tgindex
Thar Htoo-Be Unique (B'UNIQ)

Thar Htoo-Be Unique (B'UNIQ)

Статистика

💡Helping professionals monetize knowledge beyond 9–5 | Educator | Personal Coach| Founder, B’UNIQ & Alintan Education. For coaching and mentorship contact @buniqcoaching Telegram LGBTQ+ Friendly Community🌈

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
6
Всего постов
24
Тип
открытый
Язык
my
Категория
Музыка (по похожим)
В каталоге с
13 авг.
Подписчики
1 167
+2 Са 5 дн.
Сутки
0
0,00%
Неделя
—
 
Месяц
—
 
Просмотров на пост
74
24 постов
Вовлечённость
6,3%
к подписчикам
Постов в день
0,9
всогО 24
УпОПинаниК
1
канаНОв
Охват размещения
оценка
1/24сутки в ленте
19
1/48двое суток
21
1/72трое суток
23

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ကိုယ့်မှာ ဖြတ်သန်းလာခဲ့တဲ့ ဘ၀အတွေ့အကြုံ နှင့် အသက်မွေး၀မ်းကြောင်း အလုပ် အတွေ့အကြုံတွေရှိနေပေမဲ့ ငွေသားအဖြစ်သို့ပြောင်းလဲဖို့ ကြန့်ကြာနေတတ်ပါတယ်။ ‘ငါတကယ်ရော ငွေတောင်းဖို့ ထိုက်တန်ရဲ့လား’ ဆိုပြီး မရဲတရဲနဲ့ ဒွိဟတွေဖြစ်နေနိုင်ပါတယ်။ နောက်ကွယ်မှာ ကိုယ်ဟာ ငါမလုံလောက်သေးဘူး၊ သေချာကျွမ်းကျင်မှုမရှိသေးဘူးဆိုတဲ့ အမြင်တွေနဲ့ဖုံးလွှမ်းနေတတ်ပါတယ်။ တကယ်တော့ ကိုယ့်မှာ စွမ်းရည်တွေ၊ ကျွမ်းကျင်မှုတွေရှိနေပြီးသားဆိုတာကို သေချာပြန်မကြည့်မိတာမျိုးရှိနိုင်ပါတယ်။ ဒါဆိုဘယ်လို အခြေအနေတွေရှိတာနဲ့ အခကြေးငွေ ကောက်ခံလို့ရနိုင်မလဲဆိုတာ ဆက်ကြည့်ကြရအောင်။ ၁။ ကိုယ့်အနေနဲ့ အမှန်တကယ် ပြဿနာတစ်ခုကို ဖြေရှင်းပေးနိုင်တဲ့အချိန် လို့ပြောနိုင်ပါတယ်။ တကယ်တော့ကိုယ်က အရာအားလုံးကို တန်းသိနေဖို့မလိုဘဲ ကိုယ်ဖြေရှင်းပေးတဲ့ပြဿနာအတွက်တော့ ကျွမ်းကျင်စွာ ဖြေရှင်းပေးနိုင်ဖို့လိုပါတယ်။ ကျယ်ပြောသော နယ်ပယ်ထက် ဘယ်လိုကိစ္စ၊အကြောင်းအရာ၊ ဖြစ်ရပ်တွေကို အသေးစိတ် ကူညီပေးနိုင်မလဲဆိုတာကို သိထားဖို့လိုပါတယ်။ တိကျရှင်းလင်းထားဖို့လိုပါတယ်။ ၂။ ကိုယ့်မှာ ယခင် အလုပ်အတွေ့အကြုံတွေ ကိုယ်တိုင်လုပ်ခဲ့ဖူးတာတွေရှိနေတဲ့အခါ လို့ဆိုနိုင်ပါတယ်။ အခြားလူကို မကူညီခင် ကိုယ်တိုင်သွားဖူးထားတဲ့လမ်းဖြစ်ဖို့လိုအပ်ပါတယ်။ ဒါမှ ယုံကြည်မှုပိုမိုတည်ဆောက်နိုင်ပြီး လူတွေရဲ့စိတ်ချရမှုကို တိုးစေမှာဖြစ်ပါတယ်။ ကိုယ်က ဘယ်လိုအလုပ်နဲ့ဘယ်တုန်းက ဘယ်လို လုပ်ခဲ့ဖူးတာလဲ ဆိုတာတွေကို မှတ်တမ်းတင်ထားဖို့လိုပါတယ်။ ၃။ လူတွေကိုယ့်ဆီမှာ အကူအညီစတင်ပြီး လာတောင်းတဲ့အချိန်ဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေထဲမှာ လူတွေဘာတွေ ဘယ်လိုလာပြီး အကူအညီရယူကြလေ့ရှိတာလည်းဆိုတာကို သတိထားဖို့လိုပါတယ်။ ဒီလိုအကြိမ်ရေများလားတဲ့အခါ ဒီအပေါ်မှာ ပရောက်ဖက်ရှင်နယ်ကျကျသွားဖို့လိုကြောင်း သတိရဖို့လိုပါတယ်။ ဒါကြောင့် ဘယ်လိုနည်းနဲ့ ဘယ်အချိန်မှာ စတင်ပြီး ကျသင့်ငွေကောက်ခံမလဲဆိုတာ ပြင်ဆင်ထားဖို့လိုပါတယ်။ ၄။ ကိုယ့်အနေနဲ့ရလဒ်ကို ပြသနိုင်တဲ့အချိန်ဖြစ်တယ်။ နံ့စပ်အောင်သိထားရုံနဲ့မပြီးဘဲ အမှန်တကယ် တိုးတက်လာအောင် ကိုယ်ရော တစ်ဖက်လူကိုရော ကူညီပေးနိုင်တဲ့အချိန်ဖြစ်ပါတယ်။ ဥပမာ စားသုံးသူကို ဘယ်ခရီးသို့ ရောက်အောင်ဘယ်လိုနည်းနဲ့ ကူညီရမလဲ၊ရလဒ်ထွက်စေမလဲဆိုတာကို အထင်အရှား ကူညီပေးနိုင်ဖို့လိုပါတယ်။ ယေဘုယျဆန်တာမျိုးထက် သူတို့ကြုံနေရတဲ့အရာကိုသေချာ နံ့စပ်ကူညီပေးနိုင်ဖို့ဖြစ်တယ်။ ၅။ ကိုယ်က ဂုရုကြီးဖြစ်အောင် စောင့်ဖို့မလိုပါဘူး။ ကိုယ့်ထက်သာတဲ့လူတွေ၊ သိတဲ့လူတွေအများကြီးရှိတယ်…ဒီတော့ကိုယ်က သူတို့လောက်မဖြစ်သေးလို့ အရည်အချင်းမပြည့်မီဘူးလို့ထင်နေတာဟာ လွဲမှားနေခြင်းဖြစ်ပါတယ်။ အရေးကြီးတာ ကိုယ့်ရဲ့ကူညီပေးနိုင်တဲ့ အနေအထားနဲ့ ရောက်နေတဲ့အဆင့်ကိုတော့ လက်တွေ့ကျကျလက်ခံထားဖို့လိုပါတယ်။ ကိုယ့်အကူအညီကိုလိုနေသူတွေကိုတာ အာရုံစိုက်ပြီး ကူညီပေးဖို့သာဖြစ်တယ်။ ၆။ ပမာဏ နည်းနည်းနဲ့စတင်ပြီး ငွေကြေးကောက်ခံသွားပါ။ ချက်ချင်း စစချင်း ငွေကြေးပမာဏအများကြီး ကောက်ခံဖို့ မလိုသေးပါဘူး။ ကိုယ့်ရဲ့အနေအထားနဲ့လုပ်နိုင်စွမ်းပေါ်မူတည်ပြီး ဘယ်လိုတစ်လှမ်းခြင်းသွားမလဲ ဆိုတာကို သုံးသပ်သွားသင့်ပါတယ်။ မိနစ် (၆၀)စာ သင်ခန်းစာတစ်ခု၊ (၃)နာရီစာ သင်တန်းတစ်ခု စတဲ့ နိုင်သလောက်နဲ့သွားလို့ရပါတယ်။ ၇။ကိုယ့်ရဲ့ယုံကြည်မှုတိုးမှ ဆိုတာထက် ကိုယ်ဖန်တီးတဲ့ တန်ဖိုးက ရှင်းလင်းနေတဲ့အခါ ငွေစတင်ကောက်ခံသွားပါ။ ပေးချင်တဲ့သတင်းစကားက ကိုယ့်လောက်သိထားပြီး ငွေကြေးကောက်ခံနေသူတွေရှိနေပေမဲ့ ကိုယ်က ‘ငါသေချာမလုပ်ရဲ့သေးဘူး’ ‘ငါယုံကြည်မှုမရှိသေးဘူး’ ဆိုကာ ရပ်တန့်နေနိုင်ပါတယ်။ တကယ်တော့ ယုံကြည်မှုက အမြဲတိုးနေမယ်ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် ကိုယ်စတင်နိုင်တဲ့အနေအထားနှင့် စတင်လှုပ်ရှားသွားဖို့လိုပါတယ်။ အထက်ပါအချက်တွေနည်းတူ များစွာရှိပါဦးမယ်၊ အရေးကြီးတာ ကိုယ့်အနေနဲ့ တစ်ရက်ပြီးတစ်ရက် ကိုယ်အာရုံစိုက်နေတဲ့နယ်ပယ်ရဲ့ ဗဟုသုတတွေတိုးလာဖို့၊ အတွေ့အကြုံတွေတိုးလာဖို့၊ တန်ဖိုးတွေပိုတည်ဆောက်လာနိုင်ဖို့၊ ပိုမို ၀င်ငွေချဲ့ထွင်လာနိုင်ဖို့ အရေးကြီးပါတယ်။ အဆင်ပြေကြပါစေ။ 📈🧭🎯 @TharHtooBeUnique @BUNIQCoaching

  • йоС пОдписи

  • ပရော်ဖက်ရှင်နယ်တို့အနေနဲ့ ကိုယ်သွားနေတဲ့ အသက်မွေး၀မ်းကြောင်း-Career က ဘယ်ကိုဦးတည်နေလဲ ဆိုတာ သွားရင်းနဲ့တောင်အဖြေရှာနေရတာမျိုး၊ မှန်မမှန် သံသယတွေ၀င်နေမိတာမျိုး ကြုံရနိုင်ပါတယ်။ တကယ်တော့ careerလမ်းကြောင်းမှန်တာနဲ့ ချက်ချင်းကြီး ၀င်ငွေတွေ ဒလဟော၀င်လာတာမျိုး၊ promoteလုပ်ခံရတာမျိုး ဖြစ်ချင်မှဖြစ်နိုင်ပေမဲ့ ကိုယ်ရွေ့နေတဲ့လမ်းကြောင်းက ကိုယ့်အတွက် အဓိပ္ပာယ်ပြည့်၀နေတယ်၊ သွားလိုတဲ့ လမ်းကြောင်းဖြစ်နေတယ်ဆိုတာတွေနဲ့ ချိန်ကြည့်နိုင်ပါတယ်။ တစ်ခါတစ်ရံ ကိုယ်က လမ်းကြောင်းမှားနေတာမျိုး ရှိနေပေမဲ့ တကယ်ဦးတည်ရာမှန်နေကြောင်း ကိုသိဖို့ သတိလက်လွတ်ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် ဘာရလဒ်မှ မယ်မယ်ရရမပြသေးတဲ့အခါ စိတ်ဓာတ်ကျပြီး လက်လျှော့ချင်စိတ်တွေ ဖြစ်ပေါ်နေနိုင်ပါတယ်။ အမှန်တကယ် ပြန်မေးဖို့ လိုနေတာက ‘ကိုယ်တည်ဆောက်နေတဲ့ အသက်မွေး၀မ်းကြောင်း လမ်းဆိုတာက တစ်နေ့ကျရင် ကိုယ်ဆိုတဲ့ လူဖြစ်လာဖို့ တွန်းအားပေးနေရဲ့လား၊ လမ်းကြောင်းဖောက်ပေးနေရဲ့လား ဆိုပြီးမေးသင့်ပါတယ်။ အောက်ပါအချက်တွေက ကိုယ့်ရဲ့အသက်မွေး၀မ်းကြောင်း လမ်း မှန်ကန်နေတာကိုပြသနေတဲ့အချက်တွေဖြစ်ပါတယ်။ ၁။ ကိုယ်က တန်ဖိုးရှိတဲ့အရာပေါ်မှာ ပိုပြီး ကျွမ်းကျင်လာတာမျိုးဖြစ်တယ်။ လာမည့် ၃-၅နှစ်အထိတိုင် လိုအပ်နေသေးမဲ့ ကျွမ်းကျင်မှုမျိုးကို ကိုယ်က ဖော်ဆောင်နေသလားမေးပါ။ ဥပမာ ကိုယ်အာရုံစိုက်တဲ့ ကျွမ်းကျင်မှုမှာ တတ်ကျွမ်း မှုတိုးလာတာ၊ ပြဿနာဖြေရှင်းနိုင်စွမ်းတက်လာတာ၊ ဆက်ဆံရေး ပြေပြည့်လာတာ၊ ဦးဆောင်မှုစွမ်းရည်တိုးတက်လာတာ၊ ဓမ္မဓိဌာန်ကျကျ သုံးသပ်လာနိုင်တာ စတာ တွေရှိရင်ဒါဟာ လမ်းကြောင်းမှန်တယ်လို့ ဆိုနိုင်ပါတယ်။ ၂။ ကိုယ့်ရဲ့ လုပ်သက်အတွေ့အကြုံက ပိုပြီး တန်ဖိုးရှိလာတာဖြစ်တယ်။ ကိုယ်ဟာ လုပ်သက်တစ်နှစ်ကို ငါးခါပြန်လုပ်နေရတာလား (သို့မဟုတ်) လုပ်သက်ငါးနှစ်လုံးလုံးက မတူညီတဲ့စွမ်းရည်တွေကိုပေးသလားဆိုတာကို ပြန်သုံးသပ်ဖို့လိုပါတယ်။ အမှန်တကယ်တိုးတက်လာတယ်လို့ဆိုမှ ကိုယ်ဟာ လမ်းကြောင်းမှန်ခြင်းကို အာရုံခံနိုင်မှာဖြစ်ပါတယ်။ ၃။ ကိုယ့်အတွက် အခွင့်အလမ်းတွေပိုပွင့်လာစေတာဖြစ်တယ်။ Professional optionalityလို့ခေါ်တဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အလုပ်တစ်ခုထက်မက အလုပ်အကိုင်ဖန်တီးနိုင်စွမ်း၊ လုပ်ကိုင်နိုင်စွမ်းတွေတိုးတက်လာခြင်း ဆိုတာတွေကို ကြုံရတဲ့အခါ ဒါဟာ လမ်းကြောင်းမှန်ကန်မှုရှိကြောင်းကို ရှင်းလင်းစေမှာဖြစ်တယ်။ အခြားလူတွေ/ လုပ်ငန်း အပေါ်မှာ မှီခိုမှု ကင်းလာလေလေ ပိုပြီး လမ်းတွေက မှန်လာလေလေလို့ယူဆနိုင်ပါတယ်။ ၄။ ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ်ကွန်ယက်က ပိုကြီးလာတာဖြစ်တယ်။ ကိုယ့်ကို ဘယ်သူတွေပိုသိလာကြလဲ၊ ကိုယ့်ကို ဘယ်သူတွေယုံကြည်လာကြလဲ၊ ဘယ်သူတွေက ကိုယ့်ဆီကိုလာဖို့ ညွှန်ပြပေးလာကြလဲ၊ ဘယ်သူတွေက ကိုယ့်ကို အခွင့်အလမ်းတွေ လာအပ်တာလဲ၊ ဘယ်သူတွေက ကိုယ်ဆီမှာ သင်ယူလာကြလဲဆိုတာကို ကြည့်ရင် ကိုယ့်ရဲ့လမ်းကြောင်းဟာ မှန်ကန်လာလေလေပါပဲ။ ၅။ကိုယ်လုပ်နေတဲ့အလုပ်က ကိုယ့်ရဲ့တန်ဖိုးတွေနဲ့ ထပ်တူကျလာစေတာဖြစ်တယ်။ တစ်ခါတစ်ရံ စာရွက်ပေါ်မှာ အဆင်ပြေနေပေမဲ့ ကိုယ့်ရဲ့ရင်ထဲကတန်ဖိုးတွေနဲ့ မချိတ်ဆက်တာမျိုး ဖြစ်နေနိုင်ပါတယ်။ အမှန်တကယ်ကိုယ့်ရဲ့ ရင်ထဲချိတ်ဆက်လာစေတယ်၊ပိုပြီး ကိုယ်ဖြစ်စေချင်တာ၊လုပ်ချင်တာတွေနဲ့ align-ဖြောင့်တန်းမှု ဖြစ်လာတယ်ဆိုရင် ဒါဟာ လမ်းကြောင်းမှန်နေခြင်းရဲ့ ပြယုဂ်တွေဖြစ်ပါတယ်။ ၆။ ဒီထက်မက များစွာရှိပါသေးတယ်၊ ကိုယ့်အနေနဲ့ ၀င်ငွေလမ်းကြောင်းပိုချဲ့ထွင်လာနိုင်တာ၊ အောင်မြင်မှုတွေနှင့် ရှင်းလင်းမှုတွေ တိုးလာတာ၊ ကိုယ်နဲ့ ကိုယ်ဆိုပြီး ပိုချိတ်ဆက်လာနိုင်တာ၊ ယုံကြည်မှုတိုးလာတာ၊ ပိုပြီး ဘ၀မှာ ပြည့်၀မှုတွေနဲ့ ခံစားလာရတာ စတာတွေကို ကြည့်ရင် ကိုယ်ဟာ လမ်းကြောင်းမှန်ကန်မှုရှိကြောင်း သက်သေတွေဖြစ်နေနိုင်ပါတယ်။ အဆင်ပြေကြပါစေ။ 🧭🎯📈 @TharHtooBeUnique @BUNIQCoaching

  • йоС пОдписи

  • ပရော်ဖက်ရှင်နယ်တို့ ပြန်လည်သုံးသပ်ဖို့ လိုအပ်နိုင်တာက ကိုယ့်ရဲ့ လက်ရှိ အလုပ်အကိုင်အပြင် ကိုယ့်အတွက် ကျောထောက်နောက်ခံပေးထားမဲ့ နောက်ထပ် Plan-B လို ပြင်ဆင်ထားနိုင်ခြင်းက ယိုင်နဲ့မှုတွေဖြစ်လာတဲ့အခါ ကြံ့ကြံ့ခံတောက်ခံထားနိုင်မှာမလွဲပါဘဲ။ ဒီနေရာမှာ ပြောပြချင်တဲ့ Plan-B ဆိုတာ အခြားသော Side-hustle လိုလုပ်တာမျိုးမဟုတ်ဘဲ သေချာ ကိုယ့်အနေနဲ့ အသက်ရှုပေါက်ပေးထားမဲ့ ‘နေချင့်စဖွယ် အိုအေစစ်’လို အသိုက်အမြုံလို တည်ဆောက်ထားခြင်းပါ။ တစ်ခုခုဖြစ်တာနဲ့ မလဲကျဘဲ ရပ်တည်နေနိုင်ဖို့ဖြစ်ပါတယ်။ Plan-B ထဲမှာ ဘာတွေပါ၀င်ကြတာလဲ? - ကိုယ့်ကို ထမင်းကျွေးမဲ့ ဒုတိယစွမ်းရည်-Professional skill - အားကောင်းတဲ့ professional network ရပ်၀န်း တစ်ခု - ကိုယ့်ရဲ့အလုပ် portfolio - Freelance လုပ်နိုင်တဲ့အစီအစဥ် - ဆွေးနွေးတိုင်ပင်မှုပေးတဲ့ ကျွမ်းကျင်မှု - ကိုယ့်ရဲ့သိမ်းဆည်းထားတဲ့ Savings များ - ပရော်ဖက်ရှင်နယ် ဂုဏ်သိက္ခာ Professional reputation - ဒုတိယ အသက်မွေး၀မ်းကြောင်းလမ်း A second career direction - စီးပွားရေးတစ်ခု A business - ဒစ်ဂျစ်တယ် ထုတ်ကုန် digital product စတဲ့ ကိုယ့်အတွက် သန်စွမ်းမှုရှိတဲ့ Plan-B အစီအစဥ်တွေချမှတ်ထားခြင်းဖြစ်ပါတယ်။ ရေဆာလောင် တဲ့အခါ အသင့်ရှိတဲ့ ရေရင်းမြစ်တွေကို စုစည်းထားတဲ့သဘောပါပဲ။ အလုပ်တစ်ခုထဲမှာပဲ ပိတ်မိနေခြင်းမဟုတ်တာကို သတိချပ်သင့်ပါတယ်။ မေးသင့်တဲ့ မေးခွန်းက လောလောလတ်လတ် အလုပ်ပြုတ်သွားတဲ့အခါ ဘယ်လိုရပ်တည်မလဲဆိုတာပါ။ အလုပ်ပြုတ်မှ ကူရာကယ်ရာ ရှာတာထက် ကိုယ့်အတွက် ကျားကန်ပေးထားမဲ့ Plan-B ရှိထားခြင်းက ဟန်မပျက် ရပ်တည်နိုင်မှာ မဟုတ်ပါလား။ အရေးကြီးတာက ၀င်ငွေကိုတန်းရှာဖွေတာထက် ကိုယ့်အနေနဲ့ Plan-B အတွက်လိုအပ်မဲ့ ကျွမ်းကျင်မှုတွေ သင်ယူထားခြင်း ဖြည့်တင်းထားခြင်းတွေ လုပ်ထားသင့်ပါတယ်။ ထပ်တူအရေးကြီးသည်မှာ ကိုယ့်ရဲ့ Plan-Bဟာ Plan-A (လက်ရှိအလုပ်) အတွက် တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပေး နိုင်ဖို့လိုပါတယ်။ ဒါမှအစိမ်းသက်သက်မဟုတ်တော့မှာဖြစ်တယ်။ သာဓကအားဖြင့် ကိုယ့်က စာသင်တဲ့အလုပ်လုပ်တယ်ဆိုပါစို့၊ ကိုယ့်အနေနဲ့ ထိုအလုပ်မရှိတော့ရင် နောက်ထပ် ဒီနယ်ပယ်ကနေခွဲထွက်ပြီး လုပ်နိုင်မဲ့အရာတွေဖြစ်တဲ့ အွန်လိုင်းcourseတွေလုပ်မလား၊ ပညာရေး နှင့် သင်ရိုးညွှန်းတမ်း အတွက် ဆွေးနွေးတိုင်ပင်မှုပြုလုပ်ပေးမလား ဆိုတာတွေပါပဲ။ သဘောတရားက Plan-Bဟာ ကိုယ့်အနေနဲ့ အသက်မွေး၀မ်းကြောင်း careerပိုင်းမှာအနှောက်အယှက်တွေ၀င်လာတဲ့အခါ ကိုယ့်အတွက် ချောင်လည်စေမဲ့ အရာတွေ၊ ထွက်ပေါက်တွေ ရှိထားစေ ခြင်းဖြစ်တယ်။ လှလှပပနဲ့ ဒုက္ခကို ရင်ကော့ပြီး ရင်ဆိုင်နိုင်စေမှာ မဟုတ်လား။ ပြန်ချုပ်ရရင်တော့…Plan-B ဟာ ရေတိုမဟုတ်ဘဲ ကိုယ့်ကို ကျောထောက်နောက်ခံပေးစေတယ်။ Plan-B Portfolioပုံစံမျိုးလည် ထပ်တူ ပြင်ဆင်ထားသင့်တယ်။ ကိုယ့်အတွက် အောက်စီဂျင်မပြတ်လပ်စေမဲ့ ပုံစံမျိုး ချိတ်ဆက်ဖန်တီးထားသင့်ပါတယ်။ အဆင်ပြေကြပါစေ။ 🧭🎯 @TharHtooBeUnique @BUNIQCoaching

  • йоС пОдписи

  • လူတွေက ကိုယ့်ကို တစ်ခုခုတတ်မြောက်ထားလို့၊ လုပ်နိုင်စွမ်းရှိလို့ ဆိုပြီး ငွေကို တန်းမပေးနိုင်ပါဘူး။ တကယ်တော့ လူတွေငွေပေးတာ သူတို့ရဲ့ပြဿနာကို ကိုယ့်အနေနဲ့ တာ၀န်ယူဖြေရှင်းပေးလိုက်တဲ့အတွက်ဆိုတာပါ။ လိုတိုရှင်းနားလည်ရရင်တော့ ‘ကျွမ်းကျင်မှုအဆင့်မှ ၀န်ဆောင်မှုအဆင့်ဆိုပြီး အသွင်ကူးပြောင်းခြင်းဖြစ်ပါတယ်။’ ဒီလိုလေးတွေးကြည့်ပါ… Expertise (ကျွမ်းကျင်မှု) → Problem (ပြဿနာ) → Outcome (ရလဒ်) → Service (၀န်ဆောင်မှု) → Offer (ကမ်းလှမ်းမှု)→ Client(၀ယ်ယူသူ/စားသုံးသူ) ဆိုတဲ့ခရီးစဥ်ဖြစ်ပါတယ်။ ၁။ပထမဆုံး ကိုယ့်အနေနဲ့ ကျွမ်းကျင်မှုအကြောင်း စပြောတဲ့အခါ ကိုယ်တတ်တဲ့အရာ၊ သိကျွမ်းထားတဲ့အရာတွေကို သေချာပြန်ရေးချပြီး မေးပါ။ ငါဘယ်အပိုင်းမှာ ကျွမ်းကျင်မှုအဆင့်ရှိထားပြီးပြီလဲ? ဥပမာ သင်ကြားပို့ချမှု ကို နိုင်နှင်းစွာ ကူညီပေးတတ်တယ်။ ဒီလိုနဲ့မပြီးသေးဘဲ အတိအကျလေး ပြန်မေးပါ…။ကိုယ်က လူငယ်အသက်ဘယ်လောက်၀န်းကျင်၊ ဘယ်အတန်း ကို ဘယ်လိုဘာသာရပ်နဲ့ သင်ကြားပေးနိုင်လဲဆိုတာကို ကွင်းကွက် ဆွဲထုတ်လိုက်တာမျိုးဖြစ်ပါတယ်။ ဒါမှ ပြင်ဆင်ထားဖို့ ပိုလွယ်မှာမဟုတ်လား။ ၂။ ဒုတိယအနေနဲ့ကတော့ ပြဿနာကိုသေချာလေး ကူညီပေးတဲ့အဆင့်ပါ။ အထက်က ဥပမာကိုပြန်သုံးရရင် ကိုယ်က အထက်တန်းမပြီးသေးတဲ့ (အသက် ၁၅-၂၀နှစ်) ကြားက လူငယ်တွေကို GED,(သို့မဟုတ်) IGCSE စတာတွေကို ဘယ်လိုဘာသာရပ်အတွက် ပြန်သင်ပေးနိုင်လဲဆိုတာကို သိထားခြင်းပါ။ အဓိကကိုယ့်စွမ်းရည်တွေ၊ကျွမ်းကျင်မှုတွေကို ရောင်းတယ်ဆိုတာထက် ပြဿနာတက်နေတာတွေကို ဖြေရှင်းနည်းရောင်းလိုက်တဲ့သဘောပါပဲ။ ၃။ နောက်တစ်ချက်က ရလဒ်အတွက်ပါ။ အထက်ကဥပမာအတိုင်း ဘယ်နှစ်လမှာ ဘယ်ဘာသာရပ်ပြီးပြီး ဘယ်လို စာမေးပွဲမှာ ဘယ်နှစ်မှတ်ရမလဲဆိုတဲ့ ပုံစံမျိုးကို စဥ်းစားခြင်းပါ။ ရလဒ်ထွက်အောင်ကူညီပေးနိုင်ဖို့ အတိအကျ အချိန်ကာလတွေ၊ သင်ကြားမှုအချိန်စုစုပေါင်းစတာတွေကို ပြန်ပြီး ရှင်းလင်းတိကျအောင် အစီစဥ်ချထားခြင်းဖြစ်ပါတယ်။ အရေးကြီးတာ ကိုယ်နဲ့စာသင်လိုက်တဲ့ လူက ဘာပြန်ရမလဲဆိုတာကို ရှင်းလင်းပေးထားတာဖြစ်တယ်။ ဆက်စပ်နယ်ပယ်တွေကို စဥ်းစားနိုင်ပါတယ်။ ၄။ ဒီအချက်မှာတော့ ကိုယ့်ရဲ့ ၀န်ဆောင်မှုကို ထုတ်ပိုးခြင်းအဆင့်ပါ။ ကိုယ်က ဘယ်လောက်အချိန်ပမာဏ ဆိုရင် ဘယ်လောက်နှုန်းထား နှင့် ၀န်ဆောင်မှုကြေးကို သတ်မှတ်မလဲ၊ ဘယ်ဘာသာရပ်ဆိုရင်ဘယ်လို နှုန်းထားနဲ့သွားမလဲ၊ ဘယ်နှစ်ဦးအပ်ရင် ဘယ်လိုစျေး စတဲ့ တိကျပြတ်သားတဲ့ မြင်သာတဲ့ ၀န်ဆောင်မှုကိုချပြထားခြင်းကိုဆိုလိုပါတယ်။ အခြားနယ်ပယ်တွေအတွက် အဆင့်တွေ ကွဲပြားမှုရှိနေနိုင်ပါတယ်။ ၅။ ဆက်လက်ပြီး ကိုယ့်ရဲ့၀န်ဆောင်မှုကိုမှဘာကြောင့် လူတွေရွေးချယ်သင့်ရလဲဆိုတာကို စဥ်းစားခြင်းပါ။ တစ်နည်းအားဖြင့် ကိုယ့်ရဲ့ကမ်းလှမ်းမှုကနေ သူတို့ဘာတွေရသွားမှာလဲ စသဖြင့်။ ဒီအဆင့်ကတော့ သေချာ ပက်ကေ့တွေ၊ စျေးနှုန်းတွေ၊ ကာလတွေ၊ ဦးရေကန့်သတ်ချက်တွေ၊ ဘာတွေရသွားမလဲဆိုတာတွေ အကုန် လုပ်ထားပြီး စားသုံးသူတွေကို ယုံကြည်မှုရလာအောင် ဆွဲဆောင်ရတဲ့အချက်ဖြစ်ပါတယ်။ ၆။ နောက်ဆုံးအဆင့်မှာတော့ စားသုံးသူတွေ ဖြစ်ပါတယ်။ ကိုယ်ပြင်ဆင်ထားတဲ့ ပက်ကေ့ကိုတန်းရောင်းတာထက်၊ စားသုံးသူတို့ ဘာတွေအခက်အခဲကြုံနေရလဲ၊ ဘာလိုအပ်လဲဆိုတာကို ကိုယ်က အနာနဲ့ဆေးတွေ့အောင် ကူညီပေးခြင်းပါ။ လူတွေအများကြီးထဲမှ ဘာကြောင့် ကိုယ့်ကိုရွေးချယ်သင့်တာလဲဆိုတာကို ဆန်းစစ်ခြင်းဖြစ်တယ်။ ကိုယ်ပစ်မှတ်ထားတဲ့လူဦးရေနဲ့ ထိတွေ့ပြီး သူတို့ ဘာတွေကြုံနေရလဲ ကိုယ်သိထားတာနဲ့ချိတ်ဆက်ပြီး ဘယ်လိုကူညီပေးနိုင်မလဲ ဆိုတာကို စဥ်းစားပြီး ချိတ်ဆက်ခြင်းဖြစ်ပါတယ်။ ဒီတော့ ပြန်မေးကြည့်ပါ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကဘာတွေလဲ? ဘာကြောင့် လူတွေကိုယ့်ဆီလာသင့်တာလဲ? ကိုယ့်ရဲ့ တစ်မူထူးခြားမှုတွေက ဘာတွေလဲ? အဆင်ပြေကြပါစေ။ 🧭🎯 @TharHtooBeUnique @BUNIQCoaching

  • йоС пОдписи

  • йоС пОдписи

  • ပရော်ဖက်ရှင်နယ်တို့ အနေနဲ့ မေးခွန်းမှားမေးမိတာက ‘ငွေရှာပေးနိုင်မဲ့ စွမ်းရည်ကို ဘယ်လိုသင်ယူရမလဲ?’ ဆိုတာပါ။ တကယ်တော့ ဒီ့အစား ကိုယ့်မှာ လူတွေအတွက် တန်ဖိုးတည်ဆောက်ပေးနိုင်ပြီး…လူတွေ ယုံကြည်ရပြီးငွေပေးမဲ့ စွမ်းရည်တွေ…ဘယ်လောက်များများ ရှိထားပြီးလဲ ဆိုတာကို ပြန်ပြောင်းမေးသင့်ပါတယ်။ မဟုတ်ရင် စွမ်းရည်တွေ ထပ်သင်ယူနေတာနဲ့ လည်ပြီး အတော်မသတ်နိုင်ဖြစ်နေနိုင်ပါတယ်။ အခြေအနေမူတည်နိုင်ပါတယ်။ ငွေရှာပေးမဲ့စွမ်းရည်ဆိုတဲ့အတိုင်း လူတွေက ယုံကြည်ပြီး ငွေကြေးပုံအပ်ပြီးပေးမှာဖြစ်လို့ ကိုယ့်ဆီမှာ ကျွမ်းကျင်တဲ့စွမ်းရည်ရှိထားနေရမှာဖြစ်ပါတယ်။ သာဓကတွေမှာ- - စာရေးခြင်းနှင့်ဆက်စပ်သော ကွန်းတန့်များရေးခြင်း၊ ကြော်ငြာများရေးပေးခြင်း - သင်ကြားပို့ချခြင်းနှင့် ဆက်စပ်သော အရာများလုပ်ခြင်း၊ သင်တန်းများပေးခြင်း၊ workshopsများလုပ်ခြင်း - ဒီဇိုင်းနှင့် ဆက်စပ်သော အရာများဖြစ်တဲ့ အမှတ်တံဆိပ်ဆွဲပေးခြင်း၊ visual identity လို ကူညီပေးခြင်း - ဦးဆောင်မှု နှင့်ဆက်စပ်သော အရာတွေဖြစ်တဲ့ အသင်းအဖွဲ့များကို coaching များပေးခြင်း၊ ဦးဆောင်ဦးရွက်မှုအားကောင်းစေအောင် လမ်းပြ ကူညီပေးခြင်း - မားကက်တင်း နှင့်ဆက်စပ်သော ၀န်ဆောင်မှုများ၊ ဗျူဟာများ၊ စီးပွားရေးတိုးတက်မှုများ ကို လမ်းပြ ကူညီပေးခြင်း၊ - သုတေသန ပိုင်းဆိုင်ရာအရ ချိတ်ဆက်ဆွေးနွေးပေးခြင်း၊ အမြင်များဖွင့်ပေးခြင်း စတဲ့ သက်ဆိုင်ရာနယ်ပယ်အလိုက် သာဓကတွေများစွာ ရှိကြပါတယ်။ တကယ်တမ်းက စွမ်းရည်အပေါ်မှာ ငွေကြေးပေးတာထက် ရှာဖွေနေတဲ့ ရလဒ်တစ်ခုအတွက် ဖြည့်ဆည်းပေးနိုင်လိုက်လို့ ငွေကြေးရရှိခြင်းဖြစ်ပါတယ်။ ဒီလို ကိုယ့်ရဲ့ ငွေပေးနိုင်မဲ့ စွမ်းရည်တွေကို ပြန်လည်ရှာဖွေဖို့အတွက်- - ကိုယ်ကျွမ်းကျင်တာတွေကို ချရေးပါ - ကိုယ်လမ်းပြကူညီပေးခဲ့ တာတွေကို ပြန်လည် ဖော်ထုတ်ပါ - လူတွေက ကိုယ့်ဆီဘယ်လိုအကူအညီအတွက် ရောက်လာလေ့ရှိလဲဆိုတာကို လေ့လာသုံးသပ်ပါ။ အရေးကြီးတဲ့အချက်က စွမ်းရည်ပေါင်းစပ်ပြီး လုပ်နိုင်တဲ့အရာကို ဖော်ထုတ်ခြင်းဖြစ်ပါတယ်။ သေချာရှင်းပြရရင်- - (ကိုယ်ကျွမ်းကျင်တဲ့အရာ+ကိုယ်ပုံမှန်လေးတိုးတက်နေချင်တဲ့အရာ+လူတွေ လိုအပ်နေတဲ့အရာ+ လူတွေ ပိုက်ဆံပေးနိုင်တဲ့အရာ) ဆိုတဲ့ ညီမျှခြင်းကို သေချာ သွေးယူနေဖို့လိုပါတယ်။ ကိုယ့်ဆီမှာ ဘာလုပ်နိုင်လဲဆိုတဲ့အမြင်ထက် အဲ့ဒီတတ်မြောက်မှုကို ဘယ်လိုနေရာတွေမှာ အံ၀င်ခွင်ကျဖြစ်အောင် တတ်ဆင်မလဲ၊ ထိုအရာကို လိုနေတဲ့လူတွေကိုဘယ်လို ရှာဖွေမလဲဆိုတာပါပဲ။ ကိုယ့်ရဲ့တတ်မြောက်ထားတဲ့ စွမ်းရည်-Skillsတွေကို သေချာ ရေးချပြီး အမှတ်ပေးနိုင်သလို ဒီစွမ်းရည်ကို ဘယ်သူတွေလိုနေလဲ၊ ကိုယ့်အတွက်ရော လုပ်တဲ့အခါ ဘယ်လောက်ပျော်လဲ၊ ငွေရနိုင်ခြေရော ဘယ်လောက်ရှိလဲဆိုတာကို သေချာ အကွက်ချပြီး ဇယားချပြီး အသေးစိတ် မေးခွန်းထုတ်သွားသင့်ပါတယ်။ နောက်ဆုံးမှာတော့ Skill (စွမ်းရည်) → Proof (သက်သေပြနိုင်မှု)→ Trust (ယုံကြည်မှု) → Offer (ကမ်းလှမ်းမှု)→ Income (၀င်ငွေ) → Asset (ပိုင်ဆိုင်မှု) ဆိုတဲ့ စနစ်မျိုးကို သေချာအကွက်ချသွားသင့်ပါတယ်။ အဆင်ပြေကြပါစေ။ 🎯🧭📈 @TharHtooBeUnique @BUNIQCoaching

  • ကိုယ့်ရဲ့ Portfolio ကိုဘယ်လိုတည်ဆောက်ကြမလဲ? ပရော်ဖက်ရှင်နယ်လမ်းကြောင်းပေါ် လျှောက်တဲ့အခါ မရှိမဖြစ် လိုအပ်တာက ကိုယ့်ရဲ့ အတိတ်မှ လက်ရှိကာလအထိ ကိုယ့်အနေနဲ့ ပရော်ဖက်ရှင်နယ်ကျကျ ပြီးမြောက် လုပ်ဆောင် ထားတဲ့အရာတွေ၊ ပရောဂျက်တွေ၊ တည်ဆောက်မှုတွေ၊ ဖန်တီးမှုတွေ စတဲ့အရာတွေကို သေချာ ဖိုင်တွဲလိုပုံစံ တစ်စုတစ်စည်းထဲ လုပ်ထားသင့်ပါတယ်။ (လူငယ်လူရွယ်တွေနဲ့ စိမ်းတဲ့အရာတော့မဟုတ်ပါဘူး။ ကျောင်းတက်တုန်းကလို အတန်းပြီးမြောက်သွားတဲ့အခါ ပြီးဆုံးသွားခဲ့တဲ့အလုပ်တွေကို ဖိုင်တွဲကြီးထဲမှာ ထည့်ပြီး အပ်ရတာမျိုးလို့ အကြမ်းပြင်းသိထားနိုင်ပါတယ်။) မြင်သာအောင်ဆိုရရင် ကိုယ့်ရဲ့အသက်မွေး၀မ်းကြောင်းဆိုင်ရာမှာ career evidence folder-လက်တွေ့လုပ်ဆောင်ထားတဲ့ အတွေ့အကြုံ အစုအစည်းတစ်ခု ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့တက်လမ်းအတွက် မဖြစ်မနေ လိုအပ်တဲ့ ဖိုင်တွဲကြီးဖြစ်ပါတယ်။ ဘာကြောင့် ဒါဟာလိုအပ်တာလဲ? rĂŠsumĂŠ/CV တွေလုပ်ထားတာနဲ့ ကွဲပြားတဲ့အရာဖြစ်တယ်၊ rĂŠsumĂŠ/CV ကတော့ ငါဒါတွေလုပ်တတ်တယ်လို့ပဲ ပြောထားတယ်၊ ဒါပေမဲ့ Portfolio ကတော့ ကိုယ်တာ၀န်ယူလုပ်ထားတဲ့အလုပ်တွေ၊ ဘယ်လိုဘယ်ပုံပြီးမြောက်ခဲ့လဲ ရလဒ်ဘယ်လိုထွက်ခဲ့တာလည်း ဆိုတာတွေကို ပြသထားလို့ ပိုပြီး ကိုယ့်ရဲ့လုပ်နိုင်စွမ်းအပေါ်မှာ ယုတ္တိရှိစေပြီး ယုံကြည်မှုတိုးစေပါတယ်။ ဒါဟာ 9-5 အလွန်အတွက်ပါ အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ဥပမာ ကိုယ်နောက်ဆုံးလုပ်ထားတဲ့ အလုပ်တွေ၊ ပရော်ဂျက်တွေ၊ စာရွက်စာတမ်းတွေ၊ ဆောင်းပါးတွေ၊ အရေးအသားတွေ၊ ဂရပ်ဖစ်ဒီဇိုင်း ပရော်ဂျတွေ၊ တိုင်းတာလို့ရတဲ့အရာတွေ၊ စတာတွေကို သေချာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဘယ်လိုတည်ဆောက်ရမလဲ? Portfolio ဆိုတာနဲ့ အများကြီး ထလုပ်ရမယ်လို့ဆိုပြီး မဟုတ်ဘဲ ကိုယ့်အနေနဲ့ ပြီးခဲ့ ပရောက်ဂျက်တစ်ခုကို စတင်ပြီး တည်ဆောက်ထားတာမျိုးဖြစ်တယ်။ လူတွေကိုယ့်ကို ဘယ်လိုမြင်အောင်၊ ဘယ်လိုမျိုးအလုပ်နှင့်တွဲလုပ်သင့်နိုင်အောင် ရှင်းလင်းစွာပြထားဖို့ လိုပါတယ်။ ကိုယ်က ဘယ်နယ်ပယ်တွေကို အထူးပြုတာလဲ ထိုအထူးပြုတဲ့နယ်ပယ်အလိုက် ဆက်စပ်ပြီး စုစည်းဖော်ပြထားတဲ့ အရာတွေဖြစ်ပါတယ်။ Portfolio တည်ဆောက်တဲ့အခါ စျေးကြီးတဲ့ ၀က်ဘ်ဆိုဒ်တွေသုံးတာထက် LinkedIn, Notion Page,Canva စတဲ့ပေါ့ပေါ့ပါးပါးရှိတဲ့အရာတွေနဲ့ လုပ်ထားနိုင်ပါတယ်။ Portfolio ထဲပါ၀င်သင့်တာတွေက - ကိုယ့်ရဲ့ အကြောင်း-ကိုယ်က ဘယ်သူလဲ၊ ဘာလုပ်လဲ - ကိုယ့်ရဲ့ Skills-စွမ်းရည်တွေ - ကိုယ်ပြီးမြောက်ထားတဲ့ ပရော်ဂျက်တွေ၊ တင်ပြမှုတွေ၊ စာတမ်းတွေ၊ မူဘောင်တွေ - လူတွေက ကိုယ့်ကို ဘယ်လိုနည်းနှင့် အလုပ်ခေါ်နိုင်မလဲ၊တွဲလုပ်နိုင်မလဲ ဆိုတာတွေ စတဲ့ အဓိကကျတဲ့အချက်တွေကို ထည့်သွင်းထားသင့်ပါတယ်။ အရေးကြီးတဲ့အချက်က Portfolioပြင်ဆင်တဲ့အခါ ကိုယ့်အနေနဲ့ 9-5 အလွန်အတွက်ပါ ခြုံလွမ်းထားသင့်ပါတယ်။ အကြောင်းက စွမ်းရည်တစ်ခုတည်းက အလုပ်တွေအများကြီး ဖြန့်ကျက်လုပ်နိုင်စွမ်းရှိလို့ပါ။ ဥပမာ စာသင်တတ်ရုံနဲ့ ကလေးတွေကို သင်ပေးတာ၊ course တွေလုပ်တာ၊ workshopတွေလုပ်ပေးတာ စသဖြင့်ချိတ်ဆက်နေနိုင်ပါတယ်။ နောက်ဆုံးမှာတော့ ကိုယ်အနေနှင့် Learn(သင်ယူပါ) → Do(ပြုလုပ်ပါ) → Document (ပြုစုပါ) → Share (မျှ၀ေပါ)→ Build Reputation (ကိုယ့်ရဲ့အရေးပါမှုကိုတည်ဆောက်ပါ) → Monetize (ငွေသားအဖြစ်ဖန်တီးပါ → Systemize (စနစ်ချသွားပါ) ဆိုပြီးသွားသင့်ပါတယ်။ အဆင်ပြေကြပါစေ။ 🧭🎯 @TharHtooBeUnique @BUNIQCoaching

  • йоС пОдписи

  • ဘ၀မှာ အသက်တစ်ခု ရလာတဲ့အခါ အနာဂတ်ကြီးကို တွေးပူနေနိုင်ပါတယ်။ အထူးသဖြင့် အသက်အရွယ် (၃၀) ၀န်းကျင်ကို ရောက်လာတဲ့အခါ ပိုတောင် အနာဂတ်ကြီးဟာ မရေမရာဖြစ်မှာကို စိုးရိမ်တတ်လာကြပါတယ်။ ဒီလို အသက်အရွယ်တွေ ကောင်းကောင်းနားလည်ကြမှာပါ။ ဒီနေရာမှာ တစ်ယောက်တည်း စိတ်ပျက်နေပြီး အထီးကျန်ဆန်နေတတ်ပါတယ်။ “ငါကြိုးစားခဲ့သလောက် ဘာမှ အရာမထင်နေသေးပါလား…” “ငါအနစ်နာခံခဲ့သလောက် ဘာမှ မယ်မယ်ရရ မဖြစ်သေးပါလား…” “ငါဘာတွေကို လိုက်လုပ်နေခဲ့တာလဲ…” “ငါဘယ်လိုရှေ့ဆက်ရမှာလဲ…” စတဲ့ ရှုထောင့်စုံတွေးကြည့်ပြီး အလိုမကျဖြစ်နေနိုင်ပါတယ်။ တစ်ခုသတိမထားမိတာက - လမ်းပျောက်နေခြင်းနဲ့ ကျရှုံးနေခြင်း တို့ မရောထွေးမိသင့်ပါ… - ကိုယ်ဘယ်လောက်တတ်မြောက်ထားတာလဲက အလုပ်ရခြင်း၊မရခြင်းနှင့် မချိတ်ဆက်နေပါ… - ကိုယ့်ရဲ့လမ်းခုလပ်မှာ အသက်မွေး၀မ်းကြောင်း လမ်းပြောင်းလိုက်ရုံနဲ့ အရာမထင်တာ မဟုတ်ပါ… အမှန်တော့ ကိုယ့်ရဲ့ဘေးမှာ ဘ၀လည်ပတ်မှုက အရှိန်အဟုန်နှင့် ပြောင်းလဲနေပြီး ကိုယ်က ထိုအရာနှင့် စီးမြောနိုင်စွမ်း နှေးကွေးနေတတ်တာကြောင့်၊ လိုက်မမီနေတာကြောင့် လမ်းပျောက်သလို ခံစားရနိုင်ပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ - ဘွဲ့၊ ဒီဂရီတွေကို စုဆောင်းနေတာထက် ကိုယ့်ရဲ့ Portfolio ကို လက်တွေ့ကျကျ တည်ဆောက်သွားပါ ဥပမာ-ပရောဂျက်လုပ်တာ၊ စားသုံးသူရှာတာ၊ ပုံနှိပ်ထုတ်၀ေတာ၊ စာရေးတာ၊ - ကိုယ့်ရဲ့ ၀င်ငွေ၊ထွက်ငွေတွေကို သေချာ သတ်မှတ်ပြီး စိစစ်တာ၊ trackလုပ်တာ၊ ဒါမျိုးသေချာသိထားမှ ခံစားချက်ဘက် အလိုမလိုက်နေနိုင်တာပါ၊ - appတွေချည်းကို အားကိုးနေတာထက် အချိတ်အဆက်တွေကို ဖြန့်ကျက် တည်ဆောက်ပါ၊ - စား၀တ်နေရေး အခက်အခဲကို identity-ဖြစ်တည်မှုဆိုတာနှင့် မရောထွေးမိဖို့လိုတာ၊ ဒါတွေဟာ သီးခြားဆီပါ၊ အနှစ်ချုပ်ရရင်… ၁။ ကိုယ့်ရဲ့ ရှင်သန်ရပ်တည်ရေး ကိုပြန်ပြီး ကြည့်ပါ၊ ကိုယ့်အတွက် ရပ်တည်ဖို့ ငွေဘယ်လောက်ပမာဏလိုအပ်သလဲဆိုတာ စိစစ်ပါ။ ဒါက ငွေကြေးဆိုင်ရာ ပြဿနာပါ။ ၂။ ကိုယ့်ရဲ့ ဦးတည်ရာလမ်းကြောင်းက ဘယ်ကိုဦးတည်နေသလဲဆိုတာ မေးခွန်းထုတ်ပါ။ ဒါက ဗျူဟာကျတဲ့ မေးခွန်းပါ။ ၃။ ကိုယ့်ဘ၀အတွက် အဓိပ္ပာယ်က ဘာလဲဆိုတာကို တွေးတောပါ။ ကိုယ်က ဘာလိုရပ်တည်ရှင်သန်နေလဲဆိုတာ သုံးသပ်ပါ။ ဒါက တည်ရှိခြင်း ဆိုင်ရာ ပြဿနာပါ။ သတိရဖို့က အထက် (၃)ချက်လုံးကို တစ်ပြိုင်နှက် ဖြေရှင်းဖို့ မလွယ်ကူတာပါ။ အရေးကြီးတဲ့ အသက်ရှင်ရပ်တည်မှုကို အရင်ကြိုတင်ဖြေရှင်းပြီးမှ ကျန်တာတွေကို အာရုံစိုက်ဖို့ လိုအပ်တာပါ။ မေးသင့်တာက ဒီအသက်အရွယ်မှာ ဘာတွေအောင်မြင်နေရပြီးလဲဆိုတာထက် ယခု ကိုယ့်အခြေအနေနဲ့ နောက်ထပ်ဘာတွေ ထပ်မံတည်ဆောက်သင့်တာလဲဆိုတာကို အရင်မေးပါ။ အရာအားလုံးကို ရောထွေးတာထက်… - အခြေခိုင်ခံ့မှုကို အရင်တည်ဆောက်ပါ… - အရှိန်အဟုန်ကောင်းအတွက် ထပ်မံစဥ်းစားပါ… - ဦးတည်ရာလမ်းကြောင်းကို အမြင်ထပ်ဖွင့်သွားပါ… အဆင်ပြေကြပါစေ။ 🎯🧭 @TharHtooBeUnique @BUNIQCoaching

  • йоС пОдписи

  • August 8, 2024 — I chose myself. I stopped hiding. I stopped seeking permission to be who I am. I embraced my truth. Two years later, I stand here with no shame, no apology, and no regret. I am Rainbow. I am Me. And I am finally free. 🌈 @BUNIQCoaching @TharHtooBeUnique

  • 9-5 အလုပ်တွေတောင်ရှာဖို့ ခက်ခဲနေပါပြီး ဘယ်လိုလုပ်ပြီး ဒီရဲ့အလွန်မှာ ထပ်ပြီးကြည့်ရဦးမှာလဲဆိုပြီး တွေးနေနိုင်ပါတယ်။ ဒါဟာ ဖြစ်သင့်တဲ့အတွေးတွေပါ...။ နဂိုတွက်ချက်ထားတာတွေနဲ့ မြေပြင်မှာဖြစ်နေတာတွေနဲ့ကြား ကွာဟချက်တွေဟာ အချို့အတွက် သေချာလေးမြင်နေရပြီးသားလို့ထင်ပါတယ်။ 'ဘာကြောင့်များ အလုပ်အကိုင်တွေဟာ ရဖို့ခက်ခဲနေတာလဲလို့' ဆိုပြီး တွေးနေနိုင်ပါတယ်။ တကယ်တော့ လောလောဆယ် ရှင်သန်ရပ်တည်ဖို့ 9-5 အလုပ်တွေချည်းလိုက်ရှာဖို့ဖြစ်နေနိုင်တယ်။ တစ်ဖက်မှာလည်း ဒီလိုစနစ်ထဲမှာ ပြန်၀င်ဖို့ မသိစိတ်က တွန့်ဆုတ်နေတတ်ပြန်တယ်၊ သူများအတွက်လုပ်ပေးတာထက် ကိုယ့်အတွက် စချင်တဲ့အရာလေးတွေ စတင်ဖို့မတွေးသင့်ဘူးလားဆိုပြီး ဒွိဟတွေဖြစ်နေနိုင်တယ်…။ ပြန်စိစစ်ရရင် ဒါတွေဟာ ကျန်းမာတဲ့အတွေးအမြင်တွေပဲ…၊ ဘ၀မှာ ငြီးငွေ့တဲ့အရာတွေထက် အသက်၀င်တဲ့အရာတွေကို ပိုလုပ်ချင်ကြမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အရေးကြီးတာက ကိုယ့်အတွက် ၀င်ငွေပေါက်များများဖောက်ထားနိုင်ဖို့ စတွေးသင့်ပါတယ်။ 9-5 ကို ယတိပြတ်စွန့်လွတ်ဖို့မဟုတ်နေဘူး… လိုအပ်ပါက ပိုကောင်းတဲ့ 9-5 နေရာကို ထပ်ရှာဖို့ရှိနိုင်တယ်…။ အခြားသော ကိုယ့်အတွက် ပါ၀င်နိုင်တဲ့နေရာ၊ ဌာန၊ ဖန်တီးမှု စတာတွေကို လည်း မပြတ်ဖွင့်ထားသင့်တယ်…။ တစ်နေ့ကတောင်မှာ အသိနဲ့စကားလက်စုံကျရင်း တကယ်တော့ ‘ငွေကြေးပြဿနာတစ်ခုတည်းကြောင့်ဆိုတာထက် တွက်ချက် စွန့်စားမှုရယူဖို့က အဖြေတွေဖြစ်နေနိုင်တယ်။’ ဘယ်လောက် ခေါင်းခံနိုင်မလဲပေါ့…(တစ်ချို့ကလည်း လုပ်ဖူးပြီး ရလဒ်အပေါ်မှာ မတင်မကျဖြစ်နေတာလည်းရှိမယ်) မေးသင့်တဲ့မေးခွန်းက ကိုယ့်ရဲ့အခြေအနေကို သေချာပြန်စိစစ်ပြီး 9-5ထဲမှာ ကျားကန်ထားသင့်လား၊ ဒီထဲလုပ်ရင်း တစ်ဖက်မှာလည်း ရုန်းထွက်နိုင်တဲ့ နေရာဌာနပြင်ဆင်ထားမှုတွေဟာလည်း ရှိသင့်ပါတယ်။ ကိုယ့်ကို အကျမနာအောင် ပံ့ပိုးထားမဲ့နေရာထိုင်ခင်းပေါ့…။ အထူးစဥ်းစားဖို့လိုတာက ကိုယ့်အနေနဲ့ - အချိတ်အဆက်ပိုကောင်းအောင်လုပ်ထားသင့်တယ် - ဆက်ဆံရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ထားသင့်တယ် - စူးစမ်းလေ့လာမှု အားကောင်းအောင်လုပ်ထားသင့်တယ် - ရှားပါးတဲ့ စွမ်းရည်တွေ ဖြည့်ထားဖို့လိုတယ် - ကိုယ့်အနေနဲ့ လိုအပ်တဲ့ လက်မှတ်တွေ၊ အတန်းတွေ၊ ပညာတွေ၊ ပြင်ဆင်ထားမှုတွေ လိုအပ်နိုင်တယ် - ပြောင်းလဲနေတဲ့အချိန်အခါနဲ့ ပနံသင့်အောင် လိုက်ပါနေနိုင်ဖို့ အစဥ်တစိုက် ကြိုးစားနေဖို့လိုတယ် - ကိုယ့်ရဲ့ လူမှုကွန်ယက်နဲ့ ဆိုရှယ်မီဒီယာမှာ ပရိသတ်ဘယ်လိုတည်ဆောက်မလဲဆိုတာ တွေးဖို့လိုတယ် နောက်ဆုံးမှာတော့ ဘာရယ်လို့ လုပ်မှ ဆိုတာထက် ကိုယ်လုပ်တာတွေကို ဘယ်လို - စိတ်၀င်စားလာအောင်လုပ်ကြမလဲ - သူမတူတဲ့ နည်းနာတွေဘယ်လို ပေါင်းစပ်ရမလဲ - အကူအညီတွေဘယ်လို ရယူရမလဲ - လိုအပ်နေတဲ့အခက်အခဲတွေကို ဘယ်လို ကူညီပေးလို့ရမလဲ ဆိုတာကို လေ့လာသွားသင့်ပါတယ်။ ကိုယ့်အတွက် အဖြေက ကိုယ့်လက်ထဲမှာမို့ သေချာလေး တွက်ချက်ပြီး အကောင်းဆုံး လှုပ်ရှားနေသင့်ပါတော့တယ်။ အဆင်ပြေကြပါစေ…။ 👋✅🎯 @TharHtooBeUnique @BUNIQCoaching

  • йоС пОдписи

  • ကိုယ်တိုင် လျှောက်လှမ်းကို လျှောက်လှမ်းရမဲ့ လမ်း‌တွေ၊ ကြုံကိုကြုံရမယ်ဆိုတဲ့ လောကဓံတွေ က သီးသန့်ရှိကြပါတယ်။ ဘယ်သူမှ ကူလျှောက်ပေးလို့မရပါဘူး၊ ကူကြုံပေးလို့လည်း မရပါဘူး။ ဒါတွေဟာ ဘဝရဲ့ညီမျှချင်းတွေ၊ ပေးထားတဲ့ လမ်းပြမြေပုံတွေပဲ မဟုတ်လား...? 🛣️🚥🎯🏞️ @TharHtooBeUnique @BUNIQCoaching #MekongRiver

  • What others think of us doesn't define our happiness; what we think of ourselves does. 🌼🌟🧭💐 @TharHtooBeUnique @BUNIQCoaching

  • တစ်ခါတစ်ရံ မမျှော်လင့်ဘဲ ကျဉ်းကြပ်တဲ့ နေရာမှာ ရောက်နေတတ်တယ်၊ ကိုယ် မထိန်းချုပ်နိုင်တဲ့ အရာတွေကို ဖြစ်ပျက် သဘောနဲ့ နှလုံးသွင်းရုံမှအပ အခြားမရှိ ဖြစ်နေနိုင်တယ်။ ဘဝသင်ခန်းစာတစ်ခုမှ... @TharHtooBeUnique @BUNIQCoaching