tgindex
{CALVUS} Knowledge Sharing for Burmese

{CALVUS} Knowledge Sharing for Burmese

Статистика

Channel Date. 20.3.2024

Последний пост
18 мар.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
23
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
251
−4 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
369
23 постов
Вовлечённость
147,0%
к подписчикам
Постов в день
0,0
всего 23
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • Made in May -------------- ဒီအသုံးအနှုန်းဘဲ ဒီအယုအယဘဲ။ ဒီလိုပုံစံဘဲ ဒီလိုအလှတရားဘဲ။ ဒီလိုစကားလုံးဘဲ ဒီလိုအပြောအဆိုဘဲ။ မင်းဆီကမဟုတ်တော့ ခံစားချက်မဲ့လွန်းတယ်။ ငါ့နှလုံးသားကလည်း Made in May ဆိုမှ သဘောကျတယ်ထင်ရဲ့။ -ခွန်းတေဇ

  • ငါ့ရဲ့အမယ်အို -------------- အိမ်ကအမေရဲ့ ချစ်စနိုးခေါ်တာက အမယ်အိုလေးတဲ့။ ဆံပင်ရှည်ရှည် မျက်မှန်ကိုင်းလှလှတဲ့ လှနေတဲ့ငါ့ရဲ့အမယ်အိုလေးကို အဖေရဲ့ကင်ပွန်းတပ်ပုံက အဖေ့သမီးလေးတဲ့။ နေနဲ့လ ရွှေနဲ့မြ လူတကာအားကျလို့ သတ်မှတ်ကြတာက 'မင်းတို့တနေ့လက်ထပ်ကြရမှာ'တဲ့။ သူတို့ပြောလည်းပြောချင်စရာ ရုပ်ကလည်း နှစ်ကိုယ့်တစ်စိတ်။ ငါ့ရဲ့အမယ်အိုလေး ငါ့ရဲ့အမယ်အိုလေး။ ဝေး ဝေး ဆွေး ဆွေး။ အဲ့အချိန်ကလှပမှုမျိုး မင်းရဲ့လက်ရှိလူက ခံစားခွင့်မရတော့သလို မင်းကိုဂရုစိုက်ပေးခဲ့သလိုလည်း ငါ့လက်ရှိကြင်သူက မရနိုင်တော့ဘူးကွယ့်။ မင်းလည်းမင်းကြင်သူနဲ့ ငါလည်းင့ါအသက်ရှည်ဆေးလေးနဲ့ ကိုယ့်ဘဝနဲ့ကို ပျော်အောင်နေကြတာပေါ့။ ဝေး ဝေး ဆွေး ဆွေး ငါ့အမယ်အိုလေး။ -ခွန်းတေဇ

  • 11 февр.28421из Poetryhome11112024

    ကဗျာရောတဲ့ မေတ္တာသဘော --------------------------- မေ့အသက်ကကြီးပါစေ မောင့်အသက်က ငယ်ပါစေ မေကကိုယ့်ကိုမှီပါလေ မောင်ကမင်းကိုချီပါ့မယ် ကိုယ်တို့ကြား အဆင်ပြေပြီးရောပေါ့။ ကိုယ်တို့တွဲတာဘယ်သူသိ မင်းရယ် ကိုယ်ရယ် ဗုဒ္ဓရယ် တိုးတိုးလေးဘဲ မေ ကိုယ်စောင့်နတ်မကြားစေနဲ့။ အနာဂတ်အကြောင်းမပြောနဲ့ အတိတ်အကြောင်းမတွေးနဲ့ မင်းနဲ့မောင့်မေတ္တာ လက်ရှိမှာသာယာပါစေ။ ခေတ်လောကက မတည်ငြိမ်ဘူးမေ အပျော်သဘောရော အပျက်သဘောရော မေတ္တာကိုအရောင်မဆိုးကြကြေး။ လောကကဟာသဆန်တယ်မေ ‌ချစ်သူတွေဟာ ဝေးကြရတယ် မုန်းကြသူတွေကနီးလေ့ရှိတယ် တစ်ခါတလေများ မေ့ကိုအမြဲမုန်းပစ်ချင်တယ် အမြဲများနီးနေမလားပေါ့။ သာယာပါစေ ပျော်ရွှင်ပါစေ မင်းဘဝ မောင့်ဘဝ။ ကြေကွဲပါစေ ရန်မြဲပါစေ ကိုယ်တို့ချစ်ခြင်းခွဲသူများ။ -ခွန်းတေဇ

  • ​ဆောင်းပုံပြင်/၁ ကဗျာသမားမို့ ချမ်း​တော့လည်းကဗျာ​ရေး လွမ်း​တော့လည်းကဗျာ​ရေး။ ဒီ​ဟေမာန် ဒီ​ဆောင်း​ရော မင်းရင်ခွင်လှုံ​နေလို့ ကိုဘယ်သူ့ကိုအပြစ်ဆိုရမလဲ။ -ခွန်း​တေဇ

  • ကျွန်တော့်ကြင်သူ -------------------------- စိတ်ကောက်တယ်လည်းဆိုသေးရဲ့ ကော်ဖီလေးလည်း ဖျော်တိုက်ရဲ့။ စာမကျက်လည်းသူဆူသေး ပုံပြင်လေးလည်းပြောခိုင်းသေး။ ဖဲရိုက်တော့လည်းသူမကြိုက် မုန့်ဖိုးငွေလေးသူပေးသေး။ သရဲကားလည်းသူကြိုက်သေး သရဲခြောက်မှာ သူကြောက်သေး။ ကိုနာကျင်မှာစိုးရိမ်ချက် စိတ်ကောက်တော့လည်း သူထုနှက်။ တီတီတာတာမပြောသေး တစ်ခါတစ်ခါသူခေါ်သေး မောင်မောင်ရယ်တဲ့လေး။ -ခွန်းတေဇ

  • ရော်ဒါပြည်သို့အလည်တစ်ခေါက် ---------------------------------------------- ဒီပြည်ဟာဆန်းတယ် ငါ့နှလုံးသားပိုင်နက်ကနေသွားရင် မင်းကြင်နာခဲ့တုန်းက တစ်လှမ်း နှစ်လှမ်း မင်းမကြင်နာတော့ ကုဋေတစ်သန်း။ မင်းရဲ့ပြည်မှာ လူနှစ်ယောက်ဆုံရောက်တယ် ကိုယ်ရယ် မင်းချစ်နေတဲ့သူရယ်။ ကိုကပြည်သားဟောင်း သူကပြည်သားသစ် မင်းဘယ်သူ့ကိုလက်ခံမလဲ။ အတွင်းသတင်းအရ မီးစိမ်းကသူ့ဘက်ပြနေရဲ့။ ပြည်ပြေးသစ္စာဖောက်မို့ အဝင်မခံတော့သလား နောက်လူလာဘ်ထိုးတာများလို့လား။ နောက်ဆုံးထုတ်ပြန်ချက်အရ မင်းကိုယ်တိုင်ဖိတ်ခေါ်ခဲ့တာဆိုလား။ မင်းသယံဇာတကို မသိသူအတွက် ဒါဟာသာမန် သိသူအတွက် နိ​ဗ္ဗာန်။ ပြည်နိုင်ငံမှန်ရင်သူပုန်ရှိသတဲ့။ မင်းမှဝင်ခွင့်မပေးတာဘဲ ကိုယ်ဟာသူပုန်ဆန်ရတော့မှာပေါ့။ မင်းပြည်သူကိုထမင်းဝအောင်ကျွေးထား ထမင်းဝအောင်ကျွေးထား။ ပြည်သားတစ်ယောက်သာ နေထိုင်ခွင့်ပြုတဲ့ မင်းပြည်နယ် ကိုရအောင် ကျူးကျော်မယ် မရ ရအောင်ကျူးကျော်မယ်။ မင်းပြည်သားကိုကာကွယ်ထားလော့ မင်း​ပြည်သားကိုကာကွယ်ထားလော့။ ငါစစ်ကြော်ငြာတယ်။ -ခွန်းတေဇ

  • ရိုးသားမှုတွေရှာဖို့ အညာမြေကိုသွားကြစို့ မိတ်ဆွေ...။ ဪ အခုမှသတိရတယ် အညာမြေကိုတွေ့ချင်တာများ မီးဖိုချောင်က ပြာပုံကိုကြည့်လိုက်ရင် ရနေတယ်ဆိုတာ။ -ခွန်းတေဇ

  • လူတစ်ယောက်က သဝန်တိုတတ်ကြောင်းသိသွားတဲ့အခါ ငါ့မှာ စားသတိ လာသတိ။ ကိုယ်ချစ်ရတဲ့သူဘဲ ဘယ်ပင်ပန်းစေချင်ပါ့မလဲ။ -ခွန်းတေဇ

  • "မေ"ဋီကာ -------------- "မေ" မေဆိုတဲ့စကားလုံးကို မယ်မယ်ရရ အဓိပ္ပါယ်ဖွင့်လို့မရပါဘူး။ ဆိုကြပါစို့ "မြတ်"ဆို မွန်မြတ်သည်ပေါ့။ "စံ"ဆိုတာ စိုးစံသည်။ စသည်ဖြင့်ရှိပေမယ့် မေ ဆိုတာကိုတ်တိကျကျမသိရသော်ငြားလည်း မြန်မာစာအဘိဓာန်မှာတော့ "မိမိချစ်နှစ်သက်ရသည့်အမျိုးသမီးကိုအမျိုးသားကခေါ်သောအမည်" လို့  ဖော်ပြထားပါတယ်။ မေ ဆိုတဲ့အဓိပ္ပါယ်က မ သို့မဟုတ် မယ် နဲ့အဓိပ္ပါယ်တူပါတယ်။ မယ်နှင့်မောင် ဆိုတာကအမျိုးသားနဲ့ အမျိုးသမီးကိုခေါ်တာပါ။ ဒါပေမယ့် ဆန်းသစ်လာတဲ့အခါမှာတော့ ဂီတဆရာ၊ ကဗျာဆရာ၊ စာရေးဆရာစသည်တို့က မေ ဆိုတာကိုသုံးလာကြပါတယ်။ တချို့ချစ်သူစုံတွဲတွေမှာကောင်လေးက ကောင်မလေးကို  မေ ဆိုတဲ့ဝေါဟာရလေးသုံးနှုန်းပြီးခေါ်တတ်ကြတယ်။ တချို့က အမည်မှာပါလို့ခေါ်ကြတယ်။ တချို့ကနာမည်မှာမပါပေမယ့်လည်း ကိုယ့်ချစ်သူကို တခြားသူတွေမရိပ်မိအောင်ခေါ်တတ်ကြတယ်။ မိဘများအနေဖြင့်လည်းကိုယ့်သားသမီးဆိုတာထက် သမီးတွေမှာ မေ ဆိုတဲ့ဝေါဟာရနဲ့အမည်ပေးတတ်ကြတယ်။ တချို့က​ မေလမှာမွေးလို့၊ တချို့က နေ့ကိုက် နံကိုက်၊ တချို့ကျ ချစ်လို့၊ တချို့ကျ တစ်စုံတစ်ဦးကို တမ်းမိလို့စသည့်ဖြင့်ရည်မှတ်ပြီးပေးတတ်ကြပါတယ်။ ပါဋိဘာသာမှာဆိုလည်း မေ ဆိုတာက ကျွန်ုပ်ဆိုတဲ့ဝေါဟာရပါ။ ဒါပေမယ့် မည့်သည့်ကြော​င့်ဘဲ​ဖြစ်ပါစေ။ မေ ဆိုတဲ့ ​အသုံးနှုန်းလေးဟာ ပြီးပြည့်စုံလှတဲ့နာမတစ်မျိုးပါ။ -ခွန်းတေဇ (မည့်သည့်စာပေမှန်းမသိ ၊ အချက်အလက်အထောက်အထားမှန်ကန်မှုသည်လည်း အားနည်းမှုများကာ စိတ်ပေါက်ရာရေးထားသဖြင့် သင့်သလိုသာဖြည့်စွက်ဖတ်ပေးကြပါ။)

  • ညွှန်ပြဖွယ်ရာ မမှီသာ ------------------------------ ငွေငန်းဖြူဖြူတွေ လက်မှိုင်ချရတဲ့ အသားရေ။ နှင်းဆီနီနီတွေ ငိုရတဲ့ နှုတ်ခမ်းပိုင်ရှင်။ ပေါင်မုန့်ဖောင်းဖောင်းတွေ ခေါင်းငိုက်ရတဲ့ ပါးမို့ရှင်။ မြစ်သွယ်ပမာ ယှက်ဖြာစီးသယောင် ခြေဥဥထက်က သွေးကြောစိမ်းတွေက ဒူးထောက်ဖို့ပြုစားရော့သလား။ ဒါမှမဟုတ် စကားသံချိုချိုတွေက လက်နက်ချဖို့ သွေးဆောင်သလား။ လက်ခုပ်လက်ဝါးတီးပြီး အကျရှုံးခံပါရစေ။ ဖြူစင်တဲ့မေတ္တာရှင်ဖြစ်ကြောင်း မျက်လုံးနက်နက်တွေဟာ ဖော်ပြနေသလို ပြတ်သား​သူဖြစ်ကြောင်းလည်း လေသံလေးတွေက ကြူးပြလေရဲ့။ မင်းရဲ့လေသံတစ်ချက်ကလေ သေချာပါတယ်ကွယ့် ငါ့ကိုစစ်ဆိုတာဘာမှန်းမသိခင်ကတည်းက မြားကုန်စေတဲ့ မေတ္တာလွှာ။ မင်းအပြုံးနဲ့ လမင်းပြိုင် ဘယ်သူပိုအေးချမ်းပါ့မလဲ။ ဒီဘဒ္ဒကမ္မာမှာတော့ မင်းအပေါ်စွဲနေမိတဲ့ကို့ကိုတော့ ဒဿတောင်မမှီမယ်မထင်ပါ့။ -ခွန်းတေဇ

  • မျက်ဝန်းတစ်စုံကိုစွဲလမ်းရင်း ကမ္ဘာပျက်ခဲ့သူတွေမရှိဘူးဆိုတာ ဘယ်ကောင်ပြောရဲလဲ ဘယ်သူငြင်းရဲလဲ။ -ခွန်းတေဇ

  • ဘယ်အရပ်ကြွေကြွေ ကိုယ့်စပယ်လေးမွှေးပါစေ။ ဘယ်သူပန်ပန် အမြဲ​တစေဖွေးပါစေ။ -ခွန်းတေဇ

  • ဒီခေတ်နဲ့ ဒီစနစ်အရ အရာရာဟာ မတည်မြဲဘူး မမမေ။ တစ်ခုတော့ပြောပါရစေ မမမေကို ကျွန်တော်ချစ်တယ်။ -ခွန်းတေဇ -မမမေသို့ ချစ်သဝဏ်လွှာ

  • သောက်တလွဲရပ်ကွက်ပါကွာ။ မိုးပြိုနေပါတယ်ဆိုမှ "ကြာဖြူ"နဲ့ "လွမ်း" ဖွင့်ရတယ်လို့။ ငါ့မှာငိုရတာ ခေါင်းအုံးလေးကိုစိုလို့။ -ခွန်းတေဇ

  • ချစ်မိရင် အချစ်ကိုဝန်ခံကြမယ်။ သူပြန်ချစ်တာမချစ်တာထက် ကိုယ့်မေတ္တာကို သူခံစားတတ်စေချင်လို့ပါ။ -ခွန်းတေဇ

  • မယ်ထွေးနဲ့ ရွှေစွန်ညို ----------------------------- ဝေဟင်မှာ အပျံသင်ရင်း ကြုံလို့ဆုံလို့ မျက်နှာလေးတွေ့ခဲ့ရတာပါ။ မုသားမဆိုပါဘူး မယ်ထွေးရယ် မျက်နှာလေးတွေ့ရရုံ ခြုံငုံပြီးကြည့်ဖြစ်တာပါ။ ငွေတံတိုင်းရော လူတံတိုင်းပါ ခြံရံနေဖို့မလိုသလို ရေတွေ ခဏခဏခမ်းဖို့လည်း မလိုလှဘူး မယ်ထွေးရေ။ မေတ္တာစစ်စစ် ဈေးညစ်နေတဲ့ခေတ်မှာ ကာလာမပါ အဖြူထည်သန့်သန့်နဲ့ လှမ်းကာငေးကာ ကြည့်မိတာပါ။ အထာကျကျပြောရရင် ဝေးဝေးကလွမ်းရတာလည်း အဆင်ပြေပါတယ်။ အေးအေးလူလူပျံပြီးငေးပေမယ့် အတွင်း​သားကတော့ ဆွေးလှပါတယ်။ တစ်ခါတည်းပါ မယ်ထွေးရယ် မေတ္တာစစ်စစ်နဲ့တစ်ခါလောက်ငေးမှာပါ ကမ္ဘာမခြားပါနဲ့။ နှလုံးသားနုနေတာမို့ အရမ်းမလုရက်လို့ပါ။ -ခွန်းတေဇ

  • မေတ္တာတွေယိုဖိတ်မိတာပါ။ လိုချင်တာတစ်ခုခုကို မရမကလှမ်းယူရင်း မင်းမလိုချင်​တာတွေပေးမိတာပါ။ ​တကယ်ဆို ကို့မေတ္တာဟာ ဖြူစင်ကြောင်း ရွာစောင့်နတ်လည်းသိပါတယ် ကြည်။ -ခွန်းတေဇ အတိတ်သို့လွမ်းချင်း

  • မေတ္တာခြုံ​လို့လုံတယ်ဆိုတာ ကဗျာထဲက လွမ်းဆွတ်ဆွတ်စာတွေပါ။ တကယ်အရေးဆို မေတ္တာဟာ မုန့်တစ်ပိုင်းစာတောင် အသုံးမဝင်။ -ခွန်းတေဇ

  • "အချစ်ဦးအကြောင်းပြောပြမယ်" ---------------------------------------------- အချစ်ဦးအကြောင်းပြောပြမယ်။ တိုက်ဆိုင်လို့ငိုစရာရှိရင် ငိုရအောင် တစ်ရူးလေးတော့ ဆောင်ထားပေါ့။ မေ့မေ့ပျောက်ပျောက်ပါဘဲ ကိုမင်းကိုမေ့ချင်ယောင်ဆောင်ထားတာ နှစ်ကာလကြာနေပေမယ့် ဒီနှစ်ထဲတော့ ကိုယ့်နှလုံးသားမှာ လှုပ်လှုပ်ရွရွ ပိုတမ်းတနေမိတယ်။ ဖိတ်စာလေးတစ်စောင်ကစလို့ပေါ့။ မှတ်မိသေးတယ် အချစ်ရေ ကိုသိပ်မှတ်မိတာပေါ့။ နှစ်ဦးသားပေါင်းဖက်ဖို့ ဘုရားအတူသွားတိုင်း ဂြိလ်တိုင်ကနှစ်ဦးသားရဲ့ဂြိုလ်သက်တွေကို ပေါင်းပြီး ရေလောင်းခဲ့တာတွေ ဘယ်သူကမေ့နိုင်မှာလဲ။ အခုတော့လည်း တစ်ယောက်တည်း။ မေ့မေ့ပျောက်ပျောက်ဖြစ်ပြီဆိုပြီး လောကကြီးကို လိမ်ရသေးတယ်။ ကဗျာတွေသာရေးတတ်သူမို့ မင်းကိုလွမ်းတိုင်း ကဗျာတွေနဲ့ ဖောဖောသီသီ ငိုပစ်ရသေးတယ်။ ခေတ်ဟောင်းသံစဥ်တွေကြားတိုင်း မူလန်ကာတွန်းကြည့်တိုင်း အပြိုင်အဆိုင်ငြင်းခဲ့ကြတာတွေတွေးရင်း တစ်ခါတစ်လေ မျက်ရည်ကျမိသလို လက်ဖက်ရည်ဆိုင်ကကလေးတွေက ကိုကြီး ဟိုမမအတွက်ရော ဆီချက်ဆွဲအုန်းမလားမေးတိုင်းလည်း အောင့်သက်သက်နဲ့ ခေါင်းခါပြရသေးတယ်။ ဖိနပ်ပေးရင်ပြေးတတ်တယ် နာရီပေးရင်ဝေးတတ်တယ်တဲ့။ ရှေးစကားတွေကမှန်တာလား ကိုတို့ကသစ္စာမရှိတာလား။ မင်းကလေးမေ့တတ်တာကအရင်လိုဘဲနော်။ နာမည်တောင်အတွင်း နဲ့ အပြင်မှားရေးတုန်း အခုလည်းကြည့်လေ အထူးဧည့်သည်တဲ့။ -ခွန်းတေဇ

  • မေတ္တာဆိုတာ နွေးတယ်တဲ့ မေတ္တာဆိုတာ အေးချမ်းတယ်တဲ့။ ငါမသိဘူး မမစန္ဒီ ငါမသိဘူး။ ငါမေတ္တာဆိုတာ​ကို သေချာမခံစားတတ်သေးဘူး။ -ခွန်းတေဇ -မမသို့ပေးပို့စာ

{CALVUS} Knowledge Sharing for Burmese — tgindex