ်ထားပါတယ်။ 💁‍♀️ Anti hero လို့ပြောလိုက်ရင် ကိုအာလာလေးတို့ ဘာကိုသွားမျင်ကြလဲ❓ For example, it could be Loki or Deadpool. သူတို့တွေမှာ anti hero traits တွေရှိကြပါတယ်။ ဒီလိုမျိုး traits တွေက ကျွန်မတို့ ကိုယ်တွေထဲမှာလဲ ရှိကြပါတယ်။ ကလေး ဘဝတုန်းက innocent ဖြစ်တော့ လောကကြီးက လှပလိုက်တာဆိုပြီး ကောင်းတာတွေလုပ်ကြတယ်။ ပြီးတော့ ကောင်းတာတွေကိုယ်ပြန် ရလာမယ်လို့ယုံကြည်ခဲ့တယ်။ But the real world is quite different. တဖြေးဖြေးနဲ့ကြီးလာတဲ့အခါမှာ လောကကြီးရဲ့ dark sides တွေကိုတွေ့လာရတယ်။ 🥹 ဒီလို‌နဲ့ တဖြေးဖြေးချင်း "ငါကသာဒီလိုကောင်းတာတွေလုပ်နေတယ် ဒါပေမယ့်လောကကြီးကတော့ ပြောင်းလဲသွားမှာ မဟုတ်ဖူး" ဆိုတဲ့အတွေးအခေါ်တွေဝင်လာနိုင်ပါတယ်။ 👀 ဒါမှမဟုတ် ဒီလောကကြီးမှာ လူတော်တော်များများက အကျင့်စာရိုတ်တ မကောင်းကြဖူး မကောင်းမှုတွေနဲ့ ပြည့်နေတဲ့ လောကကြီးမှာ ဘာလို့ prey အနေနဲ့ နေရမှာလဲဆိုပြီး ကိုယ်တိုင် hunter အဖြစ်နဲ့ပြောင်းပြီး မကောင်းတဲ့သူတွေကို မကောင်းတဲ့ ending တွေရောက်အောင် လုပ်မယ်ဆိုတဲ့ စိတ်လဲပေါ်လာနိုင်ပါတယ်။ 😈 ဒီလို မျိုး anti hero traits တွေ ဘာကြောင့်ရလာရတာလဲ၊ ပြီးတော့ Nonchalant, excessive self awareness, self doubt and criticism တွေက လူတွေရဲ့ personal life ကို ဘယ်လိုမျိုး influence ဖြစ်လာနိုင်လဲဆိုတာတွေကို ဒီအပတ်ရဲ့ Sunday Conversation Club မှာဆွေးနွေးသွားမှာဖြစ်ပါတယ်။ ✨ ဒါကြောင့်မလို့ ဒီလာမယ့် Sunday Conversation Club ကို‌လာရောက် join ဖို့နွေးထွေးစွာနဲ့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။ 🫶 📌 Yatwoon Telegram Channel - https://t.me/YATWOONofficial 📌 Chatty Yatwoon Group - https://t.me/+lztmOjfWLKsxZGNl 📌 Introverts' Yatwoon Channel - t.me/introvertsyatwoon 📌 Introverts' Yatwoon Facebook Group - https://www.facebook.com/groups/3248389845381003/?ref=share LinkedIn - https://www.linkedin.com/company/step-by-step-to-a-better-yatwoon/?viewAsMember=true အပတ်စဥ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည(၈-၉:၄၀) [For Introverts] Zoom link - https://us05web.zoom.us/j/6375029469?pwd=i0ML3FT45QWJdLPhtByGwnsXfIJJlB.1 Meeting ID: 637 502 9469 Passcode: Yatwoon #Yatwoon #content_Cutie_Xiao_Xiao #graphic_Alexis

  • без подписи

  • Conversation Club Batch (26), Week (3) ◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️◽️◾️ Topic: Can Boys and Girls Just Be Best Friends? ယောက်ျားလေးနဲ့မိန်းကလေးကြားမှာ အရောင်ဆိုးတဲ့အချစ်တွေမဟုတ်ဘဲ စစ်မှန်တဲ့အဖြူရောင်မေတ္တာတွေ ရှိနိုင်ရဲ့လား 🤔 💭 Hello ကိုအာလာလေးတို့ရေ ဒီအပတ်ရဲ့ စိတ်ဝင်စားစရာ Topic ကို အတူတူဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပြီလား။ ဒီတစ်ပတ်မှာတော့ လူအများစု အမြဲငြင်းခုံနေကြတဲ့ "Can Boys and Girls Just Be Best Friends?" ဆိုတဲ့ Topic ကို အတူတူ စဉ်းစားဆွေးနွေးသွားကြမှာပဲ ဖြစ်ပါတယ်။ ဒီလူမှုရေးနယ်ပယ်မှာ ယောကျာ်းလေးနဲ့ မိန်းကလေးကြားက Platonic Friendship က တကယ်ရှိနိုင်ပါတယ်နော် ။ တစ်ယောက်က အကူအညီလိုရင် အမြဲကူညီပေးတတ်ပြီး ကိုယ့်ရဲ့ ဘဝအခက်အခဲတွေကိုလည်း နားထောင်ပေးတတ်တဲ့ Best Friend အနေနဲ့ အမြဲတမ်းပေါင်းသင်းသွားတဲ့သူတွေလည်း အများကြီး ရှိကြပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ ဒီလိုမမြင်ကြပါဘူးဆိုတာ လက်ခံကြတယ်မလား။ ယောကျာ်းလေးနဲ့ မိန်းကလေးကြားမှာ အချိန်ကြာလာတာနဲ့အမျှ တစ်ဖက်ဖက်က သံယောဇဥ် ပိုလာနိုင်ပါတယ် ဒါမှမဟုတ် ချစ်လာနိုင်တယ်လို့ ယုံကြည်ကြပါတယ်။တကယ်တော့ ပြဿနာက သူတို့နှစ်ယောက်ကြားမှာ မဟုတ်ဘဲ ပတ်ဝန်းကျင်ရဲ့အမြင်တွေ ကြောင့် ဖြစ်တတ်ပါတယ်။ "ဘယ်သွားသွား အမြဲအတူတူနော်။"  "သူတို့နှစ်ယောက် ကြိုက်နေကြတာလား။" ဆိုတဲ့ အမြင်တွေနဲ့ ပြောဆိုခံရတာတွေက စစ်မှန်တဲ့ Friendship တစ်ခုအတွက်ဖိအားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Healthy Boundaries ကလည်း အရေးကြီးလာပါတယ်။တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိဖို့ ၊ မျှော်လင့်ချက်တွေကို ရှင်းရှင်းလင်းလင်းထားဖို့၊ ကိုယ့်ရဲ့ Relationship တွေကိုလည်း Respect လုပ်ပေးဖို့ဆိုတာ Friendship တစ်ခုကို ရေရှည်တည်တံ့စေတဲ့ အရေးကြီးတဲ့အချက်တွေထဲက တစ်ခုပါ။ ဒါကြောင့် ဒီအပတ်မှာ Yatwoon နဲ့အတူ ဒီမေးခွန်းလေးတွေကို ဆွေးနွေးကြရအောင်။ 📍 ယောကျာ်းလေးနဲ့ မိန်းကလေးကြားမှာ Best Friend အဖြစ် ရေရှည်ရှိနေနိုင်မယ်လို့ ထင်သလား။ 📍 Platonic Friendship ကို ပတ်ဝန်းကျင်ရဲ့ အမြင်တွေက ဘယ်လောက်အထိ သက်ရောက်တယ်လို့ ထင်လဲ။ 📍 Healthy Friendship တစ်ခုကို ထိန်းသိမ်းနိုင်ဖို့ ဘယ်လို Boundaries တွေထားသင့်သလဲ။ ဒီတစ်ခေါက် Topic လေးကတော့ Koala လေးတို့ရဲ့ အတွေ့အကြုံတွေ၊ အယူအဆတွေကို လွတ်လပ်စွာ ဖလှယ်နိုင်မယ့် Meaningful Discussion Space တစ်ခု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ 📌 Yatwoon Telegram Channel - https://t.me/YATWOONofficial 📌 Chatty Yatwoon Group - https://t.me/+lztmOjfWLKsxZGNl 📌 Introverts' Yatwoon Channel - t.me/introvertsyatwoon 📌 Introverts' Yatwoon Facebook Group - https://www.facebook.com/groups/3248389845381003/?ref=share LinkedIn - https://www.linkedin.com/company/step-by-step-to-a-better-yatwoon/?viewAsMember=true အပတ်စဉ် ဗုဒ္ဓဟူးည၊ တနင်္ဂနွေည (၈:၀၀ - ၉:၄၀) [For Introverts] Zoom Link - https://us05web.zoom.us/j/6375029469?pwd=i0ML3FT45QWJdLPhtByGwnsXfIJJlB.1 Meeting ID: 637 502 9469 Passcode: Yatwoon #Yatwoon #Graphic_Thet_Hmue #Content_Shoon_Lae