tgindex
Mindscape
@Knowlage_sharingМузыкаанглийский

Channel date-15.4.24 This channel offers a great place to explore literature, education, science, and a wide range of general knowledge topics. If you need any help, I’m here to help Bot - @Knowledge_by_bot

Последний пост
11 авг.
Последнее чтение
08:13
Постов за неделю
1
Всего постов
44
Тип
открытый
Язык
английский
Категория
Музыка (по похожим)
В каталоге с
14 авг.
Подписчики
2 289
−6 за 2 дн.
Сутки
−4
−0,17%
Неделя
 
Месяц
 
Просмотров на пост
316
40 постов
Вовлечённость
13,8%
к подписчикам
Постов в день
0,1
всего 44
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
64
1/48двое суток
73
1/72трое суток
79

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ရာသီတွေကတစ်ဖြည်းဖြည်းပြောင်းသွားတယ်... ဘေးနားအတူရှိခဲ့၊ပျော်ခဲ့တဲ့သူငယ်ချင်းတွေကလဲတစ်နှစ်နဲ့တစ်နှစ် တစ်ယောက်ပြီးတစ်ယောက် ကိုယ့်ဘေးနားကထွက်ခွာသွားကြပြီ... ဘေးနားမှာအမြဲရှိနေပေးတဲ့ အယုံကြည်ရဆုံးသူငယ်ချင်းနှစ်ယောက်လဲ ထွက်သွားခဲ့ပြီ... အော်...နောက်ဆုံးတော့လဲကိုယ်တစ်ယောက်တည်းပါပဲလား... သွားအတူလာအတူ၊ဆော့အတူ၊ စားအတူ ငါ့ရဲ့သူငယ်ချင်းတွေ... နင်တို့နဲ့ခွဲရတဲ့အချိန်မှာ ငါအရမ်းကိုဝမ်းနည်းနေခဲ့တာပါ အပြင်ပန်းမှာဟန်ဆောင်နေခဲ့ပေမယ့် စိတ်ထဲမှာ မြိုသိပ်ထားရတာပါ... ကိုယ်တိုင်ကလဲ စကားနည်းတဲ့သူတစ်ယောက်မို့ငါ့ဘေးနားမှာနင််တို့ပဲရှိတာပါ..ဒါပေမယ့်ခွဲရတာပါပဲ ငါတို့ကိုကွဲ စေခဲ့တာ ဒီ G-10 ပေါ့လေ... နင်တို့ အိမ်မက်နဲ့ငါ့အိမ်မက်ကကွဲပြားပါတယ်... ငါထိန်းချုပ်လို့မရပေမယ့် နင်တို့မရှိပဲနဲ့လဲ ငါနေတက်အောင်ကြိုးစားသွားမှာပါ... ငါတို့တွေဘယ်လောက်ပဲဝေးဝေး သူငယ်ချင်းဆိုတဲ့ ကြိုးလေးမပျက်စေရပါဘူး.. အကြာကြီးဝေးကွာသွားလဲ မအေးစက်သွားတဲ့ဆက်ဆံရေး အဲ့ဒါ ကိုသူငယ်ချင်းလို့ခေါ်ပါတယ်တဲ့... 10.8.26 -ရင်ထဲကစကားသံများ #Dee

  • စာမေးပွဲတွေတိုင်းမှာအမှတ်များများရချင်ရင် အထိရောက်ဆုံးနည်းလမ်းက အခန်းတစ်ခန်းပြီးသွားတိုင်း ကိုယ့်ကိုကိုယ် Exam ပြန်စစ်တာပါ။ ပထမအနေနဲ့ Chapter တစ်ခုရဲ့ခေါင်းစဉ်ငယ်လေးတွေကိုတစ်ချက်ကြည့်ပါ။ ကြည့်ပြီးသွားရင်တော့ အရေးကြီးမယ်ထင်တဲ့ ၊ မှတ်သင့်တဲ့ခေါင်းစဉ်ငယ်လေးတွေထပ်ခွဲပါ။ အဲ့ဒီထဲကမှ‌ ခေါင်းစဉ်ငယ်တစ်ခုကို ကြည့် ခေါင်းစဉ်ငယ်မှာပါတဲ့အကြောင်းအရာ ၊စာပိုဒ်တွေကို နားလည်အောင် 3ခါလောက်ဖတ်။ ဖတ်ပြီးရင် ဒီ ခေါင်းစဉ်ငယ်လေးထဲမှာကိုယ်မှတ်ထားတဲ့ note တွေ၊key point တွေ ၊ပြန်ဖတ်ကြည့်ပါ။ ပြီးရင်မေးခွန်းအသေးလေးတွေ‌ထုတ်ပါ။ ထုတ်ပြီးသွားရင်တော့ စာအုပ်ကိုပိတ်လိုက်ပါ ။ကိုယ်ထုတ်ထားတဲ့မေးခွန်းလေးတွေကိုမှတ်မိသလောက်ချရေးပါ။မရေးချင် စိတ်ထဲကနေ အဖြေကိုတွေးကြည့်ပါ။ ဉပမာအနေနဲ့ ဒြပ်စင်တွေအကြောင်းဖတ်တယ်ဆိုပါစို့။ မေးခွန်းထုတ်မယ်။ ဒြပ်စင်ဘယ်နှစ်မျိုးရှိလဲ? ဒြပ်စင်တွေကိုဘာတွေနဲ့ဖွဲ့စည်းထားတာလဲ? လူတွေပြုလုပ်ထားတဲ့ ဒြပ်စင်တွေကဘာတွေလဲ? အခဲမှာဘာတွေပါဝင်လဲ? အရည်မှာ၊အငွေ့မှာ ဘယ်လိုဒြပ်စင်တွေပါဝင်လဲ? ဒီလိုလေးမေးခွန်းထုတ်ပြီး ‌အဖြေတွေကိုဖြေကြည့်ပါ။ လုံးဝမမှတ်မိရင်ပြန်ဖတ်ပါ။ တစ်နေ့တည်းနဲ့တစ်ခန်းပြီးစရာတော့မလိုပါ။ တစ်နေ့ကိုခေါင်းစဉ်ငယ်၃ခုလောက်ဖြေနိုင်နေရင်ကိုအဆင်ပြေပါတယ်။ အချိန်ခနလေးပဲပေးပြီးလုပ်ကြည့်ပါ။ Chapter တစ်ခု လိုက်ကြီးလုပ်ရင်အရမ်းများတယ် စာအရမ်းများတယ်ဆိုရင် Chapter တစ်ခုရဲ့ခေါင်းစဉ်ငယ်လေးတွေထဲကတစ်ခုကိုသင်‌ပြီးတာနဲ့ ၊လေ့လာပြီးတာနဲ့ ညပိုင်း Self study ချိန်မှာ သင်ခဲ့တဲ့ဒီခေါင်းစဉ်ငယ်လေးကို အပေါ်နည်းလမ်း‌တိုင်း မေးခွန်းတွေမေးပြီး ဖြေကြည့်ပါ။ Chapter ပြီးရင်အ‌ရေးကြီးမယ်ထင်တဲ့ခေါင်းစဉ်ငယ်‌ လေးတွေလိုက်ထပ်ဖြေကြည့်ပါ။ Dee ရဲ့ Chemistry ဆရာမဆိုရင်သူစာသင်ပြီးသွားရင်အချိန်ရရင်ရသလို သင်ပြီးသားတွေကောက်ကောက်မေးပါတယ် (မေးတိုင်းဖြေနိုင်ခဲ့ပေမယ့် စာမေးပွဲမှာတော့ သျှမ်းလို့ C ပဲရခဲ့တာ အယ် ...ဒါပေမယ့် ဒီလို စာပိုဒ်,ခေါင်းစဉ်တစ်ပုဒ်သင်ပြီးတိုင်း မှတ်စုထုတ် မှတ်မိသလောက် အချက်တွေပြန်ပြောနေခဲ့ရလို့ 1မှတ်တန်မှာအတော်လေးမှန်ခဲ့ပါတယ် ၁ပုဒ်ကျန်ခဲ့တာကလွဲလို့ပေါ့) ဒါကို Active learning လို့ခေါ်တယ် စမ်းကြည့်ကြပါ ။ အမှတ်များများရချင်ရင် စာတွေကိုများများ ပြန်နွေးပေးပါ။ စာကြောင်းတွေရဲ့ concept ၊ အဓိပ္ပာယ်တွေသိအောင်လုပ်ပါ။ နားလည်အောင်လုပ်ပါ။ပြီးရင်ထပ်ခါထပ်ခါလေ့ကျင့်ပါ။ ဒီး နဲ့ ဉပမာပေးရမယ်ဆို ဒီး က စာတစ်ပိုဒ် ဉပမာ Biology ‌ကိုရေးကျက်တယ် ပထမတစ်ရက်ကျက်ပြီးပြီးချင်းအကြမ်းစာရွှက်မှာခဲတံလေးနဲ့ချရေးတယ်အမှားရှာတယ်အမှားတွေ့ရင် နောက်ထပ်အကြမ်းစာရွှက်ပေါ်မှာခဲတံနဲ့ထပ်ရေးတယ်။ အမှားနည်းတဲ့ထိကိုတစ်ရက်ခြားတစ်ခါတစ်ပတ်တစ်ခါ စွဲမြဲနေအောင်ချရေးပါတယ်။ ဒါ့ကြောင့် Biology မှာဆိုအမှတ်တော်တော်လေးရပါတယ် ရှမ်းတာလေးတော့ရှိတာပေါ့။ ဘယ်အရာပဲဖြစ်ဖြစ် ထပ်ခါထပ်ခါလေ့ကျင့်မှ အဆင်ပြေတာပါ။တိုးတက်တာပါ။ကြိုးစားကြပါ။ကိုယ်တိုင်လဲကြိုးစားနေဆဲပါ။ #Dee

  • တကယ်ဉာဏ်ရည်ထက်မြက်တဲ့သူတွေဟာ ကျောင်းတက်ခဲ့သည်ဖြစ်စေ၊ မတက်ခဲ့သည်ဖြစ်စေ ကိုယ့်ဘာသာကိုယ် သင်ယူတတ်တဲ့သူတွေ ဖြစ်တယ်။ သူတို့က တစ်စုံတစ်ယောက်က တွန်းအားပေးမှ တိုးတက်မယ့်သူတွေ မဟုတ်ဘူး။ စာဖတ်တယ်။ မေးခွန်းထုတ်တယ်။ လေ့လာစူးစမ်းတယ်။ လက်တွေ့ကျင့်သုံးတယ်။ ကျရှုံးမှုကနေ သင်ခန်းစာယူတယ်။ ပြီးတော့ ဘဝက တိုက်ရိုက်မသင်ပေးတဲ့ အရာတွေကိုတောင် ကိုယ့်ဘာသာကိုယ် နားလည်အောင် သင်ယူတတ်ကြတယ်။ ဘွဲ့တစ်ခုက အခွင့်အလမ်းတွေဆီကို ဝင်ရောက်နိုင်ဖို့ တံခါးဖွင့်ပေးနိုင်တယ်။ ဒါပေမယ့် အသိပညာကို မပြတ်ရှာဖွေလိုစိတ်ကသာ အဲဒီတံခါးတွေ ပွင့်သွားတဲ့အခါ ဘာလုပ်ရမလဲ၊ ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ သိတဲ့လူတစ်ယောက်ကို တည်ဆောက်ပေးတယ်။ လူတော်တော်များများက ကျောင်းပြီးတာနဲ့ သင်ယူခြင်းလည်း ပြီးသွားပြီလို့ ထင်ကြတယ်။ စာမေးပွဲပြီးသွားပြီဆိုတာနဲ့ ပညာရေးလည်း ပြီးဆုံးသွားပြီလို့ ယူဆကြတယ်။ ဒါပေမယ့် ဘဝက ကိုယ့်ကို သင်ပေးထားတာလောက်နဲ့ ရပ်နေတဲ့သူတွေကို ဆုမချဘူး။ ပိုသိချင်လို့၊ ပိုနားလည်ချင်လို့၊ မရပ်မနား ဆက်လက်သင်ယူနေတဲ့သူတွေကိုပဲ အခွင့်အရေးတွေ ပေးတတ်တယ်။ ကိုယ့်ဘာသာကိုယ် သင်ယူတတ်တဲ့သူတွေဟာ အကောင်းဆုံးအဓိပ္ပာယ်နဲ့ ပြောရရင် အားအရှိဆုံးသူတွေ ဖြစ်တယ်။ - သိချင်စိတ်ရှိတယ်။ - ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်တယ်။ - ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဆုံးဖြတ်တတ်တယ်။ - တိုးတက်ဖို့ ဘယ်သူ့ရဲ့ ခွင့်ပြုချက်ကိုမှ စောင့်စရာ မလိုဘူး။ တကယ့်ဉာဏ်ရည်ဆိုတာ ကိုယ့်ကို ဘာတွေသင်ပေးခဲ့သလဲဆိုတာနဲ့ တိုင်းတာတာ မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် ဘာတွေ ဆက်လက်သင်ယူဖို့ အသင့်ရှိသလဲဆိုတာနဲ့ပဲ တိုင်းတာတာ ဖြစ်တယ်။ The smartest people are self-taught, even if they went to school. The smartest people do not wait for someone to force them to grow. They read, question, observe, practice, fail, and teach themselves what life refuses to explain directly. A degree can open doors, but hunger for knowledge builds the mind that knows what to do once those doors open. Many people stop learning the moment they leave school. They think education is finished because the exams are over. But life does not reward people who only learned what they were told to learn. Life rewards those who keep learning because they want to understand more. Self-taught people are dangerous in the best way. They are curious. They are disciplined. They are independent thinkers. They do not need permission to grow. Because real intelligence is not proven by what you were taught. It is proven by what you are willing to learn on your own. English text - Mind rise #မေတ္တာဖြင့် #ဒေါက်တာစိုးသန်း #Dee #Crd

  • ❝ သဲထဲရေသွန် ❞ ဘယ်လိုပြောရမလဲကိုယ့်ရဲ့ကြိုးစားမှုတွေ ၊အချိန်တွေ အလကားဖြုန်းလိုက်မိသလိုပဲ ... ဒီတစ်ခါလဲအမှားကြီးလုပ်မိလိုက်ပြန်ပြီ... Chemistry အမှတ်မှာ အမှတ်ပြည့်ရချင်လို့ Chemistry ဆရာမရဲ့ချီးကျူးသံကိုကြားချင်လို့ နေ့နေ့ညည ကျောင်းစတက်တဲ့နေ့ကတည်းက Chemistry ကိုအလေးပေး ၊ဦးစားပေးလုပ်ခဲ့တယ် ... ညနေအိမ်ပြန်ရောက်တာနဲ့စာကျက် အားတာနဲ့စာကျက်တစ်နေ့လုံးစာကျက်ပင်ပန်းလဲစာကျက် တခါတလေရေတောင်မသောက်ဖြစ်တဲ့နေ့တွေ ရှိခဲ့ပါတယ်... ဒါပေမယ့်ကံတရားကြောင့်လားကိုယ့်ကြောင့်လားမသိပေမယ့် ကိုယ်အမှတ်ပြည့်မရခဲ့ပြန်ဘူး Chemistry 58မှတ်တဲ့... လူတွေအမြင်မှာတော့ကိုယ်ဟာစာမလုပ်တဲ့သူလို့ထင်ကောင်းထင်သွားနိုင်မယ်... ဒါပေမယ့် မျက်ကွင်းတွေညိုတဲ့အထိလက်ချောင်းတွေညိုမဲတဲ့အထိ၊မနက်4နာရီ‌ လောက်ထပြီးလေ့ကျင့်ခဲ့ရတဲ့အချိန်တွေ... သူများအမှတ် 100ရနေတာကိုမော့ကြည့်ခဲ့ရတာ ... ဒါပေမယ့် ကိုယ့်ဘေးနားကသူငယ်ချင်း ရဲ့အမှတ်ကိုကြားမိလိုက်တဲ့အခါမှာ အော်...သူကငါ့ထက် ပိုခံစားနေရမှာပါလားလို့..ကိုယ်ချင်းစာမိတယ် ... ဘယ်လိုပဲဖြစ်ဖြစ် ကိုယ် ထပ်ပြီးကြိုးစားဖို့လိုကြောင်းသေချာ လုပ်ဖို့လိုကြောင်းသိလာတာပေါ့... 3.8.2026 #Dee

  • English,စာတိုးတက်ချင်ရင် စာများများဖတ်ပါ။ Article, Biographies,Eassy, Letter,Novel etc... တွေ့သမျှ English စာအကုန်ဖတ်ပါ။ ကိုယ်စိတ်ဝင်စားတဲ့ စာအုပ်တွေများများဖတ်ပါ။ တစ်နေ့တစ်မျက်နှာရအောင်ဖတ်ပါ။ English စာအုပ်ထိုင်ဖတ်ဖို့အတွက် အချိန်သီးသန့်သတ်မှတ်ထားပါ။ မပျင်းပါနဲ့ ၁လ၁အုပ်လောက်ကတော့ ပြီးအောင်ဖတ်နိုင်နေရပါမယ်။ Level နဲ့ကိုက်ညီမယ့်စာအုပ်မျိုးဖတ်ပါ။ ပြီးမှတစ်ဆင့်တက်ပါ။ စာအုပ်ထဲက vocabulary words တွေကို မှတ်စုစာအုပ်ထဲမှတ်ထားပါ။ စာကားလုံးတစ်လုံးအတွက်ကိုယ်ပိုင်ဝါကျတွေပါတည်ဆောက်ကြည့်ပါ။ ဒါဆို Reading+ Vocabulary လေ့ကျင့်ပြီးသားဖြစ်သွားပါလိမ့်မယ်။ တစ်ဆင့်ချင်းသွားပါဖြည်းဖြည်းချင်းသွားပါ။မလောပါနဲ့။ English short story, Conversation, Dialogue တွေများများနားထောင်ပါ။ မှတ်ပါ။ ဒါတွေကတော့ Receptive skill တွေပါ။ Productive skill အနေနဲ့က တစ်ပတ်ကို ခေါင်းစဉ်တစ်ပုဒ် လောက်ဖြစ်ဖြစ် Eassy , Letter တစ်ခုခုချရေးပါ။ Grammar မှားမှာမကြောက်ပါနဲ့ ပြီးရင်ကိုယ်ဖတ်ထားတဲ့ Reading ထဲက မှတ်ထားတဲ့စကားလုံး တွေပါ ထည့်‌ဖြစ်အောင်ထည့်သုံးပါ။ Listening နားထောင်ပြီးရင်ကိုယ်တိုင်ပြန်ပြောကြည့်ပါ။ ဘယ်အရာပဲဖြစ်ဖြစ်ကိုယ်တိုင်လေ့ကျင့်မှတိုးတက်မှာပါ။ #Dee

  • ဘယ်အရာမှကိုယ်ထိန်းချုပ်လို့မရနိုင်ပါဘူး... လူတိုင်းကိုလိုက်ထိန်းချုပ်ဖို့မကြိုးစားပါနဲ့ကိုယ်ပဲပင်ပန်းရပါတယ်... ကိုယ့်အတွေးနဲ့သူတို့အတွေး တူချင်မှတူနေပါလိမ့်မယ်..သူတို့ရည်ရွှယ်ချက်နဲ့ကိုယ့်ရည်ရွှယ်ချက်ကလဲ ကွဲပြားပါတယ် ဒါ့ကြောင့်ကိုယ့်ဘက်ကနားလည်ပေးလိုက်ပါ... ကိုယ့်ကိုကိုယ်သာတိုးတက်အောင်လုပ်ပါ... ဘဝကတိုတောင်းပါတယ်ပျော်ပျော်နေပါ... ကိုယ့်ကိုမလိုတော့လို့ထားခဲ့တဲ့သူတွေအတွက်နဲ့ကိုယ့်ရဲ့အချိန်တွေကိုမဖြုန်းတီးလိုက်ပါနဲ့... ဒီထက်ကောင်းတဲ့အရာတွေတစ်ချိန်ကြရောက်လာမှာပါ... ပျော်ပျော်နေပါ... Life is short stay happy 💐🌱 #Dee

  • ဒီစာတွေကျက်နေရတာ၊ဒီအလုပ်တွေလုပ်နေရတာပင်ပန်းတယ်ဆိုတာသိပါတယ် ဒါပေမယ့် ဒီပင်ပန်းမှုတွေ၊ခက်ခဲမှုတွေမလုပ်ချင်တာကိုလုပ်နေရတဲ့အချိန်တွေ ၊ ဖိစီးမှုတွေ၊စိတ်ပျက်အားငယ်မှုတွေ၊ကြိုးစားသလောက်အရာမထင်တာတွေ ဒါတွေကြုံပြီးတဲ့နောက်မှာ... ဒီအရာတွေကိုရင်ဆိုင်ပြီးတဲ့နောက်မှာ ကိုယ့်ရဲ့ရည်ရွယ်ချက် ကိုယ့်ရဲ့ ဆန္ဒလေးပြည့်သွားပြီဆိုတာ မြင်တွေ့ရလိမ့်မယ်... လိုချင်တယ်မလား ကြိုးစား ရအောင်ကြိုးစား... တိုးတက်မှုတွေကဖြည်းဖြည်းချင်းဖြစ်ပေါ်နေမှာ ... နားသင့်တဲ့အချိန်နား ... လုပ်သင့်တဲ့အချိန်လုပ်... ဘယ်လောက်ပဲအချိန်ပေးရပါစေ ဒီအရာအတွက်ရူးသွပ်ကြည့်ပါ။ G-12မှာAll Dရချင်လား ရချင်ရင် ဒီအရာအတွက်ရူးသွပ်ကြည့် ... အဆင့်၁ရချင်လားဒီအဆင့်၁ရဖို့အတွက်ရူးသွပ်ကြည့်... အနုပညာမှာအောင်မြင်ချင်လား ဒါအတွက်ရူးသွပ်ကြည့် ... နာမည်ကြီးချင်လား ရူးသွပ်ကြည့် ကိုယ့်ရဲ့Business ပိုင်းမှာ ပိုပြီးအောင်မြင်ချင်လားရူးသွပ်ကြည့်... ဒီဘာသာစကားကို တက်မြောက်ချင်လား ရူးသွပ်ကြည့်... ဒီလို ကိုယ်လိုချင်တဲ့အရာတစ်ခုကို ရူးရူးမှုးမှုးကြိုးစား နေတဲ့အခါမှာဒီအရာအတွက်အကြောင်းပြချက်ဆိုတာမရှိတော့ဘူး ၊ဆင်ခြေဆိုတာလဲမရှိတော့ဘူး၊ပျင်းတယ်ဆိုတာလဲမရှိတော့ဘူး... #Dee

  • Hello ဒီနေ့လေးမှာတော့ Deeက student တွေအတွက်အသုံးဝင်မယ့် effective study tips လေးတွေကို sharing လုပ်ပေးချင်ပါတယ်။ Tip ' 1 -နားလည်မှု ပထမဆုံးစာမကျက်ခင်နားလည်အောင်အရင်လုပ်ပါ course video ကြည့်တာ teacher ရှင်းပြတဲ့အခါသေချာအာရုံစိုက်ပြီး နားလည်အောင်လုပ်ပါ။ ရှင်းပြမယ့်သူမရှိဘူးဆိုရင်လဲကိုယ်ကိုယ်တိုင် နားလည်အောင်ဒီစာကိုအာရုံစိုက်ဖတ်ကြည့်ပါ ထပ်ခါထပ်ခါနားမလည်ချင်းဖတ်ပါ။ အချိန်အားဖြင့်ဒီလိုဖတ်တာ ပျှမ်းမျ မိနစ်15/20လောက်ပဲကုန်မှာပါ။ ဖတ်ပြီးလို့နားလည်သွားပြီ ဆိုရင်တော့ စာအုပ်ကိုပိတ်လိုက်ပါ။ ပိတ်ပြီးရင် ကိုယ်ခနကဖတ်လိုက်တယ့်စာပိုဒ်ကိုမှတ်မိသလောက် ဆရာတစ်ယောက်ကဘာမှမသိတဲ့ကလေးတစ်ယောက်ကိုရှင်းပြပေးနေသလို ဒီစာပိုဒ်ရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကိုမှတ်မိသလောက် ရှင်းပြပါ။ ဒါမှတ်မဟုတ်ရင် လဲ စာရွက်တစ်ရွှက်ပေါ်မှတ်မိသလောက်ချရေးကြည့်ပါ ။ရေးပြီးသွားတဲ့အခါ မှုလစာပိုဒ်နဲ့ပြန်တိုက်ကြည့်ပါ ။ လိုနေတဲ့အချက်တွေရှိခဲ့ရင် လိုနေတဲ့စာပိုဒ်ကိုပဲနားလည်‌ အောင်ပြန်ဖတ်ပါ။ မရမချင်းဒီလိုလုပ် ပါ အချိန်ကြာပေမယ့် ခေါင်းထဲစွဲစေပါတယ်။ ဒါပေမယ့် တစ်ရက်တစ်ခါ၊နှစ်ရက်၊သုံးရက်ခြားတစ်ခါပြန်နွှေးပေးပါ။ Tip '2 - စာလုပ်ရာမှာအနှောင့်အယှက်ဖြစ်မယ့်အရာတွေဘေးဖယ်ထား စာလုပ်တဲ့အခါမှာဖုန်းတွေအနှောင့်အ‌ယှက်တွေကို ကိုယ်နဲ့ဝေးတဲ့နေရာမှာထားထားပါ စာလုပ်မယ့်စားပွဲခုံလေးကိုသပ်သပ်ရပ်ရပ် ရှင်းရှင်း‌လင်းလင်းလေးဖြစ်အောင်လုပ်ထားပါ။ စားပွဲခုံကရှင်းနေရင်စာလုပ်ချင်စိတ်လဲ ပေါ်လာမှာပါ။ Tip '3 - မနက်စောစောစာလုပ်။ မနက်ပိုင်း ကို ကိုယ်မရတဲ့ဘာသာလုပ်ပါ။ ဉပမာ - math , physic ခက်ခဲ့တဲ့အရာလုပ်မနက်စောစောပြီးအောင်လုပ်လိုက်တဲ့အခါမှာကိုယ့်စိတ်ကပေါ့သွားတယ် နောက်စာကျက်တဲ့အခါမှာလဲ စိတ်ကြည်ကြည်လင်လင်လေးနဲ့ကျက်နိုင်နေလိမ့်မယ်။ကိုယ့်စိတ်ကလေးလဲပျော်နေ‌လိမ့်မယ်။ ငါ math တွက်ရအုံးမယ်ဆိုတဲ့ဖိစိီးမှုမရှိတော့လို့ပေါ့။ Tip' 4 - Note မှတ်ပါ။ နောက်တစ်ချက်အနေနဲ့က မှတ်စုထုတ်တာပါ။ တစ်ပိုဒ်တစ်ပိုဒ်ရဲ့အနှစ်သာရနဲ့သူ့ရဲ့ဆိုလိုရင်း အဓိက key points /1မှတ်တန်မေးနိုင်ခြေရှိတဲ့စာပိုဒ် လေးတွေ စိတ်ဝင်စားစရာကောင်းတဲ့အချက်လေးလေးတွေ ၊ဒါလေးတွေကို မှတ်စုစာအုပ်ထဲလှလှပပ ရေးထားပါ။ ပြီးရင်အားတဲ့အခါတိုင်းဖတ်ပေးပါ။ Tip' 5 - Examစစ်ပါ။ နောက်တစ်ခုက ကိုယ့်ကိုယ်ကိုစာမေးပွဲစစ်တာပါ။ ဒါကတော်တော်ထိရောက်ပါလိမ့်မယ် ။တစ်ပတ်တစ်ခါဖြစ်ဖြစ် ၊ Chapter တစ်ခုပြီးသွားတိုင်း မေးခွန်းလေးတွေလုပ်ပြီး ကိုယ်တိုင် အလွတ်ဖြေကြည့်ပါ။ ဒီသင်ခန်းစာမှာငါဘာတွေနားလည်လိုက်လဲ ဘယ်အချက်တွေမှတ်မိလဲဆိုတာတွေကိုလဲ စာရွှက်တစ်ရွှတ်မှာအချက်တစ်ချက်ပဲဖြစ်ဖြစ်စာလုံးတစ်လုံးပဲ‌ဖြစ်ဖြစ်သူ့ရဲ့သဘောတရားပဲဖြစ်ဖြစ်နားလည်သလိုချရေးပါ။ 1နာရီလောက်ပဲကြာမှာပါ။ စမ်းကြည့်ပါ။ကိုယ့်ကိုကိုယ်စာမေးပွဲခနခနစစ်တဲ့အခါ တစ်ကယ့်စာမေးပွဲကြီးမှာလဲ confident အပြည့် နဲ့ဖြေနိုင်သွားပါလိမ့်မယ်။ Grade -9 တွေလဲရှိမယ်ထင်ပါတယ်နော် Grade -9 တွေအတွက် Dee က Exam guide တစ်ခုဖွဲ့ပေးထားပါတယ် မသိတဲ့သူတွေလဲရှိချင်ရှိနိုင်နေမှာပေါ့ မ joinရသေးရင် join ကြည့်ပါ။ Join - Link 🖇️ https://t.me/+5JnTcG3w0txiOGM1 ဒီ Group ထဲမှာ စာဆွေးနွေးလို့ရမယ် ၊မေး‌ခွန်းဟောင်း ၊ textbook,အထူးထုတ်တွေရှိမယ် နောက် ဒီးရဲ့ အတွေ့အကြုံ sharing လေးတွေနဲ့ ဘာသာရပ်အလိုက်ကျက်သင့်တဲ့အပိုင်းတွေပြောပြထားပါတယ်။ အရင်တုန်းကတော့ exam စစ်ပေးပါတယ်အခုတော့ကိုယ့်စာနဲ့တောင်မနိုင်တာမို့မစစ်ပေးအားသေးပါဘူး။ ကဲ ဒီနေ့တော့ဒီလောက်ပါပဲဒီစာလုပ်နည်းတွေက အကျိုးရှိစေမယ်လို့မျှော်လင့်မိပါတယ်။ #Dee #Study tips

  • Channel ထဲမှာ Student တွေရှိပါသလား

  • ကျွန်နော် ဒီ Channel ကိုမရောင်းပါဘူး။ တကယ်ဆို ကျွန်နော်ဒီ Channel ကိုရောင်းပစ်လိုက်လို့ရတယ် ဒါပေမယ့်ကျွန်နော်မလုပ်ရက်ပါဘူး ။ ဟိုး2024လောက်ကတည်းက ကိုယ်တိုင် ကြိုးကြိုးစားစားတည်ဆောက်ခဲ့ရတဲ့အရာမို့ လက်လွှတ်စပယ် မရောင်းပစ်လိုက်ချင်ပါဘူး။ ဒီ Channel အောင်မြင်နေတာကလဲ Channel ထဲမှာရှိတဲ့စာဖတ်သူတို့ ကြောင့်ပါပဲ ကျွန်နော့် Channel လေးထဲမှာ သစ္စာရှိရှိမထွက်ပဲ အခုချိန်ထိ ရှိပေးနေတဲ့ ၊ကျွန်နော်ရေးသမျှစာတိုင်းကို content တိုင်းကို Reaction တွေပေး၊အားပေးဖတ်ရှူပေးနေတဲ့ စာဖတ်သူတို့ကိုကျွန်နော် အရမ်းကျေးဇူးတင်ပါတယ်။ တကယ်ကိုကျေးဇူးတင်တာပါ။ တစ်နေ့က ကျွန်နော့် Channel ကို လိုချင်လို့ ဆိုပြီး လာတောင်းတဲ့သူရှိပါတယ် ကျွန်နော်(Dee)လဲမအားတာနဲ့ ဒီ Channel ကိုမရမ်းဖြစ်ပါဘူး ။ ကျွန်နော်မရမ်းဖြစ်တော့ သူကကျွန်နော့် Channel ကိုရောင်းပေးဖို့ပြောတာပေါ့။ ကျွန်နော်မရောင်းရက်ပါဘူး ၊ကျွန်နော်တန်ဖိုးထားရတဲ့အရာတစ်ခုမလို့ပါ။ စာဖတ်သူ တို့နဲ့မခွဲချင်ပေမယ့်ခွဲရမယ့်အချိန်တွေရှိလာဦးမှာပါ။ အခုဆို Starlink wifi တွေဖျက်မယ်ပြောပါတယ် wifi တွေဖျက်လိုက်တဲ့အချိန်ကျရင်တော့ ကျွန်နော်(Dee)ဒီ Channel စီကိုပြန်လာနိုင်ဖို့ကတော်တော်လေးခက်ခဲမှာသေချာပါတယ် ။ ဒီလိုဖြစ်ခဲ့ရင်တောင်တစ်နေ့နေ့တစ်ချိန်ချိန်တော့ ကျွန်နော် (Dee)ဆိုတဲ့နာမည်နဲ့ ပြန်လာနိုင်အောင်ကြိုးစားသွားမှာပါ။ အခုလဲ စာတွေနဲ့လုံးပန်းနေရတယ် အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်လာတော့အရင်လိုစိတ်လေလို့မရတော့ဘူး။ တစ်ချက်လေမိတာနဲ့ စာတွေကလွတ်သွားသလိုပဲ။ လိုင်းမပိတ်ခင်လေးတော့ content လေးတွေ အမှတ်တရအနေနဲ့တင်နိုင်အောင်ကြိုးစားသွားပါ့မယ်။ See you next time! #Dee

  • ‎အချိန်မရှိဘူး ‎ ‎"ငါဒါတွေလေ့လာဖို့အချိန်မရှိဘူး" ‎ ‎"အလုပ်တွေအရမ်းများနေတယ် ငါ့ဝါသနာကိုအချိန်ပေးဖို့ငါ့မှာ အချိန်လုံလုံလောက်လောက်မရှိဘူး" ‎ ‎"ပင်ပန်းတယ်ငါမလုပ်နိုင်ဘူးငါ့မှာအချိန်မရှိဘူး" ‎ ‎စသဖြင့် ကိုယ့်ဘဝတိုးတက်ဖို့ လုပ်ရမယ့်အရေးကြီးတဲ့ အစိတ်အပိုင်းသေးသေးလေးတွေကိုလုပ်ဖို့ အချိန်မရှိဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့  ရက်တွေ၊လတွေ၊နှစ်တွေကြာတဲ့အထိ ဒီအရာလေးတွေကိုမလုပ်နိုင်ခဲ့ကြဘူး။ ‎ ‎ဘာလို့လဲ? ‎ ‎တစ်ချက်ကိုယ့်ကိုကိုအရင်မေးကြည့်ပါ။ ‎ ‎ငါတကယ်ရောဒီအရာတွေကိုစိတ်ဝင်စားရဲ့လား? ‎ တကယ်ရော လိုချင်နေရဲ့လား? ‎ ‎မေးကြည့်‌ပါ။ တကယ်လို့ကိုယ်ကဒီအရာကို တော်တော်လေးကိုလိုချင်နေတယ်၊စိတ်ဝင်စားနေတယ်ဆိုရင်တော့ အကြောင်းပြချက်တွေ၊ဆင်ခြေတွေပေးနေဖို့မလိုပါဘူး။အရင်ကတော့ မအားလို့ထားလိုက်ပါ။အခုသိပြီမလား ? ‎ ‎သိပြီဆိုနည်းလမ်းရှာလို့ရပြီ။ ‎ ‎တစ်ရက်မှာ 24နာရီရှိတယ် အလုပ်ချိန် သို့မဟုတ် ကျောင်းချိန်က မနက်9နာရီကနေညနေ5နာရီထိ 9နာရီ ထားလိုက်ပါ။ ‎ ‎8နာရီကအိပ်ချိန်။ကျန်မယ့်အချိန်က5နာရီ 5နာရီမှာ 3နာရီကစာကျက်မယ် သို့မဟုတ် အလုပ်အတွက်စီစဉ်မယ်။ ‎ ‎ကျန်တဲ့1နာရီက နားချိန်၊ ထမင်းစားချိန် ၊ရေချိုးချိန် အဲ့ထက်မိနစ်ပိုင်းလောက်ပိုချင်ပိုမယ် ပိုမယ့်အချိန်က 30မိနစ်ပဲထား မိနစ်30ကျန်မယ်။ ‎ ‎အဲ့ဒီမိနစ်30မှာ ‎ ‎English Language ‌လုပ်မလား? ‎Digital Marketing လေ့လာမလား? ‎Japanese လေ့လာမလား? ‎Chinese လေ့လာမလား? ‎Leadership လား? Scholarship လား? ‎ ‎မိနစ်30အတွင်း ကိုယ်လေ့လာချင်တဲ့အရာတစ်ခုအရင်ကလုံးဝအချိန်မပေးနိုင်ခဲ့တဲ့အရာတစ်ခုကိုတစ်နေ့30မိနစ်‌ လောက် အချိန်ပေးပြီးနည်းနည်းစီလေ့လာသွားပါ။ ‎ ‎ဘယ်လောက်ပဲကြာပါစေအနည်းဆုံး1လတိတိတော့ဒီလိုလေးအချိန်ပေးကြည့်ပါ။ တိုးတက်မှု‌တွေမြင်ရလာပါလိမ့်မယ်။ ‎ ‎အချိန်မရှိဘူးဆိုဝာာ တကယ်တော့ အကြောင်းပြချက်တစ်ခုပါ။ ‎ ‎ကြိုးစားရင်ဘယ်အရာမဆိုဖြစ်နိုင်ပါတယ်။ မပျင်းဖို့ပဲလိုတာပါ။ ‎ ‎#Dee

  • တစ်နေ့ကဒီးအတွေးတွေအကြောင်းကိုပြောလိုက်တယ်နော် ကောင်းတဲ့အတွေးနဲ့မကောင်းတဲ့အတွေးဆိုတာလေ။ အဲ့တော့ကိုယ်ကကောင်းတာတွေရချင်တယ်၊လိုချင်တာရချင်တယ်ဆိုရင်ကောင်းတဲ့အတွေးများများတွေးပေးဖို့လိုပါတယ်။ လူသားတွေအနေနဲ့‌သေခြင်းတရားနှင့်ရင်ဆိုင်ပြီးသည့်အခါ နောင်ဘဝမှာ ကိုယ်ကဘာကြီးဖြစ်နေမလဲဆိုတာမသိနိုင်ဘူးလေ ဒါ့ကြောင့်နောင်ဘဝမှာ ကောင်းတာတွေနဲ့ ကြုံရနိုင်အောင် ဒီဘဝမှာ ကိုယ်ကကောင်းတာလေးတွေလုပ်သွားဖို့လိုတယ်။ဒီလို‌ ကောင်းတာလေးတွေများများလုပ်ရင်နောင်ဘဝသာမက အခုဘဝမှာလဲကောင်းကျိုးတွေခံစားရနိုင်တယ်။ ဒါ့ကြောင့်ကောင်းတာလေးတွေများများလုပ်ပါ။သူတစ်ပါးကိုကူညီပါ။စိတ်အေးချမ်းအောင်တရားများများထိုင်ပါ။ဝမ်းသာစရာလေးတွေရှာပါ။စာများများဖတ်ပါ။ ပေါ်လီယာနာ စာအုပ်ဖတ်ဖူးတဲ့‌သူတွေရှိရင်သိပါ‌လိမ့်မယ်။ ဝမ်းသာတမ်းကစားနည်းဆိုတာလေ ဉပမာ-ကိုယ်ရဲ့ပုံစံကမလှနေလို့ဆိုပြီးဒေါသထွက်နေမယ့်အစား အခုမလှတာကဘာမှမဖြစ်ဘူး တချိန်ကြရင်ဒီမလှတဲ့ပုံစံကြီးကိုတခြားသူ‌တွေထက်လှသွားအောက်ပြုပြင်ခွင့်ရှိသေးတာမို့ဝမ်းသာနေရမယ်။(အခု‌ခေတ်ဆို မျက်နှာခွဲစိတ်ဆရာဝန်‌ တွေရှိနေပါပြီ လက်ထဲပိုက်ဆံသာရှိနေရက်ပြုပြင်လို့ရ‌နေပြီ)ကိုယ်ကရုပ်ဆိုး‌ နေတာတောင်ကိုယ့်ကိုခင်တဲ့သူ၊ချစ်တဲ့သူရှိနေတာပဲဆိုပြီးဝမ်းသာနေရမယ်။ ဒီးအနေနဲ့ လူတိုင်းလူတိုင်းကိုကောင်း‌တာလေးတွေများများလုပ်စေချင်တယ်။ သူတော်စင်ကြီးဖြစ်ခိုင်းနေတာတော့မဟုတ်ပါဘူး။ ဒီတိုင်းလူတစ်ယောက်ကိုကူညီပေးလိုက်တာ၊လမ်းမှာကိုယ်အမြင်မတော်တဲ့အမှိုက်ကလေးတွေဖယ်ပေးလိုက်တာ၊ ‌ကျေးဇူးတင်တဲ့စကား၊တောင်းပန်တဲ့စကားတွေကိုလေးလေးနက်နက်ရိုးရိုးသားသားပြောလိုက်တာ၊လူ‌တစ်ယောက်ကိုရိုးရိုးသားသားချီးမွှမ်းပေးလိုက်တာ။ တစ်နေ့လုံး Productive ဖြစ်အောင်နေတာ၊တရားထိုင်တာ၊စာဖတ်တာ၊Skill တစ်ခုခုကိုလေ့လာတာမျိုး၊နေ့စဉ် dairy နဲ့ကျေးဇူးတင်စရာလေးတွေချရေးလိုက်တာမျိုးမိသားစုနဲ့ပျော်စရာလေးတွေဖန်တီးတာ ၊သဘာဝနဲ့ထိတွေ့တာ ၊ အေးအေးချမ်းချမ်းနေတာ ၊ရယ်စရာလေးတွေပြောတာ၊ဝမ်းသာစရာလေးတွေရှာ‌တာ၊ နေ့စဉ်ဘုရားရှိခိုးတာ၊ဘုရား‌ ကျောင်းသွားတာ ။ကိုယ့်ကိုကိုယ်ချစ်တာ။ သေးသေးလေးတွေဆိုပေမယ့်ဒီသေးသေးလေးတွေကအစွမ်းတော်တော်ကြီးပါတယ်။ ဒီလိုမျိုးကောင်းတာလေးတွေလုပ်နေပြီဆို ကိုယ့်ဆီကိုကံကောင်းခြင်းတွေ၊တန်ပြန်ကူညီခြင်းတွေ၊ ကိုယ်လိုချင်တာတွေရလာပါတယ်။ ဒီးကိုယ်တိုင်လဲကြိုးစားနေဆဲပါ။ ဒီအရာလေးကိုအတူတူကြိုးစားကြည့်ချင်တယ်။ ပိုကောင်းတဲ့ Mindset ရရှိဖို့၊ပိုကောင်းတဲ့ဘဝကိုပိုင်ဆိုင်ရရှိဖို့ဘဝ‌လေးအေးချမ်းစေဖို့မနက်ဖြန်ကစပြီးကြိုးစားကြည့်ရအောင်ပါ။ #Dee #Mindset change #Mindscape #own creation

  • "‎အတွေးဆိုတာကကောင်းတဲ့အတွေးရှိသလိုမကောင်းတဲ့အတွေးလဲရှိတယ်ဆိုတာကိုလူသားတိုင်းသိကြမှာပါ။" ‎ ‎အတွေးတွေကိုလူသားတွေအနေနဲ့ထိန်းချုပ်လို့မရနိုင်ပါဘူး။ဘယ်လောက်ပဲကိုယ်ကကောင်းတာတွေတွေးနေပါစေ မကောင်းတဲ့အတွေးဆိုတာကြီးကတစ်စတစ်စပြန်ပြန်ပေါ်လာတတ်ပါတယ်။ ‎ ‎ဒါ့ကြောင့်အတွေးတွေကိုဒီးတို့ကြာကြာမထိန်းချုပ်နိုင်ဘူးလို့ထင်မြင်မိပါတယ် သူတော်စင်ကြီးတွေတောင်မှမကောင်းတဲ့အတွေး‌လေးတွေဝင်ဝင်လာတက်ပါသေးတယ်။ ‎ ‎ဒါကသဘာဝတရားကြီးတစ်ခုလိုတောင်ဖြစ်နေပါပြီ။ ‎ ‎မကောင်းတဲ့အတွေးဆိုတာနှစ်မျိုးရှိပါတယ်။ ‎ ‎တစ်ခုကကိုယ်တိုင်လုပ်ယူပြီးတွေးတာ ‎ ‎ဉပမာ-လူတစ်ယောက်ကကိုယ့်အမြင်မှာကြည့်မကောင်းနေဘူးစိုပါစို့ ဒါကိုကိုယ့်အတွေးထဲမှာ ‎ "ဒီလူကတော်တော်ရုပ်ဆိုးတာပဲ "ဆိုပြီး ကိုယ့်အတွေးထဲမှာပြောလိုက်တယ်တွေးလိုက်တယ်။အဲ့ဒီလူကို ရုပ်ဆိုးလို့ကိုယ်ကအတွေးထဲမှာနိုမ်ပြီးတော့တွေးလိုက်တာ။ ‎ ‎ပြီးတော့ စာတော်တဲ့သူတစ်ယောက်မဖြစ်လို့၊ Top 1မရလို့ စိတ်ဓာတ်တွေကျပြီး ငါဘာလို့မရရတာလဲငါဘာလို့အသုံးမကျတာလဲဆိုပြီးတော့မှ -ဘက်သွားတဲ့ ကိုယ့်ကိုကိုယ်အပြစ်ပြောဆိုနေတဲ့အတွေးတွေ။ ‎ ‎ဒါ တွေက မကောင်းတဲ့အတွေးကိုယ်ကိုယ်တိုင်လုပ်ယူပြီးတွေးတဲ့အတွေး။ ‎ ‎ဒုတိယတစ်ခုကကိုယ်ကမရည်ရွှယ်ပါပဲနဲ့သူ့အလိုလိုအတွေးထဲဝင်လာတဲ့မကောင်းတဲ့အတွေး။ ‎ ‎ကိုယ်ကကောင်းတာတွေတွေးနေပါရက်နဲ့မရည်ရွှယ်ပဲမကောင်းတဲ့အတွေးကသူ့အလိုလိုဝင်လာတာ။ ‎ ‎ဒီလိုအတွေးမျိုးက ပုထုစဉ်လူသားတွေသာမကသူတော်စင်ကြီးတွေပါဒီလိုအတွေးတွေဝင်လာတက်ကြတယ်။ ‎ ‎ကိုယ်ကမရည်ရွယ်ဘဲဝင်လာတဲ့မကောင်းတဲ့အတွေးကဘာမှမဖြစ်ပေမယ့်အဲ့ဒီအတွေးကိုစိတ်တိုပြီး "ငါဘာလို့မကောင်းတဲ့အတွေးတွေတွေးမိနေတာလဲ"ဆိုတဲ့ဒေါသစိတ်နဲ့ ဖြစ်နေရင်တော့ ဗုဒ္ဓဘာသာမှာဆိုအကုသိုလ်ဖြစ်သွားတယ်။ မရည်ရွယ်ပါပဲဝင်လာတဲ့မကောင်းတဲ့အတွေးတစ်ခုကဘာမှတော့မဖြစ်ပေမယ့် ဒီဝင်လာတဲ့အတွေးကိုဒေါသဖြစ်နေတာကအကုသိုလ်ဖြစ်စေပါတယ်။ ‎ ‎ဒီ Quote ကိုအားလုံးသိကျမှာပါ။ ‎ ‎ကောင်းတာတွေးရင်ကောင်းတာဖြစ်မယ် မကောင်းတာတွေးရင် ကိုယ်တွေးတဲ့အတိုင်းပဲဖြစ်လာမယ်ဆိုတာလေ။ ‎ ‎ဒါကတကယ်ပါ။ ‎ ‎မယုံသေးရင် အခုချက်ချင်းမှန်ထဲကိုသွားကြည့်ပါ။ ‎ ‎ငါကချစ်စရာကောင်းတာပဲ၊အရမ်းချောတာပဲလို့စိတ်ထဲမှာ မှန်ကြည့်ရင်းအထပ်ထပ်အခါခါတွေးနေကြည့်ပါ။ ‌တစ်ဖြည်းဖြည်းတွေးရင်းတွေးရင်းနဲ့တကယ်ပဲကိုယ့်ရဲ့ရုပ်ကမှန်ထဲမှာချစ်စရာကောင်းနေတာမျိုး ကိုယ့်စိတ်ထဲထင်လာပါလိမ့်မယ်။ စမ်းကြည့်ပါ။ ‎ ‎လေ့လာမိသလောက်ပြောရရင် ဒီးတို့သိစိတ်က ထပ်ကာထပ်ကာတွေးလိုက်တဲ့အတွေးတွေကို မသိစိတ်က မှတ်ထားပါတယ်။ ဒါနဲ့ အဲ့ဒီအတွေးထဲကအတိုင်းတကယ့်အပြင်လောကမှာဖြစ်ပေါ်လာတာပါ။ ‎ ‎ဉပမာ - ငါကစာတော်တဲ့သူ ၊ Top 1-10ဝင်မယ်သူလို့ အတွေးထဲမှာတွေးလိုက်တယ်ဒါကိုမသိစိတ်ကကြားသွားတယ်လက်ခံသွားတယ် ‎ ‎ဒီလိုနဲ့ မိနစ်ပိုင်းလောက်ကြာတော့ ကိုယ်က စာတော်တဲ့သူလို့ခံယူထားတဲ့အတွက်ကြောင့် စာကြည့်စားပွဲပေါ်ကိုသူ့အလိုလို‌ထိုင်မိသွားတယ်စာအုပ်ကိုကောက်ဖွင့်မိသွားတယ်။ ‎ ‎နေ့တိုင်းနေ့တိုင်းငါကတော်တဲ့သူလို့အမြဲတမ်းတွေးနေတယ် ငါက Top 10ဝင်မယ့်သူလို့အမြဲတမ်းတွေနေတဲ့အခါ ခံယူထားတယ့်အတိုင်းဖြစ်လာဖို့အခွင့်အလမ်းတွေပေါ်လာတယ်။ ‎ ပြောချင်တဲ့အဓိက Massage က ‎ ‎အတွေးတိုင်းကို‌ဒီးတို့မထိန်းချုပ်နိုင်ဘူးဒါပေမယ့် မကောင်းတဲ့အတွေးတွေ နည်းနည်းပဲ‌ တွေးပြီးတော့ ကောင်းတဲ့အတွေး တွေ များများတွေးမိဖို့လေ့ကျင့်လို့ရတယ်။ ‌ ‎ ‎ကိုယ်က‌ ကောင်းတာ တွေးနေတဲ့အချိန် မရည်ရွယ်ဘဲနဲ့ဝင်လာတဲ့မကောင်းတဲ့အတွေးတွေအပေါ်ကိုစိတ်မတိုမိဖို့ကြိုးစားကြည့်ပါ။ဒေါသမထွက်မိဖို့ကြိုးစားကြည့်ပါ။ ‎ ‎ဝင်လာတဲ့အခါ"အော် ဝင်လာပြန်ပြီဒါသဘာဝပဲဘာမှမဖြစ်ပါဘူးလေ"ဆိုပြီးကိုယ့်ကိုယ်ကိုပြောနေလိုက်ပါ။ ဝင်လာတဲ့အခါမှာလဲအကျယ်တဝင့်ဆက်မတွေးမိပါစေနဲ့အဲ့ဒီအစားတခြားကောင်းသောအတွေးတစ်ခုခုနဲ့အစားထိုးလိုက်ပါ။ဒါကိုတော့အတွေးပြောင်းခြင်းနည်းလမ်းလို့ခေါ်တာပေါ့။ ‎ ‎မကောင်းတာတွေးပြီးမကောင်းတာတွေလက်တွေ့မှာဖြစ်နေမယ့်အတူတူတော့ကောင်းတာတွေပဲတွေးနေလိုက်ပါ‌ ကိုယ်တွေးတဲ့အတိုင်းပဲကိုယ့်စီပြန်ရောက်လာမှာပါ။ ‎‌ ‎ ‎Post လေးအကျိုးရှိမယ်လို့မျှော်လင့်ပါတယ် ကိုယ်လဲကျောင်းစဖွင့်ကတည်းက Channel ကပျောက်သွားတာအခုမှ Content လေးတင်နိုင်တော့တယ်။ ဒီ Content လေးရေးချင်နေတာအတော်ကြာပါပြီစာပိနေတာနဲ့မရေးဖြစ်ခဲ့တာအခုတော့အကောင်အထည်ဖော်နိုင်ပါပြီ ကဲနောက် Post တွေမှဆက်တွေ့ကြပါမယ်။ #Dee #The power of mind #Own Creation #knowlage #Mindscape

  • 26 мая516163

    တစ်ရက်လောက်ပဲဖြစ်ဖြစ် Social Media Zone ကနေရုန်းထွက်ကြည့်ပါလား။ Zone ထဲကနေ 24‌နာရီလောက်ခနထွက်ပြီး -မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေမယ်။ -စာအုပ်တွေဖတ်မယ်။ -အနာဂတ်အကြောင်းစာတွေ‌ချရေးမယ်။ -ဝါသနာပါတဲ့အရာလေးတွေလုပ်မယ်။ -Coffeeတစ်ခွက်နဲ့သဘာဝရှူခင်းလေးတွေထိုင်ကြည့်မယ်။ -ဟိုတွေးဒီတွေးလျှောက်တွေးနေတဲ့အတွေးတွေကို ထိန်းချုပ်ကြည့်မယ် ။ -ကောင်းတဲ့အရာတွေများမျာစလုပ်မယ်၊ လောဘ၊ဒေါသ၊မောဟတွေမဖြစ်အောင်ဂရုစိုက်မယ်။ 24နာရီအတွင်း ကိုယ့်ကိုပူလောင်စေတဲ့၊မကောင်းတဲ့အတွေးတွေအမြဲတမ်းဝင်ဝင်လာစေတဲ့ Social Media Zone ထဲကနေ တဖြည်းဖြည်း 1နာရီချင်း1နာရီချင်း ထိန်းချုပ်နိုင်ရင် စိတ်ကိုပေါ့ပါးသွားစေသလိုဒီတစ်ရက်တာဟာကိုယ့်အတွက်အလှပဆုံးရက်ကလေးဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် အေးချမ်းတဲ့လောက ကြီးထဲတစ်ရက်လောက်ဝင်ကြည့်ကြပါနော်။ ဝင်ကြည့်တဲ့အခါ မထင်မှတ်ထားတဲ့အကျိုးကျေးဇူးတွေရလာပါလိမ့်မယ်။ #Dee

  • Mindscape pinned «Channel ရောင်းတာလဲမဟုတ်ပါ ဖျက်တာလဲမဟုတ်ပါ။ YFEK Hub Channel နာမည်မှ Mindscape ဟုနာမည်ပြန်ပြောင်းခြင်းဖြစ်ပါသည်။ #Dee»

  • Channel ရောင်းတာလဲမဟုတ်ပါ ဖျက်တာလဲမဟုတ်ပါ။ YFEK Hub Channel နာမည်မှ Mindscape ဟုနာမည်ပြန်ပြောင်းခြင်းဖြစ်ပါသည်။ #Dee

  • Channel name was changed to «Mindscape»

  • တတိယအချက်က ကိုယ်လေ့လာနေတဲ့အရာကိုအပိုင်းပိုင်းစီပြင်ဆင်ပြီးပြီ၊မှတ်ထားပြီးပြီဆိုရင်ခေါင်းထဲမှာအစအဆုံးပုံဖော်ကြည့်ဒီလို‌နည်းနဲ့နေ့တိုင်းလေ့ကျင့်ရင်ကိုယ့်ရဲ့ ideas တိုင်း ကိုယ့်ရဲ့အတွေးအခေါ်တိုင်းကိုမှတ်စုစာအုပ်တွေမလိုပဲပြန်ချင်းပြနိုင်‌လိမ့်မယ်။ No 5 Cognitiveenergy ကို ချွေတာ ညဏ်အရမ်းကောင်းတဲ့သူတွေက သူတို့စိတ်ခွန်အားကိုနေရာတိုင်းမှာအသုံးမချဘူးကျွန်တော်တို့နားလည်ထားရမှာကကျွန်တော်တို့‌တစ်နေ့တာတွေးခေါ်နိုင်စွမ်းနဲ့ဦးနှောက်စွမ်းရည်ဆိုတာက limit ရှိတယ်။ဦးနှောက်က battery တစ်ခုလိုပဲ နေရာတိုင်းမှာအသုံးချနေရင်စိတ်ပင်ပန်းပြီး ဘာမှဆက်လုပ်နိုင်မှာမဟုတ်ဘူးအဲ့တာကြောင့်ကိုယ်နဲ့မဆိုင်တဲ့အရာတို့၊ကိုယ့်အတွက်အကျိုးမဖြစ်မယ့်အရာတို့ဆိုရင်သွားပြီးတော့အာရုံမစိုက်နဲ့ကိုယ့်အတွက်အရေးမပါတဲ့ကိစ္စဆိုသွားပြီး overthinking လုပ်မနေနဲ့၊နောက်တစ်ခုရှိတာကစိတ်ကိုအနားပေးတတ်ဖို့လိုတယ်။လမ်ူလျှောက်တာတို့အားကစားလုပ်တာတို့ဘာမှမတွေးပဲထိုင်နေတာတို့အဲ့လိုမျိုးဘာဆိုဘာမှခေါင်းထဲမထားပဲ နေတတ်ဖို့လဲလိုအပ်တယ်။ပျင်းဖို့ကောင်းတယ်ထင်ရပေမယ့် တကယ်ဆိုကိုယ့်ရဲ့ညဏ်‌ရည်အတွက်အရမ်းအရေးကြီးတဲ့အလေ့အကျင့်တစ်ခုပေါ့။ YouTube မှကိုးကားရေးထားခြင်းဖြစ်ပါသည်။ Crd To YouTuber Chris Levi #Dee

  • Hi Deeကိုမှတ်မိကြ‌ သေးလားမတွေ့တာလဲအတော်ကြာပြီ‌‌ပေါ့ အကြောင်းအမျိုးမျိုးကြောင့် ဒီးရဲ့ Channel လေးတွေကိုပစ်ထားမိခဲ့ပါတယ်နောက်လဲထပ်ပြီးပစ်ထားရအုံးမယ်ထင်ပါတယ်ကျောင်းတွေလဲဖွင့်တော့မယ်ဆိုတော့လေ။ ဒါပေမယ့် ကျောင်းပိတ်ရက်လက်ကျန်အချိန်လေးတွေမှာ ဒီး စိတ်အဆင်ပြေတဲ့အခါ ၊အားတဲ့အခါမျိုးလေးတွေမှာတော့ Content လေးတွေရေးတင်‌ဖြစ်မယ်ထင်ပါတယ်။ ကဲ အခုတော့ ဒီး လေးစားအားကျရတဲ့ YouTuber တစ်ယောက် IQမြင့်စေမယ့်အလေ့အကျင့်(၅)ခုဆိုတဲ့ ဗီဒီယိုလေးကိုကြည့်ဖြစ်ခဲ့တယ်။ ဒီဗီဒီယိုထဲကနေမှ အဓိကအချက် လေး တွေကိုပြန်ကိုးကားပြီး Content တစ်ပုဒ်ကူးရေးလိုက်ပါတယ်။မသိသေးတဲ့သူတွေရှိရင်လဲ အလွယ်တကူ ဖတ်နိုင်ဖို့ပါ။ IQ မြင့်စေမယ့်အလေ့အကျင့် (၅) ခု No 1 ပြင်ပကအသံတွေမပါပဲတွေးခေါ်ပါ။ Neurosciemce အရလူတွေရဲ့အတွေးအခေါ်ကပြင်ပကအသံတွေမပါပဲအလုပ်လုပ်ရတဲ့အခါဆိုဦးနှောက်ကပိုပြီးတော့အစွမ်းထက်တယ်။အကြံညဏ်ကောင်းတွေပိုရတယ်။ရေရှည်တွေးခေါ်နိုင်စွမ်းပိုကောင်းလာတယ်။Albert Einstein ရဲ့မှတ်ညဏ်လေ့ကျင့်နည်းတွေထဲမှာဒီတစ်ခုကနာမည်အကြီးဆုံး တစ်ခုပေါ့။ Albert Einstein ကစားပွဲမှာထိုင်ပြီး mathematics equations တွေဘဲထိုင်တွက်လေ့ရှိတယ်ဆိုပေမယ့်သူကအားလပ်ချိန်မှာဆိုရင် လမ်းလျှော့က်ရင်း အတွေးလေ့ရှိတယ်။ ငါဒါကိုပြောင်းလဲလိုက်ရင်ဘာဆက်ဖြစ်မလဲ? အလင်းရဲ့အမြန်နှုန်းနဲ့ခရီးထွက်လို့ရမလား? အာကာသကြီးကအဝတ်စတစ်ခုလိုကွေးနေတာလား? အဲ့လိုမျိုးပေါ့ Albert Einsteinကဘာမှမလုပ်ပဲလမ်းပတ်လျှောက်ပြီးအတွေးများတဲ့သူလို့လဲနာမည်ကြီးတယ်။ဆိုတော့ကိုယ်ကညဏ်ထက်ချင်တယ်အတွေး‌ပခေါ်ကောင်းချင်တယ်ဆိုနေ့စဉ် ပုံမှန်ပြင်ပကအသံတွေမပါပဲကိုယ့်အတွေးနဲ့ကိုယ်နေကြည့်ဘာဆိုဘာမှမလုပ်ပဲကိုယ့်အတွေးနဲ့ကိုယ်နေကြည့်။ No 2 အခက်အခဲကိုခံစားပြီးမှအကူအညီယူ ညဏ်အရမ်းကောင်းတဲ့သူတ္ကေအခက်အခဲတစ်ခုကြုံလာပြီဆိုချက်ချင်းအကူအညီယူလေ့မရှိဘူး ဒါကဘာကိုပြောချင်တာလဲဆို ဉပမာ- ကျောင်းကဆရာမကအရမ်းခက်တဲ့သခ်ျာစာတစ်ပုဒ်ကိုအိမ်စာပေးလိုက်တယ်ပဲထား ပုံမှန်ကျောင်းသားအနေနဲ့အိမ်စာမြန်မြန်ပြီးချင်လို့ဆိုပြီးChat GPT ကိုသွားမေးလိုက်မှာပေါ့အဲ့လိုဆိုအိမ်စာချက်ချင်းပြီးတယ်။ ဒါပေမယ့်ညဏ်အရမ်းကောင်းပြီးထက်မြက်တဲ့ကျောင်းသားတွေကကြတော့သူတို့ဘာသာသူတို့အရင်တွက်ကြည့်တယ်။အဖြေရှာကြည့်တယ်။ခဏခဏဏခဏကြိုးစားကြည့်တယ်။နောက်ဆုံးမရတော့မှ Ai ကိုသွားမေးတယ်။ ကျောင်းသားနှစ်ယောက်ကAiကိုသုံးတာချင်းအတူတူပဲ ဒါပေမယ့်အလေ့အကျင့်ပဲကွာသွားတာ။ကိုယ့်ရဲ့ဦးနှောက်ကအခက်အခဲတွေကိုကြိုးစားပြီးအဖြေရှာရတယ်ဆိုရင်ဦးနှောက်စွမ်းရည်ကသူ့အလိုလိုမြင့်တက်လာလိမ့်မယ်။ဒီလောက်ထိရှိတဲ့အခက်အခဲကိုမရရအောင်ဖြေရှင်းဖို့လုပ်ရင်ဒီလောက်ထိရှိတဲ့ညဏ်ရည်ရလာမယ်။ဒါမှမဟုတ်ဒီလောက်ပဲကြိုးစားရင်ဒီလောက်ပဲညဏ်ရည်ရလာမယ်။ No 3 အပျင်းပြေစာရေးကြည့် လူအများစုကစာအုပ်ထဲချရေးရင် မှတ်မိလောက်ဖို့ကိုပဲစာကိုချရေးကြတယ် ဒါပေမယ့် အတွေးအခေါ်ကောင်းတဲ့သူတွေကသူတို့စိတ်ကြည်ဖို့အတွက်စာရေးကြတယ်။ Leonardo De Vinci ဆိုရင်သူ့စိတ်ထဲပေါ်လာသမျှကိုစာအုပ်ထဲချရေးကြည့်တယ်။မေးခွန်းတွေ ၊idea တွေ၊ diagramsတွေ၊ physic equations တွေ၊ အစရှိတဲ့သူ့အတွေးအခေါ်အကုန်လုံးကိုချရေးလေ့ရှိတယ်။ဒါတင်မကဘူးAlbert EinsteinလဲအတူတူပဲAlbert Einsteinရဲ့စားပွဲဆိုအမြဲတမ်းရှုပ်ပွနေပြီးတော့အတွေးအခေါ်မှန်သမျှချရေးထားတဲ့ စာရွှက်တွေအပုံလိုက်ရှိတယ်။ဒီအလေ့အကျင့်ကဘာလို့ညဏ်ရည်ကို ဖွံ့ဖြိုးစေတာလည်းဆိုတာနဲ့ပတ်သက်ပြီး Princeton university နဲ့ UCLAရဲ့ Studies တွေရှိတယ်။ ကိုယ်ကအတွေးအခေါ်တိုင်းကိုလက်နက်ချရေးတဲ့အခါကိုယ့်ရဲ့နားလည်နိုင်စွမ်းက စာအုပ်ဖတ်ပြီးလေ့လာတာတို့အမြင်အာရုံနဲ့လိုက်ကြည့်ပြီးလေ့လာတာတို့ထက်အများကြီးပိုသာတယ်။ကိုယ့်ရဲ့အတွေးတိုင်းကိုလက်နဲ့ချရေးတဲ့အခါဆိုလွတ်နေတဲ့နေရာတို့လိုအပ်ချက်ရှိနေတဲ့နေရာတို့ပြုပြင်ရမယ့်နေရာတို့ အစရှိတဲ့နေရာတွေအကုန်လုံးကို ကွဲကွဲပြားပြားသိလာလိမ့်မယ်။အချိန်ကြာလာတဲ့အခါ ကိုယ့်ရဲ့အတွေးကတိတိကျကျနဲ့ပိုပြီးပြည့်စုံလာလိမ့်မယ်။ No 4 မှတ်ညဏ်လေ့ကျင့်ခန်း ကိုယ်ကဘယ်လောက်ထိမှတ်မိနိုင်လဲဆိုတာတင်မကသေးဘူး။ဘယ်လောက်ထိမြန်မြန်ဆန်ဆန်တွေးခေါ်နိုင်လဲဆိုတာကလဲအရေးကြီးသေးတယ်။တစ်ချို့လူတွေကအကြောင်းအရာတွေအများကြီးကိုသိထားပြီးတော့အရေးကြုံလာတဲ့အခါဆိုရင်ချက်ချင်းအသုံးမချနိုင်တာမျိုးရှိတယ်။ ဉပမာ - ကိုယ်ကစာကျက်ထားရဲ့သားနဲ့ စာမေးပွဲခန်းထဲရောက်ရောအကြောင်းအရာတစ်ခုကိုအကြာကြီးပြန်စဉ်းစားနေရတာမျိုးပေါ့။ အဲ့လိုမျိုးမဖြစ်အောင် အတွေးအခေါ်ကိုမြန်ဆန်အောင်လေ့ကျင့်လို့ရတဲ့နည်းရှိတယ်။ Step 1 အကြမ်းအဖျင်းနားလည်အောင်လုပ် Step 2 အပိုင်းခွဲပြီးတစ်ပိုင်းချင်းစီမှတ်မိအောင်လေ့ကျင့် လူအများစုကတစ်ခုခုကိုလေ့လာရင် အကုန်လုံးကိုရောသမမွှေပြီး မှတ်လေ့ရှိတယ်။အဲ့လိုမလုပ်နဲ့။ ဉပမာ - ကိုယ်က ကျောင်းမှာ presentation လုပ်မယ်ဆိုရင် Hook အရင်လာမယ်။ပြီးရင် intro လာမယ်။ပြီးရင် context လာမယ်။ ပြီးရင် thesis statement လာမယ်။ပြီးရင် Outro လာမယ်။အဲ့လိုအပိုင်းပိုင်းစီခွဲစိတ်ပြီးမှသာတစ်ပိုင်းချင်းစီကိုသေချာပြင်ဆင်

  • ကိုယ့်ကိုယ်ကို စတင်ပြောင်းလဲချင်တဲ့အခါ motivation ပေါ်မူတည်ပြီး မသွားပါနဲ့ Motivation ဆိုတာ ရာသီဥတု လိုပဲ နေသာလိုက် မိုးရွာလိုက် တိမ်ထူလိုက်နဲ့ တစ်နေ့တစ်မျိုး ပြောင်းလဲနေမှာ ဒါကြောင့် သေချာခိုင်မာတဲ့ အရိုးရှင်းဆုံး အသေးစား စီမံကိန်းတွေနဲ့ စတင်ကြည့်ပါ (ဥပမာ) • ရက် ၃၀ discipline challenge • ရက် ၆၀ skill upgrade project • ရက် ၁၀၀ identity transformation plan အချိန်တိုင်း motivate ဖြစ်နေဖို့ မလိုဘူး ဒါပေမဲ့ ပုံမှန် action ယူနေဖို့တော့ လိုတယ် အရင်ဆုံး small mission လေးတွေကို ပြီးမြောက်အောင်လုပ်ရင်း identity shift ဖြစ်အောင်လုပ်ကြည့်ပါ အများစု fail ဖြစ်တဲ့အကြောင်းရင်းက talent မရှိလို့ မဟုတ်ပဲ random ဖြစ်နေလို့ပါ Direction ရှိတဲ့ effort က slow ဖြစ်နေရင်တောင် တဖြည်းဖြည်း life ကို ပြောင်းသွားစေတယ် Small daily actions become a completely different version of you. Crd #Dee