Healthy Life 👨⚕️
Статистикаစာဖတ်သူလေးကိုယ်တိုင် ကျန်းမာပျော်ရွှင်သောဘဝအား တည်ဆောက်ပါ။ 💗 ဘဝကို ပျော်ရွှင်စွာဖြတ်သန်းပါ။ Since Date : 9.6.2024
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 11
- Всего постов
- 198
- Тип
- открытый
- Язык
- my
- Категория
- Музыка (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 228
- 1/48двое суток
- 261
- 1/72трое суток
- 281
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
‼️ August 17 ‼️ ရေဘေးသင့် ပြည်သူတွေအတွက် ကျွန်တော်တို့ တတ်နိုင်သလောက် ဖေးမကူညီကြရအောင်... မင်္ဂလာပါ စာဖတ်သူလေးတို့ရေ... ဒီရက်ပိုင်း ရေဘေးသတင်းတွေ ကြားရတိုင်း ရင်ထဲမှာ တကယ်ကို မကောင်းဖြစ်ရပါတယ်။ အခုချိန်မှာ နေစရာအိမ်မရှိ၊ စားစရာ အစားအသောက်မရှိနဲ့ ရုတ်တရက် ဒုက္ခတွင်းထဲ ကျရောက်သွားကြတဲ့ ပြည်သူတွေ အများကြီး ရှိနေပါတယ်။ မြို့ကြီးတွေ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့နေရာတွေဆီကို အလှူရှင်တွေ ရောက်တတ်ပေမဲ့၊ အထူးသဖြင့် အလှူရှင်တွေ သိပ်မရောက်နိုင်တဲ့ စစ်ကိုင်းတိုင်းဘက်က ရွာငယ်လေးတွေဆိုရင် အခုချိန်မှာ အကူအညီတွေ အရမ်းကို လိုအပ်နေကြတာပါ။ အခု ကျွန်တော့်မိတ်ဆွေတွေဖြစ်တဲ့ မုံရွာက အစ်ကိုတွေက အဲ့ဒီလို အလှူရှင် အရောက်အပေါက်နည်းတဲ့ ရွာငယ်လေးတွေဆီကို ကိုယ်တိုင်သွားရောက်ပြီး ရေဘေးအလှူလေး လုပ်ကြမလို့တဲ့ဗျ။ အဲ့ဒါကြောင့် ကျွန်တော့်ဘက်ကလည်း အလှူငွေလေး ပါဝင်ကူညီပေးထားသလို၊ ကျွန်တော်တို့ ချယ်နယ်က စာဖတ်သူလေးတွေလည်း ကုသိုလ်ပါဝင်နိုင်ဖို့အတွက် တစ်ဆင့် ပြန်လည်မျှဝေပေးလိုက်တာ ဖြစ်ပါတယ်။ ငွေကြေးပမာဏ အများကြီးမှ မဟုတ်ပါဘူး။ ၅၀၀၊ ၁,၀၀၀ ကျပ်ကစလို့ မိမိ တတ်နိုင်သလောက် စေတနာအလျောက် ပါဝင်လှူဒါန်းနိုင်ပါတယ်ဗျ။ စာဖတ်သူလေးတို့ရဲ့ လက်ဖက်ရည်ဖိုး၊ မုန့်ဖိုးလေးတွေကို စုပေါင်းလိုက်ရင် တစ်ဖက်က ဒုက္ခရောက်နေသူတွေအတွက် ထမင်းတစ်နပ်စာ၊ ရေသန့်တစ်ဘူးစာ အသက်ဆက်ခွင့် ရသွားမှာပါ။ လာမယ့် ဩဂုတ်လ (၁၇) ရက်နေ့ လောက်မှာ သွားရောက်လှူဒါန်းကြမှာဖြစ်လို့ အလှူငွေလေးတွေကို အခုကတည်းက စတင် ထည့်ဝင်ပေးလို့ ရနေပါပြီခင်ဗျာ။ အသေးစိတ် ဆက်သွယ်မေးမြန်းရန် Telegram: @lovely_ptpo16 @Author_eric တစ်ကျပ်တစ်ပြားကအစ တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီကို ကိုယ်တိုင်သွားရောက် လှူဒါန်းပေးမှာမို့ ယုံယုံကြည်ကြည်နဲ့ ပါဝင်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်ဗျာ။ အားလုံးပဲ ဘေးဘယာဝေးကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။ #FloodDonation #Sagaing #HelpEachOther
без подписи
ဆီကြော်စာတွေမစားမိပါစေနဲ့ - ဆီကြော်ထားတဲ့ အစားအစာတွေဟာ ဝမ်းလျှောတာအပြင် ရေရှည်အနေနဲ့ဆို ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး လေထစေတဲ့ အသီးအနှံတွေကို တတ်နိုင်ရင်ရှောင်ပါ - ပဲအမျိုးမျိုး၊ ပြောင်းဖူး၊ ပန်းဂေါ်ဖီစိမ်းစတဲ့ အရာတွေကို မစားမိရင် ပိုကောင်းပါတယ် - အူလမ်းကြောင်းမှာ လေထစေခြင်းဟာ ဝမ်းပျက်တာကို ပိုဆိုးစေနိုင်ပါတယ် နို့နဲ့နို့ထွက်ပစ္စည်းမစားသင့်ပါ - နို့နဲ့နို့ထွက်ပစ္စည်းတွေကို ချေဖျက်ပေးတဲ့အင်ဇိုင်းတစ်မျိုး ချို့တဲ့နေတဲ့သူတွေအတွက် နို့သောက်လိုက်မိရင် ဝမ်းလျှောတာကို ရင်ဆိုင်ရတတ်ပါတယ် - ဒါကြောင့် ဝမ်းလျှောဝမ်းပျက် ဖြစ်နေတဲ့အချိန် နို့နဲ့နို့ထွက်ပစ္စည်းတွေကို ရှောင်ထားတာ ကောင်းပါတယ် လေ့ကျင့်ခန်းမလုပ်ပါနဲ့ - အရည်ဓာတ်ဆုံးရှုံးမှု များနေတဲ့အချိန် ချွေးထွက်များစေမယ့် အပြုအမူတွေကို မဖြစ်မနေ ရှောင်ကြဉ်ပါ - အရည်ဓာတ်ဆုံးရှုံးမှု များတဲ့အခါ ရှော့ခ်ရပြီး အသက်သေဆုံးသည်အထိ ဖြစ်သွားနိုင်ပါတယ် စာဖတ်သူလေးတို့ရေ ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် သန့် ၄ သန့်ကို ဆောင်ပါ - သောက်ရေသန့် - အစားအစာသန့် - လက်သန့် - အိမ်သာသန့် တို့ဖြစ်ပါတယ် #HealthTips #Charlotte
အခုရက်ထဲ ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်ပွားနေတာကြောင့် ဒီရောဂါနဲ့ပတ်သက်ပြီး သိကောင်းစရာအချို့ကို ပြောပြပေးသွားပါမယ်ရှင်... ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ ဝမ်းပိတ်ဆေးမသောက်ပါနဲ့ - ဝမ်းလျှောနေတဲ့အခါ အူလမ်းကြောင်းတစ်လျှောက်မှာ ပိုးမွှားတွေ၊ အကျိအချွဲရည်တွေသာမက ပိုးမွှားတွေကထုတ်ထားတဲ့ အဆိပ်တွေပါ ရှိနေပါတယ် - ဒါတွေက ဝမ်းနဲ့အတူ အပြင်ကိုထွက်သွားရမှာပါ - ဝမ်းပိတ်ဆေး သောက်မယ်ဆိုရင် အူလမ်းကြောင်းထဲမှာ ပိတ်ဆို့သွားပြီး အဆိပ်များက ခန္ဓာကိုယ်အနှံ့ ပျံ့သွားပြီး သွေးဆိပ်တက်ခြင်းကြောင့် အသက်ဆုံးရှုံးရစေနိုင်ပါတယ် - ဒါကြောင့် ဝမ်းပိတ်ဆေးကို ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ပါ စပ်ဆေးဝယ်မသောက်ပါနဲ့ - နီးစပ်ရာဆေးဆိုင်ကနေ စပ်ဆေးတွေ ဝယ်သောက်တဲ့အခါ ဝမ်းပိတ်ဆေးတွေ၊ ပိုးသတ်ဆေးတွေ ပါလာနိုင်ပါတယ် - ဝမ်းလျှောတာကို ပိုဆိုးနိုင်သလို ရေရှည်မှာ ဆေးယဥ်ပါးတာ၊ ပိုးဆိပ်ပျံ့ပြီး သွေးဆိပ်တက်တဲ့အခါ ဆေးမတိုးတော့တာတွေ ဖြစ်စေနိုင်ပါတယ် ကော်ဖီနဲ့အရက်ကိုရှောင်ပါ - ဝမ်းပျက်နေချိန် ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ အရက်တွေသောက်တဲ့အခါ အစာအိမ်နဲ့အူလမ်းကြောင်းကို ထိခိုက်စေပြီး ဝမ်းလျှောတာကို ပိုဆိုးစေပါတယ် #HealthTips #Charlotte
ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်လဲ...? အချိန် ၁ပတ်- ၂ပတ်ခန့်ကြာပြီး မသက်သာတဲ့အခါ၊ အနံ့ရတာက ဖြစ်လိုက်ပျောက်လိုက် ဖြစ်နေတဲ့အပြင် - ခေါင်းကိုက်တာ - နှာပုပ်ရည်တွေ ထွက်တာ - အဖျားကြာရှည်တာ - သတိမကောင်းတာ - လှုပ်ရှားရခက်တာ တွေပါ ခံစားနေရရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ် နှာခေါင်းနဲ့ပတ်သက်တဲ့ ပြင်းထန်ရောဂါတွေ၊ ဦးနှောက်နဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နေနိုင်တာကြောင့် နား၊နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန် ဒါမှမဟုတ် ဦးနှောက်နဲ့အာရုံကြော အထူးကုဆရာဝန်တွေနဲ့ ပြသသင့်ပါတယ် #HealthTips #Charlotte
မရှိတဲ့အနံ့တွေရနေတာ ဒီအကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပါတယ် နှာခေါင်းနဲ့ပတ်သက်ပြီး... - နှာခေါင်းအသားပို - နာတာရှည် ထိပ်ကပ်နာ - ဓာတ်မတည့်နှာစေးတာ - အသက်ရှူ လမ်းကြောင်း ပိုးဝင်တာ - သာမန်အအေးမိနှာစေးတာ - ဆေးလိပ်သောက်တာတွေပဲ ဖြစ်ပါတယ် ဦးခေါင်းနဲ့ပတ်သက်ပြီး - ခေါင်းထိခိုက်မိတာ - အတက်ရောဂါ - အယ်လ်ဇိုင်းမားရောဂါ - ပါကင်ဆန်ရောဂါ - ခေါင်းတစ်ခြမ်းကိုက်ရောဂါ - ဦးနှောက်အကြိတ် - လေဖြတ်တာတွေပဲ ဖြစ်ပါတယ် မရှိတဲ့အနံ့တွေရတဲ့အခါ ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ ဆိုတာက ဖြစ်တဲ့အကြောင်းအရင်းပေါ် မူတည်ပါတယ် မရှိတဲ့အနံ့တွေရတာက လက္ခဏာတစ်ခုဖြစ်တာကြောင့် ဖြစ်ရတဲ့ရောဂါအကြောင်းရင်းကို ကုသမှ ပျောက်ကင်းမှာ ဖြစ်ပါတယ် မရှိတဲ့အနံ့တွေရနေတဲ့အခါ... - နှာခေါင်းကို ဆားရည် ဒါမှမဟုတ် ဆလိုင်းနဲ့ ဆေးကြည့်ပါ - ဓာတ်မတည့်တဲ့အရာတွေ ရှောင်ပါ - အအေးမိဖျားနာနေရင်ကုသပါ - ဆေးလိပ်မသောက်ပါနဲ့ #HealthTips #Charlotte
မရှိတဲ့အနံ့တွေရနေတာ ဘာကြောင့်လဲ...? ကိုယ်တစ်ယောက်တည်း အနံ့တစ်ခုခုကိုရနေပြီး တခြားသူတွေကမရဘူးဆိုရင် ကိုယ်တိုင်က အနံ့ခံအာရုံ ပိုကောင်းတာ ဖြစ်နိုင်သလို မရှိတဲ့အနံ့တွေရနေတာလည်း ဖြစ်နိုင်ပါတယ် ဒါက သာမန်လည်း ဖြစ်နိုင်သလို ရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ် ဘယ်လိုအနံ့တွေ ရတတ်သလဲဆိုတော့ - တစ်ခုခုတူးတဲ့အနံ့ - ရော်ဘာညှော်နံ့ - ဆေးလိပ်နံ့ - သံထည်နံ့ - ပုပ်အဲ့အဲ့အနံ့ - မှိုစွဲတဲ့အနံ့တွေ ဖြစ်ပါတယ် တချို့ကျတော့လည်း ဘာမှန်းမသိတဲ့အနံ့တွေ၊ တစ်ခါမှ မရဖူးတဲ့အနံ့တွေ၊ မွှေးရနံ့တွေ ရတတ်ကြပါတယ် ဒီအနံ့တွေကြောင့် တချို့တွေ အစားအသောက်ပျက်တာ၊ ဘာစားစား အရသာမရှိတာ၊ ပိန်သွားတာ၊ စိတ်အနှောင့်အယှက် ဖြစ်ရတာတွေ ရှိတတ်ပါတယ် #HealthTips #Charlotte
ကျောခိုင်းထားသော ချစ်ခြင်းများ စာအုပ်ဟာ နိုင်ငံရေးဒေသကလွဲလို့ တစ်နိုင်ငံလုံးနီးပါးဖြန့်ချီနေပါပြီ...။ အဓိကအားဖြင့် • City Mart • Marketplace • Ocean • နီးစပ်ရာ စာအုပ်ဆိုင်ကြီးများတွင် အဓိက ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ စာရေးသူလက်မှတ်နဲ့ ဝယ်ယူချင်သူများက ‼️ အောက်က Book For All Page or Phone ကနေတဆင့် အိမ်ရောက်ငွေချေနဲ့ ယုံကြည်စိတ်ချစွာ မှာယူနိုင်ပါတယ်။ (စာအုပ်မှာယူတဲ့အခါ လက်မှတ်နဲ့လိုချင်ပါတယ်လို့ ပြောပေးပါ။) • 09266449797, 09266449898 • https://www.facebook.com/share/1EPcmERHwA/ မှတ်ချက်။ ။ အုပ်ရေ ၃၀၀ သာလက်မှတ်ရေးထိုးပေးထားတာမလို့ လက်ဦးဖို့တော့ လိုပါမည်။ #Haruki
သမ်းတာကိုသက်သာစေဖို့ ဘာတွေလုပ်ရမလဲ...? တအားသမ်းနေပြီဆိုရင် သမ်းဝေခြင်းကို သက်သာစေဖို့အတွက်... - နှာခေါင်းကနေ လေကို ဝအောင် ရှူသွင်းရှူထုတ် လုပ်ပါ - လမ်းခဏလျှောက်တာမျိုး သက်တောင့်သက်သာ နဲ့ လှုပ်လှုပ်ရှားရှားနေပါ - ရေအေးအေး ဒါမှမဟုတ် သစ်သီးဖျော်ရည် အေးအေးလေး သောက်ပေးတာ၊ အအေးခံထားတဲ့ သစ်သီးလေးတွေစားပေးတာ၊ အေးတဲ့နေရာမှာ ခဏလောက် ထိုင်ပေးတာ၊ စိတ်ဖိစီးစရာတွေကို ခဏမေ့ထားတာ တွေလုပ်ပေးပါ သမ်းခြင်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ...? - ဦးနှောက်ဆီကို သွေးစီးဆင်းမှု ကောင်းစေပါတယ် - သိမြင်မှုစွမ်းရည်ကို တိုးတက်စေပြီး မှတ်ဉာဏ်ကောင်းစေသလို စဥ်းစားဉာဏ်ကိုလည်း ကောင်းမွန်စေပါတယ် - နားထဲမှာ နာနေတာ၊ သက်တောင့်သက်သာ မဖြစ်တဲ့အခါ သမ်းလိုက်ပါ - နားထဲက လေဖိအားကို ထိန်းညှိပေးရာမှာလည်း အထောက်အကူ ပြုပါတယ် - သမ်းလိုက်တိုင်း ခန္ဓာကိုယ်ထဲကို (အဆုတ်ထဲ) အောက်ဆီဂျင် များစွာ ရောက်ရှိစေပြီး အဆုတ်ထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ပြင်ပကို စွန့်ထုတ်လိုက်ပါတယ် - ဒီလိုနဲ့ အဆုတ်ကို ကျန်းမာစေသလို ဦးနှောက်ဆီကိုလည်း အောက်ဆီဂျင် ရောက်ရှိမှု တိုးစေပါတယ် #HealthTips #Charlotte
သမ်းရတဲ့အကြောင်းရင်း သမ်းတယ်ဆိုတာ ဦးနှောက်ရဲ့အပူချိန်ကို ထိန်းညှိခြင်း ဖြစ်ပါတယ် လူတွေဟာ ပြင်ပက ရာသီဥတု အေးနေတဲ့အချိန်ထက် ပူနေတဲ့အချိန်တွေမှာ ပိုပြီးသမ်းတတ်ကြပါတယ် ဦးနှောက်မှာ အပူချိန် မြင့်တက်လာတဲ့အခါ အပူချိန်ကို လျှော့ချဖို့ လေရှူသွင်းရပါတယ် ဒီလို အပူချိန်လျှော့ချဖို့အတွက် လေရှူသွင်းဖို့ လိုအပ်ချိန်မှာ သမ်းရခြင်း ဖြစ်ပါတယ် ဒါကြောင့် သမ်းနေပြီဆိုရင် ပျင်းလို့၊ အိပ်ချင်လို့ဆိုတာထက် ဦးနှောက်အပူချိန် လျှော့ချဖို့ လိုအပ်နေတာ ဖြစ်ပါတယ် သမ်းချင်ပြီဆိုရင် အားရပါးရသာ သမ်းလိုက်ပါ သမ်းတာကကူးတတ်လား...? သမ်းတာက ကူးစက်တတ်ပါတယ် ရုပ်ရှင်ကြည့်နေရင်း ရုပ်ရှင်ထဲက တစ်ယောက်ယောက် သမ်းလိုက်ရင်တောင် အပြင်ကလူတွေက လိုက်သမ်းတတ်ကြပါတယ် တစ်ယောက်ယောက်သမ်းလို့ လိုက်သမ်းတယ်ဆိုတာ မျှဝေတတ်တဲ့သဘော၊ ရင်းနှီးတတ်တဲ့သဘောလို့ ဆိုကြပါတယ် ဒီလိုပြောလို့ လိုက်မသမ်းသူတွေက စိတ်ရောဂါရှိသူ၊ တစ်ကိုယ်ကောင်းဆန်တဲ့သူလို့ ပြောခြင်းမဟုတ်ပါဘူး အပြင်မှာ တစ်ယောက်ယောက် သမ်းတာ မြင်လို့ လိုက်သမ်းတယ်ဆိုတာ သင်တို့တွေက ပတ်ဝန်းကျင်အတူတူ၊ အပူချိန်အတူတူမှာ နေနေကြလို့ဆိုတဲ့ ယူဆချက်တွေလည်း ရှိပါတယ် #HealthTips #Charlotte
ဘာကြောင့်သမ်းရတာလဲ...? ဟာ...တစ်ချိန်လုံးသမ်းနေတယ် အိပ်ရေးလည်းမပျက်ဘဲ ဆိုတဲ့ သူတွေ ရှိကြလား ဘာကြောင့် သမ်းရတာလဲ၊ သမ်းခြင်းကနေ ဘယ်လို အကျိုးကျေးဇူးတွေရနိုင်လဲဆိုတာ ဖတ်ကြည့်ပါဦးရှင်...
ဘယ်သူတွေပိုသတိပြုသင့်လဲ - တိရစ္ဆာန်ထွက် အစားအသောက်တွေကို လုံးဝမစားသည့်သူများ ဗီတာမင် B12 ဖြည့်စွက်ဆေးတွေကို မဖြစ်မနေ ပုံမှန် မှီဝဲပေးဖို့ လိုပါတယ် - အစာအိမ်ခွဲစိတ်ထားသူများ၊ သွေးအားနည်း ရောဂါရှိသူများ၊ ခန္ဓာကိုယ် ခုခံအားစနစ် ပရမ်းပတာဖြစ်၍ အစာအိမ်ရှိ B12စုပ်ယူပေးတဲ့ Intrinsic Factor ကို ဖျက်ဆီးတဲ့အခါမျိုးမှာ B12 သောက်ဆေး သို့မဟုတ် ထိုးဆေးဖြင့် ကုသမှုခံယူဖို့ လိုအပ်ပါတယ် ဗီတာမင် B12 ချို့တဲ့တာကြောင့် ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာ၊ သွေးအားနည်းခြင်း ပြဿနာတွေဟာ ဗီတာမင် စောစောစီးစီး ပြန်လည်ဖြည့်တင်းပေးရုံနဲ့ ရာနှုန်းပြည့် အဆင်ပြေ ကောင်းမွန်လာနိုင်ပါတယ် ဒါကြောင့် မိမိကိုယ်တိုင် ဒါမှမဟုတ် မိသားစုဝင်ထဲမှာ အာရုံကြော ထုံကျဥ်တာတွေ အချိန်ကြာလာတဲ့အခါ၊ ခြေလက်တွေထုံကျဥ်တာ၊ မှတ်ဉာဏ် လျော့နည်းတာတွေ ခံစားနေရရင် ဆရာဝန်ထံ သွားရောက်ပြီး သွေးစစ်ဆေး ကုသမှု ခံယူဖို့ အကြံပြုပါရစေရှင် #vitamin #Charlotte
ဗီတာမင် B12 ချို့တဲ့ချိန် ဒီလိုတွေခံစားရနိုင်ပါတယ် - စိတ်ဓာတ်ကျခြင်း၊ စိတ်တိုလွယ်ခြင်း၊ မှတ်ဉာဏ်၊ဆင်ခြင်တုံတရား လျော့ကျလာခြင်း - ဗီတာမင် B12 ချို့တဲ့မှု ကြာရှည်လာတဲ့အခါ မကုသဘဲထားပါက အာရုံကြောတွေပျက်စီးပြီး ပြန်လည်မကောင်းနိုင်တော့ခြင်း - ခန္ဓာကိုယ် ဘယ်၊ညာနှစ်ဖက်လုံး ထုံကျဥ်ခြင်း၊ ကျဥ်စိမ့်စိမ့်ဖြစ်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း - ခြေထောက် တရွတ်ဆွဲပြီး လမ်းလျှောက်ခြင်း - ဟန်ချက်မထိန်းနိုင်ခြင်း - ထိတွေ့မှု ခွဲခြားမရခြင်း - လျှာရောင်ရမ်းခြင်း - နှုတ်ခမ်းဘေးထောင့်စွန်းများ နီမြန်းရောင်ရမ်းပြီး ကွဲအက်နာကျင်ခြင်း - သွေးအားနည်းခြင်း တို့ ဖြစ်ပါတယ် #vitamin #Charlotte
ဗီတာမင် B12 ချို့တဲ့နေရင် ဘာတွေခံစားရနိုင်လဲ ဗီတာမင် B12 ဆိုတာ ခန္ဓာကိုယ်ရဲ့ ဗဟိုအာရုံကြောစနစ်နဲ့ သွေးနီဥဆဲလ်တွေ ကောင်းမွန်စွာ အလုပ် လုပ်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ် ခန္ဓာကိုယ်ကနေ သူ့အလိုလို မထုတ်လုပ်နိုင်ဘဲ အစားအသောက်တွေက တဆင့်သာရနိုင်ပါတယ် အသား၊ငါး၊ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း စတဲ့ တိရစ္ဆာန်ထွက် အစားအစာတွေကနေ ရရှိနိုင်ပါတယ်
ဝမ်းချုပ်ခြင်းကို ကုသဖို့အတွက် ပြောင်းလဲသင့်တဲ့ လူနေမှုပုံစံ - လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ - ရေပိုသောက်ပါ - အမျှင်ဓာတ်ရမယ့် အစားအစာတွေပိုစားပါ - ဟင်းနုနွယ်၊သင်္ဘောသီး၊ ငှက်ပျောသီးလို အသီးအနှံ ဟင်းရွက်တွေကို ပါအောင် ပြောင်းစားပါ - ဆီးသီးခြောက်၊ကီဝီသီး၊ နှမ်းကြတ်စေ့ဆီ၊ ကော်ဖီ တို့ကိုလည်း စားပေး သောက်ပေးနိုင်ပါတယ် - စိတ်ဖိစီးမှုကိုလျှော့ချပါ - လမ်းများများလျှောက်ပါ - လူနေမှုပုံစံနဲ့အစားအသောက် ပြောင်းပြီး မသက်သာပါက ဆရာဝန်ညွှန်ကြားချက်ဖြင့် ဝမ်းပျော့ဆေးတွေကို သုံးနိုင်ပါတယ် #HealthTips #Charlotte
ဝမ်းချုပ်စေတဲ့ အကြောင်းအရင်းတွေကတော့ - ရေသောက်နည်းတာ - အမျှင်ဓာတ် လုံလောက်အောင် မစားတာ - စိတ်ဖိစီးတာ - ပတ်ဝန်းကျင်အပြောင်းအလဲ - လှုပ်ရှားမှု မရှိဘဲ တစ်နေကုန် ထိုင်နေတာ - ကိုယ်ဝန်လရင့်တာ - အကိုက်အခဲပျောက်ဆေး၊ စိတ်ကျရောဂါဆေးများ စွဲသောက်တာ - အချို့သောရောဂါတွေကြောင့် (ဆီးချို၊ပါကင်ဆန်၊အာရုံကြော၊ သိုင်းရွိုက်အားနည်း၊ လေဖြတ်ခြင်း) - သက်ကြီးရွယ်အိုတွေ - အဝလွန်သူတွေ - အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ စအိုကွဲရှနာ စတာတွေပဲ ဖြစ်ပါတယ်
Constipation(ဝမ်းချုပ်ခြင်း) ဝမ်းချုပ်ခြင်းဆိုတာ အူများလှုပ်ရှားမှုနည်းခြင်း သို့မဟုတ် ဝမ်းမသွားသည်မှာ အတော်ကြာသော အခြေအနေမျိုးကိုခေါ်ပါတယ် ပုံမှန်အားဖြင့် တစ်ပတ်ကို ၃ကြိမ်အောက်သာသွားလျှင် ဝမ်းချုပ်တယ်လို့ သတ်မှတ်လို့ရပါတယ် စားသောက်နေထိုင်မှုပုံစံကို ပြောင်းလိုက်တဲ့အခါ ဝမ်းချုပ်ခြင်းက များသောအားဖြင့် ပျောက်သွားတတ်ပါတယ် နာတာရှည် ဝမ်းချုပ်ခြင်းဆိုရင်တော့ ကုသဖို့ခက်သလို တခြားရောဂါတစ်ခုရဲ့ လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်
ဝက်ခြံသက်သာစေမယ့် အစားအသောက်များ 🧊 ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံ၊ဟင်းသီးဟင်းရွက် (ဥပမာ- လိမ္မော်သီး၊ရှောက်သီး၊ သံပုရာသီး၊စပျစ်သီး၊ဘယ်ရီသီး၊ ဖရဲသီး၊နာနတ်သီး၊ခရမ်းချဥ်သီး၊ ငရုတ်ပွ၊ပန်းဂေါ်ဖိီစိမ်း) 🧊 ဗီတာမင် A ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက် (ဥပမာ- ကိုက်လန်၊ဟင်းနုနွယ်၊ ဂေါ်ဖိီထုပ်၊မုန်လာဥနီ) 🧊 ဇင့်ဓာတ် ကြွယ်ဝတဲ့ အစားအစာ (ဥပမာ- ကြက်ဆင်သား၊ ဗာဒံစေ့၊ ဂျုံ) 🧊 အိုမီဂါ 3 ကြွယ်ဝတဲ့ အစားအစာ (ဥပမာ- ဆယ်လ်မွန်၊ ဆာဒင်း၊ တူနာ၊မက်ကရယ်စသည့်ငါးများ၊ ဗာဒံစေ့၊နေကြာစေ့စသည့် အစေ့အဆန်များ) 🧊 ရေ စာဖတ်သူလေးတို့ရေ... ကိုယ်စားတဲ့အစားအစာတွေက ကိုယ့်ရဲ့အသားအရေကို ထင်ဟပ်စေပါတယ် ဝက်ခြံမပေါက်စေဖို့ ရှောင်သင့်တာတွေရှောင်ပြီး ဝက်ခြံပေါက်တဲ့အခါ သက်သာပျောက်ကင်းစေဖို့ စားသင့်တာတွေစားဖို့ လိုအပ်ပါတယ်ရှင် #HealthTips #Charlotte
ဝက်ခြံဖြစ်စေဖို့အားပေးတဲ့ အစားအသောက်များ 🧊 ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ် အစားအစာ၊ သကြားပါဝင်မှုများတဲ့ အစားအစာ (ဥပမာ- ပေါင်မုန့်အနု၊ခရက်ကာ၊ အချိုတည်းစားစရာများ၊ အချိုရည်၊ဆိုဒါ၊ဆန်ချော၊ ဆန်ခေါက်ဆွဲ၊ကြံသကာ၊ပျားရည်) 🧊 နို့ထွက်ပစ္စည်းများ (ဥပမာ- နွားနို့၊ရေခဲမုန့်၊မလိုင်) 🧊 အသင့်စား စားစရာများ (ဥပမာ- ဟမ်ဘာဂါ၊ဟော့ဒေါ့၊ အာလူးကြော်၊မစ်ရှိတ်၊ဝက်အူချောင်း) 🧊 အိုမီဂါ 6 များသော အစားအစာများ (ဥပမာ- ပဲပိစပ်၊ပြောင်းဖူး၊ နေကြာဆီ၊အခွံမာသီး) 🧊 ချောကလက် 🧊 ပရိုတင်းမှုန့်
ဝက်ခြံထွက်ခြင်းဟာ ကြီးမားတဲ့ပြဿနာမဟုတ်ပေမယ့် စိတ်အနှောင့်အယှက်ဖြစ်စေ၊ ယုံကြည်မှု လျော့စေပါတယ် ဝက်ခြံပေါက်ရခြင်း အကြောင်းအရင်းများစွာရှိပါတယ် - မွေးညှင်းပေါက်ပိတ်တာ - ဟော်မုန်းပြောင်းလဲတာ - ဘက်တီးရီးယားပိုးဝင်တာ စတာတွေ ဖြစ်ပါတယ် ဒီအချက်တွေထဲမှာ အစားအသောက်ကြောင့်လည်း ဝက်ခြံတွေပေါက်တတ်ပါတယ်