Brother Figure For You
СтатистикаA telegram channel for people who want to improve their lives. A channel you must subscribe to for valuable short-form letters. Follow me on other social platforms and check my services: https://portfolioafafaf.my.canva.site/aungpaingphyo
- Последний пост
- 20 июн.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Музыка (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
မနက်ဖြန် ဆယ်နာရီလောက် ကစပြီး ကျွန်တော် ဆူးလေက ကော်ဖီဆိုင်တဆိုင်မှာ ရှိနေပါမယ်။ စီးပွားရေး Gp တခုထဲက သိတဲ့ အကိုတယောက်နဲ့ တွေ့ဖို့ရှိလို့ပါ။ တကယ်လို့ အားတဲ့သူတွေ ရှိရင် လာjoin နိုင်ပါတယ်။ အချိန်နီးမှ ကပ်ပြောသလို ဖြစ်တဲ့အတွက် ဒီအပတ်အဆင်မပြေတဲ့သူ တွေအတွက် နောက်တပတ် Sunday မှာလည်း ထပ်တွေ့ဖို့ တွေးထားပါတယ်။ မနက်ဖြန်လာမယ့်သူတွေ ရှိရင် comment မန့်ခဲ့ပါ။ Location : https://maps.app.goo.gl/yRH7cfxevYvsPZNUA
Dostoevskyပြောခဲ့ဖူးသလို အရာရာကို လိုက်ခံစား လိုက်တွေးတောတတ်တဲ့ deep thinkers တွေဟာ လောကမှာ အနာအကျင်ရဆုံးသူတွေ အထီးကျန်ဆုံးသူတွေလို့ ပြောလို့ရတယ်။ သာမန်လူတွေဟာ ဘာကိုမှ မစဉ်းစားဘဲ မိမိအတွက် ကူဖော်လောင်ဖက် ဖြစ်ဖို့ စိတ်အပန်းဖြေဖို့အတွက် ကလေးတွေမွေးနေချိန်မှာ အရာရာကိုတွေးတောတတ်တဲ့ သူတွေကတော့ ပျက်စီးနေတဲ့ လူ့အဖွဲ့အစည်းထဲကို အပြစ်မရှိတဲ့ လူတယောက်ကို ခေါ်ပြီးကျွေးကျွန်သာသာ ဘဝကိုရောက်အောင် လုပ်ဖို့ တော်တော်လေးကို တွန့်ဆုတ် နေလိမ့်မယ်။ အဲ့ဒီအစား အထီးကျန်မူကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်လိမ့်မယ်။ @brotherfigureforyou
ကျွန်တော့်ရဲ့နောက်ဆုံး relationship ပျက်စီးသွားပြီး တည်းက တယောက်တည်းနေနေတာ အခုဆို တနှစ်ပြည့်တော့မယ် အစပိုင်းကခက်ခဲခဲ့ပေမယ့် တနှစ်မပြည့်ခင်ကာလအတွင်းမှာ ကျွန်တော် တယောက်တည်းနေရ တာကို တော်တော်ခုံမင်လာတယ်။ Social media တွေကြောင့် ပြောင်းလဲလာတဲ့ အခုခေတ်လူတွေရဲ့ သစ္စာမရှိမူတွေ Drama များပြီး တကိုယ်ကောင်းဆန် အပေးအယူဆန်တဲ့ Behaviour တွေကို စိတ်ကုန်စပြုလာတယ်။ တယောက်တည်းနေရတာ တခါတလေ အထီးကျန်သလို ရှိပေမယ့် ကိုယ့်အချိန်တွေကို ကိုယ်ကြိုက်သလိုသုံးလို့ရ လာတယ်။ ကိုယ့်အနာဂတ်အတွက် အစီအစဉ်တွေဆွဲဖို့ အချိန်တွေရလာတယ်။ နောက်ပြီးတော့ အခုလို အရာရာခက်ခဲနေတဲ့ကာလမျိုး တွေမှာ အိမ်ထောင်ပြု ကလေးယူနေကြတဲ့သူတွေကို လည်း သူတို့ ဘယ်လိုများ ဒီကိစ္စတွေကို အာရုံစိုက်နိုင် သေးတာလဲဆိုပြီးအံဩရတယ်။ အတိအကျမပြောနိုင်သေးပေမယ့် ကျွန်တော်ကတော့ နောက်နှစ်တွေ ကြာတဲ့အထိ တယောက်တည်း နေသွားဖို့တွေးထားတယ်။ @brotherfigureforyou
ကျွန်တော် အခုတခေါက် သင်္ဘာပေါ်က ပြန်ရောက်ပါပြီ။ ကိုယ့်ကိစ္စတွေနဲ့ ကိုယ်ရှုပ်နေလို့ ဒီ Channel မှာစာတွေရေးချင်ပေမယ့် မရေးနိုင်ခဲ့တာ စိတ်မကောင်းပါဘူး။ ကျွန်တော်အခု ဒီ Channel ထဲကလူတွေနဲ့ အရင်ကလို Live chat ကနဲ့စကားတွေ ပြန်ပြောဖို့တွေးထားပါတယ် ကျွန်တော်အပေါ်မှာ ပြောဖူးသလို ဒီChannelထဲက လူတွေနဲ့လည်း ကျွန်တော် နောက်တခေါက် ပြန်မထွက်ခင် အပြင်မှာ တွေ့ချင်ပါတယ်။ လူငယ်အချင်းချင်း Network တွေရဖို့ စိတ်တူကိုယ်တူအပေါင်း အသင်းမိတ်ဆွေကောင်းတွေ ရဖို့ရည်ရွယ်ပါတယ်။ တကယ်လို့စိတ်ဝင်စားတယ် ဆိုရင် comment မှာ Message တခုခုချန်ခဲ့ပါ။ ကျွန်တော်ပြန်ဆက်သွယ်ပါ့မယ်။
ကျွန်တော်တို့ ကျောင်းတွေ တတ်တယ် အလုပ်တွေလုပ်တယ်ဆိုတာ ပညာသင်ဖို့ ငွေရှာဖို့ပဲ မဖြစ်သင့်ဘူး တကယ်တော့အဲ့ဒီနေရာတွေကို တချိန် ကိုယ်နဲ့အတူတူ စီးပွားရေးတခုခုကို ပေါင်းလုပ်နိုင်မယ့် စိတ်တူကိုယ်တူ လူမျိုးတွေ ရှာတွေ့နိုင်ဖို့ အတွက်လည်း အသုံးချသင့်တယ် ဒီနောက်ပိုင်း ကျွန်တော်ဆိုရင် မိတ်ဆွေအသစ်တယောက်ရတိုင်း အဲ့ဒီလူမှာ ကိုယ့်မှာမရှိတဲ့ ဘယ်လို အရည်အချင်းတွေ အတွေ့အကြုံတွေရှိနေလဲဆိုတာ အမြဲတမ်းလေ့လာကြည့်မိတယ် အဲ့ဒီအပြင် ကိုယ့်လိုမျိုးပြင်းပြတဲ့ စိတ်ခွန်အားတွေရှိနေရဲ့လား ဆိုတာရော အမြဲတမ်းလိုလို စမ်းစစ်ကြည့်မိတယ် @brotherfigureforyou
လူတယောက်ဟာ ညဏ်ရည်မြင့်မား လာတာနဲ့အမျှ ပိုပြီးတော့ အထီးကျန်လာတယ် ပိုပြီးတော့ နာကျင်မူတွေကို ခံစားလာရတယ်။ ဘာ့ကြောင့်လဲဆိုတော့ ညဏ်ရည်မြင့်မားတဲ့လူတွေဟာ တွေ့ရာလူနဲ့ မပေါင်းဘူး တွေ့ရာလူနဲ့ မတွဲဘူး။ Friendship မှာပဲဖြစ်ဖြစ် Romantic relationshipမှာပဲ ဖြစ်ဖြစ် တော်တော်လေးကို Selective ဖြစ်လာတယ်။ လူတယောက်နဲ့ မတွဲခင် ဒီလူက ငါ့ဘဝအတွက် အကျိုးရှိ မယ့်သူလား။ ငါ့အချိန်တွေကို ဖြုန်းမယ့် သူလားဆိုတာ သေချာ လေ့လာတယ်။ ဘဝမှာ နာကျင်မူတွေ မတရားမူတွေ ကြုံရတဲ့အခါမှာ လည်း အဲ့ဒီလူတွေက ပိုပြီး ခံစားရတယ်။ သာမန်လူတွေဟာ နာကျင်မူတွေကို မေ့ဖျောက်ဖို့ အရက်၊ မူးယစ်ဆေးဝါးနဲ့ လိင်ကိစ္စတွေမှာ ကိုယ့်ရဲ့ စိတ်ကို ပုံအပ်လိုက်တယ်။ ညဏ်ရည်မြင့်မားတဲ့သူတယောက်ကတော့ ကိုယ်ကြုံတွေ့နေရတဲ့ မတရားမူတွေ နာကျင်မူတွေကနေ လွတ်မြောက်ဖို့ အထီးကျန်မူကို အံတုရင်း တယောက်တည်း အဖြေရှာတယ်။ @brotherfigureforyou
လူတယောက်ရဲ့ ဘဝမှာ ကြောက်စရာ အကောင်းဆုံး အရာက သူဘာ့ကြောင့် ရှင်သန်နေရမှန်း သူကိုယ်သူ မသိတော့ဘဲ ဘဝအဓိပ္ပာယ် ပျောက်ဆုံးသွားတာပဲ အဲ့ဒီအရာက လူတယောက်ကို အသက်ဆုံးရူံးတဲ့ အထိ ဖြစ်စေနိုင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဘဝမှာ ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိတော့ဘဲ ဘဝအဓိပ္ပာယ် ပျောက်ဆုံးခဲ့တဲ့ အချိန်တွေရှိခဲ့ဖူးတယ်။ အဲ့ဒီအချိန်တွေမှာ Suicidal thoughts တွေလည်း ခေါင်းထဲရောက်လာတတ်တယ်။ လူအများစုက ကိုယ်ချစ်ရတဲ့ လူတယောက်နဲ့ သာယာတဲ့ မိသားစုဘဝတစ်ခုတည်ဆောက် ဖို့ဆိုတာ သူတို့ ဘဝရဲ့ အဓိပ္ပာယ် တခုအဖြစ်သတ်မှတ်ထားတယ်။ ကိုယ်ချစ်ရတဲ့သူ ကိုယ့်ကို စွန့်ပြစ်သွားတဲ့အခါ ကိုယ့်ရဲ့ ဘဝအဓိပ္ပာယ်ပျောက်ဆုံး သွားတတ်တယ်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာအရ သန်မာပြီး ညဏ်ရည်မြင့်မားတဲ့ သူတွေအတွက်တော့ အိမ်ထောင်ပြုကလေးယူတာဟာ သူ့ဘဝရဲ့ အဓိက ကျတဲ့ အဓိပ္ပာယ်တခု အဖြစ် ရှိမနေဘူး။ @brotherfigureforyou
ကျွန်တော် ဟိုးအရင်တုန်းက အိမ်ထောင်ပြု ကလေးယူဖို့ အစီအစဉ်ရှိခဲ့ဖူးတယ် နောက်တော့ ကျွန်တော် အိမ်ထောင်လည်း မပြုချင်တော့ဘူး ကလေးတွေလည်း မလိုချင် တော့ဘူး ဘာမှအပြစ်မရှိတဲ့ လူသားတယောက်ကို ဒုက္ခပေါင်းစုံပြည့်နေတဲ့ လောကကြီးထဲကို ကိုယ့်ရဲ့ စိတ်ပျော်ရွင်မူနှင့် ကိုယ့်ကို ပြန်ရှာကျွေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နှစ်ခုအတွက်နဲ့ မခေါ်ချင်တော့ဘူး ကိုယ်ကြုံခဲ့ရတဲ့ ကြုံနေရတဲ့ ဒုက္ခတွေ နာကျင်ခြင်းတွေကို ဘာမှအပြစ်မရှိတဲ့ ကလေးတယောက်ကို မကြုံစေချင်တော့ဘူး ဒါဟာ ကိုယ်လုပ်နိုင်တဲ့ လူသားအဆန်ဆုံး လုပ်ရပ်တခုပဲ @brotherfigureforyou
အမျိုးသားတိုင်းလိုလိုဟာ ဆက်ကျော်သက်ဘဝ လောက်ထဲက သူတို့ကို ကျွန်ပြုမယ့် တစုံတယောက် သို့မဟုတ် တစုံတခုကို ရှာဖွေကြတယ် အဲ့ဒီလူ သို့မဟုတ် အဲ့ဒီ အရာအတွက် သူတို့ရဲ့ ခန္ဓာကိုယ်ကို ဖျက်စီးပြစ်တယ် အသက်ကိုစွန့်တယ် ဒါပေမဲ့ အဲ့ဒီလူ သို့ အဲ့ဒီအရာဟာ များသော အားဖြင့် သူတို့ကို သစ္စာဖောက်သွားတာ များတယ်။ ဒုက္ခပေးသွားတာများတယ်။ အသေသတ်သွားတာများတယ်။ @brotherfigureforyou
လောကမှာ ကိုယ်ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိတဲ့သူတွေ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို မရှာဖွေနိုင်တဲ့သူတွေဟာ သာယာမူတွေနဲ့ ကိုယ့်ရဲ့ အချိန် တွေကို ဖြုန်းတီးပြစ်တယ် အဲ့ဒီလူတွေနဲ့ ဆန့်ကျင့်ဘက် ဒုတိယအုပ်စုက လူတွေကတော့ ဘဝမှာ သာယာမူတွေကို မရှာဖွေနိုင်တဲ့သူတွေ သူများတွေအတွက် လွယ်လွယ်ကူကူရနေတဲ့ ပျော်ရွင်မူတွေ ကို ရဖို့ ခက်ခဲနေတဲ့သူတွေ ဘယ်သာယာမူကမှ သူတို့ကို တကယ်တမ်း ပျော်ရွင်အောင် မလုပ်ပေး နိုင်တဲ့ သူတွေ အဲ့ဒီလူတွေအတွက်တော့ ကိုယ့်အတွက် ကို တိုးတက်ရာ တိုးတတ်ကြောင်းလုပ်ဖို့နဲ့ လူ့အဖွဲ့အစည်းကို ကောင်းကျိုးပြုဖို့ကလွဲရင် တခြားရွေးချယ်စရာ မရှိတော့ဘူး @brotherfigureforyou
ဘဝမှာ နာကျင်စရာတွေများလာတဲ့အခါ လူတိုင်းတွေးတတ်တဲ့ အတွေးတခု ရှိတယ်။ ဘာလို့ ငါ့ကျမှ ဖြစ်ရတာလဲ။ ငါလည်း သူများတွေလို ပျော်ချင်တယ်လေ။ သူများတွေလို အချစ်ခံချင်တယ်။ ဘာလို့ ငါအရမ်းအထီးကျန် နေရတာလဲ။ ဘာလို့ သူများတွေ လွယ်လွယ်ကူကူ ရနေတဲ့ အရာတွေက ငါ့အတွက် ခက်ခဲနေရတာလဲ။ ကျွန်တော်လည်း အဲ့လို ခဏခဏတွေးခဲ့ဖူးတယ်။ နောက်တော့ ကံကြမ္မာက ငါ့ကို နာကျင်မူတွေ တခုပြီးတခု ပေးနေတာဟာ ငါ့ကို မာကြောအောင်လုပ်ပေးနေတာ သာမန်ထက်ပိုတဲ့ ဘဝတခု ရောက်အောင် သာမန်လူတွေ ရနေတဲ့ ပျော်ရွင်မူတွေ ဂရုစိုက်ခံရမူတွေကို ငါ့ဆီက ဖယ်ရှာပြစ်နေတာ ငါ့နားမှာ တယောက်မှ ရှိမနေလောက်အောင် အထီးကျန်မူတွေဟာ ငါ့အတွေးတွေနဲ့ ငါ အရာရာကို အဖြေရှာနိုင်အောင် ငါ့ကို ကူညီနေတာ အဲ့ဒီလိုပဲ ကျွန်တော် တွေးလိုက် တော့တယ်။ @brotherfigureforyou
လူစိမ်းတွေနဲ့ ချိတ်ဆက်ရမှာ မကြောက်ပါနဲ့ ကျွန်တော်မနက်က စီးပွားရေး အကြံအညဏ်များဆွေးနွေးကြမယ် ဆိုတဲ့ Group မှာ ကျွန်တော်လက်ရှိလုပ် နေတဲ့ career ကနေ ထွက်ဖို့ စဉ်းစားနေတဲ့အကြောင်း၊ ထွက်ပြီးရင် ဘယ်လိုအလုပ်တွေ လုပ်ချင်ကြောင်း ပို့စ်တခုတင်လိုက်တယ်။ ပို့စ်တင်ပြီး သိပ်မကြာ ကျွန်တော့်လိုပဲ သင်္ဘာသားအလုပ်ကို စိတ်ကုန်နေတဲ့ Chief Engineer အကိုရယ် 2nd Engineer အကိုရယ် ကိုယ်ပိုင် အလုပ်လုပ်ဖို့တွေးနေတဲ့ Civil Engineer အကိုရယ် သုံးယောက် ကျွန်တော့်ကို လာဆက်သွယ်တယ်။ ကျွန်တော်နဲ့ အလုပ်အတူတူပူပေါင်း လုပ်ချင်ကြောင်း လာပြောတယ်။ ကျွန်တော်ပြန်ရောက်ရင် သူတို့နဲ့တွေ့ဖို့ရှိတယ်။ ကျွန်ဝောာ်ဆိုအရင်က လူစီမ်းတွေနဲ့ စကားပြောရမှာ အရမ်းကြောက်တယ်။ အခုတော့ မကြောက်တော့ဘူး။ ဘာ့ကြောင့်လဲဆိုတော့ လူစိမ်းတွေကသာ ကိုယ့်ကို အောင်မြင်မူဆီ အရောက်ပို့နိုင်မယ်ဆိုတာ သိရှိလာလို့ပဲ။ Shake hands, Build network. ကျွန်တော်တင်ထားတဲ့ပို့စ်ကို အောက်က link ကနေတဆင့် ဖတ်ရူနိုင်ပါတယ်။ နောက်ပြီးတော့ ဒီတခေါက် ကျွန်တော့်ရဲ့ comeback က တော်တော်လေးကြမ်းဖို့ရှိတယ်။ https://www.facebook.com/share/p/1PmkVQUSXE/ @brotherfigureforyou
အင်္ဂလိပ်စကားမှာ Hit the rock bottom ဆိုတဲ့ စကားရှိတယ် အဓိပ္ပာယ်က ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ငွေရေးကြေးရေးပိုင်းဆိုင်ရာ လူမူရေးပိုင်းဆိုင်ရာ အရာရာ အောက်ဆုံးရောက်နေတဲ့ အခြေအနေလို့ ပြောလို့ရတယ်။ အဲ့ဒီလို အခြေအနေမျိုးကို အထူးသဖြင့် အမျိုးသား အများစုရဲ့ ဘဝမှာ ကြုံကို ကြုံရလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း အခုအချိန်မှာ ဘဝရဲ့ lowest point ကိုဖြတ်သန်းနေရတဲ့ ကာလလို့ ပြောလို့ရတယ်။ အဲ့ဒီအချိန်တွေမှာ ကျွန်တော့် ဘေးနားမှာ တယောက်မှ ကို မရှိဘူး။ ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိကိုယ်စောက်ပေါ ဖြစ်နေတာကို နှစ်သိမ့်ပေးမယ့် လူမျိုး မလိုချင်ဘူး။ နာတာရှည်ရောဂါကို ဆေးမြီးတိုနဲ့ မကုချင်ဘူး။ ကျွန်တော့်မှာ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ပဲရှိတယ်။ ကိုယ့်ဘာသာ ပြန် ပြောဖြစ်တဲ့ conversationတွေကနေ ဒီဘဝကနေ ငါဘယ်လို Comeback လုပ်ရမလဲဆိုတာ အမြဲတမ်း အဖြေရှာတယ်။ ကိုယ့်အပေါ် အထင်သေးခဲ့တဲ့သူတွေ လိမ်ညာလှည့်ဖြားခဲ့တဲ့သူတွေ ကိုယ့်ကို စွန့်ပြစ်သွားတဲ့သူတွေအပေါ် တမြောင်းမြောင်းထွက်နေတဲ့ ဒေါသတွေကို ခွန်အားတွေအဖြစ် ပြောင်းလဲဖို့ ကြံစည်တယ်။ လူ့ရဲ့ အကျင့်ဟာလည်း အခုလို အနိမ့်ဆုံးအခြေအနေကို ရောက်မှ အမြင့်ကို ပြန်တက်လှမ်းဖို့ ကြံစည်လေ့ရှိတယ်။ ဆုံးရူံးစရာမရှိတော့တဲ့ အခြေအနေရောက်မှ ပြာပုံထဲကနေ ကုန်ရုံးထဖို့ ကြိုးစားလေ့ရှိတယ်။ ဒါ့ကြောင့် အဲ့ဒီလိုအခြေအနေမျိုးဟာ ကိုယ့်အတွက် အသုံးချတတ်ရင် တကယ်ကို အကျိုးရှိတယ်လို့ ပြောလို့ရတယ်။ @brotherfigureforyou
без подписи
2022 Vs 2025 သုံးနှစ်ဆိုတဲ့ အချိန်ဟာ လူတယောက်ကို အများကြီးပြောင်းလဲစေတယ် Men age like fine wine ဆိုတဲ့ စကားအတိုင်း ယောင်္ကျားတယောက်ရဲ့ Character နဲ့ ရုပ်ရည်ဟာ နှစ်ဆယ့်ငါးနှစ်ကျော် သုံးဆယ်နားရောက်ခါနီးမှား သူကြုံခံရတဲ့ Trauma တွေ အခက်အခဲတွေကြောင့် အသက်ကြီးလာလေ ပိုပြီး ရင့်ကျက် ပိုပြီးသန်မာတဲ့ ပုံစံကို စတင် ပြောင်းလဲလာတယ်
ဘယ်မိန်းမမှ မင်းရဲ့ လွတ်လပ်မူလောက် မလှပဘူး အဖိုးမတန်ဘူး Markkymarknji ( random person from the YouTube comment section ) @brotherfigureforyou
အသက်အရွယ်တခု ရလာပြီးတဲ့နောက်မှာ တယောက်တည်းနေတာဟာ သစ္စာမရှိတဲ့သူတွေ ဒရာမာများတဲ့သူတွေနဲ့ ပတ်သတ်ရတာထက် ပိုကောင်းတယ်ဆိုတာကို တွေ့ရှိလာတယ် ကိုယ့်ရဲ့ ပျော်ရွင်မူတွေ အချိန်တွေ Energy တွေ စိတ်ချမ်းသာမူတွေကို အထိအတွေ့တခုအတွက်နဲ့ လဲရတာ မတန်ဘူးလို့ ခံစားလာရတယ် @brotherfigureforyou
ဒါပေမဲ့ ဘဝကကျွန်တော့်ကို ကြာကြာခံစားနေဖို့ အခွင့်အရေးမပေးဘူး။ ကျန်းမာရေးမကောင်းပေမယ့် အသက်ခြောက်ဆယ်နားကပ်နေတဲ့အထိ အလုပ်လုပ်နေရသေးတဲ့ အဖေ့ကို အလုပ်ကနေနားရဖို့အတွက် ကျွန်တော် သင်္ဘာပေါ်ကို အလောတကြီး ပြန်တတ်ဖို့ စီစဉ်ခဲ့တယ်။ ကျွန်တော့်တအိမ်လုံးမှာရှိနေတဲ့ သူမ နဲ့ အမှတ်တရတွေက ကျွန်တော့်ကို ခြောက်လှန့် နေတာကြောင့်လည်းပါတာပေါ့။ အဲ့ဒီဆုံးဖြတ်ချက်ကပဲ ကျွန်တော့်ကို နောက်ထပ်အမှား တခုကျူးလွန်မိအောင် တွန်းပို့ခဲ့တယ်။ အဲ့ဒီလိုနဲ့ ကျွန်တော်တယောက်တည်း မြန်မာနိုင်ငံကနေထွက်လာခဲ့တယ်။ Hotel မှာတယောက်တည်း သင်္ဘာစောင့်နေတုန်း သူ့ဘဲ တင်ထားတဲ့ သူတို့ နှစ်ယောက်ပုံကို မနေနိုင်မထိုင်နိုင်သွားကြည့်မိတော့ တယောက်တည်း ငိုခဲ့ရသေးတယ်။ ဒါဟာလည်း လူဖြစ်ရတဲ့ ဒုက္ခတွေ ထဲက ဒုက္ခတမျိုးပေါ့။ ကံဆိုးချင်တော့ ကျွန်တော် ဒီအခေါက်ကjoinမိတဲ့ သင်္ဘာက မြန်မာတွေကို လူမျိုးရေး ခွဲခြားဆက်ဆံတဲ့ သင်္ဘာဖြစ်နေတယ်။ အစားအသောက်ကို တန်းတူမကျွေးဘူး။ လုပ်ခတွေကို တန်းတူမပေးဘူး။ ဒါတွေကို ကျွန်တော့်ကို တင်ပေးတဲ့ ပွဲစားကုမ္ပဏီက ကြိုသိနေရသားနဲ့ ကျွန်တော့်ကို သူတို့ ဆီကနေထွက်တဲ့ မြန်မာတွေဒီမှာ အဆင်မပြေတဲ့ အကြောင်း ဘာတခုမှ မပြောပြဘဲ ငွေမျက်နှာတခုပဲ ကြည့်ပြီး လွှတ်လိုက်တယ်။ သူတို့ agent ကြေးရတယ်လေ။ ကျွန်တော်ကတော့ အခုလို နာကျင်စရာတွေဟာ ကျွန်တော့်ရဲ့ Character ကို shape လုပ်နေတယ် လို့ပဲတွေးလိုက်တယ်။ ပြီးတော့ ကျွန်တော်ပြိုလဲသွားလို့ မရဘူး။ ဘာ့ကြောင့်လဲဆိုတော့ မိသားစုမှာ ကျွန်တော်က အကြီးဆုံးသား။ ကျွန်တော်ပြိုလဲသွားတာနဲ့ တမိသားစုလုံး ဒုက္ခရောက် ကုန်မှာ။ ကျွန်တော်ကတော့ အခုလို အခြေအနေတွေကနေ Comeback လုပ်နိုင်ဖို့ အခုထဲက စပြင်ဆင်နေပြီ။ (ပုံကတော့ ဒီမှာကျွေးတဲ့ ဟင်းပါ)
အမှန်အတိုင်းပြောရရင် ဒီလအပိုင်းအခြားတွေဟာ ကျွန်တော့်တဘဝလုံးရဲ့ အခက်အခဲဆုံး အချိန်တွေလို့ ပြောလို့ရနိုင်တယ် ပြီးခဲ့တဲ့ အခေါက် သင်္ဘာပေါ်က ပြန်ရောက်ပြီး လို့ ဘယ်လောက်မှမကြာ အဖေတော်တော်လေး နေမကောင်းဖြစ်တယ် အဲ့တချိန်တည်းမှာ ကျွန်တော်လက်ထက်ဖို့အထိ ရည်ရွယ်ပြီး ချစ်ခဲ့တဲ့ မိန်းကလေးက ဂျပန်ရောက်တာ 2 နှစ်မပြည့်ခင် အချိန်မှာပဲ အနေနီးတဲ့သူတယောက်နဲ့ လက်တွဲသွားခဲ့တယ် ( proceed to the next post)
သင်္ဘာလိုက်နေတဲ့ကျွန်တော့် သူငယ်ချင်း တွေဟာ ပြန်လာတဲ့ အခါ အပေါ်မှာ ပင်ပန်းလာတာကို အကြောင်းပြပြီး သူတို့ ကိုပျော်စေနိုင်မယ့် အရာတွေဝယ်တယ် သောက်လိုက်စားလိုက်နဲ့ အချိန်တွေ ပိုက်ဆံတွေ ဖြုန်းကြတယ် ဒီလိုနဲ့ ကုန်လိုက် ပြန်ရှာလိုက်နဲ့ သံသရာလှည်နေကြတယ် ကျွန်တော်ကတော့ အဲ့လို မဖြစ်မခံနိုင်ဘူး ပိုက်ဆံစုဖို့ တွေးထားတယ် မိန်းမယူဖို့တော့မဟုတ်ဘူး ယူစရာမိန်းမလည်းမရှိဘူး ကျွန်တော် ဒီအလုပ်ကနေ အမြန်ဆုံး စွန့်ခွာပြီး ကိုယ်ပိုင် စီးပွားရေးတခုခု လုပ်ဖို့ တွေးထားတယ် ကျွန်တော် ကိုယ်မပျော်တဲ့ အလုပ်မှာ ကြိတ်မှိတ်ပြီး နှစ်တွေ အကြာကြီး မလုပ်ချင်ဘူး အသက်ကြီးလာပြီဖြစ်တဲ့ မိဘတွေရဲ့ နောက်ဆုံးအချိန်မှာ အတူရှိချင်တယ် ငယ်တုန်းရွယ်တုန်း သန်တုန်း မြန်တုန်းမှာ ကိုယ်ဝါသနာပါတဲ့ အရာတွေလုပ်ချင်တယ် ခရီးတွေသွားချင်တယ် တကယ်တော့ ငွေကြေးဥစ္စာနှင့် ရာထူးတွေဟာ ကျွန်တော့်အတွက် အရေးမပါဘူး ခြောက်ဆယ်နားကပ်နေပြီဖြစ်တဲ့ မိဘနှစ်ပါးကို ကောင်းကောင်းမွန်မွန် ထားနိုင်ရင်ပဲ ကျွန်တော့်အတွက် လုံလောက်ပြီ ကိုယ့် အတွက်ကတော့ ဘာမှထွေထွေထူးထူး မလိုအပ်ဘူး @brotherfigureforyou